ပါဠိအလို ဗျည်း(၃၃)လုံးအနက် နောက်ဆုံး (၃၃)လုံးမြောက်ဗျည်း ဖြစ်၏။ အစုမဟုတ်သော အ-ဝဂ်အက္ခရာ အ-ဟု ခေါ်သည်။ အသံ၏ဖြစ်ပေါ်ရာဌာန ဌာန်အားဖြင့် လည်ချောင်းအရပ်မှဖြစ်သော ကဏ္ဌဇအက္ခရာ ကဏ္ဌဌာန်ဖြစ်သည်။ နှုတ်ခမ်းကို ပိတ်၍ ရွတ်ဖတ်ရသော သံဝုဋပယတ်လည်း ဖြစ်သည်။ ဖြစ်ခြင်းအကြောင်း ကရိုဏ်းအားဖြင့် သကဌာန် ကရိုဏ်း ဖြစ်သည်။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)
အကုသိုလ် မူလတရား(၃)ပါး
(၁)လောဘ-လိုချင်တပ်မက်ခြင်း။
(၂)ဒေါသ-စိတ်ဆိုးသဖြင့် အပြစ်ရှိခြင်း။
(၃)မောဟ-အမြင်မှန် မရသဖြင့် အမှန်ကို မသိခြင်း။
အကိုတစ်ယောက်သို့ (ရေး-သန်းဖေလေး၊ ဆို-ချစ်စပယ်
(ချစ်သောအစ်ကိုတစ်ယောက်ရယ်...အယူအဆတွေ လွဲမှားနေသမျှ ကိုယ့်ဘဝအတွက် ရင်လေးမိခဲ့တယ်... တစ်ကယ် တော့လဲ ကိုရယ်... အနောက်တိုင်းရဲ့ယဉ်ကျေးမှုများကြားဝယ် ပျော်မွေ့လိုသူ အစ်ကို့အဖြစ်များရယ် ရင်နာစရာ ကောင်းလှပါတယ်)၂...။
ညီမက မြန်မာမှု မြန်မာဟန်များ နှစ်သက်သူ အစ်ကိုက အနောက်တိုင်းယဉ်ကျေးမှု ဆိုရှယ်လောကမှာ ပျော်မွေ့သူ... အဲဒီနှစ်ယောက်ရဲ့ ဘဝဟာလဲ ဘယ်လိုများ ပေါင်းစပ်မှုမျိုး ရမှာလဲ အစ်ကိုရယ်...။
အဲဒါကြောင့်မို့ကွယ် ညီမနဲ့အစ်ကို အဆင်မပြေမှုများ ထပ်ဆင့်လို့သာ မြင်ခဲ့ကြရတယ်... သံယောဇဉ်ကြီးမားမိသူ အနေနဲ့ လမ်းခွဲကြရမှာများကို စိုးတရွံ့ရွံ့ ဒီလိုအဖြစ်မျိုးလဲ မကြုံလိုပါတယ် အစ်ကိုတစ်ယောက် သတိတရားရမယ့် လူများကိုကွယ် (စောင့်မျှော်နေမယ်)၂... အစ်ကိုရယ်...။
အကျကောက်သည် (စကားလုံး အဓိပ္ပါယ် အရကောက်သည်၊ စိတ်အဆိုး လွယ်သည်၊ အတွေးနှင့် ခံပြင်းသည်)
စကားလုံးများကို ပြောဆိုသောအခါ မူလအဓိပ္ပါယ်အစား စကားလုံး အနက်ကျကို လေးနက်စွာ ဆက်လျှောက် တွေးဆ၍ စိတ်အလို မကျခြင်း ဖြစ်တတ်သူများ ရှိလေသည်။ ပုံစံအားဖြင့် "မင်းအဖေ ရှိသလား" ဟု ​အဖေ အိမ်တွင်း ရှိ မရှိ မေးသည်ကို "အဖေ မရှိပဲ မွေးလေသလော" ဟု မေးဘိသကဲ့သို့လည်းကောင်း၊ "ထမင်းစား ပြီးပြီလား" မေး သည်ကို "ထမင်းကိုမှ မှန်အောင် စားရသလော" ဟု စူးစမ်းသည့်သဘောကဲ့သို့လည်းကောင်း အဓိပ္ပါယ် အကျကောက် ၍ နာကြည်းတတ်ခြင်းကို အကျကောက်သည်ဟု စကားချုံ့၍ သုံးနှုန်းလေသည်။ အထအန ကောက်သည်ဟုလည်း ဆို ကြသည်။ (မြန်မာဘန်းစကား-လှသမိန်)
အကျိုးတရား (၂)ပါး
(၁) အတ္တဟိတ - မိမိ အကျိုးရှိမှုကို ပြုလုပ်ခြင်း။
(၂) ပရဟိတ - သူတစ်ပါး အကျိုးရှိမှုကို ပြုလုပ်ခြင်း။
အကြာဆုံးစစ်ပွဲ
၁၃၃၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အင်္ဂ္လိပ်-ပြင်သစ်၏အနှစ်(၁ဝဝ)စစ်ပွဲ ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အခြေခံပညာရေးစနစ်သစ်
၁၉၆၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် တော်လှန်ရေးအစိုးရ ပညာရေးဌာနမှ အခြေခံပညာရေးစနစ်သစ် ဥပဒေကို ထုတ်ပြန်ကျေညာခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အဂတိတရား (၄)ပါး
(၁)ဆန္ဒာဂတိ - ချစ်သည်ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်၍ မပြုလုပ်သင့်သည်ကို ပြုလုပ်မိခြင်း။
(၂)ဒေါသာဂတိ - စိတ်ဆိုးသည် ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်ပြီး မပြုသင့်သည်ကို ပြုလုပ်မိခြင်း။
(၃)ဘယာဂတိ - ကြောက်ရွံ့သည် ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်ပြီး မပြုသင့်သည်ကို ပြုလုပ်မိခြင်း။
(၄)မောဟာဂတိ - တွေဝေသည် ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်ပြီး မပြုသင့်သည်ကို ပြုလုပ်မိခြင်း။ (စတုက္က အင်္ဂ࿿ုတ္တိုရ်)
အငမ်းမရ ဖြစ်သည် (လိုချင်တပ်မက်ခြင်း ပြင်းပြသည်၊ အာသာငမ်းငမ်း ဖြစ်သည်၊ ငမ်းသည်)
အငမ်းမရ ဟူသော စကားမှာလည်း ထိုအဓိပ္ပါယ်ပင် ဖြစ်လေသည်။ "အငမ်းမရ" သည် ငမ်းခြင်းကို တားဆီးမရသည် ကိုလည်းကောင်း၊ ငမ်းသော်လည်း မရပဲ ရှိသည်ကိုလည်းကောင်း ဆိုသကဲ့သို့ ရှိသည်။ သို့ပင် ဖြစ်စေကာမူ အငန်းမရ ဟူသော စကား ရှိပေသေးသည်။ ထိုစကားမှာ အလုပ်တာဝန်ကို ဝေပုံကျ လုပ်ကြသူတစု၌ အကြောင်းတခုခုကြောင့် ​တယောက်ယောက်သည် မိမိအတွက် ဝေပုံကျ တာငန်း၊ အလုပ်အငန်း မရရှိသောအခါ မိမိဝင်ငွေ ရရှိရန် အခွင့်အရေး လစ်ဟင်း ဆုံးရှုံးရခြင်း ဖြစ်၍ မကျေမချမ်း ဖြစ်ရသည်။ ထိုသို့ လစ်ဟင်း ကြွင်းကျန်၍ ဖက်ပဲ့နေခြင်း၊ တာဝန်လစ်လပ် လျက် ရှိခြင်း၊ မစေ့မငု ကြွင်းကျန်နေခဲ့ခြင်းတို့ကို အငန်းမရ ဖြစ်သည်ဟူ၍လည်း ဆိုသည်။ (မြန်မာဘန်းစကား-လှသ မိန်)
အငြိမ့်ရူးမလေး (ရေး-မောင်မောင်လေး၊ ဆို-မာသီ)
စင်မြင့်များထက်မှာ...မိုးဆမ်းပန်းပမာ လန်းလျက်ပါ အစဉ်သာယဉ်ကာ အသွင်ထူးစွာ လှလှပပကလေးပါ... ရှင်းကြော့ကြော့ တေးဖွဲ့ကာ နီထွေးထွေးသွေးရောင်ယှက်ဖြာ...နှုတ်အာဆို ချိုလို့သာ ဆိုကတဲ့အငြိမ့်မင်းသမီး သူတို့ရဲ့ ဟန်လဲပါ...အတုယူကာ...ဆိုဖွဲ့လို့ ကလိုက်ဦးမှာ ရှင့်...။
ဟေ့-မာသီ-ကရေးရာ အငြိမ့်ရူးမလေး ဘွဲ့ပေးကာ အများတကာ လှောင်လို့သာ ပြုံးကြလေပြီကွာ...မကြွားစရာပ အများတကာက ဟားလာသမျှ အမြဲသာ ရင်ဆိုင်ကာ အတင်းအဖျင်းဆိုတာ ဆိုစမြဲပါ...သူတို့မောကြရင် ရပ်ကြတာ... ကျမဝါသနာလမ်းကလေးပါ...ထင်ပေါ် ရင် စင်တော်ကောက်မှာ...။
ပုထုဇနော ဥမ္မတ္တကော မြတ်ဘုရား ဟောကြားခဲ့လေတာမို့...ဝါသနာစေရာ သွေမကွာဘဲ (လိုက်နာကြတာ)၂ ရူးတယ် လို့ ဆိုဆိုလာ အောင်မြင်သော ဟိုတနေ့မှာ ထူးပါတယ်လို့ ဆိုဦးမှာ...။
ခုတော့ တယောက်ထဲ ပျော်ရွှင်စရာ စောင်တွေရှိသမျှသာ ကန့်လန့်ကာ အထည်တွေ ရှိသမျှသာ ဝတ်စားကာ မျက်စလေးပေးပေးလို့ အချိုးကျကျသာ မိဘများ မရှိခိုက်ပါ...ကွေးကွေးအောင် ဆိုလို့ ကမှာ ပျော်ရွှင်ဘွယ်ရာ ကျမရဲ့ ဝါသနာ...။
အစားကြီးသူ (၅)ယောက်
(၁) အာဟာရဟတ္ထက - မထနိုင်သဖြင့် လက်ကို ဆွဲလှဲ့ပါဦးဟု စားသောသူ တစ်ယောက်။
(၂) အလံသာဋက - ကျွတ်သွားသည့် ပုဆိုးကို ပြန်၍ မကောက်နိုင်အောင် စားသောသူ တစ်ယောက်။
(၃) တတ္ထဝဋ္ဋဋက - မထနိုင်သဖြင့် တပြောင်းတပြန် လှိမ့်၍ နေရအောင် စားသောသူ တစ်ယောက်။
(၄) ကာကမာသက - ခံတွင်းထဲသို့ ကျီးနှိုက်၍ စားနိုင်အောင် စားသောသူ တစ်ယောက်။
