***************************
အမေး။ ။ ရဟန်းတော်တွေသည် B.A, M.A, Ph.D ဘွဲ့တွေ၊ ဓမ္မာစရိယစတဲ့
ဘွဲ့တွေ ရဘို့ရန် အသည်း အသန် ကြိုးစားနေကြပါတယ် ။ အဲဒီဘွဲ့ တွေကို
ဘယ်ရည်ရွယ် ချက်နဲ့ ရဖို့ ကြိုးစား နေကြ ပါသလဲ ။ ထိုဘွဲ့တွေကကော မဂ်ဖိုလ်
နိဗ္ဗာန်ကို အထောက်အကူပြုပါသလား ’’
အဖြေ။ ။ ဒီအဖြေကို သင့်တော်သလိုသာ ဖြေထား ပေးပါ သဖြင့် သံဃာတော်များမှ
ကျန်နေ သေးသော ဖြည့်စွက် သင့်သည်များ ထပ်မံ ဖြည့်စွက် ပံ့ပိုးပေး ပါရန်
တင်ပြလျောက်ထားအပ်ပါသည် သံဃာတော် အရှင်သူမြတ် တို့ဘုရား
စာပေမှာ စာသင်နည်း ၃ မျိုးပြထားပါ တယ်။ ထို ၃မျိုးလုံးက လောကမှာ
ဖြစ်တတ်တဲ့ သဘာဝလေးတွေကို ပြထားသဖြင့် စိတ်ဝင်စားစရာ ကောင်းသလို
မှတ်သားထားသင့်တဲ့ အချက်လေး တွေလည်းဖြစ်ပါတယ်။ စာသင်သားတိုင်းမှာ
ကိုယ်ပိုင် ရည်ရွယ်ချက်လေးတွေ ရှိကြပါတယ်။ ထိုရည်ရွယ် ချက်ဖြင့် လိုချင်တဲ့
ပန်းတိုင်းဆီသို့ မရောက်ရောက်အောင် အားခဲကြခြင်းဖြစ်ပါသည်။
ထိုရည်ရွယ်ချက်မရှိဘဲ ပန်းတိုင် သို့ ရောက်ဖို့ရန် အလွန်
နှေးကွေးပါလိမ့်မယ်။
ရည်ရွယ်ချက် (ဆန္ဒာဓိပတိ) ရှိမှ အလုပ်လုပ်လိုစိတ် ကြိုးစားချင်စိတ်
ပိုမိုအားကောင်းပြီး ရည်ရွယ်ချက် ပန်းတိုင် သို့ ဖြောင့်ဖြူးစွာနှင့်
အလျှင်အမြန်ရောက် နိုင်မှာ ဖြစ်ပါ သည်။ တဦးနှင့်တဦး ရည်ရွယ်ချက် သည်
တူညီကြလိမ့် မည်မဟုတ်၊ စရိုက် လက္ခဏာ တွေ ကွဲပြားသည်အား လျှော်စွာ
ရည်ရွယ်ချက်တွေ လည်း ကွဲပြားသွားနိုင်ပါသည်။ သို့သော် စာပေက မည်သို့
ရည်ရွယ်ပြီး စာသင်သင့်သည်ကို ပြဆိုထား ပါသည်။
စာသင်နည်း ၃ မျိုး
၁။ အလဂဒ္ဒူပမာ ပရိယတ္တိယ
၂။ ဘဏ္ဍာဂါရိက ပရိယတ္တိ
၃။ နိဿရဏ ပရိယတ္တိ
၂။ ဘဏ္ဍာဂါရိက ပရိယတ္တိ
၃။ နိဿရဏ ပရိယတ္တိ
၁။ အလဂဒ္ဒူပမာ ပရိယတ္တိ ဆိုသည်မှာ- စာပေသင် ခြင်း တရားနာခြင်းဖြင့်
ဘုရားတရားတော်များကို တတ်မြောက် နားလည်သည်ရှိသော် ငါ့ကို လူတွေ က
ချီးကြူးဂုဏ်ပြုကြ လိမ့်မည်၊ ပစ္စည်းဥစ္စာ ပူဇော်မှု ကို လည်း ရလိမ့်မည်
စသည်ဖြင့် မာန်မာနကို ဖြစ် စေ၊ လောဘ စသော အကုသိုလ်တို့ကို ဖြစ်စေ သော
စာသင်နည်းမျိုးဖြစ်သည်။
ဤသည်ကို မြွေဖမ်းမတတ်ခြင်းကြောင့် မြွေက မိမိကို ပြန်ပေါက်သတ်သလို မိမိ
သင်ယူသော စာပေ၊ ပညာများက မိမိကို ပြန်နစ်နာစေသည်၊
ဆုံးရှုံးစေသည်။ဆိုလိုသည်မှာ- ဘုရားတရား စကားတော်များကို ကြွားဝါလို၍ လာဘ်လာ
