နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပဉ္စဂုဏံ အဟံ ၀န္ဒာမိ
ဒူရကတိုင်း
အောင်သာဝတီပြည် ကလိန်အောင်မြို့တည်ခြင်း
ဂေါတမဗုဒ္ဓ ရှင်တော်မြတ်ဘုရား ၁၁-၀ါမြောက်တွင် ချွတ်ထိုက်သော ဝေနေယျတို့ ကို ဉာဏ်စက္ခုတော်ဖြင့် ရှုတော်မူ လတ်သော် ဝေမိဿကတောင်
(ယခု ကျောင်ထောင့်ရွာအနီး ကနန်းတောင် )၌ “ဂ၀ံပတေ့ ”ရသေ့ကို လည်ကောင်း,“ကုမ္ဘဏ္ဍနတ်ဘီလူး” ကိုလည်းကောင်း
ဗျာဒိတ်တော် ထားအပ်သော အကြောင်းကို
မြင်တော်မူ၍ မြသပိတ်တော်ကို ဆောင်တော်မူပြီးလျှင် မြောက်ဥတ္တရကုရုသို့ 
ဆွမ်းခံကြွတော်မူပြီးအပြန်ဈာန်ယာဉ်ခရီးဖြင့် မြတ်စောထီး ကြွတော်မူလာသည်ကို နတ်ဘီလူး
ဦးစွာမြင်လတ်က ထပ်ကြပ်မကွာ လိုက်လာ၍ ဝေမိဿကတောင်တွင် ဖူးတွေ့ လေ၏ ဂ၀ံပတေ့ရသေ့သည် သစ်သီးရှာရာမှ အပြန်
ဒူရက နတ်သားလည်း နတ်သစ်သီး
အလှူလာခိုက် ၃-ဦးသား ကြုံကြိုက် ကြလေ၏။
၁။ ဆွမ်းကပ်လှူတော်မူကြခြင်း
ယင်းအခါ ဂ၀ံပတေ့ရသေ့ က လျှောက်ထားသည်မှာ -
“အရှင်ဘုရား - ဤတော,ဤပြည် ,ဤနေရာသည် အဘယ်ဘုရား လက်ထက်တော် အခါကပင် တည်ရှိပါ သနည်း၊နောင် သော အခါ ဤနေရာ၌ အဘယ်သို့
ဖြစ်ပါအံ့နည်း၊ ဘုရား တပည့်တော်အား သနားသဖြင့် ဤသစ်သီးဆွမ်းကို ဘုဉ်းပေး တော်မူပါ ဘုရား”
ဟုလျှောက်ထား ဆက်ကပ်လေ၏။
ဒူရကနတ်သားကလည်း မိမိ၌ ပါလာသော နတ်သစ်သီးကို
ဆက်ကပ်လေ၏။
ကုမ္ဘဏ္ဍ နတ်ဘီလူးကလည်း “စုမ္ပိယ”
မည်သော
နတ်သစ်သီးကို ဆက်ကပ်လေသည်။
“ဒူးရင်းသီး စုမ္ဗဒ
ထားဝယ်အစ” ဒူရကနတ်သား ဆက်ကပ်လှူဒါန်းသည့် နတ်သစ်သီး၏ မျိုးစေ့ကို လူတို့  စိုက် ပျိုးကြ ရာမှ ထိုအသီးကို “ဒူရကသီး”,ယခုအခါ ခေါ်ရွေ့လျော၍ “ဒူးရင်းသီး”ဟုခေါ်ကြ၏။
ကုမ္ဘဏ္ဍနတ်ဘီလူး ဆက်ကပ်လှူဒါန်းသည့် နတ်သုဒ္ဓါ
ပိန္နဲသီးကို “စုမ္ပိယသီး”
ယခုအခါ
အခေါ်ရွေ့လျော၍ “စုမ္ပဒသီး”
ထားဝယ် အခေါ် “စောင်းပဒသီး”
တွင်လေသည်။
၂။ ရှင်တော်ဘုရား ဗျာဒိတ်ကြား
ရှင်တော်ဘုရားသည် သစ်သီးဆွမ်းများကို ဘုဉ်းပေးတော်မူပြီးနောက် နိယတဗျာဒိတ်ပန်းကို ဆင်မြန်း တော်မူစေခြင်း ငှာ -
“ချစ်သား ဂ၀ံပတေ့ သင်ချစ်သားသည် ငါ့ဘုရား ဟောကြားတော်မူသည့် တရားတော်ကို
နာယူပါမူ ရဟန္တာ ဖြစ်လတံ့၊ဤ အရပ်၌ပင် သင်ချစ်သား နိဗ္ဗာန်
ဝင်လတံ့ ”ဟူ၍ ဟောကြားတော်မူသောတရားကို နာယူပြီးအဆုံး၌ ဂ၀ံပတေ့ရသေ့သည် ရဟန္တာ ဖြစ်တော်မူလေ၏။
ယင်းနောက် ဆံတော်မြတ် ၃-ဆူကို သုံးသပ်တော်မူ၍ -
“ချစ်သား ဒူရကနတ်သား ဤ
ငါ၏ ဆံတော်မြတ် ၃-ဆူကို ဆက်လက်ခံယူလေလော့ ”
ဟုပေးအပ်တော် မူပြီးလျှင်
“ဤဝေမိဿကတောင်မှ မြောက်ဘက်သို့
လက်ညိုးညွှန်တော်မူ၍ ကုမ္ဘဏ္ဍနတ်ဘီလူး၏ နေရာအနီး ဝေဿ၀ဏ္ဏ တောင် ကုန်း ၌ ကကုသန် ,ကောဏာဂုံ ,ကဿပ တည်းဟူသော ရှေးနောင်တော်ခင်
ကျေးဇူးရှင်တို့  သည်
ဤတောင်ကုန်း ၀ယ် ဆံတော်မြတ်တို့ ကို ဌာပနာမြဲပင်၊ ငါ၏ဆံတော်
၃-ဆူ ကိုလည်း
ဘီလူးမင်းအား အပ်၍ ယင်းတောင်ကုန်း၌ ပင် ဌာပနာ လေ၊ ဘီလူးမင်းသည် ငါဘုရားနှင့်တကွ ဆံတော်ဓာတ်တို့  ကို ကြည်ညိုရသောကုသိုလ်ကောင်းမှူ ကြောင့် ငါ့ဘုရား
နိဗ္ဗာန်မ၀င်မီ သုဝဏ္ဏဘုမ္မိတိုင်း သထုံပြည်ဝယ်“ သီဟရာဇာမင်းကြီး” ၏ သားတော်“ဘာနုရာဇာ” အမည်ရှိသော မင်းဖြစ် ၍ ထီးနန်းစည်းစိမ် စံတော်မူပြီးလျှင် ငါဘုရား ပရိနိဗ္ဗာန်စံလွန်ပြီး တစ်နှစ်မြောက်၌ ထိုမင်း၏ မိဖုရား
“သု ၀ဏ္ဏမဟေသီ ”၀မ်း၌
သန္ဓေတည်နေပြီး ဖွားမြင်လတ္တံ့ 
၊ ထိုအခါ
နာမထင်ရှား အသင်နတ်သားကို ဖွားမြင်ပြီး အသင်နတ်သား၏ အမည် ကို အစွဲပြုကာ ဒူကရတိုင်း အောင်သာဝတီပြည် ကလိန်အောင်မြို့ကို တည်၍ အသင်နတ်သားသည် “နရုတိမင်း”
အ မည်ဖြင့် စိုးစံရလတ္တံ့ ၊အသင်အား သိကြားနတ်တို့ ကူညီစောင်မ ကြည့်ရှုကုန်လတ္တံ့ ၊အနောက် မဇ္စိုမမှ ငါဘုရား ၏ တရားတော်ကို နာခံရသော အမတ်ပညာရှိများ ခစားရောက်လတ္တံ့ ၊ ဂန္ဓာရတိုင်းမှ ငါဘုရား၏ တပည့် သား ရဟန္တာတို့  ကြွလာကြကုန်၍ သာသနာတော်ကို
ပြုစုဟောကြားကြကုန်လတ္တံ့  ”
ဟူ၍ ဗျာဒိတ်ထားခဲ့တော်မူခဲ့ပြီး ရှင်တော်မြတ်စွာ သည် ဒေသစာရီ ပြန်လည်
ကြွန်မြန်းတော်မူ၏။
၃။ ပတ္တမြားစေတီကြုတ်
ရှင်တော်ဘုရား
ဗျာဒိတ်ထားတော်မူပြီးအဆုံး၌ ယင်းဆံတော်
ဓာတ် ၃-ဆူကို ဒူရကနတ်သားနှင့် ကုမ္ဘဏ္ဍနတ်ဘီလူးတို
့ သည် ဝေဿ၀ဏ္ဏ စသောနတ်မင်းကြီး ၄-ပါးတို့ 
ကို “ရွှေပန်းတောင်းနှင့် လာကြစေသတည်း”ဟု တ,လိုက်သောအခါ ထိုနတ်မင်းကြီး
၎-ပါးတို့  သည် န၀ရတ် ၉-ပါးဖြင့် ချယ်လှယ်အပ်သော ရွှေပန်းတောင်းကို ယူလာကုန်၍ ရိုသေစွာ ဒူး တုပ်လျက် ဆံတော်မြတ်ကို ခံယူကာ
ယက္ခသေနဘီလူးမင်းနှင့် နတ်မင်းကြီး ၄-ပါး
တို့ ကို ထည့်လိုက်၍တောင်သမုဒ္ဒရာ ၀ယ် လုံးပတ်ထွာဆိုင်
အလျားတောင်ဆုပ် ပမာဏရှိသော ပတ္တမြား
စေတီကြုတ်ကို ယူဆောင်ခဲ့လေသည်။
ယင်းနောက် ကြုတ်တော်အတွင်း
ဆံတော်ဓာတ်မြတ်ကို သွင်းထည့်ပြီး
ဘီလူးမင်းကြီးအား အပ်နှံလေ။
