ဤကဲ့သို့  ရူးသွပ်ခြင်းကို အမတ်တို
့ မဆီးတားနိုင်သဖြင့် မယ်ဇော၏
ရုပ်ပုံကြောင့်
ရူးရသောမင်းကို မယ်ဇောထံသို့ 
အရောက်ပို့  လျှင်
အရူးပျောက်လိမ့်မည် ထင်သည်ဟု တိုင်ပင်ညီညွတ်ပြီးလျှင် သင်္ဘောနှင့်တင်၍
“ထားဝယ်တိုင်း”မောင်မရှောင်တောအရပ်မယ်ဇောရှိရာသို့  ပို့  ကြလေ၏။ အမတ်များ
ထင်သည့်အတိုင်းပင်
သင်္ဘောပေါ်သို့ ရောက်လျှင်
စိတ်နောက်ခြင်း အတော်ပြေပျောက်လေ၏။
သင်္ဘောလွှင့်၍ ထားဝယ်တိုင်း သာဂရမြို့တစ်ဖက်ကမ်းရှိ မောင်မရှောင်တော်အရပ်သို့ ရောက်လေလျှင်
အမတ်နော်ရမံနှင့် အပျိုတော်များမှတဆင့် မယ်ဇောထံ
ကောက္ကသန်မင်း
ဝင်ရောက်ခွင့်ရလေ၏။ မယ်ဇောက
လက်ပါးများအား
ထားဝယ်ဒေသသုံးဖြစ်သည့် “ဓနိဖက်ဆေးလိပ် ” နှင့်
ပင်လယ်ခန်းခေါ်ကြသော “ကဗုံးသာ, သဲဘလုပ် ,
ဘ၀ဲ, ရှပ် ”
စသည်
တို့ ဖြင့် ချက်ပြုတ်စေသည့် ပွဲတော်စာများဖြင့် တည်ခင်းကျွေးမွေး ဧည့်ခံလေ၏။
ယင်းနောက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်
နှုတ်ခွန်းဆက်သ
မေးမြန်းပြောဆိုကြပြီးလျှင်
ကောက္ကသန် မင်းက
နန်းတော်သုံး မှာတမ်းသွားဖြင့်
ဆိုလိုက်သည်မှာ -“မှန်တကယ်၊ ကြံရွယ်တော်
တပုံဆက်ပါလို
့စုံမက်စေကြောင်း။ ညှိုးရွှေကြာ၊ မိုးစွေကာ
- ထုံမြလို့ ပုံလှအောင်
ဝစီညွှန်းလိုက်ပ၊ ကျွန်းသူ
့ထိပ်ဆောင်း။ ”
“မိတ်ကောင်းမိတ်စစ်၊ မှန်တကယ်
ဖြစ်သော်ကြောင့်၊
အချစ်ကိုစီမံ၊ တိုးလို့ သာကြံပါသည်။ ၀ိသေသံ -ထူးချက်နှင့်၊
သိစေရန် - နူးညက်သဖြင့်၊
ကျူးမြွက်တော်မူသင့်လှပါသည်
မတ္တမြားစန္ဒ - မြကြေးမုံငယ် ”
ဟူ၍
ဆိုလိုက်လေသည်။
မယ်ဇောသည် ခိုကိုးရာမဲ့ အားနွဲ့သောအခါဖြစ်သည်လည်း တစ်ကြောင်း၊
မောင်မရှောင်တော်အရပ်၌ ငြိုငြင်စွာ
နေရခြင်းကို
ငြီးငွေ့သည်လည်းတစ်ကြောင်း၊
ထားဝယ်တိုင်း သာဂရ ပြည်သူပြည်သားတို့  က ငြိုးကြသည်လည်းတစ်ကြောင်း၊
ယင်းအကြောင်းတို့ ကြောင့် ကောက္ကသန်မင်း၏
စကားကို တစ်ကြိမ်တည်းနှင့်ပင် နာခံရရှာလေသည်။
သို့ ကြောင့် မယ်ဇောက ပြန်ဆိုလိုက်သည့် လေးချိုးသဖြန်းကား -“မြလင်္ကာ - တည်စံကွန်းမှာဖြင့်၊
လ -သင်္ကာ - ကြည်လျှံထွန်းသည်နှယ်။
ဒီပံကျွန်း - ပိုင်တဲ့ရှင်။ ။
နောင်မမုန်းပါနှင့်၊
မောင် ဘုန်းဝေ - မေတ္တာရှိသလိုပ။
ထို့ အတူ - ပြန်၍သိပါတော့၊
လေးမိစိတ်တွင်။ ။
ငြိုတမာန် - ထောင်အကြွားတွေနှင့်၊
ပိုအလျှံ - မြှောက်မထားရပေဘူ့ ။
ဘုရားမှာတဲ့ - ကျိန်ရေဆင်၊
ချစ်ရင်ဖြင့် - ရွက်စမ်း။ ။
ညိုကြော့ခင်၊
ကိုယ်တော့်ပြင် - သုန်မဖောက်ပါဘူ့ ။
ယုံလောက်အောင် -
သစ္စာပြုလိုက်ပမယ်ရှောင်၊
သုံးလူ့ ရွှေကျမ်း။ ။
၂။ ဇလွန်းစေတီတော်တည်ခြင်း
တစ်ဦးနှင့်တစ်ဦး ပြောခွင့် ဆိုခွင့်
ရှိသမျှတို့  ကို ပြောဆိုကြ၍ ရွှေဖူးစာနှစ်ခိုင် ပြိုင်ပြီးလျှင် ကောက္ကသန်
မင်းက သီဟိုဋ္ဌ်ကျွန်းသို့ ဆောင်သွားလေ၏။ မယ်ဇောလည်း
မောင်တော် သမ္ဗန်မင်းကို လွန်း
(လွမ်း) သောကြောင့်
တစ်ခုသောတောင်သို့  သင်္ဘောဆိုက်ပြီးလျှင်
ယင်းတောင်ပေါ်၌“ဇောလွန်း” (လွမ်း)
ဘုရားဟူ၍ စေတီတစ်ဆူ
တည်ခဲ့လေသည်။ ယင်းဘုရားစေတီကို ယခုအခါ
“ဇလွန်းဘုရား” ဟူ၍လည်းကောင်း၊
ရွာကိုလည်း “ဇလွန်းရွာ”
ဟူ၍လည်းကောင်း ခေါ်ဆိုကြလေသည်။
(ဇလွန်းတောင် ,ဇလွန်းစေတီ , ဇလွန်းရွာကား ထားဝယ်မြို့မှ အရှေ့ဖက်
၃-မိုင်အကွာတွင်တည်ရှိလေသည် )
ယင်းဇောလွန်း (ဇလွန်း) စေတီတော်ကို
လွန်ခဲ့သော ကောဇာသက္ကရာဇ် ၁၃၁၅-ခုနှစ်တွင် ဇလွန်း
အရှေ့ကျောင်းဆရာတော်နှင့်
ဇလွန်းရွာရှိ ဗဒ္ဓဝေယျဝစ္စ သမ၀ါယမအသင်းမှ ကြီးမှူး၍
အရပ်ရပ်သော
စေတနာရှင်အပေါင်းတို့  လှူဒါန်းပါဝင်ကြလျက်
အသစ်တဖန် မွမ်းမံပြင်ဆင်ကြပြီးလျှင် ထားဝယ်မြို့
ဇရစ် ရပ်
ဒေါ်အင်ကြူ လှူဒါန်းသည့် ထီးတော်သစ် ကို ယင်းနှစ်
တပေါင်းလပြည့်နေ့ နံနက် ၁၀-နာရီအချိန် တင်လှူပူဇော်
လေသည်။
ယင်းအချိန်နှင့်
တစ်ပြိုင်တည်းပင် သာဂရမြို့ (မြို့ဟောင်းရွာ) ရှိ
မယ်ဇောတည်ခဲ့သော မြသလွန်
“ရှင်သလွန် ” စေတီတော်ကိုလည်း ထီးတော်အသစ် တင်လှူ ပူဇော်ကြလေသည်။
ဘုရားစေတီတည်ပြီးလျှင်
သင်္ဘောလွှင့်၍ သီဟိုဋ္ဌ်ကျွန်းသို့ ရောက်လတ်သော် ကောက္ကသန်မင်းက မိဖုရား
မြှောက်လေ၏။
ငါးခုံးမ ရေသွန်းပွဲ
သာဂရပြည်ဘောင်တွင်၊ မိုးခေါင်သည့်အတွက်၊ အုံးကျွက်ကျွက် ဆူညံဝေလျက်၊
လူသံတွေ ဗြည့်စင်
ခတ်သည်ကို၊ ပြည့်ရှင်မြတ် -
ဇောရှိန်ကြွ၍၊ ဂေါဝိန္ဒ ဆရာကို ပင့်ပြီးလျှင်၊ အဇဋာဖြင့်
ခိုးဝလာက၊ မိုးမရွာ
အဖောက်အပြားကို လျှောက်ထားတော်မူလေ၏။
ယင်းသို့  လျှောက်ထား မေးမြန်းတော်မူသောအခါ ဂေါဝိ န္ဒဆရာတော်က မိမိထင်မြင်ချက်ကို ထုတ်မြွက်
တော်မူသည်မှာ -“ဒကာတော်သည် ဘုရင်ဖြစ်သည့်နေမှစ၍ မိခင်ငါးခုံးမ၏ ရုပ်ဓာတ်ကို
အရေးမယူ လျစ်လျူရှုထားခြင်းသည်
ကျေးဇူးပြုထိုက်သော သူအား ကျေးဇူးမပြု
မထီမဲ့မြင်နေ၍ မင်္ဂလာတရားတော် ပျက်သော်ကြောင့်
မိုးခေါင်လေသလောဟု တွေးတောကြံဆမိချေသည်။”
“ရှင်ဘုရား
အဘယ်သို့ ကျေးဇူးပြုရပါမည်နည်း။ ”
“နတ်ရဲဖြစ်၍နေသော မယ်တော်အား
နတ်ကန္နားပွဲသဘင်
ကောင်းမွန်စွာပေးပြီး
ပင့်ခေါ်မေးမြန်ရလျှင်
သာ၍ သင့်မြတ်လိမ့်မည် ထင်ပါသည်။”
“ဆရာတော်ဘုရား
သဘောတော်ထင်မြင်သည့် အတိုင်း
တပည့်တော် ပြုလုပ်ပါတော့မည်ဘုရား။”
“ကောင်းပြီ ယနေ့ ပင်ပြုလုပ်လေလော့ ” ဟုဂေါဝိန္ဒဆရာတော်
မိန့်  ကြားခဲ့ပြီး
ကျောင်းသင်္ခမ်းသို့ြ ပန်ကြွ
သွားလေ၏။
၁။ မယ်တော်ငါးခုံးမနတ်စိမ်း ၀င်ပူးငို
လေးချိုး
သမ္ဗန်မင်းလည်း နတ် ၀င်ကတော်တို့ 
အား အမိန့် တော်နှင့် ခေါ်စေပြီး
ကန္နားပွဲသဘင်
မြှောက်တင်က, ခုန်
စေသောအခါ ငါးခုံးမနတ်စိမ်းသည် တစ်ဦးသော
နတ် ၀င်ကတော်၌ ပူးကပ်၍ ငါးခုံးမနတ်စိမ်းငို
လေးချိုးကား-“ငွေရွက်ကာ -
ပြည်သာဂရမှာဖြင့်၊
ရွှေမျက်နှာ ကြည်သာကြပေရဲ့ ။
သီဟာသန - ဘုံမြင့်ပေါ်။ ။
အဟိတ်မွဲကိုလှ၊စိတ်ထဲမှာ - ခါတစ်ရံမှ။
မနောကံ - သီမငွေ့ တယ်၊
ချမ်းမြေ့ရွှင်ပျော်။ ။
ကနက်မှာ - မျက်နှာလှသူက၊
မသက်သာ - ရှက်ရှာကြပေမပ။
သားပုတ္တ - စံရွှေလှော်ငယ်၊
တော်နိုင်မျှ - လူပေပဲ။ ။
ခွင့်ချို့ တာ၊
ဖွင့်ဖို့ ရာ - တယ်မကောင်းသော်လဲ။
အကြောင်းခံ - သိစေဖို့ ပြောပါရ၊
သဘောဉာဏ် - လွန်ညစ်ညမ်းသူမို့ ။
ဥပမာ - ပြုကာ တမ်းလိုက်ရမှာဖြင့် - မောင်ရယ်၊
(အမယ်မင်း) ကျမ်းတတ်ကျင့်လွဲ။”
ဟူ၍ ငိုလျက် ပြောဆိုလေ၏။
သမ္ဗန်မင်းက မေးမြန်းသည်မှာ “မျက်ရေယိုရွှဲ၊ ငိုမစဲနှင့်၊ အကဲမူရာ၊
ထူးထွေစွာဖြင့်၊ ပူတာလှုံ့  လှုံ့ 
၊
ဦးခေါင်းကျုံ့ ၍၊ မငုံတစ်ချက်၊ ငိုတစ်ချက်လျှင်၊ တုံ့ြ မွက်
ညံစာ - မနောဖိုအောင်၊
ပြောဆိုလာ၊ ကြောင်းရာစနစ်၊
ဘယ်နတ်မင်းဖြစ်သည်ဟု၊ ဇာစ်မြစ်နှင့်သေချာအမှန်စကား၊ ချန်မထားဘဲ၊ ပြန် ကြားပါ”
ဟူ၍
မေးလေ၏။
မယ်တော်က အကြောင်းစုံအလင်ကို ပြောကြားသောအခါ သမ္ဗန်းမင်းသည် မယ်တော်အမှ န်ဖြစ်သည်ဟု
ယုံကြည်၍ မိုးခေါင်သည့် အကြောင်းကို
မေးပြန်လျှင် ဂေါဝိန္ဒဆရာတော် မိန်
့ကြားခဲ့သည့်အတိုင်းပင် ဖြစ်သည်ဟု
ဆိုလေ၏။
ယင်းသို့ ဖြစ်လျှင် မိုးရွာအောင်
မည်သို့ ပြုပါရမည်နည်းဟု မေးရာ ဤသို
့ ပြောဆိုညွှန်ကြားခဲ့လေ၏။
“မယ်တော် (ငါးခုံးမ)၏
ရုပ်ဓာတ်ကို အသစ်မွမ်းမံ၍ မင်္ဂလာသဘင်ပွဲကြီး ပြုလုပ်ရန်မှာ
ပြန့်ပြော
သာယာသော မြေအရပ်၌ သန့်  ရှင်းသော သဲဖြူခင်းခြင်း၊ ရာဇမတ်ကာရံခြင်း၊ ငှက်ပျောအုန်းခက်၊ သပြေရွက်နှင့်
နေဇာမြက် စသော အောင်ပန်းတို့  ကို ချည်စိုက်ခြင်း၊ ရွှေအင်တုံဖြစ်စေ၊ ငွေအင်တုံဖြစ်စေ တစ်ခုခုကို
ရာဇမတ်
အတွင်းသို့ 
သွင်းဆောင်ပြီးလျှင်
ဗြာဟ္မဏပုဏ္ဏားမျိုးတို့  က
မယ်တော်၏ ရုပ်ဓာတ်ကိုကိုင်၍ ကောင်းချီးသြဘာ
မင်္ဂလာရှိသည့် စကားတို့  ကို ကျူးရင့်ကြွေးကြော်ကာ လက်ယာရစ်
ခရုသင်းနှင့် သန့် ရှင်းသော ရေတို့ ကို
သွန်းဖျန်းခြင်း၊ ပြည်သူပြည်သားအပေါင်းတို့
