သာသနာနှင့်ရာဇာအပိုင်း (၂၉)


*****************

တရုတ်ပြီးတော့ ထိုင်းကိုသွားရင် ကောင်းလေမလားလို့ တွေးမိပါတယ် သွားစဉ်းစားမိတာက သုဝဏ္ဏဘူမိ အရှုပ် အထုပ်ပြဿနာ တော်တော် ရှည်ရှည်ရေးရမယ့်ဟာ ရေးသင့်သလောက်လဲ အတော်များများကို ရေးထားခဲ့ပြီးပြီ မို့ နေပါစေလေ ခဏထားလိုက်ဦးမယ် မြန်မာတွေနဲ့ နဲနဲစိမ်း တာလေးတွေ အရင် ရေးတာ ပိုကောင်းမယ် တွေးမိလို့
မွန်ဂိုကို သွားပါမယ်

မွန်ဂို

ကုဗလေခန်

အာရှအလယ်ပိုင်းသမိုင်း၌ တစ်နည်းပြောရလျှင် ကမ္ဘာ သမိုင်း၌ မိမိ၏ သူရသတ္တိကြောင့် အထူးသဖြင့် ထင်ပေါ် ကျော်ကြားသူ နှစ်ဦးရှိသည်။ တစ်ဦးက ဂျင်ဂစ်ခန်ဖြစ်ပြီး အခြားတစ်ဦးက ကုဗလေခန်ဖြစ်သည်။ ခန် အမည်ပါရှိ သူ များကို များသောအားဖြင့် မူဆလင်ဟု ထင်ကြသည်။
သို့ရာတွင် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသော ခန် မိသားစုများစွာကို တွေ့ရှိနိုင်သည်။

ထိုနည်းအတိုင်းပင် ပထန်လူမျိုးတို့တွင်လည်း ဗုဒ္ဓဘာသာ
ကိုးကွယ်ယုံကြည်သူများ အများအပြားရှိသည်။ ဒဿနဗေဒ ပညာရှင် အသင်္ဂမထေရ်နှင့် ၀သုဗန္ဓုမထေရ်တို့သည် ပထန် မိသားစုတွင် မွေးဖွားသူများ ဖြစ်ကြသည်။

ဂျင်ဂစ်ခန်နှင့် ကုဗလေခန်တို့သည် ခြေသလုံးအိမ်တိုင် လူမျိုးစုတို့၏ ခေါင်းဆောင်များ ဖြစ်ကြသည်။ သူတို့ပိုင်နိုင်ငံ ဟူ၍ သီးခြားမရှိပေ။ မိမိတို့၏ သူရသတ္တိကြောင့်သာလျှင် သူတို့ကို ကျယ်ပြန့်ကြီးမားသော အင်ပိုင်ယာနိုင်ငံ ဘုရင် ဧကရာဇ်အဖြစ် ခေါ်ဆိုကြခြင်းဖြစ်သည်။

အစပထမက မွန်ဂိုဟူသော အမည်နာမသည် ထင်ပေါ် ကျော်ကြားခြင်း မရှိပေ။ ယင်းလူမျိုးကို တာတာဟု ခေါ် သည်။ မွန်ဂိုတို့သည် ရှေးဟောင်းမွန်ဂိုမျိုးဆက်နွယ်များ ဖြစ်ကြသည်။ တရုတ်ပြည်၏ မြောက်ဘက်၌ သဲကန္တာရရှိ သည်။ ယင်း၏မြောက်ဘက်၌ မွန်ဂိုလိယားနှင့် မွန်ဂိုလိယား ၏ မြောက်ဘက်၌ ဆိုက်ဗေးရီးယားရှိသည်ယင်းဒေသသည် ပင် မွန်ဂိုလိယား ရှေးဟောင်းမွန်ဂိုလူမျိုးတို့၏ ဇာတိဒေသ ဖြစ် သည်။

