လာခြင်းကောင်းစေ

အလင်းအမှောင် တစ်ခြမ်းစီ
ပိုင်ထားတဲ့အဲ့ဒီ နေ့နဲ့ညတွေ
ဘယ်နှစ်ခါမှန်းမသိ
ကျော်လွန်သွားကြတာ
ငါ့ကို အိပ်မက်တွေက ငယ်နိုင်အလား
နှိပ်စက်လွန်းပေါ့။
တစ်ခါတစ်ရံ
ညရဲ့ခြေထောက်တွေက
ရှည်လွန်းတာလည်း
ခက်နေကြဆဲ။
မမက်ဘူးတဲ့ အိပ်မက်တွေက
အဝေးက ပစ်တဲ့မြှားလို
ထိချက်ကို ပြင်းလွန်းတယ်။
နေ့လိုနေရမလား
ညလိုနေရမလားဆိုတာ
အိပ်မက်တွေမသိသမျှတော့
အိပ်မက်တွေက
ကျနော့်ဆီလာနေအုံးမှာပါပဲ
အိပ်မက်ရေ..............
လာခြင်းကောင်းပါစေ

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်