သမန္တလောင်းလျာ စက္ကပါ
ယခု မြို့ဟောင်းခေါ်သော သာဂရမြို့ကို
အုပ်စိုးသည့်
သမန္တရာဇာလောင်းလျာသည် အတိတ်အခါက
စက္ကပါလကျွဲမင်းဘ၀မှ အတ္တုပ္ပတ်ကို သတ်မှတ်တွင်ထွန်း ရွာမော်ကွန်းပါ
ဖော်ညွှန်းတင်ပြပါအံ့။
သမန္တရာဇာ လောင်းလျာသည် ဟိမ၀န္တာ
မဟာဂနိုင်
တောမြိုင်အတွင်းဝယ်
ဂေါတမရှင်တော်မြတ်စွာ
ပွင့်တော်မမူမီအခါ၌ မဟိံသကျွဲမင်း
တစ်ကြိမ်ဖြစ်ပြီးနောက်
ဂေါတမရှင်တော်မြတ်စွာ
လက်ထက်တော်အခါဝယ် “စက္ကပါလ”
ကျွဲမင်း တစ်ကြိမ် ဖြစ်ပြန်လေသည်။
ယင်းကျွဲမင်းသည် ပင်လယ်ရေငန်နှင့် ထိတွေ့ပေါက်ရောက်သည့် မြက်များကို
စားချင်သော အာသာဆန္ဒ ရှိလှ၍
တစ်နေ့ သ၌ ကျွဲမအပေါင်းချံလျက် တောင်ဘက်
သမုဒ္ဒရာကမ်းပါး၌
လာရောက်နေထိုင်လေ၏။ ယင်နေရာမှတဖန်
တရွေ့ရွေ့လာခဲ့ပြန်ရာ ထားဝယ်မြစ်
ဝ တစ်နေရာမှ အရှေ့ ဘက်ကမ်းသို့  ကူးသွားကြလေ၏။ ယင်းနေရာကို
“ကျွဲမင်းကုန်းရွာ”
ဟူ၍ ယနေ့ တိုင် ခေါ်ကြ၏။
ကျွဲမင်းကုန်းရွာမှ တဖန် အစားရှားပါလာသဖြင့် ကျွဲမင်းသည်
မိမိ၏ကြင်ဖော်
ကျွဲမအပေါင်းနှင့် ရွှေ့ ပြောင်းသွားက
တောအုပ် တစ်ခု ၌ ကျက်စားနေထိုင်၏။ ယင်းနေရာကို
“စက္ကပါလ’ ဟု ခေါ်တွင်လေသည်။ (ယခုအခါ
တောအုပ်အတွင်းဖြစ်၍ မထင်ရှားတော့ချေ။)
တစ်နေ့ သ၌ စက္ကပါလ
ကျွဲမင်းက “ငါ၏ခင်ပွန်းသည်
ကြင်ဖော်များ ဖြစ်ကြသည့် ကျွဲမများမှ
ကျွဲမကလေးများမွေးလျှင်
ငါမွေးမြူထားမည်။
ကျွဲထီးကလေးများမွေးက ငါ့အား သင်းတို
့ကြီးပြင်းလာလျှင် ရန်မူကြလိမ့်မည် ”
ဟု စိုးရိမ်ကြောင့်ကြသဖြင့် ကျွဲထီးကလေးများမွေးတိုင်း ဝှေ့ ခတ်သတ်လေ၏။
၁။ သားကျွဲထီးကလေးမွေးခြင်း
အခါတစ်ပါး ကိုယ် ၀န်ရှိသော ကျွဲမတစ်ကောင်က အကြံရသည်မှာ -“ငါ၌ သမီးမွေးလျှင်
တော်လေစွ၊ သားထီးမွေးမူ ကျွဲမင်း
ဝှေ့  သတ်လျှင် ငါ၌ သောကရောက်စရာ
အကြောင်းရှိပေသည်။
သို့ ကြောင့် ငါလျှို
့ ၀ှက်ပြီးမွေးမှတော်မည် ”
ဟုအကြံရကာ တစ်ခုသော
တောင်ခေါင်း၌ ပြောင်းရွှေ
့နေထိုင်လျှက်
ကျွဲထီးကလေးမွေးပြီး ၀ှက်ထားလေ၏။ ယင်းနေရာကို
“သားဝှက်ဂူ ” (၀ါ) “သားဝှက်ကုန်း ” ဟူ၍ ယနေ့ တိုင်
ခေါ်တွင်လေသည်။
ယင်းကျွဲထီးကလေးသည် တစ်နေ့
တခြား ကြီးပြင်းလာသဖြင့် လေကဲ့သို့ 
လျင်မြန်စွာ ပြေးစွမ်
းနိုင်သောကြောင့်
ထားဝယ်အခေါ် “ကျွဲလေသား”
(ကျွဲလေကလေး)
ဟူ၍ အမည်တွင်လေ၏။
ယင်းနောက် မိခင်ကျွဲမကြီးက အကျိုးအကြောင်း ပြောပြရာ
ဖခင်ကျွဲမင်းအား စိတ်နာသဖြင့် ခြေရာချင်း
တူမျှက
အဖအား ခုခံမည်ဟု လျှို
့ ၀ှက်စြွာ ဖင့် အဖ၏ ခြေရာကို
အစဉ်မပြတ် တိုင်းထွာလေ့ရှိ၏။ သို
့နှင့် ခြေရာချင်း တူမျှလာရကား
မိမိနေရာ ဂူမှထွက်၍
အဖကျွဲမင်းပိုင် နယ်နိမိတ်မှ အပဖြစ်သည့်
တောင်ကုန်းတစ်ခုသို့ 
သွားရောက် ကျက်စားနေထိုင်လေ၏။
ယင်းတောင်ကို “ကျွဲရိုင်းတောင် ” ဟု ယနေ့ တိုင်
ခေါ်တွင်လေ၏။
များမကြာမီ အဖ စက္ကပါလကျွဲမင်းသည် မိမိပိုင်နယ်အစပ်၌ ကျွဲရိုင်းတစ်ကောင် ပေါ်ပေါက်ကျက်စား နေကြောင်း
ကြားသိလေလျှင်
ဒေါသအမျက်ခြောင်းခြောင်းထွက်ကာ
ဝှေ့ သတ်ရန်အကြံဖြင့် ကြင်ဖော်များနှင့် သမီးအခြံအရံများကို
ထားခဲ့ပြီး ခွဲခြားနေသောတောင်ကို “ခွဲခြားတောင် ” ခေါ်တွင်ရာမှ ယခုအခါ “ခွဲခြမ်းတောင် ” ဟု ခေါ်ကြလေသည်။
(ယင်း “ကွဲခြမ်းတောင် ”
ကား ထားဝယ်မြို့မှ အရှေ့ တောင်ဘက် တန်ခိုးကြီးသော ရွှေမုတ္ထီး
ဘုရားကြီးနှင့်
မနီး,မဝေးဖြစ်လေသည်။)
တစ်နေ့ သ၌ သား,အဖ တွေ့ဆုံကြ၍
အချိန်အတော်ကြာကြာ ဝှေ့  ခတ်နေကြရာ
အဖကျွဲမင်းမှာ အိုမင်း မစွမ်းရှိသဖြင့်
မောပန်းမြောမေ့ (အု )လျက်
လဲနေလေ၏။ ယင်းနေရာကို “ကျွဲမင်းအု ” ခေါ်ရာမှ
ယခုအခါ “ကျွဲမင်းအူ ”
ဟူ၍ ခေါ်ကြ၏။
ယင်းနေရာကား ရွှေမုတ္ထီးဘုရားကြီးသို
့မရောက်မီ ကနိုင်းတာရွာအနီး
လယ်ကွင်း၌ ရှိ၍ “ကျွဲမင်းအူကွင်း”
ဟု ခေါ်ကြ၏။
(“အု ”
ဟူသော
ထားဝယ်စကားမှာ မြန်မာလို “မြောမေ့သည် ” ဟု ဆိုလိုသည်။)
သားလည်း အဖကျွဲမင်း သေပြီထင်၍
မိမိနေရာသို့ ပြန်သွားစဉ် တအောင့်လောက်ကြာလျှင် ကျွဲမင်း သတိရလာကာ
ဒေါသထွက်ကာ သားအား အမြန်လိုက်လေ၏။ သားသည်
အဖလိုက်လာမှန်းသိဖြင့် ထားဝယ်မြစ်
သို့  ဆင်း၍
အနောက်ဘက်ကမ်းသို့  ကူးပြေးလေ၏။
၂။ လောင်းလုံမြို့ 
အဖကျွဲမင်းလည်း မြစ်ကိုကူးကာ နောက်ဘက်ကမ်းသို့  တက်လိုက်ရာ သား
အဖ တွေ့ဆုံပြီး ထွေးလုံး
ဝှေ့  ခတ်ကြပြန်ရာ ယင်းနေရာကို “ထွေးလုံး” ခေါ်ရာမှ
ယခုအခါ “လောင်းလုံး”မြို့ဟု ခေါ်ကြ၏။
ယင်းလောင်းလုံးမြို့ကား
ထားဝယ်ခရိုင်တွင်
မြို့ပိုင်ရုံးစိုက်ရာ မြို့ကလေးတစ်မြို့ပင် ဖြစ်ပေသည်။
ယင်းသို့ သား အဖ
ထွေးလုံးဝှေ့  ခတ်ကြရာတွင်
အဖကျွဲမင်းမှာ မစွမ်းနိုင်တော့သဖြင့် မောပန်း၍
ပြန်လာသောနေရာကို “ပြန်ထိန် ” ယခု “ပြင်းထိန်ရွာ” ဖြစ် ပေသည်။
ယင်းမှတဖန် ရွေ့ရွေ့ပြောင်းရွှေ
့ကာ ပြေးရှောင်လာသော နေရာကို
“ပြေးရှောင် ” ယခုအခါ “ပိန်းရှောင်ရွာ”
ဟုခေါ်ဝေါ်ကြလေသည်။
စက္ကပါလကျွဲမင်းက “ငါသည် ဤသို
့ဘေးဒုက္ခဖြစ်ရခြင်းကား
ငါ့ကြင်ဖော်
ကျွဲမယုတ်တစ်ကောင်ကြောင့်
ငါ့သားသည်
ငါ့အား ရန်မူခြင်း ဖြစ်ပေသည်။
သင်းတို့  ကျွဲမပေါင်းကို စွန်
့ခွာကာ တစ်ကိုယ်တည်း သင့်တော်ရာမှာနေမှ တော်မည် ” ဟု
အကြံရလျက် မြောက်စူးစူးသို့  ရှေးရှုသွားပြီး ကျွဲမင်းရပ်တန့်  နားနေလေ၏။ ယင်းနေရာကို
“မင်းရပ်ရွာ” ဟူ၍ ယနေ့ တိုင်
ခေါ်ကြ၏။
ယင်းမင်းရပ်ရွာမှ တဖန် ကျွဲမင်းသည်
မြောက်စူးစူးသို့ရှေ့ရှုသွား
ပြန်ရာ ပင်လယ်ကမ်းပါးအနီးသို
့ရောက်လတ်သော်
ပင်ပန်းသဖြင့်
တောင်ကုန်းတစ်ခုပေါ်သို့ တက်၍ အင်းတစ်ခု၌
နားနေ အပန်းဖြေလေ၏။ ယင်းနေရာကို
“ပင်းတက်အင်းရွာ”
ဟူ၍ ယနေ့ တိုင် ခေါ်ကြလေ၏။
(ယင်းပန်းတက်အင်းရွာကား
မောင်းမကန်
ပင်လယ်ကမ်းခြေအနီး၌
စည်ကားထင်ရှားသော ရွာကြီးတစ်ရွာ
ဖြစ်ပေသည်။)
ပန်းတက်အင်းရွာမှ
တဖန်မြောက်ဘက်သို့
ရှေးရှုသွားပြီး
ကုန်းမြင့်တစ်ခုပေါ်၌ စခန်းချ၍ နားနေလေ၏။
ယင်းနေရာကို “ကုန်းမြင့်ချောင် ” ဟု ခေါ်ကြလေသည် ။
ယခုအခါ မထင်ရှားတော့ချေ။
နဘုလယ် စက်တော်ရာ ဘုရားသမိုင်း
အထက်က ပြဆိုခဲ့ပြီးသည့် ဝေမိဿကတောင်
(ကနန်းတောင် )၀ယ် ဂ၀ံပတေ့ရသေ့၊ ဒူရကနတ်သား၊
ကုမ္ဘဏ္ဍပ်နတ်ဘီလူးတို့  အား
အသီးသီး
ဗျာဒိတ်ကြားတော်မူပြီးနောက်
ရှင်တော်မြတ်စွာသည် ညီတော်အာနန္ဒာ
နှင့်တကွ (ယခု နဘုဘယ်ရွာအနီး) သု
ဝဏ္ဏဂိရိ သု ၀ဏ္ဏတောင်ကုန်း၌
ရပ်တော်မူပြန်လေ၏။
၁။ လက် ၀ဲ ခြေတော် ရာတစ်ဆူ
ချတော်မူခြင်း
ယင်းအခါ ရှင်တော်မြတ်စွာသည် အနာဂတံ
ရွှေဉာဏ်ဖြင့် သိမြင်တော်မူ၍ ပြုံးတော်မှု၏။ ညီတော်
အာနန္ဒာ
လျှောက်တင်လျှင် “ချစ်သား အာနန္ဒာ ဤစက္ကပါလကျွဲမင်းသည် ငါဘုရား၏
အထောက်အပံ့ကိုရ၍ ငါဘုရားအား
မြေဇာမြက်ဖြင့် လှူဒါန်းရသော အကျိုးကြောင့် နတ်ပြည်၌
စုတေ၍ တဖန် လူ
့ပြည်၌ြ ဖစ်ပြီးလျှင်
သက္ကရာဇ် ၁၁၃-ခုနှစ်တွင် မင်းအဖြစ်ကို ရလတံ
့၊ ယခု ငါဘုရားကြွသွားလျှင် ဤကျွဲမင်းသည်
နှလုံးမသက်သာ၍ မကြာမီ
လူ့ ပြည်၌
စုတေလတံ့၊ ငါဘုရားအား အာရုံမပြတ်
အမှတ်ရစေခြင်းငှာ ဤရှင်းသန့် သောတောင်ကုန်း၌ ခြေတော်ရာ
တစ်ဆူကို
ချထားတော်မူအံ့ ”
ဟု မိန့်  ကြားတော်မူပြီး လက် ၀ဲခြေတော်ရာ တစ်ဆူကို
ချထားတော်မူခဲ့ပြီး ဘုရားရှင်
ကြွသွားတော်မူလေ၏။
စက္ကပါလကျွဲမင်းသည် ဘုရားရှင်အား အကြိမ်ကြိမ်
မြေဇာမြက်ဖြင့် လှည့်လည် ဖူးခြင်းကြောင့် “ဖူးလည် ”
(၀ါ) “ဖူးလယ် ” ခေါ်ကြရာမှ ယခုအခေါ်
အခေါ်ပျက်ပြားသဖြင့် “နဘုလယ်ရွာ” တွင်လေသည်။
ဘု ရားရှင်ကြွသွားတော်မူပြီးနောက်
စက္ကပါလကျွဲမင်းသည်
ဘုရားရှင်၏ ခြေတော်ရာကို နေ့ စဉ်ဦးတိုက်
ပူဇော်ကန်တော့လေ၏။ ဘုရားရှင်၏
တရားဓမ္မ အဆုံးအမကို နားယူကာ
အစာရေစာ မစားသောက်ဘဲ ကျင့်နေရာမှ
ယင်းနေရာ ကျောက်ထက်တွင် နောင်ကာလ
ရှည်ကြာလတ်သော်
သတိအမှတ်ရစေခြင်းငှာ အဓိဋ္ဌာန်လျက်
ကျွဲမင်းခြေရာ ချထားခဲ့ပြီးလျင်
ကွယ်လွန်လတ်သော် နိမ္မာနရတိနတ်ပြည်၌
ဖြစ်လေ၏။
နဘုလယ်ခြေတော်ရာနှင့် မနီး မဝေး
တောင်ကုန်းပေါ်၌
စက္ကပါလကျွဲမင်း၏ ခြေရာလည်း ယနေ့ တိုင်
ထင်ရှားရှိလေသည်။
နှစ်စဉ် ကျင်းပပြုလုပ်သည့် တပေါင်းလပြည့်
ဘုရားပွဲတော်လည်း အလွန်ကြီးကျယ်
စည်ကားလေသည်။
၂။ ရေဖြူမြို့ 
ယင်း နဘုလယ် စက်တော်ရာဘုရားကား ထားဝယ်မြို့မှ မိုင်
၂၀-ကျော်ခန့်  ကွာဝေးသဖြင့်
