သမ္မာအာဇီဝ စီးပွားရေး ဆိုတာ ဘယ်လို စီးပွားရေးလဲ တွေးကြည့်ကြပေါ့
သမ္မာအာဇီဝ စီးပွားရေးဆိုတာ ကိုယ့်အသက် မွေးဝမ်း ကျောင်း မှုအတွက် စီးပွား
ရှာတဲ့ အခါ အဲဒီ စီးပွားရှာမှုကြောင့် ပတ်ဝန်း ကျင် လူ့အသိုင်းအဝိုင်း
အကျိုးယုတ် ထိခိုက် ညစ်နွမ်းမှု မရှိတဲ့ စီးပွားရေးကို သမ္မာအာဇီဝ
စီးပွားရေးလို့ အဓိပ္ပာယ် ဖွင့်ချင်တယ်။
ခိုးတာ လိမ်တာ ခေါင်းပုံဖြတ်တာ မသမာတဲ့နည်းနဲ့ စီးပွားရှာတာ လဒ်စား တာ မျိုးတွေကိုပဲပြောတာလား။
ယေဘူယျဆိုရင် အဲဒီလိုပဲ နားလည်ကြပါတယ်။ ဒါပေမယ့် ဘီယာ ဆိုင်တွေ။
အရက်ဆိုင်တွေ။ အနှိပ်ခန်းတွေ။ ဇိမ်ခန်းတွေ။ နိုက်ကလပ်တွေ။ ချဲဒိုင်တွေ။
လောင်းကစားရုံတွေ။ ဘောလုံးလောင်းကစားဒိုင်တွေ။ ဖော်ချွတ်ရှိုးပွဲတွေ။
အစသဖြင့်ပေါ့ -- အများကြီးပါ ။ လူထုပတ်ဝန်းကျင် အကျင့်စရိုက် စာရိတ္တ
ယဉ်ကျေးမှုတွေကို တဖြည်းတဖြည်း ဖျက်ဆီးတတ်ပါတယ်။ ဒီလို စီးပွားရှာတာတွေကို
သမာအာဇီဝ စီးပွားရေး လို့ ကျွန်တော်တော့ မသတ် မှတ်ချင်ဘူး။
အရက်သောက်တာ ဖြစ်စေ- လောင်းကစားလုပ်တာဖြစ်စေ- အပျော်အပါး
လိုက်စားတာဖြစ်စေ- ဒါလူတစ်ယောက်ရဲ့ အခွင့်အရေးပဲ။ ကြီးကြီး ကျယ် ကျယ်
ပြောရရင် လူ့အခွင့်အရေးပေါ့ ဒါကို မပိတ်ပင်သင့်ဘူး မဟုတ်လား။
အခု အမြဲလိုလို ကြားနေရတာ ``လူ့အခွင့်အရေး`` ``လူ့အခွင့်အရေး``
ဆိုတာကြီးနဲ့ ကိုင်ပေါက်နေပြီး ကိုယ်လုပ်ချင်တာ စည်းလွတ်ဝါးလွတ် လုပ်နေ
ကြရင် ကြားထဲက ``လူ့အခွင့်အရေး``ဆိုတဲ့ မွန်မြတ်တဲ့ စကားလုံးတောင်
ညစ်ပတ်သွားနိုင်တယ်။
ဥပမာ မိန်းမပျိုလေးတစ်ယောက်က သူ့ကိုယ်ပိုင်လွတ်လပ်ခွင့် လူ့အခွင့် အရေး
ဆိုပြီး မလုံမခြုံ အဝတ်အစားမျိုးဝတ်ပြီး အပြင်ထွက်မယ်။ ဒါကို
လူ့အဆင့်အတန်းမရှိတဲ့ တဏှာရူး တစ်ယောက်က အဓိပ္ပာယ် တစ် မျိုး ကောက် ပြီး
မြူဆွယ်တယ်လို့ သဘောထားကာ နောက်ကလိုက်မယ်။ ကံဆိုးရင်
