********************
အိမ်ထောင်ပြုဖို့ စဉ်းစားမယ်ဆိုရင် မလွဲမသွေ ရှောင်ရမယ့် အချက်က
ကွာသုံးသွာ၊ ပါသုံးပါ၊ ချာသုံးချာပဲ။ ဒီသုံးပါး သုံးမျိုးကို ယောက်ျားလေး
ပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် မိမိနှင့် လက်တွဲမယ့် သူမှာ ပါလာရင်တော့
ဝေးဝေးက ရှောင်ပေတော့။
အဲဒီ သုံးမျိုးသုံးပါး ပါနေတာကို သိပါလျက်နဲ့ အသိဉာဏ် နည်းပါးလို့
ပဲဖြစ်ဖြစ်၊ အသိဉာဏ်ရှိပင် ရှိငြားသော်လည်း မိမိရဲ့ စိတ်အလို လိုက်လို့ပဲ
ဖြစ်ဖြစ်၊ မလွှဲမရှောင်သာလို့ပဲ ဖြစ်ဖြစ်၊ တဇွတ်ထိုး
လုပ်လိုတဲ့စိတ်ကြောင့်ပဲ ဖြစ်ဖြစ် ဘေးဖယ်ပြီး စဉ်း စားလို့
လက်တွဲလိုက်ပြီးရင်တော့ ဘ၀မှာ အမှားနှင့် တသက်လုံး ရင်ဆိုင်ရလိမ့်မယ်၊
အိမ်ထောင်သည် ဘ၀ရောက်ပြီးမှ အမှားကို ပြင်ပါရစေလို့ဆိုရင် နောက်ကျသွားပြီ၊
အိမ်ထောင်သည်ဘ၀ဟာ တခါရေးပြီးတိုင်း တခါဖျက်ပြီး အသစ်ပြန်ပြင် ရေးနိုင်တဲ့
ကျောက်သင်ပုန်း မဟုတ်ဘူးဆိုတာ သတိချပ်သင့်တယ်။
ကွာသုံးသွာ-ဆိုတာ
၁။ တိုင်းပြည်နှင့် လူမျိုး ကွာလျှင်
၂။ အယူဘာသာ ကွာလျှင်
၃။ စိတ်ဓာတ်ချင်း ကွာလျှင်-တို့ပဲ ဖြစ်တယ်။
၂။ အယူဘာသာ ကွာလျှင်
၃။ စိတ်ဓာတ်ချင်း ကွာလျှင်-တို့ပဲ ဖြစ်တယ်။
အပေါ် ၁-နှင့်-၂ က တိုင်းခြားပြည်ခြား လူမျိုးခြား နှင့် ဘာသာခြားပဲ
ဖြစ်တယ်။ တခြား တိုင်းတပါး သား၊ မိမိတိုင်းရင်းသား မဟုတ်တဲ့
လူမျိုးခြားနှင့် မိမိနှင့် ဘာသာ ကိုးကွယ်ရာ မတူတဲ့ ဘာသာခြား ကို
ယူမိရင်တော့ မိမိဟာ ကိုယ့်တိုင်းပြည်ကို စွန့် ရလိမ့်မယ်။ ကိုယ့်လူမျိုးရဲ့
ဓလေ့ဘာသာ ယဉ်ကျေး မှု ကို စွန့်ရလိမ့်မယ်။ အဆုံးစွန်ကတော့ နိဗ္ဗာန်
အဆုံးရှိသည့် ဗုဒ္ဓဘာသာမှ အခြားတပါးသော ဘာသာတခုခုကို ကူးပြောင်းရလိမ့်မယ်။
(မိမိက မပြောင်းရစေဦး မိမိက မွေးတဲ့ သားသမီးက စပြီး အစဉ်တစိုက်
ဘာသာခြားပြောင်းသွားရလျှင်) မိမိအဖို့ တဘ၀လုံးသာမက တသံသရာလုံး ရှုံးတာပါပဲ။
ဒါကြောင့် ဘာအကြောင်းပြချက်နှင့်မျှ တိုင်းပြည်နှင့် လူမျိုးကွာလျှင်
