ချစ်သော ဂျိုလီရေ……

ချစ်သော ဂျိုလီရေ……
မောင်တို့တိုင်းပြည်မှာလေ
လှိုင်သာယာ ဆိုတဲ့မြို့မှာ အခြေမလှတဲ့
ရွှေတမြမြဒုက္ခသည်တွေ ရှိသကွဲ့
မြင်ကြည့်စမ်းပါဦးလား ဂျိုလီရယ်
သူတို့လေးတွေရဲ့ဒုက္ခ
သနပ်ခါးအဖွေးသားနဲ့
ပြုံးလို့နေရတဲ့ ဒုက္ခ
မသက်မသာပါပဲ
စာနာလှည့်ပါ ဂျိုလီရယ်…
သာယာချမ်းမြေ့လှတဲ့
အင်းတော်ကြီးထဲ ခွေးနွား
ဆိတ်ဝက် ကြက်ဘဲမကျန်
မြူးပျော်နေလိုက်ကြပုံများလေ
ဟော…
ဟိုဘက်ကြည့်စမ်း ဂျိုလီ
ခွေးကြက်ငှက်တွေ ရေကူးနေတာ
နွားကျွဲဝက်တွေ ကူးခတ်နေတဲ့
သာယာတဲ့ရှုခင်း ခြေဆင်းလို့ထိုင်ပြီး
အိမ်ခေါင်ဖျားပေါ်မိန့်မိန့်ကြီးထိုင်
အားပေးနေတဲ့ ပရိတ်သတ်တွေကလဲ
ဂျိုလီတို့ဆီက ဘောကွင်းထက် များတယ်နော်
မှတ်သားသွားပေါ့ ဂျိုလီ
မင်းဌာနေ မင်းနေရပ်မှာ
သာယာလှတဲ့ အင်းတော်ကြီးနဲ့
ဒုက္ခသည်မြို့တော်လှိုင်သာယာအကြောင်း
မရိုးနိုင်အောင် ပြောရအောင်လေ

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်