ရာဇဝတ်မှုတောင်ဖြစ်နိုင်တယ်။ အဲဒီတော့ လူကြီးတွေက မဖြစ် သင့်တာ မဖြစ်အောင်
ကြိုတင်တားတဲ့အနေနဲ့ အဲဒီလိုမဝတ်နဲ့ ဝတ်ရင်
၁။ အန္တရာယ်များမယ်
၂။ကိုယ့်ကြောင့် ယောကျာင်္း လေးတွေ တဏှာထရင် ကိုယ်ပဲ အကုသိုလ် များမယ်
၃။ တကယ် တန်ဖိုးရှိ မြင့်မြတ်တဲ့ ယောင်္ကျားလေးတွေတိုင်း သိက္ခာနဲ့ အရှက်
တရားကို တန်ဘိုးထားတဲ့ မိန်းမသားမျိုးကိုပဲ ချစ်တယ်။ ဒါကြောင့် ဒီလိုတွေ
ဝတ်ရင် ကောင်းတဲ့ ယောင်္ကျားလေးတွေတော့ မရနိုင်ဘူး ယေဘုယျပေါ့နော်
အချောင်စားမယ့် ယောင်္ကျားမျိုးနဲ့ သာတွေ့ရတတ်တယ် လို့ ဆုံးမတဲ့အခါ-- သူ့ရဲ့
လူ့အခွင့်အရေးကို ချိုးဖဲ့တာလား သူ့အကျိုးတရားအတွက် ဆုံးမတာ လား ခွဲခြား
နားလည်သင့်တယ်။
ဒါဆို လူ့အခွင့်အရေးကို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုမလဲ။
``လူ့အခွင့်အရေး`` ကို စာတစ်ကြောင်း စာတစ်ပုဒ် ထဲနဲ့ ပြည့်စုံအောင်
အဓိပ္ပါယ်ဖွင့်ဖို့ မဖြစ်နိုင်ပါဘူး ။ အလွန်ကျယ်ပြန့်ပါတယ်။ ကျွန်တော်
ယုံကြည် ထားတာကတော့ မိမိနဲ့ မိမိပတ်ဝန်းကျင်ကို ထိခိုက်နစ်နာမှု
မရှိတဲ့အရာများ ကို လွတ်လပ်စွာပြောဆို ပြုမူ စည်းရုံး တာမျိုးကို
ခေါ်မယ်လို့ ယူဆပါ တယ်။ ကိုယ့်အိမ်ထဲမှာ ကိုယ်စားဖို့ ငရုပ်သီးကြော်ပေမယ့်
အဲဒီ အညှော်ဟာ ပတ်ဝန်းကျင်အိမ်က လူနာအတွက် အဆိပ်ဖြစ်တယ်လို့ သတ်မှတ်နေရင်
``ငါ့အိမ်မှာ ငါစားဖို့ ငါ့ဟာငါကြော်တာ ဘာဖြစ်လဲ`` ဆိုတာကို လူ့အခွင့်
အရေး လို့ မသတ်မှတ်ချင်ဘူး။
ဒါဖြင့် မလုံ့ တလုံ ဝတ်တဲ့အတွက်ရော ဘယ်သူ့ကိုထိခိုက်လို့လဲ။ ကိုယ်ကြိုက် လို့ ကိုယ်ဝတ်တာ မရဘူးလား။
အဝတ်အစားဝတ်တာပဲဖြစ်ဖြစ် အလှပြင်တာပဲဖြစ်ဖြစ် ကိုယ့်အတွက် မဟုတ်ဘူး။
တခြား ကြည့်တဲ့ သူတွေ အတွက်ပါ။ ကြည့်တဲ့သူတွေကလည်း အလွှာအမျိုးမျိုး
အဆင့်အတန်းအမျိုးမျိုး စရိုက်အမျိုးမျိုး အတွေး အခေါ် အမျိုးမျိုး ရှိမယ်။
မလုံမလဲ ဝတ်ထားတဲ့ကောင်မလေးတစ်ယောက်ကိုမြင်ပြီး----
