သာသနာနှင့်ရာဇာအပိုင်း(၅၀)


************************

ဂေနီကျောက်စာအရ ပတိုလေမီ၏ ဆမရဒေ (ဆာမရဋ္ဌ) သည် ယင်းနေရာဒေသဖြစ်၏ဟု သိရှိရသည်။ သို့ရာတွင် အေလိယက်ကမူ ဆမရဒေသပြည်နယ် ဒေသသည် ဗန်ကောက်အနီးအနား၌ ရှိသည်ဟု ယူဆသည်။

ဒေ၀တရိယု ဗောက်လုဂါရေးသော `တရုတ်ပြည်သမိုင်း' ၏ အဆိုအရ ဘီစီ ၅၈၅ အထိ တရုတ်ဘုရင်သည် သူ၏ အင်ပိုင်ယာကို တောင်ပိုင်း ယန်ရွှေကျန်မြစ် အထက်ပိုင်း တွင် မချဲ့ထွင်နိုင်သေးပေ။ ထိုအရပ်ဒေသများ၌ တောနေလူ မျိုးများ ကြီးစိုးနေကြသည်။ ဒဗလှူ အေအာဝုဒ်ကမူ "ယင်းတောနေလူမျိုးများသည် လူမျိုးစုအသီးသီးမှ လူများ ဖြစ် ကြ၏။ ယင်းလူမျိုးစုများအနက် အများစုမှာ သျှမ်းလူမျိုး၊ လောလူမျိုး၊ ရှာမ်လူမျိုးတို့၏ ဘိုးစဉ်ဘောင်ဆက်များ ဖြစ် ကြ၏" ဟူ၍ ရေးသားထားသည်။

ခရစ်နှစ် ၉၆ ခု၌ ထိုင်းဘုရင့်သားတော် လိယုမာအိုသည် တန်မင်းဆက် တရုတ်ဘုရင် မိန်ဂတိ၏ လက်အောက်ခံ အဖြစ် ငြင်းဆန်လိုက်သည်။ ခရစ်နှစ် ၇၈ ခုတွင် ထိုင်းသည် တရုတ်ကို တွန်းလှန် ဆန့်ကျင်လျက် လွတ်လပ်သော တိုင်းပြည်အဖြစ် ထူထောင်လိုက်သည်။ သို့သော်လည်း
၂၂၅ ခုနှစ်၌ တရုတ်၏ လက်အောက်ခံ ပြန်ဖြစ်သွားပြန် သည်။ ခရစ်နှစ် ၆၅၀ တွင် ထိုင်းလူမျိုးတို့သည် တစ်ဖန် လွတ်လပ်ရေး ရရှိသွားကြပြီးလျှင် နာချာအို (ဇင်းမယ်နယ် စပ်ကမြို့ကိုပြောတာ) အမည်ရှိ အင်အားကြီးမားသော တိုင်းပြည်တစ်ပြည်ကို ထူထောင်လိုက်ကြသည်။ ထိုအချိန်၌ ထိုင်းဘုရင်မှာ ဆိနုလေဖြစ်သည်။ ထိုဘုရင်သည် တန်မင်း ဆက်ဘုရင် ကောင်းဆွန်နှင့် မဟာမိတ်အဖြစ်ဆက်သွယ်ရန် သံတမန်အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သည်။

ထိုင်းလူမျိုးတို့သည် နောက်ပိုင်းတွင် ဘာသာတရား ကိုင်း ရှိုင်း သလောက်ပင် ရှေ့ပိုင်း၌ စစ်မက်လိုလားသူများ ဖြစ်ကြ သည်။ ထိုင်းဘုရင် မိလိုကိုသည် ခရစ်နှစ် ၇၄၅ ၌ တိဗက်ကို ၀င်ရောက် သိမ်းပိုက်ပြီးလျှင် မြို့ပေါင်းများစွာကို သိမ်းယူခဲ့ သည်။ ခရစ်နှစ် ၇၅၀ တွင် ထီးနန်းသိမ်းပိုက်ပြီးနောက် ကိုလိုကင်းဘုရင်၏ သ၀ဏ်လွှာသည် တရုတ်သို့ ရောက် သွားသည်။ ဟူနန်ဘုရင်ခံက ထိုဘုရင်အား မထီလေးစား ပြုသည်။ ယင်းကို တုံ့ပြန်သည့်အနေဖြင့် ထိုဘုရင်သည်
တရုတ်ပြည်ကို ၀င်ရောက် တိုက်ခိုက်ပြီးလျှင် မြို့ ၃၂ မြို့ နှင့် ရွာများကို သိမ်းပိုက်လိုက်လေသည်။