ထားဝယ်မြစ်
အနောက်ဘက်ကမ်းမှ ယခုအခါ
မော်တော်ကားလမ်း ဖောက်လုပ်ထားရှိလေသည်။
စက်တော်ရာ ဘုရား တည်ရှိသည့်
နဘုလယ်ရွာကား အိမ်ခြေများစွာ စည်ကားသော
ရွာကြီးတစ်ရွာဖြစ်၍
ရှေးခေတ်အခါက မြို့ပိုင်ရုံးစိုက်သည့် မြို့ငယ်ကလေးမြို့ ဖြစ်ခဲ့ဖူးလေသည်။ နောင်သောအခါ
ခရီးလမ်းပန်း
အဆက်အသွယ်
အခြေနေမကောင်းသဖြင့်ယင်းနဘုလယ်မှ
အရှေ့ဘက် ၁၀-မိုင်ခန့်
ရေဖြူရွာသို့ြေ ပာင်းရွှေ့ ရုံးစိုက်သည်မှာ
ယနေ့ အထိပင် ဖြစ်ပေသည်။ ရေဖြူမြို့ကား
ထားဝယ်မြို့မှ ၁၃-မို င်
ခရီးအကွာထားဝယ်နှင့် ရေးမြို့
သွား မော်တော်ကားလမ်းအနီး ထားဝယ်မြစ်အနောက်ဘက်ကမ်းတွင်
တည်ရှိလေသည်။
စုမဒ္ဒီဒေ၀ီမိဖုရား
သားတော်မွေးဖွားခြင်း
ကောဇာသက္ကရာဇ် ၉၇-ခုနှစ်၊ ဦးတန်ခူးလပြည့်ကျော် ၆-ရက်
သောကြာနေ့ နံနက် ၆-နာရီကျော်
အချိန်တွင်
လူ့ပြည်၌ ဖွားမြင်ရာ သောကြာနေ့ ဖွားမြင်၍ “သမန္တမင်းသား” ဟူ၍ အမည်တွင်လေ၏။
သမန္တမင်းသား ၇-နှစ်အရွယ်
ရောက်လတ်သော် ပညာ သင်ကြားရန် ဆရာတော်များထံ
အပ်နှံလေ၏။
၁။ ဘူမိဒေ၀နဂရမြို့ ၌
ကောင်းကင်နိမိတ်ပြခြင်း
ညဥ့်အခါ ကောင်းကင်၌ ကြာသပတေး ကြယ်တံခွန်
ပေါ်ထွက်လာသဖြင့် လူအများ
အုတ်အုတ် ကျက်ကျက်
အံ့သြစွာနှင့် ကြည့်ရှုကြပြီး အမျိုးမျိုးအဖုံဖုံ ပြောဆိုကြလေ၏။ ကလေးများကလည်း
လမ်းလျှောက်၍ တေးသီချင်း
ဆိုကြသည်မှာ -
“မောင်မယ်စုံတို့ 
ကြည့်ရှာကြအများ၊
ညဥ့်ခါ ညဥ့်ခါ၊ ငွေလ ရယ်သာ၊
သာပါသော်ကော၊ ပျို အို မမော။
မိုးပေါ်လွှတ်တဲ့ ကြယ်တံခွန်၊
ငါတို့ အရှင် အရွယ်လွန်၊
ဝေးတော့ရီဖြုန်း၊ ဝေးနော့ -ပြေးရော့။
ဒို့ ရှင် ဒို
့ဖိုး - ကြည့်လို
့မဆုံး ”။
ဟူ၍ သီဆိုကြလေသည်။
ယင်းကြယ်တံခွန်ကြီးသည်
တစ်လခွဲလောက် ကြာရှည်စွာ ကောင်းကင်နိမိတ်ပြပြီး ပျောက်ကွယ်သွား
လေ၏။
၂။ သားတော် သမန္တမင်းသားအား
ထီးနန်းလွှဲအပ်ခြင်း
ကြယ် တံခွန်ကြီး
ထွက်ပေါ်ခြင်းအကြောင်းကို
ဘုရင်မင်းမြတ်က
စိုးရိမ်မကင်းသဖြင့်
အကြောင်းအကျိုးကို
သိရှိရန် ပညာရှိ အမတ်ကြီးများအား မေးတော်မူရာ
ရှေ့ မီနောက်မီ
အမြော်အမြင်နှင့် ပြည့်စုံသော ပညာရှိ
အမတ်တစ်ဦးက ရဲဝံ့စွာ သံတော်ဦး တင်လျှောက်သည်မှာ -“မှားလျှင်လည်း
အသက်ဘေးချမ်းသာပေးတော်မူပါ၊
မှန်လျှင်လည်း
ယူတော်မူပါဘုရား - ရွှေနားဆင်
တော်မူပါ။ ဤကြယ်တံခွန်ကြီး၏ တိတ်နိမိတ်အလိုကို ထောက်လိုက်သော် ကလေးများ
တေးတပေါင် သီဆိုကြရာတွင်
နောက်ပိတ်ဆုံး တေး အစသတ်တွင်
“ကြည့်လို့ မဆုံး ” ဟူ၍ ဆိုခြင်းကို
ပြောင်းပြန်ကောက်ယူ လိုက်က “ဆုံးခန်းခြင်း”
ဟူသည်အရ ဘုရင်မင်းမြတ်ကြီး၏ ဘေးအန္တရယ်ရောက်ဖို့ ရာ
ကြုံကြိုက်သည့်ကိန်း ဖြစ်ကြောင်းပါဘုရား ။”
ဘုရင်မင်းမြတ်က
မျက်နှာညိုးငယ်စွာဖြင့်
နောက်ထပ် မေးတော် မူပြန်သည်မှာ
- “အမတ်ကြီး
ဤကဲ့သို့ သော အကြောင်းအတွက်
မည်ကဲ့သို့  ကျိ န်ချေရပါမည်နည်း။”
“မှန်လှပါဘုရား၊ ကုသိုလ်ဒါန
လှူဒါန်းကျွေးမွေးတော်မူပါက
ကိုယ်တော်နှင့် ထပ်ကြပ်မကွာ
နိဗ္ဗာန်ဘုံသို့  လွယ်ကူစွာ ပါနိုင်ပါမည်
ဘုရား။”
“ငါအရှင်မြတ်နှင့် အမတ်ကြီးများ
အောင်သာဂရရွာကြီးက ပြောင်းရွှေ့ လာသောအခါ
ရှေးဦးစွာ
စခန်းချသောနေရာ တောင်ကုန်း(ယခု ညင်းထွေးရွာအနီး)၌ ရသေ့ , ရဟန်းများအတွက် ယခု ၀ါဆိုလလည်းဖြစ်၍
ဝါဆိုကျောင်းအမှတ်
ဆောက်လုပ်လှူဒါန်းလိုသည်
ဖြစ်၍ ဗိသုကာများအား အမြန်ဆောက်လုပ်စေရမည် ” ဟူ ၍
အမိန့်တော် မှတ်လေ၏။
ဘုရင်မင်းမြတ် အမိန့် တော်အရ
၇-ရက်အတွင်း ၀ါဆိုကျောင်း ဆောက်လုပ်ပြီးလျှင် ရသေ့ , ရဟန်း များအား
ပင့်ဖိတ်ပြီး လှူဖွယ် ၀တ္ထု အစုစုတို
့နှင့်တကွ ရေစက်သွန်းချ
အမျှပေးဝေလေ၏။ ယင်းအခါ ငလျှင်လှုပ်လေ၏။
(ညင်းထွေးရွာတွင် ရှေးက အဆက်မီလိုက်ကြသော သံဃာတော်
အရှင်သူမြတ်တို့ သည် “၀ါဆိုကုန်း” ဟူ၍
ခေါ်ဆိုကြရာ ယခုတိုင် ရှိလေသည်။)
ယင်းနောက် ဘုရင်မင်းမြတ်သည် သားတော်
သမန္တမင်းသားအား
ဆရာတော်အရှင်သူမြတ်များထံမှ
အခွင့်တောင်းပြီး ခေါ်ယူလျက်
ထီးနန်းစည်းစိမ်ကို ယာယီလွှဲအပ်ကာ
ဥပုသ်ဆောင် ၀င်တော်မူလေ၏။
“ပဟိုရ်နောင်ဒိုင်း၊
ကြေးစည် ၀ိုင်းနှင့်။
ပတ်ဆိုင်း ပတ်သာ၊ အငြိမ့်ရှာလို့  ”
–
ဟူသော သံချပ်ကို အတိုင်အချနှင့် ကလေးများ
လမ်းလျှောက်သီဆိုကြပြီး
များမကြာမီပင် ဆင်ဖြူရှင်
မဟာရိန္ဒမင်းမြတ်သည် စည်းစိမ် ၂၃-နှစ်၊ သက်တော် ၇၀-ပြည့်တွင်
နတ်ရွာစံ ကံတော်ကုန်ရှာလေတော့၏။
ယင်းနောက် ၂-နှစ်ကျော် အချိန် တွင်ပင် စုမဒ္ဒီမိဖုရားလည်း နတ်ရွာစံ
ဝင်တော်မူရှာလေသတည်း။
သားတော် သမန္တမင်းသားလည်း ခမည်းတော်၏
ထီးမွေနန်းမွေ ဆက်ခံ စိုးစံအုပ်ချုပ်လေ၏။
သာဂရမြို့ တည်ခြင်း
သမန္တမင်း စိုးစံအုပ်ချုပ်ပြီး မကြာမီ
ဘူမိဒေ၀နဂရမြို့သည်
ဘူမိနက်သံ မြေခံမညီညွတ်သဖြင့်
ပညာရှိအမတ်များနှင့်
ညှိနှိုင်းတိုင်ပင်ကာ
နန်းတော်အသစ် ဆောက်လုပ်ရန် မြေကို
ရွေးချယ်ကြရာ ထားဝယ်မြစ်
အနောက်ဘက်ကမ်းအနီး ယခု မြိုးဟောင်းရွာခေါ်သည့် နေရာတွင်
ကောဇာသက္ကရာဇ် ၁၅၀-ခုနှစ်၌
ဆောက်လုပ်လျက် “သာဂရမြို့  ” ဟု အမည်သစ်ဖြင့်
သမုတ်၍ မြို့သစ်တည်ထောင်
စိုးအုပ်စံနေတော်မူလေ၏။
(ယင်းသာဂရမြို့သစ်ကား ယခုထားဝယ်မြို့မှ
ခရီး ၇-မိုင်ခန့် ဝေးကွာလေသည်။)
မင်းမဲ့ဖြစ်နေသည့်
ဘူမိဒေ၀နဂရမြို့ကို “စောလွန်းရွှေ ” အမည်ရှိသော
ယွန်းမင်းသည် အသစ်တဖန်
တည်ထောင်၍ အုပ်စိုးလေသည်။
သမန္တမင်းလက်ထက် လင်္ကာဒီပ သီဟိုဋ္ဌ်ကျွန်းမှ “အရှင်သာမိ ”
မထေရ်နှင့် “အရှင်ကစ္စန”
မထေရ် ရဟန္တာ
၂-ပါး ကြွရောက်တော် မူလာ၍
သမန္တမင်းက ပစ္စည်းလေးပါး ဒါယကာခံလျက်
ကိုးကွယ် လေသည်။
ယင်းရဟန္တာအရှင်မြတ်များသည်
ကြက်ဥတောင်၌
ပိရိနဗ္ဗာန်ပြုတော်မူ၍
အလောင်းတော်ကို
သီဟိုဋ္ဌ်ကျွန်းသို့ ပို့ဆောင်လေသည်။
၁။ နိဗ္ဗာန်လက်ဆောင်များ စေတီတော်တည်ခြင်း
ယင်းနောက် ကောက္ကသန်မင်းလက်ထက် သမန္တမင်းနှင့် မဟာမိတ်ဖြစ်ကြ၍ မြတ်စွာဘုရား၏
“ဓာတ်တော် ,
ဆံတော် , သလွန်တော် ,
မြသပိတ်တော် , သတ္တဌာန ရုပ်တုတော် , မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူဟန် ရုပ်တုများ”
ကို နိဗ္ဗာန်လက်ဆောင်အဖြစ် အကောက် ၀န်
“ရာတွန်ရှည် ” ကို သင်္ဘောနှင့် ပို့ လာစေသည်။
သာဂရမြို့သို့ ရောက်လျှင်
ကျိုင်းချောင်း၌
သင်္ဘောဆိပ်ရပ်ဆိုင်း၍
သမန္တမင်းထံ သံတော်ဦးတင်လာသောအခါ
ကိုယ်တိုင် ထွက်တော်မူ၍ ရှိခိုးဖူးမြော် ကန်တော့ပြီးလျှင် နိဗ္ဗာန်လက်ဆောင်တော်များကို ဆင်ဖြူတော်ဖြင့်
တင်ဆောင်၍ “နတ်တောင်တွင် စေတီဘုရားတည်ထား ကိုးကွယ်တော်မူလေသည်။”
“မြသပိတ် ” ကိုမူကား
နန္ဒသူဌေးသို့  အပ် ၍ သာဂရမြို့အတွင်း မြင်ထင်ကုန်းအရပ်၌ လျောက်ပတ်
တင့်တယ်စွာ ဌာပနာပြီး “မြသပိတ် ” စေတီတော်ကို
တည်ထား ကိုးကွယ်လေသည်။
သမန္တမင်းမြတ်သည် ဂေါဝိန္ဒရှင်ရသေ့အား
လည်း အမြဲဆည်းကပ် ကိုးကွယ် ပူဇော်လှူဒါန်းတော်မူလေ၏။
ရှင်ရသေ့နှင့် ငါခုံးမကြီး
ဂေါဝိန္ဒ ရှင်ရသေ့သည် မှီအုံးတောင်၏ ပတ် ၀န်းကျင်ရှိ ရွာများ၌
အစဉ်သဖြင့် ဆွမ်းခံပြီးလျှင် ဝေဿ၀ဏ္ဏ
ကုန်းစပ်ရှိ နတ်ရေကန်အနား၌ ဆွမ်းဘုဉ်းပေးလေ၏။ ဆွမ်းဘုဉ်းပေးပြီးလတ်သော် အကြွင်းအကျန်များကို
နတ်ရေကန်အတွင်းရှိ ရေပိုး, ရေမွှား
ငါးတိရစ္ဆာန်များအား
ကျွေးမွေးပြီး ရေကန်၏ တစ်ခုသောနေရာဝယ်
ရေသုံးသပ်လေ့ရှိ၏။
၁။ နတ်သက်ကြွေ၍ ငါခုံးမဖြစ်ရခြင်း
စတုမဟာရာဇ်နတ်ပြည်မှ
နတ်သမီးတစ်ဦးသည် နတ်သက်စေ့၍ အကုသိုလ်ကံ
ဖိစီးသဖြင့်
ယင်းဝေဿ၀ဏ္ဏ နတ်ရေကန် ၀ယ် ငါးခုံးမအဖြစ်နှင့် ကျက်စားနေရှာလေ၏။ တစ်နေ့ သ၌
ငါခုံးမကြီးသည် ရသေ့၏
ကိုယ်မှထွက်သော အညစ်အကြေးတို့ 
ကို စားမိ၍ ပဋိသန္ဓေတည်နေပြီး အချိန်စေ့ရောက်သော ညဥ့်တစ်ညဥ့် ၀ယ်
လူစင်ယောင်္ကျားသားနှင့် သမီးတို့ ကို
အမြွာဖွားမြင်ပြီး ကျောက်ကမ်းပါထက်၌ ငါးခုံးမ ရင်ကွဲ၍ သေရှာရလေ၏။
ငါးခုံးမကြီး သေဆုံးသည်၏ အခြားမဲ့၌
အယူတိမ်း၍ နတ်စိမ်းဖြစ်ပြီ
းလျှင် ညဥ့် ချင်းပင် ဂေါဝိန္ဒရှင်ရသေ့
ကျောင်းသင်္ခမ်းသို့ သွားရောက်ပြီး
အိပ်မက်ပေးသည်မှာ -
“ထုံးစံကျစ်ခွေ၊ သစ်လျှော်တေနှင့်၊ မော်ကေအစောင်း၊ ပျော်နေအောင်းသည့်၊ ကျင့်ကောင်း
သိမ်မွေ့ကသိုဏ်းဈာနင်၊ တိုင်းထွာဆင်ပါတဲ့
ရှင်ရသေ့ဘုရား။
မူလဘူတ၊ ပကတူပမတော့၊ ဒေ၀သာကီ
- ဘုံထူးမြတ်တဲ့၊ နတ်ဌာနီက၊