ဘာသာကွာလျှင် လက်ထပ်ဖို့ ဘ၀အဖော်အဖြစ် လက်တွဲဖို့ မစဉ်းစား ပါနဲ့။လူမျိုးတူ
ဘာသာတူပင် ဖြစ်စေဦးတော့ စိတ်ဓာတ်ချင်း ကွာလျှင်လည်း တမိုးအောက်မှာ
နှစ်ယောက်အတူနေဖို့ မစဉ်းစားပါနဲ့။ တယောက်က ရုပ်ရှင် ဂီတ စတဲ့ အပျော်အပါး
ကြိုက်တယ်၊ တယောက်က ၀ါသနာမပါဘူးဆိုလျှင် အကြိုက် မညီတာကြောင့်
သမီးရည်းစားဘ၀မှာ ဟန်ဆောင် အလိုလိုက်ပေးနေပေမဲ့ အိမ်ထောင်သည် ဖြစ်လာ
ပြီဆိုလျှင် အပြစ်မြင်လာမှာ သေချာတယ်။ အလားတူပဲ အခြားကိစ္စများစွာမှာ
အကြိုက်မတူ စရိုက်မတူတာတွေရှိလျှင် စောစောကတည်းက စဉ်းစားသင့်ပါတယ်။
အရက်ကြိုက်တဲ့ ယောက်ျား ကလေး တယောက်ဟာ ရည်းစားရှေ့မှာ မသောက် ပေမဲ့
ကွယ်ရာမှာ သောက်မှာပါပဲ၊ ငါ့ကို ချစ်လို့ အရက်တောင် မသောက်တော့ဘူးလို့
ထင်ရင် မှားပါလိမ့်မယ်။ ငါပြောတာ နားထောင်တယ်၊ ငါနှင့် ရပြီးရင် ပြင်ပြီး
ယူမယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဖန်တီး ပေးနိုင်တဲ့၊ အနိုင်ရနေတဲ့သူအဖြစ်
ထင်မိရင်တော့ အိမ်ထောင်မကျမီသာ ဟန်ဆောင်ထားတဲ့ မင်းသားခေါင်းအဖြစ်
တွေ့ရတော့မှာမို့ မိမိကိုယ် မိမိ အထင်ကြီးပြီး စိတ်ဓာတ်ချင်း စရိုက်ချင်း
မတူတဲ့ သူနဲ့ လက်တွဲဖို့ လုံးဝ မစဉ်းစားတာအကောင်းဆုံး ပါပဲ။
ပါသုံးပါ-ဆိုတာ
၁။ အနာရောဂါ ပါလာလျှင်
၂။ အကြွေး ပါလာလျှင်
၃။ အပိုစားမည့် (လူပိုတွေ) ပါလာလျှင်-တို့ပဲ ဖြစ်တယ်။
၂။ အကြွေး ပါလာလျှင်
၃။ အပိုစားမည့် (လူပိုတွေ) ပါလာလျှင်-တို့ပဲ ဖြစ်တယ်။
အနာရောဂါ ပါလာလျှင်ဆိုတာ ရှင်းပါတယ်။ နှလုံးရောဂါ အစရှိတဲ့ ရောဂါသည်တွေကို
သနားပြီး လက်ထပ်တာမျိုး၊ ယခုခေတ်တွင် AIDS ကဲ့သို့ ရောဂါမျိုးနှင့်
အခြားရောဂါကြီးမျိုး ရှိနေသူတို့ကို ဇွတ်မှိတ် လက်ထပ်တာမျိုးပါ။ ခေတ္တခဏ
နာဖျား မကျန်း မဟုတ်သော နာတာရှည်ရောဂါမျိုး ရှိသူတို့
အကျုံးဝင်ပါတယ်။အကြွေးပါလာလျှင်ဆိုတာ လက်မထပ်မီကတည်းက အကြွေးတင်နေလျှင်