တရုတ်မင်းဆက် သမိုင်းအဆိုအရ သိရသည်မှာ နန်ချာအို သည် အင်အားတောင့်တင်းသော တိုင်းပြည်တစ်ပြည် ဖြစ်သည်။ ရာစုနှစ်များစွာအထိ တရုတ်နှင့် စစ်မက်ဖြစ်ပွား နေခဲ့သည်။ ဗုဒ္ဓဘာသာသည် သျှမ်း (ထိုင်းလင့်)သို့ ခရစ်နှစ် ပထမရာစုနှင့် ဒုတိယရာစုတွင် ရောက်ရှိလာသည်။ ပုံဂတု နှင့် ဖာပါထုန်တို့၌ ရှေးဟောင်း သုတေသီတို့၏ သုတေသန ပြုချက်အရာ ယင်းအယူအဆ ပိုမိုခိုင်မြဲလာသည်။ ဖာပါထုန် သည် ဗန်ကောက်၏ အနောက်ဘက် မိုင် ၂၀ အကွာတွင် ရှိသည်။ ထိုအရပ်ဒေသတွင်ရှိသော ရှေးဟောင်း ၀ိဟာရ နှင့် သံဃာရာမ အပျက်အစီးများ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ ၁ ရာစု သို့မဟုတ် ၂ ရာစုနှစ်ကဟူ၍ ခန့်မှန်းရသော ကျောက် သားပေါ်၌ ထွင်းထားသည့် ဓမ္မစကြာကဲ့သို့သော ဗုဒ္ဓ၏ အမှတ်လက္ခဏာများသည် ဂုပ္ပတခေတ်၏ သြဇာလွှမ်းမိုးမှု ရှိနေကြောင်း ဖော်ပြနေကြသည်။ သမိုင်းသုတေသီတို့ကမူ ယင်းအရာဝတ္ထုများကို ဒွါရ၀တီခေတ်၏ လက်ရာအစဉ် အဆက်များ ဖြစ်သည်ဟု ခန့်မှန်းကြသည်။ တရုတ်ခရီး သည် ရွှင်ကျန်၏ခေတ်က ဒွါရ၀တီသည် အဆင့်အတန်း
တိုးတက်နေပြီ။

ထိုင်းနိုင်ငံ၌ ဗုဒ္ဓဘာသာ အခြေချမှုနှင့် ပတ်သက်၍ အယူ အဆ ကွဲပြားမှုရှိသည်။ အသောကမင်းတရားကြီး လက် ထက်၌ သောဏနှင့် ဥတ္တရမထေရ်တို့သည် ဗုဒ္ဓသာသနာ ဖြန့်ဖြူးရန် သုဝဏ္ဏဘုမ္မိသို့ ရောက်ရှိလာကြသည်။

ပြည်ပသမိုင်းဆရာ အတော်များများကမူ ယင်းအယူအဆ ကို လက်မခံကြပေ။ ရာဟုလာသံကိစ္စည်းနှင့် ရစ်ဒေဗစ်တို့ က မြန်မာနိုင်ငံကို သုဝဏ္ဏဘုမ္မိဟု ပြောကြသည်။ သုဝဏ္ဏ ဘုမ္မိနှင့် ပတ်သက်၍ သျှမ်းဘက်က ရပ်ကြသော သမိုင်း ပညာရှင်များကမူ တောင်ပိုင်း သျှမ်းနိုင်ငံ၌ ရွှေတွင်းရှိပြီး သထုံတွင် ရွှေတွင်းမရှိဟု စောဒကတက်ကြသည်။ ထိုင်း (သျှမ်း)နိုင်ငံ၌ ဥထုမ် (ရွှေထွက်ရာ) အမည်ရှိ မြို့ တစ်မြို့ ရှိသည်။ ယင်းမြို့သည် အလယ်ခေတ်က ဆုဝမ်မဥမိ အမည်ဖြင့် ထင်ရှားသည်။ သမိုင်းဆရာ ၀ုဒ်ကမူ "သုဝဏ္ဏ ဘုမ္မိ အမှန်တကယ် မည်သည့်နေရာ ဖြစ်သည်ဆိုသည်မှာ အရေးမကြီးလှပေ။ အင်ဒိုချိုင်းနား သို့မဟုတ် အင်ဒိုချိုင်း နား ၏ ၀န်းကျင် နယ်မြေဒေသတစ်ခုခု ဖြစ်ပေလိမ့်မည်" ဟူ၍ ရေးသားထားသည်။

သျှမ်းနယ်မြေဒေသ၌ ပထမဦးဆုံး စ၍ ဗုဒ္ဓဘာသာ သို့မဟုတ် ဗြာဟ္မဏဘာသာ ၀င်ရောက်လာသည်။ ဗုဒ္ဓခေတ် မတိုင်မီက အိန္ဒိယလူမျိုးတချို့ ထိုဒေသသို့ လာရောက် အခြေချကြပေလိမ့်မည်။ ယင်းတို့အနက် အချို့မှာ သို့မဟုတ် ကလည်း အားလုံးလိုလိုပင် ကုန်သည်များ ဖြစ် ကြပေလိမ့်မည်။ ယင်းတို့၏ ရည်ရွယ်ချက်မှာ စီးပွားဥစ္စာ ရှာမှီးရန်ဖြစ်သည်။ ဘာသာတရား ဖြန့်ဖြူးရန် မဟုတ်ပေ။
ထိုပုဂ္ဂိုလ်တို့သည် ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ဗြာဟ္မဏ ဘာသာ ကိုးကွယ်ကြသူများ ဖြစ်ပေလိမ့်မည်။

