သူတို့ သူတို့လေးတွေ ဘာတွေ ဘာတွေ


**********************
တပအကျင့်ကို ကျင့်နေကြတဲ့ ဂျိန်းဝါဒီများသူတို့တွေဟာ နိဗ္ဗာန်ကိုရှာဖွေနေကြတာပါ။ သူတို့တွေက ဂျိန်းဝါဒီတွေ ပဲပေါ့။
ဂျိန်းဝါဒီတွေရဲ့လမ်းစဉ်ဟာအတ္တကိုအခြေခံပြီး အတ္တကိလ မထာနုယောဂလမ်းနဲ့ တပအကျင့်ကိုကျင့်သုံး၍ နိဗ္ဗာန်ကို ရှာဖွေနေတဲ့လမ်းစဉ်ပါပဲ။ဗုဒ္ဓဘာသာမှာတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေးသုံးပါး၊ မဂ္ဂင်ရှစ်ပါးကိုအခြေခံ၍ မဇ္ဈိမပဋိပဒါလမ်းအတိုင်း သမထ၊ ဝိပဿနာအလုပ်နဲ့ နိဗ္ဗာန် ကိုရှာဖွေတဲ့လမ်းစဉ်ပါဖြစ်ပါတယ်။ဒါနဲ့ ဂျိန်းဝါဒ ရဲ့လမ်းစဉ်နဲ့ ဗုဒ္ဓဘာသာရဲ့လမ်းစဉ်ဟာ သုံးနဲ့လေးလိုကွဲပြားနေလေတော့ ပြဒါးတစ်လမ်း သံတစ်လမ်းလို ဖြစ်နေပါတော့တယ်။
မဇ္ဈိမဒေသ၊ အိန္ဒိယနိုင်ငံတော်ကြီးမှာ ဗုဒ္ဓနဲ့ခေတ်ပြိုင် တိတ္တိ ဆရာကြီး (၆)ဦးရှိခဲ့ပါတယ်။ အဲဒီခြောက်ဦးကတော့
၁။ ပုရာဏကဿပ
၂။ပကုဓကစ္စာယန
၃။အဇိတကေသကမ္ဗလ
၎။မဂ္ဂလိဂေါသာလ
၅။ သဉ္စယဗေလဋ္ဌပုတ္တ
၆။ နိဂဏ္ဍနာဋပုတ္တတို့ဖြစ်ကြပါတယ်။
သူတို့တွေမှာ ကိုယ်စီ အသီးသီး အယူဝါဒတွေ ရှိကြပါတယ်။ ပုရာဏကဿပရဲ့အယူဝါဒကတော့ တစ်ဦးတစ်ယောက် ပြုလုပ်တဲ့ ကောင်းမှု၊မကောင်းမှုတွေဟာ အဲဒီသူအပေါ်မှာ ပြန်လည်၍အကျိုးသက်ရောက်မှုမရှိဘူးလို့ခံယူပါတယ်။အဓိကတော့ကံရဲ့အကျိုးကိုပယ်တဲ့အယူဝါဒပါပဲ။ပကုဓကစ္စာယနကျတော့ လူဆိုတာဟာ ပထဝီ၊အာပေါ၊တေဇော၊ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးပါးတို့ရဲ့အစုအဝေး၊ အစုအပေါင်းဖြစ် တယ်လို့ လက်ခံယုံကြည်ပါတယ်။အဲဒီဓာတ်ကြီးလေးပါးဟာ အမြဲထာဝ ရတည်ရှိနေပြီး ဘယ်သောအခါမှမပျက်စီးနိုင်။ ဓာတ်ကြီးလေးပါးကို ဘယ်သူကမှလည်း ဖျက်စီးလို့မရဘူး လို့ ယုံကြည်ပါတယ်။ဥပမာ..လူတစ်ယောက်ကို အခြား လူတစ်ယောက်က ခေါင်းကို ဓားနဲ့ဖြတ်လိုက်တယ် ဆိုပါစို့၊ အဲဒီလိုပြုလုပ်တာဟာမကောင်းမှုဖြစ်တယ်လို့မဆိုနိုင်။ ခုတ်ပိုင်းလိုက်တဲ့ဓားဟာဓာတ်ကြီးလေးပါးအတွင်းသို့ကျရောက်သွားခြင်းသာဖြစ်တယ်။ဒါ့ကြောင့် ကောင်းမှုပြုလုပ် တယ်၊မကောင်းမှုပြုလုပ်တယ်ဆိုတာမရှိဘူးလို့ဆိုပါတယ်။ ကံကိုပယ်တဲ့ဝါဒဖြစ်ပါတယ်။
