ပညာဥာဏ်နှင့် မချင့်ချိန်ဘဲ
ဂုဏ်နှင့်မထိုက် ထိုလူမိုက်ကို
ဂုဏ်ထိုက်သူဟု ပြောဆိုပြုလျှင်
ပညာဥာဏ်နှင့် မချင့်ချိန်ဘဲ
ဂုဏ်နှင့်ထိုက်သူ မြတ်ရှင်လူကို
ဂုဏ်မူမထိုက် ပြောဆိုလိုက်လျှင်
ဂုဏ်နှင့်ထိုက်သူ မြတ်ရှင်လူကို
ဂုဏ်မူမထိုက် ပြောဆိုလိုက်လျှင်
ပညာဥာဏ်နှင့် မချင့်ချိန်ဘဲ
မသင့်ကြည်ညို လူမိုက်ကိုသာ
ကြည်ညိုသမှု ဆည်းကပ်ပြုလျှင်
ပညာဥာဏ်နှင့် မချင့်ချိန်ဘဲ
ကောင်းကျင့်ပိုမို ရှင်လူကိုပင်
ကြည်ညိုမပြု လျစ်လျှူပြုလျှင်
ဂုဏ်ရှိသူကို နှိမ့်ချဆို၍
ကြည်ညိုမပြု လွှဲဖယ်မှုကြောင့်
ကုသိုလ်မပွား ဥာဏ်ဝေဝါး၍
အမှားကိုကိုး မိစ္ဆာမျိုးဟု
လူမျိုးမိုက်မဲ ပူဇော်လွဲကြောင့်
ငရဲအရပ် လူပြည့်ကျပ်လိမ့်
မပြတ်သတိ ရှိစေသော်ဝ်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်