နိုင်ငံခြားတိုင်းပြည်များသို့ ဗုဒ္ဓဘာသာ ရောက်သွားသည့်
ပမာဏနှင့်စာလျှင် ဗြာဟ္မဏဘာသာ၏ အခြေအနေမှာ
မပြောပလောက်ပေ။ သျှမ်းနယ်မြေဒေသ၌ မိုဟန်ခမာလူမျိုး တို့ ပထမဦးဆုံး လက်ခံကျင့်သုံးသော ဒေသရပ်ခြားက ဘာသာတရားမှာ ဗုဒ္ဓဘာသာ သာလျှင် ဖြစ်သည်။


ဝုဒ်၏ အဆိုအရ ကနိရှက ဘုရင်သည် အင်ဒိုချိုင်းနားရှိ
ရှေးဟောင်းမြို့များသို့ သာသနာပြုများကို စေလွှတ်ခဲ့သည်။ သာဓကအားဖြင့် နကုမ် ပထန် (ထိုင်း) နှင့် သထုံ (မြန်မာ) မြို့များသို့ သာသနာပြုများသည် မဟာယာန ဗုဒ္ဓရုပ်ပွား တော် များကို ပင့်ဆောင်လာကြသည်။ ယင်းကိုထောက် လျက် ထိုသာသနာပြုများသည် မဟာယာနဂိုဏ်းဝင်များ ဖြစ်ကြသည်ဟု သိရသည်။ တစ်ချိန်တုန်းက ထိုင်းနှင့် မြန်မာနိုင်ငံတို့၌ မဟာယာန ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားခဲ့ ဖူးသည်။

ဝုဒ်၏အဆိုမှာ အထောက်အထား မခိုင်လုံလှပေ။ ကနိရှက ဘုရင်၏ သာသနာပြုများသည် မြောက်ပိုင်းနှင့် အနောက် ပိုင်း တိုင်းပြည်များသို့ သွားရောက်ခဲ့ကြောင်းမှာမူ အထောက်အထား ခိုင်ခိုင်လုံလုံမရှိပေ။

ကနိရှကခေတ်၌ ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ကိုးကွယ်သည့် အစဉ်အလာမှာ အစပျိုးခါစပင် ရှိသေးသည်။ ထို့ပြင် မဟာယာနနှင့် ထေရ၀ါဒ ဂိုဏ်းကွဲများလည်း သိသိသာသာ မပေါ်သေးပေ။ ထိုင်းနှင့် မြန်မာနိုင်ငံတို့၌ ရှေးအခါက မဟာယန ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားခဲ့သည်မှာမူ ယင်း နိုင်ငံများသည် ရာစုနှစ်ပေါင်း များစွာကစ၍ တရုတ်နှင့် သော်လည်းကောင်း၊ အိန္ဒိယနှင့်သော်လည်းကောင်း အဆက်အသွယ် ရှိခဲ့သောကြောင့်ဖြစ်သည်။

၉ ရာစုနှစ် အစလောက်က မဂဓတိုင်းသား ဘိက္ခု စန္ဒြဂုတ္တ သည် `တလီ' တိုင်းပြည်၌ သြဇာအရှိန်အ၀ါ ရှိခဲ့ဖူးသည်။ ဧရာဝတီနှင့် သံလွင်မြစ် အကြားတွင်ရှိသော တိုင်းနိုင်ငံ၏ အမည်ကို `ကောသမ္ဗီ' ဟု ခေါ်သည်။ တရုတ်ခရီးသည် ရွှင်ကျန်သည သူ၏ ခရီးစဉ်မှတ်တမ်း၌ တရုတ်ခရီးသည် အီဆာသည် ၁ ရာစု၊ ၂ ရာစု၌ အိန္ဒိယသို့ သွားခဲ့သည် ဟု ရေးသားထားသည်။

