မန္တလေးတောင်၏ ဒဏ္ဍာရီဆန်ဆန်
ဇာတ်ဆောင်တဦးဖြစ်သူ စန္ဒမုခီဘီလူးမကြီးသည် မြတ်စွာဘုရားရှင် မန္တလေးတောင် သို
့ဒေသစာရီကြွရောက်တော်မူလာစဉ်က လှူဒါန်းဆက်ကပ် ဖွယ် ရှားပါးခိုက်ကြုံနေသောကြောင့် ရင်သားအစုံကိုဖြတ်တောက်ပြီး ဘုရားရှင်အား လှူဒါန်းခဲ့ ကြောင်း ကြားခဲ့စဉ်က ----
"ဘီလူးမနှယ်--ကြံကြံဖန်ဖန်၊ သူ
့ရင်သားဘုရားလှူတော့ အဲဒီပစ္စည်းကြီး ဘုရားက ဘယ်နေရာ ဘယ်သွားသုံးရမှာလဲ၊
စားလို့ မရ၊ သိမ်းထားလို့ မရတဲ့ ပစ္စည်းကြီး၊ ဘုရားအတွက်လည်း အကျိုးမပြု၊ သူ့ အတွက်လည်း တန်ဘိုးမဖြတ်နိုင်သော ကိုယ်အဂါင်္တခု
အဆုံးရှုံးခံရတယ်လို့ " ဟု
အတွေးဝင်ခဲ့သည်။ ဘယ်လိုမှ နားလည်နိုင်စွမ်းမရှိခဲ့သော အပြုအမူတရပ်---။
ယနေ့ ကိုယ်အဂါင်္အစိတ်အပိုင်းတွေကို
လိုအပ်နေသူများအား ပေးလှူခြင်းမှာ ရှင်းပါ သည်။ ကျောက်ကပ် မရှိသူ ကို
ကျောက် ကပ်၊ သွေးလိုသူကိုသွေး စသည်စသည် ပေးအပ်ကြမှာ အကျိုး ရှိသည်။
မြတ်စွာဘုရားမှာ ရင်သားလိုသလား--။ စကားအဖြစ်သာပြောလိုက်ရ၏။ လုံးဝမပြောသင့်၊ မကြံသင့်--။ ဘုရားနှင့် ရင်သား လားလားမှ မဆိုင်၊ မအပ်စပ်ချေ--။
သည်ဇာတ်လမ်းကား သမ္ဖပ္ပလာပဝါစာအမျိုးအစားဖြစ်ပေ၏။ ဥာဏ်ရှိသူ မှန်က ဆန့် ကျင်ရမည့် အကြောင်း အရာဖြစ်သည်။
ဓမ္မာစရိယဦးဌေးလှိုင်၏ "ရဟန
္တာနှင့်ပုဂ္ဂိုလ်ထူးများ" တွင်ရွှေတောင်ဆရာတော် ဦးတိက္ခိန္ဒြိယ (၁၃၃၂- ၁၃ဝ၃)
အကြောင်း ဖတ်ရ၏။ ဆရာတော်သည် ရဟန်းဖြစ်ပြီးနောက် အိန္ဒိယမှာ ၃ နှစ်၊ သီဟိုဠ်မှာ ၅ နှစ်
သီတင်း သုံးသည်။ သက်တော် ၂၈ နှစ် ခန့် ရှိလေပြီ။ ထိုအသက်အရွယ်တွင် ထူးထူးဆန်းဆန်း အရာတခုကို
ဆရာတော်ပြုခဲ့လေ၏။ မူရင်းအရေးအသားကို ဖတ်ကြည့် လျှင် ဤသို့ မြင်တွေ့ ရ၏။
"အိန္ဒိယမှတဖန် သီဟိုဠ်သို့ 
ကြွရောက်လျက် သီဟိုဠ်၌ ငါးနှစ်သီတင်းသုံးတော်မူသည်။ သီဟိုဠ်၌ သီတင်းသုံးတော် မူစဉ်