ဘကို မျှော်ကိုး၍ သင်ယူခြင်း၊ သင်ယူထားသော စာပေ ဖြင့် သူတပါးကို
ချိုးနှိမ်လို၍ စသော အတ္တုက္ကံသန- မိမိကိုယ်ကို ချီးမွမ်း (ကြွားဝါ)၊
ပရ၀မ္ဘန-သူတပါးကို ချိုးနှိမ်လို၍ သင်ယူ ခြင်းနှင့် တပါးသူ၏ ရန်ကို
ကာကွယ်လိုခြင်းမျိုး စသည်တို့ ကို စာပေက အလဂဒ္ဒူပမာ
ပရိယတ္တိ-မြွေဖမ်းခြင်းနှင့် တူသော စာသင်နည်းဟု ဆိုသည်။ ဤစာသင်နည်းမျိုးကား
အကျိုးလုံးဝမရှိ၊ အပါယ် ၄ပါး အစာသာ ဖြစ်သည်။
ဒုတိယ စာသင်နည်းက ဘဏ္ဍာဂါရိက ပရိယတ္တိ ဖြစ်သည်။
၂။ ဘဏ္ဍာဂါရိက ပရိယတ္တိ ဆိုသည်မှာ စကြာမင်း ၏ ဘဏ္ဍာစိုးနှင့်တူသော
ရဟန္တာပုဂ္ဂိုလ်များ၏ စာသင်နည်းမျိုး ဖြစ်သည်။ ဘဏ္ဍာတိုက်စောင့် ဘဏ္ဍာစိုးပမာ
စာပေ ပရိယတ္တိတွေကို မပျောက် ပျက်ရလေအောင် ထိန်းသိမ်း စောင့်ရှောက်သော
စာသင်နည်းမျိုးဖြစ်သည်။ ကိုယ်ကျိုးမရှိ၊ မဂ် ဖိုလ် ကို တိုက်ရိုက်
မရနိုင်သည့် နည်းဖြစ်သည်။ ဆိုလို သည်ကား ကိုယ်ကျိုးကို စွန့်၍ သာသနာ အရှည်
တည်တံ့ ရေးကို ရည်ရွယ်၍ စာသင်နည်းမျိုးဖြစ် သည်၊ ယနေ့ မြန်မာ နိုင်ငံရှိ
စာသင်တိုက်ကြီးများ အချို့ကဲ့သို့ပင် ဖြစ်ပါသည်။
တတိယ စာသင်နည်းကတော့ နိဿရဏ ပရိယတ္တိ ဖြစ် သည်။
၃။ နိဿရဏ ပရိယတ္တိ ဆိုသည်မှာ ၀ဋ်ဆင်းရဲမှ လွတ် မြောက်ရေးကို ရှေးရှု၍
သင်ကြားခြင်းမျိုး ကိုဆိုလိုသည်၊ အကျိုးရှိသော စာသင်နည်းဖြစ်၍ မဂ် ဖိုလ်
နိဗ္ဗာန်ကို ရနိုင်သော စာသင်နည်းဖြစ် သည်။ ယနေ့ မြန်မာနိုင်ငံရှိ ပရိယတ္တိကို
အခြေခံ သော ၀ိပဿနာ ကမ္မဋ္ဌာန်းတိုက် များကဲ့ သို့ ဖြစ်ပါ သည်။
နိဿရဏ ပရိယတ္တိ= နိဿရဏ- ၀ဋ်ဆင်း ရဲမှ လွတ်မြောက်ခြင်းငှါ၊ ပရိယတ္တိ- သင်ယူခြင်း။
နိဿရဏ ပရိယတ္တိ ၀သေနာတိ အဒ္ဓါ ဣမံ ပရိယတ္တိံ နိဿာယ ၀ဋ္ဋဒုက္ခတော နိဿရိတုံ လဗ္ဘာတိ ဧ၀ံ နိဿရဏ ပရိယတ္တိဝသေန။ (သံ၊ဋီ၊၁၊၃၀၃)
‘‘ ငါသည် စာပေများကို တတ်မြောက်ပြီးပါက ထိုတရား တော်အတိုင်း သီလ သမာဓိ
ဝိပဿနာ ပညာများကို အစဉ် အတိုင်း ဖြည့်ကျင့်ကာ မဂ် ဖိုလ် နိဗ္ဗာန်ကို ရစေအံ့၊
မျက် မှောက် ပြုလတံ္တ့ ’’ ဟု ရည်စူးကာ ပရိယတ္တိစာပေများကို သင်ယူခြင်းသည်
အကျိုးရှိ၏ မဂ်ဖိုလ် နိဗ္ဗာန်ကို ရောက် စေနိုင်သော စာသင်နည်းဖြစ်၏။
ပေါဋ္ဌိလ မထေရ်ကြီးသည် စာပေကို ထုံလိုမွှေ ရေလိုနှောက် နိုင်သလို စာပေလောက၏
အထွဋ် အထိပ်သို့ရောက်အောင် တတ်မြောက်၏၊ သို့သော် မြတ်ဗုဒ္ဓက ထိုမထေရ်အား
တုစ္ဆ တုစ္ဆ (အချီးနှည်း အချီးနှည်း) ဟူ၍သာ ရှုံ့ချသော လေသံ ဖြင့် ခေါ်၏။