(၅) ဘုတ္တဝမိဒက - စားပြီးသမျှ အံထွက်အောင် စားသောသူ တစ်ယောက်။ (ဓမ္မပဒ)
အစာအိမ်အရည်ကို တွေ့ရှိခဲ့သူ
၁၈ ရာစုခေတ်အလယ်တွင် ပြင်သစ်လူမျိုး ရီးယားမား ဆိုသူသည် အသက် ၇ဝ အရွယ်ရောက်မှ အ​စာချေဖျက်ခြင်းကို သုတေသနပြုခဲ့သည်။ ၄င်းသည် အစာအိမ်အရည်ခေါ် (Gastric Juice)ကို တွေ့ရှိခဲ့သည်။
အစင်းသိသည် (အရင်းမြစ် သေချာသိသည်)
ကြောင်၊ ခွေး၊ နွား စသော သတ္တဝါတို့ကို မွေးကျွေးထားသောအခါ အခြား သတ္တဝါများနှင့် ရောနှောနေသော်လည်း မိမိ တို့ အိမ်မွေး တိရစ္ဆာန်၏ အသွေးအမွေး၊ အကွက်အစင်းတို့ကို သိရှိမှတ်ထားသဖြင့် မိမိတို့၏ တိရစ္ဆာန် ဖြစ်ကြောင်းကို အလွယ်နှင့် ခွဲစစ်နိုင်လေသည်။ ထိုအကြောင်းကို စွဲ၍ အစင်းသိသည်၊ အစင်းသိပြီးပြီ စသည်ဖြင့် တင်စား၍ ဆိုကြ သည်။ အချို့က အဖြောင့်သိသည် ဟူ၍ အဖြောင့်အစင်း၊ စင်းလုံးချော ဟူသော ယင်းအနက်ကို ယူကြသည်။ (မြန်မာ ဘန်းစကား-လှသမိန်)
အစိန္တေယျတရား (၄)ပါး
(၁)ဘုရားရှင်တို့၏ဘုရားအရာသည် မကြံစည်အပ်သောအရာ ဖြစ်၏။
(၂)ဈာန်ရသောပုဂ္ဂိုလ်တို့၏ ဈာန်အရာသည် မကြံစည်အပ်သောအရာ ဖြစ်၏။
(၃)ကံ၏အကျိုးပေးခြင်းသည် မကြံစည်အပ်သောအရာ ဖြစ်၏။
(၄)ဤကမ္ဘာလောကကြီးသည် အဘယ်သူ ဖန်တီးထားသနည်း၊ သတ္တဝါတို့သည် အဘယ်သူ ဖန်တီးထားသနည်း၊ ရေ မြေ တော တောင် သမုဒ္ဒရာသည် အဘယ်သူ ဖန်တီးထားသနည်း (ဟု) ကြံစည်စိတ်ကူး၍ နေသော သူသည် စိတ်ပင် ပန်းရုံ ရူးသွပ်ရုံသာ ရှိတော့အံ့နည်း။ (စတုက္က အင်္ဂ࿿ုတ္တိုရ်၊ ၃-အပဏ္ဏကဝဂ်၊ ၇-အစိန္တေယျသုတ်)
အစိုးမရသော တရား(၂)ပါး
(၁) မိုဃ်း - မိုဃ်းသည် ရွာမလိုလိုနှင့် မရွာဘဲ ဖြစ်တတ်၏။ မရွာဘူးလိုလိုနှင့်လည်း ရွာတတ်၏။ သူ့သဘောကို မည်သူမှ အစိုးမရ။
(၂) နွားသိုး - နွားသိုးသည် စိတ်ကောင်း ရှိသည် မရှိသည်ဟု မသိရ။ သူဝှေ့လိုသည့်အခါ သခင်ကိုပင် ပြန်ဝှေ့၏။ သူ့ သဘောကို အစိုးမရ။
အဆာ ကျယ်သည် (ဇီဇာချဲ့သည်-အလိုဆန္ဒ ကျယ်ပြန့်သည်၊ လိုအင်ကြွယ်သည်)
ထိုစကားမှာ ပူဆာတောင့်တမှု ကျယ်ပြန့် များပြားခြင်းကို တင်စား၍ သုံးနှုန်းသည်။ အလိုမပြည့်နိုင်ခြင်း၊ (ချေးများ ခြင်း) အလဲအလှယ် အတောမသတ် အလိုရှိခြင်း၊ လိုအင်ဆန္ဒ များပြား ကျယ်ပြန့်ခြင်း၊ ကျေနပ် နှစ်သိမ့်နိုင်ခဲ့ခြင်း၊ အဆောင်အယောင် ချဲ့ခြင်း စသော အကျယ်ချဲ့မှုများကို တင်စား၍ သုံးသည်။ (မြန်မာဘန်းစကား-လှသမိန်)
အတာသင်္က࿿နြ်
သင်္က࿿နြ် ဖြစ်ပေါ်လာပုံမှာ ပရမီသွာ(သျှိုဗား)နတ်မင်း၏သား အာသီ မည်သော ဗြဟ္မာနတ်မင်းနှင့်သိကြားမင်းတို့သည် ဗေဒင်ဆိုင်ရာ အချက်တစ်ခု၌ အငြင်းအခုံဖြစ်ကြရာ လူ့ပြည်သို့ဆင်းပြီး ကဝါလမိုင်းပညာရှိထံ ရှုံးသူဦးခေါင်းဖြတ်ခံရ စတမ်း ကတိထား၍ သွားရောက်မေးမြန်းကြ၏။ ထိုအငြင်းအခုံပွဲတွင် သိကြားမင်းက နိုင်လေရာ သိကြားမင်းက ဗြဟ္မာ၏ဦးခေါင်းကို ဖြတ်၍ နတ်သမီး(၇)ဖော်တို့အား အလှည့်ကျ တစ်နှစ်တစ်ကြိမ် ပွေ့ပိုက်စောင့်ထိန်းစေခဲ့၏။ ကျန်သော ဗြဟ္မာ၏ကိုယ်တွင် ပိင်္ဂ္လမည်သော ဆင်ဦးခေါင်းကို တပ်ဆင်ထားသည်။ ထိုဗြဟ္မာ့ကိုယ်နှင့်ဆင်ဦးခေါင်းရှိ သော နတ်ကို မဟာပိန္နဲနတ်ဟုခေါ်ကြသည်။ သင်္က࿿န်ြပွဲမှာ ပူလောင်သော ဗြဟ္မာ၏ဦးခေါင်းကို တာဝန်ယူ၍ ပွေ့ပိုက် ထားရသည့်နတ်သမီးများ တစ်နှစ်တစ်ခါ လက်ပြောင်းယူချိန်တွင် ဗြဟ္မာခေါင်းအေးဆေးရန် ရေလောင်းရခြင်း၏ အထိမ်းအမှတ် ဖြစ်၏။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အထွေထွေညီလာခံ၏သဘော
ကုလသမဂ္ဂရှိ အထွေထွေညီလာခံသည် ကုလသမဂ္ဂတွင် အရေးပါ အရာရောက်ဆုံးသော အစိတ်အပိုင်းတစ်ခု ဖြစ်လေ သည်။ ၄င်းအထွေထွေ ညီလာခံတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်ငါးဦးကျစီ ပါဝင်ကြသည်။ အထွေ ထွေညီလာခံ၏ဆုံးဖြတ်ချက် တစ်ရပ်ကို ချရန် အများဆန္ဒသုံးပုံနှစ်ပုံ ရရှိရမည် ဖြစ်လေသည်။ အထွေထွေညီလာခံကို နှစ်ပတ်လည်ညီလာခံနှင့်လိုအပ်၍ ကျင်းပသော အရေးပေါ်ညီလာခံ ဟူ၍ နှစ်ပိုင်း ခွဲခြားထားသည်။ အထွေထွေညီ လာခံတွင် ဦးစီးနာယကပြုရန် အသင်းသားများ၏ဆန္ဒအရ ညီလာခံ၏ဥက္ကဋ္ဌဌနှင့်ဒု-ဒုက္ကဋ္ဌဌတို့ကို ရွေးချယ်တင်မြှောက် ကြရ၏။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အဓိပတိတရား(၄)ပါး
(၁)ဆန္ဒာဓိပတိ - အလိုဆန္ဒ အကြီးအမှူး။
(၂)ဝီရိယာဓိပတိ - ဝီရိယ အကြီးအမှူး။
(၃)စိတ္တာဓိပတိ - စိတ် အကြီးအမှူး။
(၄)ဝီမံသာဓိပတိ - ပညာ အကြီးအမှူး။
အနာကြီးရောဂါပြခန်း
အနာကြီးရောဂါပြခန်းတွင် အဖြူကွက်၊ အနီကွက်ပေါ်ခြင်း၊ ထုံခြင်း၊ ခြေလက်လေးလံခြင်း စသော လက္ခဏာများ သည် အနာကြီးရောဂါ ဖြစ်ပွားနိုင်သဖြင့် နီးရာကျန်းမာရေးဌာနတွင် စမ်းသပ်ရန် နှိုးဆော်ထားလေသည်။ ရောဂါဖြစ်စ ကုသလျှင် ပျောက်ကင်းနိုင်ကြောင်းကိုလည်း သတိပေးထားသည်။ ဆက်လက်၍ အနာကြီးရောဂါသည်၊ ကူးစက်နိုင် သောအခြေအနေရှိသူ ရောဂါရှင်နှင့်ကြာရှည်စွာ အတူနေထိုင်မှသာလျှင် ကူးစက်ဖြစ်ပွားနိုင်လေသည်။ အကယ်၍ ရောဂါရှင်နှင့်အိမ်သူအိမ်သားများ စားသောက်မှုမှအစ သီးခြားခွဲ၍ နေထိုင်မည်ဆိုပါက မကူးစက်နိုင်ပေ။ အနာကြီး ရောဂါကို ယခု ဆီဗာ(၁၉ဝ၆)ဆေးပြား၊ ဒီဒီအက်ဆေးပြား စသည်တို့ဖြင့် ကုသပြီး ယခင်က ကလောဆီဆေးကို အသုံး ပြုသည်။ ၄င်းမှာ ​လိမ်းဆေး ဖြစ်သည်။ အနာကြီးရောဂါ ဖြစ်ပွားသဖြင့် ကိုယ်အင်္ဂ࿿ါချို့တဲ့လျှင် ခွဲစိတ်ကုသပေးပုံ၊ ကျောင်းများတွင် ၄င်းရောဂါ ရှိ မရှိ စမ်းသပ်စစ်ဆေးပုံတို့ကိုလည်း ပြသထားလေသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အနိယတ ရဟန်းသိက္ခာပုဒ် (၂)ပါး
(၁) ရဟန်းသည် မိန်းမနှင့် အကာအကွယ် ရှိသော အများမမြင်သော နေရာ၌ နှစ်ယောက်တည်း အတူ မနေရ။
(၂) ရဟန်းသည် မိန်းမနှင့် အကာအကွယ် မရှိသော အများ မကြားရသော နေရာ၌ အတူ မနေရ။ (ဝိ၊ ၂၂၇ မှ)
အနန္တဂုဏ်(၅)ပါး
(၁)ဗုဒ္ဓဂုဏော အနန္တော - မြတ်စွာဘုရား၏ဂုဏ်ကျေးဇူးတော်သည် နှိုင်းစရာ မရှိ။
(၂)ဓမ္မဂုဏော အနန္တော - တရားတော်၏ဂုဏ်ကျေးဇူးတော်သည် နှိုင်းစရာ မရှိ။
(၃)သံဃဂုဏော အနန္တော - သံဃာတော်၏ဂုဏ်ကျေးဇူးတော်သည် နှိုင်းစရာ မရှိ။
(၄)မာတာပိတုဂုဏော ​အနန္တော - မိဘ၏ဂုဏ်ကျေးဇူးတော်သည် နှိုင်းစရာ မရှိ။
(၅)အာစရိယဂုဏော အနန္တော - ဆရာသမား၏ဂုဏ်ကျေးဇူးတော်သည် နှိုင်းစရာ မရှိ။