မှာမူကား ရာဇမတ်၏ အပြင်ဘက်
အရပ်ရှစ်မျက် နှာမှ
အလွမ်းပြေ Dawei
Group (Facebook)
ရေတံလျှောက်သွယ်ပြီး သန့် 
ရှင်းစင်ကြယ်သည့် ရေတို့  ကို အိုးအင်ဖန်မြူတာ စသည်တို့ နှင့် သွန်းခြင်း၊
ယင်းသို့  အဘိသေကမင်္ဂလာကို
ကောင်းမွန်မှန်ကန်စွာ ပြုလုပ်က မိုးရွာပါလိမ့်မည်၊ မိုးသည်ထန်စွာ
ရွာခဲ့ပြန်လျှင်
မယ်တော်၏ ရုပ်ဓာတ်ကို ၀ါးညှပ်တွင်
ထည့်သွင်း၍ ခပ်မျှဉ်းမျှဉ်း မီးကင်က
မိုးစဲ ပါလိမ့်မည် ” ဟု
အသေအချာပြန်ကြားပြောဆိုလေ၏။
သမ္ဗန်မင်းလည်း “မယ်တော် မိန့် 
ကြားသမျှကို တစ်လုံးတစ် ၀တည်း မှတ်မိပါပြီ၊
မကြာမီ ညှိနှိုင်းတိုင်ပင်၍
ပြုလုပ်ပါတော့မည် ”
ဟု ၀န်ခံလေ၏။
ယင်းနောက် မယ်တော်နတ်မသည် သမီးမယ်ဇောအားများစွာ ပြစ်ဆိုလျက်
မယ်တော်၏နေရာကား ဝေဿသဏ္ဏကုန်းပင်တည်းဟု
ညွှန်ကြားခဲ့ပြီး ပြန်သွားလေ၏။
မယ်တော်ပြန်သွားလတ်သော်
နတ်ပွဲကန္နားသဘင်ကို သိမ်း၍ အတွင်းတော်သို့  ၀င်ပြီးလျှင် အမတ်တို
့အား
ဤသို့  မိန်
့တော်မူ၏။
“သူကောင်းတော်ကြီးတို့ 
- မယ်တော်မိန့် ကြားသည့်အတိုင်း ဂေါဝိန္ဒဆရာတော်ထံမှ မယ်တော်
ငါးမ၏
ရုပ်ဓာတ်ကို
အသစ်မွမ်းမံချယ်လယ်ရမည်၊
ရေသွန်းရန် အခမ်းအနားတို့ ကိုလည်းမယ်တော်မှာခဲ့ သည်အတိုင်း
စီရင်ကြရမည် ” ဟု မိန်
့တော်မူလေ၏။
အမတ်တို့  လည်း တစ်ခုသောမြေအရပ်၌ လျောက်ပတ်တင့်တယ်စွာ စီရင်ခင်းကျင်း၍ ပြည်သူပြည်သား
တို့အား ထုတ်ဆင့်ကြော်ငြာကာ မင်းဆရာ
ဗြဟ္မဏပုဏ္ဏားတို့ နှင့်
နေရာတကျတိုင်ပင်ပြီးလျှင် အမ္ဗုံဓရ
ဝေရွှန်းအောင်
ရေသွန်းခြင်း ဘိသိက်ပွဲကို
ခြိမ့်သဲစွာ ပြုလုပ်ကြလေ၏။
၂။ မယ်တော်နတ်မ ရေမြူးကစားခြင်း
ပူးကပ်၍ ၀င်ရန် လေးချိုးနှင့် ငိုလိုက် သည်မှာ -“သပြေမှာ - အခြေထွန်းစေဖို
့၊
ရေသွန်းတဲ့ မင်္ဂလာ။ ။
ထားဝယ်တိုင်း၊
သမိုင်း - လွန်ထင်ပေါ်တဲ့။
ရွှေပြည်တော် - သာဂရမှာ၊
ရင်း အစပါ။ ။
နောက်နောင်ကို -
အရှည်မှတ်လိုက်ပါတော့၊
ငါးသေမှာ - ထားမေ ကပ်ရမှာကြောင့်။
သဲဆပ်ဆပ် တုန်လို့ လာ၊
ရှေးအခါက - အပူကြွင်း။ ။
ဆွေးဟိုက်အင်၊
တွေးလိုက်ရင် - ဝေေ၀ဆူလှလို့ ။
ရွှေပြေသူ - ရေမသွန်းသော်လဲ၊
ရတက်ပွေ - မျက်ရည်နှင့် လွှန်းခဲ့ပမယ်၊
(လူကလေးရေ) ကျွန်းလုံး မှန်ကင်း။”
ယင်းသို့ ငိုပြီးလျှင် ငါး၏ရုပ်ဓာတ်သို့  ၀င်ကပ်၍ ရေမြူးကစားလေ၏။
ယင်းနောက် ပြည့်ရှင်မင်း ကောင်းချီသံ
ဆို၏။ ယင်းနောက် အမတ်ကြီးများ
ဆိုကြ၏။ ယင်းနောက်
ပြည်သူလူထုများက အိုးစည် ,
ဗုံ
, မောင်း စသော
အတီးအမှုတ် , အက, အခုန်တို့ နှင့်
ကောင်းချီသြဘာပြုကြ၏။
ကခုန်မြူးထူးရာ၌ မိုးကိုတ,
၍သီဆိုကြသည့် ထားဝယ်
မိုးခေါ်သီချင်းကား -၃။ ထားဝယ်
မိုးခေါ်သီချင်း
(၁) မိုး မိုး ၀ါလိုက်ပမိုး၊
မိုး မ၀ါဘဲ ကြာလေဘီ၊
မိုးကီ လေကီး လာလေဘီ - ဝှေ
- ဝှေ့  - ဝှေး။
(၂) မိုး မိုး ၀ါလိုက်ပမိုး၊
အီမိုးခေါ်န် - ဖြောင်းထော်န်ရအော်န်၊
ဝါလိုက်ပမိုး - ဝှေ - ဝှေ့  -
ဝှေး။
(၃) ပတော့ပန်ထပ်မာ - မီးတက္လယ်၊
သတ်ပါကွယ် - မိုးမန်းကီး၊
အာလော့က္လီး - မိုးပါးနီး - ဝှေ
-ဝှေ့  -ဝှေး။
(၄) မိုးထိအော်န် - လှေကားထော်န်၊
မထော်န်နိုင်ဘဲ - မိုးရွှဲရွှဲ၊
ဝါပါလေ - မိုးရွှဲရွှဲ - ဝှေ - ဝှေ့  -
ဝှေး။
(၅) မိုး မိုး ကြိုးပါလေ၊
ရွှေခဲမိုး - ကြိုးပါလေ၊
ဝါပါလေ - မိုးမန်းကီး - ဝှေ -
ဝှေ့  -ဝှေး။
(၆) မိုး မိုး မိုးရိထန်၊
သယ်မ္လေပ္လန်မာ- ၀ါပမိုး၊
မိုးမ၀ါဘဲ - ကြာလေဘီ၊
မိုးကီး လေကီး လာလေဘီ - ဝှေ - ဝှေ
့ - ဝှေး။
(၇) လေကီး လာလာ၊
မိုးကီး ၀ါဝါ၊
ဆန်စပါး - စားဒိမကူ၊
တိုင်းသားပြည်သူ ဧဘီလေ - ဝှေ - ဝှေ
့ - ဝှေး။
မှတ်ချက် … ၀ါလိုက်ပမိုး =
ရွာလိုက်ပမိုး၊
မိုးကီးလေကီး = မိုးကြီး လေကြီး၊
အီမိုးခေါ်န် - ဖြောင်းထော်န်ရအော်န်
= အိမ်မိုးခေါင်မှာ မြှုံးထောင်ရအောင်၊
ပတော့ပန်ထပ်မှာ-မီးတက္လယ် =
ပိတ်တောက်ပင်ထက်မှာ မီးတကျည်၊
မိုးမန်းကီး = မိုးမင်းကြီး၊
အာလော့က္လီး =
အာလော့ကျီး(မိုးရွာအောင် ကျီးများကလည်းအားပေးပါလော့
)
မိုးထိအော်န် -လှေကားထော်န် =
မိုးထိအောင် လှေကားထောင်၊
ရွှေခဲမိုး = ရွှေခဲကြက်တူရွေး
ကဲ့သို့ 
လိမ္မာသောမိုး၊
မိုးရိထန် = မိုးရိပ်ထင်၊
သယ်မ္လေပ္လန်မာ-၀ါပမိုး = သည်မြေပြင်မှာ
ရွာပမိုး၊
စားဒိမကူ စားလို့ မကုန်။
ပြည်သူလူထုအပေါင်းတို့  က
အရပ်ရှစ်မျက်နှာမှ
ရေတံလျှောက်သွယ်၍
ရေသွန်းကြလျှင် ရွှေအင်တုံ
အတွင်းရှိ ငါးခုံးမရုပ်သည် အသက်ရှင်သကဲသို့  ပင် ကွန့်မြူးလှည့်ပတ်လေသည်။ ယင်းအခါ
မိုး
ကောင်းစွာရွာသွန်းလေ၏။
(ငါးခုံးမရုပ်ပုံကို ရှေးအခါ ဂေါဝိန္ဒရှင်ရသေ့နှင့် သမ္ဗန်မင်းလက်ထက်စ၍ အစဉ်အဆက်
ထိန်းသိမ်းလာကြရာ ယခုခေတ်အခါ ထားဝယ်မြို့မှ အရှေ့ တောင်ဘက် ၃-မိုင်ခန့်  ခရီးအကွာ ကူးတို့  ရွာရှိ
ရွှေတောင် ဘုန်းတော်ကြီးကျောင်းတွင် “ငါးခုံးမရုပ် ” ကိုလည်းကောင်း၊
ထားဝယ်မြို့မှ အရှေ့ တောင်ဘက် ထားဝယ်
-မြိတ်သွား မော်တော်ကားလမ်း အဆက်တွင်ပင်
၁၈-မိုင်ခန့် ခရီးအကွာ
ပန်းတောရွာရှိ အောက်ရွှေတောင်
ဘုန်းတော်ကြီးကျောင်းတွင် “အင်တုံ ” ကိုလည်းကောင်း ထားရှိလေသည်။)
ယင်းငါးခုံးမ ရေသွန်းပွဲကို လွန်ခဲ့သော
ကောဇာသက္ကရာဇ် ၁၂၆၅-ခုနှစ်တွင် ကျင်းပပြီး
ယခုအခါ
မကျင်းပတော့ချေ။
အကြောင်းကိုဆိုသော်
မိုးခေါင်လျှင် ပဋ္ဌမ ရှေ
့ဦးစွာ ဖားထီး,
ဖားမပွဲ ကျင်းပ၍
မိုးမရွာမှသာ
ငါးခုံးမရေသွန်းပွဲ ကျင်းပရသော အစဉ်အလာ ရှိသောကြောင့် ဖြစ်လေသည်။
ထားဝယ် ဖားထီး၊ဖားမ “မိုးခေါ်ပွဲ” ပြုလုပ်သည့်အခါ
မိုးရွာသွန်းစေရန် တီးရသော “ဖားစည် ” ပုံ။
ဖားထီး, ဖားမ မိုးခေါ်ပွဲ
ကျင်းပခြင်း
ဖားထီး, ဖားမ
မိုးခေါ်ပွဲကို မည်သည်ခုနှစ် မည်သည့်မင်း
လက်ထက်က စတင်ကျင်းပပြုလုပ်ကြကြောင်း
စာပေမှတ်တမ်းများနှင့်
သက်ကြီးတို့ စကား မကြားသိရသော်လည်း အစဉ်အဆက်
ပြုလုပ် ကျင်းပသည့်နေရာနှင့်
ကျင်းပကြပုံကို ရာဇ၀င်မှတ်တမ်းများအရ
ဖော်ပြပါအံ့။
၁။ ငါးရံ့ မင်းအိုင်
ရှေးလွန်လေပြီးသောအခါက
တစ်ခုသောရေအိုင်၌ အကုသိုလ် မိဿကကံဟောင်းကြောင့် ဥပပတ်
ပဋိသန္ဓေ (အနီးကပ်၍ ထင်ရှားစွာ
ဖြစ်ပေါ်လာခြင်း) တည်နေသော ငါးခုံးမကြီး
တစ်ကောင်သည် အေးချမ်းစွာ
နေလိုသည့်ဆန္ဒဖြင့်
မိမိအပေါင်းအဖော်မှ ခွဲခွာ၍ သွားလေရာ
တစ်ခုသောတောင်ခြေရင်း (ယခု ဇလွန်း
တောင်ခြေရင်း အနောက်ဘက် ) ရှိ
ရေအိုင်တွင် ငါးရံ့ကြီးနှင့် တွေ့ရှိ၍
အတူတကွကျက်စားနေကြလေသည် ။
ငါးရံ့ကြီး ကျက်စားသည့်ရေအိုင်ကို “ငါးရံ့မင်းအိုင် ” ဟု အမည်တွင်ကာ ယနေ့ တိုင်ထင်ရှားရှိလေသည်။
တစ်နေ့ သ၌
အခြားငါးရံ့ကြီးတစ်ကောင်သည်
ယင်းငါးခုံးမကြီး ကိုမြင် လိုက်လေရာ
ငါးခုံးမကြီးသည်
ရေသာရာသို့ ထွက်ပြေးလျက် ဝေဿ၀ဏ္ဏကုန်းစပ် နတ်ရေကန်သို
့ရောက်ရှိလေသည်။
(ကောဇာသက္ကရာဇ် ၁၀၀-ခန့်လောက်အခါက ယခု
ဇလွန်းတောင်ခြေရင်း အနောက် ဘက်ရှိ
ငါးရံ့မင်းအိုင်နှင့်
မောင်မယ်ရှောင်ရွာရှိ ရှင်ဓာတ်
ဝဲဘုရားစေတီ တည်ထားသည့် အိုင်ကို
မြေမဖို့  မီက ငါးခုံးမကြီး
ကျက်စားနေသော ဝေဿ၀ဏ္ဏနတ်ရေကန်တို့
သည် အရှေ့ ဘက်၌ ထားဝယ်မြစ်ကြောင်း ရေစီးဖြင့်
ရေချင်းဆက်စပ်လျက် ရှိခဲ့လေသည်။ မျက်မြင်သာဓက
တင်ပြရလျှင် ထားဝယ်လေယာဉ်ကွင်း အရှေ့ ဘက်ရှိ
“ထန်းတောပြင်ရွာ” နှင့် ၎င်းရွာမှ တစ်မိုင်ခန်
့အကွာ အရှေ့ ဘက်
“အောင်သပြေချောင်းရွာ” ယင်းရွာ
၂-ရွာတို့အကြားရှိ
လယ်ကွင်းများသည် ယနေ့တိုင် မြေနိမ့်လျက်ရှိသဖြင့် “မြစ်တိမ်ပြင် ”
ဟူ၍လည်းကောင်း၊
အောင်သပြေချောင်းရွာရှိ
သက်ကြီးများက
ထန်းတောပြင်ရွာကို “အနောက်ဘက်ကမ်း” ဟူ၍လည်းကောင်း၊
ယင်းနည်းတူပင်
ထန်းတောပြင်ရွာရှိ
သက်ကြီးများကလည်း
အောင်သပြေချောင်း ရွာကို “အရှေ့ ဘက်ကမ်း”
ဟူ၍လည်းကောင်း၊ အပြန်မလှန် ခေါ်ဆိုသုံးနှုန်းလျက် ရှိကြသေးသည်။
၎င်းပြင် ယင်းမြစ်တိမ်ပြင် လယ်ကွင်းများ၌