နတ်မဒေ၀ီ ဖြစ်ပါသည်၊
အတည်မကျအနိစ္စမို့  ၊ ဘ၀တန်
- ဝေဿ၀ဏ်မြတ်၊ ခွေသွန်ပတ်တဲ့၊ နတ်ရေကန် ၀ယ်၊
သဏ္ဌာန် ထူးသစ် -ငါးခုံးမဖြစ်လို့ မို
့၊ ရှင်ချစ်ဣသိန်၊ မြတ်ဂေါ ၀ိန်သည်၊ ပူရှိန်ကာင်းပြတ်၊ ရေသုံးသပ်ရာတွင်၊ ဓာတ်စတုန္နံ
- ကိုယ်က
ဆင်းသတဲ့၊ ကြွင်းအကျန်ဟာ၊ ကန်တွင်ပေါင်းစုံ၊ အခြေပြု၊
ရေဥရေညှိဖြစ်ပါသည်၊ ထိုရေညှိကို
၊ စားသောက်မျိုမိလို့ ၊
ငါးပျိုနှမျစ် - သံ ၀ါဓာတ်ကဲ့သို့ ၊
သဟဇာတ်ဖြစ်ပြီးလျှင်၊ ထူးသစ်အမူ - ဇလာဗုဇံ၊ လူ့ သဏ္ဌာန်လို၊
သန္ဓေယူ၍၊ ဇမ္မူရွှေစင်
- သမီးနှင့်သား၊ နှစ်ယောက်အားကို
ပေါက်ဖွားမြင်က ၀ိညာဉ်ပြတ်စဲ -
တပည့်တော်မ၊ ငါးမစ္ဆာမှာ ဘ၀လွဲ - နတ်ရဲဖြစ်၍
နေပါသည်၊ ငွေသဲလျှပ်လျှပ် ကျောက်မြေရောပြွမ်း၊ မြရည်ဆမ်းတဲ့၊
ကမ်းအစပ်မှာ၊ ပန်းဇလပ်ခွေ၊ သားနှစ်ထွေကို၊
အခြေပံထောက်၊ လူလားမြောက်အောင်၊ ကောက်ယူမွေးပါ၊ အကြောင်းကြားလာခဲပါတယ်၊ ကရုဏာသခင်
မဟဂ္ဂုတ်နန်း၊တက်သုတ်နှင့်
လှမ်းလိုသည့်၊ ကမ္မဋ္ဌာန်းရှင် ဘုရား၊
အရင်းကိုရှာ၊ မကင်းရာ - ဟိုအချက်တွေကြောင့်၊ အိပ်မက်ပြန်ကြား။
ပန်းပေါင်းငယ်ကြိုင်၊
စမ်းချောင်းအိုင် - ရေတံခွန်နှင့်၊ ဝေသ၀ဏ်
တောင်တော်နန်းကို (အမယ်မင်း)
မြန်းပေါ့ဘုရား ” ဟူ၍ အိပ်မက်ပေးပြီး
ငါးခုံးမနတ်စိမ်း ကွယ်လေ၏။
ရှင်ဇောနှင့် ရှင်ဇံ အမြွာ မောင်နှမအား မွေးဖွားအပြီး
ရင်ကွဲသေဆုံးနေသော မိခင် “ငါးခုံးမကြီး” ပုံ။
(ယခုအခါ ၎င်း သားရိုးရုပ်ဓာတ်ကို
ရွှေချပြီး ကောင်းစွာ ထိန်းသိမ်းထားသည်။)
၂။ အိပ်မက်အရ ကလေးနှစ်ယောက်ကို
ကောက်ယူမွေးမြူခြင်း
ဂေါဝန္ဒရှင်ရသေ့လည်း အိပ်ရာမှ လန့်  နိုး၍
အိပ်မက်၏ အကြောင်းခြင်းရာကို အထပ်ထပ်အခါခါ
စဉ်းစား
ညည်းညူလျက် ဝေဿ၀ဏ္ဏကုန်းစပ် နတ်ရေကန်ကမ်းသာ ကလေးများရှိရာသို့ သွားရန်
ဖိုးသူတော် ကွာစိခေါ်ပြီး -
“မြိုင်မော်သေလာ၊
ဟေမ၀ါသို့၊ ဒေသစာနှောက်၊ အညောင်းပြေ လျှောက်ရအောင်၊ ငါ့နောက်သို
့လိုက်ခဲ့ရမည်
ဖိုးသူတော် ”
ဟု ဆိုပြီး
ရသေ့နှင့်
သူတော်တို့လျှောက်လာကြရာ
နတ်ရေကန်အနီးသို့ရောက်လျှင်
ဂေါဝန္ဒရှင်ရသေ့က
ကန်၏ ရှုခင်းအသွယ်သွယ်ကို
အံ့သြဖွယ် ဆိုလိုက်သည်မှာ -
မဟာဂနိုင်၊ နံ့သာမြိုင်မို့ ၊
ကြိုင်ဂန္ဓာရုံ၊ မြေနီစမ်းချောင်း၊
လမ်းအစောင်းမှာ၊ ပန်းပေါင်းက ထုံသနှင့်၊
ရဂုံတ၀ိုက်၊
လွန်သိုက်မြိုက်၊ နတ်စိုက်သလို၊ မနိမ်မမြင့်၊
အဆင်သင့်တဲ့၊ ပင့်နဂိုရ်၊ ဟိုခင်တန်းကွေ့၊ အတော်လောက်
ရွှေ့ လိုက်တော့၊ ချမ်းမြေ့သုခါ -
ဒေါင်းရင်မွေးမြက်၊
ဝေေ၀ယှက်တဲ့ - မြေကွက်သာ၊
သမင်စာရော - ပိတောက် ၀ါမှာ၊
မြေဇာနှောလို့ ၊ မောရဦးစွန်း၊ အထူးရွှန်းလျက်၊ ၀ိုက် ၀န်းရစ်ခွေ၊ သွဲ
့သွဲ့  သွဲ
့သွဲ့ ၊တလဲ့လဲ့နှင့် တွဲ
့တွဲ့ နေ၊
မြင်းသေမြက်ညို၊ ဆင်ငိုမြက်အုပ်၊ နွားစာငုတ်က၊
ဘုတ်လည်ဆံယှက်၊ ငူကမ်းပါးယံမှာ၊ ဖြူဆံမြက်နှင့်၊
ကွန့် လျက်စိမ်းဝါ၊
သည်ကလျှောက်၍၊ တထောက်လာသော်၊ ဒုတ်ထာ
တခန်း၊ ဗဟန်းတထပ်၊ ဓာတ်အမျိုးမျိုး၊
ဇော်ဂျီများ သည်နေရာမှာ၊ ဖိုလာလို
့ ထိုးရော့ထင့်၊ လျှိုရိုးကြားအောက်ထပ်က၊ ကျောက်ချပ်နှင့်၊ မြေသံသုံ၊
မီးသွေးပါနတ်မီးထည့် - မဟူရာ၊
သန္တာနီ သန္တာနက်၊ ဂမုန်းပေါင်း
- ပန်းပေါင်းငဲ့ပြင်၊ မင်းပေါင်းသာ
ယှက်ကရော့၊
ဂျင်းကျောက်တက်၊ ဂျင်းတိမ်ပြာ၊ ဂျင်းဆူပေါက်
ဥတစ်လုံးနှင့်၊
ဂျင်းစုံးလဲပါလိုက်သေး၊ နတ် ၀ိဇ္ဇာ ဆေးလက်ညှိုး၊
သံသတ်မျိုး အသွယ်သွယ်၊ ဆေးငါးဖယ်အမည်ဖြာ၊ ကတ္တီပါ
ဝက်သခေါက် - ဆေးကမြင်းဆိုတာနှင့်၊
ကိန္နာဆေးပင်တို့  စီစဉ်၍ပေါက်ကြ၊ အံ့လောက်တဲ့
တောတောင်ပေပဲ့ဖိုးသူတော်ရယ်။”
၃။ ငါးခုံးမ နတ်စိမ်းငို လေးချိုး
ငါးခုံးမ နတ်စိမ်းသည် ဂေါဝိန္ဒ
ရှင်ရသေ့ ကလေးကောက်ရန် လာသည်ကိုမြင်၍ မိမိဖုံးလွှမ်းထားသော
ပန်းသစ်ရွက်တို့ ကို ဖယ်ပြီးရှားပြီး ငိုရန်လေးချိုး -
“သဲလျှံဝေ
ဆူကာအိအောင်ပ၊ စွဲသန္ဓေ ယူတာကို သိသူက၊ (အမယ်လေး) ပူပါဘိ ရွှေမျက်နှာ။”
(စကားပြတ်၍ညည်း) ရှက်ဖို
့ကောင်းပါဘိတော့ မယ့်ကိုငယ်၊ ကာမရာဂ
သဘာဝတိုကို့  တဆိတ်မျှ
မငြိစွန်းရဲဘဲနှင့် ပဋိသန္ဓေ တည်နေစွဲကပ်ပြီး သားသမီးပေါက်ဖွားရသတဲ့။ အရင်းတရားကို
စစ်လိုက်တော့လည်း
ပဋိသန္ဓေယူနိုင်ခြင်း၏ အကြောင်း ၈
-ပါးကလည်း ရှိပေသေးတယ်။ မြတ်စွာဘုရာလက်ထက်တော်ကပင်
သမင်မတစ်ကောင်သည် ရဟန်းတစ်ပါး၏ ကျင်ငယ်ရေကို
သောက်မိသော်ကြောင့် ရှင်ဥဒါရီကို ဖွားမြင်ကြောင်း၊
သ၀ဏ္ဏသာမဇာတ်တော်၌လည်း
ပါရိကာရသေ့မ၏ ချက်ကို သိကြားမင်း
ညွှန်းကြားသည့် အတိုင်း ဒုကူလရသေ့ က
လက်ညှိုးဖြင့် ၃-ပတ် သုံးသပ်ကာမျှဖြင့် သားရသော
“နာဘိပရာမသေန”(ချက်ကိုသုံးသပ်ခြင်း) ပဋိသန္ဓေရှိကြောင်း၊
အ၀န္တိတိုင်း ဥဇ္ဇေနီပြည်တွင် မိဖုရားဝမ်းပေါ်သို့ 
ကင်းမြီးကောက်ကျကာမျှဖြင့်
သန္ဓေတည်၍ စဏ္ဍပဇ္ဇောတမင်းသား
ကိုဖွားမြင်ကြောင်း၊ ဤကဲ့သို့ သော ထုံးဟောင်းတို့ ကို
ထောက်လိုက်ပြန်တော့လည်း ရနိုင်ခြင်းအကြောင်းတို့ ကြောင့်
ရပေတာပဲ့၊ ရထိုက်လို့ ရပေမဲ့
မျက်နှာပြတ်ခတ်
အရှက်ကြီးရှက်သေးတယ်၊ အရင်းကို
စစ်လိုက်တော့ ဘ၀ထိုထိုများ
အဟိုက၊ အကုသိုလ်စရိုက်ကို
ကြိုက်ခဲ့လို့  သည်ပုံဖြစ်ရတာပဲ့။
အငိုပြန်ကောက် …“သဲလျှေံဝေ ဆူကာ
အိအောင်ပ၊ စွဲသန္ဓေယူတာကို သိသူက၊(အမယ်လေး) ပူပါဘိ
ရွှေမျက်နှာ။ ။ ရတက်အေးစေဖို
့၊ ရှက်ဆေးချေ ဘယ်ပုံပြုရပါ့၊ အမှုသည်
- ဟိုတစ်ယောက်မှာ၊ သားကောက်ဖို
့လာ။ ။
မမြင်လျှင် ဘ၀င်ပျို့ ပါငဲ့၊
မြင်လာလျှင် ရင်မှာဆို့ 
တဲ့ပြင်၊ ကြင်နာလို့ မသက်သာ၊
ရှက်တာက တရေး။ ။
သို့ ရာတွင်
မြန်တိုင်းဘောင် ရာဇ၀င်၌၊ သမင်မှာ
သန္ဓေမှီတဲ့၊ ဗေဒါရီ သက်သေထုံးလို (အမယ်မင်း) ဘုန်းကောက်ယူမွေး။”
နတ်စိမ်းမကွယ်၍ သားသမီးတို့ 
အနီးတွင် ရုပ်ဖျက်နေလေ၏။ ယင်းအခါ
ဂေါဝိန္ဒရှင်ရသေ့က “စိမ်းစော်
ဝါးစော်နံလိုက်တာ အမျှ,
အမျှ” ဟု ဆိုပြီး သူတော်
ကွာစိနှင့်အတူ ဝေဿ၀ဏ္ဏကုန်စပ် နတ်ရေကန်ကမ်းပါးသို သွားရောက်ကြည့်ရှုကြရာ
ကလေးနှစ်ယောက်တို့ သည်
နို့ချို
ဆာလောင်မွတ်သိပ်သောကြောင့် အူ ၀ဲ အူ ၀ဲ
ဟူ၍
တစာစာ ငိုနေကြသည်ကို တွေ
့ရှိရသောအခါ သူတော် ကွာစိက ဆိုသည်မှာ -“အမယ်လေး
မြတ်ဆရာ၊ မြင်ရပုံ မသက်သာလိုက်လေ၊ ဟိုရွာက
ကောင်မကလေးများ မတော်တာ
လော်မာညစ်ပြီးတော့ စွန့်ပစ်လို့ ထားကြသလား၊
သို့ ကားမဟုတ်၊ နာနာရုပ်ဟု၊
ဖုတ်ဥပါခ (ဘီလူး) လူတို
့၏
အသည်းကို စားတတ်တဲ့၊ သရဲများ
ကန်ဘောင် မှာ၊ ဟန်ဆောင်၍ ပြရော့ထင့်။
အတွေးရ ကြပ်လိုက်လေခြင်း
ဆရာတော်ဘုရား” ဟု ဆိုလေ၏။
ယင်းနောက် ဂေါဝိန္ဒရသေ့က ယောင်္ကျားလေးကို လည်းကောင်း၊
သူတော်ကွာစိက မိန်းကလေးကို
လည်းကောင်း ကောက်ယူကြီးပြီးလျှင်
ရင်ကွဲ၍ သေဆုံးနေသော ငါးခုံးမကိုကြည့်၍ ဂေါဝိန္ဒရသေ့က ဆိုသည်မှာ-၄။ ငါးခုံးမသေကိုကြည့်၍
ဂေါဝိန္ဒရသေ့ ပြောဆိုပုံ
“သနားစရာကောင်းလေခြင်း သူတော်ရယ်၊
တနဲ ဆန်းပြား၊ သဲကမ်းပါးတွင်၊ ငါးမဖြစ်ထွေ၊
ရင်ကွဲ၍
သေနေပါကလား၊ အခြေထောက်ထား၊ ကြံစဉ်စားလိုက်သော် -
ငါ၏ရင်နှစ်၊ ဤကလေးနှစ်တန်၊
အမှန်ပင်ဖြစ်လိမ့်မည်။
အချစ်ကြီးမား သမီးသားကြောင့်၊ ဆီးတားမရ၊
အယူတိမ်းသည့်၊ အစိမ်းဘ၀က၊
ငါ့ထံတွင်သာ၊ ကိုးကွယ်ရာဟု၊ လာ၍မနှေး၊
ကောက်ယူကာ မွေးစေဖို့ ၊
သူပေးသည့်အိပ်မက်၊
ထိုအချက်ကြောင့်။
ထွက်၍မကြာ၊ ကလေးကို ကောက်မည်ဟု၊
တို့  နှစ်ယောက်လာခဲ့တော့၊
ကြောင်းရာထူးခြား၊ ကန်အပါးတွင်၊
စိမ်းဝါးနံ့  သက်၊ မသန့် ချက်၊ ဖြန့် လျက်တစ်ကြိမ် ပေးလာသည်။
တစ်ဖြာတည့်တည့်။ ကန်ကိုလှည့်၍။
ကြည့်ရှုသောအခါ၊ တအာအာနှင့်၊ ဗျာပါကျွမ်းမြေ့၊ ကလေးတွေကို
တွေ့ တော့လဲ၊ ရှေ
့ကမတ်မတ် သဏ္ဌာန်ခြားခြား၊
ဆံဖားဖားနှင့်၊ မားမားရပ်သလို၊ နတ်ပမာသွင်၊
ရိပ်ခနဲမြင်လိုက်ရ၊ ဆင်ခြင်စဉ်းခုတ်၊ အနည်းနည်း
ဖွေကြံ၍
မဆနှင့်တော့၊ ဧကန္တဟုတ်ပေပြီ၊ သရုပ်ခြားထွေ၊
ငါးအသေကို၊ အခြေလှလှ ကလေးများ
ကြီးပြင်းတော့၊
အမိရင်းစင်စစ် မှန်သည်ဟု၊ သက်သေခံပြရန်ဖို့ ၊ အာဝါသ
သင်္ခမ်းချောင်၊ သူ့ ကိုလဲ ဆောင်ခဲ့ရမှာပဲ့၊
ကျယ်ကျယ်လောင်ရှိုက်ဖို့  ၊ သည်းကလေး နှစ်ဖြာကလဲ၊
နို့ ဆာ၍ ငိုလှချေငဲ့၊
ကံအိုတဲ့ မောင်နှမ၊ နင်တို့ ရဲ
့ မီးဒု က္ခကို၊
ဂေါဝိန္ဒ တာပသံ၊ စပ်ကြားက
ဝင်၍ခံဝေဖို့  ၊ မိဿ,
ကံပေါင်းတွယ်၍ စပ်လိုက်ပေါ့၊
