ချို့တဲ့နေသော ဝေါဟာရများ


*********************
လောကသုံးပါးနဲ့ ပတ်သက်လို့ ကြောင်းကျိုး ဆက်စပ်တွေးခေါ်ကြတဲ့ ပညာရှင်တို့ရဲ့ အဘိဓမ္မာများကို အကျဉ်းချုပ်လိုက်ရင် ရုပ်နာမ် နှစ်ခုကို ပဓာန အဖြစ်လက်ခံတွေးခေါ်တဲ့ “ဒွိတ္တအဘိဓမ္မာ” နဲ့ ရုပ် သို့မဟုတ် နာမ် တစ်ခုခု ကိုသာ ပဓာနအဖြစ် လက်ခံတွေးခေါ်တဲ့ “အဒွိတ္တအဘိဓမ္မာ” ရယ်လို့ နှစ်မျိုးရှိပါတယ်။
ဒီနှစ်မျိုးထဲက “အဒွိတ္တအဘိဓမ္မာ”ရယ်လို့ နှစ်မျိုး ရှိပါတယ်။ ဒီနှစ်မျိုးထဲက “အဒွိတ္တအဘိဓမ္မာ” မှာ လည်း ရုပ်ကိုသာ ပဓာနအဖြစ် လက်ခံတဲ့ “ရူပဒွိတ္တ” အဘိဓမ္မာနဲ့ နာမ်တစ်ခုကိုသာ ပဓန အဖြစ် လက်ခံတဲ့ “နာမအဒွိတ္တ”အဘိဓမ္မာဆိုပြီး နှစ်မျိုး ထပ်ကွဲပါသေးတယ်။
အဘိဓမ္မာရဲ့ ရည်ညွှန်းချက်ဟာ သတ္တလောက ကြီး တိုးတက်ကြီးပွားမှုကို ဦးတည်တာ ဖြစ်ပါ တယ်။ သတ္တလောကဆိုတဲ့ လက်ရှိလောကြီးမှာ ရုပ်၊ နာမ် နှစ်ခုလုံး ထင်ရှားရှိနေတာဖြစ်လို့ ဒီ နှစ်ခုလုံးကို ပဓာနအခြေခံတဲ့ “ဒွိတ္တအဘိဓမ္မာ” သာလျှင် ကောင်းမွန် မှန်ကန်ပြည့်စုံတဲ့ အဘိဓမ္မာလို့ ဆိုနိုင်ပါလိမ့်မယ်။ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာကို လေ့လာကြည့်မယ်ဆိုရင် နှစ်ခု အစုံအစုံကို အခြေခံထားတာကို တွေ့မြင်နိုင်ပါ တယ်၊ ရုပ်နဲ့နာမ်၊ ကုသိုလ်နဲ့ အကုသိုလ်၊ ဒုက္ခနဲ့ ဒုက္ခချုပ်ငြိမ်းမှု စသည်တို့ဖြစ်ပါတယ်။
အဘိဓမ္မာ နယ်ပယ်မှာသာ အခုလို အစုံအစုံ နှစ်ခုစီ အခြေခံမှ ပြည့်စုံ ကောင်းမွန်တာ မဟုတ် ပါဘူး။ လူတို့ ပြောဆို သုံးစွဲနေကြတဲ့ ဝေါဟာရ ပညတ် တွေထဲမှာလည်းစ အစုံအစုံ ရှိမှ ကောင်းမွန် တင့်တယ်ပြည့်စုံတဲ့ ဝေါဟာရတွေ အများကြီးရှိပါတယ်။
ဥပမာ နေနဲ့လ၊ မိဘနဲ့သားသမီး၊ ဆရာနဲ့ တပည့်၊ မောင်နဲ့ နှမစတဲ့ သက်၇ှိတို့ကို ခေါ်ဝေါ် တဲ့ ဝေါဟာရတွေ၊ အသွားအပြန်၊ အတက် အဆင်း၊ အနိမ့်အမြင့်၊ အပေးအယူစတဲ့ သက်ရှိ တို့ရဲ့ အပြုအမူနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ များစွာရှိပါတယ်။ သက်ရှိတို့ကို ခေါ်ဝေါ်တဲ့ အစုံ အစုံဝေါဟာရတွေဟာ တစ်ခုခု ချို့တဲ့ပြီး တစ် ခြမ်း ပဲ့နေမယ်ဆိုရင် ဒီသက်ရှိလောကနဲ့ ဘာ သာ စကားဟာ အကျည်းတန် အရုပ်ဆိုးတဲ့ ချို တဲ့မှုကြီး တစ်ခု ဖြစ်နေတတ်ပါတယ်။
