ကိုယ့်ဒုက္ခ ကိုယ်ရှာမိသလိုများ ဖြစ်နေချေရော့မလား


*****************************


ဒီခေါင်းစဉ်ပေးထားတာက ဒီလိုပါ

ကျွန်တော် အခုတင်ပေးနေတဲ့ ကုသိုလ်တော် စာကြည့် တိုက်က စာအုပ်တွေ အတွက် လိုင်းမှာ အမြဲ တင်ထားပေး နိုင်ဖို့ Direct link တွေ ရဖို့ အတွက် အခက်အခဲ ရှိပါ တယ် အခုတောင် ကျွန်တော် ကြံဖန်ပြီး ဟိုတွဲ ဒီတွဲ နဲ့ အဆင်ပြေအောင် လုပ်ထားပေးပါတာပါ

ကျွန်တော့်ဆီမှာ လက်ရှိသိမ်းထားတဲ့ စာအုပ် အမျိုးအစားစုံ လိုင်းစုံ ပေါ့လေ အုပ်ရေ ငါးသောင်း နီးပါး ရှိပါတယ် ဒီဟာ တွေ အကုန်တင်ပေးချင် လှူပေးချင်ပါတယ် အခြားအသုံးချ
ပရိုဂရမ်တွေလဲ အများအပြား ရှိပါတယ်

ပြဿနာက ဘာလဲ ဆိုရင် ဒီဟာတွေကို အမြဲရှိနေအောင်
တင်ပေးထားနိုင်ဖို့ ကျွန်တော့်မှာ ကိုယ်ပိုင် ဝက်ဟော့စတင်
မရှိတာပါ အလကားရတဲ့ ဟာလေးတွေနဲ့ ရနိုင်သလောက်
လိုက်တင်ပေးနေတာ စာအုပ် ထောင်ချီတင်ထားဖို့ နေရာ အတွက်လောက်ကို အလကား ရတဲ့နေရာတွေကနေ တင် ရင် လင့်သေသွားတာ ဒေါင်းမရတော့တာ သက်ဆိုင်ရာ ဆာဗာက ဖျက်ချလိုက်တာ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ တင် ထား ခဲ့တာတွေ အများဆုံး သုံးလ လောက် ကာလ အတွင်း
မှာပဲ ပျက်ကုန်ကြပါတယ် ဒါက အလကားရတဲ့ နေရာတွေ ကနေ တင်ထားရတဲ့ အားနည်းချက်ပေါ့ဗျာ

ကိုယ်ပိုင် ဟော့စတင်မှာ တင်ထားရင် ဒီပြဿနာတွေ မဖြစ် တော့ဘဲ ဘယ်အချိန်ဘယ်သူ လာဒေါင်းယူယူ ရနေမှာ ရှင် သန်နေမှာ ဖြစ်ပါတယ် စိတ်ကြိုက် ဖန်တီးနိုင်ခွင့်တွေ ရှိလာ တယ်ပေါ့

ဒီတော့ အစက တွေးမိပါတယ် စာပေချစ်မြတ်နိုးသူ ပရဟိတ ဝါသနာပါသူတွေ ဆီက ဝက်ဟော့စတင် တစ်နှစ်စာ လောက် အလှူခံရရင် ကောင်းမလားလို့ ပေါ့
တစ်နှစ်စာဆိုလို့ ငွေအများကြီး ကုန်တာ မဟုတ်ပါဘူး
မြန်မာကျပ်ငွေ ငါးသောင်း ဝန်းကျင်လောက်လေးပါ ဒီ ပမာဏ လောက်က စိတ်ပါဝင်စားသူဖြစ်ရင် တစ်ဦးတည်း နဲ့ ကိစ္စပြီး တာဝန်ယူနိုင်တဲ့ သေးသေးလေးပါ

ဒီလို အလှူခံတယ် ဆိုလို့ အလကားရချင်လို့ တော့ မထင် လိုက်ပါနဲ့ ကျွန်တော်က အလှူခံလို့ လှူသူပေါ်လာခဲ့ရင် ကျွန်တော့်ဘက်ကလဲ ငါတင်ချင်မှ တင်မယ် ဆိုပြီး လုပ်လို့ မဖြစ်တော့ဘူး ပုံမှန် အပ်ဒိတ်ဖြစ်နေအောင် ဆိုဒ်လုံခြုံရေး
လင့်အယ်ရာဖြစ်မဖြစ် စတာတွေကို အချိန်ပေး စစ်ဆေး လုပ်ဆောင်နေရတော့မယ် ဖိအားတစ်ခု ရှိလာပါတယ် နည်းပညာပိုင်းအရ ကျွန်တော့်အတွက် အခက်အခဲတော့ မရှိပါဘူး အချိန်ကတော့ ပေးရတော့မှာလေ   အလကား လိုချင်လို့ အလှူခံတယ် မထင်မိဖို့ သိစေလိုလို့ နဲနဲ ပြောပေး တာပါ ဒါကြောင့် ကျွန်တော် အဲခေါင်းစဉ်ကို ပေးလိုက်တာ

ဒါနပြုပါလို့ တိုက်တွန်းလိုပါတယ် ကန်တော့ဆွမ်းဆိုလဲ ကုသိုလ်ရပါတယ်

စာဖတ်သူတိုင်းကို အလှူခံခြင်း မဟုတ်ပါ ဘာသာသာသနာ စာပေချစ်မြတ်နိုးသူများ လုပ်ရန် သင့်တော်ကောင်းမွန်သည် ဟု ယူဆမြင်နိုင်စွမ်းသူများ မျှထံမှသာ……


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်