ဂန္ဓာရာဇ် အင်ဒိုထိုင်းသည် စကတည်းကပင် လွတ်လပ်ပြီး
ဇာတိမာန်ရှိသော တိုင်းပြည်ဖြစ်သည်။ ခရစ်နှစ် ၁၂၅၃ ထိ
ဂန္ဓာရနိုင်ငံသည် လွတ်လပ်ပြီး အင်အားတောင့်တင်းသော နိုင်ငံ ဖြစ်ခဲ့သည်။ ထိုအချိန်၌ တရုတ်ပြည်မှ မွန်ဂိုဘုရင် ကုဗလေခန်သည် ဂန္ဓာရကို ၀င်ရောက်တိုက်ခိုက်သည်။ သို့သော်လည်း ဂန္ဓာရသည် တရုတ်၏ အုပ်စိုးမှုကို တော် တော်နှင့် လက်မခံသေးဘဲ ရဲရဲဝံ့ဝံ့ တွန်းလှန်ပစ်သည်။ ပြင်း ထန်သော တိုက်ပွဲများ ဖြစ်ပွားသည့်နောက်ပိုင်း၌ကား ဂန္ဓာရ အညံ့ခံလိုက်ရသည်။ နေပြည်တော်သည် မွန်ဂိုဘုရင်၏ လက်အောက်ရောက်ရှိသွားပြီး ၁၂၅၃ ခုနှစ်၌ ဂန္ဓာရဘုရင် လည်း လက်နက်ချ အညံ့ခံလိုက်သည်။ ထိုအချိန်မှစ၍
ဂန္ဓာရာဇ် အင်ဒိုထိုင်းနိုင်ငံလည်း နိဂုံးချုပ်သွားသည်။

စစ်အရှုံးပေးလိုက်ရသော လူများထဲက မွန်ဂိုတိုပ၏ ကျွန် မခံချင်သူများသည် တိုင်းပြည်ကို စွန့်ခွာပြီး အရပ်လေး မျက်နှာတွင် ပျံ့နှံ့သွားကြသည်။ ယင်းတို့အနက် အချို့မှာ အာသံသို့ ရောက်သွားကြသည်။ အခြား ဘုရင့်မျိုးနွယ် တစ် စုမှာ ရှမ်းအမည်ဖြင့် မြန်မာနိုင်ငံ၏ အရှေ့နယ်စပ် ရောက် သွားကြပြီးလျှင် ရာစုနှစ် နှစ်စုလောက်ထိ (၁၂၈၇-၁၅၃၁) မြန်မာနိုင်ငံ မြောက်ပိုင်း၌ စိုးမိုးအုပ်ချုပ်နေသည်။

လူဦးရေ အများစုပါဝင်သော လူမျိုးစုတစ်စုမှာမူ တောင်ပိုင်း သို့ သွားလျက် ရှမ်းနယ်မြေဒေသ၏ ပိုင်ရှင်များ ဖြစ်လာကြ သည်။ ယခင်က ရာစုနှစ်များစွာအထိ မိမိတို့၏ ကိုယ်ကိုယ် ရှမ်းဟု ခေါ်ဝေါ်ပြီးသည့်နောက် ယခုအခါ၌မူ ယင်းလူမျိုး များသည် သူ့ကိုယ်သူတို့ `ထိုင်း' ဟူ၍လည်းကောင်း၊ သူတို့ ၏ တိုင်းပြည်ကို `ထိုင်းနိုင်ငံ' (လွတ်လပ်သော နယ်မြေဒေ သ) ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။ 


၁၃ ရာစု၌ မီနန်ချိုင့်ဝှမ်းရှိ ထိုင်းသူရဲကောင်း နှစ်ယောက်တို့ သည် ကမ္ဗောဇ၏ ပဒေသရာဇ်အဖြစ်ဖြင့် အုပ်ချုပ်နေကြ သည်။ ယင်းတို့အနက် တစ်ဦးအား ကမ္ဗေဇဘုရင်က သီရိဣန္ဒြ ပတိန္ဒြာဒိတျဘွဲ့ အပ်နှင်းသည်။ ယင်းသို့အားဖြင့် သုခေါဒအီနိုင်ငံ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သုခေါဒအိနိုင်ငံ၏ ပထမဦးဆုံးဘုရင် သီရိဣန္ဒြပတိန္ဒြာဒိတျ သည် နိုင်ငံ၏ နယ်မြေချဲ့ထွင်ရန်အတွက် ကမ္ဗောဇဘုရင် အား မြေတန်ဖိုးပေးသည်။ ထိုနည်းအတူ အနောက်ဘက်က အိမ်နီးနားချင်းများအားလည်း မြေတန်ဖိုးပေး၍ ၀ယ်ယူ သည်။ ထိုဘုရင်လက်ထက်၌ သုခေါဒအီ၌ နေထိုင်ရန် အတွက် ထိုင်းလူမျိုးတို့သည် အလုံးအရင်းနှင့် လှိမ့်ဝင် လာ ကြသည်။ ထိုထိုင်းလူမျိုးများမှာ ကုဗလေခန် ၀င်ရောက် တိုက်ခိုက်ပြီးနောက် ယူနန်မှ တိမ်းရှောင် ထွက်ပြေးလာသူ များ ဖြစ်ကြသည်။

ကမ္ဗောဇနှင့် အခြား အိမ်နီးချင်းနိုင်ငံများသည် ရှမ်းနိုင်ငံ
သီးခြားတည်ရှိမှုကို လက်ခံကြရသည်။ ထို့နောက် သုခေါဒအီ နိုင်ငံ၏ ပထမဘုရင် သားတော်အကြီးသည် လည်းကောင်း၊ ထို့နောက် သားတော်အငယ် ရာမခမင် (၁၂၈၃)သည်လည်းကောင်း သုခေါဒအီ ထီးနန်းကို ဆက်ခံ ကြသည်။