ဝေါဟာရ ဘာသာစကားတွေထဲမှာ မကောင်း ဖခင်သား၊ဆရာကောင်း တပည့်၊ သူဌေးသား သမီး ဆိုတာတွေ ရှိနေပြီး၊ သားသမီးကောင်း မိဘ၊ တပည့် ကောင်းဆရာ ဆိုတဲ့ ဝေါဟာရ
တွေ ရှားပါးနေတာ၊ သူဌေးမိဘ ဆိုတာ မရှိသ လောက်ဖြစ်နေတာတွေဟာ အကျည်းတန် အရုပ်ဆိုးတဲ့ ချို့တဲ့မှုတွေပါပဲ
တချို့ ဝေါဟာရတွေဟာ သူ့ပင်ကို သဘာဝ အတိုင်း ရှိနေ တုန်းမှာ အစုံလိုက်အစုံလိုက် တွေ နဲ့ အတော်ပြည့်စုံတင့်တယ်ပါတယ်။ မိဘ နဲ့ သားသမီး၊ ဆရားနဲ့တပည့် စသဖြင့်ပေါ့။ အဲ-- ဒါပေမယ့် အဲဒီဝေါဟာရတွေကို ပိုပြီး တင့်တယ် စေမယ့် “ကောင်း”ဆိုတဲ့ နာမ၀ိသေသနမျိုးနဲ့ တွဲဖက်လိုက်တဲ့ အခါမှာတော့ အပြန်အလှန် အစုံလိုက် အစုံလိုက် ဖြစ်မလာကြတော့ဘဲ တစ်ခြမ်းပဲ့ ကွက်လပ်ကြီးတွေ ဖြစ်နေပြီး အကျည်းတန် အရုပ်ဆိုးနေတာကို တွေ့နေရ ပါတယ်။
လူအများ ပြောဆိုသုံးစွဲနေတဲ့ ဝေါဟာရ တွေထဲ မှာ “မိကောင်းဖခင်သား သမီး”ဆိုတဲ့ ဝေါဟာရ ထင်ထင်ရှားရှား ရှိပါတယ်။ ဒီဝေါဟာရ စကား လုံးဟာ မျိုးရိုးအကျင့်စာရိတ္တ စသည် ကောင်း မွန် တဲ့ မိဘတို့ရဲ့ ဂုဏ် ကို ဖော်ညွှန်းပြီး သား သမီးများဂုဏ်မြောက်အောင် ပြောဆိုကြတဲ့ စကားပါ။ ဒါပေမယ့် သားသမီး တို့ရဲ့ ဂုဏ်ကို ဖော်ညွှန်းပြီး မိဘများဂုဏ်မြောက်စေဖို့ အတွက် “သားသမီးကောင်း မိဘတွေ”လို့ ပြောဆိုနိုင်တာ မျိုးကတော့ ကြားရခဲပါတယ်။ အလားတူပဲ “ဆရာ ကောင်းတပည့်”လို့သာ ပြောသံကြား ရပြီး “တပည့်ကောင်းဆရာ” ဆိုတဲ့ ပြောသံ ကို လည်း တယ်ကြားဖူးလှမယ် မဟုတ်ပါဘူး။