ရေတွင်း, ရေကန်
တူးဖော်ကြသည့်အခါ လှေကွဲ ပျဉ်ချပ်များ, ရွက်တိုင် အပိုင်းအစများ စသည်တို့  ကိုလည်း
မကြခဏ တွေ့ ရှိကြရလေသည်။ )
၂။ ဆန်းချီရပ်မှ ဦးကြီး, ကျောက်မော်ရပ်မှ အမေအိုတို
့ ဖားသဏ္ဌာန်ပြုလုပ်ကြခြင်း
ပွဲအစီစဉ်မှာ ထားဝယ်မြို့ ဆန်းချီရပ်မှ ရှေးအစဉ်အဆက်ရှိသူ ဦးကြီးတစ်ယောက်က ဖားထီးလုပ်ရ
လေသည်။ ဖားမမှာလည်း ကျောက်မော်အရပ်မှ
အစဉ်အဆက်ရှိသူ
ဒေါ်ကြီးတစ်ယောက်ကပင် လုပ်ရလေသည်။
ကျင်းပသည့်အချိန်ကား
မွန်းလွဲပိုင်းအချိန် ဖြစ်လေသည်။ ငါးရံ့မင်းအိုင်အနီး ယာယီတူးဖော်ထားသည့် ၄-တောင်
စတုရန်း ပတ်လည်ခန့်  ရှိသော ရေအိုင်ကလေး
နံဘေးတွင် ရှေ့ က ဖားမ,
နောက်မှ
ဖားထီးတို့  သည်
ဖားသဏ္ဌာန် လေးဖက်ထောက်၍
ထိုင်နေကြရသည်။
(ယင်းအချိန်တွင် သက်ဆိုင်ရာ
နတ်ရှင်ကြီးများအား ကန်တော့ပွဲနှင့် ပ, သကြရသည်။)
နတ် ပ, သပြီးသော်အခါ ဖားထီး, ဖားမတို့ က
မိမိတို့  ဘာဘာဘာဝ
“အောင်အမ်း -
အောင်အမ်း”
ဟူ၍
အော်မြည်ကြကာ ခုန်ဆွခုန်ဆွဖြင့် ရေအိုင်ငယ်ကို လက်ျာရစ်
၃-ပတ် လှည့်သွားကြရသည်။ ယင်းနောက်
ရေအိုင်ငယ်အတွင်းသို့
၂-ဦးစလုံး ဆင်းကြပြီး “မိတ်လိုက်ဟန် ” ဖြင့်
ဖားမ၏ပခုံးကို ဖားထီးကနောက်မှ
လက်နှစ်ဖက်ဖြင့် ခဏတင်ထားလိုက်ရသည်။
ယင်းအခါ သက်ဆိုင်ရာ အခြွေအရံများက
ရေစိမ် ထားသော (လှောင်းစေ့ =
ထားဝယ်အခေါ်)
ပင်စိမ်းစေ့များကို “ဖားဥတွေ ဥပြီ ” ဟု ကြဲပက်ပေးကြရသည်။
ယင်းနောက် ဖားထီး, ဖားမတို့ သည်
ထိုရေအိုင်ငယ်မှ ရှေ့ နောက်ဆက်၍
တက်လာကြပြီး၍ “အောင်အမ်း -အောင်အမ်း” ဟု
အောင်မြည်ကြကာ လက်ယာရစ် ၃-ပတ်လှည့်ကြရပြန်သည်။ ယင်းနောက်
ဖားထီးသည်
ရေအိုင်ကြီးအတွင်းသို့  ခုန်ဆင်းပြီး ရေမြူးကစားရသည်။(ဖားမမှာမူကား
ရေအိုင် ကြီးအတွင်းသို့ မဆင်းရချေ။ )
၃။ ပွဲလာပရိသတ်များ ပွဲကျင်းပစဉ် ထီး, ဦးထုပ် မဆောင်းရ
ယင်းနောက် သက်ဆိုင်ရာ လူအများက
အဆစ်ပြန် ကြခတ် ၀ါးကျည်တောင်ဖြင့် ကန်ရေကို
ခပ်ပြီး မိုးရွာဟန်
ရေဖျန်းကြလေသည်။ ဖားထီးကလည်း ရေကန်းတွင်းမှ
ရေကို လက်ဖြင့်ခပ်၍
ပက်တင်ပေးရလေသည်။
သီဆိုသကဲ့သို့ သီဆိုပြီး တီးမှုတ်ကြလေသည်။
ဖားထီး,ဖားမ ပွဲကျင်းပနေစဉ် လာရောက်ကြည့်ရှုကြသည့် သံဃာတော်အရှင်မြတ်များပါမကျန် မည်သူ
တစ်ဦးတစ်ယောက်မျှ ထီး,
ဦးထုပ်များကို မဆောင်းကြရချေ။
နောက်ဆုံးတွင်ကား အဆစ်ပြန် ကြခတ် ၀ါးကျည်တောက်များတွင် ရေကန်မှ
ရေကို ခပ်ယူကြပြီး အနီးရှိ
ဇလွန်းတောင် စေတီတော်နှင့် ဆင်ဆိပ်ရပ်ရှိ အောင်ရမ်းဂလုံ (သြရမ်ဂလုံ )
စေတီတော်တို့  အားသွားရောက်
ရေသွန်းကြရလေသည်။
ယင်းဖားထီး, ဖားမ
မိုးခေါ်ပွဲကို ထားဝယ်ဒေသတွင် ရှေးအစဉ်အလာအရာ မိုးခေါင်သည့်အခါတိုင်း
ကျင်းပလာခဲ့ကြရာ
နောက်ဆုံးကျင်းပသည့်ချိန်ကား
ကောဇာသက္ကရာဇ် ၁၃၂၁-ခုနှစ် (၁၉၆၀-ပြည့်နှစ် )တွင်ဖြစ်လေသည်။ ယင်းတို့ ဖားထီး
ဖားမ မိုးခေါ်ပွဲပြုလုပ်ကျင်းပတိုင်း မိုးအမှန် ရွာသွန်းလေသည်။
ယွန်းမောင်နှမ နန်းလုကြ
သမန္တမင်း ပြောင်းရွှေ့ ၍
မင်းမဲ့ဖြစ်နေသည့်
မှိုင်းကားရီမြို့ ကို ယွန်းပြည်မှ
“စောလွန်းရွှေ ”
ခေါ်
ယွန်းမင်း
လာရောက်အုပ်ချုပ်စိုးစံတော်မူလေ၏။
ယွန်းမင်းကြီး စောလွန်းရွှေ နတ်ရွာစံတော်မူလျှင် သားတော်
“စောထွတ်မင်းသားနှင့် သမီးတော်
စောမြဒေ၀ီ ”
တို
့ သည် ခမည်းတော်၏ အရိုက်အရာကို
သူအုပ်စိုးသင့်
-ငါအုပ်စိုးသင့်ဟူ၍
ငြင်းခုံလုယက်နေကြသည်ကို
မှူးမတ်များ
ဖြေဖြန်ပေကြသော်လည်း ကျေနပ်ခြင်း မရှိကြသဖြင့်
တရားအဆုံးအဖြတ်တော်သည်ဟု
သတင်းကျော်ကြားသည့် တကူမြို့ (ယခု ၀ဲကျွန်းရပ်နှင့် ဆင်ဆိပ်ရပ် )
ကိုအုပ်စိုးသော “တကူမင်းကြီး”
ထံ အဆုံးဖြတ်ခံရန် သွားကြလေ၏။
၁။ တကူမင်းကြီး၏ အဆုံးဖြတ်ကို
ခံယူခြင်း
တကူမင်းကြီး “ကျွနိုပ်
ဆုံးဖြတ်သည့်အတိုင်း နာခံကြမည်လော” ဟု မေးတော်မူလျှင်
မောင်နှမ ၂-ဦးတို
့က
နာခံပါမည်ဟု သဘောတူ ၀န်ခံကြလေ၏။
ယင်းအခါ တကူမင်းကြီးက အကြောင်းကို
မေးပြီး ဆုံးဖြတ်သည်မှာ “အသင်တို့ မောင်နှမ ၂-ဦးသည်
မိမိတို့  ပိုင်သည့်နယ်အတွင်း
သင့်လျော်သည့်မြေတွင်
အမြင်ဉာဏ်တော်ညီမျှသည့်
ဘုရားစေတီ တစ်ဆူစီ
တည်ကြလော့၊ အလျင်ပြီးသူက ထီးနန်းအုပ်ချုပ်လေ” ဟု ဆုံးဖြတ်ပေးတော်မူလေ၏။
၂။ ဘုရားပြိုင် တည်ကြခြင်း
တကူမင်းကြီး ဆုံးဖြတ်သည့်အတိုင်း မောင်နှမ
၂-ဦးတို့  သည် သဘောတူစွာဖြင့် အမတ် ကြီးများနှင့်
တိုင်ပင်ကြကာ ဘုရားတည်မည့် နေရာကို
ရွေးချယ်ပြီး ရက်ကောင်းနြေ့ မတ် အချိန်
အခါတွင်
ဘုရားပြိုင်တည်လုပ်ကြလေ၏။
နှမတော် “စောမြဒေ၀ီ ”
သည် မနိမ့်မမြင့်သော တောင်ကုန်းတစ်ခုပေါ်တွင်လည်းကောင်၊ နောင်တော်
“စောထွတ်မင်းသား” ကား
ယင်းတောင်ခြေရင်းအနီး
တောတန်းကလေးအ၀တွင်လည်းကောင်း
တစ်ပြိုင်နက်တည်း
တည်လုပ်ကြလေ၏။
၃။ “ဂျော”
ဘုရား
မိုးကြိုးခ ပြိုလဲခြင်း
ယင်းအခါ နောင်တော် စောထွတ်မင်းသားသည် အလျင်စလို
အမြန်ပြီးစီးရန်
အကောက်ဉာဏ်ဖြင့် ၀ါးကို
စေတီပုံ ဂျော (ခြင်း)
ရက်ပြီးလျှင်
ပြီးစီးကြောင်းကို ပြောပြရာ အမတ်ကြီးများက
ရင်သပ် , အံ့ သြ ရှုမောမကုန်
ဖြစ်ကြုံကြလေ၏။ နှမတော် စောမြဒေ၀ီက
နောင်တော်၏ အကြံဉာဏ်ကို ရိပ်စားမိသဖြင့် သစ္စာပြုလျက်
နတ်
သိကြားတို့ ထံ တိုင်တမ်းလေရာ အခါမဲ့
မိုးလိုး ထစ်ထစ်ချုန်း၍ အုံးအုံးဆူညာ
အကာတစ်ခွင် ထက်ကောင်းကင်မှ
စက်ရှင်လက်နက် မိုးကြိုးချက်ကြောင့် ခြင်းရက်စေတီသည် မတည်ပျက်ပြိုကာ လဲရှာရလေတော့၏။
ယင်းကြောင့် စောထွတ်မင်းသားမှာ မိမိ၏အကောက်ဉာဏ်ထင်ပေါ်သဖြင့် မျက်နှာမပြရဲဘဲ တောခိုကာ
ရဟန်းဘောင်သို့  ၀င်ရှာရလေ၏။
နှမတော် စောမြဒေ၀ီမှာ နောင်တော်၏
မတရားလုပ်ပုံကို မနှစ်သက်သော်လည်း
နောင်တော်အရင်းဖြစ်၍ ခမည်းတော် မယ်တော်တို့  ကွယ်လွန်သွားသဖြင့် “အစ်ကိုကြီးက အဖအရာ”
ဆိုသည့်အတိုင်း
အားကိုသမှုပြုနေရာမှ ယခုအခါ ခွဲခွာသွားရရှာသည့် အတွက်
စိတ်မချမ်းမြေ့ဘဲ
ဖြစ်ရှိနေရင်း မိမိ၏
ကုသိုလ်တော်စေတီကို ဆက်လက် မွမ်းမံလျက်
ရှိနေလေ၏။
ရွှေဂူတောင် စေတီတော်သမိုင်း
ယင်းအခါ သာဂရပြည်သူ ရှင်ဇောသည်
နောင်တောင် ရှင်ဇံ
(သမ္ဗန်မင်း)၏ ရန်ဘေးမှ ကင်းဝင်းစေခြင်းငှာ
“မောင်မယ်ရှောင်တော အရပ်၌
ရှောင်တိမ်းနေခိုက် ” ကောက္ကသန်မင်းနှင့် ချစ်ခင်စုံမက်၍ သီဟိုဠ်ကျွန်းသို့ 
သင်္ဘောလွှင့်သွားစဉ် စောမြဒေ၀ီ ဘုရားတည်သည့်တောင်ခြေ( ယခု
ရွှေဂူတောင်စော် ၀ချောင်း)
ကမ်းပါးတွင်
သင်္ဘောဆိုက်ကပ်၍ ရှင်ဇောနှင့်
ယခင်ကပင် သိကျမ်းဖူးသူ စောမြဒေ၀ီတို
့တွေ့ ဆုံမိကြလေ၏။
၁။ ရှင်ဇောက ကုသိုလ်တော်ရွှေအလှူ ပါဝင်ခြင်း
ရှင်ဇောက မိမိဖြစ်ပုံ အလုံးစုံကို
ပြောပြပြီးလျှင် “မိမိ၏နောင်တောင်
သမ္ဗန်းမင်းနှင့် အစ်မတော်တို့ 
မှာ
ယခင်က တစ်ဦးနှင့်တစ်ဦး စုံမက်ရင်း
ချစ်လက်စရှိကြဖူးသည့်အတိုင်း
အစ်မတော်က မိဖုရား
အဖြစ်ကိုခံယူစေလိုသည်။ ယခု နှမတော်
အကြံပေးသည်ကို ၀န်ခံမည် ဆိုပါက
ဘုရားအတွက် ကုသိုလ်တော်
အကူပါဝင် ပါမည် ”
ဟု ရှင်ဇောက စောမြဒေ၀ီအား ပြောလေ၏။
စောမြဒေ၀ီကလည်း “နှမတော်
အကြံပေးသည့်အတိုင်း လိုက်နာပါမည် ” ဟူ၍
ဝန်ခံပြောဆိုလေ၏။
ယင်းအခါ ရှင်ဇောက ၀မ်းမြောက်စွာနှင့် ဘုရားအတွက်
ကုသိုလ်တော်အဖြစ် ရွှေတပက်ခွန့်
အလှူဝင်ခဲ့လေ၏။ (ရာဇ၀င် တစ်စောင်၌ကား
ရွှေတစ်ကြက်ဥပေါင်း ငါးပိဿာ အလှူပါဝင်ခဲ့သည်ဟုဆို၏။
နှစ်သက်ရာ ယူပါလေ။)
(ပက်ခွန့်  = လှေငယ်များ၌ ရေများစိမ့်
ဝင်သည့်အခါ ခပ်ပစ်ရသည့် သစ်ပြားခွက်ကလေး။)
စောမြဒေ၀ီ ဘုရားစေတီတည်နေခိုက် ရှင်ဇောက
အလှူဝင်၍ ကူညီသည့်အတွက် ယင်းစေတီကို
“ရွှေဂူစေတီ ” ဟူ၍လည်းကောင်း၊
တောင်ကိုလည်း “ရွှေဂူတောင် ”
ဟူ၍လည်းကောင်း ယခုတိုင်အမည်တွင် ကာ
ထင်ရှားလေသည်။ (ရွှေမုတ္ထီးဘုရားနှင့်
ရွှေမုတ္ထီးရွာကား ယင်းတောင်ခြေရင်း၌ တည်ရှိလေသည်။)
“လှည်းကြောင်းတော
စေတီ ” ပုံ(ရှေးအခေါ် “ဂျောလဲစေတီ၊