ဘီလူးမင်းကြီနှင့် တကွ ပြည်သူပြည်သားတို့  လည်း အလွန်ဆန်းကြယ်သော မဏ္ဍပ်ကြီးအတွင်းသို့ ပင့်ဆောင် တင်းသွင်း၍ အချိန် အခွက် နှစ်ရာစီးသော ရွှေသား စေတီတော်ကို န၀ရတ် ၉-ပါး ချယ်လှယ်လျက် ပတ္တမြားစေတီတော် ကို ငုံ၍ ရွှေကလပ် ပေါ် တင်ပြီး ၃-လပတ် သဘင်အတီး အမှုတ် အက အခုန်တို့ြ ဖင့် ပူဇော်ပွဲကြီးကျင်းပတော်မူ လေ၏။
၎။ ဆုတောင်းပြည့် ဆံတော်ရှင်သမိုင်း
ဝေဿ၀ဏ္ဏတောင်ကုန်းကိုလည်း စောက်အတောင် ၄၀၊
အနံ အလျားအတောင် ၃၀ တူးပြီးမှ ကျောက်အင်္ဂတေ တို့ြ ဖင့် ချောမွေ့ သေသပ်စွာ
ပြုလုပ်စေပြီးလျင် န၀ရတ် ၉-ပါးချယ် လှယ်သော တံခွန်ကြက်လျှာ ထီးတိုးဖြင့် ဆင်းမြန်းတော် မူ လေ သည်။ယင်းစေတီတော်ကို ကျောက်စွားပွဲ၌တင်၍ ဒူရကနတ်သား
ဝေဿ၀ဏ္ဏ စသော နတ်မင်းကြီး
၎-ပါးတို့  နှင့်ကုမ္ဘဏ္ဍဘီလူးမင်းတို
့က ဌာပနာသွင်းနှံကြလေကုန်၏။ ယင်းနောက်
ကျောက်ကြီး,ကျောက်ငယ် အသွယ်သွယ် တို့ ဖြင့်ရံကာဉာဏ်တော် ၁၅-တောင်ခန်
့ရှိသည့် ကျောက်စေတီကို အပေါ်က တည်ထားလေသည်။ဆုတောင်းတိုင်း
ပြည့်စုံသည့် အတွက် “ဆုတောင်းပြည့်
ဆံတော်ရှင် ”တွင်လေသည်။
“ရာဇာနရုတိ
မည်ရှိထင်စွာ”
ရှင်တော်မြတ်စွာ၏ ဗျာဒိတ်ပန်းကို ဆင်မြန်းတော်မူကြရသည့်အတိုင်း ကုမ္ဘဏ္ဍ နတ်ဘီးလူး ကွယ်လွန်ပြီး
သု ၀ဏ္ဏဘုမ္မိတိုင်း
သထုံပြည့်ရှင် သီဟရာဇာမင်း၏ သားတော်
ဘာနုရာဇာ အမည် ရှိသော မင်းဖြစ်၍
ရှင်တော်မြတ်စွာ ပရိနိဗ္ဗာစံ ၀င်ပြီး တစ်နှစ်မြောက်တွင် ဒူရကနတ်သား
စုတေသဖြင့် ထိုမင်း၏ မိဖုရားဝမ်း၌ ကိန်းပိုက် သန္ဓေတည်ကာ
ဖွားမြင်တော်မူလေ၍ ဒူရကတိုင်း အောင်သာဝတီပြည် ကလိန်အောင်မြို့ကို အုပ်စိုးသည့် ရာဇာနရုတိ မည်ရှိထင်စွာ
ဘုန်သမ္ဘာနှင့် ပြည့်စုံသော
မင်းမြတ်ဖြစ်တော်မူလေသည်။
၅။ ဆံတော်ရှင်စေတီတော်၏ ဌာပနာတိုက်
ဖွင့်ခြင်း
နရု တိမင်းသည် ရတနာသုံးပါးကို အလွန်ကြည်ညို လေးစားတော်မူသည်နှင့် ရှေးယခင် ဒူရက နတ်သားဘ၀က ဌာပနာ တော်မူခဲ့သည့် ဆံတော်
ဓာတ်မြတ်ကို ဆရာတော် သံဃာတော် အရှင်သူမြတ်တို့
နှင့် လျှောက်ထား တိုင်ပင်တော် မူလျက် သာသနာတော်
သက္ကရာဇ် ၂၄-ခုနှစ် ပြာသလိုလဆန်း
၂-ရက် ကြာသပတေးနေ့ နေ၀န်း ပေါ် အချိန်
ဆံတော်ဓာတ်တည်တော်မူသည့်
ဌာပနာတိုက်ကို ဖွင့်ဖောက် တော်မူပြီးလျှင် ရှေး
ဘီလူးမင်း,ဂ၀ံပတေ့ ရဟန္တာ,
ဒူရကနတ်သားတို့ ဌာပနာထားခဲ့သည့်
ရတနာရွှေသားစေတီတော်ကို ကျောက်စွားပွဲတွင် တင်ထားလျက် ရတနာ ထီးဖြူ တော်ကို အုပ်မိုးကာ ဖွင့်တော်မူလိုက်သည်နှင့် တစ်ပြိုင်နက် ရောင်ခြည်တော် ခြောက် သွယ် တို့  သည် မိုးလယ် ကွန့် မြူး အထူးဆန်းကြယ် တင့်တယ်လွန်ဖြိုး အမျိုးမျိုးစပ်ယှက် တစ်လက်လက်
တစ် ၀င်းဝင်း နေရောင် ကင်း ပျောက် ထွင်းဖောက်ဖီလာ ဒေသစာ ကြွချီ ဆယ်ဒိသာမလပ် တစ်လျှပ်လျှပ်စိုး တန်းခိုးပြဋိဟာ ပြတော်မူ၍
မင်း, မှူး မတ် ,သူဌေး,သူကြွယ် ,ရဟန်းရှင်လူ ပြည်သူအပေါင်းတို့  သည် အလွန်ကြည်ညိုကြသောကြောင့် ဦးတိုက်၍မငြီး ချီးမွမ်း ၍ မရောင့်ရဲနိုင် တန်ဆောင်တိုင် ဆီမီး
သစ်သီးချိုချဉ် ဆွမ်းဘောစဉ် မပြတ်
အထပ်ထပ် ရတနာ
ပူဇာ သက္ကနေ့ ညမပြတ် မလပ်မနား သက်တော်ထင်ရှား မြတ်ဘုရား
ကြွရောက်လာဘိ သောပမာ
လွန်စွာဆည်းကပ်ပူဇော် ကိုးကွယ်ကြကုန်လေ၏။
တပေါင်းလပြည့် အင်္ဂါနေ့ ကျရောက်လတ်သော် ရတနာစေတီနှင့် ပတ္တမြားစေတီတော်များကို ဖွင့်တော်မူ၍ ဆံတော်ဓာတ် ၃-ဆူကို အမွှေးရေအမျိုးစို့ြ ဖင့် သပ္ပာယ်တော်မူပြီး ပြန်လည်သွင်းတော်မူလေသည်။ ယင်း နောက် ရုပ်ပွား ဆင်းတုတော်အမျိုးမျိုး နရုတိမင်းမြတ်၏ ဘိုတော် ,ဘွားတော် ,ခမည်းတော် ,မယ်တော်တို့၏ ရွှေကိုယ်လေး ရုပ်ပုံတော်များ၊ နရုတိမင်းမြတ်နှင့်မိဖုရားတို့ ၏ ရွှေကိုယ်လေးရုပ်ပုံတော် ,သားတော် အိမ်ရှေ့မင်း၏ ရွှေကိုယ်လေး ရုပ်ပုံတော် စသည်တို
့ ကို ဌာပနာပြီး အစောင့်အကြပ် ၀ိဇ္ဇာရုပ်များဖြင့် စီမံပြီး
ဌာပနာတိုက်ပိတ်တော်မူလေ သည်။
၆။ ဆက်လက်ပြုပြင် ကုသိုလ်ရှင်
ဆုတောင်းပြည့် ဆံတော်ရှင် စေတီတော်မြတ်ကို ထပ်မံပြုပြင် ရွှေးထီးတော်ပါ
တင်လှူပူဇော်ကြသည့်ကုသိုလ်ရှင် များ ကား
-၁၉၈-ခုနှစ်တွင် ဓမ္မသေန မင်းမြတ်သည်လည်းကောင်း၊၅၅၈-ခုနှစ်တွင် ဓမ္မ ၀ိဇယမင်းမြတ်သည်လည်းကောင်း၊ ၈၈၅-ခုနှစ်တွင် သာဂရမြို့(ယခုမြို့ဟောင်း) ရှင်ဇံမင်းသည် လည်းကောင်း ၁၁၁၆-ခုနှစ်တွင် အလောင်း တရားမင်းကြီး (ဦးအောင်ဇေယျ)သည် လည်းကောင်း အသီးသီးသောမင်းအဆက်ဆက် တို့  ပြုပြင် တော်မူကြလေသည်။
နှောင်းခေတ် မျက်မြင်ပြုပြင်သည်မှာကား -“ဂန္ဓာလရာဇ်သွေး၊ တရုတ်မြေး၊ မနှေးထိုးခါ ပေါ်လတ္တံ့ ၊ ထိုသူကားပေါ်၊ စေတီတော်၊
ရှိန်စော်တန်ခိုး ထွက်လတ္တံ့ ။ ”
ဟူသော ရှေးတဘောင်လာအတိုင်း တိုက်ဆိုင်ညီညွတ်ပါသဖြင့် ကောဇာ သက္ကရာဇ် ၁၂၈၄-ခုနှစ်တွင် ထားဝယ်မြို့ မြို့တွင်းရပ် နေ ဂန္ဓာလရာဇ် တရုတ်သွေး တရုတ်မြေးများဖြစ်ကြသော ဘုရား ဒါယကာ ခူဂ်ါဒင် ဇနီး ဒေါ်မြသိန်းမေတို့  က ကြခတ်ပင်တိုက်ကျောင်း ဆရာတော်ကို အရင်းခံပြုပြီးနောက် အသစ်တဖန် မွမ်းမံချယ်လှယ်ကာ ၁၂၉၂-ခုနှစ် တန်ခူးလပြည့်နေ့  နံနက်
