မြန်မာနှင့်အိန္ဒိယနိုင်ငံတို့၏ ဝေဒပညာဆက်နွယ်မှု





        အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ဟာ ကျော ချင်းကပ်နေသလို မျက်နှာချင်းဆိုင်ရင်လည်း နဖူး ချင်းထိလို့မတပ်နီးကပ်စွာ တည်ရှိနေကြတဲ့ နိုင်ငံ တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် တည်စ က တည်းက အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှု အစဉ် အလာတွေ၊ မင်းခမ်းမင်းနားတွေ၊ ပွဲလမ်း သဘင် တွေ၊ ဗိသုကာတွေ နည်းပညာ အမျိုးမျိုးကို ရယူ လက်ခံသုံးစွဲခဲ့ပါတယ်။ တစ်ချို့ဝါဒတွေကို မိမိတို့ ဓလေ့စရိုက်နဲ့ ကိုက်ညီအောင် ပြုပြင်ပြီး သုံးစွဲ ခဲ့တာ တွေ့ရပါတယ်။
        ရှေးက ပျူခေတ်၊ ဗိဿနိုးခေတ်မှသည် ပုဂံခေတ်၊ အနော်ရထာမင်းလက်ထက်အထိ အိန္ဒိယ ယဉ်ကျေးမှု နည်းပညာ တော်တော်များများကို လေးလေးစားစား လက်ခံရယူခဲ့ပါတယ်။ ပုဂံမြို့ ပေါ်မှာ ဗိဿနိုးဘုရားကျောင်း ရှိခဲ့ပါတယ်။ အာနန္ဒဘုရား ပတ်ဝန်းကျင်မှာ ဖြစ်ပါတယ်။ အဲဒီဘုရားကျောင်းကို မြန်မာတို့က အိပ်နေတဲ့ ဘုရားရှိတဲ့ကျောင်း (၀ါ) နတ်လျောင်းကျောင်းလို့ ခေါ်ခဲ့ကြပါတယ်။
        ပုဂံခေတ်အစမှ အနော်ရထာမင်း လက် ထက် အထိ လောကီချမ်းသာအတွက် ဆာဒူး တွေကို ကိုးကွယ်ခဲ့ပြီး ဆာဒူးတွေရဲ့ ချယ်လှယ်မှု ကို ခံခဲ့ကြရပါတယ်။ အနော်ရထာမင်း လက်ထက် မှာ ဗုဒ္ဓသာသနာတော် ပြန့်ပွားလာကာ ဆာဒူးတွေ အစား ဗုဒ္ဓယဉ်ကျေးမှုတွေ တစ်စတစ်စနှင့် ပါဝင် လာကာ မြန်မာ့ယဉ်ကျေးမှုတွေ ပြောင်းလဲလာခဲ့ ပါတယ်။
        ဗေဒင်ပညာရပ်မှာလည်း ရှေးကတည်းက အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှ နည်းစနစ်တွေကို ယုံကြည်လက်ခံခဲ့ပြီးမှ မိမိတို့ နည်းနာသို့ ပြောင်းလဲယူသွားခဲ့ပါတယ်။ ဥပမာ မြန်မာအက္ခရာတွေဆိုရင် ဗြဟ္မီအက္ခရာမှ မွေးစားရယူခဲ့တာ ဖြစ်ပါတယ်။ မျဉ်းဖြောင့်မှ မျဉ်းကွေးသို့ ပြောင်းလဲယူခဲ့တာ ဖြစ်ပါတယ်။