သောင်းနယ်ရပ် ဇမ္ဗူဘွေမှာ၊
အပူတွေ ကမ္ဘာပြေ့ သော်လည်း၊
မတူချေ၊ ရသေ့လို့ ဖြင့်၊
နှစ်ဖြာတွေ့ အဆွေးကြွယ်၊ ကလေးငယ်
စိန်နှစ်ကွင်းတို့ ကို၊
ကြီးပြင်းအောင် ဘယ်ပုံလုပ်ရပါ့၊
ထွေးရှုပ်တဲ့ သံယောဇဉ်ကို၊ အထွင်ရ
ခက်လိုက်လေခြင်း သူတော်ရယ်။”
“သို့ သော် သေကံမရောက်
သက်မပျောက်ဟု မှတ်လောက်တဲ့ စကား
ပေါရာဏ - ရှေးသူဟောင်းတို့  က
ရှုမျှော်၍ ထားခဲ့တယ်၊ တရားလမ်းအမှန်
ရှေးပုည နိမိတ်ဖန် ,
မဖန်ကို အဓိဋ္ဌာန်ပြုစမ်းရအုံးမှာပဲ့။”
“မမ အဂုၤလံ
ခီရံဟောတု ”
အာသီသပြုပြီးလျှင် ယခုခဏ
သစ္စာ ချွေလိုက်မယ်၊ ဂရုဓမ္မ
မေတ္တာ အခြေကြောင့်
ငွေနို့ ရေ ရွှေလက်ညှိုးက
ဝေယှက်ဖြိုး လျှံလိုက်ပါ” ဟူ၍
ဆိုလိုက်သော
ဂေါဝိန္ဒရှင်ရသေ့၏သစ္စာ၊
ကလေးငယ်တို့ ၏
ကံပုည၊ သဟဇာတ် ထိုနှစ်ဖြာတို့ ကြောင့် အရသာ
ပြည့်ဖြိုး၍ လက်ညှိုးက နို့ရေထွက်ကာ
ကလေး ၂-ယောက်တို့ သောက်စို့ ကြရရှာလေတော့၏။
၅။ မောင်ဇံ , မယ်ဇော
အမည်မှည့်ခြင်း
ယင်းနောက် ကလေး ၂-ယောက်တို့  နှင့်တကွ မိခင်
ငါးခုံးမကြီး အသေကောင်ကိုပါ ဆောင်ယူလျက်
ကျောင်းသင်္ခမ်းသို့  ပြန်လာခဲ့ကြလေ၏။
ကလေး ၂-ယောက်တို့ အား “မောင်ဇံ ” “မယ်ဇော” (၀ါ) “ရှင်ဇံ ” “ရှင်ဇော” ဟူ၍ အမည်မှည့်ထားလေ၏။
(မိခင်ငါးခုံးမအသေကိုလည်း
မူလအသွင်မပျက်စေရန်
ကလေးများအရွယ်ရောက်က သက်သေခံအဖြစ်
ပြရလေအောင် အခြောက်လှမ်းပြီး သားရိုးနှင့်
သစ်စေး မွမ်းမံကာ ရွှေချလျက်
“အသမ္ဘိန္နဓာတ် ” ရိုက်၍
ကျောက်ဂူအတွင်း လုံခြုံစွာ ထားရှိလေ၏။
ထိုစဉ်ကစ၍ ယင်းငါးခုံးမ ရုပ်ဓာတ်ကို
အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက်ထားခဲ့ရာ ယခုအခါ
ဘုန်းတော်ကြီး
ကျောင်းတစ်ကျောင်း၌ရှိလေသည်။
ယင်း ရွှေငါးခုံးမရုပ်ဓာတ်ကို တပို့  တွဲလပြည့် ကျင်းပသည့်
ရွှေသာလျောင်းပွဲတော်အခါ ပြတိုက်၌ ရှင် ,
လူများ
ကြည့်ရှုရန် ထားရှိလေသည်။)
ရှင်ဇံ - ရှင်ဇော အမြွာမောင်နှမ
ဂေါဝိန္ဒရှင်ရသေ့ ကောက်ယူမွေးသဖြင့် ရှင် ဇံ
- ရှင်ဇော အမြွာမောင်နှမ
၂-ဦးတို့  မှာ အရွယ်ရောက်၍
လူလားမြောက်ကြလေပြီ။
“တောနယ်ကို - ခုပင်
အရှည်မုန်းတာမို့ ၊
ဇောမယ်ပျို - ရှုလျှင် မကြည်ဆုံးပါဘဲ။
မှီအုံးပဗ္ဗတ - ခေါ်ကြ တောင်သေလာ၊
သည်ကုန်းစပ်က - ကျမ လောင်ပွေတာလေ့။ ။
အကြံလှစ်သော်လဲ၊
ဆံကျစ်ခွေ - သူတော်မြတ်ကိုလ။
မှီကပ်ခါ - ကျောင်းပေါ်၌ ကြီးခဲ့ရ၊
ဘယ်နည်း - ဘယ်ခြေနှင့်။
တွယ်သန္ဓေ - ဘယ်ပုံပြုတယ်လို့ ၊
အမူကို - မဝေခြမ်းနိုင်ဘူ့ ။
မှန်းတခါခါငယ်ရှင်၊
လမ်းကဖြာဖြာ။ ။
ချိတ်အတွယ် - စိတ် ၀ယ်အိုက်တာက၊
မအေးသူ - ဆွေးပူလိုက်ပါဘိ၊
တရှို က်ရှိုက် ဖို့လို့ သာ။
(အို ) ညို့ ဇာတာက အခြေမလှ , သတ်မှတ်နဲ့ ၊
ငိုဖို့ အရာတွေက ထပ်ထပ်ကဲ။ ။
ဘုံဌာနီ ကုမ္မာရီ အရွယ်ရောက်ပါပေါ့။
လည်လျှောက်ကာ - ဘယ်ကိုမှ
မသွားဝံ့ပေဘူး။
ကျောင်းပေါ်မှ - ဆွမ်းကျန်စားဟာက၊
ခေါင်းမော်ကာ - ပန်းမှန်နှင့်ကြွားသည်ဟု။
အများလူ - ဆိုမည့်ရေးကိုရှင်၊
(အမယ်မင်း) တွေးလို့ စိတ်ကွဲတဲ့မှ။
မလည်မလျှောက် - အရွယ်ရောက်ပေမဲ့၊
ဇယ်တောက်လို့  - နေရတာပါပဲ့။”
မောင်ဇံ - မယ်ဇော
မောင်နှမ ၂-ယောက်တို့  သည် အရွယ်
ရောက်ကြလတ်သော် မိမိတို့  ၏ မိရင်း,
ဖရင်းတို့  ကို
အတည်တကျ မသိရသဖြင့် ပူဆွေး
ငိုမြည်တမ်းနေကြလေ၏။
၁။ ဖိုးသူတော်နှင့် မယ်ဇော မောင်ဇံ
“အိုဗျာ့ ဦးသူတော်၊
ကျွန်တော်တို့  မောင်နှမ၊ ယောင်တတမှာ
သူများနည်းတူ၊ မဟုတ်မူ၍၊ မြိုင်ငူ
တောင်တန်း၊
ရသေ့အောင်းတဲ့
ကျောင်းသင်္ခမ်းတွင်၊ နွမ်းနွမ်းလျော်လျော်၊ အမိမဲ့သား၊
အဖမဲ့သားဟု၊ အများခေါ်၊ ခေါင်းမမော် ၀ံ့အောင်
ဖြစ်နေရပါသည်၊ ရှင်ရသေ့အား၊ မေးပါငြားလည်း၊ တရားလျှောက်ဟော၊ တစ်မျိုးပြောလျက်၊ ဇံ ,
ဇော
မောင်နှမ၊ မပူကြနှင့်၊
သင်္ခါရစက်၊ ဖြစ်ပျက်ဟု၊ ကွယ်
ဝှက်ထောင့်ခို၊ အမှန်သဘော၊ မပြောလို
သောကြောင့်၊ ရှိုက်ငို၍ မောင်နှမ ခုလိုနှင့်ချည်းထခဲ့ရ၊
မူလက ဘယ်အခြေလို့ ဆိုတာ၊ လှစ်ချွေကာ၊ ဖော်စမ်းပါ၊ ဦးသူတော် သိပါလိမ့်မယ်ဗျာ” ဟူ၍ မောင်ဇံက
တောင်းပန်လေ၏။
ဖိုးသူတော် ကွာစိက ဟာသနှော၍ ကလေးများ
စိတ်ရွှင်အောင် ပြောသည်မှာ
-သေသေချာချာ နားထောင်နော်၊ အစက
အဆုံးတိုင်အောင် ဦးသူတော် ပြောပြမယ်
…
“ဧရာဝတီ၊ ထွေကာလည်၊
ရေကြည်ရစ် ၀ိုင်း၊
အလျှံဖိတ်ဖိတ်၊
မြန်တံဆိပ်နှင့်၊
တမ္ပဒိပ်တိုင်းရယ်လို့  ၊
သိမိုင်းဖြိုးကြွယ်၊
ဂေါ်ရင်ဂျီ မောင်ကလုလားတို့  ၊
မြေသွား၍ သယ်ကြရော့၊ ရှမ်း, လအယ်
မောင်နှမ၊ ပဲငပိရောင်းစက၊ ဒေါင်းမနှင့်
ရွှေဇီးကွက်၊
တစ်ကိုင်းတည်းအိပ်တန်းတက်ရာတွင်
ပက်လက်မြော အညာသား၊ တောင်ငူကိုသွားလေတော့ ၊
ဗိုက်ကား၍ ငှက်သင့်၊
သိန်းခိုစား ဝေဟင်ယံက၊ လေယာဉ်ပျံ
လွှင့်တော့မှ၊ မောင်တင့်တယ် နတ်စိမ်းဖြစ်၊ သုံးပန်လှ
ခင် ကညာလဲ။ ၀မ်းနာလို့ ညှစ်ရ၊ တတစ်မျှမထွက်၊ လက်သီးနှင့် ၀မ်းဗိုက်ကို၊ ဗျောရိုက်သလို နှက်ပြီးလျှင်၊ အချက်ကို
မဆင်ခြင်၊ ရှမ်းမကလေး ရှင်မွန်လှကို၊
ည-ညတိုင်း လေလယ်တာကြောင့်၊ နော်ရထာနှင့်
လိုက်ကရောဗျာ့၊ ဆဒ္ဒန်ဆင် သူ့ခမြာ
- ခြေစွပ်ကို ဘိန်းစားခိုးလေးတော့၊
တောတိုး၍ ရှာရာတွင်၊ မဟာသမ္ဘ ဝ
ညီအစ်ကို၊
ပုဆိုးကြီးဒရွတ်တိုက်နှင့်၊
ကျွတ်ကိုက်၍ ငိုလိုက်ကြတာ၊ ရွှေဘိုသား
မောင်ပူနောင် ပဲလှော်သည် မကြုတ်ကို၊
လျှာထုတ်၍ လှောင် သောကြောင့်၊
ရွှေတောင်က အပျိုချော၊ ကြေးထမ်းကြီး
မောင်သြနှင့်၊ ကေနိကော ပါသာဒုံ၊
စောင်ကြီးကို
ခေါင်းမြီးခြုံ၍၊ ပူနာတုံ အပြု၊
လူနာရုံ တစ်ခုမှာ၊ ချူချာပုံ
အမှူကြောင့်၊
ကန်းစွန်းဥ - အာတာလွတ်၊
သူတွတ်သင့်၊ ငါတွတ်သင့် တရားကြောင်းထုတ်ပြ၍၊ ပုဒ်မကို
ဖွင့်ကြတော့၊ အာပုံနှင့်
မုံ့ ပေါင်းကြီးက၊ ဘီးဆံပတ်ဗျာဘာဆံ -ပြောင်းဖူး
- စိတ်နားကပ်ကို၊ တစ်လျှပ်လျှပ်ပန်ပြီး၊ ပေါက္ကံသား
ကျန်ရစ်မင်း၊ မြို့ရိုးကို
လွှားခုန်၍၊ ပြာပုံမှာ ငါးပိနင်းသတဲ့ ၊ ကိုမင်းကျော်ဆိုတဲ့ နတ်က၊ ထိလပ်ကို ကယ်စောင်မလေတော့၊ ကောသလ ဗိုက်ပူကြီးဟာ၊
စည်တီးဖို့  အလွန်ကောင်းသောကြောင့်၊
ပုဇွန်မြောင်းဆိုတဲ့အရပ်မှာ၊ ခုံဖိနပ်ဦးကော့စီးလွန်းလို့ ၊
လှေသူကြီး မောင်ပီယောဟာ၊
ငွေပေါတဲ့ လူတစ်ယောက်မို့ 
၊ဘင်နာကြီး အ- ထွားယောင်၍၊
ပါးစောင်မှာ ပေါက်သတဲ့၊ ယွင်းချို့အမှောက်
လောင်အကြွတွေနှင့်၊ မင်းတို့  နှစ်ယောက်
မောင်နှမတို့ သည်၊ ကြွေချ၍ မကြည့်ချင်တာဖြင့်၊ ဗေဒင်သာ
မေးကြပေတော့ ငါ့တူ ,
ငါတူမတို့ ဗျား။ ”
၂။ မိရင်း ဖရင်းကို ဖွင့်ဟရန် ဆရာတော်အား မေးလျှောက်ခြင်း
ယင်းသို့  ဖိုးသူတော်က ဟာသနှော၍
ပြောဆိုရွတ်ပြလိုက်ရာ
မောင်နှမ ၂-ဦးမှာ “ငိုအားထက် ရယ်အားသန် ” ဆိုသကဲ့သို့ 
များစွာ ရယ်မောကြာလေ၏။ ယင်းနောက်
ဆရာတော် ဂေါဝိန္ဒထံ မောင်နှမ
၂-ဦးတို့ ၀င်ရောက်၍ ရိုသေစွာ
လျှောက်ထားသည်မှာ -“ဆရာတော် အရှင်သူမြတ်ဘုရာ၊ တပည့်တော်တို
့ မှာ အမိ ,
အဖကို မသိရ, ဒွိဟဖက်၍၊
အခက်ကြီးဆိုက်၊ ဘ၀င်အိုက်၊
ရင်၌ဆို့  လျက်နေပါသည်၊
သို့ခြင်းရာကြောင့်၊ ကရုဏာရှေ့ ထားပြီး
သနားခင်ပါလျက် ကုန်စင်အောင် သည်အခင်းကို
လင်းကျင်းတော် မူသင့်လှပါသည် ဘုရား” ဟူ၍ တင်လျှောက် တောင်းပန်ကြလေ၏။
ဆရာတော် ရသေ့က မိန့် ကြားသည်မှာ -“အကြောင်းခြင်းတ စရင်းရှုပ်တဲ့၊
ခင်းဒုက္ခကို၊ သောကဖြစ်ရန်၊ ငါမပြန်လိုဘူး၊ အမှန်ယခု စာကုံး၍ ထားလိုက်သည်၊ သွား၍ရှု။
သီတုဒကေ၊ နတ်ကန်ရေက၊ အခြေထူးဘိ၊
မာတာမိမြတ်၊ သမုတ်အပ်သူဟာလဲ၊ ရုတ်ဓာတ်ပါရှိလေရဲ့ ၊
ကြည့်လေတော့
ထင်အရှား၊ အချိန်လဲ တန်ခဲ့ပြီ၊
ငါဆွမ်းခံသွားအုံးမယ်၊
ပတ္တမြား ဇောတ- စိန်နှစ်ကွင်းတို့ ရယ်
ကိုင်း…
ဂူတွင်းသို
့ မသွေ၊
ဝင်ကြလေ” ဟူ၍ မိန့် ကြားခဲ့ပြီး
ဆရာတော်သည်
သူတော်ကွာစိနှင့်အတူ
ဆွမ်းခံကြတော်မူလေ၏။
၃။ မူလဇာတိကို သိရသဖြင့် မောင်နှမ ၂-ဦး ငိုကြွေးခြင်း
မောင်နှမ ၂-ဦးတို့ လည်း
ဂူအတွင်းသို့  ၀င်ရောက်ကြည့်ရှုရာ မိမိ တို
့အဖြစ်ကို ရေးသားထားသော စာနှင့်
ငါးခုံးမှရုပ် ဓာတ်ကို
တွေ့လျှင် စာဖတ်၍ ကြည့်ရှုလေသော် မူလဇာတိကို
သိကြရသဖြင့် များစွာ
ဝမ်းနည်းလှိုက်လှဲ စိတ်ငယ်ခြင်း ပြင်းစွာဖြစ်လျက်
-၄။ မောင်ဇံငို ဒွေးချိုး
“တန်ခိုးရယ်ငယ်၊
မျိုးနွယ်ကို အမှန်သိတော့မှ၊မချိအောင် ဗျပါငွေ့ တွေနှင့်၊ သာ၍
ပင်ပန်း။ ။
