*****************
ကမ္ဘောဒီးယား (ကမ္ဘောဇ) ဘုရင်သည် သေနာပတိ ဖန်ညုန် ၏ အစွမ်းအစကို ကောင်းစွာသိရှိ နားလည်သွားသည်။ အယုဒ္ဓယစစ်ပွဲ ပြီးဆုံးသွားသောအခါ ဘုရင်သည် ဖန်ညုန် အား သမီးတော် နန်ကေဂျနှင့် လက်ထပ်ထိမ်းမြားပေးလိုက် သည်။ ဖန်ညုန်နှင့် နန်ကေဂျသည် ငယ်စဉ်ကပင် ရင်းနှီးပြီး သား ဖြစ်ကြသည်။ နန်းတော်တွင် အတူနေကြသည်။ အတူ ကစားကြသည်။ အတူ ကြီးပြင်းလာကြသည်။ ယင်းသို့ ငယ် စဉ်တောင်ကျေး ကလေးအရွယ်ကပင် ဆက်သွယ်မှု၊ ရင်းနှီး မှု ရှိလာကြသူများဖြစ်၍ ထီးနန်းအုပ်စိုးရာ၌အနှောင့်အယှက် အခက်အခဲ ကြီးကြီးမားမား မရှိတော့ပေ။
ခရစ်နှစ် ၁၃၅၃ ခုနှစ်တွင် စစ်တပ်ကြီးတစ်တပ်ကို ကွပ်ကဲ လျက် ဖန်ညုန်သည် မဲခေါင်မြစ်မြောက်ဘက် မုအွန်ဂဆွသို့ ချီတက်သွားပြီးလျှင် ထိုအချိန်က လောတွင် အုပ်ချုပ်နေ သော ဘုရင်အား မဲခေါင်မြစ်ဝှမ်း၌ အနိုင်တိုက်လျက် မိမိ ကိုယ်ကိုယ် လောဘုရင်အဖြစ် ကြေညာလိုက်လေသည်။ ထို့နောက် ဗိယင်ကျင်ကို သိမ်းပိုက်ပြီးလျှင် သူရဲကောင်း ဘုရင် တစ်ပါးဖြစ်ကြောင်း ပြလိုက်သည်။ ခရစ်နှစ် ၁၃၅၅ တွင် ဖန်ညုန်သည် လန်ချိန် (ဆင်တစ်သောင်းတို့၏ တိုင်း ပြည်) ၏ ဘုရင်အဖြစ် ကြေညာလိုက်သည်။ ထိုအရပ်၌ လန်ချန်တိုင်းပြည် တည်ထောင်လိုက်သည်။
အောင်ပွဲရဘုရင် ဖန်ညုန်သည် လောနိုင်ငံကို တည်ထောင် ပြီးလျှင် သူ၏ အောင်ပွဲရစစ်တပ်နှင့် အတူတကွ အန်ကော သို့ ပြန်လာခဲ့သည်။ ထို့နောက် များမကြာမီ အချိန်အတော အတွင်း၌ပင် ဘုရင် ဖန်ညုန်သည် မင်းခမ်းမင်းနားဖြင့် မိဖုရား နန်ကေဂျကို ခေါ်ခဲ့ပြီးလျှင် ထိုအချိန်က လောနေ ပြည် တော် ဆယံဂရိုသို့ ရောက်ရှိလာသည်။ မိဖုရား နန်ကေဂျ သည် များမကြာမီ ထိုဒေသ၌ နေထိုင်ရသည်ကို
ငြီးငွေ့လာသည်။
ထိုအချိန်က ယင်းအရပ်ဒေသက လူများသည် နာနာဘာဝ များနှင့် သစ်ပင်စောင့် နတ်ဒေ၀တာများအား ယုံကြည်ကိုး ကွယ်ကြသည်။ ဗလိနတ်စာ တင်ကြသည်။ မိဖုရားကြီးက ထိုအချက်များကို မနှစ်မြို့ပေ။ ဖန်ညုန်ဘုရင်လည်း ဗုဒ္ဓ ဘာသာ အသိုက်အ၀န်းထဲတွင် ပညာသင်ကြား တတ် မြောက် လာသူ ဖြစ်သည်။ မိဖုရားကြီး သူ့ခမည်းတော်ထံ ပြန်လိုသည့်အကြောင်းကို နားလည် သဘောပေါက်သွား သည်။ ထို့ကြောင့် သူလည်း မိဖုရားကြီးနှင့်အတူ အန်ကော သို့ လိုက်ပါသွားသည်။ ၁၂ ရာစုတွင် သံဃရာဇာ ရှင်အရဟံ နှင့် ပံ့သကူမထေရ်တို့၏ ဦးဆောင်ဦးရွက် ပြုမှုအောက်၌ မြန်မာနိုင်ငံတွင် ထေရ၀ါဒသာသနာ ထွန်းကားနေ သည်။