သီဟိုဠ်ဒက္ခိဏသာခါ ဗောဓိပင်၌ဘုရားဂုဏ်တော်ကို အာရုံပြုလျက် လွန်စွာကြည်ညိုလှသဖြင့်
လက်ဝဲဘက် လက်ညှိုး ကိုဖြတ်လျက် ဆီဆွတ်သော အဝတ်ဖြင့်ရစ်ပတ်၍ ဒက္ခိဏသာခါဗောဓိပင်အား
ဆီမီး ပူဇော်သည်။"
ရဟန်းတပါးသည်
ကြည်ညိုသဒ္ဓါစွာဖြင့် လက်ညှိုးဖြတ်၊
ဆီမီးပူဇော်ခဲ့သည်။ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ဆီမီးတိုင် သဖွယ် သဘောထားကာ
စွန့် လွှတ်လှူဒါန်းခြင်းက ဖယောင်းတိုင်၊ အမွှေးတိုင်၊
ဆီမီးခွက်စသည်ကို လှူဒါန်းခြင်းထက် ပိုပြီး ကုသိုလ် ရပါသလား။
အသားစ တတုံးကို မီးရှို
့သည့်အနံ့ အသက်သည် ပတ်ဝန်းကျင်ကို မည်မျှအနှောင့်အယှက်ပြု သည်ကို စဉ်းစားကြည့် ၏။
ညှော်နံ့ကြောင့် အခြား ဘုရားဖူးများ၏ ကျန်းမာရေးကို မည်မျှ ထိခိုက်စေခဲ့သနည်း တွေးမိ၏။
သဒ္ဓါနှင့်ပညာကို အချိုးညီမျှစေလျှက်
အယူအဆတရပ်သို့ ချဉ်းကပ်သင့်ကြောင်း ဗုဒ္ဓစာပေများတွင် ပြဆိုထား၏။
သဒ္ဓါ လွန်ကဲသူဖြစ်စေ၊ပညာ လွန်ကဲသူဖြစ်စေ အမှန်တရားကို မတွေ့ နိုင်ဘဲ လမ်းမှားသို့ 
ဦးတည် ဆိုက်ရောက်သွားသည်။ သဒ္ဓါလွန်ကဲသူ၏ယုံကြည်မှုသည် "မျက်ကန်း ယုံကြည်မှု၊ အစွန်းရောက်ယုံကြည်မှု"ဖြစ်သွားသည်။
ပညာလွန်ကဲသူ၏ ယုံကြည်မှုသည်"ကောက်ကျစ်စဉ်းလဲသောယုံကြည်မှု၊ ကျိုးကြောင်းဆင်ခြေအမျိုးမျိုးပြတတ်သည့်
ဒဿနကဝေ" အခြေ အနေ သို
့ဆိုက်ရောက်တတ်သည်။
ရင်သားဖြတ်လှူမှု၊ လက်ညှိုးဖြတ်လှူမှု
တို့ ကား သဒ္ဓါလွန်ကဲသော အပြုအမူတရပ်ဟု မြင်မိပါသည်။ ရင်သားဖြတ်လှူသူကတော့
ဘီလူးမဖြစ်သည့်အတွက် သူ့ စိတ်မှာအမှန်ဟု ယူဆပြီး သည်လို လုပ်လိုက်သည်။
(လူမိန်းမသည်လည်း ဘီလူးမလိုမျိုး စဉ်းစားပြီး လုပ်ကောင်းလုပ် နိုင်သည်။) လက်ခံသူက
မလိုအပ်သော အစိတ်အပိုင်းဖြစ်ပါက အကျိုးမရှိ၊ ပေးသူမှာလည်း
အစားထိုးမရသည့် အစိတ်အပိုင်းကို