လဲဂျောစေတီ ” ဟုခေါ်သည်။)
လှည်းကြောင်းတောစေတီတော်သမိုင်း
စောထွတ်မင်းသားတည်သည့် စေတီမှာ ဂျော(ခြင်း)
ကိုရက်၍ တည်လုပ်ရာ မိုးကြိုးထိသဖြင့် ပြိုလဲ
သောကြောင့်
“ဂျောလဲစေတီ ” ဟု ခေါ်ဝေါ်ကြရာ နှောင်းအခါ
အခေါ်ရွေ့ လျောကာ ပြောင်းပြန်ခေါ်သဖြင့် “ဂျောလဲ”
မှ “လဲဂျောစေတီ ”
ဟူ၍ ခေါ်တွင်ကြလေသည်။ တောတန်း
ကလေးအ၀၌ တည်လုပ်သည့်အတွက် အချို
့က “လှည်းကြောင်းတောစေတီ ”
ဟူ၍လည်း ခေါ်ဝေါ်ကြလေသည်။
(ဂျော = ၀ါးခြမ်းဖြင့်
ရက်လုပ်သည့် ခြင်းကြားကို ထားဝယ်ဒေသက “ဂျော” ဟူ၍ ခေါ်ကြသည်။)
၁။ “ဂျောဘုရား”
(လှည်းကြောင်းတော)
စေတီတော် မိုးကြိုးစက်မှ ကင်းလွတ်တော်မူခြင်း
ယင်းလှည်းကြောင်းတော စေတီတော်ကို စောထွတ်မင်းသား တည်ပြီးစက
မိုးကြိုးထိသဖြင့် နောက်မင်း
အဆက်ဆက်နှင့် ပြုသူလူလု အများ
ဆက်လက်ပြုပြင်၍
ထီးတော်တင်ပြီးသည့်အခါတိုင်း
မိုးကြိုးထိ၍ မပြုပြင်ဘဲ ထားရှိရာ
လွန်ခဲ့သော ကောဇာသက္ကရာဇ် ၁၂၇၂-ခုနှစ်တွင် ထားဝယ်မြို
့၊ ဇရစ်ရပ်၊ ဆန် စက်ပိုင်ရှင် သူဌေး
ချူလူရင် - ဒေါ်မဲ
နှင့် သမီး
ဒေါ်စိန်လှိုင်၊ ဒေါ်သောင်းလှိုင်၊ သား
ချူဘိန်ကြည်တို့ က ပျက်စီးယိုယွင်းလျက်ရှိသည့် စေတီတော်ကို
ထပ်မံပြုပြင်ပြီးလျှင်
ယင်း ခုနှစ် တန်းခူးလဆန်း
၁၁-ရက် တနင်္ဂနွေနေ့ နံနက် နေ၀န်းပေါ်အချိန် ၀ယ် ထီးတော်သစ်ကိုပါ တင်လှူပူဇော် ကြရာ
ရှေးယခင်အခါများကကဲ့သို့  မိုးကြိုးစက်
ဘေးဒဏ် မခံရတော့ဘဲ ချမ်းသာရာ
ရရှိသည်မှာ ယနေ့ အထိပင် ဖြစ်လေသည်။
(ယင်းသို့  မိုးကြိုးစက် မထိမမှန်ဘဲ
အောင်မြင် ထမြောက်သည်မှာ စေတီတော်၌
သိပ္ပံနည်းအရ မိုးကြိုးလွှဲဓာတ်
တပ်ဆင်ထားသည့်အတွက်ကြောင့် ဟူ၍ အထင်ရှိကြလေသည်။)
၂။ ရွှေဂူတောင်စေတီတော်ကို ထပ်မံပြုပြင်ခြင်း
ထားဝယ်ခရိုင်ကို အုပ်ချုပ်သည့် အရေးပိုင်
(ခရိုင် ၀န် )မင်း“ကာနယ်ဂရိမ်း” နှင့် “ဒေါ်အုံးပွင့် ” တို့ က ကြီးမှူးလျက်
သူကြွယ် ပြည်သား ပြည်သူ
လူထုအပေါင်းတို့ ပါ စုပေါင်း အလှူပါဝင်ကြပြီးလျှင် ပျက်စီးယိုယွင်းနေသည့်
ရွှေဂူတောင်စေတီတော်ကို အသစ်ထပ်မံ၍
ပြုလုပ်ကြသည်မှာ -ကောဇာသက္ကရာဇ်
၁၂၇၁-ခုနှစ် နတ်တော်လဆန်း
၎-ရက် အင်္ဂါနေ့ တွင် “အုတ်မြစ်ချသည်။”
တပေါင်းလပြည့်ကျော် ၁-ရက် တနင်္ဂနွေနေ့ တွင် “ဌာပနာ သွင်းနှံသည်။”
တန်ခူးလပြည့်ကျော် ၁၀-ရက် သောကြာနေ့ တွင် ဘုရား “မဏ္ဍိုင် စိုက်ထူသည်။”
ကောဇာသက္ကရာဇ် ၁၂၇၂-ခုနှစ် တန်ခူးလဆန်း
၁၁-ရက် တနင်္ဂနွေနေ့ နံနက် နေ၀န်းပေါ်ချိန်တွင်
“လှည်းကြောင်းတော
စေတီနှင့် တစ်ပြိုင်နက် ရွှေထီးတင်လှူတော်မူကြလေသည်။”
(ယင်း ရွှေဂူတောင်စေတီတော်နှင့် လှည်းကြောင်းတော စေတီတော်တို့ သည်ကား -
ထားဝယ်မြို့မှ
အရှေ့ တောင်ဘက် ထားဝယ်နှင့် မြိတ်မြို့သွား မော်တော်ကားလမ်းနှင့် ကပ်လျက်
၆-မိုင် ခရီးအကွာ ရွှေမုတ္ထီးဘုရား
ရုပ်ပွားတော်အနီးတွင် တည်ရှိကြလေသည်။)
………………………………
တကူမင်းကြီး နှင် ချိုးဥမယ်
“စောထွတ်မင်းသား နှင့်
စောမြဒေ၀ီ ” မောင်နှမ
၂-ဦးတို့ နန်းလုကြသည်ကို ဆုံးဖြတ်ပေးသည့် တကူမင်းကြီး
အုပ်ချုပ်စိုးစံသော
တကူမြို့သည်ကား - ယခုထားဝယ်မြို့ မြောက်ဘက်ပိုင်း ၂-မိုင်ခန်
့အကွာ “၀ဲကျွန်းရပ်နှင့်
ဆင်ဆိပ်ရပ် ”
များတွင် တည်ရှိခဲ့၍ ယခုတိုင်
အချို့နေရာများတွင်
တာရိုးနှင့်
ကျုံးမြောင်းများ အနည်းငယ် ရှိသေးသည်။
နန်းတော်နေရာမှာကား - ဆင်ဆိပ်ရပ်တွင် ဖြစ်လေသည်။ မင်းကြီးကိုးကွယ်သည့် နန်းဦးဆရာတော်ကျောင်းမှာ ယခု
ဝဲကျွန်း
သင်္ချီုင်းအနီးရှိ
ဘုန်းတော်ကြီးကျောင်းနေရာပင်ဖြစ် “တကူကျောင်း” (တဂူကျောင်း) ဟူ၍ ယခုတိုင် ခေါ်ကြလေသည်။
၁။ သတိုးဥပရာဇာမင်းသား ဇင်းကျိုက်ဆရာတော်ထံ
ပညာသင်ကြားခြင်း
အင်းဝတိုင်းပြည်မှ “သတိုးဥပရာဇာ”
အမည်ရှိသည့် မင်းသားတစ်ပါးသည် သထုံပြည်
ဇင်းကျိုက် ဆရာတော်ထံ
အတတ်ပညာ သင်ကြားရန် လာခဲ့ရာ
လမ်းခရီး၌ မွန်သူဌေးသား “မဟာဗလ”
နှင့် “ပညာဗလ”
ညီအစ်ကို
၂-ယောက်တို့ နှင့်
တွေ့ ဆုံကြပြီး ၃-ဦးသား
အတတ်ပညာများကို သင်ကြားကြလေ၏။
အဋ္ဌာရသ ၁၈-ရပ်သော ပညာများအပြင်
သက်ပြောင်းကိုယ်ခွာ
အသက်သွင်းအတတ်ပညာများကိုလည်း
အထူးတတ်မြောက်ကြလေသည်။
တပည့် ၃-ဦးတို့ သည် ပညာစုံလတ်သော်
မိဘရပ်ထံသို့ ပြန်လည် ရန်အကြောင်း ဆရာတော်ထံ အခွင့်ပန်ကြလေ၏။
“အသင် တပည့်များ
မိဘရပ်ဌာန်သို့  ပြန်ကြွသွားလျှင် လမ်းခရီးအကြား၌ ထီးနန်းကိုလည်း မစိုက်ကြနှင့်၊
ပညာစွမ်းကိုလည်း မပြကြနှင့်။ ယင်းစကား
၂-ရပ်ကို သတိကြီးစွာနှင့် မှတ်သားပြီး
ပြန်ကြလေတော့ ”
ဟု ဆရာတော်က
မိန့်  ကြားလိုက်လေ၏။
၂။ သတိုးဥပရာဇာ,မဟာဗလ,ပညာဗလတို့ မိဘရပ်ဌာန်
ပြန်ကြခြင်း
သူတို့ သည် ဆရာအား ကန်တော့ကြပြီး
ဇင်းကျိုက်တောင်ပေါ်မှ
ဆင်းလာကြလေ၏။ တောင်ခြေရင်းသို
့ ရောက်လျှင်
သတိုးဥပရာဇာ မင်းသားက “အဆွေတို့  ကျွနိုပ်တို့  သည်
ဒူရကတိုင်း ထားဝယ်မြို့သို့ 
တစ်ခါတစ်ခေါက်မျှ
မရောက်ဖူးကြသေးသည်ဖြစ်၍ ခရီးကြုံခိုက်
အလည်အပတ် သွားကြစို့  ” ဟူ၍ ပြောရာ
မဟာဗလနှင့် ပညာဗလ တို့ ကလည်း
သဘောတူညီသဖြင့် ၃-ဦးသား
ဒူရကတိုင်းဖက်သို့ ခရီးလှည့်ကြလေ၏။
ခရီးမထွက်မီ
ပညာအမြော်အမြင်နှင့်
ပြည့်စုံသူ မဟာဗလက ပညာဗလနှင့်
သတိုးဥပရာဇာတို့ အား
သတိပေးသည်မှာ “ကျွနိုပ်တို
့သည် လမ်းခရီး၌ အကြောင်းတစ်စုံတစ်ရာကြောင့် တစ်ကွဲတစ်ပြားစီ သွားကြရမူ
မည်သည့်
နေရာဒေသ၌မဆို ထမင်းဟင်းများ စားသောက်လျှင် တစ်ယောက်တည်းစားမည်ကြံက ထမင်း
၃-ပွဲပြုပြီး တစ်ပွဲကို စား၍
ကျန်
၂-ပွဲကို ထားခဲ့ရမည်။ ၂-ယောက်
ဖြစ်ဘိမူလည်း ထမင်း ၃-ပွဲပြုပြီး
၂-ပွဲကို စား၍ ကျန်တစ်ပွဲကို ထားခဲ့ရမည် ” ဟူသော
သစ္စာစကားကို ၃-ဦးသား သဘောတူ ခံယူကြပြီး ခရီးထွက်ကြလေ၏။
၃။ သတိုးဥပရာဇာနှင့်
ချိုးဥမယ်တို့  ကြည်ဖြူကြခြင်း
သို့  နှင့် ထားဝယ်မြို့မှ မိုင်
၆၀-ကျော်ခရီးအကွာ “နတ်ကြီးစင်ရွာ” စန်းသို့ 
ရောက်လေလျှင် သတိုးဥပရာဇာက
လမ်းခရီး၌တွေ့ သော အရိုးတစ်ခုကို ကောက်ယူပြီးလျှင် မိမိတို
့ဆရာ သင်ကြားပေးလိုက်သည့် မန္တန်စွမ်း
-မစွမ်းကို သလို၍
ဆရာတော် သတိပေးလိုက်သည့် စကားကို
အမှတ်မရဘဲ မဟာဗလနှင့် ပညာဗလတို့  အားတိုင်ပင်ကာ မန္တန်ဖြင့်
မန်းမှုတ်စီမံကြရာ ယင်းအရိုးသည်
ကျားသေကောင် ဖြစ် လာလေ၏။
ယင်းကျားသေကောင်ကို တဖန် အသက်သွင်းပြန်ရာ ကျားအရှင်ဖြစ်ပြီး ယင်း
၃-ဦးသားတို့ အား စားရန်လိုက်လေ၏။
ကျား၏ ရန်ဘေးမှ ကင်းဝေးရန်
၃-ဦးသားတို့ ပြေးကြလေရာ မဟာဗလနှင့်
ပညာဗလ ညီအစ်ကို ၂-ယောက်တို
့မှာတစ်တွဲ၊
သတိုးဥပရာဇာ တစ်ယောက်တည်းက တစ်တွဲ ဖြစ်သွားကြလေ၏။
သတိုးဥပရာဇာ မင်းသားသည်
ထားဝယ်မြို့မှ ၄၇-မိုင်ခရီးအကွာ
ကလိန်အောင်မြို့တွင်းသို့ ချင်းနင်း ရောက်ရှိလေ၏။
(ကလိန်အောင်မြို့သူကြီး
ဇနီးမောင်နှံတို့ ၌
သားသမီးတစ်ယောက်မျှ
မထွန်းကားဘဲ ချိုးဥထဲတွင်
သန္ဓေမှီးသဖြင့် ရရှိ၍ မွေးစားထားသော “ချိုးဥမယ် ” အမည်ရှိသည့် အရွယ်ရောက်
လှပသော မိန်းကလေးတစ်ဦး ရှိလေ၏။)
ယင်းနေ့ တွင်ပင် ချိုးဥမယ်သည် မိန်းမအဖော်တစ်ယောက်နှင့် အတူ
ကလိန်အောင် ချောင်းကမ်းပါး၌
ခေါင်းလျှော်နေစဉ် သတိုး ဥပရာဇာနှင့်
တွေကြုံဆုံမိကြလေ၏။
သတိုးဥပရာဇာလည်း
ချိုးဥမယ်နှင့် လက် ၂-ကမ်းလောက်အကွာ ကျောက်တုံးကလေးတစ်လုံးပေါ်၌
တင်ပါးလွှဲထိုင်ကာ စ,တင် နှုတ်ခွန်းဆက်
မေးမြန်းလိုက် လေ၏။
“ဒီဒေသအမည် ဘယ်လိုခေါ်ပါသလဲ နှမရယ်၊ နှမရဲ့အမည်ကိုလဲ
သိချင်ပါတယ်။”
ချိုးဥမယ်က တုန်ရီသော အသံကလေးဖြင့်
“ကလိန်အောင်ရွာလို
့ခေါ်ပါတယ်။ ကျွန်မ အမည်ကတော့
ကလိန်အောင်မြို့ သူကြီးသမီး
ချိုးဥမယ် ပါတဲ့ရှင်။”
“အလို နာမည်က ဆန်းလှချည့်၊ ချိုးဥမယ်လို့ 
ဘာကြောင့် ခေါ်ပါသလဲ။”
“ချိုးဥအတွင်းမှာ
သန္ဓေမှီးတဲ့အတွက် ချိုးဥမယ်လို့ အမည်တွင်
ပါတယ်ရှင်။”
“သြော် ..