(ဒေါသဖြင့် ခေါ်ဝေါ်ခြင်းမျိုးမဟုတ်၊ မဟာ ကရုဏာ ဖြင့် အကျိုးကို မျှော်ကိုး၍
ဤကဲ့သို့ခေါ်ခြင်းဖြစ် သည်)။ ထိုမထေရ်သည် ပရိယတ္တိ အထွဋ်အထိပ် သို့
ရောက်ပါသော်လည်း သူ သင်ကြား တတ် မြောက်ထား သည့်အတိုင်း မကျင့်ရသေး အားမ
ထုတ်ရသေးသည့် အတွက် မြတ်ဗုဒ္ဓက ထိုကဲ့သို့ တုစ္ဆ တုစ္ဆ ဟုခေါ်သည်။ (တုစ္ဆ ဟူသည်
empty ဘာမျှ မရှိဟုသော အဓိပ္ပါယ်ရှိ)
ထို့ကြောင့် စာပေတတ်မြောက်ပြီး ရပ်မနေဘဲ နိဿရဏ ဖြစ်ဖို့ရန်အတွက် ဆက်လက်
အားထုတ် ရပေတော့ သတည်း။စာပေသင်ကြားစဉ်စာပေ သင်ကြားစဉ်မှာလည်း
ကိုယ့်သန္တာန်မှာ အလွန် မွန်မြတ်သော စိတ်ကို မွေးမြူးသင့် ၏၊
ငါ စာပေ ပညာတွေ တတ်မြောက်ပြီးဖြစ်ပါက ငါတတ် သည့် ပညာဖြင့် အများအကျိုးအတွက် ဆောင်ရွက်မည်၊ အများသူငါ သတ္တ၀ါတွေ ကိုယ် စိတ် နှစ်ပါး ချမ်းသာအောင် ဆောင်ရွက်မည်။ ငါ တတ်သော ပညာသည် ငါတစ်ယောက် စာအတွက် မဟုတ်ဘဲ အများအကျိုးအတွက် ဖြစ်စေရမည် ဟူ သော ရည်ရွယ်ချက်များဖြင့် ပညာကို ဆည်းပူးသင့် ၏။
ငါ စာပေ ပညာတွေ တတ်မြောက်ပြီးဖြစ်ပါက ငါတတ် သည့် ပညာဖြင့် အများအကျိုးအတွက် ဆောင်ရွက်မည်၊ အများသူငါ သတ္တ၀ါတွေ ကိုယ် စိတ် နှစ်ပါး ချမ်းသာအောင် ဆောင်ရွက်မည်။ ငါ တတ်သော ပညာသည် ငါတစ်ယောက် စာအတွက် မဟုတ်ဘဲ အများအကျိုးအတွက် ဖြစ်စေရမည် ဟူ သော ရည်ရွယ်ချက်များဖြင့် ပညာကို ဆည်းပူးသင့် ၏။
ဤသို့အားဖြင့် စာပေ ပရိယတ္တိနှင့် အခြား စာပေ အတတ် ပညာများကို သင်ယူရာဝယ်
ဘွဲ့ ဒီဂရီများ ရဘို့ သက်သက် မဟုတ်ဘဲ လွတ်မြောက်ရေးနှင့်
အများအကျိုးအတွက်ကို ရှေးရှုသော စာပေသင် ကြားနည်းနှင့် ယောနိသော မနသိကာရ-
ရည် ရွယ်ချက်ကောင်းဖြင့် ရအပ်သော ထို ဘွဲ့ ဒီဂရီ များသည်လည်း
အကျိုးရှိသဖြင့် (မဂ် ဖိုလ် နိဗ္ဗာန် ကို အကျိုးပြုသဖြင့်) ရသင့် ရထိုက်သော
ဘွဲ့ ဒီဂရီများဟူ၍ ဆိုနိုင်ပါသည်။
ကျမ်းကိုးများ-
(က) ၀ိပဿနာ အခြေခံနှင့် အမေးအဖြေ (ဦးပဂျီငို)
(ခ) ပါဠိပဒ ပိဋက ကျမ်းညွှန်း
(ဂ) သရုပ်ပြ အဘိဓာန် (အရှင်သြဘာသာဘိသ၀ံသ)
(ဃ) မူလပဏ္ဏာသ အဋ္ဌကထာ
(င) ပါရာဇိကဏ် အဋ္ဌကထာ
(စ) ဓမ္မပဒအဋ္ဌကထာ
(က) ၀ိပဿနာ အခြေခံနှင့် အမေးအဖြေ (ဦးပဂျီငို)
(ခ) ပါဠိပဒ ပိဋက ကျမ်းညွှန်း
(ဂ) သရုပ်ပြ အဘိဓာန် (အရှင်သြဘာသာဘိသ၀ံသ)
(ဃ) မူလပဏ္ဏာသ အဋ္ဌကထာ
(င) ပါရာဇိကဏ် အဋ္ဌကထာ
(စ) ဓမ္မပဒအဋ္ဌကထာ
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်