#‎သာသနာနှင့်ရာဇာအပိုင်း‬(၂၁)


******************
သီရိလင်္ကာနိုင်ငံ၌ ဘုရင် ပရက္ကမဗာဟု စိုးမိုးအုပ်ချုပ်သွား ခဲ့သည်မှာ နှစ်ပေါင်း ၈၀၀ လောက် ရှိသွားပြီ။ သို့ရာတွင် ပိုလန္နရုဝ၌ရှိနေသော သူ၏ ရုပ်တုသည် ယနေ့ထက်တိုင် သီရိလင်္ကာနိုင်ငံသူ နိုင်ငံသားတို့အား အမှတ်တရ ရှိနေ စေသည့်အပြင် သူ၏ သူရသတ္တိ ကဗျာအဖွဲ့ကို ရွတ်ပြနေ သကဲ့သို့ပင် ထင်ရသည်။ ပရက္ကမဗာဟုသည် သီရိလင်္ကာ နိုင်ငံသမိုင်း၌ အထင်ရှား အကျော်ကြားဆုံးဘုရင် ဖြစ်သည်။ ပရက္ကမဗာဟု၌ ဒေ၀ါနံပိယတိဿမင်းကြီး၏ ဓမ္မစိတ်ဓာတ် နှင့် ဒုဋ္ဌဂါမဏိ၏ သူရသတ္တိတို့ ရောနှောပေါင်းဆုံနေသည်။
တိုင်းပြည်နိုင်ငံ ပြည်တွင်းစစ် ဖြစ်ပွားပြီး ကျူးကျော် တိုက် ခိုက်လာသူတို့၏ ဘေးရန်ကြောင့် ထိတ်လန့်ကြောက် ရွံ့ နေရသည့် အခါသမယ၌ ပရက္ကမဗာဟု မွေးဖွားကြီးပြင်း လာသည်။ ထိုအချိန်က သီရိလင်္ကာနိုင်ငံသည် ပြည်နယ် လေးပြည်နယ် ကွဲပြားနေသည်။ ၀ိက္ကမဗာဟုသည် ပိုလန္နရုဝ ကို နေပြည်တော်အဖြစ် ထားလျက် ရဇရဋ္ဌတွင် စိုးမိုးအုပ် ချုပ် နေသည်။
ပရက္ကမဗာဟု၏ ခမည်းတော် မာနာဘရဏသည် ဒက္ခိဏဒေ သ၌ ဘုရင်ဖြစ်သည်။ ယင်းသို့အားဖြင့် ရုဟုဏုဒေသကို ညီတော် နောင်တော် နှစ်ဦးက သိမ်းပိုက်ထားကြသည်။ ဒွါဒသဟဿသကဒေသတွင် ကိတ္တိသီရိမေဃက
လည်းကောင်း၊ အဋ္ဌကသဟဿကဒေသတွင် သီရိဝလ္လဘ ကလည်းကောင်း ထီးနန်းစံနေကြသည်။ ယင်းပြည်နယ် လေးပြည်နယ်သည် ကိုယ့်ပြည်နယ်တွင် ကိုယ်ထင်တိုင်းကြဲ နေကြသည့် ပြည်နယ်များဖြစ်သည်။
သီရိဝလ္လဘတွင် မာနာဘရဏအမည်ရှိ သားတော်တစ်ဦး နှင့် လီလာဝတီအမည်ရှိ သမီးတော်တစ်ဦး ရှိသည်။ ဒက္ခိဏဒေသ၏ ဘုရင်ဖြစ်သော မာနာဘရဏ သို့မဟုတ် ဗီရဗာဟုတွင် မိတြာနှင့် ပဘာဝတီအမည်ရှိ သမီးတော် နှစ်ပါးရှိသည်။ ယင်းညီအစ်မ နှစ်ဦးအနက် အငယ်မ ၏ သားတော်မှာ ပရက္ကမဗာဟု ဖြစ်သည်။ယင်းသားတော်သည် ပင် နောင်သောအခါ၌ မဟာပရက္ကမဗာဟု အမည်ဖြင့် ထင်ပေါ်ကျော်ကြားသော ဘုရင်ဖြစ်လာသည်။
ပရက္ကမဗာဟုနှင့် ပတ်သက်၍ နက္ခတ်ဗေဒင် ပညာရှင် များက သားတော်သည် သူရသတ္တိနှင့် ပြည့်စုံသည့် ကြီး ကျယ်ထင်ရှားသော ဘုရင်တစ်ပါး ဖြစ်လာပြီး လင်္ကာဒီပ တစ်ကျွန်းလုံးမျှကိုသာမက ဇမ္ဗူဒိပ် တစ်ကျွန်းလုံးကိုပင် အစိုးရသော ဘုရင်တစ်ပါး ဖြစ်လိာမ့်မည်ဟူ၍ ဟောကိန်း ထုတ်ကြသည်။ ယင်းဟောကိန်းကို သိရသောအခါ