နေ၀န်းပေါ်အချိ န်တွင် ရွှေထီးတော်ကို
တင်လှူပူဇော် ထား တော်မူသည်မှာ
ယခု ဖူးမြင်ရသည့် အတိုင်းပင်။
ယင်းဆုတောင်းပြည့်
ကလိန်အောင်ဆံတော်ရှင်
စေတီတော်မြတ်သည်ကား
ထားဝယ်မြို့မှ မြောက်ဘက် ၄၇-မိုင်ခရီးအကွာ ထားဝယ်မြို့နှင့် ရေးမြို့သွား
မော်တော်ကားလမ်းပေါ်ရှိ ကလိန်အောင်ရွာကြီး အနောက်ဘက် ထားဝယ်မြစ်ကမ်းရှိ တောင်ပေါ်တွင် တည်ရှိလေသည်။နှစ်စဉ် တပေါင်းလပြည့်
ကျရောက်တိုင်း ဘုရားပွဲတော်ကို
ကြီးကျယ်ခမ်းနားစွာ
ကျင်းပပြုလုပ်ကြလေသည်။
“ထားဝယ်ခေါ်ကြ ရင်းအစ”ဝေမိဿကတောင်
(ကနန်းတောင်ထိပ် ) ၀ယ်
ရှင်တော်မြတ်စွာ ထက် ၀ယ် ဖွဲ့ခွေထိုင် နေတော် မူသည်ကို အစွဲပြု၍ ယွန်း,ရှမ်း,ယိုးဒယားတို့ ဘာသာဖြင့်“ထ၀ှါ ”ပြုတော်မူသည်ဟု သမုတ်ကြသောကြောင် ထ၀ှါဒေသကို “ထ၀ှါတိုင်း ”တွင်သည်၊ကာလရှည်လျားလတ်သော် ၀,အက္ခရာ၌ ဟထိုး ပျောက်ပြီး “ထားဝယ် ”ဟူ၍ယနေ့ တိုင် အများ ခေါ်ဝေါ်ကြလေသည်။(ဒီသမိုင်းကို မွန်ရာဇ၀င်တွင်လည်းကြည့်နိုင်သည် မဖော်ပြတော့ချေ)
#ဆံတော်အစစ်ကိန်းဝပ်တည်ထားသောနဂါးရစ်(တစ်နည်း) မျှော်ရစ် ယခုအခေါ် မော်ရစ် ဘုရားစေတီ(သမိုင်းအကျဉ်း)
မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့ ၌ မဇ္စိုမတိုင်းတွင် အရှင်ဂေါတမဗုဒ္ဓသည် ဗောဓိပင်နှင့် ရွှေပလ္လင် ကို အောင်မြင် ကာ သဗ္ဗညုတရွှေဉာဏ်တော်ရရှိလျက် ဘုရားအဖြစ်သို့  ရောက်ရှိတော်မူလေသည်။ ဗုဒ္ဓမြတ်စွာ သည် သတ္တာဟ လင်းလွန်းပင်ရင်းဝယ် သမာပတ် ၀င်စားပြီး သမာပတ်မှထတော်မူစဉ် ရာမညတိုင်း ဥက္ကာလာပပြည် တောင် ဘက် ပေါက္ခရ၀တီမြို့မှ တဖုဿနှင့် ဘလ္လိကညီနောင်နှစ်ဦးတို့ သည် ကုန်စည်ကူးသန်းသွားစဉ် ဘုရားရှင်ထံ ဆိုက် ရောက်လျက် သဒ္ဓါကြည်ညို၍ ပျားရည်ဆမ်းသောမုန့်  ဆွမ်းများကိုလှူဒါန်းပြီး ဒွေဝါဓိ က သရဏဂုံတည်ကြလေသည်။ အနာဂတ်သာသနာထွန်းလင်းမည်ကို မြင်၍ ကုန်သည်ညီနောင်တို့ အား ဇီဝကေသဓာတုသက်ရှိဆံတော် ဓာတ်တော် (၈)ဆူကို ပေးသနားလိုက်လေသည်။ ညီနောင်တို့  ၏ အပြန်ခရီးတွင် မဇ္စိုမတိုင်း အဇတ္တနာဂရ ပြည်ရှင်မင်းသည် တဖုဿနှင့်ဘလ္လိကတို့  အား တောင်းပန်၍ ဆံတော် (၂)ဆူကို ပူဇော်လေသည်။ ကျန်ဆံတော် (၆)ဆူကို ပင့် ဆောင်ကာ ရာမညတိုင်းသို့ သင်္ဘော လွှင့်ခဲ့ကြသည်။ အစဉ်တစိုက်သင်္ဘောလွှင့်ခဲ့ရာ သမုဒ္ဒရာ၌ လှိုင်းလေ အဆင်မ သင့် သဖြင့် နဂါးရစ်မော်သို့ သင်္ဘောဆိုက်ရောက်ပြီးလျှင် တစ်ညတာမျှ ရပ်နားကြသည်။ ထိုစဉ် တောင်စောင့်နတ်နဂါး တို့  က ဆံတော် (၂)ဆူကို ပင့်ယူပူ ဇော်ခဲ့ကြသည်။ ဆံတော်မြတ်ကို နတ်နဂါးများ ရစ်ပတ်စောင့်ရှောက် ကိုးကွယ် ပူဇော်ထားကြသဖြင့် နဂါးရစ်မော်ဟုခေါ်တွင်ခဲ့ သည်။ (စကားချပ် - ဆံတော် (၄) ဆူမှာ ရာမညတိုင်းသို့ ရောက်သည့် အခါ ဥက္ကလာပမင်းကြီးက သိင်္ဂုတ္တရကုန်း၌ ဌာပနာလျက် ရွှေတိဂုံစေတီတော်ကြီးကို တည်ထားကိုကွယ်လေသည်။ နဂါး ရစ်မော်ရှိ နတ်နဂါးတို့  ကိုးကွယ်ထားသော ဆံတော် (၂)ဆူသည် အလောင်းစည်သူဘုရင် ဖောင်စင်္ကြာ ဖင့် လှည့် လည် လာစဉ်၊ သိကြားမင်းက ညွှန်ကြားသဖြင့် သိရှိ၍ တက်ရောက်ဖူးမျှော်လျက် ဆံတော်ဌာပနာတိုက်အပေါ်၌ စေတီ တစ်ဆူတည်ခဲ့လေသည်။ ၎င်းနေရာ၌ ဘုရင့်နောက်ပါအချို့ တို င်းပြည်ကို လွမ်းဆွတ် ညည်းညူးသံကို ဘုရင်ကြား လျှင်၊ ထိုသူတို့ အား ရာဇဒဏ်ချထားပြီး၊ ဖောင်စကြာထွက်သွား၍ ငေးမျှော်လျက် ကျန်ရစ်ကြသောကြောင့် မျှော်ရစ် ဟု တွင်ပြန်လေသည်။ ယခုအခါတွင်မူကား ဤနေရာကို တံငါလှေများကို ရစ်ပတ်သွားလာနေသော မော်အငူ ကလေး ဖြစ် ၍ မော်ရစ်ဟု ခေါ်တွင်ပြန် သည်။ (စကားချပ် - မော်ရစ်နှင့် မလှမ်းမကမ်းရှိ မောင်းမကန် ရေချိုးဆိပ်သည် အလောင်းစည်သူမင်း ဖောင်စင်္ကြာဆိုက်ရောက်ခိုက် မောင်းမိမဿံများ သွားရောက် ရေကစားသည်ကို အစွဲပြု၍ မောင်းမကန်ဟု တွင်ခဲ့လေသည်။)
မှီအုံးတောင်ဘုရား စေတီတော်သမိုင်း
အထက်ကဖော်ပြခဲ့ပြီးသည့် ဝေမိဿကတောင်(ကနန်းတောင် )၀ယ် ဂ၀ံပတေ့ရသေ့ ,ဒူရကနတ်သား, ကုမ္ဘဏ္ဍနတ်ဘီလူး တို့  အား အသီးသီး ဗျာဒိတ်ကြားတော်မူပြီးသည့်အနောက်အရှေ့ အရပ်ကို လက်ညိုးညွှန်တော်မူကာ ဣသိနြေ္ဒတောင် (ယခု မှီအုံးတောင် ) ကုန်းကို ပြတော်မူ၍ “ငါ၏ သရီရဓာတ်တော်ကို ဇင်းမယ်မင်း,ယိုးဒယားမင်း,ယွန်းမင်း နှင့် နောင် နရုတိမင်းမြတ် ဖြစ်မည့် အသင်နတ်သားပါမင်း ၄-ပါးတို့  စစ်ကြီးခင်းလျက် ပေါင်းစည်းကြပြီး စေတီတည်ထား ကိုကွယ်ကြလတ္တံ့ ” ဟူသော ရှင်တော်မြတ်စွာ၏ ဗျာဒိတ်စကား ထားရှိတော်မူသည့်အတိုင်းဇင်းမယ်မင်း,ယိုးဒယားမင်း, ယွန်းမင်း ၃-ပါးတို့  စုပေါင်းလျက် အသိန်း,အသန်းမကသော ဗိုလ်မှူး စစ်သား တို့ နှင့်တကွ ဒူရကတိုင်း