******************
ထိုနည်းအတူပင် မြန်မာနိုင်ငံမှ ဘုရင်ကလည်း သံတမန် တစ်ဦးနှင့်အတူ ပန်းချီဆရာတစ်ဦးကိုပါ တရုတ်ဘုရင့်နှင့် အနွယ်တော်များ၏ ပုံတူရေးဆွဲရန် တရုတ်ပြည်သို့ စေလွှတ် ခဲ့သည်။
လျန်မင်းဆက်နှင့် ပတ်သက်သော ကျမ်းစာအုပ်၏ အဆို အရ ဘုရင်ဦတည်သည် ကမ္ဗောဒီးယားနှင့် အဆက်အသွယ် ရှိသည်။ ကမ္ဗောဒီးယားဘုရင် ဇယ၀မ္မာသည် ၅၀၃ ခုနှစ်၌ သံတမန်တစ်ဦးကို တရုတ်ပြည် ဘုရင်မင်းကြီးထံ စေလွှတ် ပြီး ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ လက်ဆောင်ပဏ္ဏာ ပေးပို့ခဲ့ သည်။
ခရစ်နှစ် ၅၀၃ ခုနှစ်၌ မဒဆေသည် နိပေါမှ တရုတ်ပြည်သို့ သွားလျက် အတွဲပေါင်း ၁၁ တွဲရှိသည့် ကျမ်းသုံးကျမ်းကို ဘာသာပြန်သည်။ နရိန္ဒရယသသည် ရဟန်းဖြစ်လာပြီး သည့်နောက် ပညာသင်ကြားဆည်းပူးရင်း အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံများရှိ ဒေသအသီးသီးသို့ ခရီးလှည့်လည်ခဲ့ လေသည်။ နရိန္ဒရယသ၏ ဇာတိမှာ ဥဒျာန်ဆွတ် ဖြစ်လေ သည်။ ခရစ်နှစ် ၅၅၆ ခုနှစ်၌ ရဟန်းတော် နရိန္ဒရယသသည် တရုတ်ပြည်သို့ ရောက်သွားသည်။ တရုတ်ပြည်၌ရဟန်းများ နှင့် လူဒါယကာများက နရိန္ဒရယသကို အထူးပင် ကြည်ညို လေးစားကြသည်။ ရာဟုလာသံကိစ္စည်းရေးသော
`၀ိဆမရိကယာတြီ' (အမေ့ခံခရီးသည်)၀တ္ထုကြီး၏ ဇာတ် ဆောင်သည် နရိန္ဒရယသ ဖြစ်သည်။
အိန္ဒိယမှ ဗောဓိဓမ္မ (တာမို)သည် ၅၂၀ ခုနှစ်၌ ကန်တုန်သို့ ရောက်သွားသည်။ ထိုရဟန်းသည် အိန္ဒိယတောင်ပိုင်းမှ
ဘုရင့်သားတော်တစ်ပါး ဖြစ်သည်။ ထိုရဟန်း၏ ဒဿန ဗေဒအရ ကုသိုလ်သည် ကောင်းမှုပြုခြင်း၌ မရှိပေ။ကျမ်းဂန် များကို သင်ကြားဆည်းပူးခြင်းအားဖြင်
ယင်းအယူဝါဒသည် ခရီးအလှမ်းဝေးသော အရှေ့ဘက် နိုင်ငံများ၌ အောင်မြင်မှုများစွာ ရရှိသော်လည်း အစပထမ တွင် တရုပ်ပြည်၌ အောင်မြင်မှု မရရှိလှပေ။ သဒ္ဓါတရား ထက်သန်သော စာနှင့်ပေနှင့် ဘုရင်မင်းကြီးသည် ထိုအယူ ၀ါဒကို နားလည်သဘောပေါက်ခြင်း မရှိပေ။ ထို့ကြောင့် ဗောဓိဓမ္မသည် မြောက်ပိုင်းသို့ ကြွသွားသည်။ ထိုမှတစ်ဆင့် ယန်ရွှေကို ဖြတ်ပြီးလျှင် လိုယန်သို့ ကြွသွားလျက် လိုယန်ရှိ ရှာအိုလင်းကျောင်းတိုက်၌ သီတင်းသုံးသည်။