ပိုလန္နရုဝဘုရင် ၀ိက္ကမဗာဟုသည် သားတော်လေး ပရက္ကမဗာဟုအား သူ့ထံသို့ ပို့ထားစေလိုကြောင်း၊သားတော် လေးကို သူ့သားတော် အရင်းကဲ့သို့ မွေးမြူကြည့်ရှုမည်ဖြစ် ကြောင်း၊ သူ၏ သားတော်နှစ်ပါးဖြစ်သည့် ဂဇဗာဟုနှင့် မဟိန္ဒတို့မှာ ထီးမွေနန်မွေ ခံထိုက်သူများ မဟုတ်ကြောင်း အကြောင်းကြားသည်။
ပရက္ကမဗာဟု မွေးဖွားလာပြီးနောက် မကြာမီ ကာလ အတောအတွင်းမှာပင် သူ၏ခမည်းတော် မာနာဘရဏ
ကံတော်ကုန်သွားသည်။ ထိုအခါ ထိုဘုရင်၏ ပြည်နယ် ဒက္ခိဏဒေသကို ကိတ္တိသီရိမေဃက အုပ်ချုပ်သည်။ ထိုအချိန်၌ သီရိဝလ္လဘသည် ရုဟုဏု ပြည်နယ်တစ်ခုလုံးကို စိုးမိုးအုပ်ချုပ်နေသည်။ ကိတ္တိသီရိမေဃသည်
ဘာနာဘရဏ ၏ မုဆိုးမ မိဖုရားနှင့် သားတော် သမီး တော်များကို ထိန်းသိမ်းစောင့်ရှောက်ထားသည်။ မိဖုရားကြီး သည် သားတော် သမီးတော်များနှင့် အတူတကွ ဘုရင် ကိတ္တိသီရိမေဃ၏ ထန်းသိမ်းစောင့်ရှောက်မှုအောက်၌ မဟာနဂဟုလသို့ သွားနေသည်။
သီရိဝလ္လဘ၏သားတော် ဘာနာဘရဏသည် ပရက္ကမဗာဟု ၏ နှမတော်အကြီး မိတြာနှင့် လက်ထပ်ထိမ်းမြားသည်။ မိတြာ၏မယ်တော် ရတနာဝလီ မိဖုရားကြီးက ယင်း လက်ထပ် ထိမ်းမြားခြင်းကို အပြင်းအထန် ဆန့်ကျင် ကန့် ကွက်သည်။ ယင်းသို့ ဆန့်ကျင်ကန့်ကွက်ခြင်းမှာ
ဘာနာဘရဏက အာရယန်မျိုးဖြစ်ပြီး သမီးတော်နှင့် လက် ဆက်သူမှာ ကလိင်္ဂမင်းမျိုးဖြစ်သောကြောင့် ဖြစ်သည်။ သားတော် ဘာနာဘရဏနှင့် သမီးတော် မိတြာတို့သည် မောင်နှမ၀မ်းကွဲ တော်ကြသည်။ ထိုအချိန်၌ လင်္ကာဒီပတွင် မောင်နှမ၀မ်းကွဲ လက်ထပ်ခြင်းကို ခွင့်ပြုထားသည်။
အာရယန်မျိုးနွယ်ကား မူလအိန္ဒိယမြောက်ပိုင်းသားများ ဖြစ်ကြသည်။ ၁၂ ရာစု၌ တောင်ပိုင်းအိန္ဒိယ ဒရာဗေဒိယန် တိုင်းပြည်များမှ မင်းဆက်သည် လင်္ကာဒီပမင်းဆက်နှင့် ဆက်သွယ်မှု ရှိကြသည်။ လင်္ကာဒီပ မင်းဆက်ဘုရင်များ သည် စောလနှင့် မဏ္ဍာယမင်းဆက်များနှင့် လက်ထပ် ထိမ်းမြားလေ့ ရှိကြသည်။
ပဏ္ဍယမင်းဆက်သည် သူတို့ကိုယ်သူတို့ သောမအမျိုး အနွယ်ဟု ပြောကြသည်။ ကလိင်္ဂမင်းဆက်နှင့် သောမမင်း ဆက်တို့ လက်ဆက်ခြင်းသည် ထူးသလို ဆန်းသလို ဖြစ်နေ သည်။ ထို့ကြောင့် ရတနာဝလီ မိဖုရားကြီးက သူ့သမီးတော် နှင့် ကလိင်္ဂမင်းဆက် လက်ထပ်ခြင်းကို ကန့်ကွက်ခြင်း ဖြစ် သည်။