ထို့နောက် ဓမ္မစေတီ (၁၄၇၂-၇၉) မင်းကြီးလက်ထက်တွင် လည်း ရဟန်းတော်အချို့ လင်္ကာဒီပကျွန်းသို့သွားပြီး မြန်မာ နိုင်ငံ ပြန်ရောက်လာသောအခါ ထေရ၀ါဒ သာသနာစစ် စစ် ကို ဖြန့်ဖြူးကြသည်။ ထိုနည်းအတူပင် ကမ္ဘောဇနိုင်ငံလည်း ၁၄ ရာစုနှစ်တွင် ထေရ၀ါဒ သာသနာတော် ထွန်းကား သော တိုင်းပြည်ဖြစ်သည်။
လောနိုင်ငံ၌ ထေရ၀ါဒသာသနာ ထွန်းကားပြန့်ပွားရေး၌
အန်ကောဘုရင်သည် အကူအညီ အထောက်အပံ့များစွာ ပေးသည်။ ယင်းသို့ အကူအညီပေးခြင်းမှာ မိမိ၏ သမီးတော် နန်ကေဂျနှင့် သမက်တော် ဖန်ညုန်၏ တိုက်တွန်းချက် ကြောင့် ဖြစ်သည်။
ခရစ်နှစ် ၁၃၅၈ ခုနှစ်၌ ဖန်ညုန်၏ အသက်ခင်၊ ဆရာသမား၊ နောင်သောအခါ၌ ဓမ္မဂုရုဖြစ်လာသော မဟာသမန္တမဟာ ထေရ် ၏ ဦးဆောင်မှုဖြင့် ရဟန်းတော်အပါး ၂၀ ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ဘုရင့်အနွယ်တော်များနှင့်အတူ ပိဋကတ် ကျမ်းစာများနှင့် အဖွင့်အဋ္ဌကထာ ကျမ်းစာများလည်း ပါလာ သည်။ ထို့ပြင် အခြား လက်ဆောင်ပဏ္ဍာ ပစ္စည်းများအဖြစ် ပေးသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူလည်း ပါလာသည်။
ယင်းရုပ်ပွားတော်မှာ ၁၁ ရာစုတွင် လင်္ကာဒီပ သီဟိုဠ် ဘုရင် က ခမာဘုရင်များအား လက်ဆောင်ပဏ္ဍာအဖြစ် ပေးပို့ခဲ့ သော ရုပ်ပွားတော်ဖြစ်သည်ဟု အဆိုရှိသည်။ ဆယံဂရို နေပြည်တော်၌ ယင်းရုပ်ပွားတော် ကြွရောက်တော်မူ လာ ခြင်းသည် အလွန်တရာ မင်္ဂလာရှိသည်ဟု ထင်မှတ်ယူဆ ကြသည်။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်သည်ဟု အယူရှိကြသည်။ ယင်းအခြေအနေအား အသိအမှတ်ပြု သည့် အထိမ်းအမှတ်ဖြင့် နေပြည်တော်၏ အမည်ကို ပြောင်းပြီး ဗုဒ္ဓရုပ်ပွားတော်၏ ဘွဲ့တော်အမည်အတိုင်း လုအန်ဗန် သို့မဟုတ် ဆွန်ပရဗန်ဟု မှည့်ခေါ်လိုက်လေ သည်။
ဘုရင်မင်းကြီးသည် ရဟန်းသံဃာတော်များ နေထိုင်သီတင်း သုံးရန်အတွက် နေပြည်တော် လုအန်ဗရဗန်၌ကျောင်းတိုက် ကြီးတစ်တိုက်ကို ဆောက်လုပ်လှူဒါန်းသည်။ ထိုကျောင်း တိုက်အတွင်း၌ သူ့ဆရာ ဂုရုမဟာထေရ်၏ အမိန့်အရ