အနုပညာရှင်အမတော်ကြေး
၁၉၆၂ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် တော်လှန်ရေးအစိုးရသည် အနုပညာရှင်များအား အမတော်ကြေး ထုတ်ချေး ရန် ဥပဒေတစ်ရပ် ပြဋ္ဌဌာန်းပေးမည်ဟု ထုတ်ပြန်ခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အနုမြူဗုံးပညာရှင်
ကမ္ဘာတွင် ပထမဆုံး အနုမြူဗုံးပြုလုပ်ရာ၌ ပါဝင်ခဲ့သူမှာ ပါမောက္ခကလော့စ်ဖတ်ခ်ျ ဖြစ်သည်။ ၄င်းသည် ဗြိတိသျှ၏ လျှို့ဝှက်ထားသော အနုမြူဗုံးလုပ်နည်းကို ရုရှားထံ ရောင်းစားသည့်အတွက် ဗြိတိသျှအစိုးရ၏ထောင်ဒဏ်အပြစ်ပေး ခြင်းကို ခံခဲ့ရသည်။  (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
အနုမြူဗုံးဒဏ်
၁၉၅၃ ခုနှစ်၊ ဇွန်လ ၂ဝ ရက်နေ့က အမေရိကန်၏အနုမြူဗုံးလျှို့ဝှက်ချက်ကို ရုရှားသိအောင် လုပ်မိသော အမေရိကန် ပြည်သား(ရိုဇင်ဘတ်)တို့ဇနီးမောင်နှံအား လူသတ်ဓာတ်ကုလားထိုင်နှင့်ကွပ်မျက်ခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အနုမြူအသုံးအနှုန်း
အနုမြူဆိုသော ဝေါဟာရကို ဘီစီ ၅ဝဝ က (ဒီမိုကရေတက်)ဆိုသူက စတင်ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်။ (ဗဟုသုတဒိုင် ယာရီ-တွဲ-၇)
အနုမြူကြောင့် သေသူများ
အမေရိကန်အနုမြူဗုံးကြောင့် ဟီရိုရှီးမားတွင် လူ (၇၈၁၅ဝ)သေဆုံးပြီး ၃၇၄၂၅ ယောက် ဒဏ်ရာရခဲ့သည်။ ၁၃၉၈၃ ယောက် ပျောက်ဆုံးခဲ့သည်။ နာဂါဆာကီတွင်မူ လူ  ၃၉​​ဝဝဝ ယောက် သေခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အနောတတ္တအိုင်၏အရံတောင် (၅)လုံး
(၁) သုဒဿနတောင်။
(၂) စိတ္တရတောင်။
(၃) ကာဠာကုဋတောင်။
(၄) ဂန္ဓမာတောင်။
(၅) ကေလာသတောင်။
အပူချိန်တိုင်း ကိရိယာကို ထွင်ခဲ့သူ
ဖာရင်ဟိုက်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အပေါင်းအသင်း (၃)မျိုး
(၁)ယုတ်ညံ့သူကို ပေါင်းလျှင် မိမိမှာ ယုတ်ညံ့သူ ဖြစ်ရ၏။
(၂)တန်းတူသူကို ပေါင်းလျှင် မိမိမှာ မဆုတ်ယုတ်ရ၏။
(၃)အဆင့်အတန်းမြင့်သူကို ​ပေါင်းလျှင် လျင်မြန်စွာ မြင့်မားတိုးတက်ရ၏။ (အင်္ဂ࿿ုတ္တိုရ်၊ ၁-သေဝိတဗ္ဗသုတ်)။
အပိုင်းအခြား အဆီးအတား မရှိသော တရား(၅)ပါး
ပိုင်းခြားသတ်မှတ်၍မရ၊ အဆုံးမရှိ ပြုတတ် ဖြစ်တတ်သော သဘော(၅)ပါး ဖြစ်သည်။ လင်္က࿿ာဖြင့် ဖော်ပြလိုက်သည်။ သေသောက်တဲနှင့်၊ မလွဲသဘင်၊ သောက်ရေစင်နှင့်၊ ထို့ပြင်တသီး၊ မြစ်ခရီးနှင့်၊ အပြီးတူစွာ၊ မိန်းမမှာတည့်၊ ဝေလာ ကာလ၊ မရှိကြဘူး(မြန်မာမှု အဘိဓာန်-မောင်ဇနိယ)
အပယ်(၄)ပါး
(၁)ငရဲ - ချမ်းသာမှု အလျဉ်းမရှိသောအရပ်။
(၂)တိရစ္ဆာန် - မဂ်ဖိုလ်ကို ဖီလာပြု၍ မိုးကို ကျောပေးသော သတ္တဝါ။
(၃)ပြိတ္တာ - ကိုယ်လက်အင်္ဂ࿿ါ မမျှတသော သတ္တဝါ။
(၄)အသုရကာယ် - မရဲရင့်သော ပြိတ္တာ သတ္တဝါတစ်မျိုး။
အပ္ပမညာ စေတသိက် (၂)ပါး
(၁) ကရုဏာ - ဆင်းရဲသူများကို မြင်က သနားခြင်း။
(၂) မုဒိတာ - ချမ်းသာမှု ရသူများကို မြင်ပါက ဝမ်းမြောက်ခြင်း။
အပေါင်းအသင်း (၃)မျိုး
(၁) ယုတ်ညံ့သူကို ပေါင်းလျှင် မိမိမှာ ယုတ်ညံ့သူ ဖြစ်ရ၏။
(၂) တန်းတူသူကို ပေါင်းလျှင် မိမိမှာ မဆုတ်ယုတ်ရ၏။
(၃) အဆင့်အတန်း မြင့်သူကို ပေါင်းလျှင် လျင်မြန်စွာ မြင့်မား တိုးတက်ရ၏။ (အင်္ဂ࿿ုတ္တိုရ် ၁-သေဝိတဗ္ဗသုတ်-၁၂၃)
အဖသတ်မင်း (၅)ဦး
(၁) အဇာတသတ်မင်း။
(၂) ၄င်းမင်း၏သား - ဥဒယဘဒ္ဒမင်း။
(၃) ၄င်းမင်း၏သား - အနုရုဒ္ဓါမင်း။
(၄) ၄င်းမင်း၏သား - မုဏ္ဍဍမင်း။
(၅) ၄င်းမင်း၏သား - နာဂဒါသမင်း။ (၄င်းမင်း၏ လက်ထက်၌ အဆုံးသတ်သည်။)
အဖွဲ့ပျက်ပြယ်ခြင်း အကြောင်း(၃)ပါး
(၁)ဗဟုနေတ္တာရ-နည်းညွှန်လမ်းပြ အကြီးအမှူးလုပ်လိုသူ ပေါများခြင်း။
(၂)သဗ္ဗပဏ္ဍဍိတမာနီ-မိမိကိုယ်ကို ပညာရှိဟု ဘဝင်မြင့်သူ များခြင်း။
(၃)ဗဟုမဟိစ္ဆာ-ရာထူး မက်မောသူ များခြင်း။
အဘိဉာဏ် (၅)ပါး
(၁) ဣဒ္ဓိဝိဓအဘိဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သော ဉာဏ်။
(၂) ဒိဗ္ဗသောတအဘိဉာဏ် - နတ်တို့ နားကဲ့သို့ ကြားနိုင်သော ဉာဏ်။
(၃) ပရစိတ္တဝိဇာနနအဘိဉာဏ် - သူတစ်ပါးစိတ်ကို ပိုင်းခြား၍ သိ​နိုင်သော ဉာဏ်။
(၄) ပုဗေနိဝါသအဘိဉာဏ် - ​ရှေးရှေးသောဘဝက ဖြစ်စဉ်ကို သိနိုင်သော ဉာဏ်။
(၅) ဒိဗ္ဗစက္ခုအဘိဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ မြင်နိုင်သော ဉာဏ်။ (သင်္ဂ࿿ြိုဟ်)
အမေရိကန်ရှိ ကမ္ဘာ့အရှည်ဆုံးတံတားတစ်ခု (ကမ္ဘာ့အရှည်ဆုံးတံတားကိုလည်း ရှု)
ကမ္ဘာပေါ်ရှိ အရှည်ဆုံးတံတားများအနက် အမေရိကန်ပြည် ဆန်ဖရန်စစ္စကို အုက္ကလန်တံတားသည် တစ်ခုအပါအဝင် ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အမေရိကန်ကြေးစား ဘောအသင်း
အမေရိကန်ပြည်ထောင်စုတွင် ကြေးစား​ဘောလုံးအသင်းကို ၁၉၂ဝ ပြည့်နှစ်က စတင်ဖွဲ့စည်းခဲ့သည်။ (ဗဟုသုတဒိုင် ယာရီ-တွဲ-၇)
အမေရိကန်နှင့်ဂီတာ
အမေရိကန်ပြညည်ထောင်စုတွင် အပျော်တမ်းတူရိယာသမား သန်း ၄ဝ နီးပါးခန့်ရှိပြီး ၄င်းတို့အအနက် လေးပုံတစ်ပုံ မှာ ဂီတာတီးကြသည်ဟုဆိုသည်။ ၁၉၆၅ ခုနှစ်က အမေရိကန်တစ်ပြည်လုံးတွင် ဂီတာအလုံးပေါင်း တစ်သန်းခွဲရောင်း ချရသည်ဆိုသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အမေရိကန်လေကြောင်း (Pan American)
ပင်(န်)အမေရိကန်လေကြောင်းသည် ၁၉၂၉ ခုနှစ်တွင် အင်္ဂ္လန်နှင့်အိန္ဒိယသို့လည်းကောင်း၊ ၁၉၃ဝ ပြည့်တွင် နယ်သာ လန်မှ နယ်သာလန်အရှေ့အိန္ဒိယသို့လည်းကောင်း၊ စတင်ပျံသန်းခဲ့ပြီး ၁၉၃၈ ခုနှစ်အရောက်တွင် ကမ္ဘာ့တစ်ဝက်ခရီး သို့ ပျံသန်းနေပြီ ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အမေရိကန် လူမှုဖူလှုံရေး
အမေရိကန်ပြည်ထောင်စုတွင် လူမှုဖူလှုံရေးဥပဒေကို ၁၉၃၅ ခုနှစ်က ပြဋ္ဌဌာန်းခဲ့သည်။ ဥပဒေပြဋ္ဌဌာန်းခြင်း၏ရည်ရွယ် ချက်မှာ အလုပ်လက်မဲ့များ၊ အသက်အရွယ် အိုမင်းသူများ၊ မှီခိုသူခလေးသူငယ်များ၊ မျက်မမြင်ဒုက္ခိတများအတွက် လိုအပ်သလို ကူညီစောင့်ရှောက်ရန် ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အမေရိကန်လုပ်သား အနည်းဆုံးလုပ်ခ
