****************************************
တတိယသင်္ဂါယနာတင် ခုနှစ် ကွဲပြားခြင်းနဲ့ သီဟိုဠ်ကို သာသနာရောက်တဲ့ နှစ်ကွဲပြားခြင်း
တတိယသင်္ဂါယနာတင်ခုနှစ် ကို ၂၂၈ ခု မှာတင်ကြောင်း
သီဟိုဠိကျွန်းကို သာသနာတော် သက္ကရာဇ် ၂၃၀ ပြည့်နှစ်
မှာရောက်ကြောင်း သမိုင်းစာဟောင်းတွေမှာ ဆိုကြပါတယ်
မောင်းထောင်ဆရာတော်ကြီး ရေးတဲ့ သာသန ဝံသမှာ သက္ကရာဇ် ၂၃၅ မှာ သင်္ဂါယနာ တင်ကြောင်း သီဟိုဠ်ကျွန်း
ကို ၂၃၆ ခုနှစ်မှာ ရောက်တဲ့ အကြောင်း ဆိုပါတယ်
ဒီစကား နှစ်ခုကို ကြည့်ရင် ကျမ်းဂန်လာနဲ့ ညှိနိုင်း ရေးသား
ထားတာ မဟုတ်တာကိုတွေ့ရပါတယ် ရေးချင်ရာရေးတယ်
ပြောတာ မဟုတ်ဘူးနော် ညှိနှိုင်းမှတ်တမ်းတင်ဖို့ကို သတိ လွတ်ပြီး ချွတ်ချော်သွားဟန်သာ ဖြစ်ပါလိမ့်မယ်
ဒီစကားနှစ်ခုစလုံးကို အမှန် မယူသင့်ပါဘူး ဒီလိုပြောတာ အကြောင်းရှိပါတယ် ဆက်ကြည့်ပါဦး
သာသနာတော်သက္ကရာဇ် ၂၁၈ ခုနှစ်မှာ အသောကမင်း ဧကရာဇ်မင်းအဖြစ် ဘိသိတ်ခံကြောင်းကို ပါရာဇိကဏ် အဋ္ဌကထာ မှာ
တထာဂတဿ ပရိနိဗ္ဗာနတောဒွိန္နံ ဝဿသတာနံ
ဥပရိ အဋ္ဌရသမေ ဝေဿ သကလဇမ္ဗူ့ဒီပေ ဧကရဇ္ဇာဘိသေကံ ပါပုဏိ
ဆိုတာက တစ်ခု
သားတော် မဟိန္ဒမင်းသား သမီးတော်သင်္ဃမိတ္တာမင်းသမီး
တို့ကို ရဟန်းဝတ်ခိုင်းပြီး အရှင်မဟိန္ဒ စာချရဟန်တို့ရဲ့ အကြီးအမှူးဖြစ်သော ကာလဟာ အသောကမင်း ဘိသိတ်ခံ
လို့ ၉ နှစ်မြောက် ဖြစ်ကြောင်းကို
အထ မဟိန္ဒထေရာပန ဘိက္ခူနံ ပါမောက္ခာ အဟောသိ တဒါ အသောကဓမ္မရာဇာ နဝဝဿာ ဘိသေကော ဟောတိ
လို့ ဆိုတာက တစ်ခု
တတ္ထိ ခြောက်သောင်း ဝင်ရှုပ်လို့ အာသောကာရုံကျောင်းမှာ ဥပုသ်ပဝါရဏာ ၇ နှစ် ကင်းပြတ်ကြောင်း ဆိုထားတာက
တစ်ခု
ဒီစာသုံးချက် ကြောင့် အဲဒါတွေကို တွက်ချက်ရင်
ဘိသိတ်မခံမီ ၂၁၈ ခု
ရှင်မဟိန္ဒ စာချအကြီးအမှုး ဖြစ်တာက ၉ နှစ်
တိတ္ထိတွေ ရှုပ်တာက ၇ နှစ်
ဒီသုံးခုပေါင်းရင် ၂၃၄ နှစ် ဖြစ်သွားတယ် ဒါကြောင့် သာသနာတော် မသန့်ရှင်း တော့လို့ ၂၃၄ နှစ်အလွန် ၁ နှစ်မြောက်မှာ ၂၃၅ ခုနှစ် ပေါ့လေ အဲချိန်မှာ သင်္ဂါယနာ တင်တယ်လို့ အဋ္ဌကထာမှာ ဆိုပါတယ်
သင်္ဂါယနာတင်ပြီးတဲ့နောက် ၂၃၆ ခုမှာ ရှင်မဟိန္ဒဟာ ကောင်းကင်ခရီးနဲ့ သီဟိုဠ်ကို ကြွသွားတော်မူလို့ သာသနာ
တေိာရောက်သွားကြောင်း အဋ္ဌကထာ အစဉ်အဆက် မိန့်ဆို ထားတော့ သက္ကရာဇ် ၂၃၅ မှာ သင်္ဂါယနာတင်ပြီး ၂၃၆ မှာ သီဟိုဠ်ကို ရောက်တယ် ဆိုတာ အလွန်ထင်ရှားလှပါတယ်
ကျွန်တော်ပြောတာ ယုံချင်မှ ယုံနိုင်ပါတယ် ဒါက ကျမ်းထွက် နဲ့ ညှိပြထားတာ သက်သက်ပါ ဆရာတော်ကြီး တွေ ရေးတိုင်း အမှန်ပါလို့ ကျွန်တော် တော့ သဘောမတူ နိုင်တာ အမှန်ပါ ကျွန်တော်ပြောတာလည်း မှားကောင်း မှားနိုင်တာပဲလေ ဒါကြောင့် ကိုယ်ပိုင်ဥာဏ်နဲ့ ချင့်တွက်ပြီးမှ
သင့်တော်တယ် ယုံကြည်စရာရှိတယ် ဆိုမှ အမှန်ယူကြပါ
လို့ အမှာထည့်ပေးလိုက်ပါတယ်
စာဖတ်သူများအား အလေးဂရုပြုလျှက်
အရှင် အကုသိုလ်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်