သံဃကံ ဆောင်ရွက်ရန် `သိမ်' ကိုလည်း ဆောက်လုပ်လှူ ဒါန်းသည်။ ထို့နောက် လောနိုင်ငံမှ ရာပေါင်းများစွာသော
အမျိုးကောင်းသားတို့သည် ရဟန်းခံကြသည်။
မဟာသမန္တမထေရ်၏ ဟောပြောဆုံးမချက်ကြောင့် လည်း ကောင်း၊ ဘုရင်မင်းကြီး၏ အမိန့်သြဇာကြောင့်လည်း ကောင်း၊ လောနိုင်ငံတွင် ဗုဒ္ဓဘာသာ ပြန့်ပွားထွန်းကား လာ သည်။ မဲခေါင်မြစ်၏ ဘေးနှစ်ဖက်တွင် လောနိုင်ငံ ထူ ထောင် ပြီးသည့်နောက်၌ တိုင်းပြည်နိုင်ငံ၌ အေးချမ်းသာ ယာ မှု ရှိလာပြီးလျှင် ဓမ္မဖြန့်ဖြူးရေး လုပ်ငန်းလည်း တွင် ကျယ် လာသည်။ ဓမ္မဖြန့်ဖြူးရေးအတွက် ဘုရင်ဖန်ညုန် သည် တိုင်းပြည်နိုင်ငံတွင် နေရာပေါင်းများစွာတို့၌
ကျောင်း တိုက်များကို တည်ဆောက်သည်။ ယင်းကျောင်းတိုက်များ၌ လူပေါင်းများစွာတို့ သာသနာ့ဘောင် ၀င်ရောက်ကြသည်။ စာမတတ်၊ ပညာမတတ်သော တိုင်းသူပြည်သားများအား စာသင်ပေးသည်။ ပညာသင်ပေးသည်။ တူးဖော်တွေ့ရှိ ရသော ကျောက်စာများအရ ထိုခေတ်က ပညာသင်ကြား ရေးသည် ရဟန်းသံဃာများ၏ လက်ထဲတွင်ရှိသည်။ စာသင် ကျောင်းများနှင့် ကျောင်းသားများသည် ရဟန်း သံဃာတော်များထံမှာသာ ပညာသင်ကြားကြရသည်။
ရှေးခေတ် မြန်မာနိုင်ငံ အတိုင်းပင် ဖြစ်သည်။
လောနိုင်ငံ (လန်ချန်)ကို တည်ထောင်သော လောနိုင်ငံ၌ ဗုဒ္ဓသာသနာ ဖြန့်ဖြူးသော ဘုရင် ဖန်ညုန်သည် ခရစ်နှစ် ၁၃၅၃ မှ ၁၃၇၃ အထိ ထီးနန်းစိုးစံသည်။ ထို့နောက် ဖန်ညုန် ၏သားတော် ဆမ်ဆေန် (၁၃၇၃-၁၄၁၄) လော နိုင်ငံဘုရင် ဖြစ်လာသည်။ လောနိုင်ငံ မြေပေါ်၌ ဗုဒ္ဓ သာသနာတော် စတင် ထွန်းကားပြန့်ပွားအောင် ကြိုး ပမ်း အားထုတ်ရာ၌ ဘုရင် ဖန်ညုန်နှင့် ကမ္ဘောဇ ဘုရင့်သမီး တော်
မိဖုရားကြီး နန်ကေဂျသည် ဘက်ညီကြလေသည်။ သူတို့နှစ်ဦးလုံး၏
ကြိုးပမ်းအားထုတ်မှုကြောင့် လောနိုင်ငံ၌ ဗုဒ္ဓသာသနာတော် အမြစ်တွယ်လာခဲ့ခြင်း ဖြစ်သည်။ မိဖုရားကြီး၏ လှုံဆော်တိုက်တွန်းချက်အရသာလျှင် ဖန်ညုန် ဘုရင်သည် လောနိုင်ငံ၌ ဗုဒ္ဓသာသနာတော် ပြန့်ပွားထွန်း ကားရေးအတွက် ဤရွေ့ဤမျှ စိတ်ပါဝင်စားလာခဲ့ခြင်း ဖြစ်သည်။
အပိုင်း(၄၄) ဆက်ရန်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်