အမေရိကန်ပြည်တွင် ပထမဆုံးလုပ်သားများ၏အနည်းဆုံးလုပ်ခဥပဒေ (Mininum Wage Law) ကို ၁၉၁၂ ခုနှစ်က ပြဋ္ဌဌာန်းခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အမေရိကန်နှင့်ကျောက်မီးသွေး
အမေရိကန်ပြည်သည် ကမ္ဘာပေါ်ရှိ ကျောက်မီးသွေးများအနက် ၃၅ ရာခိုင်နှုန်း ထွက်လေသည်။ (ဗဟုသုတဒိုင်ယာရီ- တွဲ-၇)
အမေရိကန်ဒေါ်လာ
အမေရိကန်ပြည်​ထောင်စုသည် ဒေါ်လာအသုံးပြုသော နိုင်ငံတစ်ခုဖြစ်သည်။ ၄င်းဒေါ်လာအကြွမျေားကို အမေရိကန် ပြည် ဖိလဒယ်လ်ဖီရာနှင့်ဒင်ဗီရှိဖက်ဒရယ်သွန်း ဒင်္ဂ࿿ါးစက်ရုံတွင် ပြုလုပ်သည်။ ဒေါ်လာပြားများ ပြုလုပ်ပုံမှာ ပထမ (Alloy)ခေါ် ရောစပ်သတ္တု ပြုလုပ်သည်။ ၄င်းမှာ အထူပြုလုပ်ထား​သည့်သတ္တု ဖြစ်သည်။ ထိုနောက် လျှပ်စစ်မီးဖိုဖြင့် ၄င်းသတ္တုကို ကျိုသည်။ ပြီးလျှင် ခပ်ပါးပါးအချောင်းကလေးများ ပြုလုပ်သည်။ ထိုမှတစ်ဆင့် ၄င်းအချောင်းများကို ဒေါ်လာပြားအထူအတိုင်းရှိအောင် အစရှည်များ ပြုလုပ်သည်။ ပြုလုပ်ပြီးသား အစရှည်များကို (Punch Machine) ဖောက်စက်သို့ပို့ကာ ပိုက်ဆံပုံစံ အကြမ်းထည်အဖြစ် ဖြတ်တောက်သည်။ ထိုပိုက်ဆံပုံစံကြမ်းများကို အနားများထူရန်၊ ရေတွက်ရာ၌ လွယ်ကူစေရန်၊ အကိုင်အတွယ်ခံစေရန် အချောသတ်ပြုလုပ်မွမ်းမံပြီး ပိုက်ဆံပေါ်တွင် တံဆိပ် ရိုက်နှိပ် လေသည်။ ဤတွင် အမေရိကန်ဒေါ်လာ(အကြွေ)များ ဖြစ်လာပေတော့သည်။
အမေရိကန်​ဒေါ်လာပိုက်ဆံများ
၁။ ၁ ဒေါ်လာ
၂။ ၂ ဒေါ်လာ
၃။ ၅ ဒေါ်လာ
၎။ ​၁ဝ ဒေါ်လာ
၅။ ၂ဝ ဒေါ်လာ
၆။ ၅ဝ ဒေါ်လာ
၇။ ၁ဝဝ ဒေါ်လာ
၈။ ၅ဝဝ ဒေါ်လာ
၉။ ၁ဝဝဝ ဒေါ်လာ
၁ဝ။ ၅ဝဝဝ ဒေါ်လာ
၁၁။ ၁ဝဝဝဝ ဒေါ်လာ
၁၂။ ၁ဝဝဝဝဝ ဒေါ်လာ
၎င်းတို့မှာ တစ်ချပ်တည်းနှင့်ဖော်ပြပါ တန်ဖိုးရှိဒေါ်လာစက္ကူများ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် စက္ကူ ဒေါ်လာများကို တစ်ဒေါ်လာမှဒေါ်လာတစ်သိန်းတန်အထိ ထုတ်ဝေလေသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အမေရိကန်ဆင့်ဒေါ်လာ
အမေရိကန်ပြည်တွင် ယခုလက်ရှိ သုံးစွဲနေသော [Cents]ဒေါ်လာများကို ၁၈၅၆ ခုနှစ်က ပထမဆုံး သွန်းလုပ်ခဲ့သည်။ ၄င်းဆင့်ပြားပေါ်တွင် လင်းယုန်တစ်ကောင် ပျံသန်းနေပုံကို တံဆိပ်အဖြစ် ခပ်နှိပ်ထားပြီး အရောင်မှာ သတ္တုအဖြူ ရောင် ဖြစ်သည်။
အမေရိကန်မှ တိုင်းခြားသို့ ငွေပို့လိုလျှင်
အမေရိကန်မှ တိုင်းခြားသို့ ငွေပို့လိုပါမူ စာတိုက်သို့ သွား၍ စာတိုက်တွင် (International Money Order)အပြည်ပြည် ဆိုင်ရာ ငွေပို့လွှာကို တောင်းခံ၍ ပို့နိုင်သည်။ စာတိုက်မှပို့မည့် တိုင်းပြည်မှငွေသည် အမေရိကန်ဒေါ်လာငွေအရ မည်မျှ တန်ဖိုးရှိသည်ကို ရှင်းပြသည်။ သို့မှသာ မပို့လိုလျှင် အမေရိကန်[Express]မှ ပို့နိုင်ပေသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ- ၇)
အမေရိကန်သမ္မတ ကနေဒီ
ဂျွန်ဖစ်(ဇ်)ဂျရဲလ်(ဒ)ကနေနဒီသည် အမေရိကန်ပြည်၏ ၁၅ ကြိမ်မြောက် သမ္မတ ဖြစ်သည်။ တက္ကဆပ်ပြည်နယ်အုပ် ချုပ်ရေးမှူး အိုကွန်နယ်လီနှင့်အတူ ဒါးလက်(စ်)မြို့တွင်း လှည့်လည်သွားလာနေစဉ် လုပ်ကြံခံရသည်။ သေနတ်အပစ် ခံရပြီး တစ်နာရီခွဲခန့်အကြာ ၄င်းပြည်နယ် ပါကရင်ဆေးရုံတွင် ကွယ်လွန်သည်။ ကွယ်လွန်သောနေ့မှာ ၁၉၆၃ ခု၊ နိုဝင် ဘာလ ၂၂ ရက်နေ့ ဖြစ်၍ ဖခင်မှာ ဂျိုးဇက်ပီကနေဒီ ဖြစ်သည်။ ၁၉၁၇ ခု၊ မေလ ၂၉ ရက်နေ့ ဘော်စကုန်မြို့အနီးတွင် ဖွားမြင်သည်။ သားချင်း ၉ ဦးအနက် ဒုတိယသား ဖြစ်၍ နိုင်ငံရေးပညာကို အထူးလိုက်စားခဲ့သည်။ ၁၉၄၁ ခုက ရေ တပ်တွင် အရာရှိငယ်အဖြစ် အမှုထမ်းခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် ၄င်းအုပ်ချုပ်သော ပီတီ ၁ဝ၉ သင်္ဘ࿿ောသည် ပစိဖိတ် အတွင်း ဂျပန်ဖျက်သင်္ဘ࿿ောကြောင့် ထက်ပိုင်းပြတ်ခဲ့သော်လည်း အသက်မသေခဲ့ပေ။ သတင်းထောက်လည်း လုပ်ခဲ့ ဖူးသည်။ စစ်ပွဲတစ်ခုတွင် ကျဆုံးခဲ့သော ၄င်း၏အစ်ကို ဂျိုးဇက်ကြောင့် ကနေဒီသည် နိုင်ငံရေးနယ်ထဲသို့ ခြေစုံပစ်ဝင်ခဲ့ သည်။ မက်ဆာချူးဆက်နယ်၏ ၁၁ ကြိမ်မြောက် အောက်လွှတ်တော်အမတ်အဖြစ် အရွေးခံရသည်။ ထိုစဉ်က အ သက် ၂၉ နှစ်သာ ရှိသေး၏။ ၄င်းရေးသော(ခေါင်းဆောင်နှင့်သတ္တိစာအုပ်မှာ) ၁၉၅၆ ခုနှစ်တွင် အကောင်းဆုံးအထု ပ္ပတ္တိစာအုပ်အဖြစ် ပူလစ်ဇာဆု ရရှိခဲ့သည်။ ၄င်းနှစ်တွင် ဒီမိုကရက်တစ်ပါတီမှ ဒု-သမ္မတလောင်း ရွေးရာ ရှုံးခဲ့သည်။ ၁၉၆၁ ခု၊ ဇန်နဝါရီ ၂ဝ ရက်တွင် အမေရိကန်ပြည်၏သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ (ဗဟုသုတ ဒိုင်ယာရီ-တွဲ-၁)
အမေရိကန်ပြည်ထောင်စု၏အကောင်းဆုံး သတင်းစာများ
(၁)နယူးယောက်တိုင်းမ်
(၂)ခရစ်ယာန်သိပ္ပံမော်နီတာ
(၃)ဝေါ(လ်)စထရစ်ဂျာနယ်
(၄)စိန့်လူဝစ်(စ်)ပို့(စ်)ဒက်စပက်(ခ်ျ)
(၅)မီး(လ်)ဝေါ့စကီးဂျာနယ် (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အမေရိကန်အစောဆုံး ဒင်္ဂ࿿ါးရုံ
၁၉၅၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် အမေရိကန်ပြည်၌ အစောဆုံး ဒင်္ဂ࿿ါးစက်ရုံကို တည်ထောင်ခဲ့သည်။ (ဗဟုသုတဒိုင် ယာရီ-တွဲ-၇)
အမေရိကန်၏အဆိပ်မိုး
၁၉၆၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ဝ ရက်နေ့အထိ တောင်ဗီယက်နမ်တွင် အမေရိကန်တို့က လေယာဉ်ပျံဖြင့် အဆိပ်ရည် များ ပက်ဖျန်းချမှုကြောင့် ဘင်ထရီနှင့်မိုင်သိုနယ်များတွင် လူပေါင်း (၅ဝဝဝ)ကျော်မှာ အဆိပ်ရည်ဒဏ်ကို ခံစားခဲ့ရ လေသည်။ ထိုအဆိပ်သင့်သူများအနက် ဘင်ထရီနယ် သွံဒီယမ်ကျေးရွာတစ်ရွာထဲပင်လျှင် လူပေါင်း(၁၇ဝဝ) ရှိနေပြီး အများဆုံး ခံရသူများမှာ ကလေးသူငယ်များ ဖြစ်ကြသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အမြင့်ပေ (၃ဝဝဝဝ)၌နေလျှင်
အမြင့်ပေ (၃ဝဝဝဝ)၌နေသူ တစ်ယောက်သည် လေရှူသောကိရိယာမပါလျှင် (၂)မိနစ်ခွဲတွင် သတိလစ်ပြီး (၁၅)မိနစ် တွင် သေမည်ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အမျိုးသမီးဆရာဝန်
ဆိုဗီယက်တွင် ရှိသည့်ဆရာဝန်များအနက် ၇ဝ-ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ- ၇)
အမျိုးသမီးလက်ဝှေ့
၁၉၅၂ ခုနှစ်က လန်ဒန်တွင် (ဘာဘရာ)ဆိုသူ အမျိုးသမီးလက်ဝှေ့သမား ပေါ်ခဲ့၏။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အမျိုးသားစာကြည့်တိုက်
မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂ္လိပ်များ သိမ်းပိုက်ပြီးနောက် ပထမဆုံး ပေါ်ပေါက်ခဲ့သော စာကြည့်တိုက်မှာ ၁၈၈၃ ခုနှစ်တွင် ဆာချားလ်စ်ဘားနဒ်ဆိုသူ စတင်တည်ထောင်ခဲ့သော ဘားနဒ်ပိဋကတ်တိုက်ကြီးပင် ဖြစ်သည်။ ထိုစာကြည့် တိုက်ကြီးသို့ တရားဝန်ကြီးဂျာဒါးနှင့်ပါဠိပါမောက္ခချီလဒါဆိုသူတို့က အဖိုးတန်စာအုပ် များစွာ လှူဒါန်းခဲ့ပြီး မြန်မာ လူမျိုးထဲမှ ရန်ကုန်မြို့ရှိ ဦးမျှင်နှင့်ဦးမြို့ဆိုသူတို့က ငွေကျပ် တစ်သောင်းတန် ပေမူ ပုရပိုက်မူများ လှူဒါန်းခဲ့ကြောင်း ​တွေ့ရှိရသည်။ ထိုစာကြည့်တိုက်ကို ပထမ အစိုးရပညာရေးဆင်ဒီကိတ်အဖွဲ့မှ အုပ်ချုပ်ခဲ့သည်။ ၁၉၂၃ ခုနှစ်ကစပြီး စာ ကြည့်တိုက်အုပ်ချုပ်ရေးအအဖွဲ့ ဖွဲ့စည်း၍ အုပ်ချုပ်စေကာ အစိုးရက အထောက်အပံ့ပေးသည်။ ထိုနောက် ရန်ကုန်မြူနီ စီပယ်အဖွဲ့က ထောက်ပံ့ခဲ့သည်။
၁၉၁​ဝ ခုနှစ်လောက်တွင် မြန်မာနိုင်ငံ၌ စာကြည့်တိုက်လုပ်ငန်း တွင်ကျယ်စ ပြုလာသည်။ ၁၉၂၅ ခုနှစ်တွင် မစ္စတာ ဖာနီဗယ်ဆိုသူက ဦးဆောင်၍ စာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် ဟောပြောခြင်း၊ မြန်မာနိုင်ငံပညာပြန့်ပွားရေး အသင်းက အားပေးခြင်းတို့ကြောင့် စာကြည့်တိုက်လုပ်ငန်းများ ပိုမိုအောင်မြင်လာခဲ့သည်။
၁၉၂၅ ခုနှစ်မှ ၁၉၃၃ ခုနှစ်အထိ အစိုးရက စာကြည့်တိုက်များအတွက် နှစ်စဉ် ငွေကျပ် တစ်သောင်းမျှ ထောက်ပံ့ခဲ့ သည်။ ၁၉၃၆ ခုနှစ်တွင် မြန်မာနိုင်ငံအရပ်ရပ်၌ စာကြည့်တိုက်ပေါင်း ၁၈၆ ခု ရှိခဲ့ပြီး ၁၄၆ ခုမှာ အစိုးရ ထောက်ပံ့ငွေ ရ ရှိခဲ့သည်။
၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က ရန်ကုန်မြို့ မြူရုံးအဆောက်အဦအတွင်း ဖွင့်လှစ်လိုက်သော အမျိုးသားစာ ကြည့်တိုက်တွင် ပုံနှိပ်စာပေါင်း လေးသောင်းခန့်၊ လက်ရေးစာမူပေါင်း လေးထောင်ကျော်၊ သတင်းစာလေး​သောင်း တစ်ထောင်၊ မဂ္ဂဇင်းဂျာနယ် တစ်သောင်းခုနစ်ထောင်နီးပါး ရှိသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
အမျိုးသားစာကြည့်တိုက်
၎င်းစာကြည့်တိုက်သည် ဘားနဒ်စာကြည့်တိုက်မှ ပေါက်ဖွားခဲ့သည်။ ၁၈၈၃ ခု၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က အောက် မြန်မာနိုင်ငံမင်းကြီး ဆာချားအက်ဒွပ်ဘားနဒ်သည် မိမိပိုင်စာအုပ်များနှင့်(ယခုဗဟိုတန်းမြင့်ကျောင်း)နေရာတွင် စာ ကြည့်တိုက်ကို ဖွင့်လှစ်ခဲ့သည်။ ၄င်းစာကြည့်တိုက်သို့ ဦးဆုံးအဖိုးတန်စာအုပ်စာတမ်းများ လှူဒါန်းသူများမှာ တရား ဝန်ကြီးဆာဂျွန်ဂျားဒင်း ပါဠိပါမောက္ခချိလဒါ၊ ဦးဖိုးမျှင်နှင့်ဦးမြို့တို့ ဖြစ်သည်။ ဦးဖိုးမျှင်နှင့်ဦးမြို့တို့က တစ်သောင်း တန် ပေမူ ပုရပိုက်များကို ရေစက်ချ၍ လှူဒါန်းခဲ့သည်။ ၁၉၂ဝ ခုက ကင်းဝန်မင်းကြီးပိဋကတ်တော်များကို ၁၅ဝဝဝ ကျပ်ပေး၍လည်းကောင်း၊ ၁၉၂၄ ခုနှစ်တွင် ပုဂံဝန်ထောက်ဦးတင်၏ပိဋကတ်တိုက်ကို ငွေ ၅ဝဝဝ ကျပ်ပေး၍လည်း ကောင်း၊ ဝယ်ယူပြီး စာကြည့်တိုက်ကို တိုးချဲ့ခဲ့သည်။
၁၉၄ဝ ခုတွင် စာကြည့်တိုက်၌ စာအုပ်စာတမ်းပေါင်း နှစ်သောင်းနီးပါး စုဆောင်းခဲ့ပြီး ၁၉၄၂ ခုတွင် ပုံနှိပ်စာပေါင်း နှစ် သောင်းသုံးရာ့ငါးအုပ်နှင့်ပေမူ ပုရပိုက်ပေါင်း ၇၅ဝဝ ခန့် စုဆောင်းမိသည်။ စာကြည့်တိုက်ကို အစိုးရပညာရေးဆင်ဒီ ကိတ်က အုပ်ချုပ်ခဲ့ပြီး အစိုးရနှင့်မြူအဖွဲ့က နှစ်စဉ်ထောက်ပံ့ကြေးများ ပေးခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွား ချိန်တွင် စာကြည့်တိုက်မှာ စစ်ဒဏ်ကြောင့် စာအုပ်စာတမ်းများ ဆုံးရှုံးခဲ့ရသည်။ စစ်ပြီးနောက် ၁၉၄၈ ခု၊ ဩဂုတ်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၁၉၅၂ ခုတွင် စာကြည့်တိုက်ကို အစိုးရသို့ ပေးအပ်ပြီး အဆောက်အဦကို ဂျူဗ လီဟောသို့ ပြောင်းခဲ့သည်။ ၄င်းနှစ် ဇွန်လတွင် ယဉ်ကျေးမှုဌာနက အမျိုးသားစာကြည့်တိုက်ဟု အမည်ပေး၍ ဖွင့်လှစ် ခဲ့သည်။ တော်လှန်ရေးအစိုးရ တက်လာပြီးနောက် စာကြည့်တိုက်ကို ပန်းဆိုးတန်းရှိ တိုက်အမှတ် ၁၆၆ သို့ ပြောင်းရွှေ့ ခဲ့ပြီး ၂ နှစ်အကြာတွင် ၁၉၆၅ ခုနှစ် ဦးပိုင်း၌ မြို့တော်ခန်းမ တတိယထပ်တွင် ပြန်လည်မွမ်းမံ ဖွင့်လှစ်ခဲ့သည်။ (ဗဟု သုတဒိုင်ယာရီ-တွဲ-၁)
အမျိုးသားစာပေဆု (၁၉၆၈)
၁၉၆၈ ခုနှစ်၊ အမျိုးသား စာပေဆုများကို ဆုလေးဆုစီ ၁ဝ မျိုး၊ ဆုပေါင်း ၄ဝ ချီးမြှင့်ရန် သတ်မှတ်ခဲ့သော်လည်း ၂၇ ဆု သာလျှင် ချီးမြှင့်နိုင်ခဲ့သည်။ ပြိုင်ပွဲဝင် စာအုပ်နှင့်စာမူပေါင်း ၃၇၃ ခုသာလျှင် ရှိသည်။ ဆုရ ၂၇ ဆုအနက် ၁၂ ဆုမှာ လက်ရေးမူများ ဖြစ်သည်။ ဝတ္ထုရှည်အတွက် ၄၄၊ ပြဇာတ် ၆၊ စာပဒေသာ ၃၃၊ ဘာသာပြန် ၁၇၊ ကလေးစာပေ ၅၃၊ အနုပညာနှင့်ယဉ်ကျေးမှု ၁၁၊ နိုင်ငံရေး ၈၊ သုတပဒေသာ ၄၆၊ ဝတ္ထုတိုပေါင်းချုပ် ၄၄၊ ကဗျာဆု အတွက် ၁၁၁ ပါဝင် ယှဉ်ပြိုင်ကြသည်။
၁၉၆၈ ခုနှစ်၊ အမျိုးသားစာပေဆုရ စာအုပ်၊ စာမူများမှာ အောက်ပါအတိုင်း ဖြစ်သည်။
ဝတ္ထုရှည်
ဒုတိယဆု။ ငွေ ၁၅ဝဝိ၊ မောင်သိင်္ခ࿿ ရေး။ လမင်းတရာ(စာမူ)။
တတိယဆု။ ငွေ ၁ဝဝဝိ၊ နာဂတောင်တန်းမောင်ကြည်ဇင်ရေး အောင်ပွဲခြိမ့်ခြိမ့် ရင်သိမ့်သိမ့်။ (စာအုပ်)
စတုတ္ထဆု။ ငွေ ၅ဝဝိ၊ သိန်းဖေမြင့်ရေး သီတာပြုံး(စာအုပ်)။
ဝတ္ထုတိုပေါင်းချုပ်
ဒုတိယဆု။ ငွေ ၁ဝဝဝိ၊ ရန်အောင်ရေး ကြုံလေ ဘုံဘွေ(စာအုပ်)။
တတိယဆု။ ငွေ ၇၅ဝိ၊ ချစ်စံရေး တညနှင့်တသက်(စာအုပ်)။
စတုတ္ထဆု။ ငွေ ၅ဝဝိ၊ မြင့်ရည်​(တမာမြေ)ရေး အစီခံ(စာမူ)။
ကဗျာဆု
ဒုတိယဆု။ ငွေ ၁ဝဝဝိ၊ မြေလတ်ကျော်စိန်ရေး အတ္တဆိုင်ရာဘဝကဗျာများ။ (စာမူ)
တတိယဆု။ ငွေ ၇၅ဝိ၊ ပုသိမ်မောင်စိမ်းသူရေး ပြည်သူ့အားမာန် မိုးယံသို့ချီ (စာမူ)
စတုတ္ထဆု။ ငွေ ၅ဝဝိ၊ မောင်မွန်နွယ်(ရွှေ​​ဝယ်ရေး ပန်းပေါင်းဝေဆာကဗျာများ) (စာမူ)
ပဒေသာဆု
ဒုတိယဆု။ ငွေ ၁ဝဝဝိ၊ လင်းယုန်သစ်လွင်ရေး ယိုးဒယားမြန်မာမီးရထားလမ်း ကိုယ်တွေ့ချွေးတပ် မှတ်တမ်း(စာအုပ်)
တတိယဆု။ ငွေ ၇၅ဝိ၊ တက္ကသိုလ်ဝင်းမွန်ရေး ခေတ်သစ်ကဗျာမိတ်ဖွဲ့ (စာအုပ်)။
စတုတ္ထဆု။ ငွေ ၅ဝဝိ၊ ရန်အောင်ရေး ရန်အောင့်စာ ရန်အောင့်ဘဝ (စာအုပ်)။
ဘာသာပြန်ဆု
ပထမဆု။ ငွေ ၁၅ဝဝိ၊ မောင်ဆုရှင်ပြန် ပင်လယ်ပြာနှင့်တံငါအို (စာမူ)။ The old man and the sea. Ernest Hemming way.