ဘုရင်ရာမသည် အကြီးကျယ်ဆုံး ရှမ်းဘုရင်များထဲတွင် တစ်ပါးအပါအ၀င် ဖြစ်သည်။ ရှမ်းဘာသာစကားအတွက် အက္ခရာဖန်တီးသည့် အထူးအရေးပါသော အလုပ်ကို လုပ် သူမှာ ထိုဘုရင်ဖြစ်သည်။ သူ၏ ကျောက်စာ၌ "အစပထမ က ရှမ်းဘာသာစကားကို ရေးသားရန်အတွက် အက္ခရာ စာလုံး မရှိပေ။ ၁၀၂၅ (ခရစ် ၁၂၈၃)နှစ်၌ ဘုရင့်သားတော် ခုန်ရာမခမင်သည် ဆန္ဒဖြစ်ပေါ်လာပြီးလျှင် ရှမ်းစာ အရေး အသားအတွက် အက္ခရာစာလုံး တီထွင်၏" ဟူ၍ ကြေညာ ထားသည်။

ယင်းသို့အားဖြင့် ထိုင်းအက္ခရာစာလုံး ပေါ်လာခြင်းဖြစ် သည်။ ယင်းအက္ခရာစာလုံးများ၌ ဗျည်းများနှင့်တကွ သရ၏ သင်္ကေတပါ ပါရှိသည်။ ထိုင်းအက္ခရာစာလုံး တီထွင်ရာ၌ ကမ္ဗောဇ အက္ခရာစာလုံးကို နမူနာယူထားသည်။ သူ၏ နေပြည်တော် သုခေါဒအီကို စည်ပင်လာအောင် ဘုရင် ရာမ ပြုလုပ်သည်မှာ ယုံမှားသံသယ ဖြစ်စရာမလိုပေ။ နေပြည် တော်၌ ဗုဒ္ဓ၀ိဟာရ များစွာကို တည်ဆောက်သည်။ ကျောက် စာ၌ "ယင်းကျောင်းတိုက်များ၌ အလေးအမြတ် ပြုအပ် သော ဆရာတော် သီတင်းသုံး၏။ မဟာထေရ်တစ်ပါး သီတင်းသုံး၏။ နေ၀င်သည့်နေရာ (အနောက်ဘက်)၌ တောရကျောင်း တစ်ကျောင်းရှိ၏။ ဘုရင် ခုန်ရာမခမင် သည် ယင်းကျောင်းကို ဆောက်လုပ်လျက် ဖရားမဟာ မထေရ် အား လှူဒါန်း၏။ မဟာထေရ်သည် နာယက ရဟန်း တော် ဖြစ်၏။ ပိဋကတ်သုံးပုံ ကျွမ်းကျင်တတ်မြောက်၏။
သံဃာ၏ အကြီးအမှူးဖြစ်၏။ တိုင်းပြည်နိုင်ငံရှိ ဆရာတော် များ၏ အထက်ကရှိ၏။ သံဃမ္မရာတ (သီရိဓမ္မရဋ္ဌ) ထို နေရာသို့ ကြွလာ၏။ တောရကျောင်း၏ အလယ်၌ ဘုရား တန်ဆောင်း ရှိ၏။ ယင်းဘုရားတန်ဆောင်းသည် အလျား အနံ ရှည်လျား၏။ မြင့်မား၏။ အလွန် လှပ၏။ ယင်း ဘုရား တန်ဆောင်း၌ ဆယ့်ရှစ်တောင် ဉာဏ်တော်အမြင့်ရှိသော မတ်ရပ်ရုပ်ပွားတော် တစ်ဆူရှိ၏" ဟူ၍ ရေးထိုးထား သည်။

ဘုရင် ရာမလက်ထက်၌ တရားမျှတမှု လွှမ်းမိုးကြီးစိုးသည်။ မိမိ၏အထံသို့ လူတိုင်းပေါက်ရောက်မှု ရှိစေရန်အတွက် ဘုရင်သည် ခေါင်းလောင်းတစ်ခု ဆွဲထားသည်။ ယင်းခေါင်း လောင်းကိုတီးလျှင် မည်သူမဆို ဘုရင်နှင့် တွေ့ဆုံခွင့် ရ သည်။ ဘုရင် ရာမတ်ေက သုခေါဒအီ၏ နယ်ပယ်အကျယ် အ၀န်းသည် မဲခေါင်မြစ်ကမ်းခြေမှ ချာဗာအထိလည်း ကောင်း၊ အနောက်ဘက်၌ ဟံသာဝတီအထိလည်းကောင်း ရှည်လျားကျယ်ဝန်းသည်။