သည်ဖြစ်အင်၊ နောက်နှောင်းကို
ကမ္ဘာတွင်လို့ ၊ ရာဇ၀င်
စာတင်ဖွဲ့ကြတော့မယ် (အမယ်မင်း)
ထူးတဲ့ဇာတ်လမ်း။ ။
၅။ မယ်ဇောငို လေးချိုး
ဖြစ်ရတာ
အကြောင်းကံခေနုပ်လိုက်ပါဘိ၊
လှစ်ပြစာ မကောင်း သန္ဓေရှုပ်ဟာမို့  ၊ ဖယောင်းစံ
ရွှေရုပ်ကယ်က
ရှက်အားကြွယ်။ ။
သြော် … စကား မလှပေဘူး၊
ငါးမကို မိခင်လို့ 
မှတ်ရမတဲ့၊ သောဋ္ဌသ်ဘောင် ဆယ့်ခြောက် တိုင်းမှာရှင်၊ ရိုင်းသွယ်သွယ်လက်။ ။
မရှုချင်၊ အကြံကယ်လှချည့်၊ ယခုပင်
အမြန်သတ်ပါတော့၊ ဖန်တတ်တဲ့
အကြောင်းနှယ်၊ စောင်းဖယ်ရွဲ့ 
လိမ်ကောက်ကွေး။ ။
ဖြေလက်စွာ၊ ရွှေမျက်နှာ အလွန်ငယ်လှလို့ ၊
မျိုးနွယ်ကို
ကိုးကွယ်ကပ်ရအောင်၊ သေအချာ၊ ရွှေစာကို
ဖတ်မိတာ (အမယ်မင်း)
မီးထပ်လို့ မွှေး။ ”
ယင်းသို့ မောင်နှမ ၂-ဦး
ပူဆွေးမြည်တမ်းကြပြီးနောက်
အစ်ကို မောင်ဇံမှာ ဆရာတော်အရှင်မြတ်
သင်ကြားပို့  ချပေးအပ်သည့် လောကုတ္တရာ
စာပေကျမ်းဂန်များကို အတော်သင့် နှံ
့စပ်သူဖြစ်ရကား - တရား
သဘောနှင့် နှမ -မယ်ဇောအား ဖျောင်းဖျ
နှစ်သိမ့်စေရင်း ဆရာတော်ဆွမ်းခံပြန်ချိန်ကို
စောင့်စားမျှော်လင့် နေကြလေ၏။
ရှင်ဓာတ်
ဝဲ စေတီတော်သမိုင်း
၁။ ရှင်အရဟံ ကြွရောက်တော်မူလာခြင်း
သီရိပစ္စယော ပေါက္ကံပြည်၌ ဆွမ်းဆော်မင်း၏သားတော် အနော်ရထာမင်းစောသည် ကောဇာသက္ကရာဇ်
၄၀၆-ခုနှစ်မှ ၄၃၉-ခုနှစ်အထိ အုပ်စိုးတော်မူ၏။ ထိုမင်းလက်ထက် ရှင်အရဟံ
ရဟန္တာ ရောက်ရှိတော်မူလာ၍ သာသနာတော်၏
အညစ်အကြေးဖြစ်သော
အရည်းရှင်ယောင်ကြီးများကို
တိမ်မြုပ်ပျောက်ကွယ်စေလျက်
နိယျာနိက - ဗမ္မရေအေား
အမြိုင်ဆေးကို တိုက်ကျွေးတော်မူကာ အံ့ဖွယ်ရှစ်ပါးနှင့် ပြည့်စုံတော်မူသော သဗ္ဗညု
မြတ်စွာဘုရားရှင်၏
သာသနာတော်မြတ်ကို သဟဿ အရောင်
ပြောင်ပြောင်လက်ထိန်
ကွက်မမှိန်သော သူရိန္ဒရာဇ်နေ -
တက်သစ်ကဲ့သို့ 
အနှစ်ငါးထောင် ကာလပတ်လုံး အဆုံးတည်ထွန်းတော်မူစေပြီးမှ အဘယ်
အရပ်တွင် သာသနာတော် စည်ပင်ပွင့်လင်းရန်
ရှိသေးသနည်းဟု
ကြည့်ရှုတော်မူသောအခါ “သေလာဆိုင်းဆိုင်း၊
ရေယဉ် ၀ိုင်းလျက်၊
နတ်တိုင်းပမာ၊ သမိုင်းဖြာသော၊ ထ၀ှါရဋ္ဌ၊
တနာမနှင့် သာဂရမြို့ အပိုင်၊
ဂနိုင်ဝေဖြာ၊ သာယာနုပျို၊ ရွန်းစို
- ဝေမှောင်၊ မှီအုံးတောင်နရမ်း၊ ကျောက်ခါးပမ်း၌၊ ကျောင်သင်္ခမ်း
ပြုလုပ်လျက် နေသော
ဂေါဝိန္ဒရသေ့ကို မြင်တော်မူလေ၏။ ”
၂။ မောင်နှမ ၂-ဦးအား စွယ်တော်ဓာတ်တစ်ဆူ
ချီမြှင့်ခြင်း
ထိုရသေ့တွင် ယခင်ကြောင်းဟိတ် အတိတ်ဘဝ
အဆက်ဆက်တို့  က ရေစက်မကင်း နှီးရင်းစပ်တွယ် ခဲ့ကြသော
ကုသိုလ်အဟုန်ကြောင့် တွေ့ကြုံတိုက်ဆိုက် သိမ်းပိုက်ကျွေးမွေးထားသော မောင်နှမ
၂-ဦးတို့ ကို အထူးမြင်တော် မူပြန်လျှင်
ထိုမောင်နှမတို့ ၏ ဘ၀အတိတ်ကို ခွဲစိတ်ဝေဖန်၍ ရှုတော်မှူသောအခါ တစ်ခုသော
နိဂုံးရွာတွင် သဒ္ဓါကြည်ဖြူ
တောင်သူလင်မယားအဖြစ်ကစ၍ ဘ၀တိုင်း ဘ၀တိုင်း
အတူတကွ တွေ့ကြုံရပါစေဟု ပတ္ထနာဆုထူး
ပြုဖူးသောကြောင့်
ယခုဘ၀၌လည်း ငါးခုံးမ၀မ်းတွင်း၌ မကင်းသော
မိဿက, ကံကြောင့်
သန္ဓေ တည်ရကြောင်း၊
၎င်းမောင်နှမတို့ သဒ္ဓါတရားသည်
ကြီးမားထက်သန်သည်အဖြစ်ကို
သိတော်မူ၍ မယာသမ္ဗုဒ္ဓ ပဉ္စမာရဇိန်
သိရိနြေ္ဒ
အသရေအပေါင်းတို့  တည်ရာ ပန္နရသီအခါဝယ် စန္ဒာလမင်းနှင့်တူသော မြတ်စွာဘုရား၏
စွယ်တော (ရာဇ၀င်စာစောင်၌
ဆံတော် ) ဓာတ်တစ်ဆူကို ပင့်တော်မူ၍
ထားဝယ်တိုင်းသို့  ရောက်တော်မူသော အခါ
ကြက်ဥတောင်မှ သီတင်းသုံးပြီး
ရှင်အရဟံသည် ထိုမောင်နှမ ၂-ဦးထံကြွရောက်တော်မူလာ၍ သုံးပါးသော
သရဏဂုံနှင့် ငါးပါးသီလကို ခံယူစေပြီး
“ဒါယကာ
မောင်နှမတို့  သည် မမေ့မလျော့ပဲ အရှည်ကိုးကွယ်ကြလေ” ဟု
မိန့်တော်မူ၍ စွယ်တော်ဓာတ်တစ်ဆူ
ကို ပေးအပ်၍
ကြွသွားတော်မူလေ၏။
၃။ ဓာတ်တော်လုကြ မောင်နှမ
မောင်ဇံ , မယ်ဇော
မောင်နှမ ၂-ယောက်တို့  သည် ညွတ်နူးသော
စေတနာဖြင့် အတိဣဋ္ဌာရုံဖြစ်၍ ရှိခိုး
ပူဇော်
ဖူးမြော်ကန်တော့ကြပြီးလျှင်
ယင်းဓာတ်တော်တစ်ဆူကို သူပိုင်သင့်
, ငါပိုင်သင့်
ပြောဆိုငြင်းခုံနေကြစဉ်
ဂေါဝိန္ဒဆရာ
ကြွရောက်လာ၍ “အကြောင်းရာ အသို့  နည်း” ဟု မေးတော်မူလေ၏။
“ထေရ်ရှင်ရဟန်းတော်တစ်ပါး သနားတော်မူခဲ့သော ဤစွယ်တော်
ဓာတ်တစ်ဆူကို သူရသင့် ,
ငါရသင့် ပြောဆို
ငြင်းခုံနေကြပါသည်ဘုရား ”
ဟုလျှောက်ထားလေ၏။
ဂေါဝိန္ဒဆရာတော်က “အသင်
မောင်နှမတို့ သည် ဤစွယ်တော်ဓာတ်တည်းဟူသော ကုသိုလ်တရားကိုစွဲ၍ မိုက်မဲသော
မောဟကြောင့် ဒေါသစွန်းငြိလျှင် အကုသိုလ်ဖြစ်ကြလိမ့်မည် ” ဟု ပြောဆို ဆုံးမပြီးလျှင် “ဤရဟန်းတော်ကား
အဘယ်လမ်းခရီးဖြင့် ကြွသွားသနည်း”
ဟုမေးလတ်သော် “ဤလမ်းခရီးဖြင့် ကြွသွားပါသည် ”
ဟုညွှန်ကြားလေ၏။
ရှင်ဇော တည်ထားကိုးကွယ်ခဲ့သော “ရှင် သလွန်စေတီတော် ”
ပုံ
(ယခုမြို့ ဟောင်းရွာတွင် တည်ရှိသည်။)(4.5.2011နေ
့တွင်ရိုက်ယူထားပါသည် )
ဂေါဝိန္ဒရှင်ရသေ့လည်း မောင်နှမတို့
လက် ၀ယ်ရှိသော ဓာတ်တော်ကို ယူဆောင်ကာ
ရဟန္တာ သွားရာလမ်းကို
တမ်းမှန်းလျက် လိုက်လေရာ မြတ်အရဟံ
မထေရ်ပျံသည် ဂေါဝိန္ဒရသေ့ လိုက်လာကြောင်းကို သိသဖြင့်
မဏိသေလာ
စိမ်းပြာဝါမောင်း တစ်ခုသော တောင်စောင်းမှ
ကြည့်မျှော်တော်မူလေသည်။
(ယင်းတောင်ကို “ကြည့်မျှော်တောင် ” ဟူ၍ ယခုတိုင် ဝေါဟာရ
မပျက်ပြားဘဲ ထင်ရှားစွာ ရှိလေသည်။ ။
တစ်နည်းမှာ ဂေါဝိန္ဒရသေ့သည် ရှင်အရဟံကို
အမှီလိုက်ရာ မျက်ခြေပြတ်သဖြင့် တောင်ထိပ်မှတက်၍
ကြည့်မျှော်သောကြောင့် “ကြည့်မျှော်တောင် ” တွင်ကြောင်းကိုဆို၏။
နှစ်သက်ရာယူကြလေ။)
၎။ ရပ်ခံတောင်မြင့် (ရပ်ခံတောင် )
စေတီတော်
ယင်းမှတဖန် မြတ်အရဟံသည် ရပ်ခံတန့်  စားလျက်နေသော တောင်ကို
“ရပ်ခံတောင် ” ဟုတွင်၍ ယခုအခါ
“ခံတောင်မြင့် ”
ဟုခေါ်ကြလေသည်။
(ရာဇ၀င်တစ်စောင်၌ ဆိုသည်ကား ယင်းရပ်ခံတောင် အနီးရှိ
ကနိုင်းငယ်မြို့တွင် စန္ဒသာရ မင်းသည်
မွန်တို့ 
၏ရန်ကို ကြောက်၍ တပ်ကြီးတည်လေသည်။
ထိုခံတပ်အတွင်းရှိ
တောင်မြင့်တစ်ခုပေါ်တွင်
ဘုရားစေတီ တည်ထားကိုးကွယ်
သောကြောင့် ထိုဘုရားကို “ခံတပ်မြင့်ဘုရား” ဟူ၍ လည်းကောင်း၊ တောင်ကိုလည်း “ခံတပ်မြင့်တောင် ” ဟူ ၍ လည်းကောင်း၊
တောင်ကိုလည်း “ခံတပ်မြင်တောင် ” ဟူ၍ လည်းကောင်း
ခေါ်ဆိုကြရာမှ နှောင်းအခါ အခေါ်ရွှေ့ လျော၍ ယခု “ခံတောင်မြင့် ”
ခေါ်ဆိုကြကြောင်း ရေးသားထားရှိ လေသည်။)
ယင်းခံတောင်မြင့်ဘုရား
စေတီတော်ကား ထားဝယ်မြို့မှ အနောက်
မြောက်ဘက် ၄-မိုင်ခန့် ခရီးအကွာ
ထားဝယ်မြစ်အနောက် ဘက်ကမ်းတွင် တည်ရှိ၍
နှစ်စဉ် တပေါင်းလပြည့်၌
ဘုရားပွဲအကြီးအကျယ် ကျင်းပ ကြလေသည်။
ယင်းရပ်ခံတောင်မှ တောင်ကျရေကို လူအများသုံးဆောင်ရန် တစ်ဖက်ဆည်ကန် ပြုလုပ်ထားသည်ကို
“ပိတ်ကျအင်း”
ဟုခေါ်ရာမှ ယခုအခါတွင်
သ-အက္ခရာတစ်လုံးတိုးလျက် “သပိတ်ကျအင်း” ဟု ခေါ်ဆိုကြလေသည်။
“အရှင်ဘုရား ပေးသနားတော်မူခဲ့သော စွယ်တော်ဓာတ်တစ်ဆူကို မောင်နှမ
၂-ယောက်တို့ သည် သူရသင့် , ငါရသင့်
အခွင့်မလှ
ဒေါသဖြစ်ပွားကြသောကြောင့်
ထိုမောင်နှမ ၂-ယောက်တို့  ကို သနားတော်မူရင်းအတိုင်း တစ်ဆူသော
ဓာတ်တော်မြတ်ကို
နောက်ထပ်ရလိုပါသည်ဘုရား” ဟုလျှောက်တောင်းလေ၏။
ရဟန္တာအရှင်မြတ်သည်
ပေးခဲ့ရင်းဖြစ်သော
စွယ်တော်ဓာတ်အစစ်ကို
ရသေ့ထံမှ တောင်းယူပြီးလျှင်
အဓိဋ္ဌာန်ပြုတော်မူသောခဏ၌
ဓာတ်ပွားတစ်ဆူ ဖြစ်လာ၍ ၂-ဆူသော
ဓာတ် တို့ ကို ဒါယကာ
မောင်နှမတို့  အား
ပေးဘိလောဟု မိန့်တော်မူပြီးလျှင် အရိမဒ္ဒနာ ပေါက္ကံပြည်သို
့ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူလေ၏။
ဂေါဝန္ဒ ရသေ့ လည်း
ချမ်းမြေ့ကြည်နှူး နဖူးမြေထိ
ရှိခိုးဘိ၍ မိမိနေရာ
မှီအုံးတောင်သို့  ပြန်လာခဲ့ပြီးလျှင် ပါလာသော
ဓာတ်တော် ၂-ဆူကို မောင်နှမ
၂-ယောက်တို့  အား ကြည်ဖြူစွာ ပေးအပ်လေ၏။
၅။ မောင်နှမ ၂-ယောက် ဘုရားတည်ကြခြင်း
မောင်ဇံသည် မိမိရရှိသည့် ဗုဒ္ဓစွယ်တော်မြတ်ကို အဘယ်အရပ်၌
ဘုရားတည်ရသော် ကောင်းပါ အံ့နည်းဟု
ဆင်ခြင်ရာတွင် ဤသို့ အကြံဖြစ်ပေါ်လေ၏။
“ရှင်တော်မြတ်စွာသည် အစိန္တေယျဂုဏ်ဖြင့် ပြည့်စုံတော်မူပေသည်။ ကိုယ်တော်မြတ်၏
စွယ်တော်ဓာတ် သည်လည်း
မကြံအပ်ပေ မကြံစည်နိုင်သော အစိန္တေယျဂုဏ်နှင့်ပင် ပြည့်စုံရာသော အကြောင်းရှိပေလိမ့်မည်။
ငါအလိုရှိအပ်သောအရပ်တွင် မတည်ဘဲ စွယ်တော်ဓာတ်ညွှန်ပြရာအရပ်၌ တည်ထား