ဒုတိယဆု။ ငွေ ၁ဝဝဝိ၊ မြသိန်း(တပ်မတော်ပညာရေး)၏ နံနက်ခင်းကို စိုးမိုးသူ (စာမူ)။ Command the morning Pearl. S.Buck
တတိယဆု။ ငွေ ၇၅ဝိ၊ အောင်ခန့်ပြန် ရဲသွေးနီနီ (စာအုပ်)။
စတုတ္ထဆု။ ငွေ ၅ဝဝိ၊ ဆန်းလွင်ပြန် ဖဲသမား (စာအုပ်)။
ကလေးစာပေဆု
ဒုတိယဆု​။ ငွေ ၁ဝဝဝိ၊ တက္ကသိုလ်ကြည်မာရေး အသိအလိမ္မာကဗျာများ (စာမူ)
တတိယဆုငွေ။ ငွေ ၇၅ဝိ၊ မောင်သက်ကြူရေး ရွှေသွေးမျက်ရှု စာယဉ်စု (စာမူ)
စတုတ္ထဆု။ ငွေ ၅ဝဝိ၊ သူရဇော်ရေး ရောင်နီဦး ကဗျာများ (စာမူ)
မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆု
ဒုတိယဆု။ ငွေ ၁ဝဝဝိ၊ ဦးအောင်သန်းထွန်းရေး မြန်မာမင်းများ တရားစီရင်ရေး(စာအုပ်)။
တတိယဆု။ ငွေ ၇၅ဝိ၊ သပြေညို မောင်ကိုဦးရေး မြန်မာ့ရွှေဆိုင်း (စာမူ)
စတုတ္ထဆု။ ငွေ ၇၅ဝိ၊ ထားဝယ်ကျော်မင်းရေး ထားဝယ်ယဉ်ကျေးမှု အမြုတေ(စာမူ)။
နိုင်ငံရေးဆိုင်ရာစာပေဆု
ဒုတိယဆု။ ငွေ ၁ဝဝဝိ၊ သခင်လွင်ရေး မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း (စာအုပ်)။ဿ
သုတပဒေသာဆု
ပထမဆု။ ငွေ ၁၅ဝ​ဝိ၊ ဦးအောင်သန်းထွန်း ခေတ်လေးခေတ်မြန်မာ့တရားဥပဒေ(စာအုပ်)။
ဒုတိယဆု။ ငွေ ၁ဝဝဝိ၊ စဝ်ထွန်းမှတ်ဝင်းရေး သုတေသနပြုစုနည်းအမျိုးမျိုး (စာမူ)။
တတိယဆု။ ငွေ ၇၅ဝိ၊ ဦးမိုးရေး မြန်မာ့စဉ်လာ နက္ခတ်တာရာ အမြင်ကြည့်သင်ခန်းစာနှင့်နေပတ်ကြန္တိဇယားချုပ် (စာ မူ)။
စတုတ္ထဆု။ ငွေ ၅ဝဝိ၊ မောင်စင်ကြယ်ရေး အသွင်ကူးပြောင်းရေးကာလ(စာအုပ်)။
သွေးသောက်မဂ္ဂဇင်း၊ ၁၉၆၉ ခု၊ ဒီဇင်ဘာ၊ မှတ် ၂၈၇၊ နှာ ၈။
အမျိုးသားစာပေညီလာခံကြီး
၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ ကမ္ဘာအေးကုန်းမြေ၌ ကျင်းပခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ- ၂)
အမျိုးသားနေ့
အမျိုးသားနေ့ကို ၁၉၂၁ ခုနှစ်မှစ၍ ကျင်းပခဲ့၏။ အမျိုးသားနေ့အဖြစ် ပေါ်လာခြင်းမှာ ရန်ကုန်ကောလိပ်မှ ယူနီဗာစီ တီဥ​ပဒေကို မကြိုက်၍ ကန့်ကွက်ရှုံ့ချရာမှ မြန်မာသက္ကရာဇ် ၁၂၈၂ ခု၊ တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့တွင် ကျောင်းသားများ သပိတ်မှောက်ခဲ့ကြသည်။ ထိုနေ့ကို ဂျီစီဘီအေအသင်းက အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၂ဝ ခုတွင် အမျိုးသားကျောင်းပေါင်း ၉ဝ ကျော် ကျောင်းသားပေါင်း ၁၇ဝဝဝ ရှိခဲ့သည်။ ဗဟန်းရှိ ရွှေကျင်တိုက်တွင် အမျိုးသားကောလိပ် ဖွင့်ခဲ့ရာ သခင်ကိုယ်တော်မှိုင်းက ရာဇဝင်နှင့်မြန်မာစာကထိက လုပ်ခဲ့သည်။ (ဗဟုသုတဒိုင်ယာ ရီ-တွဲ-၁)
အမျိုးသားနေ့ ဖြစ်ပေါ်လာရပုံ
၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းသားများ၏ပညာရေးတော် လှန်မှု သပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။ ထိုစဉ်က ဗြိတိသျှဘုရင်ခံမှာ (ဆာရယ်ဂျီနယ် ကရက်ဒေါက် ဖြစ်ပြီး ပညာမင်း ကြီးမှာ ဆာမတ်​ဟန်ထား)တို့ ဖြစ်၏။ ထိုစဉ်က ယူနီဗာစီတီအက်ဥပဒေအချို့မှာ ကျောင်းသားဦးရေကို ကန့်သတ် ထားခြင်း။ ကျောင်းအိပ် ကျောင်းစား ဖြစ်ရမည်ဟုဆိုထားခြင်း။ တက္ကသိုလ်ဝင်ခွင့်ရသူများမှာ အင်္ဂ္လိပ်စာ ထူးချွန်ရ မည်၊ တက္ကသိုလ်သို့ ရောက်စ ကျောင်းသားများသည် အင်္ဂ္လိပ်စာကို တစ်နှစ်သင်ကြားရဦးမည်။ တက္ကသိုလ်စာမေးပွဲ တွင် နှုတ်မေးခွန်းကိုလည်း ထားရဦးမည်။ ရိုးရိုးဘီအေ ဘီအက်စီရပြီးသူများသည် မဟာဝိဇ္ဇာ၊ မဟာသိပ္ပံဘွဲ့များတွင် သင်ကြားခွင့်မရခြင်း စသော ချုပ်ချယ်မှုများကြောင့် ပညာရေးတော်လှန်မှုသပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။ ထိုနေ့အား အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြ၏။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အမြင်မှန်စေမည် (ဆို-ကိုသန်းလှိုင်)
(ချစ်ဇောတွေ ဝေဖြာကာစည် နန်းထက်ဆီ လှမ်းတက်မည် မှန်းချက်ညီ ရွှင်လန်းစေဘို့အတည် မေတ္တာ စေတနာ ဝေသည် ပန်းပွင့်ပမာ လန်းဝင့်ကာ ဆန်းတင့်စရာ ကြည်နူးစေဘို့ရည်...)၂။
ဤကမ္ဘာမြေမဟီ လူသူအချင်းချင်း မညီ မာန်ဟုန်ငြိုးဖွဲ့ပြီ ကြင်နာခြင်း ကင်းသည် အမြင်မှန်စေမည် ကြင်နာခြင်း တရားသို့ညီ အစဉ်သာ မမှားဘို့ရည် မျှော်ရည်မှန်းဆသည်...။
လူတိုင်းပင် ကြင်ကြင်နာနာ ဘေးမသန်းစရာ အေးချမ်းစွာ တေးဆန်းပမာ သီကျူးပါလို့အတည် နိဗ္ဗာန်ခေမာသောင် ဆီ အမြဲမပျက်သည် တွဲလျက်ညီ နွှဲယှက်မည် ဆုထူးပန်သို့ညီ...။
ဤကမ္ဘာမြေမဟီ...ဆုထူးပန်သို့ညီ။
အမိုက်အမှောင်အင်္ဂ࿿ါ(၄)ပါး
(၁)လကွယ်နေ့။
(၂)သန်းခေါင်ယာမ်။
(၃)မိုးမှောင်ကျ။
(၄)တောအုပ်အတွင်း။
အရဟံဂုဏ်တော်
ဘုရားရှင်၏ဂုဏ်တော်(၉)ပါးအနက်မှ အရဟံဂုဏ်တော် မည်ရခြင်းများ၊ ဘုရားရှင်သည်...
(၁)အခါခပ်သိမ်း ကိလေသာ၌ မြူမျှမထင်မငြိ ကင်းဝေးတော်မူ၏။
(၂)ကိလေသာ ဟူဟူသမျှတို့ကို အရဟတ္တမဂ်ဖြင့် သတ်ငြိမ်းတော်မူသည်။
(၃)သံသရာတွင် အဖန်တလဲလဲ လည်စေမည့်အဝိဇ္ဇာ အစရှိသော သံသရာစက်၏အတားအဆီး မှန်သမျှကို ဖျက်ဆီး ပယ်ဖျောက် တော်မူသည်။
(၄)သင်္က္န်း အစရှိသော ပစ္စည်းများကို ခံယူတော်မူထိုက်သည်။
(၅)ပုထုဇဉ်လူသားတို့အတွက် ဆိတ်ကွယ်ရာသည် မကောင်းမှုကို ဖြစ်စေ၏။ ဘုရားရှင်အတွက် ထိုသို့ မဖြစ်။ ထို့ကြောင့် အရဟံဂုဏ် ​တော်နှင့်ပြည့်စုံသည် မည်၏။
အရဟံဂုဏ်တော် (၅)ချက်
(၁) အာရကတ္တာ - ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟ မည်၏။
(၂) ပစ္စယာဒီနံ အရဟတ္တာပိ - လူသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏အဖြစ်ကြောင့် အရဟ မည်၏။
(၃) နတ္ထိ ရဟော ဧတဿာတိ - ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှု ပြုခြင်းသည် မရှိသောကြောင့် အရဟ မည်၏။
(၄) အရီနံ ဟတတ္တာပိ - ကိလေသာတည်း ဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟ မည်၏။
(၅) အရာနံ ဟတတ္တာပိ - သံသရာစက်တို့၏ အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟ မည်၏။
အရာရှိအုပ်ချုပ်ရေး
၁၈၉၇ ခု၊ ဧပြီလ (၉)ရက်၊ သောကြာနေ့။ အိန္ဒိယပြည်ရှိ ဘုရင်ခံချုပ်က မြန်မာပြည်အား ပြည်နယ်တစ်ခုအဖြစ် ပြန်တမ်းတစ်ရပ် ထုတ်ပြန်ပြီးလျှင် လက်ရှိအုပ်ချုပ်လျက်ရှိ​သော မြန်မာပြည်မှ မင်းကြီးကိုလည်း လက်ထောက်ဘုရင်ခံဟု ခေါ်ဝေါ်သုံးစွဲစေကြရ မည်ဖြစ် ကြောင်း ထုတ်ပြန်ကျေညာလိုက်လေသည်။
၁၈၉၇ ခု၊ မေလ (၁)ရက်နေ့မှ မြန်မာပြည်သည် အိန္ဒိပြည်ရှိ ဘုရင်ခံချုပ်၏လက်အောက်၌ လက်ထောက်ဘုရင်ခံ တိုက်ရိုက်အုပ်ချုပ်​  သော မြန်မာပြည်နယ်ဟူသော ပြည်နယ်တစ်နယ် ဖြစ်လာကာ အုပ်ချုပ်ရေးအခြေအနေမှာ တစ်မျိုးတစ်မည် ပြောင်းလဲလာခဲ့ရလေ သည်။ အင်္ဂ္လိပ်နယ်ချဲ့တို့က မြန်မာနိုင်ငံကို နှိမ့်ချသော အခေါ်အဝေါ်ကို သုံးလျက် အိန္ဒိယနိုင်ငံ မြန်မာပြည်နယ်ဟု သတ်မှတ်​လျက် အိန္ဒိယဘုရင်ခံချုပ်၏လက်အောက်ခံ လက်ထောက်ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်စေခဲ့လေသည်။
ထိုနောက် မြန်မာပြည်နယ်ကို အုပ်ချုပ်ရသည့်လက်ထောက်ဘုရင်ခံအတွက် အကူအညီပေးနိုင်ရန် အတိုင်ပင်ခံ အကြံပေးအဖွဲ့ဝင် (၉) ဦး ပါဝင်သည့်အဖွဲ့တစ်ဖွဲ့ကို ထားရှိရပေသည်။ သို့ရာတွင် ထိုအဖွဲ့အား မြန်မာတို့ စိတ်ဝင်စားကြဟန် မတူပေ။ စိတ်ဝင်စားနိုင် လောက်သော အကြောင်းအရာတို့သည်လည်း မရှိချေ။ မိမိနိုင်ငံအား ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခြင်းခံနေရသော အချိန်တွင် အင်္ဂ္လိပ်နယ်ချဲ့တို့ ပေးသော အခွင့်အရေးကို မည်သူက လှိုက်လှဲစွာ ကြိုဆိုပါမည်နည်း။ (ဗမာ့တော်လှန်ရေးအဘိဓာန်-ဦးမြင့်ဝေ)