``ဟား !!!!!! မိုက်တယ်ကွာ အလန်းဇယားလေးပဲ ------ တောက်။။`` မချင့်မရဲ နဲ့မြိုသိပ်ထားရတဲ့သူတွေ။
``ဟွန်း ကောင်မကိုယ်က အရှက်တရားကိုမရှိဘူး ကြက်မ ကျနေတာ ပဲ`` ဆိုတဲ့ဒေါသဖြစ်နေသူတွေ။
``ဟိတ် ရွှတ်---ရွှတ် အားရင် ဒို့နဲ့ လျှောက်လည်မယ် လိုက်မလား ``ဆိုတဲ့ သွေးတိုးစမ်းတဲ့ သူတွေ။
``အောင်မလေး နိုင်ငံများ မှားဆင်းလာသလားနော် မြန်မာမတွေတဲ့
တကယ်တည်း မပြောချင်ဘူး`` လို့ပွစိပွစိ လုပ်တဲ့သူတွေ အများကြီးးတွေ့ မှာပဲ။
သေချာတာကတော့ ကောင်းမွန်တဲ့စိတ်ထားနဲ့ `` ဟယ် ချစ်စရာလေး
````တော်တော် ချောတယ်နော်````ကြည့်စမ်း လှလိုက်တာ`` လို့ပြော မယ့် သူတော့
မရှိသလောက် နည်းမယ်။ဒါကြောင့် မြန်မာမိန်းကလေး ညီမ ငယ်တို့ကို လှလှပပ
လုံလုံခြုံခြုံ နဲ့ခေတ်မှီမှီ ဝတ်ပါ။ အကွဲ အပြဲ အတို အဟိုက် တွေတော့
ရှောင်စေချင်တယ်။
ကြည့်သောသူ အသက်ရှည်၏ ပြသောသူ ကုသိုလ်ရ၏
ဆိုတာတော့ မလုပ်ကြပါနဲ့။
ဆိုတာတော့ မလုပ်ကြပါနဲ့။
မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးဟာ ဂုဏ်သိက္ခာ အရှက်တရား အိနြေ္ဒ
ဥာဏ်ရည်ဥာဏ်သွေး ကျက်သရေရှိမှု တည်ငြိမ်မှု စတာတွေလို့ ယူဆ တယ်။
သာမန်ရုပ်ရည်နဲ့ဆိုရင်တောင် အဲဒီဂုဏ်တွေနဲ့ ပေါင်းလိုက်ရင် တန်ဖိုး
ရှိလာမယ်။ရွှေ ငွေ စည်းစိမ် ပညာ ဂုဏ်ပကာသန ဆိုတာတွေက ယောင်္ကျား
ပိုင်းလုံးတွေ အတွက်တော့ ဟုတ်ချင်ဟုတ်မယ် ယောင်္ကျားပီသတဲ့သူတွေ အတွက်တော့
အဲဒီင်္ အချက်တွေက အဓိက မကျဘူး။
ပကာသန တွေနဲ့ ပြည့်စုံတဲ့ သူဋ္ဌေးသမီး --ဒါပေမယ့် အကျင့်ပျက် စရိုက်
မကောင်းတဲ့ ပန်းပေါင်းစုံ စိုက်ပျိုးရာ ပန်းခြံကြီး ဆိုရင် ဘယ်ယောင်္ကျား
ကောင်း ယောင်္ကျားမြတ်မှ မသတီဘူး။ ။
ကောင်း ယောင်္ကျားမြတ်မှ မသတီဘူး။ ။
ဟုတ်တယ်နော် မှားရင်လဲ ပြန်ပြောခဲ့ဦး
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်