အလုပ်သမား သုံးယောက်နှင့် ကျွန်တော်


**********************

အလုပ်သမားသုံးယောက်ကို တွေ့လိုက်တာ သုံးမျိုးကွဲပြား
နေတယ်ဆိုတာလဲ သိခဲ့ရတယ် စာရှည်မှာစိုးလို့ ဘာတွေ ညာတွေ ထည့်မပြောတော့ဘူး ပြောချင်တာကို လိုရင်းပဲ
တိုတိုပြောပါမယ်

၁။ လုပ်ရမယ်ဆိုလို့ လုပ်တဲ့ အလုပ်သမားက တစ်မျိုး
၂။ လုပ်ရမယ်ထင်လို့ လုပ်တဲ့ အလုပ်သမားက တစ်မျိုး
၃။ လုပ်ရမယ်မြင်လို့ လုပ်တဲ့ အလုပ်သမားက တစ်မျိုးလို့ သုံးမျိုးရှိပါတယ်။

၁။ လုပ်ရမယ်ဆိုလို့ လုပ်တဲ့ အလုပ်သမား ဆို သည်မှာ တာဝန်ပေးချက်အရ စေခိုင်းချက်အရ ဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ်များဖြစ်တယ်။ တာဝန်ကျေ အောင်တော့ လုပ်တတ် ကြ လုပ်နိုင်ကြတယ်၊ အချိန်စေ့အောင် လုပ်ငန်းပြီးအောင် တော့ ကြိုးစား ပြုလုပ်အားထုတ်တတ်ကြတယ်၊ သို့သော် လည်း ကိုယ့်အတွက် တရားစွမ်းအား အနှစ်ပါအောင် ယူဖို့ ကျတော့ သတိမပြုမိတတ်ဘဲ နေကြပါတယ်။

၂။ လုပ်ရမယ်ထင်လို့ လုပ်တဲ့ အလုပ်သမားဆိုတာ အထင် လေးပါလာတော့ စိတ်ဝင်စားမှုရှိတယ်၊ သို့ သော်လည်း အထင်ဟာ အမြင်မဟုတ်တဲ့အတွက် စွမ်းအားတွေ တိတိ ကျကျ ပြည့်ပြည့်၀၀ ရအောင် ယူနိုင်ဖို့ ခက်ခဲနေပါတယ်၊ အထင်ဆိုတာ စာစကား နဲ့ပြောရင် တဏှာ မာန ဒိဋ္ဌိ သံသရာ နယ်ချဲ့တွေ နေရာတိုင်းမှာ ဘောင်ကန့်သတ်ချက် ချည်းပါနေတဲ့ ဆောင်ရွက်မှုမျိုးစုံတွေပါပဲ၊ငါ့အတွက်ပါမှ လုပ်နိုင် မယ်၊ ငါ့အတွက် မပါရင် မလုပ်နိုင်ဘူး ငါနဲ့ပတ် သက်တဲ့ ပုဂ္ဂိုလ်အတွက် ခံစားခွင့်ပါမှ လုပ်နိုင်မယ်၊ ခံစား ခွင့်မပါရင် မလုပ်နိုင်ဘူး စသည်ဖြင့် ဘောင် တံတိုင်း ကျဉ်း မြောင်းမှု ဘောင်ခတ်မှုတွေ ပါနေတယ်၊ အဲဒီပုဂ္ဂိုလ်များရဲ့ ဆောင်ရွက်ချက်သည် စိတ်ဝင်စား မှုရှိသော်လည်း ကိုယ့်ဝန် ကိုယ်ထမ်း လူ့အစွမ်းဆိုတဲ့ ကိုယ်ပိုင်တရား အနှစ်အထိ ရအောင် ယူနိုင်တဲ့ အင်အားဆိုတာ ပါချင်မှ ပါမှာပေါ့။

