အနုလုံ ပဋိလုံ


***********
အနုလုံ
''မသိခြင်း 'အဝိဇ္ဇာ' ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်ခြင်း 'သင်္ခါရ' တို့ ဖြစ်ကုန်၏၊
ပြုပြင်စီရင်ခြင်း 'သင်္ခါရ' ဟူသော အကြောင်းကြောင့် 'ဝိညာဉ်' ဖြစ်၏၊
'ဝိညာဉ်' ဟူသော အကြောင်းကြောင့် 'နာမ်ရုပ်' ဖြစ်၏၊
'နာမ်ရုပ်' ဟူသော အကြောင်းကြောင့် တည်ရာ 'အာယတန' ခြောက်မျိုး ဖြစ် ၏၊
တည်ရာ 'အာယတန' ခြောက်မျိုးဟူသော အကြောင်းကြောင့် တွေ့ထိခြင်း 'ဖဿ' ဖြစ် ၏၊
တွေ့ထိခြင်း 'ဖဿ' ဟူသော အကြောင်းကြောင့် ခံစားခြင်း 'ဝေဒနာ' ဖြစ်၏၊
ခံစားခြင်း 'ဝေဒနာ' ဟူသော အကြောင်းကြောင့် တပ်မက်ခြင်း 'တဏှာ' ဖြစ် ၏၊
တပ်မက်ခြင်း 'တဏှာ' ဟူသော အကြောင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' ဖြစ် ၏၊
စွဲလမ်းခြင်း 'ဥပါဒါန်' ဟူသော အကြောင်းကြောင့် ဖြစ်ကြောင်းကံ 'ဘဝ' ဖြစ် ၏၊
ဖြစ်ကြောင်းကံ 'ဘဝ' ဟူသော အကြောင်းကြောင့် ဖြစ်ခြင်း 'ဇာတိ' ဖြစ်၏၊
ဖြစ်ခြင်း 'ဇာတိ' ဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်း တို့ ဖြစ် ကုန်၏၊
ဤနည်းဖြင့် ဆင်းရဲအစုသက်သက်သည် ဖြစ်ပေါ်၏။

ပဋိလုံ
''မသိခြင်း 'အဝိဇ္ဇာ'၏ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်သာ လျှင် ပြုပြင်စီရင်ခြင်း 'သင်္ခါရ' ချုပ်၏၊
ပြုပြင်စီရင်ခြင်း 'သင်္ခါရ' ချုပ်ခြင်းကြောင့် ဝိညာဉ် ချုပ်၏၊
ဝိညာဉ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊
နာမ်ရုပ် ချုပ်ခြင်းကြောင့် တည်ရာ 'အာယတန' ခြောက်မျိုး ချုပ်၏၊
တည်ရာ 'အာယတန' ခြောက်မျိုးချုပ်ခြင်းကြောင့် တွေ့ထိခြင်း 'ဖဿ' ချုပ်၏၊
တွေ့ထိခြင်း 'ဖဿ' ချုပ်ခြင်းကြောင့် ခံစားခြင်း 'ဝေဒနာ' ချုပ်၏၊
ခံစားခြင်း 'ဝေဒနာ' ချုပ်ခြင်းကြောင့် တပ်မက်ခြင်း 'တဏှာ' ချုပ်၏၊
တပ်မက်ခြင်း 'တဏှာ' ချုပ်ခြင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' ချုပ်၏၊
စွဲလမ်းခြင်း 'ဥပါဒါန်' ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းကံ 'ဘဝ' ချုပ်၏၊
ဖြစ်ကြောင်းကံ 'ဘဝ' ချုပ်ခြင်းကြောင့် ဖြစ်ခြင်း 'ဇာတိ' ချုပ်၏၊
ဖြစ်ခြင်း 'ဇာတိ' ချုပ်ခြင်းကြောင့် အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ ချုပ်ကုန်၏၊
ဤနည်းဖြင့် ဆင်းရဲအစု သက်သက်သည် ချုပ်လေ၏''
******************************************
''မသိခြင်း 'အဝိဇ္ဇာ' ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်ခြင်း 'သင်္ခါရ' တို့ ဖြစ်ကုန်၏၊ ပြုပြင် စီရင်ခြင်း 'သင်္ခါရ' ဟူသော အကြောင်းကြောင့် ဝိညာဉ်ဖြစ်၏၊ ဝိညာဉ်ဟူသော အကြောင်းကြောင့် နာမ်ရုပ် ဖြစ်၏။ပ။ ဤနည်းဖြင့် ဆင်းရဲအစု သက်သက်သည် ဖြစ်ပေါ်၏။ပ။ ချုပ်လေ၏''
''ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော၊ မကောင်းမှုကို ရှို့မြှိုက် တတ်သော၊ မကောင်းမှုကို အပပြုပြီးသော ရဟန္တာအား ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့သည် အကြင်အခါ၌ စင်စစ် ထင်ရှားဖြစ်ပေါ်ကုန်၏။
ထိုအခါ၌ အကြောင်းနှင့် တကွဖြစ်သော ပဋိစ္စသမုပ္ပါဒ်တရားကို အပြား အားဖြင့် သိသောကြောင့် ထိုရဟန္တာအား ယုံမှားခြင်းအားလုံးတို့သည် ကင်းပျောက်ကုန်၏''
ထိုအခါ၌ (အဝိဇ္ဇာ စသော) အကြောင်းတရားတို့၏ကုန်ရာ နိဗ္ဗာန်ကို သိသောကြောင့် ထိုရဟန္တာအား ယုံမှားခြင်းအားလုံးတို့သည် ကင်းပျောက် ကုန်၏''
ထိုအခါ၌ ကောင်းကင်ကို တောက်ပစေသော နေမင်းသည် (အမိုက်တိုက်ကို ဖျက်ဆီးလျက်) တည်နေသကဲ့သို့ (ထိုရဟန္တာသည်) မာရ်စစ်သည်ကို ဖျက်ဆီး လျက် တည်နေ၏''
မှတ်ချက်။ ။ အနုလုံ ပဋိလုံ = ဤဗောဓိကထာသည် ဥဒါန်းပါဠိတော်နှင့် မတူ၊ ဥဒါန်းပါဠိတော်၌ ဥဒယဉာဏ်, ဝယဉာဏ်, ဥဒယဗ္ဗယဉာဏ်၊ အနုလောမ, ပဋိလောမ, အနုလောမပဋိလောမ သတ္တာဟ သုံးကြိမ်ဖြစ်ပုံ ကို ပြဆိုသည်။
အနုလုံ = အစဉ်အတိုင်းဖြစ်နေတာကို ပြောတာပါ
ပဋိလုံ = အစဉ်ပြန်တာ ဆန့်ကျင်တာ
ကိုးကား
ဝိနည်း မဟာဝဂ် မဟာခန္ဓက

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်