ဟိုလုပ်ဒီလုပ်နဲ့
ရှုပ်နေတဲ့
လောကကြီး
ဒုက္ခကလည်း
တကယ်ကြီးပ…
ရှုပ်နေတဲ့
လောကကြီး
ဒုက္ခကလည်း
တကယ်ကြီးပ…
ဒုက္ခကို ဒုက္ခမှန်း
ယောင်ချာချာသိလာတော့
ဗုဒ္ဓကိုလည်း အကြိမ်ကြိမ်
ဦးတိုက်မိပါ့ဒီလိုသိအောင်
ဟောခဲ့လို့လေ
ယောင်ချာချာသိလာတော့
ဗုဒ္ဓကိုလည်း အကြိမ်ကြိမ်
ဦးတိုက်မိပါ့ဒီလိုသိအောင်
ဟောခဲ့လို့လေ
ပေးခဲ့တဲ့ အသိတရားတွေကလည်း ရှစ်သောင်းလေးထောင်တဲ့…
ဟုတ်တယ်လေ ဗုဒ္ဓသာ မပွင့်ခဲ့ရင်
ယုတ်စွအဆုံး ဒုက္ခကို
ဒုက္ခမှန်း သိပါ့မလား…
ဟုတ်တယ်လေ ဗုဒ္ဓသာ မပွင့်ခဲ့ရင်
ယုတ်စွအဆုံး ဒုက္ခကို
ဒုက္ခမှန်း သိပါ့မလား…
မွေးလာတဲ့ ဒုက္ခ
အို၊ နာ၊ သေ ဆိုတဲ့ ဒုက္ခ
ချစ်သူနဲ့ကွဲ မုန်းသူနဲ့ တွဲရတဲ့ ဒုက္ခ…
ဒါတင်ပဲလား ဆိုတော့ မဟုတ်
ရတာမလိုလိုတာမရတဲ့
ဒုက္ခကလည်း ကျန်သေး…
အို၊ နာ၊ သေ ဆိုတဲ့ ဒုက္ခ
ချစ်သူနဲ့ကွဲ မုန်းသူနဲ့ တွဲရတဲ့ ဒုက္ခ…
ဒါတင်ပဲလား ဆိုတော့ မဟုတ်
ရတာမလိုလိုတာမရတဲ့
ဒုက္ခကလည်း ကျန်သေး…
ဆိုချင်တာကတော့ဗျာ
ပျိုကညာတွေလည်း
အိုနာသေမှာပဲ…
ကြီး၊ ငယ်၊ ရွယ်မဟူ
အပြီးသတ် နောက်ဆုံးတော့
ဒုက္ခ ဆိုတဲ့ဒီလမ်းပဲလေ…။
ပျိုကညာတွေလည်း
အိုနာသေမှာပဲ…
ကြီး၊ ငယ်၊ ရွယ်မဟူ
အပြီးသတ် နောက်ဆုံးတော့
ဒုက္ခ ဆိုတဲ့ဒီလမ်းပဲလေ…။
>> တောင်တွေး မြောက်တွေးရင်း နဲ့ အပျင်းပြေရေး
မိ တဲ့ ကဗျာလေးပါ >>
မိ တဲ့ ကဗျာလေးပါ >>
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်