အကျိုးမဲ့ဖြုန်းတီးလိုက်သလို ဖြစ်ရသည်။
ရဟန်းတော်များအတွက် သီးခြား ဆိုဖွယ်ရှိပါသည်။
ရွှေတောင်ဆရာတော်လို လက်ညှိုးဖြတ်၊ဆီဆွတ် အဝတ်ဖြင့်ရစ်ပတ်ကာ ဆီမီး ပူဇော်ခြင်းသော ရဟန်းတပါး၏ အပြုအမူကို
ဝိနည်းတော်အရ ဘယ်လိုပြောမည်နည်း---။
အမေး၊ အဖြေ ပုံစံဖြင့်
ဆိုထားသည်ကို ကြည့်ပါဦး။
အမေး။ ဘုရားကိုကြည်ညို၍
လက်ညှိုးဖြတ်လှူသောရဟန်းအား အဘယ် အာပတ်သင့်ပါသနည်း။
အဖြေ။ ဘုရားကိုကြည်ညို၍
လက်ညှိုးဖြတ်လှူသောရဟန်းအား ဒုက္ကဋ်အာပတ်သင့်သည်။
အထောက်အထား။ အညံ ပန
ကဏၰနာသာအဂုၤလိအာဒိ ံ ယံကိဥၥိ ဆိႏၵႏ ၱႆ တာဒိသံ ဝါ ဒုကၡံ
ဥပ္ပါဒေန္တဿ ဒုက္ကဋံ။ (စူဠဝါအဋ္ဌကထာ။
၄၆)
မြန်မာပြန်။ အင်္ဂါဇာတ်ကိုဖြတ်ခြင်းမှတပါး
(အင်္ဂါဇာတ်ကိုဖြတ်က ထုလ္လစဉ်းအာပတ်) နား နှာခေါင်း လက်ချောင်း အစရှိသော
တခုခုသော ကိုယ်အင်္ဂါကိုဖြတ်သော ရဟန်းအားလည်းကောင်း၊ ထိုသို
့သော သဘောရှိသော ဆင်းရဲကိုဖြစ်စေသော ရဟန်းအားလည်းကောင်း ဒုက္ကဋ် အာပတ်သင့်၏။
ထိုအဋ္ဌကထာပါဌ်ကိုထောက်၍ ရဟန်းတို့ မှာ ဘုရားကိုကြည်ညို၍ လက်ညှိုးကိုဖြတ်၍လှူခြင်း၌ ဒါနကုသိုလ်ကို လို၍
အာဏာပညတ်ကို မလွန်ကျူးအပ်၊ လွန်ကျူးမှုသီလကိုဖြတ်၍ ဒါနပြု သောကြောင့် ရွှေနှင့်ငွေကို
အလေးတူပြု၍ လဲသော သူကဲ့သို့ အကျိုးယုတ်သည်ဟု မှတ်လေ။
ဝိနယပုစ္ဆာဝိဿဇ္ဇနာကျမ်း (ထိမ်တောဆရာတော်)-စာမျက်နှာ
၆၃
ဝိနည်းအာဏာကို လိုက်နာခြင်းမှာ
ရွှေတန်ဖိုးနှင့် တူသည်။ လက်ညှိုးဖြတ် လှူခြင်းမှာ ငွေတန်ဖိုး နှင့်တူ သည်။ ရွှေတပိဿာနှင့်ငွေတပိဿာချင်း
အလဲအလှယ်ပြုလျှင် ရွှေပိုင်ရှင် အကျိုးယုတ် သကဲ့သို့ 
ဝိနည်းစည်းကမ်းကို လိုက်နာသောရဟန်းအား လက်ညှိုးဖြတ်လှူခြင်းမှာလည်း အကျိုးယုတ်သည် ဟု ဆိုလိုလေသည်။
ဆရာတော်ကြီးတပါး၏ အပြုအမူ ဆိုကာ အတုမယူသင့်ပေရာ-----။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်