ဒီလို တစ်ခြမ်းပဲ့ပြီး ချို့တဲ့နေတဲ့ ဝေါဟာရတွေ အစား “သားသမီးအကျိုးပေး တဲ့မိဘ၊ တပည့် အကျိုးပေးတဲ့ ဆရာ” ဆိုတဲ့ ဝေါဟာရမျိုးနဲ့တော့ အစားထိုးပေး နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ မိဘတို့၊ ဆရာတို့ ဆိုတာ ကျေးဇူးကြီးမားတဲ့ ကျေးဇူးရှင် များဖြစ်ပြီး သားသမီးတို့ တပည့်တို့ဆိုတာက ကျေးဇူးတုံ့ပြုကြရမှာ ဖြစ်ပါ တယ်။ စဉ်းစား ကြည့်ရင် ကျေးဇူးရှင်ဖြစ်ဖို့ကသာ ပင်ပန်း ခက် ခဲပြီး ကျေးဇူးတုံ့ပြန် ရတာက အလွန် သက်သာ လွယ်ကူပါတယ်။ ကြည့်လေ မိဘတွေမှာ “မိကောင်း ဖခင်” ဆိုတဲ့ဂုဏ်နဲ့ ပြည့်စုံဖို့အတွက် ဘာသာတရား ကိုင်းရှိုင်းမှု၊ ကိုယ်ကျင့် စာရိတ္တ ကောင်းမွန်မှုတို့နဲ့ ပြည့်စုံ ရိုးသားကြရသလို စား ၀တ်နေမှုနဲ့ လူမှုတာဝန်၊ နိုင်ငံ့တာဝန်တွေကို လည်း မလစ်ဟင်း ပြည့်စုံအောင် ကြိုးစားနိုင်မှ ဒီဂုဏ်သိက္ခာ ကို ရရှိနိုင်ကြတာပါ။ ဒီလို ကြိုးစား ရမှာလည်း ကိုယ့်အကျိုး၊ကိုယ့်အရေးအတွက် သာမကဘဲ သားသမီတို့အကျိုး၊ သားသမီးတို့ အရေးကိုလည်း အဓိကတွေးပြီး ကြိုးစားခဲ့ကြ တာပါ။ သားသမီးတို့ စားဝတ်နေရေး ပြည့်စုံစေ ရုံသာမက အရွယ်အလျောက် ဖြည့်ဆည်းပေးရ မယ့် ပညာရေး၊ အသက်မွေးမှုအတတ်၊ ဘာသာ တရား၊ ကိုယ် ကျင့်တရား၊ အဘက်ဘက်က ပြည့်စုံကောင်းမွန်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိ သမျှ အစွမ်းကုန်ထုတ်ကြရသလို အချို့ဆိုရင် ကိုယ်ရေးကိုယ်တာ စားဝတ်နေမှုကို အချို့တဲ့ ခံ ပြီးတော့ကို ကြိုးစားကြရတာဖြစ်ပါတယ်။ သားသမီးတို့က မိဘအပေါ် ကျေးဇူးတုံပြုရာမှာ တော့ ဒီလောက်အထိ ကိုယ်ကျိုးစွန့် အနစ်နာခံ စရာ မလိုကြပါဘူး။ မိဘတို့ရဲ့ ဆုံးမစကားကို လေးစား လိုက်နာပြီး ကိုယ်ကျိုးအတွက် ပညာ ရှာချိန်မှာရှာ၊ အသက်မွေးဝမ်းကျောင်း အတွက် စီးပွားရှာချိန်မှာ စီးပွားရှာကြပြီး အချိန်တန် အရွယ်ရောက်တော့ ကိုယ့် အိုး ကိုယ့်အိမ် ထူ ထောင်စရာရှိတာ ထူထောင်ခွင့်ရကြတာပါပဲ။ ဒီလို ထူထောင် ပြီးတော့လည်း မိဘ စိတ်ဆင်း ရဲစရာဖြစ်အောင် မလုပ်ကြဘဲ ကိုယ့် စားဝတ်နေ မှု အတွက် လူတန်းစေ့စေ့ လူရာဝင်အောင် ကိုယ့်ဘ၀ကိုယ် တည်ထောင်နေနိုင်ကြ တယ် ဆိုရင်ကို မိဘများက ကျေနပ်နေကြပြီး၊ ဒီလို သားသမီးမျိုးရျိတယ်ဆိုရင်ပဲ “ သားသမီး အကျိုး ပေးတယ်”လို့ မိဘများ ကိုယ်တိုင်ကလည်း ခံယူ ကြတယ်။