၁၃ ရာစုနှစ် အလယ်ပိုင်းလောက်ကစပြီး ထိုင်းလူမျိုးတို့ သည် ကမ္ဗောဇ၏ စိုးမိုးအုပ်ချုပ်မှုကို ပယ်ဖျက်ပြီးလျှင် ရှမ်းနှင့်လော၏ စိုးမိုးအုပ်ချုပ်ခံရသူများ ဖြစ်လာကြသည်။ ထိုဒေသ၌ အစပထမတွင် ဗုဒ္ဓဘာသာသည် မည်သည့် အသွင်မျိုးဖြင့်ပင် ရှိစေကာမူ ရာမဘုရင်လက်ထက် ရောက် လာသောအခါ ရာမဘုရင်သည် ထေရ၀ါဒဗုဒ္ဓဘာသာကို လုံးဝ လက်ခံလိုက်လေသည်။ ထိုအချိန်၌ ပါဠိဘာသာ သည် ရှမ်းနှင့်လော တိုင်းပြည်နှစ်ပြည်လုံး ပျံ့နှံ့သွားသည်။
ယင်းခေတ်သည် သီရိသူရိယ၀ံသ ရာမ မဟာဓမ္မိက ရာဇာဓိရာဇာ၏ခေတ် ဖြစ်သည်။  သီရိ သူရိယ၀ံသရာမ သည် ဗုဒ္ဓဘာသာကို ပြန့်ပွားအောင်လုပ်သူ၊ ကာကွယ် စောင့်ရှောက်သူမျှသာ မကပေ။ သူကိုယ်တိုင် ပဉ္ဇင်းခံပြီး
သာသနာ့ဘောင်အတွင်း ၀င်ရောက်သည်။ ဘုရင်
သာသနာ့ဘောင်အတွင်း ၀င်ရောက်သွားသောအခါ တိုင်း ပြည်၌ မင်းမဲ့အခြေအနေ ဖြစ်သွားသည်။ ပြည်သူပြည်သား များသည် ဘုရင်မင်းကြီးထံ ချဉ်းကပ်ပြီး တိုင်းပြည်ကို အုပ် ချုပ်ရန် တိုးလျှိုးတောင်းပန်ကြသည်။ ထိုအရေးအခင်းသည် နောက်ဆုံးတွင် မဟာသာမိ သဃရာဇာ သာသနာပိုင်ထံ ရောက်ရှိသွားသည်။ သံဃရာဇာ သာသနာပိုင် ဆရာတော် က ပြည်သူပြည်သားဘက်ကရပ်ပြီး အဆုံးအဖြတ် ပေး လိုက်သည်။

သံဃရာဇာ၏ ညွှန်ကြားချက်အရ ဘုရင်မင်းကြီးသည်
တိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကို တစ်ဖန်ပြန်၍ ယူရသည်။ ဘုရင်မင်းကြီးသည် တိုင်းပြည်၏ ရန်သူဖြစ်သော လုအန် ပရန် လူမျိုးတို့အား နှိမ်နင်းပြီးလျှင် တိုင်းပြည်နိုင်ငံ၌ ငြိမ်း ချမ်းရေး တည်ဆောက်သည်။

ထိုင်း မင်းမျိုးမင်းနွယ်၌ ရဟန်းခံသည့် အစဉ်အလာသည် ထိုခေတ်က အစပြုလာခဲ့ပုံရသည်။ ယခုခေတ်တွင်လည်း တိုင်းပြည်အုပ်ချုပ်သူ ဘုရင်မျှသာမကဘဲ ဗုဒ္ဓဘာသာဝင် လုလင်အားလုံး အချိန်အတန်ကြာမျှ ရဟန်းဝတ်သည့် အလေ့အထ ရှိသည်။ ယင်းသည် သာသနာ့ဘောင်အတွင်း တစ်ကြိမ်ဝင်ရောက်ဖူးမှသာ လူတော်လူကောင်း တစ် ယောက် ဖြစ်သည်ဟု ထင်မြင်ယူဆသည့် အဓိပ္ပာယ်ဖြစ် သည်။

ထိုယုံကြည်ချက်သည် ယခုထက်တိုင် ထိုင်းနိုင်ငံ၌ ရှိသည်။ မြို့ပြများ၌ အထူးအားဖြင့် ကျေးလက်တောရွာများ၌ လက်မထပ်မီ သတို့သားဘက်မှ သတို့သမီးဘက်အား ရဟန်းခံဖူးသည်ဆိုသည့် သက်သေခံ အထောက်အထား ပြရသည်။ ယင်းအထောက်အထားသည် လင်ယောက်ျား ကောင်းတစ်ယောက် ဖြစ်နိုင်သည်ဟူသော သက်သေခံဖြစ် သည်။