သန္ဓေသူဆိုတော့
ချောအလှမှာဖြင့် တစ်လောကတွင် ပြောပြစရာမရှိပေဘူး” ဟူ၍ ပြောပြီး
သတိုးဥပရာဇာသည် မိမိ၏ ဇာတိနှင့်တကွ
ကြောင်းရာဥဿုံ အလုံးစုံကို ပြောပြလေတော့၏။
“မောင်တော်နှင့် နှမတို့  မှာ
ပရံပရ ဘ၀အဆက်ဆက်က ချဖူးသော
ရေစက် , ပန္နက်ဖူးသော သစ္စာ, ရွှေနဖူးမှာ
စာထူးများ ပါရှိသည့်အတွက် ဖူးစာနတ်များက လမ်းညွှန်ပြသဖြင့် နှမတို့  စံရာ ဤမြို့ဒေသသို့ မောင်တော်
ရောက်လာခဲ့ရပါတယ်။ သို့ အတွက် မောင်တော်အား သဒ္ဓါကြည်ဖြူပါက နောင်နန်းသူ ဖြစ်ပါလိမ့်မယ် နှမရယ် ။”
ချိုးဥမယ်က မခို့  တရို့ နဲ့ 
ပြုံးပြုံးကလေး
မျက်နှာထားဖြင့် “မောင်တော်ရဲ့
မိန့် တော်သံကို နှမလေး
ကြားရတဲ့ အတိုင်း
ဖီဆန်ငြင်းပယ်ဖို့ မရှိပါ။
နှမစံရာ အိမ်ဂေဟာ၌ နှမလေးနှင့်အတူ ပျော်ရွှင်စွာ
နေနိုင်ပါတယ်။ နှမလေးက ကြည်ဖြူသဒ္ဓါ
ရှိပါလျက်ကနဲ့ နောင်အခါ မောင်တော်က
မပျော်ပိုက်မှာ စိုးပါတယ်။”
“မစိုးပါနဲ့  နှမရယ်၊ နှမလေးနဲ့ အတူ မောင်တော်
ပျော်ပျော် ကြီး နေပါ့မယ်။”
“သီဟာပျံ - ဆောင်ကြာသိုက်၊
နောင်ရာရိုက် - စိုးတင့်စေ။
တောင်ညာထိုက်တဲ့ - မျိုးမြင့်ဆွေငယ်၊
စိုးနှင့်မေ - ယုံပါဗျာ့ ”။
“ယုံရမှာလား -
မောင်တော် ရဲ့  -”
“မောင်တော်ရဲ့  - ခွန်းလှစ်တာမှာ၊
ညွှန်းသစ္စာ - တွေးယူလို့ ဆ။
နှမလေူ - ခက်မပွေအောင်၊
ပျက်မသွေ - တည်ပ။”
“မောင်တော်နဲ့ နှမလေးတို့  မှာ ကလေးချင်းဘဝ
တစ်ဦးနှင့်တစ်ဦး မေတ္တာမျှပြီး သစ္စာလဲ
ရကြပြီ၊
နှမလေးတို့  အိမ်ဂေဟာဌာန
လှမ်းကြွပြီးတော့ - နှမလေးရဲ့
ကျေးဇူးရှင် ဖခင်ကြီးနှင့် မိခင်ကြီးတို့  ထံ သွားရောက်ကာ
သားသမက် ပြုပါမည့်အကြောင်း ခွင့်ပန်တောင်း ပေတော့
မောင်တော်ရဲ့၊ အိမ်ဂေဟာဌာနလဲ မဝေးလှပါဘူး။
ခဲနှစ်ပစ်
လောက်လျှောက်ရင် ရောက်ပါလိမ့်မယ်။”
“ကောင်းလှပါ့ နှမယ်ရယ်၊
နှမလေးက ရှေ့ ကလမ်းပြပြီး သွားပေတော့ ” ဟု ပြောဆိုကာ လျှောက်လာကြရာ
ချိုးဥမယ်တို့ အိမ်သို့ ရောက်ရှိလာကြလေ၏။
ယင်းနောက် ဖခင်နှင့် မိခင်တို
့အား အကြောင်းအရာကို ပြောပြခွင့်ပန်ကြပြီး ရက်များမကြာမီပင် ချစ်သူ
၂-ဦးအား
ထိမ်းမြားလက်ထပ် ပေးစားလိုက်လေတော့၏။
၎။ ချိုးဥမယ်ကို သိမ်းပိုက်ရန် တကူမင်းကြီး ကြံစည်တော်မူခြင်း
တကူမင်းကြီးသည်
တိုင်းခန်းလှည့်လည်ရာမှာ ချိုးဥမယ် ကို
မြင်သည့်နေ့ ကစ၍ သိမ်းပိုက်ရန်
ကြံစည် နေစဉ်အတွင်း
သတိုးဥပရာဇာ မင်းသားနှင့် စုံဖက်
လက်ထပ်ပြီးကြောင်း
ကြားသိရသဖြင့် ဒေါသအမျက် ချောင်းချောင်းထွက်ကာ
ကာမေသုမိစ္ဆာစာရကံ ထိုက်မည်ကိုမျှ
မရှုနိုင် တော့ဘဲ မရမနေ
သိမ်းပိုက်ရန် ကြံစည် လေတော့၏။
“ချိုးဥမယ်ကို နန်းတော်တွင်းသို့ 
ဆောင်ကြဉ်း ယးလာနိုင်သူအား ကျား, မ မဟူ ဆုလာဘ်များ
ချီးမြှင့်မည် ”
ဟု
ကြေညာစေလေသည်။
ယင်းအခါ နန်းတော်အတွင်းမှ မောင်းမတစ်ဦးဖြစ်သည့် ကဝေမကြီးတစ်ယောက်က “ချိုးဥမယ်ကို ကျွန်တော်မ
ဆောင်ကြဉ်း ဆက်သနိုင်ပါကြောင်း” လျှောက်လာ၏။
မင်းကြီးကလည်း “ကောင်းပြီ အမြန်
ဆောင်ကြဉ်းဆက်သစေ” ဟူ၍ ၀မ်းသာအားရစွာဖြင့် အမိန့် ပေးလေ၏။
၅။ ချိုးဥမယ်အား ဆောင်ကြဉ်း၍ မင်းကြီးထံ
ဆက်သခြင်း
ကဝေမကြီးကား စုန်းကဝေအတတ်တွင် ကမ်းခပ်အောင် တတ်မြောက်သူတစ်ဦး ဖြစ်ပေသည်။
သူသည်
ကလိန်အောင်မြို့သို့ 
သွားရောက်၍ သတိုးဥပရာဇာနှင့် ချိုးဥမယ်တို့  ထံ အယုံသွင်းလျက် ချစ်ကြည်ရေးမိတ်ဖွဲ့ကာ
ပေါင်းသင်းနေထိုင်လေ၏။ သို
့နှင့် ရက်များ မကြာမီ မင်းသား၏ အတတ်ပညာအထူးကို သိ ရှိရလေ၏။
မင်းသားသည် သက်ပြောင်းကိုယ်ခွာ အတတ်ပညာကို
တတ်မြောက်လာသူ တစ်ဦးဖြစ်၍ ညဥ့်အခါ
အိပ်လျှင်
မိမိ၏အသက်ကို သန်လျက်အတွင်းသွင်း၍
အိပ်စက်ကြောင်းကို သိရှိလေ၏။
တစ်ည၌ ကဝေမကြီးသည် ဖွဲမီးပုံကိုပြုပြီး သန်းခေါင်ကျော်အချိန် မင်းသားအိပ်ပျော်ခိုက် သန်လျက်ကို
တိတ်တဆိ တ် ခိုးယူလျက် ဖွဲမီးတွင်
ထည့်သွင်းခဲ့၍ မိမိ၏အတတ်ဖြင့် “ချိုးဥမယ်ကို ဆောင်ကြဉ်းကာ တကူမင်းကြီးထံ
ဆက်သလေ၏။”
“တကူမင်းကြီးက ချိုးဥမယ်အား
သိမ်းပိုက်မည် ”
ဟု မိန်
့ကြားလေလျှင် ချိုးဥမယ်က သံတော်ဦး
တင်သည်မှာ -“ကျွန်တော်မအား သိမ်းပိုက်လိုပါက အရှင်မင်းမြတ်
စိုးပိုင်တော်မူသည့် မြို့  ၄-ထောင့်တွင် စတုဒိသာ
အလှူမဏ္ဍပ်တစ်ဆောင်စီ
ဆောက်လုပ်ပြီး အရပ် ၄-မျက်နှာမှ လာရောက်သူများအား ကျွေးမွေးပြီးမှ သိမ်းပိုက်တော်းမူပါ”
ဟူ၍
သံတော်ဦးတင်လေ၏။
မင်းကြီးလည်း ချိုးဥမယ်၏ ဆန္ဒအတိုင်း အမြန်စီမံ ပြုလုပ် စေတော်မူ၏။
၆။ စတုဒိသာ အလှူကြီးပေးရန်
ခွင့်ပြုခြင်း
ချိုးဥမယ်သည် အလှူမဏ္ဍပ် ၄-ဆောင်တို
့၌ လှည့်လည် ကြည့်ရှုရာ
တစ်ဆောင် , တစ်ဆောင်သော
မဏ္ဍပ်တွင် လူ
၂-ယောက် ရောက်လာပြီး “ကျွန်တော်တို့  ၂-ယောက်အား ထမင်း
၃-ပွဲပြင်ပေးပါ”
ဟု ပြောလာသည်ကို ချိုးဥမယ်ကြားလျှင်
“လူ ၂-ယောက်စားရန်
ထမင်း ၂-ပွဲ မတောင်းဘဲ အဘယ်ကြောင့်
၃-ပွဲ တောင်းရသနည်း”ဟု မေးလေ၏။
ယင်းနောက် မဟာဗလနှင့် ပညာဗလတို
့သည် အကြောင်းစုံကို ပြောပြပြီး
သတိုးဥပရာဇာကား အခြားသူမဟုတ်ပါ။
ကျွန်မ၏ ခင်ပွန်းဖြစ်ကြောင်း စသည်တို့  နှင့် နန်းတော်သို့ ရောက်သည်အထိ ချိုးဥမယ်က
ပြောပြလေလျှင် မဟာဗလနှင့်
ပညာဗလတို့  သည်
ချက်ချင်းပင်နန်းတော်မှထွက်ပြီး
ကလိန်အောင်မြို့ချိုးဥမယ်တို့အိမ်သို့ သွားကြလေ၏။အိမ်သို့ ရောက်လျှင်
ကဝေမကြီး ထည့်သွင်းခဲ့သည့် သန်လျက်ကို
ဖွဲမီးပုံအတွင်းမှ ထုတ်ယူလျက် သတိုးဥပရာဇာ၏
ကိုယ်နှင့် ထိ၍ထားလေလျှင်
သတိုးဥပရာဇာမှာ မေ့ပြောနေရာမှ
သတိရလာလေတော့၏။
ယင်းနောက် မဟာဗလနှင့် ပညာဗလတို့  သည် အကြောင်းစုံကို ပြောပြပြီး
သတိုးဥပရာဇာအား တကူမြို့သို့ 
ခေါ်ဆောင်ခဲ့လျက် နန်းတော်အတွင်း၌
ချိုးဥမယ်နှင့် ကြံစည်တိုင်ပင်ကာ လျှို့ 
ဝှက် နေကြလေ၏။
၇။ သတိုးဥပရာဇာနှင့် ချိုးဥမယ် လွတ်မြောက်ခြင်း
စတုဒိသာ အလှူကြီးပေးပြီး နောက်တစ်နေ့ တွင်
မင်းကြီးက ချိုးဥမယ်အား သိမ်းပိုက်ရန်
မိန့် ကြားလေ၏။
အရှင်မင်းကြီး
သိမ်းပိုက်တော်မူလိုက
သိမ်းပိုက်နိုင်ပါပြီ။ သို့ သော်
ကျွန်တော်မသည် အနှစ်မရှိသည့် သစ်သားကို
စက်ရထားပြုလုပ်ပြီး
အရှင်မင်းကြီး ပိုင်စံသည့် “မြို့ တော်ကို လက်ယာရစ်
၃-ပတ်လှည့်၍ စီးလိုပါသည် ” ဟု ချိုးဥမယ်က
လျှောက်ပြန်လေ၏။
မင်းကြီးလည်း အနှစ်မရှိသည့် သစ်သားကို
ကောင်းကင်ပျံ
စက်ရထားလုပ်နိုင်မည့်သူများအား
မောင်းကြေးနင်းခတ်၍
ရှာဖွေစုံစမ်းစေရာ
သတိုးဥပရာဇာနှင့် မဟာဗလ,
ပညာဗလ ၃-ယောက်တို
့က လုပ်ကိုင်နိုင်ကြောင်း
ဝန်ခံသဖြင့် မင်းကြီးထံ ခေါ်ဆောင်ခဲ့လေ၏။
အမိန့် တော်အတိုင်း စက်ရထားလုပ်၍ ပြီးစီးလတ်သော် မင်းကြီးထံ
လျှောက်ကြလေ၏။ မင်းကြီးလည်း ချိုးဥမယ်အား
အလိုရှိသူ တို့ နှင့်အတူ
စီးနင်းနိုင်ကြောင်း မိန်
့တော်မူလေ၏။
ချိုးဥမယ်သည် သတိုးဥပရာဇာ,
မဟာဗလ,
ပညာဗလတို့
နှင့် အတူ ကဝေမကြီးကိုပါ စက်ရထားပေါ်တွင်
တင်ဆောင်လျက် တကူမြို့ကို လက်ယာရစ်
၃-ပတ်လှည့်ပြီး မောင်းမကန်ဘက်သို့  စက်ရထားဦးတည်ကာ
အနောက်မြောက်ဘက်သို့
ရှေ့ရှုသွားရင်း ပင်လယ်မှ မနီးမဝေး
ရေပြင်ပေါ်ရောက်လတ်သော် ကဝေမကြီးကို
စက်ရထားပေါ်မှ တွန်းချလိုက်ရာ
ကဝေမကြီးမှာ တစ်ခုသော ကျောက်ဆောင်နှင့်
ထိခိုက်၍ သေဆုံးရှာရလေတော့၏။
(ကဝေမင်းကြီး ထိခိုက်၍
သေဆုံးသည် ကျောက်ဆောင်ကား မောင်းမကန်ကမ်းခြေမှ အနောက်ဘက်
မနီးမဝေးတွင်ရှိ၍ “ယခုတိုင် ကျောက်ဖြူကလေး” ဟူ၍ ခေါ်ကြလေသည်။)
ချိုးဥမယ်တို့  လူစုလည်း စမ္ပာနဂိုရ်ပြည် [ယခု
ဘင်္ဂလားဒေ့ (ရှ် ) ခေါ် အရှေ
့ပါကစ္စတန်ပြည်ရှိ ချန္ဒာ နဂါးရ်မြို
့ ]
သို့ ရောက်ရှိကြလေသတည်း။
ဝေဒီမြို့ တည်ခြင်း
ယခု ထားဝယ်မြို့ မှ
အနောက်တောင်ဘက် ၆-မိုင်ခန့် ခရီးအကွာ ထားဝယ်မြစ်
အနောက်ဘက်ကမ်းရှိ ဝေဒီရွာကား
ရှေးအခါက မြန်မာမင်းများ အုပ်စိုးခဲ့ဖူးသည့် ဝေဒီမြို့ဖြစ်လေသည်။ ယင်းဝေဒီမြို
့ကို ကောဇာ သက္ကရာဇ်
၅၉၀-ပြည့်နှစ်တွင်
ပေါက္ကံပြည်ရှင် အလောင်းစည်သူ မင်းကြီး၏
အဆက်အနွယ်များဖြစ်၍ “ထောင့်ကွယ်မြို့
(ယခု ကြက်လွှတ်ရွာ)” ကို
တည်ထောင်ကြသည့် “ကနိက၀တ်မင်း”၊ ၎င်းသားတော်
“ကနိဋ္ဌာသူ ”၊ ၎င်းသားတော် “ကနိဋ္ဌာရံ ”၊ ၎င်းသားတော်
“ကနိဋ္ဌာသံ ”၊ ၎င်းသားတော် “ကနိဋ္ဌာဝါ”၊ ၎င်းသားတော်
“စောသူရ” ထိုမင်းလက်ထက်ထောင့်ကွယ်မြို့မှ ပြောင်း၍
ကောဇာသက္ကရာဇ် ၇၉၂-ခု နှစ် “ဝေဒီမြို့  ” ကိုတည်လေသည်။