ပတ်ဝန်းကျင်ကလည်း ဒီလိုပဲ အသိ အမှတ်ပြု ကြတာပါပဲ။ တကယ်တော့ သားသမီးတို့ရဲ့ ဒီ ဖြစ်စဉ်ဟာ မိဘအပေါ်ကို ဘယ်လိုအကျိုးမှ ပြန် ပေးနိုင်ခဲ့ သေးတာ မဟုတ်ပါဘူး။ ကိုယ့်ကျိုး အတွက်သာ ကောင်းကောင်း မွန်မွန် လုပ်ကိုင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒါကိုပဲ မိဘတွေ ကတော့ ဒီအကျိုးတွေကို သူတို့ကိုယ်တိုင် ခံစား နေသလို သဘောထားပြီး “သားသမီးကျိုး ပေး တယ်” လို့ပဲ ခံယူဝမ်းမြောက်ကြပြီး ကျေနပ် နေ ကြ တယ်ဆိုတော့ မိဘကျေနပ် အောင် ကျေးဇူး တုံ့ပြုရတာ ဘယ်လောက်များ လွယ်ကူလိုက် သ လဲလို့။ ဒီအထဲကမှ တစ်ခါတလေ သားသမီး များက သိသိမှတ်မှတ်နဲ့ စားစရာ၊ ၀တ်စရာလေး များများနဲ့ပေးပို့ပြီး ကျေးဇူးတုံပြုလုပ်တဲ့အခါမှာ တော့ ဘာပြော ကောင်းမလဲ။ မိဘတွေခမျာ သားသမီးက ကျွေးမွေးလို့ သူတို့တစ်တွေ အသက် ရှင်နေကြတယ်လို့များ ထင်မှတ်နေ ရော့ သလားတောင် မပြောတတ်ဘူး ကျေနပ် ၀မ်းမြောက် ဂုဏ်ယူလို့ မဆုံး သားသမီးဂုဏ် တွေ ဖော်လို့မဆုံးတော့ဘူး။
ဆရာနဲ့တပည့် အပြန်အလှန်အစုံမှာလည်း အတူ တူပါပဲ။ ဆရာကောင်း တစ်ယောက် ဖြစ်ဖို့ဆို တာ ပညာ အရည်အချင်း၊ကိုယ်ကျင့်တရား၊ စေတနာ၊ စာနာ၊ ၀ါသနာတွေအပြင် အနစ်နာခံ မှုပေါင်းများစွာနဲ့ တည်ဆောက်ရတာမို့ အလွန် ခဲယဉ်းပါတယ်။ ဒါပေမယ့် “ဆရာကောင်း” ဆို တာက ခဲယဉ်းပေမယ့် မရှားပါးလှဘူး။ လောကီ နယ်မှာရော၊ သာသနာတော်မှာပါ ဆရာကောင်း တွေ အများကြီး ရှိနေပါတယ်။ တပည့်ကောင်း တစ်ယောက်အဖြစ်နဲ့ ဆရာကို ကျေးဇူးတုံ့ပြန်ရာ မှာတော့ အလွန် လွယ်ကူပါ တယ်။ ကျိုးနွံ ရိုသေစွာနဲ့ ဆရာသင်ပေးသမျှ ကြိုးစားပြီး တိုး တက် အောင်မြင်သွားမယ်ဆိုရင် ဆရာတိုင်းလို လိုသာ သူတို့ထောင်ပေးတဲ့ လှေကားနဲ့ အထက် ကို ရောက်ရောက်သွားတဲ့ တပည့်တွေကို လှေ ကားကိုင်ပေး ရင်း မော့ကြည့်ပြီး ကျေနပ် ဂုဏ် ယူ တတ်ကြတာပါ။ ဒီလိုတပည့်မျိုး ထွန်းပေါက် လာရင် “တပည့်ကျိုးပေးတယ်” လို့ ခံယူတာ ပါ ပဲ။ ပညာရဲ့အကျိုးကို လက်တွေ့ ခံစားနေရသူက တပည့်တွေသာ ဖြစ်ပေမယ့် ဒါကိုပဲ ဆရာတွေ ရင်ထဲမှာ“တပည့်အကျိုး ပေးပါသတဲ့” လေ။