ဌာပနာမည် ”
ဟု အဓိဋ္ဌာန်
သစ္စာပြု၍
ကောင်းကင်သို့ မြှောက်ရာ
စွယ်တော်ဓာတ်မြတ်သည်
ဝေဿ၀ဏ္ဏကုန်းစပ်နတ်ရေကန် အပေါ်၌
ပျားပိတုန်းကဲ့သို့  ပျံ ၀ဲလျက်
တည်လေ၏။
ယင်းနေရာ၌ ဘုရားတည်ပြီးလျှင် ဓာတ်တော် ၀ဲသည်ကို အစွဲပြု၍
“ရှင်ဓာတ် ၀ဲ” ဟု
သမုတ်လေသည်။ နောင်အခါ
အခေါ် ပျက်ပြားသဖြင့် “ရှင်ဓားဝယ်ဘုရား” ဟူ၍
အချို့ခေါ်ဆိုကြလေသည်။
(ယင်း ရှင်ဓာတ် ၀ဲစေတီတော်ကား ထားဝယ်မြို့ မှ မြောက် ဘက်
ထားဝယ်နှင့် ရေးမြို့သွား
မော်တော်ကား လမ်းအနီး
ခရီး ၇-မိုင်အကွာတွင် တည်ရှိလေသည်။
နှစ်စဉ် တပို့ တွဲလပြည့်၌
ဘုရားပွဲတော် အကြီးအကျယ် ပြုလုပ်ကြလေသည်။)
၆။ ရှင်သလွန်စေတီတော်
နှမ မယ်ဇောကား မိမိရရှိသော
စွယ်တော်ဓာတ်မြတ်ကို
ထားဝယ်မြစ်အနောက်ဘက်ကမ်းရှိ
မြတ်စွာဘုရား၏
မြသလွန်တော်ကို တည်ထား ဌာပနာဖူးသည့်
စေတီ၌ ထပ်မံ၍ ဌာပနာပြီး
ပြုပြင်တည်ထား သောကြောင့် ရှေးတည်ရင်း
အမည်ဟောင်းအတိုင်းပင် “အရှင်သလွန်စေတီတော် ” ဟု တွင်လေသည်။
ယင်းမောင်နှမ ၂-ယောက်တို့
တည်ထားသည့် စေတီတော်များမှာ ကောဇာသက္ကရာဇ်
၁၅၀-ခုနှစ်အတွင်း
ဖြစ်လေသည်။ (ကျမ်းတစ်စောင်၌ ၈၈၆-ခုနှစ်ဟု
ဆိုသည်။)
၆။ ရှင်သလွန်စေတီတော်
နှမ မယ်ဇောကား မိမိရရှိသော
စွယ်တော်ဓာတ်မြတ်ကို
ထားဝယ်မြစ်အနောက်ဘက်ကမ်းရှိ
မြတ်စွာဘုရား၏
မြသလွန်တော်ကို တည်ထား ဌာပနာဖူးသည့်
စေတီ၌ ထပ်မံ၍ ဌာပနာပြီး
ပြုပြင်တည်ထား သောကြောင့် ရှေးတည်ရင်း
အမည်ဟောင်းအတိုင်းပင် “အရှင်သလွန်စေတီတော် ” ဟု တွင်လေသည်။
ယင်းမောင်နှမ ၂-ယောက်တို့
တည်ထားသည့် စေတီတော်များမှာ ကောဇာသက္ကရာဇ်
၁၅၀-ခုနှစ်အတွင်း
ဖြစ်လေသည်။ (ကျမ်းတစ်စောင်၌ ၈၈၆-ခုနှစ်ဟု
ဆိုသည်။)
သမန္တရာဇာ နတ်ရွာစံတော်မူခြင်း
သာဂရမြို့ ကို အုပ်စိုးတော်မူသော သမန္တမင်းမြတ်သည် ကောဇာသက္ကရာဇ် ၁၅၀-ပြည့်နှစ်၊ စည်းစိမ်
(၃၀)
သက်တော် ၆၂-နှစ်တွင် နတ်ရွာစံတော်မူလေ၏။ ထိုမင်း၌
သားတော် , သမီးတော် ထီးညွှန်
့ , နန်းညွှန့်  မရှိရစ်သောကြောင့်
ဆက်ခံစိုးအုပ်မည့်သူ မရှိလတ်ရကား
မှူးမတ်နှင့် ပြည်သူလူထု သဘောတူတိုင်ပင်၍ နန်းတင်ရန် မင်းမြတ်ကို
လက္ခဏာဖတ်
ပုဏ္ဏားတော်တို့ နှင့် သင့်လျော်စွာ ရွေးချယ်ကြသော အခဏ်းကား -
နန်းရင်းဝန် …
“သုဘာ- ပီယ၊
သစ္စ - ဓမ္မာ၊
ဝါစာ လေးတန်၊ အင်္ဂါမှန်နှင့်၊ ဉာဏ်သုခမိ န်၊
နှုတ် ၀ရဇိန်ကြောင့်၊
ဂုဏ်သိန်တောက်လောင်း၊
ရွှေစလွယ်အပ်၊ ရာထူးတော် မြတ်လှသည့်၊
အမတ်တို့ ဗျာ့။ သတင်းပေါ်ထွက်၊ နတ်စည်နှက်သို့ ၊
ရှစ်မျက်နှာရပ်၊ ဗြည့်စင်ခတ်လျင်၊ န၀ရတ်ရေကြည်၊ စိန်ရတည်သို့ ၊ကွန်
့လည်ရစ် ၀ိုင်း၊ ထ၀ှါရဋ္ဌံ၊ တနာမံနှင့်၊ နက်သံတိုင်းတွင်၊
ကသိုဏ်းမဏ္ဍလီ - ပတ္တမြားငွေဓာတ်၊ နှစ်ထွေစပ်၊
မြတ်တာရီကဲ့သို့  ၊
မဟီချက်ချာ၊ စည်မျက်နှာတွင်၊ နေဇာကုက္ကို၊
သပြေညိုနှင့်၊ ဝေစိုဖျန်းသ၊ ကြငှန်းလှ၊
သာဂရမြို့ ကြီးတည်လေသည်။ ထို
့မြို့ အတွင်း၊ မင်း,
ဆင်းရဲသား၊ ပုဏ္ဏား
ပုဏ္ဏေး၊
သူဌေး သူကြွယ်၊ ကုန်သွယ်ကစ၊
သဘောမျှ၍၊ သမ္မတရာဇာ၊ ကောင်းစွာမြှောက်တင်၊ ရှစ်ပလ္လင် ၀ယ်၊ “ဘုရင်သမန္တ ”
ခေါ်ဝေါ်ကြလျက်၊ ရာဇဓမ္မံ၊ မဖောက်ပြန်ဘဲ၊
နတ်ထံဌာနီ၊ ကွန့်ြ မန်းချီ၊ တိုင်းပြည်
ချောက်လျက် ရှိခဲ့သည်။ ရာဇင်္ဂဏေ၊
ပလ္လင်ဘွေဝယ်၊ ဘိသေဆွတ်ဖျန်း၊ ထွက်ကြငှန်းတွင်၊ ရွှေနန်း
နွယ်ညွန့်  ၊ လယ်သလွန့် ၌၊ ချယ်ကွန့်နှောင့်ဖွဲ့၊
မရှိခဲ့သောကြောင့် ၊ မိမဲ့ဖကွယ်၊ သားသူငယ်ကဲ့သို့  ၊ ပူဖွယ်များစွာ၊ ရှိကြတာကြောင့်၊ ရာဇာဘုန်းလူ၊
မြှောက်ထိုက်သူကို၊
ရွေးယူဖို့  ရန်၊ ပြုစီမံကြ၊ တိုင်းနိုင်ငံ
နယ်အတွင်းမှာ၊ သတင်းတော်မကြားသေးဘူးလား အမတ်မင်းတို့ ။ ”
အနောက် ၀န် …
“သည်လိုပါ နန်းရင်းဝန်မင်း၊ ကျွနိုပ်တို့  ထားဝယ်တိုင်းတွင် ၊ ရစ်သိုင်း
ကနက္ကဒဏ်၊ နန်းစံအုပ်ချုပ် ၊
မင်းလုပ်ခြင်းငှာ စွမ်းနိုင်သော အသိပညာ၊
နွယ်လာမညှိုး၊ တန်းခိုးတက်ဝေ၊ အသရေရှိသောသူကို
ရွေးကောက်ရှာကြံခြင်းသည်၊
များစွားပင် ရနိုင်ပါသည်။ သို့  ပင်
ရနိုင်ငြားသော်လည်း၊
အများပြည်သူ၊ သဘောတူမှသာ၊
ထီးဖြူဆောက်စိုက်၊ မကိုဋ်ဆင်ယင် ၊ ဘုရင်ပြုလုပ်သင့်ပေသည်။ ယင်းသို့ ဖြစ်၍
၊ ပြည်ချစ်တဲ့သူ၊ ပဂေးလူကို၊ ရွေးယူသည်မှာ၊
နေ့ ရက်သာကြာရော့မယ်၊ အောင်ဘာလေ ကောက်ကြစို
့ရဲ့ အမတ်မင်း။ ”
ဂုဏ် ၀န် …
“သေးသေးနုပ်နုပ်၊ ဖွင့်လို့ မှ
ထုတ်တတ်ပလေ၊ မဟုတ်တဲ့ကြံကို ၊ဉာဏ်ဖန်၍ မပြောပါနှင့် အမတ်မင်း”
အနောက် ၀န် … “ကောင်းလှပေါ့၊ မဟုတ်တဲ့ အကြံကို၊
ဉာဏ်ဖန်၍ မပြောရတာဖြင့်၊
သဘောကျကျွနိုပ်သည်လိုလုပ်ချင်တယ်၊
ရွှေရုပ်ပမာ၊ လှပစွာသော ကညာငယ်လေးဦးကို၊ အထူးတန်ဆာဆင်၊
မိဖုရားမြှောက်တင်၍၊ ရှင်ဘုရင် - အချုပ်ကဲကို၊ ကျွနိုပ်ပဲ လုပ်ပါတော့မယ် အမတ်မင်း။”
ဂုဏ် ၀န် …
“အိုဗျာ့ အနောက် ၀န်မင်း၊ မင်းကြီး
အသက်အရွယ်လဲ ကြီးလှပြီ၊ ရောက်တတ်ရာ
စကားတွေကို၊
တော်တော်ပြော၊ ခေါင်းမွေးဆွတ်ဆွတ်ဖြူပြီဗျာ့။”
နောက် ၀န် …
“အသက်အရွယ်ကြီးလို့ ခေါင်းမွှေးဆွတ်ဆွတ်ဖြူတယ် မှတ်ထင်တော်
မမူပါနှင့်၊
ဆံပင်ဟောင်းလွန်လို့ ငွေရည်ပွတ်ထားတာပါ အမတ်မင်း။”
နန်းရင်းဝန် …
“အနောက် ၀န်မင်းက တဆိ တ်သည်းခံအုံးဗျာ၊ ပြောခွင့်
ဆိုခွင့်ရှိသမျှကို ပြောကြရအောင်၊
ဖြတ်ထုံးဖြတ်ပုံ၊ အလုံးစုံကို၊ အကုန်ထင်လင်း၊
ဝန်ရှင်မင်းတို့ ။ ယွင်းမကွက်၊
သတင်း ထွက်သည်မှာ၊ ရှေ
့ဘက်ကမ်းဘောင်၊ မှီအုံးတောင် ၀ယ်၊
ဘုန်းခေါင်တာပသ၊ ဂေါဝိန္ဒသည်၊ ပုတ္တမခြား၊
မွေးမြူထား၊ ပတ္တမြားရုပ်နှယ်၊ လွန်တင့်တယ်၊နှစ်သွယ်မောင်နှမ ရှိသတဲ့။ ယောင်္ကျားကလေး၊
ဇမ္ဗူသွေးမှာ၊ ရေးရေးရာရာ၊ အဖြာဖြာ၌
လိမ္မာကျွမ်းကျင်၊ ဗေဒင် ပိဋကတ်၊
အရပ်ရပ်ကို၊ နှံ့ စပ်လှစွာ၊
သစ္စာ - ဓမ္မ၊
ဝီရိယနှင့်၊ စာဂပြည့်စုံ၊ သတ္တဂုဏ်လည်း၊
မသုံမဖည်၊ အာဇာနည်သို့ ၊
အရှည်အချင်း၊
ကြည်သတင်းကို၊ ပြည် တွင်းပြည်ပ၊ ပြောဆိုကြ၊
မုချအကယ် မှန်လိမ့်မည်။ ရာဇလက္ခဏာ၊
ပါ -မပါကို၊ ဆရာဗြဟ္မဏော်၊
ပုဏ္ဏားတော်တို့ နှင့်၊ အမြော်အထောက်၊ အကဲပေါက်ခဲ့လျှင် မင်းမြှောက်ဖို့ မသင့်ပေ
ဘူးလား အမတ်မင်းတို့ ။ ”
အတွင်းဝန် ၄-ပါး၊ အပြင် ၀န်
၎-ပါး၊ မင်းခစားနှင့်၊ ပြည်သားပြည်သူတို့ ကလည်း အသီးသီး
အ၀၀
မင်းမြှောက်ထိုက်ကြောင်းကို
သဘောညီညွှတ်ကြောင်း ပြောဆိုကြလေ၏။
၂။ ဂေါသိန္ဒရှင်ရသေ့ထံ ၀န်ကြီးများ
လျှောက်တင်ခြင်း
ယင်းသို့ ညီညွှတ်သော်အခါ နန်းရင်းဝန်အမတ်ကြီးသည် ဝေါတော် , ယာဉ်တော် ,
ဆင်တော်
, မြင်းတော်၊
ရွှေလှေ -ရွှေလောင်း၊ တပ်ပေါင်းများစွာ၊ ခြံရံကာဖြင့်၊
တူရိ ယာငါးပါး၊
ပတ္တမြားပန်းတောင်း၊ ကွမ်းလောင်း -
ကွမ်းခွက်၊ သန်လျက် ,
ခြေနင်း၊ သင်းကျစ်မကိုဋ်၊ ဆောက်စိုက်ထီဖြူ၊ ညီးလူထိန်လျှင်၊ သားမြီးယပ်ကျောက်စီ၊ စုံဖြာဖြာ
- ကိုးန၀ရတ်
လင်းတောက်လျက်၊ မင်းမြှောက်သော အခန်းတို့  ၌နည်းလမ်းရှိ မြတ်တန်ဆာတို့  ကို၊ စုံလင်စွာ
ခင်းကျင်းလျက် ၊ မြို့ တွင်းမှ
ချီထွက်၍၊ မြစ်တစ်ဖက်ကမ်း အရှေ့ ၌၊
ရှင်ရသေ့ သီတင်းသုံးသည့်၊ တောင်မှီအုံး၊
ရပ်ခမ်းဝါသို့ ၊
ဗိုလ်ပါအလုံးအရင်းတို့  ကပ်ချည်းဆိုက်ရောက်ကြလေ၏။
ယင်းနောက် အတွင်းဝန် လေးဖော်နှင့် ပုဏ္ဏားတော်
ရှစ်ယောက်တို့  သည် “မြကျောက်သေလာ
ဝေဆာ ရိပ်လွှမ်း
သင်္ခမ်းကျောင်းတွင်းသို့ ၀င်၍ အရှင်ရသေ့အား လျှောက်ကြား
တောင်းပန်ပြီးလျှင် မောင်ဇံ၏
လက္ခဏာကို ဆင်ခြင်လတ်သော်
“မဟာပုရိသ၊ နာယကနိမိတ်၊
နရိဒ္ဓိဂုဏ်၊ အလုံးစုံတို့ 
ကို၊ အကုန်ထင်မြင်၍၊ ဘုရင်သမ္မုတိ၊
လောကီ့မကိုဋ်၊
ပြုထိုက်သောသူပေတည်း”
ဟု အံ့ချီးထောမနာ သြဘာကောင်းချီး ပေးပြီးသောအခါ
ဆရာတော် ဂေါဝိန္ဒထံ မောင်နှမ
၂-ယောက်စလုံးကိုပင် တောင်းခံကြလေ၏။
ဂေါဝိန္ဒရှင်ရသေ့လည်း
မချမ်းမြေ့သောစကား၊
နားမသက်သာအောင်
ဆိုလှာဘိသည်ဟု၊ မချိပင်ပန်း၊
စိတ် ၀မ်းကွဲကြေမတတ်ပင်ဖြစ်သော်လည်း၊
သူတော်ကောင်းလက္ခဏာ၊
ကင်းကွာရွေ့လျော၊ သဘောသေးနုပ်၊
ထွေးရှုပ်ယှက်တင်၊ သံယောစဉ်နှင့် နေချင်သော
ရသေ့ကြီးပါတကားဟု၊ အများပြစ်ဖွဲ့၊
ကဲ့ရဲ့သင်္ဂြိုဟ်မည်ကိုစိုးသည်လည်းတစ်ကြောင်း၊
ထိုကလေး ၂-ယောက်၊ အချိန်အရွယ်ရောက်လျက်နှင့်၊ ချီးမြှောက်
မ,စရာလည်း ငါမတတ်နိုင်ချေ၊ သူတို့  ဘုန်းကံ၊ အကျိုးပေး
အချိန်တန်သော်ကြောင့်၊