မဂ္ဂလိဂေါသာလဆရာကြီးကတော့ လောကကြီးမှာ အရာရာ ကို ကံကြမ္မာက ထိန်းချုပ်ထားတယ်။ ကံကြမ္မာရဲ့စီမံ ဖန်တီး တဲ့အတိုင်းဖြစ်ပေါ်နေကြရတယ်လို့ယူဆပါတယ်။ကံကြမ္မာကို မည်သူကမျှရပ်တန့်သွားအောင်မလုပ်နိုင်။ အရာရာကို ကံကြမ္မာက ဖန်တီးတယ်လို့ယူဆတဲ့ဝါဒပါပဲ။
သဉ္စယဗေလဋ္ဌပုတ္တ ကိုယ်တော်ကြီးကတော့ ငါးရှဉ့်လို အဖမ်း ရခက်တဲ့ အမရာဝိက္ခေပဝါဒကို ဆုတ်ကိုင်ထား တဲ့သူပါပဲ။ သူရဲ့ဝါဒကို သံသယဝါဒလို့ဆိုကြပါတယ်။ မေးမြန်းလာတဲ့ ပြဿနာမေးခွန်းတွေကို အတိအကျမဖြေ ကြားဘဲ ရှောင်ရှားလေ့ရှိတဲ့ ဝါဒဖြစ်ပြီး ဘယ်အဖြေကိုမျှ ဘယ်ဆုံးဖြတ်ချက်ကိုမျှ တိတိကျကျမှန်ပါတယ်လို့ မဆို တဲ့ ဝါဒဖြစ်ပါတယ်။
နောက်ဆုံးဆရာကြီးကတော့ နိဂဏ္ဍနာဋပုတ္တဖြစ်ပါတယ်။ သူဟာ ဂျိန်းဝါဒီတို့ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဂျိန်း ဘာသာမှာ ဘုရားရယ်လို့ထင်ရှားခဲ့တဲ့ပုဂ္ဂိုလ်တစ်ဦးပါ။ သူရဲ့ဝါဒကတော့ အတိတ်ကံရဲ့ အကျိုးဆက်ကို တပခေါ် မိမိကိုယ်ကိုညှဉ်းဆဲ့တဲ့အကျင့်နဲ့( ပစ္စုပ္ပန်ကံနဲ့) ဖယ်ရှား ပစ်နိုင်တယ်လို့ ယူဆတဲ့အယူဝါ ဒဖြစ်ပါတယ်။
ဂျိန်းဝါဒဟာ B.C 3000 မှာ အိန္ဒုမြစ်ဝှမ်းဒေသ ယဉ်ကျေး မှုမှ စတင်ပေါ်ပေါက်ခဲ့တယ် လို့ဆိုကြပါတယ်။ အချို့ကမူ ဂျိန်းဝါဒဟာဗုဒ္ဓနဲ့ခေတ်ပြိုင်ဝါဒတစ်ခုလို့ဆိုကြပြီး အချို့ဂျိန်း သုတေသီတွေကတော့ ဂျိန်းဝါဒဟာ ဗုဒ္ဓမတိုင်မီကတည်းက ပေါ်ပေါက်ခဲ့တဲ့ဝါဒဖြစ်တယ်လို့ဆိုကြပါတယ်။
ဂျိန်းဘာသာမှာ ဘုရားပေါင်း(၂၄)ဦးရှိခဲ့ပြီး ပထမဦးဆုံး ပုဂ္ဂိုလ်မှာ ရသဘဒေဝ ဖြစ်ပါတယ်။ B.C (၆)ရာစုမှာ ဗုဒ္ဓနဲ့ စင်ပြိုင်ပေါ်ထွက်ခဲ့တဲ့ နောက်ဆုံးပုဂ္ဂိုလ်မှာ တော့ မဟာဝီရ ခေါ် နိဂဏ္ဍနာဋပုတ္တ ပင်ဖြစ်ပါတယ်။
