"စောင့်လေမျိုးနွယ် တသွယ်သောဝတ်"


****************************
ဘာရေးရ ကောင်းမလဲလို့ ဟိုဟိုဒီဒီ စဉ်းစား မိတဲ့အခါ အမတ်ကြီး ဦးပေါ်ဦး လျောက်ထုံး တစ်ခု ခေါင်းထဲဝင်လာပါတယ်
ဘိုးတော်ဘုရားဟာ အမတ်ကြီး ဦးပေါ်ဦးကို ပညာရှိ အမတ်ကြီး နေတာက တစ်ကြောင်း ငယ်ကျွန်လည်း ဖြစ်တာက တစ်ကြောင်းဆို တော့ အလွန်ပဲ ခင်မင်ရင်းနှီး ပါတယ်။ ဦးပေါ်ဦး အနေ ဖြင့်လည်း မှန်ရာကို လျှောက်တင်ရ မယ် ဆိုရင် ရှင်ဘုရင်ကိုပင် ချမ်းသာ မပေးတတ် သ လို တစ်ခါ တစ်ရံ မှာလည်း အပျင်းတော် ပြေစေ ရန် ဟာသနှော ပြီးလည်း လျှောက်တင်တတ် တယ်။
တစ်နေ့ ညီလာခံမှာ ဘိုးတော်ဘုရားက အမတ် ကြီးဦးပေါ်ဦးကို အပျင်းပြေ စနောက်တဲ့ သဘောနဲ့ “ ပေါ်ဦးရယ် ငါ့နှယ့် ဘုန်းကံနည်း လိုက်တာ၊ ရှေးတုန်းက ဘေးလောင်းတော် ဘိုး လောင်းတော် လက်ထက် မှာ ဆိုရင် ဆဒ္ဒန် ဆင်ဖြူရတနာ ပေါ်တယ်လို့ ကြားဖူးတယ်။ ငါ့မှာ ဆင်နက်ကြီးပဲ စီးနေရတယ်” လို့ ငြီးပြပါတယ်။
အဲဒါနဲ့ ပညာရှိ အမတ်ကြီး ဦးပေါ်ဦးက “ ဘုန်း တော်ကြောင့် စိုးရိမ်ကြောင့်ကြတော် မမူပါနဲ့ ဘုရား၊ အခု အရှင် မင်းကြီး စီးတော်မူတဲ့ ဆင် မည်းကြီးဟာ နောင်အနှစ် တစ်ရာကြာလာတဲ့ အခါ ဆွတ်ဆွတ်ဖြူတဲ့ ဆင်ဖြူတော် ရတနာကြီး ဖြစ်လာ ပါလိမ့်မယ်ဘုရား”လို့ လျှောက်တင် လိုက်ပါတယ်။အမတ်ကြီး ဦးပေါ်ဦး လျှောက် တင် စကားကို ဘိုးတော်ဘုရားက ဘာမှပြစ်တင် ဝေဖန်မပြောပေမယ့် ဦးပေါ်ဦးနဲ့ အတူ ခစားနေ တဲ့ အမတ်ကြီးတစ်ယောက်က ဦးပေါ်ဦးကို တစ် ထောင်နဲ့ တွက်လိုက်ပြီးတော့…“အမတ်ကြီး ကြည့်လဲလျှောက်တင်ပါဦး။ ဆင်ဆင်ခြင်ခြင် လည်းလျှောက်ပါ၊ ဆင်မည်းကြီးက ဘယ်လို လုပ် ဆွတ်ဆွတ်ဖြူတဲ့ ဆင်ဖြူရတနာ ဖြစ်လာ မှာတုန်း”လို့ ပြောပါတယ်။ အဲဒီအခါ ဦးပေါ်ဦးက ဘာပြန်ပြောသလဲ ဆိုတော့-“အမတ်ကြီး ဘာမှ ပူမနေနဲ့၊ နောင်အနှစ်တစ်ရာကြာရင် ခင်ဗျားရှင် ဘုရင်လည်း မရှိတော့ဘူး၊ ကျုပ်တို့လည်း မရှိ တော့ဘူး၊ အဲဒီတော့ အရေးယူမည့် ရှင်ဘုရင် လည်း မရှိတော့သလို အရေးယူခံရမယ့် ကျုပ် တို့လည်း မရှိတော့တဲ့ အတွက် ဘာမှ့ ပူစရာ မလိုတော့ဘူးပေါ့။ နောင်တော့ ဖြစ်ချင်ရာဖြစ် ပေါ့ဗျာ”လို့ ပြောလိုက်မှ ဘေးနားက ခစားနေတဲ့ အမတ်ကြီးလည်း သဘောပေါက် သွားတော့ တယ်။
ဒီအကြောင်းလေးက အတော်များများ သိပြီးသား ပါ ဘာလို့ ပြောရတာလဲဆိုရင် အချို့ဗုဒ္ဓဘာသာ မြန်မာလူမျိုး တွေဟာ ကိုယ့်အမျိုး ကိုယ့်ဘာသာ နဲ့ ပတ်သက်ပြီး အမတ်ကြီး ဦးပေါ်ဦး ပြောသ လို မျိုး “နောင်တော့ မှ ဖြစ်ချင်ရာဖြစ်ပေါ့ဗျာ” ဆိုတဲ့ အတွေးမျိုးတွေ ဝင်နေတတ်ကြလို့ပဲ ဖြစ် ပါတယ်။
