ငါ့ဘဝ

ဆင်းရဲပင်ပန်းခြင်းကြီးစွာ
ဘဝအမှောင်ညကိုဖြတ်သန်း
မနက်အရုဏ်ဦးရဲ့
ရောင်နီအလင်းကို
မျှော်လင့်ရင်းနဲ့ပေါ့
ပတ်ဝန်းကျင်အရာအားလုံးဟာ
လူသေမြှုပ်နှံထားတဲ့
သင်္ချိုင်းကုန်းတစ်ခုလိုပါပဲ
ဆင်းရဲနွမ်းပါးနေတဲ့ဘဝမှာ
ဖေးမကူညီမဲ့သူတွေဟာ
မြေကမ္ဘလာနှင့်လေဟာပြင်ပဲရှိခဲ့တယ်။
ဘဝအမောပြေနားဆင်လိုခဲ့တဲ့
ဘဝပတ်ဝန်းကျင်တွေရဲ့
ချိုလွင်အေးမြတဲ့
ဂီတသံစဉ်တေးသွားတွေပာာလည်း
ဘယ်ဆီဘယ်ဝယ်
လွင့်မျောပျောက်ကွယ်
သွားကြသလဲမသိဘူး။
အဲဒီနေရာမှာအစားထိုးဝင်ရောက်လာတဲ့
အသံအချို့ကတော့မကောင်းဆိုးဝါးတွေရဲ့
တီးကွက်မညီတဲ့သံစဉ်တေးသွားတွေပါပဲ
ဒါပေမဲ့ငါကတော့ဘဝအမှောင်ညရဲ့
ဝင်္ကဘာပတ်လမ်းထဲမှာ
ထွက်မြောက်ရာလမ်းပေါက်ကိုရှာရင်း
ဟိုမဝေးတော့တဲ့ဘဝနေ့သစ်တွေထဲက
အရုဏ်ဦးရဲ့ရောင်နီအလင်းကို
မျှော်လင့်ရင်းနဲ့
ငါခရီးဆက်လျောက်နေတုန်းပါပဲလေ။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်