နေကမွေးတဲ့လ


*********
အလို…
ဝင်း ၀ါရောင်အဆင်းနဲ့
ဟိုးအ မြင့်ထက်မှာ
လင်းအားကောင်းလှချည်လား
ရှင်နေမင်းရယ်။
အကျွန်ုပ်လေ အရှင့်ဆီက
အလင်းဓါတ်တွေ
အပူစွမ်းအားတွေစတဲ့ စတဲ့
အကျိုးကျေးဇူးတွေရရှိ
ခံစား စံစားနိုင်လို့
အကျွန်ုပ်ကိုပေးဝေငှ
ထွန်းလှစေလို့
ပျက်သုဉ်းမသွားတဲ့
လက်သုံးစကားလေးနဲ့
ရှေးရှုကာ ဖြေရှင်းလိုက်တော့
ကျေးဇူးပါ နေမင်း…။
အို…
ဖိုး ရွှေလမင်း
ငွေ သား အဆင်းနဲ့
ရှင်းသန့်သန့် တင့်လိုက်တာ
အသင်လည်းဝင်းဝါ
နေမင်းလို ဟိုးအမြင့်မှာပဲနော်။
အသင့်ကိုလည်း
ဘေးမခစေတဲ့
အေးမြဆောင်ကျဉ်း
အလင်းတွေပေးနေလို့
အလေးဂရုပြုကာ
ပြနှင်းတော့
ကျေးဇူးပါ လမင်း...။
စိတ်ကူးစေရာသို့
ဝေဒနာ နောက်ကလိုက်ရင်း(အကျွန်ုပ်) ဖြေရှာတွေးကြည့်ရသော်
အော်…နေ ကမွေးသည့် လ ပါလား…။
နေမင်း = လက်ဦးဆရာ မိဘနှစ်ပါးနှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအပေါင်း။
လမင်း = အကျွန်ုပ်>>> မွေးကျေးဇူး၊ ကျွေးကျေးဇူးရှင် လက်ဦးဆရာ မိဘနှစ်ပါး၊ ၀ိပဿနာအလင်း ဖြန့်ခင်းပေး ခဲ့သော၊ ဖြန့်ခင်းပေးဆဲဖြစ်သော၊ ဖြန့်ခင်းပေး လတ့္တံ သော ကိုဝင်းမြင့်၊မသိသေးသည်များ သိအောင် သွန်သင် ဆုံးမ နည်းပြပေးခဲ့သော၊ သွန်သင်ဆုံးမ နည်းပြပေး ဆဲ ဖြစ်သော၊ သွန်သင်ဆုံးမ နည်းပြပေးလတ္တံ့သော အကျွန်ုပ် ၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်း တို့အား ဤ ကဗျာလေးဖြင့် ၀ပ်တွားခယ မာန်ကိုချလို့ တလေးတစား ဦးတင်လျက် ပူဇော်လိုက်ပါရစေ။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်