မိုက်လျင်ထွက်ခဲ့ ဆံနှင့်မုတ်ဆိတ်
အကုန်ရိတ်၍ သပိတ်ပိုက်ပြီး
နေထီးထီးမှာ ဘုန်းကြီးလုပ်တမ်း၊ ကစားစမ်းမယ် ။
အိပ်ခန်းမှာနေ သံကိလေနှင့်
ဝိဝေပွားပြီး ဥာဏ်ကြီးနေတာ
ဗလာဥာဏ်ပြောင် ငါ့ကိုလှောင်တာ
ဘယ်ကောင်တွေက မိုက်သလဲဟေ့ ။
ထဘီထဲအောက် မင့်တို့လောက်တော့
မ ကြောက်လို့မှ ဆံကိုချ တယ်
ခြေဖ၀ါးပေါက် ဗလာလျှောက်တယ်
တောက်တီးတောက်တဲ့ ဆိုကဲ့ရဲ့တာ
ထွက်ခဲ့မိုက်သူ၊ သပိတ်ယူလှည့်
မိဖြူအိမ်ဘက် မျက်နှာရှက်နှင့်
ဆွမ်းခွက်မရ၊ လှည့်ပြန်ရတယ်
ဒါန မမြောက် မျက်လွှာအောက်နှင့်
တောက်တီးမမြည် ရင်မအီရဲ
တုဏှီတိတ်တိတ် ခေါင်းလေးညိတ်လျက်
မဖိတ်မကြွ ငါ့ဘဝကို
ဗျ တို့ စာနာကြည့်စမ်းပါဦး ။
ကျောင်းမှာရောက်တော့
ငါမ ဆော့ရ ပေါ့ပေါ့ပါးပါး
ခ လေးများလို ငါကားကိုရင်
သိပ်ဆော့ချင်တယ် စာသင်ပင်ပန်း
ဝှား" သာသန်းတယ် ကြိမ်ထမ်းစောင့်ရှောက်
ဆရာ့အောက်မှာ တစ်ယောက်ထီ်းနေ
တစ်စိတ်တည်းထား သင်ရိုးများနှင့်
ဘိုးဘွားမိဘ၊ ဝေးနေရတယ်
ငါ့ လောကဓံ မင်းတို့ခံကြည့်
ဝေဖန်မှုရပ် သပိတ်အပ်မယ်
သတ္တိရှိသူ ခုထွက်ခဲ့ဟေ့… ။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်