        မြန်မာတို့ သုံးစွဲခဲ့တဲ့ သံဒိဋ္ဌ (ဗေဒင်ပြက္ခဒိန် တွေရဲ့ တွက်နည်းတွေဟာ အိန္ဒိယနိုင်ငံမှာ အသုံး ချတဲ့ သူရိယသိဒ္ဓန္တ တွက်ရိုးကျမ်းအပေါ် အခြေခံ ထားတာ တွေ့ရပါလိမ့်မယ်။ မြန်မာတို့က အိန္ဒိယ နိုင်ငံမှ နည်းနာယူရဲတဲ့နေရာမှာ အထူး သဖြင့် ဘင်ဂေါနယ်ရဲ့ နည်းစနစ်တွေကို လေးလေး စားစား ရယူခဲ့ကြပါတယ်။
        မြန်မာဘုရင်တွေလက်ထက်မှာ ဘင်ဂေါ နယ်၊ နော်ဒေါဒီပန် (န၀ဒေသ)က ပဏ္ဍိတ်တွေကို ဖိတ်ခေါ်ပြီး အလုပ်ခန့်အပ်ကာ လိုအပ်တာတွေ စေခိုင်းခဲ့ပါတယ်။ အိန္ဒိယမှ ရှေးဟောင်း ဗေဒင် ပညာစာအုပ်တွေကို ရှေးကတည်းက ပညာရှင် တွေနဲ့ အိန္ဒိယက ပဏ္ဍိတ်တို့ ပူးပေါင်းကာ ဘာ သာပြန်ဆိုလေ့လာခဲ့ကြတာတွေလည်း တွေ့ရပါ တယ်။
        ယနေ့ ပစ္စုပ္ပန်ခေတ်အထိ မြန်မာတို့က ဘင်ဂေါနယ်က အသုံးပြုခဲ့တဲ့ ဇာတာပုံစံတွေကို အသုံးပြုနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တောင်ပိုင်း၊ မြောက်ပိုင်း အိန္ဒိယရဲ့ ဗေဒင် ကျမ်းပေါင်း မြောက်များစွာ ရှိပါတယ်။ နည်းစနစ် အသစ် တွေလည်း အများကြီးရှိပါတယ်။ ဘယ်လောက် အသစ်အဆန်းတွေ ပေါများနေပါစေ မြန်မာ ဇာတာ (ရာသီစက်ပုံစံဟာ ယနေ့အထိ ဘင်ဂေါ နည်းစနစ်အပေါ်ပဲ အခြေခံပါတယ်။
        မြန်မာ့ဇာတာတွေကို နက္ခတ်စက်၊ ရာသီ စက်၊ ဇနမတာရာစနစ်တွေ အဟောတွေဟာ ဘင်ဂေါပြည်နယ်က ထုတ်ဝေခဲ့တဲ့ ဇနမပတ္တိတာ ဗေဒင်က အခြေခံခဲ့ပါတယ်။ ဗြို့ဟစ်ဇာတက ဗေဒင်ကျမ်းပါ အကြောင်းအရာတွေကို လေးစား စွာ လိုက်စားခဲ့ကြပါတယ်။
        ဒီနည်းစနစ်ဟာ အခုမှ သုံးတာမဟုတ်ပါဘူး။ ပုဂံခေတ်က ပုဂံမင်းစိုးကြီး ဘုရားနံရံတွေမှာ ရာသီစက်တွေ ဖော်ပြထားတာ ကို သိခြင်းအားဖြင့် ရှေးမြန်မာတို့ဟာ ဘင်ဂေါ နယ်က နည်းနာတွေကို လက်ခံသုံးစွဲခဲ့တာ တွေ့ရ ပါလိမ့်မယ်။
        ရှေးမြန်မာရှင်ဘုရင်နဲ့ အိန္ဒိယက အရှင် ဘုရင်တွေဟာ ဆက်စပ်မှုရှိကြတဲ့အပြင် အိန္ဒိယ နိုင်ငံမှ ပညာရှင်တွေကို ဖိတ်ခေါ်လို့ဖြစ်ဖြစ် အခကြေးငွေ ပေးပြီးတော့ပဲဖြစ်ဖြစ် မြန်မာ့ နန်းတွင်းဆိုင်ရာ ပညာရှိတွေ ခန့်အပ်တာဝန် ပေးခဲ့တာတွေ အများကြီးတွေ့ခဲ့ပါတယ်။ မြန်မာ ပြည်ရဲ့ အစောဆုံး ဖြစ်ရပ်တွေထဲမှာ ဘင်ဂေါနယ် ဟာ မပါမနေရ ပါနေခဲ့ရပါတယ်။