ဂျိန်းဘာသာမှာ (၂၄)ယောက်သောပုဂ္ဂိုလ်တွေကို တိသင်္ကာရ (Tirthankaras-people) လို့ ခေါ်ဝေါ်ကြ ပြီး သူတို့တွေဟာ အလုံးစုံကိုသိရှိကြတယ်လို့ဆိုပါတယ်။ သူတို့သိရှိထားတဲ့တရားတွေကိုလည်းလူသားတွေကိုဟောပြခဲ့ပါတယ်။ဒါ့ကြောင့်သူတို့လောက်တရားအားလုံးကိုထိန်းချုပ်နိုင်တဲ့သိနိုင်တဲ့အဆင့်မြင့်စွမ်းရည်နဲ့ ပြည့်စုံတဲ့ သူ တစ်ယောက်မျှ မရှိဘူးလို့ဆိုပါတယ်။ဂျိန်းဝါဒီတွေဟာ လူဝင်စား ဘဝကို ယုံကြည်ကြပါတယ်။ သူတို့တွေရဲ့ အသက်၊ လိပ်ပြာ၊ ဝိညာဏ်တွေဟာ ပဋိသန္ဓေနေခြင်း၊ သေခြင်း၊ ပြည်လည်မွေးဖွါးခြင်းဆိုတဲ့ သံသရာကြီး အတွင်း ထဲမှာ ပုံစံအမျိုးမျိုးနဲ့ဖြစ်ကြတယ်။ အဲဒီအသက်၊ လိပ်ပြာ၊ ဝိညာဏ်တွေဟာ ကမ္ဘာလောကြီးအတွက် လိုအပ်တဲ့ အရာ ဝတ္ထုတစ်ခုဖြစ်တယ်လို့ယုံကြည်ပါတယ်။ ဒီသံသရာ လောကကြီးဟာ အမြဲတမ်း ဆက်လက်ဖြစ်နေပြီး လောက ကြီးမှာ အစနဲ့ အဆုံးဆိုတာလဲမရှိ။အဲဒီလောကကြီးဟာ အမြဲတမ်းဖြစ်တည်နေ၍အမြဲတမ်းလည်းဖြစ်နေအုံးမှာပဲလို့ယုံကြည်ကြပါတယ်။
ဂျိန်းဝါဒီ တွေရဲ့ နောက်ဆုံးပန်းတိုင်ဟာ သူတို့တွေရဲ့ အသက်၊ လိပ်ပြာ၊ ဝိညာဏ်ပေါ်မှာကံတရားကိုဖယ်ရှား၊ ပယ်သတ်ရမယ်။ ဒါမှသာလျင် သံသရာကြီး အဆုံးသတ် မယ်ဆိုတာပဲ။ တချိန်မှာ အလုံးစုံကိုသိရှိပြီးတဲ့ သူတိုတွေ ရဲ့ဝိညာဏ်တွေဟာ အဲဒီပန်းတိုင်သို့ရောက်ရှိကြပြီး ကောင်း ရာသုဂတိ နိဗ္ဗာန်မှာ အမြဲတမ်း အနားယူရပ်တန့်သွားတယ် လို့ဆိုပါတယ်။ကံရဲ့အယူအဆဟာ အသက်၊ ဝိညာဏ် လမ်းစဉ်ကိုသယ်ဆောင်ပေးတဲ့အကြာင်းနဲ့အကျိုးဖြစ်ပြီး အဲဒီကံဟာအသက်ဝိညာဏ်နဲ့စပ်၍အကြောင်းအကျိုးတွေရဲ့ရိုးရိုးနည်းလမ်းပါပဲတဲ့။ဥပမာ..ဒီနေ့အတွက်လုပ်ဆောင်ချက်တွေဟာနောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ့်အကျိုးရဲ့ အကြောင်းပါပဲ။
ကံကိုပယ်သတ်၊ဖယ်ရှားဖို့နည်းလမ်းက ပညတ်တော်(၁၀) ပါး၊ သို့မဟုတ် သူတို့တွေရဲ့သမ္မာကျမ်းစာနဲ့ ကိုက်ညီတဲ့ ကောင်းတဲ့ စည်းကမ်းအနည်းငယ်ကို လိုက်နာရမယ်လို့ ဆို ပါတယ်။အဲဒီသမ္မာကျမ်းစာထဲမှာပါတဲ့ ဂျိန်းဝါဒီတွေ လိုက်နာ ရမယ့်အခြေခံနည်းလမ်းများမှာ…………