တစ်ခါတစ်ရံ၌မူ မြန်မာနိုင်ငံကဲ့သို့ပင် ထိုင်းနိုင်ငံသည်လည်း လက်ထပ်ပြီးသည့်နောက်တွင်လည်း ရဟန်းခံပြီး တစ်ဝါ တစ်မိုး သာသနာ့ဘောင်အတွင်း ၀င်ရောက်လေ့ရှိကြသည်။ သူ၏ ခမည်းတော် ဘုရင်မင်းကြီး လက်ထက်ကပင် သီရိ သူရိယ၀ံသဘုရင်သည် သုခေါဒအီနိုင်ငံ၏ အိမ်ရှေ့စံ ဖြစ် လာခဲ့သည်။ ကျောက်စာများတွင် ရေးသားမှတ်တမ်း တင် ထားချက်အရ သိရသည်မှာ ခမည်းတော်မင်းကြီး နာမကျန်း ဖြစ်သောအခါ နန်းတွင်းသူ နန်းတွင်းသားများက သူ့ကို ထီးနန်းအရိုက်အရာ မဆက်ခံနိုင်အောင် စက်ပုန်းခုတ်ကြ သည်။ သို့သော်လည်း သူက နန်းတွင်းသူ နန်းတွင်းသားများ အား နည်းမျိုးစုံဖြင့် ပြန်လှန်ခုခံပြီးလျှင် ထီးနန်းအရိုက် အရာကို ယူသည်။ ၁၃၅၅ ခုနှစ်တွင် သီရိသူရိယ၀ံသရာမ ရာဇာ ဘိသိက်ခံယူသည်။ ယင်းအဘိသိက်ခံ အခမ်းအနား ၌ သီရိသူရိယ၀ံသရာမ မဟာဓမ္မ ရာဇာဓိရာဇာဘွဲ့ကို ခံယူ လေသည်။

၁၄ ရာစု အလယ်လောက်တွင် သုခေါဒအီနိုင်ငံ၌ ဗြာဟ္မဏ ဘာသာလည်း အတော်အတန် ရှိနေသည်။ သို့ရာတွင် ဘုရင် နှင့် ပြည်သူအများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြ သည်။ ဘုရင်သည် ဗုဒ္ဓဘာသာကို ထူးထူးခြားခြား ကိုးကွယ် ဆည်းကပ်သည်။ ဘုရင်ကိုယ်တိုင် ပြည်သူလူထုအတွင်း၌ ဗုဒ္ဓဘာသာ ပြန့်ပွားအောင် ကြိုးပမ်းအားထုတ်သည်။ သီရိ သူရိယ၀ံသရာမသည် အဆင့်မြင့်ပညာရှင် တစ်ဦးလည်းဖြစ် သည်။ တိပိဋကတ်နှင့်တကွ ဝေဒကျမ်း၊ သျှတ္တရကျမ်း၊
ဗုဒ္ဓဘာသာ တက္ကဗေဒကျမ်းများကို လေးလေးနက်နက်
လေ့လာသင်ကြားသည်။

ဘုရင်မင်းကြီး၏ ကြိုးပမ်းအားထုတ်မှုကြောင့် နိုင်ငံအတွင်းရှိ ဟိန္ဒူများ နေထိုင်သည့်နယ်မြေ အတော်များများ၌ ပါဠိ စာပေနှင့် ဗုဒ္ဓဘာသာ ထွန်းကား ပြန့်ပွားနေသည်။ သာဓက အားဖြင့် ပြောရလျှင် ယင်းနယ်မြေများမှာ လော၊ အာဠ၀ိရဋ္ဌ၊ ခေမာရဋ္ဌ၊ သုဝဏဂါမ၊ ဥမ္မဂ္ဂသိလ၊ ယောယနရဋ္ဌ၊ ရိပုံဇယတို့ ဖြစ်ကြသည်။ ယင်းပြည်နယ် အားလုံးတို့၏ သမိုင်းအားလုံး မှာ ပါဠိဘာသာဖြင့် ရေးသားထားသည်။

အနောက်ဘက်တွင်ရှိသော သျှာမ်နိုင်ငံနှင့် အိမ်နီးနားချင်း နိုင်ငံများ၌ ထေရ၀ါဒ ဗုဒ္ဓဘာသာ အင်နှင့်အားနှင့် ပြန့်ပွား ထွန်းကားနေပြီး ဗြာဟ္မဏဘာသာ မှေးမှိန်အားပျော့သွား ပြီး လျှင် တစ်စတစ်စနှင့် လုံးဝကွယ်ပျောက်သည့် အခြေအနေ သို့ ရောက်သွားသည်။ သီရိသူရိယ၀ံသရာမသည် အခြား အဆောက်အအုံများနှင့် အတူတကွ ၀ိဟာရ ကျောင်းတိုက် များကိုလည်း အများအပြား ဆောက်လုပ်လေသည်။ ၁၃၅၇ ခုနှစ်၌ ဘုရင်မင်းကြီးသည် နာဂရဇမ်ကမ်ဖင်ဖေ့၌ သီရိ ရတနာ မဟာဓာတုဓာတ်တော် တည်ထားကိုးကွယ်ရန် အတွက် ၀ိဟာရကျောင်းတစ်ကျောင်း ဆောက်လုပ်သည်။ သူ ရဟန်းဘ၀ဖြင့်ရှိစဉ်က ဘုရင်မင်းကြီးသည် ထိုနေရာ၌ နေထိုင်သည်။ ဘုရင်မင်းကြီး ထုလုပ်ကိုးကွယ်သော ဗုဒ္ဓ ရုပ်ပွားတော်များလည်း အများအပြား ရှိသည်။