        စာတတ်ပေတတ် မြန်မာရဟန်းသံဃာတွေရဲ့ မသင်မနေရ စာတွေ ထဲမှာ ပါဠိ၊ မကဓ၊ ဘင်ဂါလီ၊ နာဂလီ၊ သက္ကတ တွေ ပါဝင်ပါတယ်။ သင်လည်းသင်ခဲ့ကြရပါတယ်။ ရှေးဟောင်း ဗေဒင်ကျမ်း၊ ဆေးကျမ်းတွေ အများ ကြီး မြန်မာပြည်ထဲ ရောက်ဖူးပါတယ်။
        နောက်ပိုင်း တဖြည်းဖြည်းနဲ့ မြန်မာတို့ဟာ မိမိတို့ကိုယ်ပိုင်မူ ကိုယ်ပိုင်ပုံစံ ကိုယ့်နယ်ပယ်နဲ့ ကိုက်ညီတဲ့ ၀ါဒတွေကို တီတွင်ပြီး အသုံးပြုခဲ့ ကြတာ တွေ့ရပါလိမ့်မယ်။ အခြေခံကတော့ အိန္ဒိယယဉ်ကျေးမှု နယ်ပယ်ထဲက အများဆုံး ဖြစ်ပါတယ်။
        သိသာထင်ရှားတဲ့ အကြောင်းအရာတစ်ခုဟာ မြန်မာဘုရင်တွေထဲမှာ ကုန်းဘောင်မင်းဆက်ကတည်းက ပဒုံမင်းလို့ အများက သိကြတဲ့ ဘိုးတော်ဘုရား ဦးဝိုင်း လက်ထက်က ဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀ နီးပါး ထီးနန်းကို ခံစားခဲ့ပြီး အိန္ဒိယထုံးဟောင်း ဓလေ့ တွေကို လေးစားတဲ့ မင်းတစ်ပါးလည်း ဖြစ်ပါ တယ်။
        ခရစ်နှစ် ၁၇၈၄-ခုနှစ်က မြန်မာပညာရှိ အဖွဲ့တစ်ဖွဲ့ကို ဘင်ဂေါနယ် (နာဗာဒိပ်)ကို စေလွှတ်ခဲ့ပြီး ဘင်ဂါလီပဏ္ဍိတများကို ဖိတ်ခေါ် စေခဲ့ပါတယ်။ နာဗာဒိပ်မှတစ်ဆင့် ဗာရာဏသီ (ကာချီ)ကို သွားရောက်ကာ ဗာရာဏသီဘုရင်ရဲ့ အကူအညီနဲ့ ဆေးကျမ်း၊ ဗေဒင်ကျမ်း၊ တွက်ရိုး ကျမ်း၊ ဥပဒေကျမ်း အပါအ၀င် ကျမ်း ပေါင်း ၃၃၆ ကျမ်းကို ရယူခဲ့ကာ ဒီကျမ်းတွေကို မြန်မာ ဘာသာသို့ ပြန်ဆိုဖို့ ဗာရာဏသီမှ ပဏ္ဍိတ ၈ယောက်ကို စေလွှတ်ခဲ့ပါတယ်။
        မြန်မာနိုင်ငံရောက်တော့ ဘာသာဗေဒ ကျွမ်းကျင်တဲ့ ရဟန်းတွေ ဦးဆောင်ကာ လူပညာ ရှိတွေ နာဗာဒိပ်မှ ပဏ္ဍိတတွေ ဗာရာဏသီမှ ပဏ္ဍိတတွေ ပူးပေါင်းပြီး မြန်မာဘာသာသို့ ပြန်ဆို ခဲ့ပါတယ်။ ကျမ်းအားလုံးဟာ အိန္ဒိယက ရှေးကျမ်း တွေဖြစ်ပါတယ်။
        ဥပမာ - ဆေးကျမ်းဆိုရင် မာဏ၀ဆေးကျမ်း၊ ဓန္နျိတြိဆေးကျမ်း၊ အာယုဗေဒဆေးကျမ်းတွေကို ပြန်ဆိုခဲ့ပါတယ်။