အောင်သာဝတီ ပြည်တော်သို့  ဘုရင့်ထံ အခွင့်မပန်ကြားကြဘဲ နယ်လွန်ကျူးကျော် နင်းလာရာ မေတ္တာမြို့ သို့ ရောက်ရှိကြလေ၏။ ယင်းအခါ ဆိုင်ရာ ၀န်ရှင်တော်မင်းကြီးက “အသိန်း, အသန်း, မကသော ဗိုလ်မှူးစစ်သူရဲတို့ နှင့်တကွ မင်း ၃-ပါး ဣသိနြေ္ဒတောင်၌ ဘုရားတည်ရန် လာကြပါကြောင်း”ဟူသော လျှောက်တင်လွှာနှင့်တကွ မြင်းသည်ကျော်တို့ ကို စေလွှတ် လိုက်လေ၏။နရုတိမင်းမြတ် သိရှိတော်မူလတ်သော် ဦးလေးတော် စစ်သူကြီးနှင့်တကွ ၀ဇ္ဇဓိုရ်တို့  က လျှောက်တင် ကြသည်မှာ“ထိုမင်းတို့  ဆန္ဒအတိုင်း လိုအပ်သောအရပ်၌ နေကြပါစေ စိုးရိမ်ဖွယ်မရှိပါ။ ဤဇမ္ဗူဒီပါ ကျွန်း ၌ ရှိကုန်သော မင်းနှင့်တကွကုန်သော စစ်မက် ရန်သူဗိုလ်ခြေ စုရုံး၍ တိုက်ဖျက်ငြားသော်လည်း ထိုသူတို့ ၏ ဦးခေါင်းတို့ ကို ခြေသို့  ကျစေလျက် အရိုး, အသား တောင်တရှိမျှ စုပုံအောင် သုတ်သင်နိုင်ပါသည် ”ဟု လျှောက်ကြ လေ၏။ဘုရင်မင်းမြတ်လည်း သဘောတူသဖြင့် “လိုရာအရပ် သို့  ၀င်စေ” ဟု အမိန့် တော်မှတ်လိုက်လေလျှင်နေမျိုး သင်္ခယာသံတော်ဆင့်က အမိန့် တော်စာရေး၍ မေတ္တာမြို့မင်းကြီးထံ ပြန်ကြားလေလျှင် ထိုမင်း ၃-ပါးတို့ လည်း ဣသိနြေ္ဒ တောင် သို့  ချီတက်လာရောက် တည်းနန်းဆောက်လျက် တောင်ကုန်းကို သုတ်သင်ရှင်းလင်း နေကြလေ၏။ ယင်း အခါ ဗလဒေ၀စစ် ၀န်ချုပ် မင်းကြီးသည် သေနင်္ဂဗျူဟာကျမ်းနှင့်အညီ ဗျူဟာ ၄-ပါး ခင်းကျင်းကာ နတ်စစ်သည် နှင့်တူသော သူရဲကောင်းတို့ အား စစ်သူကြီး ၅-ဦးတို့ ကြီးကြပ်၍ စစ်ထွက်မည်ကြံစည်နေခိုက် -
၁။ စစ်မက်မပွားရန် သိကြားမင်း လျှောက်ထားခြင်း
သိကြားမင်းသည် သတ္တ ၀ါအပေါင်းတို့  ပျက်စီးကြမည်ကို မြင်တော် မူသဖြင့် ဂန္ဓာလရာဇ်တိုင်း ဃောသိတ ရဟန္တာ အရှင်မြတ်ထံ သွား၍ -“အရှင်ဘုရား ဒူရကတိုင်း အောင်သာဝတီပြည်တော်၌ ဇင်းမယ် , ယိုးဒယား,ယွန်း, နရုတိ ထိုမင်း ၄-ပါးတို့ စစ်ဖြစ်ကုန်လတ္တံ့  ၊ ထိုရှမ်းမင်းတို့  ပျက်စီးအံ့သောအကြောင်းသည် လျင်မြန်စွာ ဖြစ်ကုန် လတ္တံ့၊ သို့ကြောင့် အရှင်သူမြတ်ဘုရားသည် ယင်းရန်စစ်ကြီးကို ပြေငြိမ်းအောင် ကြွရောက် ဆုံးမ ဟောကြားတော် မူပါ လျှင် ရန်ပြေ မာန်ပြေ ဘုရားတည်ရန်ကို လည်း မြင်ပါသောကြောင့် မြတ်စွားဘုရား၏ သရီရဓာတ်တော်စစ် ၄-ဆူကို သနား ချီးမြှင့်တော်မူပါဘုရား”ဟု လျှောက်ထားပြီးလျှင် သိကြားမင်း ကွယ်ပျောက်လေ၏။
၂။ ဃောသိတရန္တာအား မင်း ၄-ပါးဆွမ်းကပ်လှူခြင်း
နံနက် အရုဏ်တက်လျှင် ရဟန္တာအရှင်မြတ်သည် ဈာန်ယာဉ်ခရီးဖြင့် ထိုမင်း သုံးပါးတို့ နေရာ ဣသိနြေ္ဒတောင် (မှီအုံးတောင် )သို့ ကြွရောက်လျက် ရှေးဦးစွာ ဇင်းမယ်မင်းထံ ဆွမ်းရပ်တော်မူလေ၏။ ဇင်းမယ်မင်းလည်း ဃောသိတ ရဟန္တာ အရှင်မြတ်မှန်း သိရကား အလွန်ကြည်ညိုလေးစားစွာဖြင့် -“အရှင်ဘုရား ဘုရားတပည့်တော်၏ သက္ကစ္စ ဆွမ်း ဘောစဉ်ကို ကြည် ရွှင်နှစ်သက်သော စိတ်တော်မြတ်ဖြင့် ဘုဉ်းပေးတော်မူပါဘုရား”“ငါ ဟောကြားအပ်သောတရားကို နာယူပါမူ ငါဘုဉ်းပေးအံ့။”“ရိုသေလေးမြတ်စွာ နာယူပါမည်ဘုရား။”“သာဓု သာဓု သာဓု ကောင်းပြီ ”ဟု မိန့်တော် မူပြီးနောက် ယိုးဒယားမင်းထံ ထိုနည်းအတူပင်ဆွမ်းရပ်ခံ၍ အာမခံလိုက်၏။ ယွန်းမင်း ထံမှလည်း ထိုနည်းအတူပင် အာမခံ လိုက်၏။ နရုတိမင်းမြတ်သည် စစ်သူကြီး ၅-ဦးနှင့် စစ်ချီတော်မူလာသည့် အခိုက်တွင် ဃောသိတ ရဟန္တာ အရှင် သူမြတ် ကြွလာတော်မူသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ဆင်ဖြူတော်မှ သက်ဆင်းကာ မြေ၌ ၀ပ်လျက် ရှိခိုးပြီး “အရှင်သူမြတ်ဆွမ်းဘုဉ်းပေးတော်မူပါ ဘုရား” ဟု လျှောက်လေ၏။“ကောင်းပြီ အသင်မင်းမြတ် မင်းလေးပါ ဆွမ်းလေးအုပ် တစ်ပြိုင်နက် တစ်နေရာတည်း လှူဒါန်းသည်ကို ငါဘုဉ်းပေးလိုပါသည် ”“အရှင်ဘုရား သီတင်းသုံးရာ အရပ်သို့  ဆွမ်းနှင့်တကွ ရောက်ပါမည်ဘုရား” ဟုလျှောက်လေ၏။ရဟန္တာအရှင်မြတ်သည် မင်း ၃-ပါးတို့ တည်းစံနေ တော်မူသော မင်္ဂလာမဟာမဏ္ဍပ်ကြီးအတွင်း၌ မင်း ၃-ပါးတို့ အားတရားဟောတော်မူ နေစဉ်အခိုက် နရုတိမင်းမြတ် သည် စစ်သည်တပ်သားများမပါဘဲ ကိုယ်ရံတော်သား တစ်ရာခန့် နှင့်သာ ၀င်လာလေ၏။ ၀ိဇ္ဇဓိုရ်စစ်သူကြီး ၄ ယောက် တို့  လည်း စစ်ဝတ်တန်ဆာတို့  ကို ဆင်ယင်ကာ ရွှေဓားတစ်လက်စီ နှင့်မင်းကြီး၏ ရှေ့မှ ၂-ယောက် , ရွှေလှံတစ်စင်းစီနှင့် နောက်မှ ၂-ယောက် ခြံရံလျက် မဏ္ဍပ်အတွင်းသို့ ၀င်တော်မူ၍ ဆွမ်းကပ်လှူလေ၏။ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် ဒကာတော် မင်း ၄-ပါးတို့ အား တရားဓမ္မ သြ၀ါဒ ဟောတော်မူပြီးသော အဆုံး၌ ၀ိဇ္ဇဓိုရ်၎-ယောက်တို့  ပျောက်ကွယ်သွားသည်ကို မင်း,မှူးမတ်အပေါင်းတို့ြ မင်လတ်သော် အလွန်အံ့သြခြင်း ဖြစ်ကြ လေ၏။တခဏမျှကြာလျှင် ယင်းဝိဇ္ဇဓိုရ် စစ်သူကြီး ၄-ယောက်တို့ သည် ဓားကိုယ်စီ ထမ်းလျက် ရန်သူဖြစ်သော မင်း ၃-ပါးတို့ အနီး၌တည်နေသည်ကို မြင်လျှင် ရဟန္တာအရှင်မြတ်က တစ်ဖန် အနတ္တလဏ္ခသုတ်ကို ဟောတော် မူ ပြီးသော အဆုံး၌ ၀ိဇ္ဇဓိုရ် ၄-ယောက်တို့ ပျောက်ကွယ်သွားပြီး နရုတိမင်း ထံ၌ပင် ခစားမြဲ ခစားကြလေ၏။ရန်သူ မင်း ၃-ပါးတို့ လည်း လွန်စွာထိတ်လန့် ကြောက်ရွံ့ ကြကုန်ရကား -“မင်းမြတ်၏ နိုင်ငံတော်ကို မပန်မကြားဘဲ တရားမဲ့ ၀င်လာကြခြင်းမှာ အကျွနိုပ်တို့ ပင် ကျူးလွန်ပါသည် သည်းခံတော်မူပါ” ဟု နရုတိမင်းထံ တောင်းပန်ကြလေ၏။