ဦးပေါ်ဦးပြောခဲ့တဲ့ စကားဟာ ဟာသအဖြစ် ပြောခဲ့တာလည်း ဖြစ်သလို ဘယ်သူ ဘယ်သူ မှလည်း ထိခိုက်နစ်နာစေတဲ့ စကားမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေ အနေနဲ့ အမျိုးဘာသာနဲ့ ပတ်သက် လာရင် အဲဒီလို စိတ်ဓာတ်မျိုး မထားကြဖို့ ဆို တာကိုတော့ နားလည် သဘောပေါက်ကြဖို့ လို ပါတယ်။
တကယ်လို့ အဲဒီလို သေးသိမ်တဲ့ စိတ်ဓာတ်မျိုး တွေ ထားခဲ့မယ်ဆိုရင်လည်း မိမိတို့ သားသမီး မြေးမြစ်တွေပဲ ဒုက္ခရောက်ပြီး ကျန်ခဲ့ကြမှာ ဖြစ် ပါတယ်။ တစ်ချို့ မြန်မာစကားတွေ ရှိပါတယ်။ နောင်ခါလာ နောင်ခါဈေးဆိုတဲ့ စကားပါ။ ဒီ စကားဟာ အခြားအရာ ဝတ္ထုနေရာတွေမှာ သုံး လို့ ရပေမယ့် အမျိုးဘာသာနဲ့ ပတ်သက်လာရင် တော့ လုံးဝမှ သုံးလို့မရပါဘူး။
ဒီလိုပြောလို့ ကျွန်တော့်ကို အမျိုးသားရေးဝါဒစွဲ၊ ဘာသာရေးဝါဒစွဲလို့ ထင်စရာပါပဲ။အမျိုးသားရေး ဝါဒစွဲ၊ ဘာသာရေးဝါဒစွဲ ပုဂ္ဂိုလ်မဟုတ်ပါဘူး။ အမျိုးကိုချစ်တဲ့သူ ဘာသာကို လေးစားတန်ဖိုး ထားတဲ့ သူဆိုရင် ပိုပြီး ပြည့်စုံမယ်လို့ ထင်ပါ တယ်။ အမျိုးကို ချစ်တဲ့သူတိုင်း ဘာသာကို လေးစား တန်ဖိုးထားတဲ့ သူတိုင်းဟာ ကိုယ့် အမျိုး ကိုယ့်ဘာသာကို ပျက်စီး ဆုံးရှုံး ပျောက် ကွယ်သွားမှာကို ကြောက်တတ်ကြစမြဲ ဖြစ်ပါ တယ်။
ဒါကလည်း ကျွန်တော်မှ မဟုတ်ပါဘူး။ အခြား ဘာသာ အခြားလူမျိုးတွေလည်း ဒီစိတ်မျိုးတွေ ရှိကြပါတယ်။ သူတို့လည်း သူ့လူမျိုး၊ သူတို့ ဘာသာကို ထိန်းသိမ်းစောင့်ရှောက်ကြမှာ ဖြစ် သလို ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ လူမျိုး နဲ့ ဘာသာကို ရေရှည်တည်တံ့ ပြန်ပွါး အောင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။
ဒီလို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်တဲ့ နေရာမှာလည်း သူတစ်ပါးကို ထိခိုက် နစ်နာ အောင်လည်း လုပ်စရာမလိုပါဘူး။တစ်ချိန်က ဗုဒ္ဓသာသနာ ရောင်ဝါထွန်းလင်းခဲ့ပေမဲ့ ယခု အချိန်မှာတော့ ဗုဒ္ဓသာသနာကွယ်ပ သွားခဲ့ရတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများကြီး ရှိခဲ့ကြပါတယ်။ ဒီနိုင်ငံတွေဟာ ဗုဒ္ဓသာသနာ အစရှာမရအောင် ဘာလို့ ပျောက်ကွယ် သွားခဲ့ကြသလဲ ဆိုတာ သင်ခန်းစာ ကောင်းကောင်းကြီး ယူတတ်ကြဖို့ လိုပါတယ်။အတိတ်သမိုင်းကြောင်းဆိုတာ ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ဘယ် လိုမှ ဖျောက်ဖျက်ပစ်လို့မရတဲ့ အရာတွေ လည်း ဖြစ်ပါတယ်။ အတိတ်သမိုင်းကြောင်းကို ပြန် လည် သတိရပြီး ဒေါပွနေဖို့ ပြောတာ မဟုတ်ပါ ဘူး။ ဒီသမိုင်းကြောင်းတွေကို လေ့လာပြီး သင် ခန်းစာ ယူတတ်အောင် ပြောရတာ ဖြစ်ပါတယ်။