ထိုကျောင်းတိုက်၌ ၉ နှစ်တိတိ စကားပြောဆိုခြင်းမရှိဘဲ
ဝစီပိတ်နေပြီးလျှင် နံရံတစ်ခုဘက်သို့သာ အာရုံပြုနေသည်။ ထို့ကြောင့် သူ၏ အမည်မှာ "နံရံကြည့် ရဟန်းတော်" ဟူ၍ တွင်နေသည်။ အစဉ်အလာ ပြောလာခဲ့ကြသည့် စကားအရ ဗောဓိဓမ္မသည် အချိန်မည်ရွေ့မည်မျှကြာကြာ တရားထိုင် နေသနည်းဆိုလျှင် သူ၏ ခြေထောက်သည်လှမ်း၍မရသည် အထိ ဖြစ်သွားသည်။ ဗောဓိဓမ္မသည် အိန္ဒိယနိုင်ငံသို့ ပြန် ကြွလိုသော်လည်း တရုတ်ပြည်၌ပင် ပျံလွန်တော်မူသွား သည်။ ------
ဘုရင်ဦတည်သည် စာပေကို ချစ်မြတ်နိုးခြင်း၊ ဗုဒ္ဓဘာသာကို ကြည်ညိုခြင်းကြောင့် အနောက်ဘက်နိုင်ငံများ၌ အလွန် တရာ ထင်ရှားကျော်ကြားသည်။ ဘုရင်မင်းကြီးသည် တရုတ် လူ့အဖွဲ့အစည်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော နည်း လမ်းများကို လက်ခံကျင့်သုံးသည်။ ဘုရင်ဦတည်သည် သက်သတ်လွတ် စားသည်။ သုံးကြိမ်တိတိ ရဟန်းခံသည်။ သို့ရာတွင် ရဟန်းဘ၀တွင် ကြာရှည်စွာ မနေနိုင်ခဲ့ပေ။
အကြောင်းကြောင်းကြောင့် နန်တော်ပြန်လာပြီး ဘုရင်လုပ် ရပြန်သည်။
ခရစ်နှစ် ၅၃၈ ခုနှစ်၌ ဖူရှန်ဘုရင်က မြတ်စွာဘုရား၏ ဆံတော်မြတ်ကို ဦတည်ဘုရင်ထံ ပေးပို့ခဲ့သည်။ ဦးတည် ဘုရင်က ဆံတော်မြတ်ကို ခမ်းနားသိုက်မြိုက်စွာ ကြိုဆို သည်။ နောက်တစ်နှစ်၌ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် သက္ကတကျမ်းဂန်များကို စုဆောင်းရှာဖွေရန် မဂဓနိုင်ငံသို့
သွားသည်။ ၅၄၆ ခုနှစ်၌ ထိုကိုယ်စားလှယ်အဖွဲ့သည်
သက္ကတကျမ်းများစွာကို စုဆောင်းပြီးလျှင် တရုတ်ပြည်သို့ ပြန်လာသည်။ တရုတ်ကိုယ်စားလှယ်အဖွဲ့သည် သူတို့နှင့် အတူ ပညာရှင်ရဟန်းတော် ပရမတ္ထကိုလည်း ပင့်ဆောင် လာခဲ့သည်။ ယူဆောင်လာခဲ့သော သက္ကတကျမ်းဂန်များကို ပရမတ္ထမထေရ် ကြီးမှူး၍ တရုတ်ဘာသာပြန်သည်မှာ နှစ် ၂၀ ကြာမြင့်ခဲ့သည်။