(“ဝေဒီ ” ဟု
အမည်တွင်ခြင်းအကြောင်းကား
ယင်းအခါက ယင်းနေရာ မြစ်ကမ်းသည်
တိမ်သော ရေ၀ဲရှိပြီး
ခန်းခြောက်သွားသည့်နေရာမှ ယခု ထားဝယ်အခေါ် “၀ဲတီ - ၀ဲဒီ ”
မှ ရွေ့လျောကာ “ဝေတီ - ဝေဒီ ”
တွင်လေသည်။)
၁။ ဝေဒီမြို့ ကို မင်းအဆက်ဆက် စိုးစံအုပ်ချုပ်ခြင်း
ယင်းဝေဒီမြို့ ၌ “စောသူရမင်း၊ ၎င်းသားတော် မင်းစောရောင်၊ ၎င်းသားတော်
စောသွားရောင်၊ ၎င်းသားတော်
ရွှေနန်းတက်၊ ၎င်းသားတော် အိမ်ရှေ
့မင်း ”
တို့ အုပ်စိုးကြပြီးနောက် သာဂရမြို
့ ကို အုပ်စိုးသည့် ရှင်ဇံ (နန္ဒိယ)မင်းနှင့် မိဖုရား
စောမြဒေ၀ီတို့ ၏ သားတော်
“ဗလစောရန်နိုင်ခေါ်
စောသီလမင်းပြောင်းရွှေ့ ၍ အုပ်စိုးလေသည်။”
အခါတစ်ပါး စောသီလမင်းသည် မိမိထံပါးတွင် သက်တော်
စောင့်ရာထူးနှင့် အမှုထမ်းသူ မောင်ဗအဲ၏
ဇနီး
“မယ်စော” ခေါ် “စောပညာ”
ကို တပ်နှစ်သက်လှရကား မောင်ဗအဲအား
တိတ်တဆိတ်လုပ်ကြံရန် စိတ်ကူးမိလေ၏။
(မယ်စောကား ရုပ်ရူပကာယ လှပချောမွေ
့သည့်အြ ပင် အတွေးအခေါ် အမြော်အမြင်
အဆင်အခြင် ဉာဏ်ပညာနှင့်
ပြည့်စုံသူတစ်ဦး ဖြစ်သဖြင့် အများက “စောပညာ” ဟူ၍ ခေါ်ဝေါ်သမုတ်ကြလေသည်။)
ယင်းခေတ်အခါ ဝေဒီမြို့တွင် မင်း, မှူးမတ်တို့ နှင့်တကွ
ပြည်သူလူထု အများတို့  မှာ ကြက်ပွဲဝါသနာ
ပါရှိကြလေသည်။
၂။ စောသီလမင်းနှင့် မောင်ဗအဲ ကြက်
တည်သွားကြခြင်း
တစ်နေ့သ၌ စောသီလမင်းသည် မိမိ၏အကြံအစည်အရ မောင်ဗအဲကို
ရှေ့ တော်သို့ ခေါ်၍ “ယခု ညဥ့်
အရုဏ်တက်အချိန်တွင် တောထဲသို့ 
ကြက်တယ် (ကြက်တည် ) သွားရန်
တိုက်ကြက်ကောင်းတစ်ကောင်နှင့်
လာရမည် ”
ဟု
မိန့် တော်မူလေ၏။
မောင်ဗအဲမှာ မင်းကြီး၏အကြံကို မရိပ်စားမိဘဲ
အမိန့် တော် အတိုင်း
“ဘုတ်မွေး ရင်ဘတ်၊
တက်နက် မောင်ချွန်း၊
မြီးဝန်း တောင်ပံဖြူ” ဟူ၍ ကြက်၌ ကျွမ်းကျင်သူ
ပညာရှိများ၏ အမှတ်သင်္ကေတအရ … (၁) ရင်ဘတ်တွင်
ဘုတ်ငှက်ကဲ့သို့ အမွေးအရောင်ရှိခြင်း၊
(၂) အတက် မည်းနက်ခြင်း၊ (၃)
အမောက်ချွန်ခြင်း၊ (၄) အမြီးဝိုင်းခြင်း၊ (၅)
တောင်ပံဖြုခြင်းဟု ဆိုအပ်သည့် ယင်းအင်္ဂါ
အသင့်ထားရှိပြီး စောပညာကိုလည်း ညဥ့်ဦးကပင်
အသိပေးထားကာ
အိပ်ကြလေ၏။
အရုဏ်တက်ချိန် ရောက်ရှိလတ်သော် စောပညာက
နန်းတော်သို့ ၀င်ရန်
ကြက်ပိုက်လျက်ရှိသည့်
မောင်ဗအဲထံပါးသို့  ချဉ်းကပ်ကာ ညှိုးနွမ်းသော မျက်နှာဖြင့် သီဆိုလိုက်သော ထားဝယ်သီချင်းမှာ -“နှမ်းသား မိုက်မိုက်
- မန်းသား ကြစ်ပိုက်၊
မလိုက်လေနဲ့  - ကိုဗအဲရယ် ”
မြန်မာပြန်
“နှင်းကလေး
မိုက်မိုက် - မင်းကလေး ကြက်ပိုက်၊
မလိုက်လေနဲ့  - ကိုဗအဲရယ် ”
ဇာတ်သဘင်သည်တို့  ကပြလျှင်မူကား -
“နှင်းဖွေးမှောင်မှောင် - အထက် ၀ယ်
မိုက်သလိုပ၊
မင်းကလေးမောင်မောင် - အခက်တကယ် ဆိုက်လိမ့်မထင်။
(အမယ်မင်း) ကြက်တယ် (တည် ) မလိုက်လေနဲ
့ ကိုဗအဲရယ် ”
–
ဟူသော ရသဂုဏ်မြောက်
လေးချိုးငိုချင်းကဲ့သို့  မင်းသမီးက လွယ်စရာ သီဆိုပေလိမ့်မည်။
“ကျမ ညဥ့်က
အိပ်မက်မကောင်း မြင်မက်၍ ကိုဗအဲ၌
တစ်စုံတစ်ခုသော ဘေးဒုက္ခ တွေ
့ကြုံလိမ့်မည် ထင်သဖြင့်
ကြက်တယ် မလိုက်ပါနဲ့  ”
ဟူ၍
စောပညာက အတန်တန်မြစ်တား တောင်းပန်လေ၏။
မောင်ဗအဲက “မင်းတို
့စကား မိုးကြိုးသွားတဲ့ နှမရယ်၊
မင်းအမိန့် တော်နဲ့ လိုက်ပါရမည်ဖြစ်၍ အိပ်မက်ကို
အရေးမယူပါနဲ့  ” ဟု ပြောပြီး ကြက်ပိုက်ကာ နန်းတော်သို့  ၀င်လေ၏။
မှူးမတ်အခြွေအရံ
တစ်စုံတစ်ယောက်မျှ မပါဘဲ မင်းနှင့်
မောင်ဗအဲနှစ်ဦးတို့ မှာ ဝေဒီမြို
့နှင့် မနီး,
မဝေး
တောအုပ်သို့
ထွက်ကြွတော်မူလေ၏။ တောအုပ်အတွင်း ရောက်ရှိလတ်သော် မင်းကြီးက
ပွဲတော်စာတည်ရန် ရေကြည်တော်
အရှာခိုင်းလေ၏။ မောင်ဗအဲလည်း ခမ်းလှမ်းလှမ်းနေရာတွင် ရေအနည်းငယ်မျှရှိသည့် ပက်လက်
ရေတွင်း တစ်ခု၌
ဒူးထောက်ကာ ရေခပ်နေခိုက် မင်းကြီးသည်
နောက်မှ တိတ်တဆိတ်လာပြီး “မောင်ဗအဲအား ရေတွင်းထဲသို့ 
တွန်းချလျက်
ကျောင်းလုံးများဖြင့် ပစ်ချလေရာ
မောင်ဗအဲမှာ ခန္ဓာစဲလေတော့၏။” မောင်ဗအဲ၏
တိုက်ကြက်ကြီးလည်း ထွက်ပြေးလေ၏။
၃။ စောသီလမင်းကြီး စောပညာကို
သိမ်းပိုက်ရန် အားထုတ်ခြင်း
မင်းကြီးသည် ညနေချမ်းအချိန် နန်းတော်သို
့ပြန်လာပြီး မောင်ဗအဲ၏ဇနီး
စောပညာကို အခေါ်ခိုင်း ပြီးလျှင် -
မောင်ဗအဲမှာ နံနက်အချိန်ကပင် ရေကြည်တော်
အရှာခိုင်းလိုက်ရာ ကြာရှိသဖြင့် ကျွနိုပ်ကိုယ်တော်တိုင်
လိုက်လံရှာဖွေ၍ မတွေ့ ရှိကြောင်း၊
ဘေးအန္တရယ် တစ်စုံတစ်ခု တွေ
့ကြုံနေပြီထင်ကြောင်းတို့  ကို
ပြောပြီးလျှင် အကယ်၍
မောင်ဗအဲမရှိက စောပညာအား ကျွနိုပ်
သိမ်းပိုက်မည် အကြောင်းကို ပြောလေ၏။
စောပညာမှာ ပညာရှိ မိန်းမတစ်ဦးဖြစ်သည့်အတိုင်း အိမ်သို့ပြန်လာပြီးလျှင် တစ်ညဥ့်လုံး
စဉ်းစားကာ
မင်းကြီးအပေါ်၌ သင်္ကာမကင်းဖြစ်မိလေ၏။
နောက်တစ်နေ့ နံနက်
ညီလာခံစုံသည့်
ဗိုလ်ပုံအလယ်တွင်
မောင်းမတစ်ဦးထံ မောင်ဗအဲ သေဆုံး၍
အစိမ်းသရဲဖြစ်ကာ ပူးကပ်ပြီး -“မိမိမှာ မင်းကြီးက
ရေတွင်းထဲသို့  တွန်းချ၍ အဆုံးစီရင်သည့် အတွက်
မှီခိုစရာမရှိ ဖြစ်နေပါ၍
သင့်တော်သည့်နေရာတွင်
နတ်ကွန်းဆောက်လုပ်
ချီးမြှင်ပေးပါရန်၊
ကျွနိုပ်အား ကိုးကွယ် ပ,သ သည့်အခါလည်း
ကြက်အရှင်နှင့်သာ
တင်မြှောက်ကိုးကွယ် ပ, သရန် အကြောင်း” တို့ ကို
ပြောဆိုလျှောက်ထားလေ၏။
ယင်းအခါ မင်းကြီးသည် စိတ်ဆိုးသော
အမူအရာ မသာယာသော မျက်နှာဖြင့်
မိမိအား အစိမ်းသရဲက
မတရားစွပ်စွဲသလိုလို
ရှက်ခမန်းလိလိဖြင့် ပြောဆိုပြီး
နတ်ကွန်းပေးရန် ၀န်ခံလေ၏။
၎။ “ထားဝယ်အရိုး
ကြက်ကိုး”
မောင်ဗအဲ နတ်ကွန်းကို ဝေဒီအုတ်မြို့ရိုးအပြင်ဘက်၌ ဆောက်လုပ်ပေး၍
ကြက်အရှင်ဖြင့် ကိုးကွယ် ပ,
သကြသည်ကို ထားဝယ် ရိုးရာအတိုင်း ကြက်ဖြင့်
ကိုးကွယ်ကြသည်ကို အစွဲပြု၍ “ထားဝယ်ရိုး ကြက်ကိုး” သည်ဟူ၍
ယခုတိုင် ဆိုထုံးပြုကြလေသည်။
(အခြားမြို့ ရွာဒေသရှိ လူအချို
့တို့ ကမူကား ထားဝယ်သားများနှင့် စကားများ
ငြင်းခုံ ပြောဆို ကြရာတွင်
“ထားဝယ်ရိုး ကြက်ခိုးတတ်သည်
” ဟူ၍ မခံချင်အောင် ပြောဆိုတတ်ကြလေသည်။
မောင်ဗအဲ၏ ရေခပ်သည့်ရေတွင်းနှင့် ဒူးနှစ်ဖက်ထောက်သည့်နေရာ ယခု တိုင်
ကျောက်ဖြစ်လျက် ရှိသည်ကို
ဝေဒီရွာနှင့် မနီးမဝေး တောအုပ်အတွင်း
တွေ့ မြင်ရလေသေးသည်။ )
မောင်ဗအဲ ဇနီး စောပညာမှာ
မိမိ၏ခင်ပွန်း ကွယ်လွန်ကြောင်း ကြားသိရသဖြင့် မင်းကြီးသိမ်ပိုက်မည့် ဘေးမှ
ကြေက်ရွံ့ ကာ
မိန်းမဖော်တစ်ယောက်နှင့်အတူ
လှေကြုံစီး၍ တိတ်တဆိတ်
ထွက်ပြေးလေရာ ကံအားလျော်စွာ စိန်
့ပြည်သို့ ရောက်ရှိလေ၏။
စိန့် ပြည်၌လည်း မင်းမဲ့ဖြစ်နေသောကြောင့် စောပညာအား ဘုရင်မဖြစ် ချီးမြှောက်၍ အုပ်စိုးစေလေ၏။
………………………………………
အလောင်းစည်သူမင်းကြီး ရောက်ရှိတော်မူခြင်း
အလောင်းစည်သူမင်းကြီးသည်
မြန်မာနိုင်ငံတော် တောင်ဘက်၊ မြောက်ဘက်
အရပ်ဒေသများသို့  ဖောင်တော်နှင့်
လှည့်လည်တော်မူရာတွင် မြောက်ဘက် မဏိပူရကသည်းပြည်မှ ကသည်းလူမျိုး
မောင်နှမ ၂-ယောက်တို့ ကို
ခေါ်ယူခဲ့ပြီး
တောင်ဘက်သို့ လှည့်ဆင်းလာရာ မြတ်စွာဗုဒ္ဓ၏
အံတော်ဓာတ်မြတ်ကို ဌာပနာ၍ တည်ထားသသည့်
သိန္ဒုသေလတောင် (ယခုရှင်မော်တောင် ) ပေါ်ရှိ
ဘုရားစေတီတော်ကို
ပြုပြင်ပြီးနောက် ရှင်မော်နှင့် မနီးမဝေး
သင်းဖူးကျွန်ရှိ
စေတီတော်ကလေးကိုလည်း ပြုပြင်ရင်း ခေတ္တစံနေတော်မူလေ၏။
၁။ သင်းဖူးကျွန်းကို
ဖောင်တော်နှင့် တိုက်ခြင်း
တစ်နေ့ သ၌ မင်းကြီးသည်
“အတောင် ၉၀၀-ခန်
့ရှည်လျားသည့် သင်းဖူးကျွန်းကို ”
ဖောင်တော်
အ၀င်အထွက်
လွယ်ကူသက်သာစေရန် ကျွန်းကို ၂-ပိုင်းပြတ်အောင် ဖောင်တော်နဲ့ တိုက်ရာတွင် ဘုရား၏
တန်းခိုးတော်ကြောင့်
ကျွန်းမပြတ်ဘဲ
လှိုင်းလေပြင်းထန်စွာ
ကျရောက်သည်ကို ကသည်းမလေးမှာ ကြေက်ရွံ့သဖြင့် “အမယ်လေး”
ဟု
အော်ဟစ်မိလေ၏။
ယင်းအခါ မင်းကြီးက ငါဘုရင်မင်းမြတ်တစ်ယောက် အားကိုးရာရှိပါလျက်နှင့် နင့်အမယ်
(နင့်အမေ) ကိုပင် တ,
ရလေသလောဟု စိတ်ဆိုးတော်မူသဖြင့် ပေါက္ကံပြည်သို့ မခေါ်ဆောင်သွားတော့ဘဲ သင်းဖူးကျွန်း
ဘုရား၌ မောင်နှမ ၂-ယောက်တို
့အား ရိက္ခာအပြည့်အစုံနှင့် ကျွန်သီးတော်
(ဘုရားကျွန် ) အဖြစ်
လှူဒါန်းထားခဲ့ပြီး ပြန်လည်ကြွတော်မူလေ၏။
၂။ ကျွန်သီးတော် (ဘုရားကျွန် )
ဘုရားကျွန်ဟူသည်
ဝေယျာဝစ္စရွက်ဆောင်ရန် ဘုရားသို့ 
လှူထားခြင်းခံရသူဖြစ်၍
လောကုတ္တရာဆိုင်ရာ ကျွန်ဟု
ဆိုအပ်သည်။ လောကုတ္တရာဆိုင်ရာ ကျွန်တွင်လည်း
