(၁)
နိုင်ငံတစ်နိုင်ငံ သို့မဟုတ် နယ်တစ်နယ်၏ သမိုင်းကြောင်း ကို ဖော်ထုတ်ရာတွင် သမိုင်းခေတ်အလိုက် ရှိခဲ့သော ကျောက်စာ မင်စာ ပေစာ အသုံးအဆောင် စသော အထောက်အထား အချက်အလက်များအပေါ် အခြေခံရ သည်။ အထောက်အထား အချက်အလက် တိကျခိုင်မာ ပြည့်စုံရန် လိုသည်။ သို့သော်လည်း ထားဝယ်နယ်၏ မိုးရွာသွန်းမှု လွန်ကဲခြင်း အခြေအနေအရ သော်လည်း ကောင်း နှစ်ကိုးရာကျော်အတွင်း အခြေအနေ အရပ်ရပ် တို့ ကြောင့် သော်လည်းကောင်း မင်းနေပြည် (သို့) အုပ်ချုပ်ရေး ရုံးစိုက်ရာ ဗဟိုမြို့တော်နှင့် အလှမ်းကွာဝေး သော ဒေသဖြစ်၍ လည်းကောင်း မြေပေါ်မြေအောက် အထောက်အထား အချက်အလက်များ မှတ်တမ်းမှတ်ရာ များ ပျက်စီးပျောက်ဆုံးခဲ့ရပေသည်။
ထားဝယ်နယ်၏ အတိတ်သမိုင်းဖြစ်စဉ်ကို ဖော်ထုတ် တင်ပြရာတွင် မြေအောက်တူးဖော်မှု သုတေသန အားနည်း ၍ မြေပေါ်ရှိ အနေအထားအရ တွေ့ရသမျှ အဆောက်အဦ ပစ္စည်းများ လက်လှမ်းမှီရာ စာအုပ်စာတမ်းများကိုသာ အားကိုး အထောက်အထားပြု၍ ဖော်ပြရသည် ဖြစ်သော ကြောင့် နေရာများစွာတွင် သမိုင်းဖြစ်စဉ် ကွင်းဆက်များ ပြတ်တောက်နေသည်ကို တွေ့ရပေမည်။
အကြိုသမိုင်းကို ဦးစွာ ဖော်ပြရလျှင် ဒေါက်တာသန်းထွန်း၏ မြန်မာ့အကြိုသမိုင်းစာတမ်းတွင်
"မြန်မာအကြိုသမိုင်းကို ရေးရလျှင် ဘူမိဗေဒအခြေခံက စရပေလိမ့်မည်။ သက်ဦးကပ် ( နှစ်ပေါင်း ၂၂၅ မှ ၆၀၀ အထိ ကာလ) အတွင်း မြန်မာနိုင်ငံဟု ခေါ်သော မြေနေရာ အရှေ့ပိုင်း( ရှမ်း-တနင်္သာရီ) တွင် အချိန်တော်တော် များများ၌ ပင်လယ်တိမ်များ ရှိခဲ့သည်။ ထိုအချိန်တွင် ရခိုင် ရိုးမနှင့် အလယ်မြေနိမ့်ပိုင်းသည် ကုန်းမြေ ဖြစ်ဟန်ရှိသည်။
သက်လယ်ကပ် (နှစ်ပေါင်း ၇၀ မှ ၂၂၅ အထိ ကာလ) အတွင်း မြန်မာနိုင်ငံ၏ အရှေ့ပိုင်းသည် ကုန်းမြေ ဖြစ်စပြုပြီး အချို့နေရာများ၌သာ ပင်လယ်ငယ်များ ဖုံးနေသေးသည်။ ထိုအချိန်တွင် ရခိုင်ရိုးမနေရာတွင် နက်ရှိုင်းသော ပင်လယ် ဖြစ်နေသည်။
သက်နှောင်းကပ် အစောပိုင်းတွင် ရှမ်း-တနင်္သာရီဒေသ သည် ကုန်းမြင့်ဒေသဖြစ်နေပြီး ရခိုင်ရိုးမနှင့် အလယ်မြေနိမ့် ပိုင်းတို့သည် ပင်လယ်ငယ်ဖြစ်နေသေးသည်။ သက်နှောင်း ကပ် အလယ်ပိုင်းတွင် ရခိုင်ရိုးမသည် ပင်လယ် အောက်မှ ကြွတက်လာသည်။ ယင်းကပ်နောက်ပိုင်းရောက်မှသာ အလယ်မြေနိမ့်ပိုင်းသည် ကုန်းမြေဖြစ်လာပြီး ယနေ့တွေ့မြင် နေရသော မြန်မာနိုင်ငံ၏ ပုံပန်း ဖြစ်လာသည်။"