        ဗေဒင်ကျမ်းဘက်ကဆိုရင် သူရိယသိဒ္ဓန္တ ကျမ်းတွေ လေလာဝတီကျမ်း၊ ဗြို့ဟေဇာတက၊ ဆပဉ္စကဟူးရားကျမ်း၊ ရာဇမတ္တ၊ ဇောတိတတ္တ၊ ကရာမဇိဏ၊ သရောဒယ ဗေဒင်ကျမ်း စသည့် ကျမ်းပေါင်း ၃၀-ကျော်ကို ဘင်္ဂါလီက၊ နာဂရီက၊ သက္ကထက မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။ မြန်မာပညာရှင်တွေက လက်တွေ့အသုံးချခဲ့ပါ တယ်။
        သရောဒယဗေဒင်ပညာဟာ ခက်ခဲတော့ မြန်မာတို့က အာယုစန်းဗေဒင်ပညာဆိုပြီး တီတွင် အသုံးချခဲ့ကြပါတယ်။ မြန်မာတို့က တီတွင်ဉာဏ် ကောင်းတဲ့အခါမှာ အိန္ဒိယကျမ်းတွေ များစွာကို မြန်မာ့ယဉ်ကျေးမှု မျက်နှာစာမှာ သွတ်သွင်းခဲ့ကြ ပါတယ်။ ဒါကြောင့်လည်း အိန္ဒိယရဲ့ ရှေးဓလေ့နဲ့ မြန်မာတို့ရဲ့ ဓလေ့တွေဟာ တစ်ခုနဲ့တစ်ခု တူခဲ့ တာ ဖြစ်ပါတယ်။
        ၁၉၀၄ ခုနှစ်ကဆိုရင် ဘင်္ဂါလီ ဗေဒင်ဆရာ တစ်ဦးဖြစ်တဲ့ ချက်တာဂျီ (ဘီအေ)က မြန်မာနိုင်ငံ မှာ The New Light of Astrology စာအုပ်ကို အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီ ခေတ်က ပညာရှင်တွေ တော်တော် သဘောကျ ကြပါတယ်။
        ဇနမ နက္ခတ်အပါအ၀င် နက္ခတ်ကိုးခိုင်၊ နက္ခတ်ခြောက်ခိုင်၊ ကေတုပတကီဒသာ၊ နက္ခတ္တိ တဒသာ၊ ၀ိသောတ္တိရီဒသာ စနစ်တွေကို မြန်မာ ပညာရှင်တွေက လေးလေးစားစား အသုံးပြုခဲ့ကြ ပါတယ်။ ၁၉၄၅-ခုနှစ်နောက်ပိုင်း တိုးတက်တဲ့ မြန်မာဗေဒင်ဆရာအချို့က အန်စီလဟီရီးရဲ့ အိန္ဒိယဗေဒင်ပြက္ခဒိန်ကို ယနေ့အထိပါပဲ။ လူငယ် တွေဟာ လဟီရီးရဲ့ အာယနကို သုံးကြပါတယ်။
        ၁၉၆၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက ကေပီစနစ်စာအုပ်တွေ ရောက်လာခဲ့ပါတယ်။ ဆရာကြီး ဘီဗွီရာမာန်ရဲ့ စာအုပ်တွေကတော့ ၁၉၄၀ ခုနှစ်လောက်ကတည်းက မြန်မာနိုင်ငံ ဗေဒင်ဆရာတွေ ဖတ်ခွင့်ရခဲ့ပါတယ်။ ကေပီစနစ် ကို လူငယ်တွေအများဆုံး လေ့လာကြပါတယ်။
        ၁၉၈၀ ခုနှစ်မှာ မြန်မာ့အရာရှိ တစ်ယောက် က အိန္ဒိယနိုင်ငံမှ ဗေဒင်ကျမ်းပေါင်း တစ်ရာကျော် ယူလာခဲ့ပြီး မြန်မာဘာသာသို့ ပြန်ဆိုပေးခဲ့လို့ မြန်မာဗေဒင်ပညာ တိုးတက်လာခဲ့ပါတယ်။