၃။ မင်း ၄-ပါး မှီအုံးတောင်တွင် စေတီတော်တည်ခြင်း
မင်း ၄-ပါးတို့ ညီညွတ်ကြပြီးလတ်သော် ရဟန္တာအရှင်မြတ်က သရီရဓာတ်တော်စစ် ၄-ဆူစီ ပေးအပ်တော်မူလေ၏။ ထိုအခါ ဇင်းမယ်မင်းက ဉာဏ်တော် ၆-လက်မရှိ မြသားရုပ်ပွားတော်တစ်ဆူကို န၀ရတ် ၉-ပါးချယ်လှယ်သော ရွှေသားစေတီ တော်နှင့် အုပ်လျက် သရီရဓာတ်တော်ကို သွင်းနှံဌာပနာ၍လည်းကောင်း၊ယိုးဒယားမင်းက ဉာဏ်တော် ၁၀-လက်မရှိ မြသားစေတီတော်ကို စိန်ထီးတင်၍ န၀ရတ် ၉-ပါး ချယ်လှယ်သော ရွှေသားစေတီတော်နှင့်အုပ်လျက် သရီရဓာတ်တော်ကို သွင်းနှံဌာပနာ၍ လည်းကောင်း၊ယွန်းမင်းကလည်း ဉာဏ်တော် ၆-လက်မရှိ မိလ္လာရုပ်ပွားတော်ကို န၀ရတ် ၉-ပါးချယ်လှယ်သော ရွှေသား စေတီတော်နှင့် အုပ်လျက် သရီရဓာတ်တော်ကို သွင်းနှံဌာပနာ၍လည်းကောင်း၊ နရုတိမင်းကလည်း ဉာဏ်တော် ၆-လက်မရှိ သံသေရုပ်ပွားတော်ကို ပတ္တမြားပလ္လင်ထက်တင်ကာ မြသားဗောဓိပင် စိုက်လျက် န၀ရတ် ၉-ပါးချယ်လှယ်သော ရွှေသားစေတီတော်နှင့် အုပ်ပြီး စိ န်ထီးတင်လျက် သရီရဓာတ်တော်ကို သွင်းနှံဌာပနာ၍လည်းကောင်း စီစဉ်ခင်ကျင်း လှူဒါန်းတော်မူကြပြီး ရေစက်သွန်းချ အမျှပေးဝေကြလေသည်။ယင်းနောက် အလျား အတောင် ၆၀၊ အနံ အတောင် ၃၀၊ စောက် ၂၅-တောင် ပမဏရှိသည့် ဌာပနာတိုက်ကို ကျောက် ပြား ကျောက်အင်္ဂတေတို့ြ ဖင့် သေချာစေ့စပ်စွာ ပြုလုပ် ၍ ကျောက်ကြီး ကျောက်ငယ် အသွယ်သွယ်တို့  ကို ယင်းတောင်၏အထက်သို့ အတောင်တစ်ရာမျှမြင့်အောင် ဖို့ လေ၏။ ယင်းနောက် ဉာဏ်တော် ၃၅-တောင်မြင့် သည့် စေတီတော်ကို တည်တော်မူလျက် အမျိုးမျိုးသော ပစ္စည်းများကိုပါ ဌာပနာပြီးလျှင် သက္ကရာဇ် ၃၅-ခုနှစ်၊
တပေါင်းလပြည့်နေ့ တွင်ကား ခဲထီး တင်လှူတော်မူသည်။ တန်ခူးလပြည့်ကျော် ၃-ရက်နေ့ တွင် ဧည့်သည်တော် မင်း ၃-ပါးတို့  သည် နရုတိ မင်းမြတ်အား နှုတ်ခွန်းဆက်ကြပြီး ပြည် တော်သို့  ပြန်လည်သွားကြလေ၏။
တပေါင်းလပြည့်နေ့ တွင်ကား ခဲထီး တင်လှူတော်မူသည်။ တန်ခူးလပြည့်ကျော် ၃-ရက်နေ့ တွင် ဧည့်သည်တော် မင်း ၃-ပါးတို့  သည် နရုတိ မင်းမြတ်အား နှုတ်ခွန်းဆက်ကြပြီး ပြည် တော်သို့  ပြန်လည်သွားကြလေ၏။
၎။ တံခွန်စိုက်လူ မျိုး ကျွန်သီးတော်
ရှမ်း,ဆယ်အိမ်ထောင်သားတို့ ကို ဘုရားစေတီတော်တို့ ၌ အမြဲဝတ်ပြုရန်အတွက် ကလိန်အောင် ဆုတောင်း ပြည့် ဆံတော်ရှင် စေတီတော်၌ ငါးအိမ်ထောင်၊ ဣသိနြေ္ဒ (မှီအုံးတောင် ) စေတီတော်၌ ငါးအိမ်ထောင် တို့ ကို ကျွန်သီးတော်အဖြစ် ရေစက်သွန်းချ လှူဒါန်းတော် မူလေသည်။ ဆယ်အိမ်ထောင်သား ရှမ်းတို့  ၏ နေရာ ရပ်ကွက်၌ တံခွန်ကြက်လျှာ အမြဲစိုက်ထားရသဖြင့် ယခုတိုင်“တံစိုက်လူမျိုး” (၀ါ) “တံခွန်စိုက်လူမျိုး ကျွန်သီးတော် ”ဟု ခေါ်ကြ လေသည်။ အချို့ ကလည်း“ဘုရားကျွန် ”ဟူ၍ ခေါ်ကြလေသည်။
ဒူရကတိုင်း အောင်သာဝတီပြည် ကလိန်အောင်မြို့  မင်းဆက်ကား - “နရုတိမင်း, နရာဒီပမင်း,ဓမ္မသေနမင်း , ဓမ္မ ၀ိဇယမင်း ”တို့ ပေတည်း။
ဒူရကတိုင်း အောင်သာဝတီပြည် ကလိန်အောင်မြို့  မင်းဆက်ကား - “နရုတိမင်း, နရာဒီပမင်း,ဓမ္မသေနမင်း , ဓမ္မ ၀ိဇယမင်း ”တို့ ပေတည်း။
ရှင်ကိုးရှင် ဘုရားများ ဖူးမျှော်နိုင်စေရန် မိုဗီင်္ွများတွဲပေးထားပါသည်
ထားဝယ်ခရိုင်အတွင်းရှိ သမိုင်းဝင် ရှင်ကိုးရှင်ဘုရားများ အပိုင်း (၁)
https://www.youtube.com/watch?v=kz5r56QKjp4
https://www.youtube.com/watch?v=kz5r56QKjp4
ထားဝယ်ခရိုင်အတွင်းရှိ သမိုင်းဝင် ရှင်ကိုးရှင်ဘုရားများ အပိုင်း (၂)
https://www.youtube.com/watch?v=zHgap2p2HIc
https://www.youtube.com/watch?v=zHgap2p2HIc
ထားဝယ်ခရိုင်အတွင်းရှိ သမိုင်းဝင် ရှင်ကိုးရှင်ဘုရားများ အပိုင်း (၃)
https://www.youtube.com/watch?v=W5ey1bdJWxQ
https://www.youtube.com/watch?v=W5ey1bdJWxQ
သာဂရမြို့ တည်ခြင်း
သမန္တရာမင်း လက်ထက်တိုင် ရောက်လတ်သော် သက္ကရာဇ်
၁၁၃-ခုနှစ်တွင်
ကလိန်အောင်မြို့ မှ ရွှေ
့ပြောင်းကာ
“သာဂရမြို့  ”
ကို တည်ထောင်အုပ်စိုးလေသည်။
(ယင်း သာဂရမြို့ကား ထားဝယ်မြို့မှ အနောက်မြောက်ဘက် ထားဝယ်မြစ်
အနောက်ဘက်ကမ်း ခရီး ၇-မိုင်ခန့်  အကွာတွင်ရှိ၍ ယခုအခါ “မြို့ ဟောင်းရွာ” ပင်တည်း။
၁။ ဘူမိဒေ၀နဂရမြို့ 
ယခု ထားဝယ်မြို့မှ အရှေ့ ဘက်
၁၀-မိုင် ခရီးအကွာ မှိုင်းကာရီမြို့(ယခု ပကာရီ သတ္တုတွင်းရွာ) အနီးရှိ
ဘူမိဒေ၀နဂရမြို့ကို