သို့ရာတွင် မွန်ဂိုတို့သည် ထိုဒေသတစ်ဝိုက်၌သာလျှင် ဘောင်ခတ်ပြီး မနေနိုင်ကြပေ။ အခါအခွင့်ပေးသည်နှင့် တစ်ပြိုင်နက် တရုတ်ပြည်၏ စိမ်းလန်းစိုပြည်သော ကျေးရွာ များနှင့် ကုံလုံကြွယ်ဝသော မြို့များကို ၀င်ရောက် တိုက်ခိုက် ကြ သည်။

တရုတ်စစ်တပ်က လိုက်လံတိုက်ခိုက်သောအခါ၌မူ မွန်ဂိုတို့ သည် မိမိတို့၏ ယာယီရွက်ဖျင်တဲများနှင့် စခန်းများကို ရုပ်သိမ်းပြီးလျှင် ဂေါ်ဘီ သဲကန္တာရထဲမှ ဖြတ်လျက် မြောက် ဘက်သို့ တိမ်းရှောင် ထွက်ပြေးသွားကြသည်။ ခြေသလုံး အိမ်တိုင် မွန်ဂိုတို့သည် ထွက်ပြေးသွားသောနေရာမှ သူတို့ ပစ္စည်းကို သိမ်းဆည်း သယ်ဆောင်သွားကြသည်။ ထို့ကြောင့် တရုတ်တို့က ကြိုးစားတိုက်ခိုက်ကြသော်လည်း သူတို့ကို အမြစ်မဖြုတ်နိုင်ခဲ့ပေ။ မဟာတံတိုင်းကြီး တည် ဆောက် ကာရံထားသော်လည်း မွန်ဂိုတို့ကို မပိတ်ပင် မတားဆီးနိုင်ခဲ့ပေ။

မွန်ဂိုတို့သည် သူတို့၏ နယ်မြေဒေသမှ ပျောက်ကွယ် မသွား ကြပေ။ တိုပါ၏အဖြစ်ဖြင့်လည်း ရောက်လာကြသည်။ တူရကီ၏ အသွင်ဖြင့်လည်း တွေ့မြင်ရသည်။ နောက်ဆုံး တွင် မွန်ဂိုအဖြစ်ဖြင့် ပေါ်လာသည်။

၁၃ ရာစုမတိုင်မီက မွန်ဂိုလူမျိုးတို့၏ အပေါ်တွင် ဗုဒ္ဓဘာသာ သြဇာအရှိန်အ၀ါ လွှမ်းမိုးသက်ရောက်ခြင်း မရှိသေးပေ။
ဂျင်ဂစ်ခန်ကိုယ်တိုင် မြင်းဖြူကိုသတ်ပြီး ယဇ်နတ်ပူဇော် ပသလေ့ရှိသည်။ ဂျင်ဂစ်ခန်သည် တာအိုရဟန်း ကျန်ခုကျုန် (၁၁၄၈-၁၂၂၇)ကို ၀က္ခုမြစ်ကမ်းပါး၌ တရား ဆွေးနွေး ဟောကြားရန် တရုတ်ပြည်မှ ပင့်ဖိတ်သည်။ သို့ရာတွင် အခြားဘာသာတရား တစ်ခုခုကိုမူ လက်ခံခြင်း မရှိပေ။

ဂျင်ဂစ်ခန်သည် ၁၂၀၆-၂၇ အထိ ထီးနန်းစိုးစံခဲ့သည်။ သူ၏ အရိုက်အရာခံ အိုဂီတိုင်သည် ၁၂၈၈ မှ ၁၂၄၆ အထိ မွန်ဂိုအင်ပိုင်ယာကို အုပ်ချုပ်သည်။ ကူယုသည် ၁၂၄၆ မှ ၁၂၅၁ အထိ မင်းလုပ်သည်။ ထို့နောက် မန်ဂုသည် ၁၂၅၀-၆၀ ၌ ဘုရင်ဧကရာဇ် ဖြစ်လာသည်။ -------