        ထူးခြားတာက ဘင်ဂေါနယ် ကလကတ္တား က ထုတ်ဝေခဲ့တဲ့ ဆရာကြီး (                              )ရဲ့  (                         )စာအုပ်ကို မြန်မာဗေဒင်မဂ္ဂဇင်းမှာ အခန်းဆက်အဖြစ် ၈နှစ် တိုင်တိုင် ဖော်ပြခဲ့လို့ လူငယ်တွေ ဖတ်ခွင့် ရခဲ့ပါတယ်။ ကြိုက်လည်း ကြိုက်ကြပါတယ်။ မြန်မာဗေဒင်သင်တန်းကျောင်းတွေမှာ သင်တန်းမှူးအဖြစ် အသုံးပြုခဲ့ကြပါတယ်။
        ယခုအခါ တိုးတက်တဲ့ စာသင်သား၊ ရဟန်း သံဃာတွေနဲ့ လူငယ်တွေဟာ အိန္ဒိယ နိုင်ငံမှ နောက်ဆုံးထုတ်ဝေတဲ့ စာအုပ်စာတန်း၊ မဂ္ဂဇင်း၊ ဆော့ဝဲတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လေ့လာ ကြပါတယ်။ သုတေသန ပြုကြပါတယ်။ အင်တာ နက် ပေါ်လာတော့ မြန်မာလူငယ်တွေက ပိုပြီး လေ့လာဖြစ်ကြပြီး မြန်မာဘာသာစကားသို့ ပြန်ဆို ထုတ်ဝေကြပါတယ်။
        ဘယ်လောက်ခေတ်မီတဲ့ နည်းစနစ်သစ်တွေကို လေ့လာနေပါစေ။ ဇာတာပုံစံကတော့ ဘင်ဂေါနည်းစနစ်ကနေ ဘယ်မှရှောင်လွှဲမသွားပါ။ ရှေးကလည်း ဒီအတိုင်းပါပဲ၊ ယခုလည်း ဒီအတိုင်းပါပဲ။ အဲ .. အယူအဆတစ်ခုကတော့ မြန်မာ့နန်း၊ မြန်မာ့ဟန်နဲ့ ကိုက်ညီအောင်ညှိပြီး သုံးကြတာကို တွေ့ရပါလိမ့်မယ်။
        အတွက်အချက်မှာ ကွာဟခြင်းမရှိပေမဲ့ ဖလိတအဟော ပညာရပ်ကို သုံးတဲ့နေရာမှာ အိန္ဒိယနဲ့ မြန်မာတို့ဟာ သူ့နည်းသူ့ဟန်နဲ့ လျှောက်လှမ်းနေကြပါတယ်။
        အခုလောက်ဆိုရင် မြန်မာနိုင်ငံက နက္ခတ် ဗေဒင်ပညာနဲ့ အိန္ဒိယနိုင်ငံက နက္ခတ်ဗေဒင်ပညာ ကွာဟမှုကို သိလောက်ပါပြီ။ ဒါပေမဲ့  အခြေခံတွေ အားလုံးကတော့ အိန္ဒိယ ဘင်ဂေါပြည်နယ်က နက္ခတ်ဗေဒင် ပညာရပ်ပေါ်မှာ မူတည်ထားတာ ဖြစ်ပါတယ်။
        မြန်မာနိုင်ငံက ဗေဒင်ပညာဟာ နောင်နှစ် ပေါင်းများစွာအထိ ဘင်ဂေါနယ်က နည်းဟောင်း တွေထဲမှာပဲ မှီတွယ်နေအုံးမယ်ဆိုတာ ယုံမှားစရာ မရှိတာ အမှန်ပါ။



0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်