(၁) ဘုရားကျွန်၊ (၂)
ပိဋကတ်ကျွန်၊ (၃) ကျောင်းကျွန်
ဟူ၍ သုံးမျိုး
သုံးစားရှိရာ ကျွန်သီးတော်ဟုခေါ်လျှင်
ယင်းသုံးမျိုးစလုံးပင်
အကြုံးဝင်ကြောင်း သိနားလည်ရသည်။
ဘုရားကျွန် ဖြစ်ရခြင်းအကြောင်း အမျိုးမျိုးရှိရာ၌ ဘုရားကျွန်နှင့် လူရိုးရိုး
အိမ်ထောင်ပြုသဖြင့်
ဘုရားကျွန်ဖြစ်ရခြင်း၊
၎င်းတို့ မှ ပေါက်ဖွားသူလည်း ဘု ရားကျွန်ဖြစ်ရခြင်း၊ ဘုရားကျွန်အချင်းချင်း ပေါင်းသင်းရရှိသော သားသမီးတို
့မိလိုက် -ဖပါ
ဘုရားကျွန် ဖြစ်ရခြင်းများလည်း ပါဝင်လေသည်။
ယင်းတို့  လိုက်နာရမြဲ အစဉ်အလာ ထုံးတမ်းသည်လည်း ဘုရားကျွန်
ဥပဒေတစ်မျိုးကဲ့သို့  ဖြစ်ပေါ်တည်ရှိနေခဲ့ပေသည်။
ဘုရားတစ်ဆူက ကျွန်သီးတော်ယောက်ျားနှင့် ဘုရားတစ်ဆူက
ကျွန်သီးတော်မိန်းမ အိမ်ထောင်ပြု၍
သားယောက်ျားမွေးလျှင်
အဖေကျွန်ဖက် ပါရသည်။ ၎င်းပြင်
ဘုရားကျွန်နှင့်
ပိဋကတ်ကျွန်ဘ၀မှ ဘုရားကျွန်
အဖြစ်သို့ပြောင်းလဲရောက်ရှိသွားကြရသည်။ ဘုရားကျွန်က ပိဋကတ်ကျွန် , ကျောင်းကျွန်ဖက်သို့ 
ပါသွားခွင့်မရှိချေ။ ယင်းတို့  ကို
ထောက်လျှင် ကျွန်သီးတော် အဆင့်တန်းတွင်
“ဘုရားကျွန်သည် ထိပ်တန်း အမျိုးအစား ဖြစ်ကြောင်း သိနိုင်လေသည်။”
၃။ ပိဋကတ်ကျွန် , ကျောင်းကျွန်
ပိဋကတ်ကျွန် , ကျောင်းကျွန်များ ဖြစ်ကြရပုံမှာလည်း ဘုရားကျွန်
ဖြစ်ကြရပုံနည်းအတိုင်းပင်ဖြစ်ပေသည်။
ယင်းပိဋကတ်ကျွန် ,
ကျောင်းကျွန်များနှင့် အကြောင်းပါကြသော လူလွတ်
(၀ါ) ရိုးရိုးအရပ်သား,
အရပ်သူ တို့  သည်
ပိဋကတ်ကျွန် ,
ကျောင်းကျွန်ဘ၀သို့ ရောက်ရှိကြရပြန်သည်။
သို့ရာတွင် ဘုရားကျွန်များနှင့် ခြားနားချက်တစ်ရပ် ရှိသည်မှာ
ပိဋကတ်ကျွန် ,
ကျောင်းကျွန်များသည်
လူလွတ်ပြန်ဖြစ်နိုင်သေးခြင်းပင်ဖြစ်ပေသည်။
အဖိုးအရင်းအတိုင်း
ပြန်းပေးရွေးနုတ်လျှင်
တရားသဖြင့် လွပ်လပ်ခွင့်
ရနိုင်လေသည်။
အထက်တွင်ဆိုခဲ့သော မိလိုက် -ဖပါ ကျွန်များကိုလည်း လူလွတ်ဖက်က
ယောက်ျားဖြစ်လျှင်
သားယောက်ျားကိုလည်းကောင်း၊
လူလွတ်ဖက် မိန်းမဖြစ်လျှင် သမီးမိန်းမကိုလည်းကောင်း ထိုက်သင့်ရာ
ကာလ
တန်ဖိုးပေး၍ ရွေးနုတ်လျှင် ကျွန်သီးတော်အဖြစ်မှ လွတ်လပ်ခွင့်ရလေသည်။ သို့  ရာတွင်
ကျွန်သီးတော်ဖက် လိင်တူ
သားသမီးများကိုမူ ရွေးနုတ်ခွင့်မရချေ။
ကျွန်သီးတော် ၃-မျိုးတွင် ဘုရားကျွန်သည် အတန်းအမြင့်ဆုံး ပိဋကတ်ကျွန်မှာ အလတ်တန်း၊
ကျောင်းကျွန်မှာ
အောက်တန်းဟူ၍ ခြားနားစွာ အဆင့်အတန်း
ကွဲပြားသည်။ ယင်း ကျွန်သီးတော်ချင်း အကြောင်းပါကြလျှင်
မြင့် ရာအတန်းဖက်သို့
လိုက်ပါကြရလေသည်။ ယင်းသို့သော ကျွန်သီးတော်
သန်းခေါင်းစာရင်းကို မြန်
မာမင်းများ
လက်ထက်က ဆယ်နှစ်တစ်ကြိမ် ကောက်ယူရမြဲ
ထုံးစံရှိကြောင်း သိရှိရပေသည်။
မင်းရေး, စိုးခွင့်၌
လွတ်လပ်ခွင့်ရကြသည်မှာ စစ်ထဲသို့
မလိုက်ရခြင်း, မင်းမှုမင်းခင်းစရိတ်
အသေးအဖွဲ့
ခန့်  ခွဲခြင်းမှစ၍
လွတ်ကင်းခြင်း များဖြစ်ပေသည်။ သို့  ရာတွင်
ကုန်းဘောင်ခေတ်တွင်
လူလိုလျှင် စစ်ထဲသို့ 
လိုက်ရတတ်ပြီး
သဿမေဓ ထမ်းရသော ကျွန်သီးတော် , မထမ်းရသော ကျွန်သီးတော်ဟူ၍ ပေါ်လာရာ
ယင်းတို့ထမ်းဆောင်ရသော
ငွေတော်ကို ကျောင်းဘုရား ဆိုင်ရာတို့  တွင်သာ သုံးစွဲရသည်ဖြစ်၍ အိတ်ဖြူနှင့်
ထည့်သော အခြားငွေတော်များနှင့်အတူ
ရောနှော၍ မထားရဘဲ အိတ်နီဖြင့်ထည့်၍ သီးခြားထားရှိရသည်မှာလည်း မြန်မာ
မင်းများ၏ သံသရာဘေး
တင်ကြိုကြောက်တတ်ပုံကို
အထူးပေါ်လွင်စေသော အချက်တစ်ရပ်ပင်
ဖြစ်ပေသည်။
၎။ သထုံမနူဟာမင်းကို အခြွေအရံနှင့်တကွ
ဘုရားသို့ လှူခြင်း
“သထုံမနူဟာမင်းကိုလည်း သားမယား
အခြွေအရံနှင့်တကွ
ကောင်းမှုတော် ရွှေစည်းခုံဘုရားမှာ လှူတော်
မူ၍
အကြီးပြုရ၏”
ဟု မဟာရာဇ၀င်ကြီးတွင် ပါရှိသည်။
ပုဂံရာဇ၀င်ဟောင်း, ရာဇ၀င်လတ်တို့  တွင်လည်း
မနူဟာကို
အခြွေအရံနှင့်တကွ ရွှေစည်းခုံဘုရားသို
့ဖိတ်၍ လှူကြောင်းများ ပါရှိလေသည်။
တစ်သက်ပတ်လုံး စား ၀တ်
နေရေး မပူပင်ရဘဲ ဘုရား
ဝေယျာဝစ္စ ရွက်ဆောင်သွားရန် လူတစ်ဦးဦးအား
ရေစက်သွန်းချ လှူဒါန်းသော အလေ့အထ
မည်သို့  စခဲ့သည်ကို
လေ့လာစူးစမ်းရာ ကျွနိုပ်တို့ သည်
သက်ဆို င်ရာ စာပေ
ရှာဖွေဖတ်ရှူရာ၌ မနှံ့ စပ်သေး၍ လားမသိ
အနော်ရထာမင်းလက်ထက်တွင်သာ ပဋ္ဌမဖြစ်ကြောင်း တွေ့ ရသေးသည်။
ဤသို့ ဘုရားဝေယျာဝစ္စ မိမိကိုယ်စား
တစ်သက်ပတ်လုံး
ရွက်ဆောင်သွားနိုင်စေရန်
လူတစ်ဦးဦးအား ဘုရားသို့ 
လှူဒါန်းရာ၌ အလှူခံရသောပုဂ္ဂိုလ် စားသုံးရန်နှင့် ဘုရားအား
ပြုပြင်လှူဒါန်းသွားရန်
စရိတ်ရရှိရေး အတွက် လယ်ယာမြေ,
ဥယျာဉ်မြေ စသည်များကိုလည်း လှူဒါန်းရသည်။
သို့ြ ဖစ်ရာ ယင်းလယ်ယာ,
ဥယျာဉ်တို
့ မှ
ကိုယ်တိုင်လုပ်၍သော်လည်းကောင်း၊
တဆင့်လူငှားလုပ်၍သော်လည်းကောင်း
ရရှိသော ပစ္စည်း၊ သို့  မဟုတ်
ငွေများဖြင့်
ဘုရားကို ပြုပြင်စောင့်ရှောက်ရသည်၊ လှူဒါန်းရသည်၊
စားသုံးရသည်။ အမှန်စင်စစ်အား ဖြင့်ကားရာသက်ပန်
သီးသန့်  ဥပါသကာ ကပ္ပိယခန့် 
ထားခြင်းမျိုးပင် ဖြစ်ပေသည်။ တမင်သက်သက်
မျိုးရိုးစဉ်ဆက်
ယုတ်ညံ့စေတော့ဟူသော
မနောဆိုးသဘောဆိုးဖြင့် လူ့ဘ၀ လူ့ လောကတွင်
လူရာမ၀င်စေရန် အညွန့်  ချိုးလိုက်သည် မဟုတ်တန်ရာချေ။
ထို့ ကြောင့်လည်း “ဘုရားတွင်
အလှူခံရသော
မနူဟာမင်းမြစ်တော်အား
နရပတိစည်သူမင်းကြီးသည်
အနန္တသူရိယဘွဲ့ ဖြင့်
အမတ်အရာတွင် ခန့် ထား၍
သူကောင်းပြုရုံမျှမက သမီးတော်တစ်ပါးနှင့်ပင် လက်ထပ်
ထိမ်းမြားပေးခြင်း ဖြစ်လေသည်။”
အကယ်၍သာ မျိုးရိုးပါညံ့စေရန် ရည်ရွယ်ရင်းရှိလျက် လူ့ အဆင့်အတန်းတွင် အောက်ဆုံးတန်းက
ထားရှိနိမ့်ချလိုပါက
မည်သည့်နည်းနှင့်မျှ ဘုရားအား လှူထားသော
မနူဟာ၏ မျိုးရိုးဆက်နွယ်ကို
နရပတိစည်သူမင်းကြီးသည်
အထက်ကထုတ်ဆိုခဲ့သလို ချီးမြှောက်မည်မဟုတ်ချေ။
ကျောက်စာများတွင် ဘုရားသို့
လူအများလှူဒါန်းခြင်း အကြောင်းအရာ များပြားစွာ
တွေ့ရသည်တို့ အနက်
မိမိကိုယ်ကိုလည်းကောင်း၊
ဇနီးလည်းကောင်း၊
သားသမီကိုလည်းကောင်း
လှူဒါန်းခြင်းမှာ အထူးတလည် မှတ်သားဖွယ်
စဉ်းစားဖွယ်ပင် ဖြစ်ပေသည်။
၅။ မိမိကိုယ်ကို ဘုရားသို့ 
လှူဒါန်းခြင်း
“မန္တလေးအမည်ရှိ စာအုပ်အဆိုအရ” နရပတိစည်သူမင်းကြီး
လက်ထက် “အဘိနန္ဒသူ ”
ဆိုသော
မင်းမှုထမ်းတစ်ဦးသည် “တိုင်းချွတ်ဘုရား” ကိုရွှေချပြီးနောက်
မိမိကိုယ်ကိုလည်းကောင်း၊
မိမိဇနီးကိုလည်းကောင်း၊ မိမိသား
၂-ဦးကိုလည်းကောင်း ဘုရားသို့ 
ကိုယ်တိုင် လှူခြင်းကို ထောက်သော်
အထက်တွင်ဆိုခဲ့သည့်အတိုင်း ဘုရား ဝေယျာဝစ္စ
တစ်သက်လုံး ဆောင်ရွက်ရေးကိုသာ ရှေ့ ရှုကြောင်း၊ လူညွန့်  တုံး၍ လူရာမ၀င်သော
နိမ့်ဆုံး အယုတ်ဆုံးအတန်းသို့ 
သက်ဆင်း ကျရောက်စေရန် မရည်ရွယ်ကြောင်း
မူလစေတနာကို ထင်ရှားစေသည်။
သို့  ရာတွင် နှောင်းကာလ ရောက်သည့်အခါတွင်မှု အကြောင်းအမျိုးမျိုးကြောင့် ဘုရားတွင်
အလှူခံရ သူများ၊
ယင်းတို့  ၏ သား, မြေး,
မြစ်
အဆက်အနွယ်များသည်
လူရာသွင်းမခံရဘဲ ဒွန်းစဏ္ဍားကဲ့သို့ 
ပင် ယုတ်ညံ့သော ဘ၀သို့ 
သက်ဆင်းကျရောက်ကာ ဘုရားကျွန်ဟူ၍ အမည်ခံယူလာကြရရှာတော့သည်။
လွန်ခဲ့သော ခရစ်သက္ကရာဇ် ၁၉၀၇-ခုနှစ်
ထုတ်ဝေသည့် “မန္တလေး”
အမည်ရှိသော အင်္ဂလိပ်ဘာသာ
အက္ခရာရေးစားအုပ်တစ်အုပ်တွင်
ပုဂံမင်းသားဟူ၍
ပုဂ္ဂိုလ်တစ်ဦး၏ ဓာတ်ပုံကို ဖော်ပြပြီးလျှင် “မနူဟာဘုရင်မှ
မျိုးရိုးအဆက်အနွယ် ဆင်းသက်လာ၍ ဘုရားကျွန်ဖြစ်ရသော်လည်း မင်းသားအဆောင်အယောင်ဖြင့် အခွင်းအရေးကိုမူ
ပဉ္စမသံဃာယနာတင်မင်းတရားကြီးက ချီးမြှောက်အပ်နှင်းထားကြောင်း”
များ
ရေးသားထား သည်ကို ဖတ်ရှုရသည်။ သို့ သော်
ယင်းပုဂ္ဂိုလ်မှာ အစိုးရအရာထမ်း အခွန်တော်အရာရှိတစ်ဦး ဖြစ်လင့်ကစား, အရပ်သားများက မနူဟာဆက်ဘုရားကျွန်ဟူ၍
အတူစားသောက်ခြင်း မပြုဟုဆိုရာလေသောကြောင့်များ လူရှောင်ကြလေသလောဟု တွေးတောရမလိုဖြစ်ချေသည်။
ကျွနိုပ်တို့  ဖော်ပြခဲ့သော အကြောင်းမျိုးမျိုးဟူသည်မှာ -
ဘုရားအား လှူခဲ့သော လယ်ယာမြေ,
ဥယျာဉ်မြေတို့ မှ
ရရှိအပ်သော ၀တ္ထုပစ္စည်းများ (၀ါ) ငွေတို့ ဖြင့်
မူလလှူစဉ်က
စေတနာသုံးတန်ပြဋ္ဌာန်းလျက်
ဝေပုံကျ ချမှတ်ခဲ့သည့် ဘုရားလှူရန် , ဘုရားပြုပြင်ရန် ,
ဘုရား
ဝေယျာဝစ္စဆောင်ရွက်မှုအတွက်
လှူထားခြင်းခံရသူ စားသုံးရန် ဝေပုံကျများအနက် ၀ိ သမလောဘဖက်လျက်
“မိမိကိုယ်ကျိုးအတွက် ဘုရားကို
