ဘူမ္မိဒေဝနဂရမြို့ဟောင်း နှင့် မှိုင်းကာရီ မြို့ဟောင်း
ဒီမြို့ဟောင်း နှစ်ခုဟာ တစ်ဆက်တည်း ဖြစ်ပါတယ်။ ဒါကြောင့် မှိုင်းကာရီမြို့ဟောင်း ဟုသာ ခေါ်တွင် ရေးသား ပါမည်။ ယခု ပကာရီ ရွာဟု ခေါ်ပါသည်။ ထားဝယ်မြို့ အရှေ့ဘက် ဆယ်မိုင်အကွာ ထားဝယ်မြို့ နယ်ထဲတွင် ရှိသည်။ ထားဝယ်မှ အရှေ့ဘက် တောင်သုံးလုံး ကျောက်မဲတောင် မေတ္တာလမ်းအတိုင်း သွားရာတွင် ပကာရီရွာသည် ကားများ စခန်းချရာ နေရာဖြစ်သည်။
၎င်းရွာတွင် ပကာရီမိုင်းဟု တည်ရှိပြီး သတ္တုတွင်း ရွာကြီး ဖြစ်သည်။ ထိုရွာမှ မြောက်ဘက်ကို လမ်းခွဲ၍ သွားလျှင် ဟာမြင်းကြီး မိုင်းသို့ ရောက်ပါသည်။
၁၉၇၄ ထုတ် ရွှေဝယ်ဧ၏ ထားဝယ်ရာဇဝင်သမိုင်းတွင် ဖော်ပြသည်မှာ "ရှေးက မှိုင်းကာရီမြို့ဟု တည်ရှိခဲ့သည်။
ဇင်းမယ် မြို့ကို အစိုးရသော ယွန်းမင်းကြီး စောလွန်းရွှေ
လာရောက် စိုးစံခဲ့သည်ဟု အဆိုရှိသည်။ " ထိုမင်းသည် ဇင်းမယ်မြို့က လာသော ဘုရင် မဟုတ်ပါ။ ကာလလည်း ကွာပါသည်။ နာမည် အားဖြင့်လည်း ကွာပါသည်။ မြန်မာ နာမည်သာဖြစ်သည်ဟု ယူဆပါသည်။
ထားဝယ်ရာဇဝင်တွင် ထိုမှိုင်းကာရီမင်း စောလွန်းရွှေ၌ သားတော် စောထွဋ်နှင့် သမီးတော် စောမြဒေဝီ ရှိသည်ဟု ဖော်ပြထားသည်။ ထိုစောမြဒေဝီဟူသည် သာဂရမြို့ ၏ ဒုတိယမင်း ရှင်ဇံ၏ မိဖုရား စောမြဒေဝီပင် ဖြစ်သည်။
စောလွန်းရွှေ လွန်သောအခါ မောင်နှမ နန်းလုကြသည်။ တရားအဆုံးအဖြတ် ခံယူရန် သမာဓိအဖြစ် တကူမြို့ (ယခု ဝဲကျွန်း ဆင်ဆိပ်) မှ တကူမင်းကြီးထံ သွားရောက်ကြ သည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်