အခြားကျောက်စာနှစ်ချပ်အရ သိရသည်မှာ လင်္ကာဒီပ သီဟိုဠ်ကျွန်းမှ ဗောဓိကိုင်းတစ်ကိုင်း သျှမ်းနိုင်ငံသို့ ပင့် ဆောင်လာကြသည်။ ထိုနည်းအတိုင်း မြတ်စွာဘုရား၏ သရီရဓာတ်တော် တစ်ဆူကိုလည်း ပါဋလိပုတ်မှ ပင့် ဆောင် လာပြီး ကိုးကွယ်ပူဇော်ထားသည်။ ထိုအချိန်၌ ဇာတကပါဠိ အဋ္ဌကထာမှ ဇာတ်တော် ၁၀၀ ကို ကျောက်ထက်အက္ခရာ
တင်ထားသည်။ ယင်းကျောက်စာမှာ သုခေါဒယ ၀တ်ဆိဇုမ် ၌ ရှိသည်။

မိမိ၏ ဓမ္မနှင့်ပတ်သက်သော လုပ်ဆောင်ချက်များ၌ ဘုရင် မင်းကြီးသည် လိုနေသည်ဟူ၍သာလျှင် အောက်မေ့သည်။ ယင်းလိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် ဘုရင်မင်းကြီး သည် လင်္ကာဒီပသီဟိုဠ်ကျွန်းမှ ရဟန်းသံဃာများနှင့် ဗုဒ္ဓ ဘာသာကို စင်ကြယ်သည်ဟု ထင်မှတ်ယူဆပြီးလျှင် သီဟိုဠ် ကျွန်းမှ ဆရာတော်၊ သံဃာတော်များကို ပင့်ဖိတ်၍ ဗုဒ္ဓသာသနာတော် စင်ကြယ်သန့်ရှင်းရေးကို လုပ်လိုသည့်
ဆန္ဒရှိသည်။ ထို့ကြောင့် ၂၂ နှင့် ထီးနန်းစိုးစံပြီးသောအခါ
ဘုရင်မင်းကြီးသည် ၁၃၆၂ ခုနှစ်၌ လင်္ကာဒီပ သီဟိုဠ်ကျွန်းမှ သံဃရာဇာ သာသနာပိုင် မဟာသာမိအား ပင့်ဖိတ်ရန် အတွက် သူ၏ သုခမိန်အမတ်တစ်ဦးကို စေလွှတ်ခဲ့သည်။ သာသနာပြုရန် အခွင့်ကောင်း အခါကောင်းဟု ယူဆသဖြင့် သာသနာပိုင် သံဃရာဇာဆရာတော်သည် သျှမ်းနိုင်ငံသို့ ကြွရန် သဘောတူသည်။

ကျန္နမြို့ (ယခုခေတ် ဖိဆနုလောက) အနီးသို့ သံဃရာဇာ ရောက်ရှိလာပြီ ဆိုသည့်သတင်းကို ကြားသိရသည်ဖြစ်၍ ဘုရင်မင်းကြီးသည် သံဃရာဇာအား ကြိုဆိုရန် ပြင်ဆင် သည်။ ရဟန်းသံဃာတော်များ သီတင်းသုံးရန်အတွက် သုခေါဒအီမြို့ အနောက်ဘက်၌ ကုဋီတစ်ဆောင်နှင့် ၀ိဟာရကျောင်းတစ်ဆောင် ဆောက်လုပ်သည်။ သံဃ မဟာထေရ်သည် တခြား ရဟန်းသံဃာများနှင့် အတူတကွ နေပြည်တော်သို့ ကြွလာသည်။

ဘုရင်မင်းကြီးသည် လင်္ကာဒီပ သီဟိုဠ်ကျွန်းမှ ကြွလာ ကြသော ရဟန်းသံဃာတော်များကို ကြိုဆိုရန်အတွက် မှူးမတ်များနှင့် မင်းညီမင်းသားများကို စေလွှတ်လိုက်သည်။ မှူးမတ်များနှင့် မင်းညီမင်းသားများ ကျန္နပူရသို့ ရောက်သွား သောအခါ ရဟန်းသံဃာတော်များသည် ထိုမြို့တွင် ရောက် ရှိနေကြပြီ။ ထိုမြို့တွင် ဘုရင့်ကိုယ်စားလှယ်တော်များက ရဟန်းသံဃာတော်များအား ဧည့်ခံကြိုဆိုပြီးလျှင် လမ်းခရီး ရှိ မြို့များ၌ ခရီးတစ်ထောက် နားစေလျက် သုခေါဒအီမြို့ သို့ ပင့်ဆောင်လာကြသည်။ -----------

အပိုင်း(၅၁) ဆက်ရန်


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်