ဒီထက်များ နည်းနည်းပိုပြီး သိတတ်မယ်ဆိုရင် ဘာ ပြောစရာ ရှိတော့မလဲ။ ဒါကြောင့် ကျေးဇူး တုံ့ပြန်ရတာဟာ လွယ်ကူပါတယ်။ ဒီလို မိဘ ဒီလို ဆရာမျိုးတွေကို “သားသမီးကောင်းမိဘ၊ တပည့်ကောင်းဆရာ” လို့ ပြော ရင်လည်း သူတို့ ၀မ်းသာကြ၊ ကျေနပ်ကြမှာပါပဲ။ ခုပြောခဲ့တာတွေ ကတော့ ရှားပါးပြီး ချို့တဲ့မှု ဖြစ်နေရုံသာဖြစ်တဲ့ ဝေါဟာရ မျိုးပါ။ လုံးဝမရှိတဲ့ ဝေါဟာရတွေတော့ လည်း မဟုတ်ပါဘူး။ လုံးဝမရှိသလောက် ချို့တဲ့ နေတဲ့ ဝေါဟာရကတော့ “သူဌေးမိဘ” ဆိုတဲ့ ဝေါဟာရပဲလို့ ထင်ပါတယ်။ လောကထဲမှာ “သူဌေးသားသမီး”လို့ အသိအမှတ် ပြုပြောဆို ကြတာဟာ မိဘဖြစ်တဲ့ သူဌေးများ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို သားသမီးတွေက ကိုယ်ပိုင် လို သဘောထားပြီး သုံးစွဲနိုင်၊ ခံစားနိုင်ကြသူ တွေကိုမှ ခေါ်ကြတာပါ။ မိဘများမှာ ပစ္စည်းဥစ္စာ တွေ ရှိနေပေမယ့် သုံးဆောင် ခံစားခွင့်မရတဲ့ သားသမီးများဟာ သူဌေးသား သမီးအဖြစ် အများက အသိအမှတ်ပြုကြမှာ မဟုတ်သလို သူတို့ ကိုယ်တိုင်လည်း ၀မ်းမြောက်ဂုဏ်ယူကြ မယ် မဟုတ်ပါဘူး။ ဒါက သဘော အဖြစ်နဲ့သာ ပြောတာပါ။ မိဘချမ်းသာလျက်နဲ့ သားသမီးတွေ သုံးဆောင်ခံစားခွင့် မရဘူး ဆိုတာလည်း မရှိကြ ပါဘူး။ သူဌေးသားမီးတိုင်း သူဌေးသားဆိုတဲ့ အခွင့်အရေးကို ရကြတာချည်းပါပဲ။ တချို့ဆို သူဌေးသားသမီးက သူဌေးထက်တောင် ပိုပြီး သုံးစွဲခွင့် ရကြပါတယ်။
မိဘတွေက ချို့ချို့တဲ့တဲ့ ဖြစ်နေကြပြီး သားသမီး တွေ သူဌေးဖြစ်ကြတာ မျိုး လည်း ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ မိဘတွေက သူဌေး မိဘ ဆိုတဲ့ အခွင့်အရေးမျိုး မရကြတာများ ရှိပါ သလား။ သားသမီးတို့ရဲ့ပစ္စည်းကို မိဘတွေက ကိုယ့်ပစ္စည်းလို သဘောထားပြီး