လက်ထပ်ထိမ်းမြားခြင်း အစဉ်အလာအရ ပထမ၀ိဇယဗာဟု ၏ မြေးတော်၊ ဒုတိယ ၀ိက္ကမဗာဟု၏ သားတော် ဒုတိယ ဂဇဗာဟုသည် ကလိင်္ဂမင်းဆက် ဖြစ်သည်။ ပရက္ကမဗာဟု (ပထမ)ကမူ သူ၏ ကျောက်စာများ၌ သူသည် သူ၏ အဘွား ဘက် ဣက္ခာကုမင်းမျိုးဖြစ်ကြောင်း ရေးထိုးထားသည်။ ------
ဒုတိယ ၀ိက္ကမဗာဟုသည် နှစ် ၂၀ ကြာမျှ ထီးနန်းစိုးစံသည် ဟု ဆိုကြသည်။ ယင်းအဆိုအတိုင်း မှန်ခဲ့သော် ထိုဘုရင်၏ နန်းစံနှစ်သည် ခရစ်နှစ် ၁၁၃၁ မှ ၃၂ အထိ ဖြစ်မည်။ သူ၏သားတော် ဒုတိယ ဂဇဗာဟုသည် ခမည်းတော် ကွယ် လွန်သွားသောအခါ မိုလန္နရုဝ၏ ဘုရင်ဖြစ်လာသည်။ သူလည်း သူ့ခမည်းတော်ကဲ့သို့ပင် အရည်အချင်း ပြည့်ဝ သော ဘုရင်တစ်ပါး ဖြစ်သည်။
ဒက္ခိဏဒေသ၏ ဘုရင်မှာ ကိတ္တိသီရိမေဃဖြစ်ပြီး ရုဟုဏု၏ ဘုရင်မှာ သီရိဝလ္လဘ ဖြစ်သည်။ ယင်းညီနောင်နှစ်ပါးသည် ဂဇဗာဟုအား နန်းချရန် ပူးပေါင်းကြံစည်ကြသည်။ ဂဇဗာဟု ၏ စစ်တပ်ကို တံစိုး လက်ဆောင်ပေးပြီး မလိမ့်တပတ် လုပ်ကြသည်။ တစ်ပြိုင်တည်း မိမိတို့၏ တိုင်းပြည်များမှ ပိုလန္နရုဝသို့ ချီတက်ကြသည်။ ဂဇဗာဟုထံ တမန်တော် စေလွှတ်လျက် သူတို့၏ စိုးမိုးမှုကို လက်ခံရန် အကြောင်း ကြားသည်။ အင်အားအနည်းငယ်မျှသာ ရှိသော်လည်း
ဂဇဗာဟုသည် သူ၏ မှူးမတ်များနှင့် တိုင်ပင်လျက် မိမိထက် အင်အားသာသော ရန်သူကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက် သည်။
အကယ်၍ ပထမ ရန်သူတစ်ဦးအပေါ် အနိုင်ရရှိပါကနောက် ရန်သူတစ်ဦးကို တိုက်ထုတ်ပစ်ရန်မှာ မခဲယဉ်းတော့ဟု
တွက်ပြီးလျှင် ရုဟုဏု (ရောဟဏ) ဘုရင် သီရိဝလ္လဘအား ပထမ တွန်းလှန်တိုက်ခိုက်သည်။ ခဲခဲယဉ်းယဉ်း တိုက်ပြီး သည့် နောက်၌ ယင်းစစ်ပွဲတွင် ဂဇဗာဟု အနိုင်ရရှိသွားပြီး ရုဟုဏုဘုရင်သည် လက်ချည်း ပြန်ဆုတ်သွားရသည်။ တစ်ဖက်တွင် ဂဇဗာဟု၏ သေနာပတိက ကိတ္တိသီရိမေဃ ကို တိုက်ထုတ်ပစ်လိုက်သည်။
ပြည်တွင်းစစ် ပြီးဆုံးသွားကြသောအခါ ပြည်နယ်သုံးခုသည် စစ်တပ်ကို ဖြည့်တင်းလျက် အားမွေးနေကြသည်။ နိုင်ငံ၏ အဓိက၀င်ငွေကို စစ်တပ်အတွက် သုံးစွဲကြသည်။ စူဠ၀ံသ (စူဠ၀င်)၏ အဆိုအရ ယင်း ဘုရင်သုံးပါးတို့၏ ခေတ်ကာလ ၌ လင်္ကာဒီပတွင် ကြီးပွားတိုးတက်မှုလည်း မရှိပေ။ သာသနာ တော် ထွန်းကားပြန့်ပွားရေး အတွက်လည်း
