ဟိုရှေးရှေးတုန်းကပေါ့ သာဝတ္ထိဆိုတဲ့ တိုင်းပြည်ကြီးက ပြည်သားနှစ်ဦး ဖြစ်တဲ့
သူခိုးနှစ်ယောက်ဟာ တရားနာသွားတဲ့သူတွေနဲ့ အတူ ရောနှောပြီး ဇေတ၀န်
ကျောင်းတော် ကြီးကို လိုက်သွားသတဲ့လေ
ဘုရားရှင်ထံရောက်တော့ တရားနာရပြီး သူခိုးတစ်ဦးဟာ အသိအမြင်
ပြောင်းပြီးတရားသိကာ သောတာပန် ဖြစ်သွားသတဲ့
နောက် သူခိုးတစ်ဦးကတော့ တရားနာသူတစ်ဦးစီက အသပြာထုပ်ကို ခိုးဖို့ ကြံစည်နေပြီး အလစ်မှာ ထုပ်ထားတဲ့ အသပြာ ငါးပဲစွန်းကို ခိုးခဲ့ပြီး မယား ဆီ မှာ အပ်သတဲ့
အဲဒီ ခိုးလာတဲ့ ငွေနဲ့ ၀ယ်ခြမ်းပြီး အလျံပယ် စားသောက် ပျော်ပါးကြသတဲ့လေ
သူခိုးနှစ်ဦးဆုံကြတဲ့ အခါ ခိုးလာတဲ့ သူခိုးက သောတပန်ဖြစ်သွားတဲ့ သူကို ပြောသတဲ့လေ
ဘယ်လိုပြောလဲဆိုရင်
အသင်က အတော်ကို အသုံးမကျတဲ့သူပဲ အသင်က ပညာရှိဖြစ်ပြီး ဘာမှ မရခဲ့
ကျွနုပ် မူကား ပညာမဲ့ဖြစ်လျက် စားသောက်ရန်ရတယ် လို့ ပြောသတဲ့
တကယ်တမ်းက သူက လှောင်ပြောင်ပြက်ရယ် ပြုတာလေ သူစိတ်ထဲမှာ ထင်နေတာက သူက ပညာရှိပေါ့ ဟိုလူကိုတော့ ပညာမဲ့လို့ ထင်နေတာ
ဒီအကြောင်းကို သောတပန် ဖြစ်သွားတဲ့ သူခိုးက ဘုရားရှင်ထံမှာ လျောက် ထားသတဲ့လေ
ဒီအခါမှာ ဘုရားရှင်က ဒီလို မိန့်တော် မူလိုက်ပါတယ်
- မိုက်မဲသောသူသည် မိုက်မဲသော အဖြစ်ကိုသိ၏ ထို သိမှုကြောင့်ပင်လျှင် ပညာရှိမည်၏
- မိုက်မဲသော သူသည် မိမိမိုက်မဲနေသည်ကို မသိ ပညာရှိထင်နေ၏ မိမိ အကြောင်းကို မိမိ မသိသောသူသည် လူမိုက်မည်၏
လို့ မိန့်တော်မူ သတဲ့လေ
ကိုးကား
ဓမ္မပဒ။ဌ။ပ။၂၉၉
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်