တစ်ချိန်က ဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပခဲ့ တဲ့ အိန္ဒိယနိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံ၊ ပါကစ္စ တန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ မလေးရှား အစရှိတဲ့ နိုင်ငံတွေဟာ ဗုဒ္ဓသာသနာထွန်းလင်း တောက် ပခဲ့တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ယခုအချိန်မှာ ဒီနိုင်ငံတွေမှာ ဗုဒ္ဓ ဘာ သာတွေ ပျောက်ပြီး ဘယ်ဘာသာတွေ ရောက် နေကြတယ်ဆိုတာ သတိထားမိကြရင် ဘာသာ ပျောက်မယ့် အန္တရာယ်ဟာလည်း တဖြည်းဖြည်း နီးကပ်လာပြီဆိုတာ ဆင်ခြင်မိကြဖို့ ကောင်းပါ တယ်။
မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာဟာ မြန်မာ လူမျိုးတွေ အပေါ်မှာ တည်ပါတယ်။ တခြားဘာသာ တခြား လူမျိုးတွေ အပေါ်မှာ မတည်ပါဘူး။ နောက်ပြီး ဘုရားကျောင်းကန်၊ စေတီပုထိုး၊ စာအုပ်စာပေ စတဲ့ နေရာတွေထဲမှာလည်း မတည်ပါဘူး။ ထင်ရှားတဲ့ သာဓကတစ်ခုကို ထုတ်ပြရမယ်ဆို ရင် အင်ဒီနီးရှားနိုင်ငံမှာ “ဗောဓောဗုဓု” စေတီ တော်ကြီး ဆိုတာ ရှိပါတယ်။အခု အဲဒီစေတီ တော်ကြီးဟာ ရှေးဟောင်းပြယုတ်တစ်ခု အဖြစ် သာ တည်ရှိတော့ပြီး ကိုးကွယ်သူ မဲ့နေပါတယ်။ သူတို့ နိုင်ငံက အခြားဘာသာဝင်တွေ အနေဖြင့် လည်း ဒီစေတီတော်ကြီးကို အုတ်ပုံအဖြစ်သာ ရှုမြင်ပြီး အတွဲတွေထိုင်၊ ဖိနပ်တွေစီး လုပ်နေကြ ပါတယ်။ အဲဒီလို မရိုမသေ လုပ်နေကြပေမယ့် လည်း စေတီတော်ကြီးကတော့ ဘာမှ မတတ် နိုင်ဘဲ ဒီအတိုင်း ငုတ်တုတ်ပါပဲ။
ယနေ့ မြန်မာနိုင်ငံမှာရှိတဲ့ စေတီပုထိုး၊ ကျောင်း ကန်ဇရပ် တန်ဆောင်းတွေမှာ ရွှေရောင်၊ ငွေ ရောင်တွေ တဖိတ်ဖိတ် တလက်လက်နဲ့ တောက်ပ နေတာတွေဟာ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေက ပြုပြင် ထိန်သိမ်း စောင့်ရှောက် နေကြလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ များများရှိဖို့ လိုပါတယ်။ ဗုဒ္ဓဘာသာတွေ များများ ရှိမှလည်း စေတီပုထိုး၊ ကျောင်းကန် ဇရပ်၊ တန်ဆောင်း တွေမှာလည်း ဒီထက်မက အရောက် တောက်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ တဖြည်းဖြည်း လျော့ပါးသွား လေ စေတီပုထိုး၊ ကျောင်းကန်၊ ဇရပ်၊ တန် ဆောင်း တွေ မှာလည်း တဖြည်းဖြည်း အရောင် မှိန်လာလေ ဖြစ်မှာပါပဲ။
"ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ မျိုးရိုး စဉ် ဆက် ကတည်းက ရိုးသား ဖြူစင်ပြီး ပွင့်လင်းကြ ပါတယ်။ နောက်ပြီး အေးအေးဆေးဆေး နေ တတ်ကြတယ်။ အမှုမဲ့ အမှတ်မဲ့ နေတတ်ကြ တယ်။ လူတစ်ဖက်သားကိုလည်း သနားကြင်နာ ပိုတတ်ကြပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး တန်းတူကူညီ ဆက်ဆံတတ်ကြပြီး သူတစ်ပါးတွေရဲ့ အခွင့်အရေး များကိုလည်း ထိပါးနှောင့်ယှက်မှု မပြုတတ်ကြပါဘူး"။
ဒါဟာ ချစ်စရာကောင်းတဲ့ မြန်မာ့ဓလေ့ပဲဖြစ်ပါ တယ်။ ဒါပေမယ့် အရာရာမှာ ရိုးသား ဖြူစင် လွန်းရင်လည်း မကောင်းပါဘူး။ ရိုးလွန်းရင် လည်း အ သွားတတ်ပါတယ်။ ဖြူစင်လွန်းရင် လည်း ညစ်ပေ လွယ်တတ်ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ အားနာတတ်တဲ့ နေရာမှာ လည်း နှစ်ယောက်မရှိပါဘူး။ အားနာရင် ခါးပါ တတ်တယ် ဆိုတာ သိထားသင့်ပါတယ်။ ယခု အခါ မြန်မာတစ်မျိုးသားလုံးရဲ့ အမျိုးသားရေး အန္တရာယ်၊ ဘာသာရေးအန္တရယ်ဟာ တစ်နေ့ တစ်ခြား ပိုမို ကြီးထွားလာနေတာကို မေ့လျော့ ပေါ့ဆနေလို့ မဖြစ်ပါဘူး။ “ထိပ်ချမှ ဓားပြမှန်း သိ” ကြမယ်ဆိုရင်တော့ အမှားနောင်တ တသသ ဖြစ်ရတော့မှာ သေချာမလွဲ အမှန် ဧကန်ပါပဲ။
ဒါကြောင့်မို့ နေရာတကာမှာ ရိုးရိုးအအနဲ့ အမှုမဲ့ အမှတ်မဲ့ မနေကြဘဲ အလေးအနက် ထားစေ ချင်ပါတယ်။မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာရှိတဲ့ ထေရဝါဒနိုင်ငံတွေထဲမှာ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓဆိုတဲ့ သာသနာသုံးရပ် စည်ပင်ထွန်း ကား ပြန့်ပွားရာ ဘူမိနက်သန်နေရာမှန် တစ်ခု ဖြစ်ပါတယ်။
ယခုအခါ “ဆွမ်းဆန်ထဲ ကြွက်ချးရော”ဆိုတဲ့ စကားလို လူမျိုးခြား ဘာသာခြားတွေဟာ ဘာသာရေး အသိစိတ်ဓာတ် ခေါင်းပါးပြီး အမျိုး ဂုဏ်၊ ဇာတိဂုဏ်ကို မသိနားမလည်တဲ့ ဗုဒ္ဓ ဘာသာ မြန်မာအမျိုးသမီးတွေကို စီးပွါး ရေးကို မက်လုံးပေးပြီး ရောင်စုံမျက်နှာနဲ့ သူတို့လူမျိုး၊ သူတို့ဘာသာထဲ သွတ်သွင်းနေကြပါတယ်။ ဒီလို အမျိုးဘာသာကို ပျက်စီးဆုံးရှုံးစေမယ့် လုပ်ရပ် တွေကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အနေနဲ့ ရိုးလွန်းအလွန်းပြီး အမှုမဲ့ အမှတ်မဲ့ မနေသင့် ပါဘူး။ယခုကဲ့သို့ သွေးအေးအေးနဲ့ အမှုမဲ့အမှတ် မဲ့ နေသွားကြမယ်ဆိုရင် မိမိတို့ရဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ နှင့် တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရားယဉ်ကျေးမှု တွေ ပျက်စီးဆုံးရှုံး သွားနိုင်ပါတယ်။ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို မိမိတို့ ကိုယ် တိုင်ပဲ ထိန်းသိမ်း စောင့်ရှောက်နိုင်မှ ရနိုင်ပါ တယ်။ တစ်ခြား လူမျိုး တစ်ခြား ဘာသာတွေက ထိန်းသိမ်းစောင့်ရှောက် ပေးတယ်ဆိုတာ ထုံးစံ လည်း မရှိသလို ရာဇဝင်များလည်း မရှိခဲ့ပါဘူး။
ဒါကြောင့်မို့ မြန်မာလူမျိုးတွေ တည်တံ့ဖို့ လိုပါ တယ်။ မြန်မာလူမျိုးတွေ တည်တဲ့မှလည်း ဗုဒ္ဓ ဘာသာတည်တံ့မှာ ဖြစ်သလို ဗုဒ္ဓဘာသာ တည် တဲ့မှလည်း မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေ နှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ တည် တံ့နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ မြန်မာ ရိုးရာ ယဉ်ကျေးမှုတွေ တည်တဲ့မှလည်း မြန်မာလူမျိုး နှင့် မြန်မာနိုင်ငံဟာ တည်တံ့နိုင်ပါတယ်။ မြန်မာ လူမျိုးနှင့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာနှင့် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ နိုင်ငံဟာ အဲသည်လို တစ်ခုနဲ့ တစ်ခု ဆက်စပ်မှု တွေ ရှိနေပါတယ်။ ဘယ်လောက်ထိ ဆက်စပ်မှု တွေ ရှိနေသလဲဆိုရင် နွားနို့နှင့် ရေ ဆိုတာ ခွဲ ခြားလို့ မရနိုင်လောက်အောင် ရှိသလိုပဲ ဆက် စပ်မှုတွေက ရှိနေပါတယ်။
ယနေ့မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ ရောက်လာတဲ့အခါ မြန်မာ့ယဉ်ကျေးမှု အမွေအ နှစ်တွေကို လိုက်ပြပါ ဆိုရင် ပုဂံဒေသကိုပဲ သွား ရောက်ပြသပေးရပါတယ်။ ဘာလို့ ပုဂံ ဒေသကို သွားရောက်ပြသပေးရတာလဲဆို ရင် ပုဂံဒေသ မှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ မြန်မာ့ယဉ်ကျေး မှု အမွေအနှစ်တွေ စုဝေးတည်ရှိနေလို့ပဲ ဖြစ်ပါ တယ်။ ဒီမြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကပဲ ရှေးအစဉ် အဆက် ထိန်းသိမ်းစောင့်ရှောက် နိုင်ခဲ့လို့သာ ယခုလို ပြသနိုင်တာ ဖြစ်ပါတယ်။