ရန်တပိုမင်းခေါ် “ရာဇာတဗိုလ်မင်း” တည်ထောင်၍
မင်းပြု၏။ ထိုမင်းသည် ဘုန်သမ္ဘာ
တောက်ပ
ဆင်ဖြူတော်ရသောကြောင့် ပဌမဘွဲ့ တော်ပျောက်၍
“ဆင်ဖြူရှင် မဟာနရိန္ဒ ” ဟူသော ဘွဲ့ သစ်ဖြင့်
သောင်းခေတ်ကြေညာ
တေဇာလွမ်းမိုး တန်းခိုးစွမ်းရည်
စမ်းအကြည်ကဲ့သို့  နန်းတည်လျက်
ရှိလေ၏။
၂။ ဥဒေါင်းရာဇာ တောသာသာ
တစ်နေ့ သ၌ ဆင်ဖြူရှင် မဟာနရိန္ဒမင်းမြတ်သည် (မိစုမ)ခေါ်
“စုမဒ္ဒီဒေ၀ီ ” မိဖုရားကြီးနှင့်တကွ
စစ်သည် ဗိုလ်ပါ
မောင်းမမိဿံ အခြွေအရံတိုပါ တောသာယာ
မြိုင်စခန်းသို့  ကြွမြန်းလှည့်လည်
ရှုစားတော်မူသည်တွင်
အခြံအရံများစွာနှ င့်
ကျက်စားနေသည့် ရွှေအဆင်းရှိသော ဥဒေါင်းမင်းကို မြင်လတ်သော်
မိဖုရားကြီးက နှစ်သက်တော်မူလှရကား -“ဤရွှေဥဒေါင်းကို ထောင်ဖမ်းယူပြီး နန်းတော်အတွင်း ရွှေချိုင့်နှင့်ထည့်၍ မွေးမြူ
ထားလိုပါကြောင်း”
ဘုရင်မင်းမြတ်ထံ
ပူဆာလေ၏။
၃။ မောင်နွားမည်ရ လုဒ္ဒက
နန်းတော်သို့  ပြန်ရောက်လတ်သော် ဘုရင်မင်းမြတ်သည် မိဖုရား၏
အလိုဆန္ဒ ပြည့် ၀စေကြောင်းဖြင့်
ရွှေဥဒေါင်းမင်းကို ဖမ်းရန် အတွက်
လုဒ္ဒက မုဆိုးကျော်များကို စုံစမ်းစေရာ
ဆင်ဖြူကျွန်းရွာမှ ဆင်
ဝန်မောင်မဲ ၀န်ကတော်မမင်းဖြူ တို့  ၏သား မုဆိုး “မောင်နွား”
အား
ဘုရင့်ရှေ့ တော်သို့ သွင်းစေ၏။
ဘုရင့်မင်းမြတ်က မိန်
့တော်မူသည်မှာ “အမောင်လုဒ္ဒက
တောသာယာအရပ်၌ ယခုတလော ပေါ်ပေါက်
ကျက်စားနေသည့်
ရွှေဥဒေါင်းငှက်ကို
အရှင်ဖမ်းယူ ဆက်သနိုင်ပါမူ ဆုလာဘ်များစွာနှင့် ရွာလေးရွာကို အပိုင်စားပေးမည် ”ဟုမိန့် တော်မူ၏။
“အရှင်မင်းမြတ်
အလိုဆန္ဒတော်ရှိသည့် အတိုင်း ရွှေဥဒေါင်းငှက်ကို လက်တော်အရောက် ကျွန်တော်မျိုး
ဆက်ပါမည်ဘုရား”
ဟုရဲဝံ့စွာ
ဝန်ခံပြီးလျှင် နန်းတော်မှ ထွက်ခဲ့၍
မိမိ၏တပည့် “ကွာစိ ” နှင့် တိုင်ပင်ညီညွတ်ကာ လေး,
မြား,လက်နက် ကောင်းကင်ပိုက် ,
ညွှတ်ကြီး,
ညွှတ်ငယ်
, ဒေါင်းလှောင်အိမ် , ဒေါင်းမငယ်တစ်ကောင်နှင့် တကွ
အစားရိက္ခာစသည်တို့ ကိုပါ ရှာဖွေစုဆောင်းထားရှိလေ၏။
၎။ မုဆိုးမောင်နွား ဒေါင်းဖမ်းထွက်ခြင်း
နောက်တစ်နေ့  ကျရောက်လတ်သော် -
လက်နက်စုံ မောင်ထမ်းလို့ ၊
ဒေါင်းဖမ်းကွဲ့  ထွက်တော့မယ်။
ကြောင်းဆန်းတဲ့ မက်စဖွယ်၊
တစ်သက် ၀ယ် ကြုံဘူး။
ဘုရင်မြတ် ဆုလာဘ်တော်မှာ၊
တုမှတ်သော် နှိုင်းမဲ့ဂုဏ်ထူး။
မုဆိုးမောင်နွားသည်
ဝမ်းသာအားရစွာဖြင့် အထက်ပါ ဗုံထောက်သံသီးချင်းကို ရှေ့ ကသီဆိုလျက် သွားကာ
တပည့် ကွာစိကနောက်မှလိုက်၍ တောသာယာ
မြိုင်စခန်းသို့ 
ဆရာတပည့်နှစ်ဖော်
ရွှင်ပျော်ပျော် ဒေါင်းဖမ်းရန်
ထွက်သွားကြလေတော့၏။
တောသာယာသို့ ရောက်ရှိလတ်သော် ညွှတ်ကြီး, ညွှတ်ငယ် အသွယ်သွယ်တို့ ကို
ချယ်လှယ်ချထားပြီးလျှင်
လှပချောမွေ့ စွာသော ဒေါင်းမငယ်ကို အလယ်က
လှောင်အိမ်နှင့်သွင်း၍
ကောင်းကင်ပိုက် အုပ်လျက် စီရင်ထားပြီး
ဆရာတပည့်နှစ်ယောက် တောင်ထိ ပ် တစ်နေရာမှ
တက်၍ ကြည့်ရှုနေကြလေ၏။
ယင်းအခါ ရွှေဥဒေါင်းမင်းနှင့်တကွ များစွာသော
ဒေါင်းငှက်တို့  သည် ဘာသာဘာဝ တွန်ကျူးကြွေးကြော်
ကြကာ တောင်ခြေမှ လှည့်လည်ကြရာ
လှောင်အိမ်အတွင်းမှ
ဒေါင်းမငယ်ကို မြင်လတ်သော် တက်မက်သော
စိတ်ဖြင့်
တိုးဝင်ချဉ်းကပ်လာကြရာ
အချို့သော ဒေါင်းငှက်များမှာ ညွှတ်ကြီး, ညွှတ်ငယ်တို
့၌ ငြိကပ်ကုန်ကြ၏။
အချို့မှာလည်း ကောင်းကင်ပိုက်၌ ငြိကပ်ကြကုန်၏။
ဥဒေါင်းမင်းမှာမူ သတိ ,
ဝီရိယနှင့် ပြည့်စုံသောကြောင့် ညွှတ်ပိုက်
အန္တရယ် မငြိတွယ်ဘဲ များစွားသော
ဒေါင်းငှက်တို့ ကိုသာ အားစိုက်ကာ
ရုန်းစေရာ ညွှတ်တိုင်ပြုတ်၍ ရွေ့လျားပြီးလျှင် ဒေါင်းနှင့်
ညွှတ် ထွေးယှက်လျက်
နေလေတော့၏။
၅။ ဒေါင်းဖမ်းတွင်ထွန်း ရွာမော်ကွန်း
ဆရာတပည့် နှစ်ယောက်တို့  သည် တောင်ထိပ်မှ
သက်ဆင်းကာ ညွှတ်၌မိနေသော ဒေါင်းငှက်ကိုဖမ်းရန် အတင်း လိုက်လေရာ ဒေါင်းခြေမှာ ညွှတ်ထွေးလျက်နှင့်ပြေးကြရလေ၏။ ယင်းနေရာကို
“ညွှတ်ထွေး” တွင်ခဲ့စေ၏။ ယခု အခါ ကာလှရှည်လျား၍ အခေါ်ပျက်ပြားသဖြင့်
“ညင်းထွေးရွာ”
ဟု ထင်ရှားခေါ်ကြလေသည်။ယင်းမှ တဖန် လိုက် ကြပြန်ရာ တစ်နေရာ၌
ဒေါင်းများကို လှောင်မိပြီဟု ထင်မှတ်ကာ
တွေ့ သောနေရာကို “ဒေါင်းလှောင် ”
ယခုအခါ၌ကား
“ဒေါင်းလောက်ရွာ”
ဟုထင်ရှားခေါ်ကြလေသည်။
ယင်းနေရာမှ တဖန် ဥဒေါင်းမင်းသည် မိမိ၏
အဖော်ပါ ဒေါင်းငှက်အပေါင်းတို့ 
ကို ရှေ့ ဦးစွာ
ပျံစေလျက်
မိမိမှာမူ မုဆိုးနှင့် မနီး, မဝေးပျံ ၀ဲကာ
အသွားတွင် ဆရာတပည့်နှစ်ယောက်တို
့ အသာလိုက်ကြရာ သာဂရမြို့
အနောက်ဘက် ကမ်းနဖူး သောင်စပ်သို့  ပျံကူးသွားလေတော့သည်။ ယင်းသို့  ပျံကူးသွားပြီး နားနေရာဒေသကို
“ဒေါင်းကူးရွာ”
ယခုအခါ
“ဒေါင်းငူ ”
(၀ါ)
“ဒေါင်းငူရပ် ” ခေါ်ဝေါ်ကြလေသည်။
ဆရာတပည့်နှစ်ယောက်တို့  တစ်ဖက်ကမ်းသို့  ကူးရန် လှေရှာ၍ မတွေ့ သဖြင့် သစ်ပင် ၀ါးပင်များကို ဖောင်ဖွဲ့၍
