အိမ်ဝေးငှက်ရဲ့ တမ်းချင်း....


**************
အမေ..
ရပ်ဝေးကနေ လွမ်းခြင်းတစ်ပုဒ်သာ
အခါခါရေးလို့ ခလေးတစ်ယောက်လို့ အမေပျောက်ကိုရှာနေမိတယ်.....
အမေ့ ရင်ငွေ့နွေးနွေး ပြေးဝင်ကာ
ခိုဝင်နေချင်မိတယ်......
အမှားပေါင်းများစွာကျူးလွန်တိုင်းလည်း
အပြုံးလေးဖက်ပြီး
မှန်ရာကို လမ်းပြဆုံးမပေးတဲ့ အမေ....
တစ်စိမ်းတွေကြားပြေးလွားနေရင်း
အချိန်ကိုလုနေရတဲ့ဘ၀တွေမှာ
အမေအနီးနားမှာပေးကူ ထွေးပွေ့ဖို့အနားမှာမရှိ အားငယ်မိပါတယ်.....
နေကောင်းရဲ့လား ဖုန်းသံလေးကလွဲလို့ အမြဲတမ်းစိုးစိတ်တွေနဲ့
အမေအရိပ်ကို လွမ်းမိပါတယ်.....
တတ်နိုင်သလောက်
သတိရမှုများကို
ဘုရားမှာအခါခါဆုတောင်းရင်းနဲ့သာ
အမေ တစ်ယောက် ကျန်းမာစွာ
နေထိုင်လျက်ရှိပါစေ......
အသိုက်မြုံလေးထဲပြန်ခွင့်ရခဲ့ရင်
အမေ့ ရင်ထဲတိုးဝှေ့ရင်း
အမေချော့သိပ်မှုနဲ့
အိပ်ခွင့်ရချင်ပါတယ်...
အဝေးမှာရှိနေသော သူငယ်ချင်းများ အားလုံးလည်း အမေအနား အမြန်ဆုံးပြန်နိုင်ကြပါစေ.....

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်