၁။ ဘဝအားလုံးကို ကန့်ကွက်ခြင်း၊ မလိုလားခြင်း( ငြိမ်းချမ်းခြင်း)
၂။ မဟုတ်မမှန်တဲ့စကားကို မပြောဆိုခြင်း
၃။သူတစ်ပါးသားမယားကို မပြစ်မှားခြင်း၊ မလွန်ကျူးခြင်း တနည်း အိမ်ထောင်ဂါရဝါသမပြုခြင်း
၎။စီးပွါးဥစ္စာတွေကိုကန့်သတ်ထားရှိခြင်းတို့ဖြစ်ပါတယ်။ဂျိန်းဝါဒီတွေဟာ သက်သတ်လွတ်စားမှု၊ စိတ်ထဲမှာ တည်ငြိမ် အေးချမ်းမှုလုပ်ငန်းတွေကိုလေ့ကျင့်၍အထက်ပါအခြေခံစည်းကမ်းတွေကို လိုက်နာကျင့်သုံးကြပါတယ်။ ကာမဂုဏ် ခံစားမှုကိုရှောင်ရှား၍ ရာဂကင်းအောင် အားထုတ်ကြပါ တယ်။ အမှားကိုဝန်ခံပြီး အမှား အပြစ်အတွက် ပပျောက် အောင်ကုစားမှုတွေပြုလုပ်ကြပါတယ်။ လူ့အဖွဲ့အစည်းမှ လွတ်လွတ်ကင်းကင်းနေထိုင်ကြပါတယ်။ ပစ္စည်းပိုင်ဆိုင် မှုတွေကိုလည်း စွန့်လွတ်ကြပါတယ်။
ဂျိန်းဝါဒီတို့မှာ
၁။ သွေတန်ဘရဂိုဏ်း
၂။ ဒီဂန်ဘရဂိုဏ်းဆိုပြီး ဂိုဏ်း(၂)ဂိုဏ်းရှိပါတယ်။
အဲဒီထဲမှာ သွေတန်ဘရဂိုဏ်းဟာ ပိုက်ဖြူစဝတ်တဲ့ ဂိုဏ်း ဖြစ်ပြီး ဒီဂန်ဘရဂိုဏ်းကတော့ အဝတ်မဝတ်တဲ့ဂိုဏ်းဖြစ်ပါ တယ်။ ( Jainism is one of the oldest religions known today and its origins lie in the country of India.)
ဂျိန်းဘာသာဟာ ယနေ့ ငါတို့သိရှိကြတဲ့ ရှေးအကျဆုံး ဘာသာတွေထဲက တစ်ခုဖြစ်ပြီး အဲဒီဘာသာရဲ့ မူရင်း ကတော့ အိန္ဒိနိုင်ငံအတွင်းမှာပဲ ရှိပါတယ်။ ဂျိန်းဝါဒဟာ အိန္ဒိယနိုင်ငံအတွင်းမှာ ရေပန်းစားတဲ့ ဘာသာတစ်ခုပါပဲ။ ဒါပေမဲ့ ဗုဒ္ဓဘာသာတွေအနေနဲ့ကတော့ တိတ္ထိဆရာကြီး(၆) ဦးတို့ရဲ့အယူအဆတွေဟာ မှားယွင်းတဲ့အတွေး၊ မှားယွင်း တဲ့နည်းလမ်းတွေဖြစ်တယ်လို့ ယူဆထားတာကြောင့် သူတို့တွေကို မိစ္ဆာဒိဋ္ဌိစာရင်းတွင် ထည့်သွင်းထားကြပါ တယ်။
Ref: General Facts about Jainism

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်