ကူးကြရလေသည်။ ဒေါင်းမင်းကို မတွေ့ရ၍
စိတ်ဆိုးကာ မြားနှင့်လေးကို ဒူးပေါ်တွင်
ချိန်လျက် တစ်တောလုံး
သိမ့်သိမ့်ညံအောင်
အရမ်းပစ်ခတ်လေရာ ယင်းနေရာ၌ ကျက်စားနေကြသော ဇရက် (ဆက်ရက် ) ငှက်ကလေးများ
ပျံပြေးကြလေသည်။ ယင်းဒေသကို ဇရက်ငှက်ကို
အစွဲပြု၍ “ဇရက်ရွာ”
တွင်ခဲ့စေသည်။ ယခုအခါ
“ဇရစ်ရွာ” (၀ါ)
“ဇရစ်ရပ် ”
ဟူ၍
ထင်ရှားခေါ်ကြလေသည်။
ထိုမှတဖန် ဒေါင်းပျံသွားရာသို့ လိုက်ကြပြန်လေရာ နေရာတစ်ခု၌
အမှန်မိနေပြီဟု ထင်မှတ်ကာ
ဝမ်းသာအားရစွာဖြင့် ဖမ်းမည်အပြုတွင် ဒေါင်းလွတ်၍
ပျံလေ၏။ ယင်းနေရာကို “ဒေါင်းလွတ်ရွာ”
တွင်စေခဲ့ရာမှ
ယခုအခါ “ဇလွတ်ရွာ”
ဟု ခေါ်ကြလေသည်။
ထိုမှတဖန် ဆက်လက်၍ လိုက်ကြပြန်ရာ
မြစ်ကမ်းပါးအနီးရှိ ကျောက်လုံးတို
့ အကြား၌ ဒေါင်းမင်း ၂-ကြိမ် ၀မ်သည့် နေရာကို
“အထက်ကျောက် ၀ပ်ရွာ”
နှင့် “အောက်ကျောက် ၀ပ်ရွာ” ဟူ၍ ခေါ်ကြလေသည်။
ယင်းနေရာမှတဖန် မြစ်အရှေ့ဘက်သို
့ ဒေါင်းမင်း ပျံကူးသွားသဖြင့် ဆရာတပည့်နှစ်ယောက်တို့ လှေနှင့်
ကူး၍ လိုက်ကြပြန်လေသော် ဒေါင်းမင်းပင်ပန်း၍ ၀ပ်သောနေရာကို “ပန်းဝပ်ရွာ”
ယခုခါမှာမူ “ပ၀ပ်ရွာ”
ဟုခေါ်ကြလေသည်။
ဒေါင်းမင်း ပန်း၍ နားသော
တောချုံနေရာကိုကား “ပန်းတောရွာ”
ယခုမှာမူ “ပတောရွာ”
ဟု
ခေါ်ကြလေသည်။
ယင်းနေရာ၌ မုဆိုးအမျက်ထွက်၍ ဒေါင်းမင်းအား
လေးနှင့်ပစ်ပြန်ရာ ဒေါင်းမင်းကို မမှန် ဘဲ
အနီးပါးတွင်
ကျက်စားနေကြသည့် တီတွတ်ငှက်များ
လန့် ၍
ပျံကြသည့်နေရာကို “တီတွတ်ပျံရွာ” ယခုအခါ၌ မူကား “ပျံ ” မှ “ပြင် ”
သို့ ပြောင်းလဲပြီး “တီတွတ်ပြင်ရွာ” ဟု ခေါ်ကြလေသည်။
ယင်းနောက် ဒေါင်းမင်း ကွယ်ပျောက်သွားသောကြောင့် ထိုနေရာကို
“ဒေါင်းပျောက်ရွာ” ယခုအခါ
“တောင်ပျောက်ရွာ”
ဟု ခေါ်ကြလေသည်။ (၎င်းနေရာ၌ တောနတ်ရဲတို့  ပေါများသဖြင့် ထိုနေရာသို့ ရောက်ရှိကြသူတို့  ၏စိတ်တွင် မြင်ပြီးသော
တောင်တို့ သည် တဖန်
ထပ်မံ၍ကြည့်လျှင်
ပျောက်ဘိသကဲသို့  မှတ်ထင်ရသောကြောင့်လည်း “တောင်ပျောက်ရွာ”
ဟူ၍ ခေါ်ကြောင်း အဆိုရှိလေသည်။)
၆။ သရက်ချောင်းမြို့ 
ယင်းသို့  ဒေါင်းမင်း ကွယ်ပျောက်လေလျှင် မုဆိုး
မောင်နွားက တပည့် ကွာစိအား
စိတ်ပျက်၍
ပြောဆိုသည်မှာ -
“တပည့်ရေ -
ငါ့မှာ ဘုရင်မင်းမြတ်ထံ ရွှေဥဒေါင်းမင်းကို ရပါစိပ့်မည်ဟု ပရိသတ်ဗိုလ်ထုအလယ်၌ ရဲရင့်စွာ
ဝန်ခံခဲ့ပြီး ယခုမှာ လက်ဆောင်
ရွှေဥဒေါင်းမပါဘဲ တိုင်းပြည်သို့ 
ပြန်ရန်အတွက် ရှက်စရာ ကောင်းလှပါတကား
ကွာစိရေ”
ဟု မသက်မသာ
ညှိုးငယ်သော မျက်နှာနှင့် ညည်းညူမြည်တမ်းကာ တစ်ခုသော
ချောင်းကို ကူးလေရာ
ယင်းချောင်းကို “ရှက်ချောင်း” ဟူ၍ တွင်စေခဲ့၏။ ယခုအခါ “သရက်ချောင်းမြို့  ” ခေါ်ကြလေသည်။
သရက်ချောင်းမြို့ အနီး
တောင်ထိပ်တွင် တည်ထားကိုးကွယ်သော “ရှင်တောင့်ပုံစေတီ ” ပုံ
(ဂေါဝိန္ဒ ရှင်ရသေ့သည် တောင်း၊ပလုံး၊ ဒူးလေး၊ မြားတို့ ကို
ပုံချ၍တည်ထား ဌာပနာသည်။)
(ယင်းသရက်ချောင်းမြို့ကား
ထားဝယ်ခရိုင်တွင် မြို့ပိုင် ရုံးစိုက်သော
မြို့ကလေးတစ်မြို့ဖြစ်၍
ထားဝယ်မြို့မှ အရှေ့ တောင်ဘက်
ခရီး ၁၆-မိုင်အကွာ ထားဝယ်နှင့်
မြိတ်မြို့ သွား မော်တော်ကားလမ်းပေါ်တွင်
တည်ရှိလေသည်။)
ယင်းနောက် မုဆိုး မောင်နွားသည် တပည့်ကွာစိ
အားပြောဆိုပြန်သည်မှာ -“တပည့်ရေ -ငါ့မှာ
တိုင်းပြည်သို့ ပြန်ဖို့ ရှက်တာထက်
ကြောက်စရာအချက်တစ်ခုက
အရေးကြီးနေ ပြန်ပေါ့။
ဒီလိုကွဲ့  တပည့်ရဲ
့ - “ဘုရင်တို့  မျက်စောင်း
အကြောင်းသုံးပါး မရွေးဘူးတဲ့ ” ၊ အသင်မုဆိုး ငါ့အား
ရွှေဥဒေါင်း
ရပါစိပ့်မည်ဟု ရဲဝံ့စွာ ၀န်ခံပြီးမှ
ယခု ဘယ်အတွက်မရတာလဲ၊ အသင်လိန်ဉာဏ်နှောပြီး ပြောဆို
တင်လျှောက်ရမလားဆိုလို့ ရာဇမာန်ပွား
ကာ ရွှေဓားနဲ့ လတ်လတ် အသေသတ်ချင်လည်း
သတ်လိမ့်မည်။ သို့ အတွက်
“ဘယာတွေ့ မှ
ဓမ္မာမွေ့  ” ဆိုသလို
ဘရင်မင်းမြတ်၏ အပြစ်ဘယာဘေးမှ ကင်းဝေးစေရန် ငါတို
့ဆရာတပည့်နှစ်ဦး
အေး, အတူ , အပူ အမျှ ဤတောင်ပေါ်တက်ကြပြီး သူတော်သူမြတ်လုပ်ကာ တရားတမ္မ
အားထုတ်ကြစို့ ရဲ့  ” ဆိုပြီး ဒေ၀ပဗ္ဗတ(နတ်တောင် ) ပေါ်သို
့ဆရာတပည့် ၂-ဖော် တက်ကြလေ၏။
ရှင်တောင့်ပုံ စေတီတော်သမိုင်း
တောင်ပေါ်တွင် “ဂရိပစ္စယ”
ရှင်ရသေ့ကြီးနှင့် တွေ့၍
အကြောင်းကို မေးမြန်းရာ မောင်နွားက
မိမိ၏
ဖြစ်ကြောင်းကုန်စင် စုံ ,
အလင်ကို လျှောက်တင်လေလျှင် တရားဓမ္မ
ဟောပြ၍ စိတ်နှလုံး နှူးညံ့စေ၏။
မုဆိုး
မောင်နွားလည်း တရားနှစ်သက်သဖြင့် လေး, မြား, ပိုက်ကွန် လက်နက်ကိရိယာထည့်သော မုဆိုးတို့ အသုံး
တောင့် ,
ပလုံးတို့ ကို စုပုံ၍ မီးရှို့ ပြီး
ရသေ့လုပ်လေ၏။ တပည့် ကွာစိကား
ဖိုးသူတော် လုပ်လေ၏။
ဂိရိပစ္စယရသေ့က မုဆိုးအား ငယ်နာမည်ကိုမေးရာ မောင်နွား
အမည်တွင်ကြောင်း လျှောက်လတ်သော်
သင်၏ ငယ်နာမည်နှင့်
မကင်းစကောင်းဟုဆိုပြီး “ဂေါဝိန္ဒ ” ဟူသော ဘွဲ့အမည်