ကုဗလေခန် မတိုင်ခင် မန်ဂုသည် ၁၂၅၄ ခုနှစ်၌ နေပြည် တော် ကရာကိုရမ်တွင် ဘာသာတရား စည်းဝေး သဘင် ကြီးကို ကျင်းပသည်။ ယင်းစည်းဝေးသဘင်၌ ဗုဒ္ဓဘာသာ ၀င်၊ ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်တို့သည် ၀ါဒရေးရာများကို ဆွေးနွေးငြင်းခုံကြသည်။ ယင်းဝါဒ တိုက်ပွဲ ၌ ဗုဒ္ဓဘာသာဝင်တို့သည် အောင်မြင်မှုမရခဲ့ပေ။

ထိုနောက် တစ်နှစ်အကြာ ၁၂၅၅ ခုနှစ်၌ ဘာသာရေး
စည်းဝေးသဘင်ကြီးကို ကျင်းပပြုလုပ်ပြန်သည်။ ယင်းစည်း ဝေးသဘင်၌ မန်ဂုခန်ကိုယ်တိုင် တက်ရောက်သည်။ ယင်း စည်းဝေးသဘင်၌ ဗုဒ္ဓဘာသာ ရဟန်းတော် ဖူယိုက တာအို ၀ါဒီများကို အနိုင်ယူခဲ့သည်။ စည်းဝေးသဘင်ကြီး ပြီးဆုံး သွားသောအခါ ဗုဒ္ဓဘာသာဝင်တို့ပိုင်သော ကျောင်းတိုက် များ ကို ဗုဒ္ဓဘာသာဝင်များအား ပြန်ပေးရန် မန်ဂုခန်က
အမိန့်ချမှတ်လိုက်သည်။ သို့သော်လည်း ယင်း အမိန့်ချမှတ် ချက်ကို လက်မခံပေ။

ထိုနောက် တစ်ဖန် ၁၂၅၆ ခုနှစ်၌ တတိယအကြိမ် ဘာသာ ရေး စည်းဝေးသဘင်ကြီးကို ကျင်းပပြုလုပ်ပြန် သည်။ ယင်းစည်းဝေးသဘင်သို့ တက်ရောက်ရန်အတွက် တရုတ် ပြည်နှင့် တိဗက်ပြည်မှ ဗုဒ္ဓဘာသာဝင် ပညာရှင်ကြီးများ လာရောက်ကြသည်။ သို့ရာတွင် ၀ါဒပြိုင်ရန် တာအိုများ
မလာရောက်ကြပေ။ ထိုအခါ မန်ဂုခန်သည် တာအိုဝါဒီတို့၏ အားနည်းချက်ကို တွေ့မြင်သိရှိသွားပြီးလျှင် ဗုဒ္ဓဘာသာကို အနိုင်ပေးလိုက်သည်။

မန်ဂုခန်က "လက်ဝါးမှ လက်ချောင်းများ ထွက်ပေါ်လာကြ ၏။ ဗုဒ္ဓ၀ါဒသည် လက်ဝါးနှင့်တူ၏။ အခြားဘာသာတရား များကမူ လက်ချောင်းများနှင့် တူ၏" ဟူ၍လည်း ဖွင့် ဟပြောပြသည်။ မန်ဂုခန်သည် တာအိုဝါဒီများနှင့် ဆန့်ကျင် ဘက် မည်သည့်အလုပ်ကိုမျှ မလုပ်ပေ။ ထိုကိစ္စနှင့် ပတ် သက်၍ မိမိ၏ ညီတော် ကုဗလေခန်အပေါ် လွှဲအပ်လိုက် သည်။

ကုဗလေခန်သည် ၁၂၅၈ ခုနှစ်၌ ဒိုလုန်မြစ်၏ အနောက် မြောက်ရှိ ရှန်တွန်၌ ဘာသာရေး စည်းဝေးသဘင်ကြီးတစ်ခု ကျင်းပပြုလုပ်သည်။ ထို စည်းဝေးသဘင်ကြီး၌ ဗုဒ္ဓဘာသာ ရဟန်း ၃၀၀၀ နှင့် တာအိုရဟန်း ၂၀၁ ပါး တို့ တက်ရောက် ကြသည်။ ကွန်ဖြူရှပ်ဘာသာဝင် ၂၀၀ လည်း တက်ရောက် လာကြသည်။ ဗုဒ္ဓဘာသာဝင်များဘက်မှ နမောရှာဟုလိန်
ကျောင်းတိုက်၏ အကြီးအကဲ နာမည်ကျော် ရာဇဂုရု တိဗက် ရဟန်း ဖဂဆာပါက ဦးဆောင်ဆွေးနွေးသည်။

