ပေါက်တတ်ကရ

ဆိုရှယ်လစ်ဝါဒကို အရိုးစွဲအောင် ကျင့်သုံးကြသူ
ပြည်သူများက ရူးကြောင်မူးကြောင်
ဖြစ်ကုန်ကြပြီး ဒီမိုကရေစီစနစ် ပေါ်လာအောင်
ဆိုပြီး လုပ်နေကြတာ အနာနဲ့ဆေး ဝေးအောင်
ကိုယ်တိုင် သောက်သုံးနေကြလေရောသလား
@%&@%@
အတ္တကို ဂျိုတပ် မာယာကို အတောင်ပံခတ်
လောဘကို မြင်းလုပ်စီး သောကတွေ ပွားစီးနေတဲ့
အရင်းရှင်စနစ်ဆိုးက မြန်မာနိုင်ငံသားတွေ သဘောနဲ့
စစ်ကြောလိုက်ရင်ဖြင့် (အမယ်မင်း…)
ခွေးတွေကိုက်တဲ့အမှု ပြည်သူတွေပတ်ရှာလို့
ဒေါင်းမြန်မာ ခေါင်းပါပြာတယ် ဖင်မှာလေ အပြောင်သား
ရယ်နဲ့ …… ဒေါင်းကောင်ပမာ သဘောပါတယ်
ထုံပေပေ လူအများမှာက ယိုင်တိုင်တိုင် တဲနန်း
ထက်ဝယ် တကျွီကျွီမြည်တဲ့ ညောင်စောင်းသံက
တယောသံချို အလား ခွန်းဆိုမြွက်ကြားသလိုများ
ဘဝင်မှာ ပီတိပွားတယ် အဆီအအီမစား ရှောင်လို့ရှားမယ်
ရောတစ်နပ်အတွက် ဟောဒီငပိတခွက်ရယ်နဲ့ မြိန်ယှက်စွာ
လွေးကာပေးလိုက်တယ် ငကျွဲဆန်အလွန်ကောင်းတာမို့
သုံးထပ်လောက် ထည့်ကာကြိတ်ပြီး ခွေးနာတွေ ကိုက်ပွဲကို
ဖြင့် အားထည့်ကာ သြဘာပေးမယ် "သေလိုက်ကြစမ်း"
အကျင့်နှင့်မတော် စရိုက်နဲ့မလျော် ငတေမာ သာလို့
ကောင်းတဲ့ စနစ်ဆိုး ခွေးသူခိုးနဲ့ အပေါင်းအဖော်များရယ်က
ဒေါင်းအတောင်ကိုချိုး ဂျိုးငှက်လဲ မပျံသာအောင် ကြံဆောင်
ကာ သွတ်သွင်းကြလို့ ရွှေဗမာတွေ ခွေးမဖြစ်ကြရင်ဖြင့်
သခင်ဆရာအဘိုးမှိုင်းစကား တဆင့်ငှားလို့ ပြောရရင်
ခွေးနှစ်ကောင်ကိုက်တဲ့ ပွဲမှာ မဆီမဆိုင် အိမ်တိုင်
ချွတ်ရမှာက ရွှေနိုင်ငံ ပြည်သူအများသာမို့ သခင်ဆရာ
ငါမိန့်ကြားတယ် ဒေါင်းအလံလဲမြေခ စစ်ခရာလဲ ကြေမွ
သခင်မျိုးလဲ သေမှ ပြည်လဲပျက်မှာပ………
မှတ်ချက် ။ ။
ခွေးထီး ခွေးမတွေက တော်သလင်း
စစ်ဗျူဟာ မခင်းဘဲ ဆုံတွင်းကဆီ
လုလို့လျက်တယ် ခွေးကိုက်တဲ့ ပွဲ

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်