မှည့်လေ၏။
(မုဆိုး၏ အသုံးအဆောင် လက်နက်ကိရိယာ
ထည့်သော တောင့် , ပလုံးတို့ ကို
ပုံ၍ မီးတိုက်ရှို့ သောနေရာ၌
အထိမ်းအမှတ်ဖြင့် စေတီတည်၏။ ယင်းစေတီတော်ကို “ရှင်တောင့်ပုံစေတီ ”
ဟု ရှေးအခေါ်မပျက် ယခုတိုင်
ထင်ရှားလေသည်။
တောင့် (ပေါရာဏ) = မြားပုံး, မြားပလုံး,
မြားကျည်
တောက်အိပ်၊ မြားထည့်သောပလုံးကို
ရှေးသူဟောင်းတို့  သည် “တောင့် ”ဟူ၍ ခေါ်ကြ၏။
မြားပုံး, မြားပလုံး,
မြားကျည်တောက်
ခေါ်ကြသည်မှာ နောက်မှ
ဖြစ်သော စကားတည်း။)
ရှင်တောင့်ပုံ စေတီတော်အနီး
နောက်ထပ်တည်ထားကိုးကွယ်သော
“ရှင်ကိုးရှင် သမိုင်းဝင်
ရှင်တောင့်ပုံစေတီတော် ” ပုံ။
တောင်ခြေရင်း၌
သရက်ချောင်းမြို့တည်ရှိသည့် “ရှင်တောင့်ပုံတောင် ” ကား
အမြင့်ပေပေါင်း ၂၀၀၀-ကျော်ခန့် 
ရှိ၍ ရှေးအခါက တောင်တက်လမ်း
တစ်မိုင်ခန့်  မှာ လမ်း၏ ၃-ပုံ
၁-ပုံခန့်  မျှသာ ပြေပြစ်၍ ကျန်
၂-ပုံမှာ
မတ်စောင်သဖြင့် အဖိုးကြီး,
အဖွားကြီးများနှင့် တက်နိုင်စွမ်း မရှိသူတို့ အတွက် တောင်ပေါ်ရှိ
တောင်စောင့် နတ်မင်းကြီးအား
ကိုးကွယ် ပူဇော်ကာ ဆုတောင်း
ဆုယူပြုကြစေရန် ထိုလမ်း၏ ၃-ပုံ
၁-ပုံခန့် နေရာ၌
ယာယီနတ်ကွန်း
ဆောက်လုပ်ထားရှိလေသည်။ (ထိုယာယီနတ်ကွန်း နေရာကွက်လပ်မှာ ယခုတိုင်ရှိလေသည် )ယခု အခါ နတ်ကွန်းမှာ တောင်
ပေါ်တွင်ဖြစ်လေသည်။
ယင်းယာယီနတ်ကွန်း၌ ကန်တော့ပွဲ,
ပန်းဆီမီးများနှင့် ရွှေပြားများ ကပ် ကာ တင်ကာ ပူဇော်ကြရသည့်အကြောင်းကို ယင်းခေတ်
စာဆိုသူ ပညာရှိတစ်ဦးက ဖွဲ့စပ်သီဆိုထား ရှိ သည့် “ထားဝယ် ဒိန်းသံ
သီချင်း” ကား -
၁။ ရှင်တောင့်ပုံ ထားဝယ်
ဒိန်းသံသီချင်း
“တောန်ပေါင် တောန်ပေါင်
ရှင်တောန်ပေါင်
တောန်ပေါင် မတ်စော့က်။ တတ်မရော့ က်၊
အော့က်က ကွန်းယာ။ ရွှေပ္လါးန ပူဇော်ပါကိုလေး၊
အို့ မယ်ဝေး မ၀ါလွမ်းစလေး ။”
ဟူ၍ ဖြစ်ပေသည်။
မှတ်ချက် ။ တောန်ပေါင်
= တောင်းပုံ၊
မတ်စော့က် = မတ်စောက်၊
တတ်မရော့က် = တက်မရောက်၊
အော့က်က ကွန်းယာ = အောက်က
ယာယီနတ်ကွန်း၊
ရွှေ ပ္လါးန = ရွှေးပြားနှင့်၊
အို့ မယ်ဝေး = အို
အမရေ၊
မ၀ါလွမ်းစလေး = ကျွန်မတို့ ရွာကို
လွမ်းလှသည်။
ယင်း ဒိန်းသံ သီချင်းကို မြန်လိုပြန်ဆိုရမူ -“တောင်းပုံ တောင်းပုံ ရှင်တောင်းပုံ၊
တောင်းပုံမတ်စောက်။ တက်မရောက်၊
အောက်က ကွန်းယာ၊ ရွှေပြားနှင့်
ပူဇော်ပါကိုလေး၊
အို အမရေ = ကျွန်မတို့ ရွာကို
လွမ်းလှသလေး။”
ဟူ၍ ဖြစ်ပေသည်။
ယင်း ရှင်တောင်းပုံတောင်ကို ရှေးအခါက
ဒေ၀ပဗ္ဗတ (နတ်တောင် ) ဟုခေါ်တွင်ကြသည့် အတိုင်း နတ်များ
အထူးစောင့်ရှောက် နေကြရာ တောင်ပေါ်တောင်တန်း, တောင်ခါးပန်း, တောင်တက်လမ်း,
စသည့် နေရာများ၌ ယုတ်မာ ညစ်ညမ်း ကြမ်းတမ်းသမူ ပြုလုပ်ကြသူ
လူကြီး လူငယ် ကျား, မများအား
နတ်များဖမ်းစား အပြစ်အန္တရာယ်
ပေးလေ့ရှိကြောင်း
ဒိဋ္ဌကြုံဖူးသူများရှိကြသဖြင့် ယနေ့
တိုင် တောင်ပေါ် ဘုရားဖူးတက်ကြသူများ အထူးအလေး မူ ကြရလေသည်။
ယခုအခါ တောင်တက်လမ်းများကို ပြေပြစ်စွာ
တက်ဆင်းနိုင်ကြစေရန်
ပြင်ဆင်ပြုလုပ်ကြသဖြင့်
လူတိုင်းလိုလိုပင်
တက်နိုင် , ဆင်းနိုင်ကြသည့်အပြင်
သရက်ချောင်းမြို့ဘက်မှ
တစ်လမ်း၊ ကျောက်မြောင်း ရွာဘက်မှ
တစ်လမ်းအားဖြင့်
တောင်တက်လမ်း ၂-လမ်းရှိလေသည်။ ယင်းလမ်း ၂-လမ်း၏ အစအကွာအဝေးမှာ မိုင်
ဝက်ခန့် ရှိလေသည်။
ယခုအခါ ရှင်တောင်းပုံတောင်ပေါ်၌ ဂေါဝိန္ဒရသေ့
(မုဆိုး မောင်နွား) တည်ထားခဲ့သည့် စေတီကြီး
တစ်ဆူနှင့်
စေတီငယ်တစ်ဆူ၊ ဘုရားသိမ် , ကျောင်း, ဇရပ် , နတ်ကွန်း, ရေကန်များ ရှိလေသည်။
ယခုအခါ တောင်တက်လမ်းများကို ပြေပြစ်စွာ
တက်ဆင်းနိုင်ကြစေရန်
ပြင်ဆင်ပြုလုပ်ကြသဖြင့်
လူတိုင်းလိုလိုပင်
တက်နိုင် , ဆင်းနိုင်ကြသည့်အပြင်
သရက်ချောင်းမြို့ဘက်မှ
တစ်လမ်း၊ ကျောက်မြောင်း ရွာဘက်မှ
တစ်လမ်းအားဖြင့်
တောင်တက်လမ်း ၂-လမ်းရှိလေသည်။ ယင်းလမ်း ၂-လမ်း၏ အစအကွာအဝေးမှာ မိုင်
ဝက်ခန့် ရှိလေသည်။
ယခုအခါ ရှင်တောင်းပုံတောင်ပေါ်၌ ဂေါဝိန္ဒရသေ့
(မုဆိုး မောင်နွား) တည်ထားခဲ့သည့် စေတီကြီး
တစ်ဆူနှင့်
စေတီငယ်တစ်ဆူ၊ ဘုရားသိမ် , ကျောင်း, ဇရပ် , နတ်ကွန်း, ရေကန်များ ရှိလေသည်။
၂။ ဣသိနြေ္ဒတောင်မှ မှီအုံးတောင် ခေါ်တွင်လာခြင်း
ဂေါဝိန္ဒ ရသေ့သည်
မိမိ၏ဆရာဖြစ်သော ဂိရိပစ္စယ ရသေ့ကြီးထံ၌
နေ့ ရှည်လများ ဆည်းကပ်နေထိုင်ကာ
တရားဓမ္မများကို လေ့လာပြီးနောက် ဆရာရသေ့ကြီးထံ အခွင့်ပန်လျက် ယခင်က
နရုတိမင်းနှင့် ရှမ်းမင်း ၃-ပါးတို့စေတီတော်တည်ထားခဲ့သည့် ဣသိနြေ္ဒတောင်သို့ ဆရာတပည့်
၂-ပါး သွားရောက်အမှီပြု၍
တရားအားထုတ်နေထိုင်ကြလေ၏။
ယင်းဣသိနြေ္ဒတောင်တွင်
ဂေါဝိန္ဒရသေ့ အမှီပြု၍ နေသဖြင့်
ဣသိနြေ္ဒတောင်အမည်မှ “မှီအုံးတောင် ” ဟူ၍
ခေါ်တွင်လာကြသည်မှာ ယနေ့ တိုင်ပင်
ဖြစ်လေသည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်