ဖဂဆာပါ၏ အသက်သည် ၁၉ နှစ်မျှသာ ရှိသေးသည်။ သို့ရာတွင် ၀ါဒပြိုင်ပွဲ၌ သူ၏ အခန်းကဏ္ဍသည်အလွန်တရာ ကြီးမားလှပေသည်။ ယင်း စည်းဝေးသဘင်၌ ဗုဒ္ဓဘာသာဝင် များဘက်မှ အသာရသွားသည်။

တာအိုများဘက်မှ ရှုံးသွားသည်ဖြစ်၍ မူလက ထားသည့် ကတိအတိုင်း တာအိုခေါင်းဆောင် ၁၇ ဦးတို့သည် ခေါင်း တုံးတုံးပြီး ဗုဒ္ဓဘာသာ ရဟန်းပြုကြသည်။ ထို့နောက် ဗုဒ္ဓ ဘာသာဝင်များ၏ ကျောင်း ၂၃၇ ကျောင်းကိုလည်း ဗုဒ္ဓ ဘာသာဝင်များအား ပြန်ပေးလိုက်သည်။

မန်ဂုခန်သည် ကုဗလေခန်၏ နောင်တော်ဖြစ်သည်။ မန်ဂု တွင် ဟုလာကူ အမည်ရှိ ညီတော်တစ်ဦးလည်း ရှိသေး သည်။ ဟူလာကူသည် မိမိတို့၏ မျိုးနွယ်ခန်ဆက်အတွက် အီရန်နှင့် မေဆိုပိုတာမိယားကိုလည်း ၀င်ရောက် သိမ်းပိုက် သည်။ ၁၂၅၁ ခုနှစ်၌ မွန်ဂိုစစ်တပ်သည် မေဆိုပိုတာမိယား မြို့ တွင်း ၀င်ရောက်ခဲ့သည်။

ထိုအချိန်အတွင် မွန်ဂိုဘုရင် သားတော်များ အရိုက်အရာခံ အတွက် အချင်းများကြသည်။ ၁၂၅၂ ခုနှစ်၌ `ကုရိစတိုင်း' အစည်းအဝေးလုပ်ပြီးလျှင် ဘုရင့်သားတော်များအား အရေး အခင်းများကို အဆုံးအဖြတ်ပေးလျက် နယ်မြေနှင့် အခွင့် အာဏာကို ခွဲဝေပေးလိုက်သည်။

တုန်ကု၊ ကျန်ဖုနှင့် ဟိုနန်ကို ကုဗလေခန်က မိမိပိုင် နယ်မြေ များအဖြစ် ရရှိထားသည်။ ဆုန်မင်းဆက်ကို ဆန့်ကျင်တိုက် ခိုက်ရန် တရုတ်ပြည်တောင်ပိုင်းသို့ ချီတက်သည့် စစ်တပ်၏ သေနာပတိအဖြစ် ကုဗလေခန်အား ခန့်အပ်လိုက်လေ သည်။ ဟုလာကူကိုမူ အီရန်သို့ ချီတက်ရန် တာဝန်ပေးအပ် လေသည်။

ကုဗလေခန်သည် တရုတ်ပြည်တောင်ပိုင်းမှ ဆုန်မင်းဆက် များနှင့် အပြင်းအထန် တိုက်ပွဲဝင်ရလေသည်။ ယင်းတိုက်ပွဲ အတွက် ၁၂၅၃ ခုနှစ်၌ အကြီးအကျယ် ပြင်ဆင်ထားလေ သည်။

အပိုင်း(၃၀) ဆက်ရန်

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်