****************
တစ်ခါက တိုင်းပြည်တစ်ပြည်တွင် ဘုရင်ကြီးတစ်ပါးရှိ လေ သည်။ ဘုရင်ကြီးသည်
သူ၏ မိဖုရားခေါင်ကြီးကို အလွန် အင်မတန်မှကြောက်ရလေသည်။ထိုဘုရင်ကြီးသည်
တိုင်းပြည် ရေးရာကိစ္စနှင့် နန်းရေးနန်းရာကိစ္စများကို စီမံရာ တွင် သူ၏
မိဖုရားခေါင်းကြီး၏ စကားကို လိုက်နာကာ စီမံ နေရသည်။ တစ်နေ့
ဘုရင်ကြီးအကြံဖြစ် သည်ကား
“ငါရဲ့တိုင်းပြည်အတွင်းမှာ နေထိုင်နေကြတဲ့ အမျိုးသား မှန်သမျှလဲ သူတို့၏
အမျိုးသမီးတွေကို ငါလိုပဲကြောက် ကြသလား သို့တည်းမဟုတ် မကြောက်ကြဘူးလား
ဆိုတာကို စုံစမ်းကြည့်အုံးမှပဲ” ဟု အကြံဖြစ်တော်မူလေသည်။
သို့ဖြစ်သဖြင့် မှူးကြီးမတ်ရာများနှင့်တိုင်ပင်ကာ မဏ္ဍပ်ကြီး နှစ်ခုကို ဆောက်လုပ်လိုက်လေသည်။ ထိုမဏ္ဍပ်နှစ်ခု တွင် တစ်ခုသည်ကား
“မိန်းမကို ကြောက်သော ယောက်ျားများ ၀င်ရန်ဖြစ်သည်။ နောက်မဏ္ဍပ်တစ်လုံးသည်ကား မိန်းမကို မကြောက်သော အမျိုးသားများဝင်ရန်ဖြစ်သည်”
ပြိုင်ပွဲနေ့ရောက်လာပါပြီ။ ဘုရင်ကြီးသည် သူ၏ နန်းတော် လေသာပြုတင်းပေါက်မှ
ထိုင်တော်မူကာ အမျိုးသမီးကို ကြောက်သော အမျိုးသာကများသလား သို့တည်းမဟုတ်
အမျိုးသမီးကို မကြောက်သော အမျိုးသားကများသလား ဆိုသည်ကို
ကြည့်ရှုတော်မူနေလေသည်။ အမျိုးသား များ သည်ကား
“အမျိုးသမီးကို ကြောက်သော အမျိုးသားများဝင်ရန်”
“အမျိုးသမီးကို ကြောက်သော အမျိုးသားများဝင်ရန်”
ဟူသော မဏ္ဍပ်သို့သာ စုပြုံတိုးဝင်နေကြသည်ကို တွေ့နေရ သဖြင့်
ဘုရင်ကြီးသည်“အော် ငါ့တိုင်းပြည်အတွင်းရှိ အမျိုး သားတွေလဲ ငါလိုပဲ
သူတို့ရဲ့ အမျိုးသမီးတွေ(မိန်းမတွေ)ကို ကြောက်နေရတဲ့ သူတွေချည့်ပါလား”
ဟု စိတ်ပျက်အားငယ်တော်မူနေလေသည်။ ထိုအချိန်တွင် ထူးထူးခြားခြား အမျိုးသား
တစ်ယောက်သည် မိန်းမကို မကြောက်သော မဏ္ဍပ်ဆီသို့ တမ်းတမ်းမတ်မတ် ၀င်လာ လေသည်။
ထိုအခါ ပရိသတ်ကြီးသည် သြဘာလက်ခုပ် တစ်ဖျောင်းဖျောင်းဖြင့်
ကောင်းချီးပေကြလေသည်။ ဘုရင် ကြီးသည်ပင် အားရကျေနပ်နှစ်သက်တော်မူခဲ့လေသည်။
သို့ဖြစ်သဖြင့် ထိုအမျိုးသားအား ဆုပေးရန် နန်းတော်သို့ ဖိတ်မန်ကာ
“အမောင်ယောက်ျား သင်သည်ကား မိန်းမကို မကြောက် သော အမျိုးသားများဝင်ရန်လို့
ဆိုင်းဘုတ်ချိတ်ထားတဲ့ မဏ္ဍပ်ကို ၀င်တယ်ဆိုတော့ သင်သည်ကား သင်ရဲ့ မိန်းမကို
မကြောက်ဘူးဆိုတဲ့သဘောလားကွယ့်”
ဟု မေးတော်မူသောအခါ အမျိုးသားက
“ဘုရင်ကြီးရယ် ကျွန်တော်က မိန်းမကို မကြောက်လို့ မဟုတ်ပါဘူး၊
ကျွန်တော်မိန်းမက မှာလိုက်တယ်ပါတယ်၊ မိန်းမကြောက်သူများ ၀င်ရန်လို့
ရေးထားတဲ့ မဏ္ဍပ်ထဲကို တော် သွားမ၀င်နဲ့နော် လို့မှာလိုက်လို့
ကျွန်တော်မျိုးက မ၀င်တာပါ အရှင်မင်းကြီး”
ဟု လျှောက်ထားလိုက်လေသည်။
ဟု လျှောက်ထားလိုက်လေသည်။
ထိုအခါ ဘုရင်ကြီးညည်းချင်းထုတ်လိုက်သည်ကား
“အော် ငါ့တိုင်းပြည်အတွင်းရှိ အမျိုးသားမှန်သမျှလဲ သူတို့ရဲ့ အမျိုးသမီးတွေကို ငါကိုယ်တော်မြတ်ကဲ့သို့ ကြောက်နေကြရပါလားနော်”
ဟူ၍ပင်ဖြစ်သတည်း။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်