မြန်မာအက္ခရာ(၃၃)လုံး၏ အစွမ်းသတ္တိ



                                  ““ မြန်မာအက္ခရာ(၃၃)လုံး၏ အစွမ်းသတ္တိ ””


(၃၃)လုံးသော“ မြန်မာအက္ခရာ”တွင်အက္ခရာတိုင်း၌“အစွမ်းသတ္တိ”ရှိ
ပေသည်။ထိုအစွမ်းသတ္တိကိုအသုံးချနိုင်ကအသင့်အတင့်အကျိုးရှိ၏။
မိမိဉာဏ်ရှိသလိုအသုံးပြုနိုင်ရန်ဖေါ်ပြပေးလိုက်သည်။


““ မြန်မာအက္ခရာ(၃၃)လုံး၏ အစွမ်းသတ္တိ ””


က ။ ။ ပထဝီမြေကြီးနှင့်တူသောဣဒ္ဓိပါဒ်နှင့်ပြည့်စုံ။
ခ ။ ။ ခုနှစ်ရက်သားသမီးတို့ချစ်ခင်လေးမြတ်။
ဂ ။ ။ သိကြားမင်းကဲ့သို့နတ်ကောင်း၊နတ်မြတ်တွေ့ရ။
ဃ ။ ။ မိုးကြိုး၊လောင်မီးတို့မှကင်းလွတ်။
င ။ ။ တိရစ္ဆာန်တို့ကိုစိတ်ဖြင့်ငေါက်၍တားမြစ်။
စ ။ ။ စစ်မက်ဗိုလ်ပါများပြည့်စုံစေနိုင်။
ဆ ။ ။ အစွယ်ရှိသောသတ္တဝါများအားနိုင်။
ဇ ။ ။ သစ်၊ကျားသတ္တဝါတို့ကိုနိုင်။
စ် ။ ။ နတ်၊မိစ္ဆာတို့ကိုနိုင်နင်း။
ည ။ ။ နတ်၊နဂါး၊ဂဠုန်တို့ကိုနိုင်နင်း
ဋ ။ ။ နတ်အပေါင်းကိုနိုင်နင်း။
ဌ ။ ။ ဖုတ်၊ပြိတ္တာအပေါင်းကိုနိုင်းနင်း။
ဍ ။ ။ ရေကြီးစေနိုင်။
ဎ ။ ။ ရေထွက်စေနိုင်။
ဏ။ ။ မီးလောင်စေနိုင်။
တ။ ။ ဆွေမျိုးအပေါင်းကိုသြဇာညောင်းနိုင်။
ထ။ ။ ရန်သူအပေါင်းကိုနိုင်။
ဒ ။ ။ အမျိုးမျိုးသောလက်နက်တို့ကိုနိုင်။
ဓ ။ ။ သေနတ်၊အမြောက်ကိုနိုင်။
န ။ ။ မိုးကြိုး၊လောင်မီကျစေနိုင်။
ပ ။ ။ ရေ၌သောင်ထွန်းစေနိုင်။
ဖ ။ ။ ကာယသိဒ္ဓိပြီးမြောက်စေနိုင်။
ဗ ။ ။ ပေါ့ပါးလျှင်မြန်စေနိုင်။
ဘ။ ။ ရေအခိုးတက်စေနိုင်။
မ ။ ။ အာကာသကိုအစိုးရစေနိုင်။
ယ။ ။ အမှုကိစ္စပြီးစေနိုင်။
ရ ။ ။ မိုးရွာသွန်းစေနိုင်။
လ။ ။ ဆေး၊အဆိပ်ပြယ်စေနိုင်။
ဝ ။ ။ စိတ်နှလုံးကြည်လင်စေနိုင်။
သ။ ။ မုန်တိုင်းကျစေနိုင်။
ဟ။ ။ ဓာတ်လေးပါးကိုငြိမ်းစေနိုင်။
ဠ ။ ။ ဆေးဝါးကိုထက်မြက်စေနိုင်။
အ။ ။ ရုပ်ကိုပြောင်းလဲနိုင်။

““ မိမိဉာဏ်ရှိသလိုအသုံးပြုနိုင်ပါစေ။ ””
မှတ်ချက်။ ။(ဖတ်၊မှတ်ခဲ့သမျှထဲမှ)

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်