သည်အိမ်ထောင်ဟာ အညွှန့်လူဖို့ အတော်ခဲယဉ်း သွားပါပြီ။ အကြွေးသဘာဝ ရိုးရိုး
ဆပ်ရသော အကြွေးနှင့် အတိုးပါ ဆပ်ရသော အကြွေးရှိတာမို့
အတိုးတက်အကြွေးမျိုးဆိုလျှင် အိမ်ထောင်သည် ဘ၀မှာ ပြေဖို့ ကြေဖို့ ခက်ပါပြီ။
ဤနေရာတွင် အကြွေးနှင့် ၀ယ်ယူ ၀တ်ဆင်တတ်တဲ့ အမျိုးသမီး တို့၏ စရိုက်ဟာ
အိမ်ထောင်သည်တို့ အတွက် ၀န်ထုပ်ဝန်ပိုးတခု ဖြစ်ပါတယ်။ ဒီလို မိန်းကလေးမျိုး
ကို ရှောင်သင့်ပါတယ်။အပိုစားမည့် (လူပို) ပါလာလျှင် အထူး သတိပြုသင့်ပါတယ်။
လူပိုပါလို့ ကျွေးမွေးနိုင်သည် ဖြစ်စေဦး၊ စကားပိုလာသည့် အတွက်
ရှင်းရတဲ့ပြဿနာက အဆိုးဆုံးပါပဲ။ လင်မယားနှစ်ယောက်ကိစ္စမှာ အတူလာနေမည့်
ညီ-ညီမ၊ အမေ အဖေက အစ အားလုံးဟာ စားသောက်ရုံသက်သက်နဲ့ ပြီးမသွားဘဲ စကားပို
တွေကြောင့် လင်မယားကြား စိတ်ဝမ်းကွဲပြီး ချစ်ခင် မှုကို ပျက်ပြားစေပါတယ်။
အိမ်ထောင်ပြုပြီးလျှင် အကောင်းဆုံးက နှစ်ယောက်တည်းနေဖို့ ဖြစ်နိုင် အောင်
အားထုတ်ဖို့ပါပဲ။ နှစ်ဖက်မိဘများ ရှိလို့ တဖက်ဖက်မှာ နေတာဟာ ကောင်းကျိုးထက်
ဆိုးကျိုးကို ဖြစ်စေမှာ သေချာပါတယ်။ ယောက်မ၊ ခယ်မ၊ ယောက္ခမ စတာတွေဟာ
တယောက်ကို တယောက် အကောင်းမြင်ခဲပါတယ်။ ဝေးဝေးက ပေးကမ်းနေပြီး အခါကြီး
ရက်ကြီးနှင့် တခါတရံသာ အတူနေသင့်တဲ့ ဥပဒေအရ (လူ့စည်းကမ်းအရ) တော်ရတဲ့
ဆွေမျိုး in-law တွေပါ၊ ဒါကြောင့် အပိုလူ ပါလာလျှင် အစောကြီးကတည်းက
နားလည်မှု ရယူပြီး မိမိဘ၀ မိမိနှစ်ယောက်တည်း ထူထောင်ဖို့
စဉ်းစားပြင်ဆင်သင့်ပါတယ်။( ချာသုံးချာ )အရေးအကြီးဆုံးဖြစ်တဲ့ ကိုယ်ရည်ကိုယ်
သွေးလို့ ဆိုရမယ့် (အထူးသဖြင့် အိမ်ထောင်ကို ဦးဆောင်မှု ပေးရမယ့်
အမျိုးသားများအတွက် အဓိကဖြစ်တဲ့) အချက်
ချာ သုံးချာဆိုတာ-
၁။ ပညာရေး ချာလျှင်
၂။ စီးပွားရေး ချာလျှင်
၃။ လူမှုရေး ချာလျှင်-တို့ပဲ ဖြစ်တယ်။
၂။ စီးပွားရေး ချာလျှင်
၃။ လူမှုရေး ချာလျှင်-တို့ပဲ ဖြစ်တယ်။
အချက် ၁-ပညာရေးက အဓိကပါပဲ၊