နိုင်ငံပြည်သူ၊ သဘောတူ၍၊ သောဆူ
ညံသောင်း၊ စိုးအုပ်တော် မူလိုပါကြောင်းနှင့်၊ ဦးခေါင်းညွတ်ကျိုး၊ ဆက်စုံလက်ကို၊
ထိပ်ခါမိုး၍၊ ရှိခိုးတောင်းခံ လိုက်ခိုက်ကို၊
ထည့်လိုက်မှတော်ချိမ့်မည်ဟု၊ လှိုက်ဆူပြင်းပြ၊ ခင်းမလှသော ဒေါမနစိတ်ယုတ်ကို၊
နှိပ်ချုပ်ကာ ထည့်အပ်လိုက်ရှာလေ၏။
သာဂရမြို့ သား၊ ၀န်ကြီးမှူးမတ်များလည်း၊ အားရ၀မ်းသာသောသောညာလျက်၊ တူရိယာငါးမည်၊
မြှောက်ချီကျူးရင့်၊
နေရာမြင့်သို့  ၊ အရှင့်သားတော်၊
မင်းနှစ်ဖော်တို့  ၊ မြန်းတက်တော်မူပါ ဘုရားဟု၊ ဝေါယာဉ် အဆောင်အရွက်တို့ြ ဖင့်၊ ညွတ်လျက်
ခံလှာကြကုန်၏။ မောင်နှမ ၂-ယော်တို့  လည်း ဂေါဝိန္ဒဆရာတော်အား ရှိခိုးပြီးလျှင် ရတနာဝေါယာဉ် ထက်သို့ 
စီးတက်လိုက်ပါသွားကြလေ၏။
ဘုရင်သမ္ဗန် ,ရှင်ဇံ ,နန္ဒိယ
သာဂရမြို့ ရောက်လျှင်၊ သဘင်ညီလာ၊
ဗိုလ်ပါဝန်းလျား၊
ပုဏ္ဏားဗြဟ္မဏ၊ သင်္ခလက်ျာ၊ နေဇာသပြေ၊
အောင်ပန်းချွေလျက်၊ ရဝေဘုံပျံ၊ ဘိသိက်သွန်းနှံ၍၊ “သမ္ဗန္ဓ ”
သမုတိဟု၊ တုမရှိ
ဥကင်္သ၌၊ ၀ိဇယစည်ကြီးကို၊ ရိုက်တီး၍
နန်းတင်ကြလေ၏။
[ယင်း သမ္ဗန် (သမ္ဗန္ဓ )
မင်းကို
ရှင်ဇံမင်းဟု၍လည်းကောင်း၊ နိန္ဒိယမင်းဟူ၍လည်းကောင်း
ခေါ်ဝေါ်သမုတ်ကြသေး၏။]
သမ္ဗန်မင်းသည်၊ နှမရင်း မယ်ဇောအား၊
စိတ်မနော် ကြည်ရွှင်လေအောင်၊ များခြွေရွေ
- ရံခလျက်၊ သု ၀ဏ္ဏ
ဆောင်ပြာသာဒ်ဟု၊ ပန်ထပ်ထပ် သဇင်ကြိုက်လျက်၊ တပင်တိုင်နန်းထီးတွင်၊ မင်းသမီးအရာမြတ်ကို၊ ခန့်  အပ်
ပေးသနားတော်မူလေ၏။
သမ္ဗန်မင်း နန်းတက်၍ ရ-ရက်မြောက်သောနေ့ ၌ ဂေါဝိန္ဒဆရာတော်ကို မြစ်အနောက်ဘက်သို့  ပင့်ဆောင်ကာ
ကြက်ဥတောင်အရပ်တွင် ကျောင်းသင်္ခမ်း
ဆောက်လုပ်လှူဒါန်း ကိုးကွယ်ထားရှိလေသတည်း။
၁။ ကုသိုလ်တော် ရှင်ဓာတ် ၀ဲဘုရား
ကို ထပ်မံပြုပြင်ခြင်း
ရှင်ဇံ မင်းအဖြစ်သို့ မရောက်မီက
ရှင်အရဟံ ရဟန္တာ သနားတော်မူခဲ့သော စွယ်တော်ဓာတ်ကို အဓိဋ္ဌာန်အရ
မိခင်ငါးခုံးမကျက်စားခဲ့ဖူးသည့်
ဝေဿ၀ဏ္ဏကုန်းစပ် နတ်ရေကန်၌ ၀ဲပျံသဖြင့်
အထိမ်းအမှတ်အဖြစ် ယာယီတည်ထားသည့်
စေတီတော်ကို မှူးမတ်ပြည်သူ လူထုအများနှင့်တိုင်ပင် ညီညွတ်ကြလျက် သတိုးမင်းကြီး မင်းလှ
မဟာဇေယျသိန်၊
ရွှေပြည်မင်းကြီးက စစ်ကဲအခွန်
ဝန်မင်းကြီး၊ အတွင်းဝန်၊ ၀န်ထောက်
စသော ရွှေမြို့ တော်နေ
အရာရှိတို့  ကို နေရာတကျ
စီမံခန့် ခွဲ၍ နတ်ရေကန်ကို
မြေဖို့ ပြီး ဌာပနာတိုက်နှင့်တကွ ဘုရား
စေတီတော်ကို
တည်ဆောက်ပြုပြင်ရန် သတိုးမင်းကြီး
မင်းလှ မဟာဇေယျသိန် ကျော်ထင်နော်ရထာသည် ကော်ထောင်းရန် မောင်းဆုံ
နန္ဒမိတ်အား ကြပ်မစေ၍ ကော်ထောင်းရန်
စီမံလေ၏။
တောင်ပြင်မင်းကြီး သတိုးသီရိနန္ဒဇေယျသိန်ကိုမူ
အုတ်ပန်းရံဆိုင်ရာ ပြုလုပ်ရန်
ကြပ်မစေ၏။
၂။ ကော်ထောင်း ထားဝယ်တေးသီချင်းများ
မိန်းမများသည် ဆန်ဖွပ် , မောင်းထောင်း, ကောက်စိုက် , ကောက်ရိတ် , ထင်းခွေ စသည့်
ခပ်ကြမ်းကြမ်း
အလုပ်များကို
လုပ်ကိုင်ကြသည့်အခါ မိမိတို့ 
ဆံပင်များ ဖားရရား မဖြစ်စေရန်
တဘက်ပု ၀ါမျက်သုတ်စေသော
အထည်အ၀တ်များတို့ ဖြင့် မိမိတို
့ခေါင်း၌ ချည်ပတ်ထားလေ့ရှိကြသည်။
ယင်းသို့ ချည်ပတ်ရာ၌ အစမှာ
အတိုတစ်စနှင့်
အရှည်တစ်စထွက်၍နေသဖြင့်
အရှည်တစ်စကို
ပေါ်သို့  ပစ်တင်ထားရလေသည်။
အချိန်ကား အရုဏ်ကျင်း၍ လင်းကြက်ဆော်လေပြီ၊ ရွာဦးကျောင်းမှလည်း ကုလားတက်ခေါက်သံ ကြားရလေပြီ၊
ယင်းအချိန် ၀ယ်
ကော်ထောင်းရန်အတွက်
ဆိုင်ရာမှ ဆင့်ဆို ထားရှိသည့်အတိုင်း အပျိုခေါင်း
မိန်းမကြီးတစ်ယောက်က
ခေါင်းပေါင်းနှစ်စကို
တစ်စပစ်တင်ပြီး
ဘုရင်ကိုးကွယ်သည့်
ဘုန်းတော်ကြီးကျောင်းသို့ 
ကော်ထောင်းဝင်ကြရန်
ထားဝယ်သီချင်းဖြင့် သီဆိုကာ
နှိုးဆော်လိုက်သည်မှာ -“ခေါန်ပေါန် နှေ
့စ၊
တစ ပစ်တန်၊
ဘုရင် က္လောန် ကော်ထောန် ၀မ်ဂေ့စို့ လေ၊
မယ်ညားဝေ့ ”
ဟူ၍ သီဆိုကာ လမ်းတလျှောက်
အိမ်ရှိလူများ ကြားသိကြရအောင်
လိုက်လံနှိုးဆော်လေသည် ။
မှတ်ချက် … ခေါန်ပေါန် နှေ
့စ = ခေါင်းပေါင်း နှစ်စ၊
တစ်စ ပစ်တန် = တစ်စ ပစ်တင်၊
ဘုရင်က္လောန် = ဘုရင်ကျောင်း၊ ဘုရင်ကိုးကွယ်သည့်ကျောင်း
ကော်ထောန် ၀မ်ဂေ့စို့ လေး = ကော်ထောင်းဝင်ကြစို့ လေး၊
မယ်ညားဝေ့ = မယ်တို့ ရေ။
ယင်းအခါ အိမ်တစ်ဆောင်မှ ငါးပိဖုတ်ဆီဆမ်းနှင့် ထမင်းကြမ်းစားနေသူ မိန်းကလေးတစ်ယောက်က စားပြီးလျှင်
မြန်မြန်လိုက်လာမည့် အကြောင်းကို ထားဝယ်သီချင်းဖြင့်ပင် ပြန်၍ သီဆိုလိုက်သည်မှာ -“ပိဖု ဆီဆမ်း၊
မှန်းရှမ်း
ဗြန်းဗြန်စားပီး လိုက်လာမယ်လေး၊
မ-လို့ ဝေး”
ဟူ၍ ဆိုလိုက်လေသည်။
မှတ်ချက် … ပိ ဖု =
ငါးပိဖုတ်၊
မှန်းရှမ်း = ထမင်းချမ်း၊
ဗြန်းဗြန် = မြန်မြန်၊
မ-လို့ ဝေး = အစ်မရေ၊
ဤသို့ ဖြင့် ယောက်ျား
လူပျိုခေါင်းနှင့်
ဆယ်အိမ်ခေါင်းများကလည်း အစုလိုက် ,
အစုလိုက်
, ဆိုင်ရာ, ဆိုင်ရာ
နှိုးဆော်ကြကာ
ကော်ထောင်းရန် သွားကြလေသည်။
ကော်ထောင်းရန် မောင်းဆုံများမှာလည်း
ယောက်ျား တစ်သန့်  , မိန်းမ တစ်သန်
့ ခွဲခြား၍ ထားရှိလေသည်။ မောင်းဆုံ တစ်ဆုံ ,
တစ်ဆုံ၌ကား ၂-ယောက် ,
၃-ယောက်တို့က မောင်းတံကိုနင်း၍ အခြား
၂-ယောက် , ၃-ယောက်တို့  ကမူ
ဆုံးတွင်းသို့ 
ထည့်သူတို့ ကထည့်ပြီး ညက်လျှင်
ခပ်သူတို့ က ခပ်ယူကြလေသည်။
၃။ ကော်စပ်နည်း
“ကြဇု ဧက်ကေး၊ တင်လဲ ဒွေး၊
ကျွဲကော် -ပဉ္စ၊ အုံတုံဆ”
ဟူ၍လည်းကောင်း၊
“ထုံးနှင့်သဲ
အမျှပြု၊
ဥသျှစ်ကျိုထုတ်၊ ရေတစ်မှုတ်၊
တင်လဲ နောက်ထပ်၊ နှစ်မှုတ်မှတ်၊
ကျွဲကော် ငါးမှုတ်၊ ခြောက်စု အုံတုံ ” –
ဟူ၍လည်းကောင်း ထားဝယ်သူဟောင်းတို
့အဆိုရှိလေသည်။
ယင်းအဆိုရ ထုံးနှင်သဲကို အမျှစီ၍
ဆန်ခါနှင့်ချပြီး
လိုသရွေ့စုပုံထားရသည်။
ယင်းပုံ၏ အလယ်၌
တွင်းကလေးတစ်တွင်း ပြုလုပ်ထားရှိရသည်။
“ကြဇု ဧက်ကေး” ဆိုသည့်အရ
ကြဇုခေါက်ကို ရေစိ မ်ပြီး ရေတစ်မှုတ်
သို့ မဟုတ် ဥသျှစ်ခေါက်ရည်
တစ်မှုတ်။
“တင်လဲဒွေး (၀ါ)
တင်လဲနောက်ထပ် နှစ်မှု တ်မှတ် ”
ဆိုသည့်အရ
တင်လဲရည် နှစ်မှုတ်။
“ကျွဲကော် ပဉ္စ ” ဆိုသည့်အရ
ကျွဲရေကို မီးဖုတ်ပြီး
ရေစိမ်သည့်အရည် ၅-မှုတ်။
“အုံတုံဆ”
ဆိုသည့်အရ
အုံတုံအခေါက်ကို ရေစိမ်ပြီး ၎င်းအရည် ၆-မှုတ်။
ယင်းအဆ, အချိုးတိုင်း
ထုံး၊ သဲများနှင့်ဆလျက် အလိုရှိသရွေ့
ထုံးနှင့်သဲဖြင့်
ရောစပ်ပြုလုပ် ထားသည့်
တွင်းထဲသို့ လောင်းထည့်ရလေသည်။
ယင်းနောက် ယင်းတို့ 
အားလုံးကို သမအောင် နယ်ပြီးလျှင် မောင်းဆုံ၌
ထည့်၍
ထောင်းကြလေသည်။
“ဘ၀အသင်္ချေက မယ်နှင့်မောင်မှာ အတူနေခဲ့ဖူးသဖြင့် ယခုဘ၀၌လည်း
မသွေဘဲ ယှက်တွဲမည့် မယ်ဇင်ပန်းက
ကမ်းလှမ်းပြုကာ ရှင်းရှင် ကျောင်းသို့
ကော်ထောင်းရန်
လာရောက်ကြရလေသည်။သို့ အတွက် နောင်နှင့်မယ် အတူတွဲလျက်
ကော်ထောင်းပွဲ၌ မယ်၏ပန်းဦး နုနုဖူးကို
ရှေ့ ဦးစွာ နောင်အား ပန်ပါစေ့မည်
ဖြစ်သော်ကြောင့် အသွယ်သွယ် အ၀၀
အကြောင်းအရာကို မယ်သိရအောင် နောင်လှကမယ့်ကို ပြောပြစမ်းပါ” ဟူ၍
ကော်ထောင်းရင်း မိန်းမက သီဆိုလိုက်သည့် ထားဝယ်ဒိန်းသံသီချင်းကား
၎။ ထားဝယ် ဒိန်းသံသီချင်းများ
“ဘ၀သံချေ၊ အတူနေ၊
မသွေယှစ်တမ်း၊ မယ့်ဇင်ပန်း။
ကမ်းလှမ်းပြုကာ -ရှင်ရှင်က္လောန်၊ ကော်ထောန်လာ၊
နော်န်သာ မယ်န၊ ကော်ထောန်ရ။
ကြောန်ကမလွဲ၊ ကော်ထောန်ပွဲ၊
တူတွဲပန်းဦး၊ နုနုဖူး။
ရှေ့ ဦးနော်န်ကို၊ ပန်စေ့မယ်၊
သွယ်သွယ် ၀၀၊ မယ်သိရအော်န်။
နော်န်လှ , မယ့်ကို ပြောပါလေ၊
အေ - အေ့ - အေး - နော်န်ဝေ့ ”
ဟူ၍ ဖြစ်လေသည်။
မှတ်ချက် … ဘ၀သံချေ = ဘ၀သင်္ချေ
မသွေယှစ်တမ်း = မသွေယှက်တမ်း၊
ရှင်ရှင်က္လောန် = ရှင်ရှင်ကျောင်း
(ဘုန်းတော်ကြီးကျောင်း)
ကော်ထော်န်လာ = ကော်ထောင်းလာ၊
နော်န်သာမယ်န = နောင်သာ မယ်နှင့်၊
ကြောန်က မလွဲ = ကြောင်းက မလွဲ၊
နော်န်ဝေ့ = နောင်ရေ့။
ယင်းသို့ မိန်းမက စတင်၍
သီဆိုလိုက်သည်ကို ယောင်္ကျားက ပြန်လှန်ကာ - “ရှေးကပြုခဲ့ဖူးသည့်
အကြောင်းကြောင့်
ကော်ထောင်းပွဲ၌
မေတ္တာဆုံကြရပေသည်။ နှစ်တစ်
ရာတိုင်တိုင် ပေါင်းသင်းရန် မယ်၏
ပန်းညွှန့်  ဖူး နုနုကလေးကို ရှေ
့ဦးစွာ
နောက်ကပန်ပါမည်။ သို့ ကြောင့်မယ်နှင့်မောင်မှာ တမောင်းတည်း
မောင်းဆုံ တစ်ခုတည်း ထောင်းချင်
ပါသဖြင့် မယ်ကသာ
အကြောင်းရင်းဖြစ် ပြီ “
ဟူသော
အကြောင်းကို
ထားဝယ်ဒိန်းသံသီချင်းဖြင့်ပင်
ပြန်လှန်သီဆိုလိုက်သည်မှာ -“ရှေးကြောန်မလွဲ၊