သုံးစွဲနိုင်ဖို့ မဆို ထားနဲ့ စားဝတ်နေမှု လူတန်းစေ့ ရုံလောက် မှန် မှန် ထောက်ပံပေးတယ် ဆိုတာမျိုးတောင် ရှိမှ ရှိပါလေစ။ အနည်း ဆုံး အိမ်စောင့်ခွေးမောင်း၊ ကလေးထိန်း ဆိုသလို တစ်ခုခု ကူညီလုပ်ကိုင် မပေးနိုင်ရင် စားဝတ်နေရေးတောင် မျက်နှာငယ် ကြရတဲ့ မိဘတွေက အတော်ကလေး တွေ့ရဖူး ပါတယ်။ တချို့ဆို သူဌေးဖြစ်နေတဲ့ သားသမီး တွေရဲ့ ခါးဝတ်တစ်ဆင်စာဟာ မိဘတွေအတွက် တစ်သက်တာ တင့်တင့်တယ်တယ် နေထိုင်စရာ အိုးအိမ် နေ့စဉ်စားဝတ်နေမှုအတွက် လုံလောက် တဲ့ ပမာဏ ရှိတယ်။ တချို့ဆို ဒီလောက် ပမာဏမျိုးကို တစ်နေ့တည်း အပေါင်းအသင်း များနဲ့ ပျော်ပါး သုံးစားပစ်ကြတာ လည်းရှိတယ်။ ဒါပေမယ့် မိဘတွေမှာတော့ အိမ်ကုပ်၊ အ၀တ် နွမ်း၊ အစားကြမ်း ဘ၀က မပြောင်းလဲဘူး။ ဒီလို လည်း ရှိကြတယ်။
မရှိသလောက် ဖြစ်နေတဲ့ “သူဌေး မိဘ”ဆိုတဲ့ ဝေါဟာရချို့တဲ့မှုကြီးကို ကွယ်လပ် ဖြည့်ပေးဖို့ဆို တာ သူတို့အတွက် တစ်နေ့သုံး တစ်ဆင်စာ လောက် စွန့်လွှတ်လိုက်ရုံနဲ့တောင် လွယ်လွယ် ကလေး ဖြစ်နိုင်တာကငို ပြောတာပါ။ ဘာပဲဖြစ် ဖြစ် အစုံအစုံလိုက်ရှိမှ တင့်တယ်လှပမယ့် ခုလို ဝေါဟာရချို့တဲ့မှု ကွက်လပ်ကြီး တွေကို မဖြည့် ဆည်းပေးနိုင်သမျှ ဘာသာစကားမှရော၊ ဒီ ဘာသာ စကားပြောဆိုသုံးစွဲနေတဲ့ လူမျိုးမှာ ရော၊ ဒီလိုလူမျိုးတို့ နေထိုင်ရာ အရပ်ဒေသ နိုင်ငံမှာရော ပြည့်စုံတင့်တယ်တဲ့ ကျက်သရေ မင်္ဂလာတစ်ခု ချို့တဲ့နေတာက ကတော့ အမှန် ပါပဲ။
ဒါကြောင့် မိမိတို့ဘ၀၊ မိမိတို့လူမျိုး၊ မိမိတို့နိုင်ငံနဲ့ မိမိတို့ရဲ့ ဘာသာစကား များ ကျက်သရေမင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတင့်တယ်အောင် ဒီကွက်လပ် များကို ဖြည့်ဆည်းပေးကြပါစို့ လို့ အဖော်ညှိ တိုက်တွန်း လိုက်ပါတယ်။
ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။
မှီငြမ်း
ဓမ္မဘေရီဆရာတော်- တခြမ်းပဲ့ ဝေါဟာရများ
တရားတော်

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်