ကြိုးစား အားထုတ်မှု မပြုလုပ်နိုင်ကြပေ။
ပရက္ကမဗာဟုသည် ငယ်စဉ်တောင်ကျေး ကလေးအရွယ် ကပင် သူ၏ဇာတိ မဟာနာဂဟုလ (ရောဟဏ)မှ ထွက်ခွာ ပြီး သူ၏ ဦးရီးတော် ဒက္ခိဏဒေသဘုရင် ကိတ္တိသီရိမေဃထံ ရောက်ရှိသွားသည်။ ဒက္ခိဏဒေသ၌ ပရက္ကမဗာဟုသည် ဆရာကောင်း သမားကောင်းများထံမှ ဘာသာစကား၊ စာပေ၊ ဓမ္မ၊ နိုင်ငံရေး၊ အကပညာ၊ ဂီတပညာ၊ အားကစား၊
စစ်ပညာတို့ကို သင်ကြားလေ့လာသည်။ ကိတ္တိသီရိမေဃ တွင် သားထောက်သမီးခံ မရှိပေ။ ထို့ကြောင့် ပရက္ကမဗာဟု အား သားအရင်းခေါက်ခေါက် တစ်ယောက်ကဲ့သို့ ပညာ သင်ကြားပေးပြီး အရည်အချင်း ပြည့်ဝသည့် ဘုရင်တစ်ပါး ဖြစ်လာစေရန် ကြိုးစားသည်။
ရောဟဏ (ရုဟုဏု)ဘုရင် သီရိဝလ္လဘ ကွယ်လွန်သွား သောအခါ သားတော် မာနာဘရဏသည် ရောဟဏ၏ ထီးနန်းကို ဆက်ခံစိုးစံသည်။ ယင်းကာလ မတိုင်မီကလေး တွင် မာနာဘရဏ၏ မိဖုရားကြီး မိတြာတွင် သားရတနာ တစ်ပါး ဖွားမြင်လာသည်။ ထို့နောက် တစ်နှစ်အကြာတွင်
ဒုတိယမိဖုရား ပဘာဝတီတွင်လည်း သားတော်တစ်ပါး ဖွားမြင်လာသည်။ ယင်းသားတော်၏ အမည်ကို ကိတ္တိသာရ ဟု မှည့်ခေါ်သည်။
ပရမက္ကမဗာဟုသည် ဆယ့်လေးနှစ်သားအရွယ် ရောက်လာ ပြီ။ ထိုအရွယ်ကပင် ရည်မှန်းချက်ကြီးသူ ဖြစ်နေသည်။ သို့သော်လည်း ကိတ္တိသီရိမေဃက သူ့အား မည်သည့်နည်း နှင့်မှ ဒက္ခိဏဒေသမှ ထွက်ခွာသွားဖို့ရန် လိုလားမည် မဟုတ်ကြောင်း သိရှိသည်ဖြစ်၍ နောက်လိုက်နောက်ပါ တချို့ကို ခေါ်ပြီး ဒက္ခိဏဒေသမှ လျှို့ဝှက်စွာ ထွက်ခွာသွား ရန် ပိုင်းဖြတ်လိုက်သည်။
ဂဇဗာဟု၏ စစ်တပ်အင်အားနှင့် ပတ်သက်၍လည်းကောင်း၊ အခြားအကြောင်းအရာနှင့် ပတ်သက်၍လည်းကောင်း၊ သားတော် ပရက္ကမဗာဟုသည် ကိုယ်တိုင် လေ့လာစုံစမ်းလို သည့်ဆန္ဒ ရှိနေသည်။ ယင်းအလုပ်ကို ယုံကြည်စိတ်ချရ သည့် သူလျှိုအထောက်များ စေလွှတ်လျက် လုပ်၍လည်း ရနိုင်သည်။ သို့ရာတွင် သားတော် ပရက္ကမဗာဟု သည် တစ်ဆင့်ကြားမဟုတ်ဘဲ မိမိကိုယ်တိုင် တွေ့မြင်သိရှိအောင် လုပ်မည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
အပိုင်း(၂၂) ဆက်ရန်

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်