လင်္ကာ

လင်္ကာ

‘သဒ္ဓါ’ ‘ဝီရိ’၊ ‘သတိ’ ‘သမာ၊ ဓိ’ ‘ပညာ’၊ ငါးဖြာ ဣနြေ္ဒခင်း။ သုဒ္ဓါဘုံ ငါး၊ ထက်သူများ၊ ခံစား စဉ်တိုင်းသွင်း။

သဒ္ဓါလွန်သော အနာဂါမ်ပုဂ္ဂိုလ်၏ ပဉ္စမဈာန်ကုသိုလ်သည် အဝိဟာဘုံ(မိမိဘုံဌာနကို ခေတ္တခဏမျှ မစွန့်ကြဘဲ တည်နေကြသော ဗြဟ္မာတို့၏ နေရာ)၌ ပဉ္စမဈာန်ဝိပါက်စိတ်ကို ဖြစ်စေ၏။

ဝီရိယလွန်သော အနာဂါမ်ပုဂ္ဂိုလ်၏ ပဉ္စမဈာန်ကုသိုလ်သည် အတပ္ပာဘုံ(မည်သည့်အကြောင်းကြောင့်မျှ ပူပန်ခြင်းမရှိသော ဗြဟ္မတို့၏ နေရာ)၌ ပဉ္စမဈာန်ဝိပါက်စိတ်ကို ဖြစ်စေ၏။

သတိလွန်သော အနာဂါမ်ပုဂ္ဂိုလ်၏ ပဉ္စမဈာန်ကုသိုလ်သည် သုဒဿာဘုံ(ကြည့်ချင်စဖွယ်အလွန်ကောင်းသော ဗြဟ္မတို့၏ နေရာ)၌ ပဉ္စမဈာန်ဝိပါက်စိတ်ကို ဖြစ်စေ၏။

သမာဓိလွန်သော အနာဂါမ်ပုဂ္ဂိုလ်၏ ပဉ္စမဈာန်ကုသိုလ်သည် သုဒဿီဘုံ(သူတပါးကို ကောင်းမွန်စွာ ကြည့်ရှုတတ်သော ဗြဟ္မာတို့၏ နေရာ)၌ ပဉ္စမဈာန်ဝိပါက်စိတ်ကို ဖြစ်စေ၏။

ပညာလွန်သော အနာဂါမ်ပုဂ္ဂိုလ်၏ ပဉ္စမဈာန်ကုသိုလ်သည် အကနိဋ္ဌဘုံ(စည်းစိမ်ချမ်းသာ အလွန်အထက်တန်းကျသော ဗြဟ္မာတို့၏ နေရာ)၌ ပဉ္စမဈာန်ဝိပါက်စိတ်ကို ဖြစ်စေ၏။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်