(၁)အဂ္ဂသာဝက-မြတ်သော ရဟန္တာ၊ ရှင်သာရိပုတ္တရာနှင့်ရှင်မောဂ္ဂလာန်။
(၂)မဟာသာဝက-မဟာကဿပ စသော အသီတိ မဟာသာဝက(၈ဝ)။
(၃)ပကတိသာဝက-သာမန်ရဟန္တာများ။
အရိယသစ္စာတရား (၄)ပါး
(၁)ဒုက္ခသစ္စာ - ဆင်းရဲခြင်းအမှန်။ (ရုပ် နာမ် ခန္ဓာ)
(၂)သမုဒယသစ္စာ - တွယ်တာတပ်မက်ခြင်းအမှန်။ (ကာမ ကိလေသာ)
(၃)နိရောဓသစ္စာ - ဒုက္ခငြိမ်းရာအမှန်။ (နိဗ္ဗာန်)
(၄)မဂ္ဂသစ္စာ - နိဗ္ဗာန်ရောက်ရန် ကျင့်လမ်းအမှန်။ (မဂ္ဂင်ရှစ်ပါး)
(၁) အဂ္ဂသာဝက - မြတ်သော ရဟန္တာ။ ရှင်သာရိပုတ္တရာနှင့်ရှင်မောဂ္ဂလာန်။
(၂) မဟာသာဝက -  မဟာကဿပ စသော အသီတိ မဟာသာဝက (၈ဝ)။
(၃) ပကတိသာဝက - သာမန် ရဟန္တာများ။
အရိယသစ္စာတရား (၄)မျိုး
(၁) ဒုက္ခသစ္စာ - ဆင်းရဲခြင်း အမှန်။ (ရုပ် နာမ် ခန္ဓာ)
(၂) သမုဒယသစ္စာ - တွယ်တာ တပ်မက်ခြင်း အမှန်။ (ကာမကိလေသာ)
(၃) နိရောဓသစ္စာ - ဒုက္ခငြိမ်းရာ အမှန်။ (နိဗ္ဗာန်)
(၄) မဂ္ဂသစ္စာ - နိဗ္ဗာန် ရောက်ရန် ကျင့်လမ်း အမှန်။ (မဂ္ဂင်ရှစ်ပါး)
အရူပဗြဟ္မာ(၄)ဘုံ
(၁)အာကာသာနဉ္စာယတန - ရုပ်မရှိသော ဗြဟ္မာဘုံ။ (ကောင်းကင်ပညတ်)
(၂)ဝိညာဏဉ္စာယတန - ရုပ်မရှိသော ဗြဟ္မာဘုံ။
(၃)အာကိဉ္စညာယတန - ရုပ်မရှိသော ဗြဟ္မာဘုံ။
(၄)နေဝသညာနာသညာယတန - ရုပ်မရှိသော ဗြဟ္မာဘုံ။
အရှေ့ဂျာမဏီ(ဂျီဒီအာ)အားကစားတက္ကသိုလ်
လိုက်ပဇစ်မြို့တွင် ရှိပြီး လူတစ်သိန်းခန့် ဆန့်သည်။ ၁၉၅ဝ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ဂီနီ၊ ဂါနာ၊ မော်ရိုကို၊ အင်ဒိုနီး ရှား၊ အီဂျစ်၊ ကျူးဘား၊ မြန်မာ စသော တိုင်းပြည်များမှ ကျောင်းသားများကို လက်ခံသင်ကြားပေးနေသည်။ ကျောင်း သားတစ်ဦးလျှင် ထောက်ပံ့ကြေး မတ် ၈ဝ ရရှိပြီး ထမင်းလခ မတ် ၆ဝ ပေးရ၏။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အရှေ့တောင်အာရှစီးပွားရေး ဖွံ့ဖြိုးမှုညီလာခံ
၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ဝါရှင်တန်နယ် စီတယ်လ်မြို့ အိုလံပစ်​ ဟော်တယ်တွင် ကိုလံဘိုစီမံကိန်းအတိုင်ပင်ခံ ကော်မီတီက အရှေ့တောင်အာရှနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးမှုညီလာခံ တစ်ရပ်ကို ကျင်းပခဲ့သည်။
အရှေ့တောင်အာရှနှင့်ဆိုရှယ်လစ်
အရှေ့တောင်အာရှတွင် ၁၉၃၄ ခုနှစ်က တည်ထောင်သော အိန္ဒိယဆိုရှယ်လစ်ပါတီသည် အစောဆုံး ဖြစ်သည်။ ဘီဟာ ပြည်နယ်တွင်မူ ဆိုရှယ်လစ်ပါတီကို ၁၉၃၁ ခုနှစ်၌ တည်ထောင်ခဲ့ပြီး ဆက်လက်၍ ပန်ဂျပ်-ဘင်္ဂ࿿ေါလ်နယ်တို့၌ တည် ထောင်ခဲ့သည်။ ဘင်္ဂ࿿ေါလ်ပြည်နယ်မှ ပါတီမှာ အလုပ်သမားပါတီ ဖြစ်သည်။ အိန္ဒိယပြည်၏ပထမဆုံး အိန္ဒိယဆိုရှယ် လစ်များ၏ကွန်ဖရင့်ကို ၁၉၃၄ ခုနှစ်၊ မေလ (၁၇)ရက်နေ့တွင် ပက်(တ်)နာ၌ ကျင်းပခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ- ၇)
အရှေ့တောင်အာရှပွဲတော်
ပထမအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ်မိသားစု ပြေးခုန်ပစ်ပွဲတော်ကြီးကို ယိုးဒယားနိုင်ငံ ဘန်ကောက် မြို့တော်တွင် ၁၉၅၉ ခု၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့ထိ ၆ ရက်တိုင်တိုင်ကျင်းပခဲ့သည်။ ၄င်းပွဲတော်တွင် မြန်မာ ပြည်မှ ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၄ ခု၊ ကြေးတံဆိပ် ၁၄ ခု ရရှိပြီး ဒုတိယ စွဲခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
အရှင်လတ်လတ် မြေမျိုသူ (၅)ယောက်
(၁) သုပ္ပဗုဒ္ဓမင်း - ဘုရားဆွမ်းခံကြွရာလမ်း၌ မဖယ်ပေး၍ ကပိလဝတ်ပြည်၌ မြေမျိုခြင်း။
(၂) သုပ္ပဗုဒ္ဓမင်း၏သား ဒေဝဒတ် - ဘုရားကို အမျိုးမျိုး ပြစ်မှား၍ သာဝတ္ထိပြည် ရေကန်၏အနီး၌ မြေမျိုခြင်း။
(၃) စိဉ္စမာဏဝိကာ - ဘုရားကို ကိုယ်ဝန်ဖြင့် စွပ်စွဲ၍ ဇေတဝန်ကျောင်းတော် အနီး၌ မြေမျိုခြင်း။
(၄) နန္ဒသတို့သား - ဥပ္ပလဝဏ် ရဟန္တာမကို တောကျောင်း၌ မေထုန်မှုပြုကျင့်၍ မြေမျိုခြင်း။
(၅) နန္ဒကဘီလူး - ရှင်သာရိပုတ္တရာ မထေရ်ကို ဂိဇ္ဈကုဋ်တောင်၌ တရားထိုင်နေစဉ် ဦးခေါင်းကို ပုတ်၍ မြေမျိုခြင်း။
အလင်္က࿿ာကျော်စွာ ဒေါ်စောမြဧကြည်
ငယ်မည်-ခင်စိန်ကြည်။
မြန်မာနှစ် ၁၂၅၃ ခုနှစ်တွင် မန္တလေး၌ ဖွားမြင်ခဲ့သည်။ အဖ သီပေါမင်းဗြဲတိုက်သံတော်ဆင့် ဦးမောင်မောင်တင်၊ အမိ ဘဏ္ဍဍာစိုး ခင်ဖွား။ ဒေါ်စောမြဧကြည်သည် အသက် ၁၂ နှစ်အရွယ်တွင် သီပေါမင်း၏ဝဲဘက်အဆိုတော် ဦးလူကြီးထံ တွင် အငြိမ့်ပညာ သင်ကြားခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ဂုဏ်ထူးဆောင် ပညာရေးဝိဇ္ဇာဘွဲ့ကို ချီးမြှင့်ခြင်း ခံရသည်။ ၁၉၄၂ ခုနှစ်၊ ဒုတိယကမ္ဘာစစ် စတင်ခဲ့သည့်အချိန်၌အထိ ရန်ကုန်ဂီတကျောင်းတွင် နည်းပြဆရာမကြီးအဖြစ် အမှုထမ်း ခဲ့၏။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အလင်းရောင်
တစ်စက္ကန့်တွင် ၁၈၆ဝဝဝ မိုင် သွားသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
အလောင်းတော်မြတ်၊ ဒေ​ဝဒတ်၊ ငါးဇာတ်သတ်ခဲ့ပုံ
ဂေါတမဘုရားအလောင်းတော်နှင့်ဒေဝဒတ်အလောင်းတို့သည် ဘဝအဆက်ဆက်တွင် တွေ့ဆုံဖြစ်ပျက် ပါရမီဖြည့်ဘက်များ ဖြစ်ကြ ရာ ဘဝငါးဘဝ၊ ဇာတ်ငါးဇာတ်တွင် ဒေဝဒတ်က အလောင်းတော်ကို အသေသတ်ခဲ့သည်။ လင်္က࿿ာဖြင့် ဖော်ပြလိုက်သည်။
စူဠနန္ဒိယ၊ ဒဒ္ဒရနှင့်၊ ဓမ္မပါလာ၊ မဟာကဝိ၊ တွင်ဘိသညီ၊ ခန္တီဝါဒ၊ နာမပညတ်၊ ဤငါးဇာတ်၌၊ မုန်းလတ်တုံကျင်၊ ရှင်ဒေဝဒတ်၊ အသေသတ်၍၊ လူ-နတ်-ဆရာ သေရရှာ၏။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)
အလဇ္ဇီရဟန်း၏အင်္ဂ࿿ါ (၃)ရပ်
(၁)သဉ္စိစ္စ အာပတ္တိံ အာပဇ္ဇတိ-စေတနာဖြင့် သိလျက် အပြစ်ကို ကျူးလွန်ခြင်း။
(၂)အာပတ္တိံ ပရိဂူဟတိ-ကျူးလွန်ပြီးသောအပြစ်ကို ထိန်ချန်ထားခြင်း။
(၃)အဂတိ ဂမနဉ္စ ဂစ္ဆတိ-ဘက်မလိုက်သင့်သည်ကို ဘက်လိုက်ခြင်း။
ရဟန်းတို့သည် ဤ ၃ ပါးကို မပြုကျင့်အပ်ပေ။
အလုပ်ခွင် ထိခိုက်မှု
မြန်မာပြည်တဝှန်းလုံးတွင် ၁၉၆၂ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ အလုပ်ခွင်၌ ထိခိုက်ဒဏ်ရာရရှိမှုများမှာ စုစုပေါင်း ၁၅၇၆၂ မှု ဖြစ်ပွားခဲ့သည်။ ထိုထိခိုက်မှုများအနက် ၃၈ ရာခိုင်နှုန်းမှာ လက်နှင့်လက်ချောင်းတွင်လည်းကောင်း၊ ၄၂ ရာခိုင်နှုန်း မှာ ခြေထောက်တွင်လည်းကောင်း၊ ၁ဝ ရာခိုင်နှုန်းမှာ ခေါင်း၊ လည်ပင်းနှင့်မျက်စိ၊ မျက်နှာတို့တွင်လည်းကောင်း အသီးသီး ဖြစ်ပွားခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အလုပ်သမားရေးရာပညာပေးသင်တန်း
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့်အလုပ်သမားရေးရာဌာနမှ ကြီးကြပ်၍ အလုပ်သမားရေးရာပညာပေးသင်တန်း များကို ၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့မှစ၍ မင်္ဂ္လာဒုံ၊ အမှတ်(၁)လေ့ကျင့်ရေးစခန်း၌ တစ်ကြိမ်လျှင် အလုပ် သမား (၁ဝဝ)ကျစီ ရွေးချယ်၍ သင်တန်းပေးခဲ့သည်။ ပထမဆုံးသင်တန်းတွင် ဉာဏအလုပ်သမား ၃၈ ဦး၊ ကာယ အလုပ်သမား ၆၂ ဦး၊ အမ်အေ တစ်ဦး၊ ဘီအေ ၅ ဦး၊ အိုင်အေ ၂ ဦး၊ ထိုအထဲတွင် ပုဂ္ဂလိကပိုင်စက်ရုံ ၁၂ ခုမှ အလုပ် သမားကြီး ၂၃ ဦး၊ ပြည်သူပိုင်စက်ရုံ၊ ဘုတ်အဖွဲ့များနှင့်အစိုးရဌာနအသီးသီး ၄၁ ဌာနမှ ကာယ၊ ဉာဏအလုပ်သမား ၇၇ ဦးတို့ ဖြစ်သည်။ သင်တန်းကာလမှာ တနဂင်္နွေ ၅ ပတ် ဖြစ်၏။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အလုပ်သမား ဖြန်ဖြေရေးပြဿနာ