တကယ်လို့ သာ မြန်မာနိုင်ငံမှာ အခြားဘာသာ တရားတွေ လွမ်းမိုးသွားမယ်ဆိုရင် အင်ဒိုနီးရှား နိုင်ငံက ကမ္ဘာ့အကြီးဆုံး ဗောဓောဗုဓု စေတီ တော်ကြီးလို အုတ်ပုံအဖြစ်နဲ့ပဲ ဇာတ်သိမ်းသွား နိုင်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာလည်း ၂၀၀၁ ခုနှစ် နှစ်ဦးပိုင်းတုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် လေးတစ်ခုကို လည်း အမြဲတမ်းပဲ အမှတ်ရနေ စေချင်ပါတယ်။ အဲဒီနိုင်ငံမှာ အိုစမာဘင်လာဒင် နှင့် တာလီဘန်ခေါင်းဆောင် တဲ့ အစိုးရ အဖွဲ့ဟာ သူတို့ဘာသာနှင့် မညီညွတ် ဘူးဆိုပြီး အမြောက် တွေ၊ ဒုံးကျည်တွေနဲ့ ပစ် ခတ်ဖျက်ဆီးပစ်လိုက် ပါတယ်။ ဒီဖြစ်ရပ်ဟာ ဘာမှ မကြာသေးလို့ အားလုံးသိပြီးဖြစ်ပါတယ်။
တကယ်လို့သာ အဲဒီနိုင်ငံမှာ ဗုဒ္ဓဘာသာမျိုး ဆက်သစ်တွေ ဆက်လက် တည်တံ့နေခဲ့မယ် ဆိုရင် ကျောက် တောင် ကျောက်သားတွေကို ထွင်းထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီး နှစ်ဆူဟာ ဘယ်လို အကြောင်းကြောင့်တွေနဲ့မှ မြေခကြွေ ကျစရာ အကြောင်းမရှိပါဘူး။အခုတော့ အဲဒီ နိုင်ငံမှာ ဗုဒ္ဓဘာသာရဟန်းတော်များနှင့်တကွ ဗုဒ္ဓဘာသာမျိုးဆက်သစ်တွေ ဘယ်ရောက်သွား ကြကုန်တာလဲ။ ဗုဒ္ဓသာသနာတော်ကြီး ဘာလို့ ကွယ်ခဲ့ရသလဲ၊ ရဟန်းတော်တို့ စာပေမသင် ကြားကြလို့လား၊ ဘုရားရှင်ရဲ့ တရားတော်တွေကို လေ့လာအားထုတ်မှု မရှိကြလို့လား၊ အစာရေစာ ရှားပါးကြလို့လား၊ အနာရောဂါ ဘေးဆိုးကြောင့် လား၊ ထေရဝါဒ မဟာယာနဂိုဏ်းဂဏ ကွဲပြား သွားကြလို့လား။
အထက်ပါအကြောင်းအရာတွေကြောင့် မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ သမိုင်းဆိုတာ လိမ်လို့မရ၊ ညာလို့မရ၊ ဖုံးကွယ်လို့ မရပါဘူး။ သမိုင်းကြောင်း အထောက်အထားနှင့် ခိုင်ခိုင် မာမာ ပြည့်ပြည့်စုံစုံ ရေးပြမယ်ဆိုရင် တော် တော်ကိုပဲ ထိတ်လန့် ခြောက်ခြားဖွယ်၊ အော့ နှလုံးနာဖွယ် ရင်နာဖွယ်ရာ ကောင်းလှပါတယ်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ သာသနာ နှစ် ငါးထောင် တည်မယ်ဆိုတဲ့ စကားကို လှေနံဓား ထစ် မှတ်ထားကြပြီး အေးအေးဆေးဆေး ကြောင့်ကြမဲ့ နေကြပါတယ်။ တွေးတော ဆင် ခြင်မှုလည်း မရှိသလို လေ့လာစုံစမ်း မှုလည်း မရှိဘဲ ကမ်းကုန်အောင် အ ကြ၊ န ကြသည်မှာ စိတ်ညစ်စရာ ကောင်းလှပါတယ်။ အချို့ ဗုဒ္ဓ ဘာသာမြန်မာလူမျိုးတွေဆိုရင် မိမိတို့ရဲ့ မြန်မာ သမီးပျိုလေး လူမျိုးခြား ဘာသာခြားနဲ့ တွဲသွား တွဲလာ လုပ်တာတောင် ဗြဟ္မစိုရ်တရား လက် ကိုင်ထားတော့မလို၊ လူမှုရေးရှုထောင့်က ကြည့် တော့မလို စီးပွားရေး ရှုထောင့်က ကြည့်တော့ မလို၊ ဟိုလိုလို ဒီလိုလိုနဲ့သာ အချိန်တွေကုန်ပြီး ဦးတည်ချက်ကင်းကွာနေသော အနာဂတ်ခရီးကို