၃။ လုပ်ရမယ် မြင်လို့လုပ်တဲ့ အလုပ်သမားဆိုတာ ကတော့ ပညာဦးစီးလာတယ်၊ သဒ္ဓါတရား ပါလာ တယ်၊ မေတ္တာ တရားပါလာတယ်၊ ရောက်တဲ့နေရာ ကိုယ့်အရပ် တွေ့တဲ့ သူဟာကိုယ့်ဆွေမျိုး ကိုယ်လုပ် တဲ့အလုပ်မှန်သမျှ ကိုယ့် အလုပ်ဆိုတဲ့ အဲသလို ကြည်လင် ပြတ်သားတဲ့ ဆုံးဖြတ် ချက် အမြင်များနဲ့ ပြုလုပ်အားထုတ်တတ်ကြတယ်၊ ဘောင် တံတိုင်း ကန့်သတ်ချက်မရှိ၊ အကုန်လုံးကို အကောင်းဆုံး ဖြစ်အောင် လုပ်ပေးမယ်လို့ စစ်မှန်တဲ့ စေတနာ သဒ္ဓါ မေတ္တာ ပညာများနဲ့ ဆောင်ရွက်တတ်တယ်၊ အဲဒီတော့ အလုပ်လည်းပြီးတယ် အမှားအယွင်း လည်းနည်းတယ်၊ အချိန်လုပ်ငန်းတို့အတွက်လည်း တွက်ကိန်းကိုက်တယ်၊ အားရစရာ ကောင်းပုံ ကတော့ ကိုယ်ပိုင်တရားစွမ်းအားတွေ တစ်ခါတည်း ပါသွားတယ်။

ဒီအလုပ်သမား သုံးယောက်က လောကထဲက လူတွေ အားလုံးကို ရည်ညွှန်းတယ် သူ့စတိုင်နဲ့သူပေါ့လေ ယေဘု ယျ အားဖြင့် ခွဲကြည့်ရင် အဲဒီ ပုံစံ သုံးမျိုးပဲ ကွဲပြားတယ်

လူဆိုတာ စိတ်ဆောင်ရာ လိုက်နေလေတော့ ငါက ဒီပုံစံ မျိုး ဆိုပြီး ပုံသေ သတ်မှတ်ထားစရာ မလိုပါဘူး သတ်မှတ်လို့လဲ
မဖြစ်ပါဘူး ဒီအလုပ်သမား အမျိုးအစား သုံးမျိုးထဲမှာ သင်
တစ်မျိုးမှာ ပါနေမှာပါပဲ

ပြီးခဲ့ချိန်က သင်ဟာ ဘယ်အမျိုးစား ဖြစ်နေနေ အရေးမကြီး သေးပါဘူး သင်အ အခု သုံးမျိုး စလုံးကို သိနေပြီဆိုရင် အကောင်းအဆိုးကို ပိုင်းခြားနိုင်တဲ့ အသိလေး မဖြစ်စ လောက်လေး ရှိတယ် ဆိုရုံလေးနဲ့တင် သင် ဖြစ်ချင်တာ ဖြစ် လို့ ရသွားပြီ

ဘုရားက ဟောတယ် ကိုယ်ကြိုက်တာ ကိုယ်လုပ် ကိုယ် မကြိုက်တာ မလုပ်နဲ့တဲ့ ဒါက ဘာပြောသလဲ ဆိုရင် မကောင်းတာ တခုခု လုပ်တော့မယ် ဆိုတဲ့အချိန်မှာ မလုပ် ခင် စဉ်းစားကြည့် ငါ့ကိုဆို ငါ့ဟာဆို သူများလာလုပ်ရင် ငါကြိုက်ပါ့မလား အရင် စဉ်းစားဖို့ပြောတာ အဲလို တွေး လိုက်တဲ့ အခါ ငါကြိုက်လား ကြိုက်တယ်ဆို လုပ်လိုက် တော့ ဘာမှ ထပ်စဉ်းစားမနေနဲ့ သွားလုပ် အဲဒါ အမှန်ပဲ သင်ကြိုက်သလို အခြားသူတွလည်း အကုန်ကြိုက်နေမှာ
ပါပဲ အကောင်းအဆိုး သိတဲ့ အသိလေး ပါးပါးလေး ပဲပါပါ စေ ……


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်