မငဲ့ကွက်ပဲ ဗိုက်အောက် ယက်လွန်းအားကြီးသောကြောင့် သစ္စာဖောက်က
ကျိန်စာသင့်ပြီး
ဘုရားစူးခံရခြင်းသည် ကျွနိုပ်တို့ ဆိုလိုသော
အကြောင်းမျိုမျိုးပင် ဖြစ်ပေသည်။”
၆။ မွန်နှင့်မြန်မာ သွေးရင်း သားရင်းပါ
တစ်ကြောင်းမှာလည်း ဘုရားများသို့
လာရောက်၍ တောင်းရမ်းသူ၊ ဆွမ်းတော်ကျခံယူ၍စားသုံးသူ၊
ဒွန်းစဏ္ဍားနှင့်တကွသော
ကိုယ်မကောင်းသတို့ နှင့်
အမြဲတစေ ၀တ္တရားအလျောက် တွေ့ဆုံ
ဆက်ဆံနေရသူများဖြစ်သောကြောင့်လဲ
ထိုဝေယျာဝစ္စဆောင်ရွက်ရန်
ဘုရားတွင် လှူခြင်း ခံရသူများအား
ရှင်လိုတို့  က ဒွန်းစဏ္ဍား, နူ ၀ဲသူများနှင့် မခြား
တစ်တန်းတစ်စားတည်း
သဘောထားလိုက်ခြင်းဖြင့်
တဖြည်းဖြည်း လူလွတ်အရပ်သူ
အရပ်သားများနှင့် ဆက်ဆံမှုအရာ၌ ကင်းကွာနိမ့်ကျခဲ့ရခြင်း ဖြစ်ပေသည်။
ကြာသော် လူတောမတိုးရဲ လောက်အောင်
စိတ်ဓာတ်ပါကျဆုံးရခြင်းဖြင့်
ဘုရားကျွန် လူတန်းစားဘ၀သည် တိုးတက်ခိုင်မြဲလာရတော့ရာ အစဉ်အလာ
ထုံးတမ်းများပင်လျှင် ပတ်
ဝန်းကျင် အခြေနေဖန်တီးမှုအရ ဖြစ်ထွန်းပေါ်ပေါက်လျက် လိုက်နာကျင့်သုံး လာကြရ
သည်ကို
နောက်မင်းများအဆက်ဆက် လက်ထက်တို့ 
တွင် အသိအမှတ်ပြုသွားရသည် အထိ
လူ့ ဘ၀၏ နစ်နာဆုံးရှုံးမှုဒဏ်
အကြောင်းအမျိုးမျိုးကြောင့်
ခံကြရလေသည်ဟူသော သဘောတရားအမှန်ကို
ထင်မြင် သဘောပေါက်ရန် ကောင်းပေသည်။
မနူဟာဘုရင်ဟောင်းကို
အနော်ရထာဘုရာက
မိမိကိုယ်စားတော်
ဘုရားကြီးဝေယျာဝစ္စ ဆောင်ရွက်စေရန်
မနူဟာကိုယ်တိုင်၏ ဘုရားသို့
လှူဒါန်းခဲ့ခြင်း၊ စေတနာရင်း မူမှန်သဘောတရားကို လေးလေးနက်နက် ကွဲကွဲပြားပြား
မစဉ်းစားတတ်ကြသည့် အတိုင်း မွန်မြန်မာစည်းလုံးမှုကို အာရုံမပြုလိုကြသူ အချို
့တို့  သည် ပြည်ထောင်စုသား အချင်းချင်း
မျက်နှာထား တင်းလာစေရန် တစ်ခါတစ်ခါ
အကြောင်းအား လျော်စွာ ဘုရားကျွန်စကားကို အသုံးပြု၍
နှလုံးခုဖွယ်ရာ
ပြောကြားလာတတ်ကြသည်။ ယင်းသို့ သာ ပြောစကားများကို ရှေ့အဖို
့ကြားလာကြရလျှင် အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည့်
ကျွနိုပ်တို
့ဆင်ခြင်လေ့လာချက်များကို
ထောက်ထားတွေးဆ၍
သွေးမျှစရာနှော “မွန်မြန်မာ
လူတစ်မျိုးတည်း”
သဘောသို့ 
သက်ရောက်ခဲ့ပြီးသော “သွေးရင်းသားရင်း” ဖြစ်သည့်
မွန်အမျိုးသားများက
နားယောင်မိ မမှားကြရန်
သတိရှင်သင့်ကြကြောင်း
စေတနာကောင်းဖြင့်
အကြောင်းအားလျော်စွာ
ပြဿနာသဘောတရားကို ဖော်ကာ
ရေးသားလိုက်ရပေသတည်း။
ရွှေမုတ္ထီး ဘုရားသမိုင်း
ကောဇာသက္ကရာဇ် ၉၃၀ (တစ်စောင်သောရာဇ၀င်၌ ၈၀၀-ပြည့်နှစ် ) လွန်၍
မင်း ၆၆-ဆက် ရောက်လတ်သောအခါ
သီဟိုဋ္ဌ်ကျွန်းကို
အစိုးရတော်မူသော “မဟာနာမမင်း”
လက်ထက် အရှင်မဟာအရဟံ ရဟန္တာ
ထေရ်မြတ်ကြီးသည်
ကြီးစွာသော ဓမ္မသံဝေဂ ဖြစ်တော်မူသည်မှာ -“သုံးလောက ဘဂ၀ါ အစိန္တေယျာ၏ သာသနာတော်
ငါးထောင်တည်သမျှ ကာလပတ်လုံး မည်သည့်
တိုင်းပြည်မြို့ ရွာ၌
ဘုရားသာသနာ တည်ထွန်းပါအံ့နည်း” ဟု
ဆင်ခြင်တော်မူသည်ကို
သိကြားမင်းသိတော်မူ၍ မဟာထေရ်ကြီးထံ
ချည်းကပ်ပြီးလျှင် -
“အရှင်ဘုရား
အဘယ်ကြောင့် ဓမ္မသံဝေဂ ဖြစ်တော်မူပါသနည်း။”
“သိကြားမင်း -
မြတ်စွာဘုရား သာသနာတော် ငါးထောင်တည်သမျှ ကာလပတ်လုံး
ရှင်တော် ဗုဒ္ဓသာသနာသည်
ရှည်ကြာအမြဲ တည်အံ့သော မြို့ ရွာဒေသကို
သိလိုသောဆန္ဒ အားကြီးလှ၍ ဓမ္မသံဝေဂ
ဖြစ်ပါသည်။”
“အရှင်ဘုရား စိုးရိမ်တော်မမူပါနှင့်၊ ဟိမ၀န္တာ၌
ပေါက်ရောက်သော သရက်ခံနှစ်ကို ဤဘဒ္ဒကပ်ကမ္ဘာဝယ်
ပွင့်တော်မူပြီးသော ကကုသံ , ကောဏာဂုံ , ကဿပ,
ဂေါတမဘုရား
၎-ဆူ ရုပ်ပွားတော်နှင့် သဏ္ဌာန်အတူ
ထုလုပ်တော်မူ၍
သရီရဓာတ်သွင်းတော်မူပြီး
ကျောက်ကမ္ပည်း ထုလုပ်လျက် မဟာဗောဓိပင်အစစ်မှ ၄-စေ့သော
ဗောဓိစေ့ကို ပျိုးလိုက်၍ ၄-ဌာနဒေသ သာသနာတော်တည်ရာသို့ ကြွတော်မူပါဘုရားဟု အရှင်မြတ်နှင့်တကွ ရဟန္တာအပေါင်းတို့ သည်လည်းကောင်း၊
ဘုရားတပည့်တော်တို
့သည်လည်းကောင်း
သစ္စာအဓိဋ္ဌာန်ပြုတော်မူပြီး
လွှတ်တော်မူပါလျှင်
ထိုကြောင့်ကြခြင်းသည်
ကင်းပါမည်ဘုရား” ဟု သိကြားမင်းလျှောက်လေ၏။
၁။ အရှင်မဟာအရဟံ
ရဟန္တာအရှင်မြတ်သည် ရုပ်ပွားတော်မြတ်လေးဆူတို့ အား
ဓာတ်တော်သွင်းပြီး
သစ္စာအဓိဋ္ဌာန်ပြု၍ မျှောလွှတ်တော်မူခြင်း
အရှင်မဟာအရဟံ ရဟန္တာအရှင်မြတ်သည် အလွန် ၀မ်းမြောက်တော်မူ၍ သရီရဓာတ်တော်
၎-ဆူ ထုတ်ပေးပြီး
သိကြားမင်းအား စီရင်စေ၏။
ယင်းအကြောင်းကို
မဟာနာမမင်းကြီးအား
ကြားစေလေလျှင် မင်းကြီးသည် မှူးမတ်ပြည်သူ လူထုအများ
နှင့်
စည်းဝေးတိုင်ပင်ပြီး
သရက်ခံနှစ်ကို ရုပ်ပွားတော် ၄-ဆူထုလုပ်၍
“သင်္ကန်းတုံး,
ပိတောက်တုံး,
လက်ပံတုံး,
ပျဉ်းမတုံး”
များပေါ်တွင် ကျောက်ကမ္ပည်း
ရိုက်ကာ ထီးဖြူတစ်စင်းစီ စိုက်၍လည်းကောင်း၊ ရွှေဖျဉ်းအိုးငယ် တစ်လုံးစီတွင်
ရွှေမြေထည့်၍
လည်းကောင်း အသင့်ထားရှိလေ၏။
သိကြားမင်းသည် စတုမဟာရာဇ် နတ်မင်းကြီး
၎-ပါးတို့ အား
ရုပ်ပွားတော်တစ်ဆူစီကိုင်စေ၍
မိမိမှာမူကား
မဟာဗောဓိစေ့ ၄-စေ့တို့ ကို ကိုင်၍
တူရိယာငါးပါးဖြင့်
တီးမှုတ်လျက် နတ်သား,
နတ်သမီး အပေါင်းခြံရံ၍
သန်းခေါင်ကျော်အချိန် ၀ယ်
လာရောက်၍ မဟာထေရ်ကြီးထံ ခစားလျက်
ရုပ်ပွားတော်များအတွင်း
ဓာတ်တော် သွင်းပြီးလျှင်
မဟာဗောဓိစေ့ ၄-စေ့တို့ ကိုလည်း
ရွှေဖျဉ်းအိုးတစ်လုံးစီတွင်
စိုက်ပျိုးလိုက်သည်နှင့်
တစ်ပြိုင်နက် တစ်ထောင်ခန့် မြင့်သည့်
ဗောဓိပင်ကလေးများ ပေါက်လာလေ၏။ ယင်းရုပ်ပွားတော် ၄-ဆူနှင့်တကွ
ရွှေဖျဉ်အိုး တစ်လုံးစီကိုပါ သင်္ကန်တုံး,
ပိတောက်တုံး, လက်ပံတုံး, ပျဉ်းမတုံးများပေါ်တွင် တင်ထားလေ၏။
ယင်းနောက် မဟာထေရ်ကြီးနှင့်တကွ ရဟန္တာအပေါင်းတို့ သည် မဟာသုဒ္ဓ
သင်္ဘောဆိပ်ကမ်း၌
ဆောက်လုပ်ထားသော မဏ္ဍပ်ကြီးအတွင်း မီးရှူးမီးတိုင် ,
နတ်အမွှေးတိုင်တို
ြ့ ဖင့် ထိန်လင်းစွာ ထွန်းညှိလျက်
“ခမ်းနား
သပ္ပာယ်လှစွာ ပူဇော်ထားရှိလေ၏။”
ယင်းအချိန် ၀ယ်
မဟာနာမမင်းကြီးသည် ထိန်
ဝင်းလှစွာသော မီးရှူးတိုင်တို့ ကို နန်းတော်လေသာ
ပြတင်းမှ
မိဖုရားကြီးနှင့်အတူ
မြင်လတ်သော် တစ်ထောင်သော် မြင်းတပ်တို
့ကို စစ်သူကြီးအား အမြန်ပြင်ဆင်စေ၍ “အသင်မိဖုရား
နံနက်အရုဏ်တက်အချိန်တွင် သံဃတော်
အရှင်မြတ်များအတွက် ဆွမ်းနှင့် ရောက်စေရမည် ” ဟု
မှာကြားတော်မူခဲ့ပြီး
မဟာသုဒ္ဓ သင်္ဘောဆိပ်ကမ်းသို့  သွားရောက်လျှင် သိကြားမင်း, နတ်မင်းတို့ 
စီမံထားသည့် မီးရှူးမီးတိုင်တို့ 
နှင့်တကွ
ရုပ်ပွားတော် ၄-ဆူနှင့် ရွှေဖျဉ်းအိုးတို့ ၌ စိုက်ပျိုးထားသည့် မဟာဗောဓိပင်တို့ ကိုမြင်၍
မင်းကြီးနှင့်တကွ စစ်သူရဲအပေါင်းတို
့ပါ
အလွန်အံသြ ကြည်ညိုသောစိတ်ဖြင့် ဖူးမြော်နေကြသည်အခိုက် ရုပ်ပွားတော် ၄-ဆူတို့  သည် ၄-ဖြာသော
အဆင်းရူပကာယတော်နှင့်
ရောင်ခြည်တော် ခြောက်သွယ် ထွက်တော်မူ၍
ထန်းနှစ်ဖျားခန့်  အမြင့်မှ
ကောင်းကင်ပေါ်ဝယ်
စင်္ကြကြွလူး ကွန့် မြူးတော်မူသည် ကို မင်း, မိဖုရားနှင့်တကွ
ပြည်သူလူထုအပေါင်းတို့  ဖူးမြင်ကြရာ
အံ့ချီးမကုန်ဖြစ်ကြလျက်
၎-ဆူသော ရုပ်ပွားတော်နှင့်တကွ တစ်သောင်း
ငါးထောင်နှစ်ကျိပ် ငါးပါးသော သံဃာတော်တို့  အား ဆွမ်း, သင်္ကန်း
ပရိက္ခရာရှစ်ပါးတို့ ကို
ကျွေးမွေးဆက်ကပ်
လှူဒါန်းပြီးသောအခါ ရှင်အရဟံ ရဟန္တာထေရ်မြတ်ကြီးနှင့်တကွ
ရဟန္တာအရှင်မြတ်များသည် မဟာသုဒ္ဓ သင်္ဘောဆိပ်သို့  ဆင်းကြွတော်မူ၍ မဟာနာမမင်းကြီး အပါးတော်၌
ထားပြီးလျှင်
မဟာထေရ်ကြီးသည် ဤသို့ 
အဓိဋ္ဌာန်ပြုတော်မူလေ၏။
“ဤဘဒ္ဒကမ္ဘာ၌
၎-ဆူသော ဘုရားရှင်တို့ 
ပွင့်တော်မူလေကုန်ပြီ၊ ယင်းမြတ်စွာဘုရား ရုပ်ပွားတော်တို့ သည်
ဤသီဟို ဋ္ဌ်ကျွန်းမှ ဗုဒ္ဓသာသနာ ငါးထောင်ပတ်လုံး တည်ရာဌာန တိုင်းပြည် မြို့ ရွာတို့ သို
့ကြွရောက်တော်မူစေသတည်း ” ဟူ၍
အဓိဋ္ဌာန်ပြုတော်မူလေ၏။
သိကြားမင်းကလဲ “ဗုဒ္ဓသာသနာ
ငါးထောင်တည်သမျှ ကာလပတ်လုံး အကျွန်ုပ်
စောင်မ ကြည့်ရှုနိုင် ပါစေသတည်း”
ဟု နတ်ပန်း,
နတ်ဆီမီးတို့ ဖြင့်
ပူဇော်၍ အဓိဋ္ဌာန်ပြုကာ ဆုတောင်းလေ၏။
ယင်းအချိန်ကား ကောဇာသက္ကရာဇ် ၉၃၈-ခုနှစ်
တပေါင်းလပြည့်နေ့ ဖြစ်လေသည်။
ယင်းသို့  သစ္စာအဓိဋ္ဌာန်ပြုပြီး
မျှောလိုက်သည်နှင့်
တစ်ပြိုင်နက် ၄-ဆူသော ရုပ်ပွားတော်မြတ်သည် စက်ယန္တရား
ခုတ်လုပ်သွားသကဲ့သို့  လျင်ဆောစွာ ကြွသွားတော်မူကြလေ၏။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်