ဘုရင်ဦတည်သည် ဇရာပိုင်း ရောက်လာသောအခါ ဗုဒ္ဓ ဘာသာကို ဆတက်ထမ်းပိုး တိုး၍ ယုံကြည်သွားသည်။ မိမိပိုင် စည်းစိမ်ဥစ္စာနှင့် ဇိမ်ခံပစ္စည်းများကို နန်းတွင်းသူ နန်းတွင်းသား အားလုံးအား မျှဝေပေးလိုက်ပြီးလျှင် မိမိမှာမူ သာမန်ရိုးရိုး အ၀တ်အစားလောက်သာလျှင် ၀တ်ပြီး နှိမ့်နှိမ့် ချချပင်နေသည်။
၅၄၇ ခုနှစ်၌ ဘုရင်ဦတည်သည် တတိယအကြိမ် ရဟန်း ပြုပြန်သည်။ ထို့နောက် မကြာခင်ပင် အထက်ဖော်ပြခဲ့ သည့်အတိုင်း ဟောင်ကျင်အဖြစ်အပျက် ပေါ်ပေါက်လာ သည်။ ယင်းအဖြစ်အပျက်သည် ဘုရင်အဘိုးကြီးအား ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်အောင် ပြုမူဖန်တီးခဲ့လေသည်။ နန်ကင်း ၀င်ရောက် စီးနင်းမှု ဖြစ်ပွားချိန်၌ ဘုရင်မင်းကြီး အား သက်သတ်လွတ်စားခြင်းကို ရပ်ဆိုင်းပြီး ကြက်ဥ ဘဲဥ စားသောက်သုံးဆောင်ရန် တိုက်တွန်း တောင်းပန်ကြ သည်။
နေပြည်တော်ကို သိမ်းပိုက်မည်ဟူသည့်သတင်း ရရှိသော အခါ ဘုရင်မင်းကြီးက မိမိ ကြိုးပမ်းအားထုတ်ချက်အရသာ နိုင်ငံတော်ကို စိုးမိုးအုပ်ချုပ်နိုင်ခြင်
ပျက်စီးအောင် လုပ်ရန်အတွက် သင့်အနေနှင့် များစွာ ကြိုး ပမ်းအားထုတ်ရလိမ့်မည်ဟု ငါ စိုးရိမ်မကင်း ဖြစ်နေမိ သည်" ဟူ၍သာ ပြောပြလိုက်သည်။
ထိုစကားကို ကြားရသောအခါ ဟောင်ကျင်သည် အကြီး အကျယ် အရှက်ရသွားပြီးလျှင် သူ၏ အရာရှိများအား "ငါ၏ဘ၀မှာ ယခုတစ်ကြိမ်လောက် ဘယ်တုန်းကမှ ထိတ်လန့်ကြောက်ရွံ့ခြင်း မဖြစ်ခဲ့ဖူးဘူး" ဟု ပြောလိုက် သည်။ ဟောင်ကျင်သည် ဘုရင်ဦတည်အား နောင်ထပ် တစ်ဖန် မော်မကြည့်ဝံ့တော့ပေ။
ဇရာပိုင်း ရောက်နေပြီဖြစ်သော ဘုရင်မင်းကြီး ကံကုန်ရခြင်း သည် အင်အားဖြစ်ထွန်းစေသော အစာအဟာရများကို မမှီဝဲသောကြောင့်ဟု ဆိုသည်။ ဘ၀၏ အပြီးသတ်အချိန်၌ ဒုက္ခတွေ့ရသည်မှာ အမှန်ပင်ဖြစ်သော်လည်း ဘုရင်ဦတည် သည် ဟောင်ကျင် ကွယ်လွန်သွားရပုံနှင့်စာလျှ
တရုတ်ပြည်ကိုနား ဘယ်ကိုဆက်သွားရ ကောင်းမလဲနော်
အပိုင်း (၂၉) ဆက်ရန်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်