၁-ချာ လျှင် ၂-နှင့်-၃ က ကျိန်းသေ ချာမှာပါပဲ၊ (တခါတရံ လူမှုရေးတော်ပြီး ပညာနှင့် စီးပွားချာတာ ရှိတတ်ပေမဲ့ ခြွင်းချက်ပါပဲ) အဓိကမှာ ပညာပါပဲ။ ပညာဆိုရာမှာ အတန်းပညာက လူတယောက်ရဲ့ အသိဉာဏ်၊ အတွေးအခေါ်၊ ဆင်ခြင်တုံတရားနှင့် ကိုယ်ရည်ကိုယ်သွေးကို မြင့်မားစေတာမို့ ပညာ တတ်တယောက်ဖြစ်ဖို့ လိုပါတယ်၊ ပညာကို အဆင့် ဆင့် မခွဲဘဲ သုံးနှုန်းတာမို့ သက်မွေးဝမ်းကျောင်း ပညာ (ဥပမာ စက်ပြင်၊ ယာဉ်စက်ပြင်၊ လျှပ်စစ်ပြင်၊ မှစသော သက်မွေးပညာ တမျိုးမျိုး တတ်တာမျိုး၊ ရောင်းတတ် ၀ယ်တတ်တာမျိုးမှအစ) အကျုံးဝင်ပါ တယ်။ အဓိကမှာ ပညာ ဆုံးခန်းတိုင်သောသူ ဖြစ် ပြီး အသိဉာဏ် ဆင်ခြင်တုံ မြင့်မားတာမျိုး ဖြစ်လျှင် အကောင်းဆုံးပါပဲ၊ ပညာ ပြည်ဝသောသူ များစွာ ဟာ စီးပွားရေးမှာ ချာတာ နည်းပါတယ်၊ မချမ်းသာ ပေမဲ့ မဆင်းရဲပါဘူး၊ (ဘွဲ့ရတာချင်း တူလျှင် သက် မွေးဝမ်းကျောင်း ပညာဘွဲ့ ဖြစ်တဲ့ စက်မှု၊ ဆရာဝန်၊ လေကြောင်း၊ ရေကြောင်းသိပ္ပံ၊ သူနာပြု၊ စီးပွားရေး စတဲ့ ပညာတတ်များက အလုပ်ရတာ၊ ဘ၀ဖူလုံ တာ၊ ၀င်ငွေကောင်းတာ တွေ့ရမှာပါပဲ)။ပညာရေးနှင့် စီးပွားရေးဟာ ဆက်စပ်နေပါတယ်။ တခုမြင့်လာ လျှင် ကျန်တခုဟာ အချိုးတူ မြင့်လာပါတယ်။ တခု နိမ့်ကျနေလျှင် ကျန်တခု နိမ့်ကျဖို့ သေချာပါတယ်။ ပညာမတတ်ဘဲ ချမ်းသာနေတဲ့ လူတွေကို တွေ့ ရပေမဲ့ ပညာမတတ်ခဲ့လျှင် ငွေပင် ရှိစေဦးတော့ ပွဲလယ် မတင့်တယ်ပါဘူး။ ပညာနှင့် သက်မွေးဝမ်း ကျောင်းမှု မပြုဘဲ ချမ်းသာလာတဲ့သူ အများစုဟာ အနေအထိုင်၊ စရိုက်၊ ဟန်ပန်တွေမှာ ပညာတတ် သူကို မမီနိုင်ဘဲ ငွေပေါတာက လွဲပြီး အသိဉာဏ် နည်းတတ်ပါတယ်။

သက်တူ ရွယ်တူနှင့် ဘ၀တူများ ဆင်ခြင်နိုင်ကြရန် အကျိုးရှိသော စကားကို
ပြောရပါသည်။ အပြစ် တင်ခြင်းသည် အကျိုးမရှိပါ၊ ထို့ကြောင့် အပြစ်တင်
မည့်အစား ချစ်ခင်စွာ ဆိုအပ်သော ဤအကြောင်း များကို ဆင်ခြင်၍ အကောင်းကို
ရွေးချယ်နိုင်ပါစေ၊ အမှန်ကို တွေ့ပါစေဟု ဆုတောင်းပါသည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်