စမ်းတဝါးဝါးနဲ့ လျှောက်လှမ်းရင်းခြင့် မိမိတို့သား သမီးများ၊ အမျိုးပျက်ဘဝရောက်ရတဲ့အထိ ဖြစ် ကြရပါတယ်။ အချို့ မြန်မာအမျိုးသမီးများ အနေ ဖြင့်လည်း လူမျိုးမျက်နှာ၊ ဘာသာမျက်နှာကို မထောက်ဘဲ လူမျိုးခြား၊ ဘာသာ ခြား စကား တွေရဲ့ စကားကို ယုံပြီး စေတနာဗလပွနဲ့ မိမိရဲ့ ခန္ဓာကိုယ်ကိုပါ ပုံအပ်လိုက်ကြတာဟာလည်း တော်တော်ကိုပဲ အသိတရား ခေါင်းပါးလွန်းလှ ပါတယ်။ အားနာတတ်လိုက်ကြတာကလည်း ကလေးဆယ်ယောက် အဖေခေါ်စရာ မရှိ လောက်အောင်ပါပဲ။
အဲသည်လိုသာ ရှေ့ဆက်ပြီး အနားနေကြဦးမယ် ဆိုရင်တော့ “အားနာတတ် တာ အရာရာ မကြာ ပျက်စီး ကြောင်း" ဆိုတဲ့ စကားလို လူမျိုးခြား ဘာသာခြားကို အားနာတဲ့ မိန်းကလေးဟာ မကြာခင်မှာပဲ အမျိုးပျက်ဘဝ ဘာသာပျက်ဘဝ ရောက်ရတော့မှာ အမှန်မလွဲ မုချဧကန်ပဲ ဖြစ်ရ ပါတော့မယ်။ဒါကြောင့်မို့ ရဟန်းသံဃာတော် များနှင့် ဗုဒ္ဓဘာသာမိဘများအနေနဲ့ မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ် ရင်သွေးငယ်များကို ဗုဒ္ဓရဲ့ ဘာသာရေး အခြေခံသဘောတရားများ၊ ယဉ်ကျေးမှုစရိုက် လက္ခဏာများနှင့် အမျိုးသား ရေး စိတ်ဓာတ်များကို သွန်သင်ဆုံးမ နားချပေးဖို့ လိုအပ်ပါတယ်။ သို့မှသာ ဘာသာရေးစိတ် ဓာတ်နှင့် အမျိုးသားရေး စိတ်ဓာတ်များ ပြည့်ဝ ခိုင်မာမှာ ဖြစ်ပါတယ်။တကယ်လို့ အနာဂတ်မျိုး ဆက်သစ်လေးများ အမျိုးသားရေး စိတ်ဓာတ်နှင့် ဘာသာရေး စိတ်ဓာတ်မခိုင်မာပါက ရေမပြည့် တဲ့ အိုးလို ဘောင်ဘင်ခတ်ကာ မျိုးရိုးဗီဇကို ခြေ ကန်ပြီး အမိမြန်မာ တည်းဟူသော ရေအိုးထဲမှာ မတည်ဘဲ ဘာသာခြားထဲကို ဖိတ်စင်ကာ အဟောသိကံ ဘဝဖြင့် ပျောက်ကွယ်သွား နိုင်ပါ တယ်။
ဒါကြောင့်မို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေနဲ့ အမတ်ကြီး ဦးပေါ်ဦးပြောသလို “နောင်တော့မှ ဖြစ်ချင်ရာဖြစ်ပေါ့ဗျာ” ဆိုတဲ့ သဘောမျိုး မထား ဘဲ အကြောင်းအခြင်းအရာအားလုံးကို ထောက် ရှု၍ နိုးနိုးကြားကြားရှိကြဖို့ အချိန်တန်ပါပြီ။ အသိ တစ်လုံးဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ မသိခင်မှာ အမှားလုပ်မိကြပေမယ့် အသိရတဲ့ အချိန်မှာတော့ အမျိုးပျက်ဘဝ ဘာသာပျက် ဘဝမှ ကင်းဝေးရအောင် ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင်ပြီး အမျိုးဘာသာ အကျိုး အဆက် တိုးလို့ သယ်ပိုး နိုင်ကြပါစေလို့ ဆန္ဒပြု ရင်းပေါ့……

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်