ကော်ထောန်ပွဲမာ၊
အလွမ်းပြေ Dawei
Group (Facebook)
မနဲမေတ္တာ၊ ရှေးကပြုဒိ - ခုတွိပါ။
သစ္စာမချို့ ၊ နှစ် - ရာသို
့၊
မရို့ ပန်းဦး၊ ပန်းညွှန်
့ဖူး။
ရှေးဦးနော်န်က ၊ပန်ပမယ်၊
မောန်ဆောင်မလွဲ၊ တမောန်ထဲ။
တူတွဲမကြာ၊ ထောန်ရှင်ပါ၊
မယ်သာကြောန်ရင်း၊ ဖြစ်ပီလေ။
အေ - အေ့ - အေး - မယ်ဝေ့ ”
–
ဟူ၍ ဖြစ်လေသည်။
မှတ်ချက် …
ရှေးကြောန်မလွဲ = ရှေးကြောင်းမလွဲ၊
ကော်ထောန်ပွဲမာ = ကော်ထောင်းပွဲမှာ၊
ရှေးကပြုဒိ - ခုတွိပါ = ရှေးကပြုလို
့ ခုတွေ့ ပါသည်၊
မောန်ဆောင်မလွဲ = မောင်းဆုံးမလွဲ၊
တမောန်ထဲ = တစ်မောင်းတည်း
ထောန်ရှင်ပါ = ထောင်းချင်ပါသည်၊
မယ်ဝေ့ = မယ်ရေ့။
ယင်းနောက် ဗဟုသုတ ပေါကြွယ် ၀သည့် အပျိုခေါင်း တစ်ယောက်က ပြန်လှန်၍ “ထုံးနှင့်သဲ
အမျှစီ၊ ဥသျှစ်ခေါက်ကို
ထု၍ ကျိုထားသည့် အရေတစ်မှုတ်၊
တင်လဲရေ ၂-မှုတ်၊ ကျွဲကော်ရေ
၅-မှုတ်၊ အုံတုံခေါက်ရေ ၆-မှုတ်တို
့ကို ရောစပ်ကာ
သမအောင်နယ်၍ ဒို့မောင်းဆုံထဲ၌ ထည့်ပြီး
မယ်နှင့် လက်ဆုံတွဲယှက်ကာ ထောင်းရသည်မှာ
အဘယ်မျှလောက်
ဝမ်းမြောက် ၀မ်းသာဖြစ်မည့် အကြောင်း”
ကိုသီဆိုလိုက်သည့် ဒိန်းသံ
သီချင်းမှာ …
“ထူးန သဲန - အမျှပြု၊
ဥသျှစ်ကျိုထု၊ ရေတမှု။
တန်းလဲ နော့က်ထပ်၊ နှေ့ မှုမှတ်၊
ကွဲကော်ငါးမှု၊ ခြော့က်စုအောင်တောင်။
နော်န်နော်န်မလွဲ၊ နို
့မောန်ထဲမာ၊
ထဲပါတောင်။
လတ်ဆောင်မယ်န၊ တွဲယှစ်ရ၊
ဖယ်မျှ ၀မ်းပမ်းသာမယ်နူးလေ။
အေ - အေ့ - အေး - နော်န်ဝေ့ ”
မှတ်ချက် - ထူးန သဲန
= ထုံးနှင့် သဲနှင့်၊
ရေတမှု = ရေတစ်မှုတ်၊
တန်းလဲနော့က်ထပ်၊ နှေ့ မှုမှတ် = တင်လဲနောက်ထပ် နှစ်မှုတ်မှတ်၊
ကွဲကော် ငါးမှု = ကျွဲကော်ရေ ၅-မှုတ်၊
ခြောက်စု အောင်တောင် = ခြောက်စုအုံတုံ၊
နို့ မောန်ထဲမာ = ဒို့မောင်းထဲမှာ၊
လတ်ဆောင်မယ်န၊ တွဲယှစ်ရ =
လက်ဆုံမယ်နှင့်၊ တွဲယှက်ရသည်၊
ဖယ်မျှဝမ်းပမ်းသာမယ်နူးလေ =
အဘယ်မျှလောက် ၀မ်းပမ်းသာမည်နည်း။
(ယင်းကော်ထောင်း
တေသီချင်းများကား ယင်းဓာတ်
ဝဲဘုရား စေတီတော် တည်လုပ်သည့်
အခါကစ၍
ထားဝယ်ဒေသရှိ တခြားသော ဘုရားစေတီများ
တည်လုပ်သည့်အခါတိုင်း ကော်ထောင်း ကြသည့်အခါ
ယောက်ျား, မိန်းများတပျော်တပါး
စုပေါင်းသီဆိုကြသည်မှာ ထားဝယ် ရှေးခေတ်
ယဉ်ကျေးမှုတစ်ရပ်ပင်ဖြစ်ပေသည်။ သို
့သော် ယခု အခါ တိမ်ကော်ပျောက်ကွယ်ခဲ့လေပြီ။)
မယ်ဇောအား မိဖုရားမြှောက်ရန်
ကြံစည်ခြင်း
တစ်နေ့ သ၌ သာဂရပြည့်ရှင် သမ္ဗန်မင်းသည်
ဆရာတော် ဂေါဝိန္ဒရှင်ရသေ့အား ဆွမ်းဘုဉ်းပေးရန် နန်းတော်တွင်းသို့ 
ပင့်သဖြင့် ဆရာတော်ကြွရောက်လာ၍
ဆွမ်းဘုဉ်းပေးပြီးသောအခါ အတွင်းဝန်
၎-ပါးတို့ က ဤသို
့လျှောက်ထားကြလေ၏။
“ဤမှောင်နှမ ၂-ဦးတို့  သည် အရှင်ရသေ့၏
သားသမီးလည်းမည်ပါသည်၊
တပည့်လည်း မည်ပါသည်။ သို့ြ ဖစ်၍
ယင်းမောင်နှမ ၂-ဦးတို့ ကို အထူးသဖြင့်
နေရာချထားရန် အတွင်းဝန် ,
အပြင်
ဝန် , ပြည်သူပြည်သားတို့ ပါ
အားလုံးသဘောညီညွှတ်ကြပါသည်။
ရှေးထုံးစဉ်လာ အကြောင်ကိုရှာသော် -
သြက္ကာကရာဇ်မင်းကြီး၏ သားတော် ,
သမီးတော်များသည် အမျိုးမပြက်၊ တစ် ၀မ်းဖွားချင်းကို၊ စုလျာရစ်ခြုံ၍၊ ရွှေဘုံဌာန၊
ကပ္ပိလပြည်ဘောင်ကို၊ တည်ထောင်တော်
မူဖူးသောနည်းလမ်းအတိုင်း ပြုလိုပါသည်ဘုရား” ဟု လျှောက်ထားကြသော်အခါ -ဂေါဝိန္ဒရှင်ရသေ့က “ငါကား လူမှုကိစ္စကို လုံ့  လမထုတ်စကောင်းချေ၊ သင်အမတ်တို့  ကသာ တော်သင့်သလို
ပြုကြလေလော့ ”
ဟုဆို၍ သမ္ဗန်မင်းနှင့် မယ်ဇောတို့ အား တရားသဖြင့်
ဆုံးမပြီးလျှင် ကျောင်းသင်္ခမ်းသို
့ ပြန်ကြွ
သွားတော်မူလေ၏။
ဝန်ကြီးများကလည်း ဂေါဝိန္ဒဆရာတော်ရှင်ရသေ့ မိန့်  ကြားခဲ့သည့်အတိုင်း သမ္ဗန်မင်းနှင့် တိုင်ပင်ကာ
နှမ
မယ်ဇောအား နားချရန် လိမ္မာသည့်
အထိန်းတော်ကြီးတစ်ဦးကို
မယ်ဇော်ထံ စေလွှတ်လိုက်လေ၏။ အထိန်းတော်ကြီးလည်း
မိမိလိမ္မာသလို နည်းမရိယာယ် အသွယ်သွယ်
အ၀၀တို့ြ ဖင့် ဖျောင်းဖျပြောဆို လျှောက်ထားသော်လည်း အားပြော့ကာ
အဆွေးတစ်မျိုးပိုလျက် လေးချိ
ုးနှင့် ငိုလိုက်သည်မှာ -၁။
မယ်ဇောငို လေးချိုး
“စိုးကဲရှင် - မြွက်တာကိုသိရတော့၊
အိုးမဲမင် - မျက်နှာမှာ ထိသည်နှယ့်
(အမယ်လေး) ရှက်ပါဘိ - မယ့်ဖြစ်အင်။ ။
သက္ကရာဇ်ဟောင်းကို၊ နှစ်ပေါင်း - မရေနိုင်တဲ့။
ရဝေပိုင် - သာကီယတို့ ကို။
အားကျကာ မိန့် တော်ထားလိုက်တယ်၊
နားဆို့ လို့ နင်။
။
ရှက်တာကို - ပြေအောင် ဖြတ်သော်လဲ၊
မျက်နှာကို - နေရောင် - ဟပ်သလိုမို
့ -စခန်းကုန်၊ နန်းဘုံပြာသာဒ်ကယ်က။
တောအရပ် - ချောင်ရှိုခွင်၊
ရှောင်ခို ၀င်မှ - အပူအေး။ ။
မောက်အမာ၊
နောက်တစ်ခါ - သည်ပုံစကားရယ်နှင့်။
အရှက်တွေ - ရက်ရှည်ဖြင့်
မပွားလိုဘူ့ ၊
(အမယ်မင်း) အားပြော့မှိုင်ငေးတဲ့မှ
-(မောင် ကြီးရေ ) သွားပေါ့မြိုင်ကျေး။”
၂။ မောင်မရှောင်ရွာဟု ခေါ်တွင်ခြင်း
ယင်းသို့  တမ်းတငိုကြွေး
ဦးခေါင်းထက်၌
စိန်တဘက်ကိုတင်၍ ရွှေငွေ ကျောက်သံနှင့် ခြွေရံ
အနည်းငယ်ကို
ခေါ်ဆောင်ပြီးလျှင် မြစ်အရှေ့ ဘက်ရှိ
တစ်ခုသော တောအရပ်တွင်
တိမ်းရှောင်နေလေ၏။
ယခုတိုင်စည်ကားသော ရွာကြီးတစ်ရွာ ဖြစ်ပေသည်။ (ယင်းရွာကား ရှင်ဓာတ် ၀ဲ
စေတီတော်နှင့် မနီးမဝေးတွင် ရှိလေသည်။)
မယ်ဇော ပျောက်သွားကြောင်းကို အထိန်းတော်ကြီးက သမ္ဗန်မင်းထံ
သံတော်ဦးတင်လျှင် သမ္ဗန်မင်းက
“ရိုင်းလိုက်လေခြင်း အထိန်းတော်ကြီးရယ်၊ အကယ်၍
သဘောတော် မမျှတာဖြင့်လဲ နန်းမကို
သံတော်ဦးတင်လွှာ
ဆက်ကရော့ပေါ့ ။ ယခုတော့ အများစိတ်
မချမ်းသာအောင်
တိတ်တဆိတ်ထွက်သွားတာ၊ သူကမှ အရေးမယူဘဲ
ကိုယ်တော်မြတ်ကလဲ အရေးယူဖို့  မသင့်ပေဘူး၊
ရှိစေတော့ အထိန်းတော်ကြီး၊ သည်လောက်တောင် သဘောနုတာကို
ကြည့်ရှုတော်မူဖို့ မတော်ဘူးပ။ သတင်းတော်လဲ
မမေးကြနှင့်၊ ဝေးဝေးကပဲ့ နေပါစေတော့ဗျား” ဆိုပြီးလျှင်
အတွင်းတော်သို့ 
ဝင်သွားလေ၏။
ကောက္ကသန်နှင့် မင်းသမ္ဗန် ဆက်ဆံမဟာမိတ်
သီဟိုဋ္ဌ်ကျွန်းမှ
ကောက္ကသန်မင်းသည် သမန္တမင်း နတ်ရွာပြောင်းကြွ၍ ဆက်ခံစိုးစံသည့် သမ္ဗန်မင်းအား
မဟာမိတ်ပြုလိုသောကြောင့်
အမတ်နော်ရမံကို
လက်ဆောင်ပဏ္ဏာများ ပေးအပ်လျက် အမတ်နော်ရမံသည် သင်္ဘောဖြင့်
ရောက်လာပြီး သမ္ဗန်မင်းနှင့် ဆက်သွယ်ကာ
မဟာမိတ်ပြုလေ၏။
ယင်းနောက် အမတ်နော်ရမံသည် သာဂရမြို့ပေါ်သို့  လှည့်လည် ကြည့်ရှုပြီး
မြစ်အရှေ့ဘက်ကမ်းသို့
ရောက်ရှိလတ်သော် မောင်မရှောင်အရပ်တွင် တိမ်းရှောင်နေသည့် မယ်ဇော၏
လက်ပါးစေများနှင့် တွေ့ရှိသဖြင့်
အကြောင်းကိုမေးမြန်းလျှင်
သမ္ဗန်မင်း၏
နှမတော်ဖြစ်ကြောင်း သိရသဖြင့် ဖူးမြော်ရန်
အခွင်းတောင်းလေ၏။ အခွင့်ရရှိလျှင်
အမတ် နော်ရမံသည်
သင်္ဘောသားများနှင့် ၀င်လာ၍ မယ်ဇော၏မျက်နှာကိုမြင် လျှင် အချို့ကား
မေ့လျော့ခြင်း ဖြစ်ကြကုန်၏။
အချို့ ကား ဣနြေ္ဒ
ပျက်၍ ရူးသွပ်သကဲ့သို့  ဖြစ်ကြကုန်၏။
နော်ရမံအမတ်ကြီးကလည်း များစွာ အံ့သြလျက်
မယ်ဇော၏
ပုံအသွင်ကို ရွှေမင်နှင့် ကူးယူသွားလေ၏။
ကောက္ကသန်မင်းလက်သို့  မယ်ဇော၏
ရုပ်ပုံတော် ရွှေလွှာဆက်သ၍ ရှုကြည့်တော်မူရာတွင် ကောက္ကသန်မင်းသည်
ဖြေတင်းဆီးတန့် ခြင်းငှာ မတတ်နိုင်ရကား “သမ္ဗန်မင်းနှမ မယ်ဇောလှ ” ဟူ၍
လည်းကောင်း၊ “မယ်ဇောထံ
အမြန်ပို့ ကြ
ဝန်အန္ဓတို့  ” ဟူ၍လည်းကောင်း “မယ်ဇောဆိုလျှင်
အအိုဖြစ်ဖြစ် ငါကြိုက်ချစ် ” စသည်တို
့ဖြင့် အကြိမ်ကြိမ်မြည်တမ်းပြီး
ရူးနှမ်းလျက် နေရှာလေ၏။
ယင်းနောက် ၀န်တို့ အား
ခေါ်၍ ပြောသည်မှာ -“၀န်မိုက်
ဝန်ရူး၊ ၀န်ပွတ်စူးနှင့်၊ လွန်ကြူးကာမ၊
လိုက်စားကြ၊ ငါ့ထံခုံလှုံ၊ ထိန်တစိုစို၊
ဒေါသပိုတဲ့၊ ၀န်မှိုငုံတို့  ။
အုံတကြွကြွ၊ ဖုံပွပွနှင့်၊ ကြုံရလေခြင်း၊
ဝန်ကမြင်းတို့  ရယ်၊ မင်းတို့
အများ နာနာရုပ် ဆေး
မျက်လှည့်နှင့်၊ ၀ှက်ခဲ့၍
ထားကြသလား၊ ငါ့မယားဇောတစ်ယောက်၊ ခုချက်ချင်း
ပျောက်လေသည်၊
ကြောက်ရင်ဖြင့်ယခုဖော်၊ ဘယ်သူမှ
မညှာတာဘူး၊ ပြာတာကို ခေါ်လိုက်ရမလား၊ ဖယ်နော်
- ဟင့်အင်း လာ, မကမြင်းကြနှင့်၊
ဟိုသင်းကို - ဟ၀ါပြု၊
သည်နေရာ
နုလှပါတယ်၊ ကိုသု ၀ဏ် ရွှေရောင်ရစ်ကယ်က ကျမကို
ရှင်မချစ်တာဖြင့် စံတညှာငယ် သမ္ဘရာစိန်ကိုနှစ်ပြီးတော့၊ အမယ်လေး
… ဘာဖြစ်လို့ သောက်ရမလဲဟဲ့။ ”
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်