***********************
ဒီအပိုင်းမှာတော့ ဂန္တဝင်ထဲကမြို့တော် တစ်ခုဆီ အလည် သွားကြတာပေါ့
သီရိဝိဇယနာဂ
အရှေ့တောင်အာရှကျွန်းများတွင် တည်ရှိသော သီရိဝိဇယ အမည်ရှိ ဗုဒ္ဓဘာသာ နိုင်ငံတော်သည် ထင်ရှားကျော်ကြား သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ယင်းနိုင်ငံသည် ၁၂ ရာစု အထိ မဟာယာန ဗုဒ္ဓဘာသာ အချက်အချာ ဖြစ်ခဲ့သည်။ သီရိဝိဇယသည် ဆုမတြာကျွန်း၏ မြို့တစ်မြို့ ဖြစ်သည်။ ရာပေါင်းများစွာသော နှစ်ပရိစ္ဆေဒကာလအထိ သိလိန္ဒြ မင်းဆက် ဗုဒ္ဓဘာသာဝင် ဘုရင်တို့၏ မြို့တော် ဖြစ်ခဲ့သည်။
ယင်းဗုဒ္ဓဘာသာ ဘုရင်များထဲတွင် သီရိဝိဇယနာဂဘုရင် ၏ခေတ် (ခရစ်နှစ် ၃၈၄)သည် ထူးခြားသော ခေတ်ကာလ ဟု ဆိုရမည်။ အိန္ဒိယ ကိုလိုနီနိုင်ငံများထဲတွင် ဂျာဗားသည် ရှေးအကျဆုံး ကိုလိုနီဖြစ်သည်ဟု အသိအမှတ်ပြုထားကြ သည်။ ယင်းကျွန်း၌ နေထိုင်ကြသူများသည် အိန္ဒိယတောင် ပိုင်းမှ လာကြသူများဖြစ်ကြပြီး အင်ဒိုချိုင်းနားအထိ ပြန့်ပွား သွားကြသည်။ ခရစ်နှစ် ၁ နှင့် ၂ ရာစုနှစ်များ၌ အိန္ဒိယ တောင်ပိုင်းသားတို့သည် မလေးကျွန်းဆွယ် ကျွန်းစုများ ၌ နေထိုင်ကြသည်။ ရှေးအကျဆုံးလူ (ဂျာဗားလူ)၏ ဦး ခေါင်းခွံကို ဂျာဗား၌ တွေ့ရသည်ဟု သုတေသီများက အယူ ရှိကြသည်။ ယင်းရှေးအကျဆုံးလူသည် လွန်ခဲ့သည့် နှစ် ငါး သိန်းခန့်က ပထ၀ီမြေပြင်ပေါ်၌ နေထိုင်သည်။ သူတို့ အသုံး ပြုသည်မှာ ကျောက်လက်နက် ကိရိယာဖြစ်သည်။
ဗုဒ္ဓခေတ်မတိုင်မီက အိန္ဒိယ ကုန်သည်များသည် သုဝဏ္ဏ ဘုမ္မိမှ သုဝဏ္ဏဒီပနှင့် ယ၀ဒီပသို့ သွားလေ့ရှိကြသည်ဟု ဇာတကများ၌ ဖော်ပြထားသည်။ သို့သော်လည်း ကိုလိုနီ တည်ထောင်ရန် မဟုတ်ဘဲ ကုန်သည်များအဖြစ်ဖြင့် သွား ရောက်ကြခြင်း ဖြစ်သည်။ ဂျာဗား၌ အိန္ဒိယတောင်ပိုင်း၏ သြဇာအရှိန်အ၀ါ လွှမ်းမိုးမှုရှိသည်။ ဂျာဗားမှ တူးဖော်တွေ့ရှိ ရသော အဦးဆုံးကျောက်စာ အရေးအသားမှာ ပလ္လ၀ဘုရင် များ ၅ ရာစု ၆ ရာစုလောက်က ကြေးပြားပေါ်တွင် ရေးထိုး ထားသည့် စာအရေးအသားမျိုး ဖြစ်သည်။ ယင်းအထောက် အထားများကို ဂျာဗား၌သာ တွေ့ရသည်မဟုတ်ဘဲ ဖာတုန် နှင့် စမ္ပာတို့၌လည်း တွေ့ရသည်။ ပလ္လ၀တို့ မတိုင်မီ သာတ ၀ါဟနတို့၏ နောက်ပိုင်း၌ ဓညကဋက၌ ဣက္ခာကုမျိုးနွယ် များ ကြီးစိုးကြသည်။ ဓညကဋက (ဓရဏီကုတ်)နှင့် ရှရရီ ဗဗ္ဗတ (နာဂါဇုနကောဏ္ဍာ) တို့၌ တူးဖော်ရရှိသော ကျောက် စာများအရ သီဟိုဠ် (သီရိလင်္ကာ)၊ တရုတ်၊ ကိရာတ (ကျိ လာတ၊ မလယ)တို့၌ ဗုဒ္ဓဘာသာ ပြန့်ပွားထွန်းကားလာ သည်ဟု သိရှိရသည်။