၁၉၆၂ ခုနှစ်၊ မတ်လမှ ၁၉၆၃ ခုနှစ်အတွင်း တော်လှန်ရေးအစိုးရ အလုပ်သမားဖြန်ဖြေရေးခုံရုံးမှ တိုင်ကြား၍ လက်ခံရ ရှိသည့်အလုပ်သမားအလုပ်ရှင်ပဋိပက္ခနှင့်အချိန်ပိုလုပ်ခများ မပေးခြင်း၊ ခွင့်ရက်နှင့်အခြားရက်အားများ နစ်နာမှု စသော အမှုပေါင်း ၇ဝ၆ မှုအနက် အမှုပေါင်း(၅၉ဝ)ကို ဖြေရှင်းပေးနိုင်ခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အလုပ်သမား သူရဲကောင်း ရွေးချယ်ရေးစည်းမျဉ်း
(၁)အလုပ်ကို ကျိုးနွံစွာ လုပ်ကိုင်သည့်စံပြအလုပ်သမား ဖြစ်သူ။
(၂)မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ယုံကြည်သက်ဝင်သူ။
(၃)အခြားလုပ်ဖော်ကိုင်ဖက်များ၏ယုံကြည်လေးစားခြင်းခံရသူ။
(၄)အလုပ်ပျက်ကွက်ခြင်း အနည်းဆုံးဖြစ်သူ။
(၅)အကျင့်စာရိတ္တ ကောင်းမွန်သူ။
(၆)ဆက်ဆံရေး ပြေပြစ်သူ။
(၇)အများဆုံး ကုန်ပစ္စည်း ထုတ်လုပ်ပေးနိုင်သူ။
(၈)မခိုမကပ် စုပေါင်းလုပ်ကိုင်တတ်သူ။
(၉)စည်းကမ်းရိုသေသူ။
(၁ဝ)လုပ်အား နာရီပေါင်း အများဆုံး​ပေးနိုင်သူ။
အချက်တစ်ခု ၁ဝ မှတ်ပေးသည်။ အမှတ် ၉၅ မှ ၁ဝဝ ထိ ပထမဆင့်၊ ၈၅ မှ ၉၄ ထိ ဒုတိယဆင့်၊ ၇၅ မှ ၈၄ ထိ တတိယ ဆင့် စသည်ဖြင့် လုပ်သားသူရဲကောင်းများကို ရွေးချယ်သည်။ လုပ်သားသူရဲကောင်း ရွေးချယ်ရေးအဖွဲ့ကို အလုပ်သ မားတစ်ရာလျှင် အလုပ်သမားကိုယ်စားလှယ်ငါးဦးနှင့်အုပ်ချုပ်ရေးပိုင်းမှ ကိုယ်စားလှယ် ငါးဦး ပါဝင်သော ၁ဝ ဦး အဖွဲ့ကို ဖွဲ့စည်း၍ ရွေးချယ်စေခဲ့သည်။ ထိုအဖွဲ့၌ ပါဝင်နိုင်သူများမှာ အသက်အရွယ်အားဖြင့် ၃ဝ မှ ၅ဝ အတွင်း ရှိရ မည့်အပြင် လုပ်သက် ၃ နှစ်မှ ၅ နှစ်ရှိသူလည်း ဖြစ်ရမည်သာမက ရက်ပျက်နည်းပြီး အကျင့်စာရိတ္တ ကောင်းသူလည်း ဖြစ်ရမည်။
၁၉၆၅ ခု၊ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် လုပ်သားသူရဲကောင်း ရွေးချယ်ရေးနှင့်အဖွဲ့လိုက် လုပ်အားယှဉ်ပြိုင်မှုကြီး ကြပ်ရေးကော်မီတီက စံပြလုပ်သား တတိယဆင့်အတွက် အလုပ်သမားပေါင်း ၅၄ဝ ကို ရွေးချယ်ခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ-တွဲ-၂)
အဝီစိတွင်း
၁၉၅၇ ခုနှစ်က မြန်မာပြည်တွင် အဝီစိတွင်းပေါင်း ၁၉ဝဝ တူးခဲ့သည်။ အနက် ၁၅ဝ ပေ၊ ပိုက်အကျယ် ၁ဝ လက်မ၊ တစ်နာရီ ရေဂါလံပေါင်း ၃ဝဝဝဝ ဖြစ်သည်။ အဝီစိတွင်းတူးစက်၏အမည်မှာ ဝင်တာဝိုက် ဖြစ်သည်။ အကြီးစားစက် မျိုးဖြစ်ပြီး တစ်လုံးလျှင် ကျပ်(၂ဝဝဝဝဝ)တန်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အသံချဲ့စက်နှင့်ရဲဥပဒေ
၁၉၄၅ ခုနှစ်၊ ဥပဒေအရ အသံချဲ့စက် အသုံးပြုလိုလျှင် ခရိုင်ရဲဝန်ထံ အမိန့်တောင်းခံရသည်။ ဇာတ်သမား၊ တူရိယာ ဝိုင်းအတွက် အမိန့်တောင်းခံရန် မလိုဟု ရဲဥပဒေပုဒ်မ ၃၉ အရ ခြွင်းချက်ပေးထားသည်။ ကျူးလွန်က ထောင်ဒဏ် ၁၅ ရက် သို့မဟုတ် ဒဏ်ငွေ ၂ဝဝိ ဖြစ်စေ ၂ ရပ်စလုံးဖြစ်စေ ပေးရသည်။
အသံ၏အသွားနှုန်း
တစက္ကန့်လျှင် ၁ဝ၆ဝ ပေ သွားသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
အသံလွှင့်ရုံ
ရန်ကုန်မြို့ရှိ အသံလွှင့်ဌာနကို ၁၉၃၇ ခုနှစ်က စတင်စမ်းသပ်ခဲ့သည်။ ပြည်လမ်းရှိ အသံလွှင့်ရုံသစ်ကြီးကို ၁၉၅၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၆ဝ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် လုံးဝပြီးစီးခဲ့ပြီး စတင် အသံလွှင့်ခဲ့သည်။ အသံလွှင့်ရုံ၏အကျယ်အဝန်းမှာ စတုရန်းပေ ၉၃၇၇ဝ ရှိပြီး ငွေပေါင်း (၈၇ဝဝဝဝဝ)ကျပ် ကုန်ကျခဲ့ သည်။ အသံလွှင့်ရာ၌ မြန်မာဘာသာ(ပထမအစီအစဉ်)မြန်မာဘာသာ(ဒုတိယအစီအစဉ်)ကချင်၊ ကရင်(ကော်သူး လေ)၊ ချင်း၊ ပအိုဝ့်၊ မွန်၊ ရခိုင်၊ ရိုဟင်ဂျာ၊ ရှမ်း၊ လားဟူစသော တိုင်းရင်းသားဘာသာ၊ ဟိန္ဒူစတန်နီဘာသာနှင့်အင်္ဂ࿿ လိပ်ဘာသာတို့ဖြင့် အသံလွှင့်သည်။ အသံလွှင့်ရုံ၌ အမှုထမ်းပေါင်း ၃၁၉ ဦးရှိပြီး တူရိယာအဖွဲ့များမှာ မြန်မာကာလ ပေါ်အဖွဲ့ ၁၃၅ ဖွဲ့ မြန်မာသီချင်းကြီးအဖွဲ့ ၂၃ ဖွဲ့နှင့်အင်္ဂ္လိပ်တူရိယာအဖွဲ့ ၅ဝ ရှိသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အသုံးလုံးသင်တန်း
၁၉၆၆ ခုနှစ်၊ နွေရာသီအတွင်း မြန်မာပြည်တဝှန်းလုံးတွင် အသုံးလုံး(အရေး-အဖတ်-အတွက်)သင်တန်းများကို ဖွင့် လှစ်သင်ကြားခဲ့သည်။ ထိုသင်တန်းများတွင် တိုင်းအလိုက် အောင်မြင်မှု ရရှိသောစာရင်းမှာ အောက်ပါအတိုင်း ဖြစ် သည်။
၁။ မကွေးတိုင်း
၂။ မန္တလေးတိုင်း (၂)
၃။ စစ်ကိုင်းတိုင်း (၂)
အသုံးလုံးကျေသင်တန်းကို အသုံးလုံးကျေသင်တန်း ကြီးကြပ်ညှိနှိုင်းရေးဗဟိုကော်မီတီမှ ဦးဆောင်ပြုလုပ်သည်။ စာ မတတ်သူ ပပျောက်ရေးလုပ်ငန်းကို ၁၉၆၅ ခုနှစ်မှစတင်ခဲ့သည်။ ထိုစဉ်က မြန်မာပြည်တစ်ဝှန်းလုံးတွင် ခရိုင်ပေါင်း ၃၇ ခရိုင်အတွင်း အခြေစိုက်စခန်းပေါင်း ၅၅၆ ခုကို ဖွင့်လှစ်၍ ဆရာ(၂၃ဝ၄)ဦးက သင်ကြားခဲ့ကြသည်။ စခန်းတစ်ခု လျှင် သင်တန်းသား(၃ဝ)ခန့်ထား၍ သင်ကြားပေးခဲ့ကြသည်။ ၁၉၆၆ ခုနှစ်တွင်မူ ခရိုင်ပေါင်း ၄၇ ခရိုင်မှ မြို့နယ်ပေါင်း ၂၃၅ ခုတွင် အခြေစိုက်စခန်းပေါင်း ၂၅၃ဝ ကို ဖွင့်လှစ်ကာ ဆရာ(၁​၈ဝ၃၂)ဦးဖြင့် သက်ကြီးသင်တန်းသား (၁၇၃၇၁)ဦး ကို သင်ကြားပေးခဲ့ကြသည်။ အချိုးအစားအရ သင်တန်းသား(၁ဝ)ဦးလျှင် ဆရာတစ်ဦး ဖြစ်သည်။ သင်တန်းပြီးဆုံး ချိန်တွင် သင်တန်းသားများအနက်  ၆၆၃၆၃ ဦးမှာ ကောင်းစွာ စာဖတ်တတ်သွားပြီး ၆၆၇၇ဝ ဦးမှာ အတော်အတန် စာဖတ်နိုင်ခဲ့ကြသည်။
သင်တန်းသား ၁၇၃၇၁၃ ဦးအနက် ၄၈၃၆၇ ဦးမှာ သင်တန်းတက်ရောက်ရန် ပျက်ကွက်ခဲ့သည်။ သင်တန်းတက် ရောက်ခဲ့ကြသူများအနက် အသက် ၁၅ နှစ်မှ ၂၅ နှစ်အတွင်း ၄၅ ရာခိုင်နှုန်း၊ အသက် ၂၆ နှစ်မှ ၃၅ နှစ်အအတွင်း ၂၇ ရာခိုင်နှုန်း၊ အသက် ၃၆ နှစ်မှ ၄၅ နှစ်အတွင်း ၁၈ ရာခိုင်နှုန်း၊ အသက် ၄၅ နှစ်နှင့်အထက်မှာ ၁ဝ ရာခိုင်နှုန်းဖြစ်သည်။
တိုင်းအလိုက် ဖွင့်လှစ်ခဲ့သော သင်တန်းစခန်းနှင့်သင်တန်းသားများမှာ မကွေးတိုင်း၌ စခန်း(၄ဝ၇)ခု၊ သင်တန်းသား ၂၅၇၉ဝ၊ ၄င်းတို့အနက် ၁ဝဝ၅၁ ဦးမှာ လုံးဝစာတတ်သွားသည်။ မန္တလေးတိုင်း(၂)၌ စခန်း ၃ဝ၃ ခု၊ သင်တန်းသား ၂၄၁၂၃ ဦး၊ ၄င်းတို့အနက် ၉၇၃၉ ဦးမှာ လုံးဝစာတတ်သွားသည်။ စစ်ကိုင်းတိုင်း(၂)တွင် စခန်း ၂၆၂ ခု၊ သင်တန်းသား ၂ဝ၆၆၉ ဦး၊ ၄င်းတို့အနက် ၇ဝ၂၃ ဦးမှာ လုံးဝစာတတ်သွားသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အဟီး၊ ဦး၊ သံတော်ဆင့်
ဦးအဟီးသည် မင်းတုန်းမင်းလက်ထက် ၁၈၇၄ ခုနှစ်တွင် နေမျိုးသီဝသိဒ္ဓိဘွဲ့ခံ သံတော်ဆင့်အဖြစ် ခန့်အပ်ခံခဲ့ရ၏။ သူ သည် ဖခင် တရုတ်လူမျိုး၊ မိခင် မြန်မာလူမျိုးတို့က ဖွားမြင်သူ ဖြစ်သည်။ ဘာသာစကား (၆)မျိုးကို ကျွမ်းကျင်ပြီး ရတနာပုံနေပြည်တော်သတင်းစာအား ကြီးကြပ်ထုတ်ဝေခဲ့ရသည်။ ဦးအဟီးသည် သီပေါမင်း ပါတော်မူသွားပြီးနောက် ဗြိတိသျှအစိုးရထံ ပုံနှိပ်စက်ငှားရမ်းခလက်ကျန်ငွေများ တောင်းခံခဲ့ကြောင်း သိရှိရသည်။ (ကုန်းဘောင်ခေတ် မင်းမှု ထမ်းများ အဘိဓာန်-တင်နိုင်တိုး)
-ဆက်ရန်-
2 comments:
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်