ယင်းမလေးကျွန်းဆွယ်များသည် ရှေးယခင်က ဟိန္ဒူကိုလိုနီ များ ဖြစ်ခဲ့သည်။ ဖာဟီယန်သည် ခရစ်နှစ် ၄၁၃ ခု၌ ထို ဒေသများသို့ ရောက်သွားသည်။ သူ၏ ခရီးစဉ်မှတ်တမ်းအရ ထိုခေတ်ကာလကလည်း ဂျာဗား စသောကျွန်းများ၌ ဗုဒ္ဓ ဘာသာ အထိုက်အလျောက် ထွန်းကားပြန့်ပွားနေသည်ဟု သိရှိရသည် ၁၅ ခုနှစ်၌ အိန္ဒိယမှ သီဟိုဠ်ကျွန်းကို ဖြတ် လျက် မိမိနိုင်ငံ ပြန်သွားသောအခါ ဖာဟီယန်သည် ယ၀ဒီပ ကျွန်း၌ ငါးလကြာမျှ နေထိုင်ခဲ့သည်။ ရာဟုလာသံကိစ္စည်း၏ အဆိုအရ ထိုအချိန်၌ ဂျာဗားတွင် ဗုဒ္ဓဘာသာသည် အဓိက ဘာသာတရား ဖြစ်သည်။
၄၂၃ ခုနှစ်၌ ဂုဏ၀မ္မာသည် ကသ္မိရ (ကပိရှာ)မှ ဂျာဗားသို့ သွားသည်။ ရဟန်းတော် ဂုဏ၀မ္မာသည် သံဃာနန္ဒဘုရင် ၏ သားတော်၊ ဟရိဘဒြ၏ မြေးတော်ဖြစ်သည်။ ထိုရဟန်း တော်သည် မင်းစည်းစိမ်ကို စွန့်ပယ်လျက် ရဟန်းဘောင် ရောက်လာသူဖြစ်သည်။ ခမည်းတော် ဘုရင်မင်းကြီး ကွယ် လွန်သွားသောအခါ ဂုဏ၀မ္မာသည် အသက် ၃၀ အရွယ်မျှ သာ ရှိသေးသည်။ ထီးမွေနန်းမွေခံ တစ်ဦးတည်းသော သား တော်ဖြစ်သည်။ ဂုဏ၀မ္မအား ထီးနန်းအပ်ကြသည်။ သို့ သော် လည်း ဂုဏ၀မ္မက လက်မခံပေ။ ခါးခါးသီးသီး ငြင်း ပယ်သည်။ သီဟိုဠ်အကြောင်းကို ကြားရသည်ဖြစ်၍ ဂုဏ၀မ္မာသည် သီဟိုဠ်ကျွန်းသို့ ကြွသည်။ သီဟိုဠ်ကျွန်းကမှ တစ်ဖန် ဂျာဗားသို့သွားသည်။
ဘုရင့်မယ်တော် ဗုဒ္ဓဘာသာဝင် ဖြစ်သွားသည့်အတွက်
ဂျာဗားဘုရင်လည်း ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သွား သည်။ ကံမကောင်း အကြောင်းမသင့်သဖြင့် ထိုအချိန်၌ ဂျာဗားကို ၀င်ရောက်တိုက်ခိုက်ကြသည်။ ယင်းအချက်နှင့် စပ်လျဉ်း၍ ဘုရင်မင်းကြီးက ဂုဏ၀မ္မာအား မေးမြန်း လျှောက် ထားသောအခါ ဂုဏ၀မ္မာက "သူခိုးဓားပြကို အပြစ်ဒဏ် ပေးခြင်းသည် လူတိုင်း၏ တာဝန် ၀တ္တရားဖြစ် သည်" ဟူ၍ ပြောပြသည်။ တရုတ်ပညာရှင်များ ရေးသား ထားသော ဂုဏ၀မ္မာ၏ အတ္ထုပ္ပတ္တိ၌ "ထိုအချိန်က ဂျာဗား ဘုရင်သည် လောကီလူ့ဘောင်ကို စွန့်ခွာလျက် ရဟန်းပြု လိုသော ဆန္ဒရှိ၏။ သို့ရာတွင် မှူးမတ်များ ၀ိုင်းဝန်းတောင်း ပန် သောကြောင့် ဘုရင်မင်းကြီးသည် တိုင်းပြည်နိုင်ငံ အတွင်း မည်သည့်နေရာမှာမှ အကြမ်းဖက်မှု မဖြစ်ပွား လျှင် မိမိ၏ ဆုံးဖြတ်ချက်ကို ပြင်မည်ဟု ကတိပြုသည်" ဟူ၍
ဖြစ်သည်။
ဘိက္ခု ဂုဏ၀မ္မာ၏ ဂုဏ်သတင်းသည် တရုတ်ပြည်သို့
ရောက်သွားသည်။ တရုတ်ဘုရင်၏ ပင့်ဖိတ်ချက်ကို ဂုဏ၀မ္မာ လက်မခံဘဲနေ၍ မဖြစ်တော့ပေ။ တရုတ်ပြည်၌ ဗုဒ္ဓဘာသာ ဖြန့်ဖြူးရန် အခွင့်ကောင်းကို လက်မလွှတ်လို ပေ။ ဂုဏ၀မ္မာသည် အိန္ဒိယကုန်သည် နန္ဒီ၏ သင်္ဘောနှင့် လိုက်ပါသွားပြီးလျှင် နန်ကင်းသို့ ရောက်ရှိသွားသည်။ သို့ သော်လည်း မကြာမီမှာပင် ၆၅ နှစ်အရွယ်၌ ကွယ်လွန် အနိစ္စ ရောက်သွားသည်။ ဂုဏ၀မ္မာ၏ အတ္ထုပ္ပတ္တိအရ
ဖာဟီယန် ရောက်သွားပြီး နောက်ပိုင်းကျမှသာလျှင် ဂျာဗား ၌ ဗုဒ္ဓဘာသာ စနစ်တကျ ထွန်းကား ပြန့်ပွားသွားသည်ဟု သိရှိရသည်။
အပိုင်း(၄၅)ဆက်ရန်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်