ဟု ဖော်ပြထားသည်။ ဒေါက်တာသန်းထွန်း ဆိုလိုသော ကပ် တို့မှ "နှစ်ပေါင်း" ဆိုသည်မှာ နှစ်သန်းပေါင်း မည်မျှ ရှိသည်ကို ဆိုလိုသည်။
သမိုင်းမတိုင်မှီကာလက တနင်္သာရီဒေသအတွင်း လူများ စတင်နေထိုင်သည့် အခြေအနေကို ဒေါက်တာသန်းထွန်းက အထောက်အထား အခိုင်အမာဖြင့် ဖော်ထုတ်ထားခဲ့သည်။
တနင်္သာရီကမ်းရိုးတန်းမှ တနင်္သာရီမြို့နှင့် မိုင်သုံးဆယ် ကွာတဲ့ သဘော့လိပ် ကြိမ်ချောင်း ဆိုတဲ့နေရာတွေမှာ ကျောက်လက်နက် အများအပြားတွေ့ရသည်။ ၁၉၆၄ ခုနှစ်က ဆရာကြီးကွင်းဆင်း၍ သွားကြည့်ထားခြင်းဖြစ် သည်။ သံတူရွင်းနဲ့ တူတဲ့ ကျောက်တူရွင်းကြီး တွေ့ရသည်။ အရိုးအတွက် အမင်းတပ်ထားသည်။ ဒီလက်နက်တွေက ဒေသထွက် ကျောက်ကိုလုပ်တာ ဘယ်ကမှ သယ်လာတာ မဟုတ်ဘူး ပြောတယ်။ အဲဒီအရပ်မှာ တွေ့တာတွေထဲမှာ အရင်က မြန်မာမြေပြင်မှာ တခါမှ မတွေ့ဖူးသေးတဲ့ တဖက်လိပ်မှာ လေးကွက်ကျား အစိတ်တွေပါတဲ့ ကျည်ပွေ့ ဖြစ်သည်။ ဒါမျိုး မလေးဘက်မှာတော့ တွေ့ဖူးပြီး ဖြစ်တယ် လို့ သိရတယ်လို့ ဆိုပါတယ်။ မလေးမှာလို သစ်ခေါက်ကို လျှော်ဖြစ်အောင် ရေစိပ်ပြီးထုဖို့ ဖြစ်တယ်လို့ သိရတယ်။
နောက်တမျိုးအသုံးပြုနိုင်တာကတော့ ကောက်ပဲသီးနှံ အခွံ ခွာဖို့ လက်ကြိတ်အငယ်လေးလည်း ဖြစ်နိုင်ပါတယ်။ ကြိတ်ဆုံ ငရုတ်ဆုံ ကျောက်ပျဉ်တို့ဟာ ကျောက်ခေတ်က စပြီး ကျွန်တော်တို့ မပစ်နိုင်တဲ့ လူသုံးပစ္စည်းများ ဖြစ်ပါ တယ်။ နောက်တမျိုးကတော့ စိုက်ပျိုးတဲ့အခါ မြေကို ထွန်ဖို့ ကျောက်ထွန်ကလေးပဲ ဖြစ်ပါတယ်။ ဒါမျိုးလည်း တစ်ခုတွေ့ရပါသေးတယ်။ အခြားနေရာတွေမှာ သုံးကြမယ် ဖြစ်ပေမယ့် ခုထိတော့ ဒီတစ်ခုပဲ နမူနာရထားသေးတယ်။ အားလုံး ပြောင်ချောနေအောင် သွေးထားတဲ့ ပုဆိန်သွားလို ကျောက်လက်နက်ကိုတော့ လူအများက မိုးကြိုးသွား ဆိုပြီး အထင်ကြီးကြတယ်။ မြိတ်မှာလည်း အဲဒီ ကျောက် လက်နက်မျိုးကို ဆစ်ပြီး စိပ်ပုတီးလုပ် သုံးနေတဲ့ လူရဲ အိမ်မှာ ကျွန်တော်တည်းခဲ့ရတယ်။ အဲဒီ ကြိမ်ချောင်းက ကျောက်လက်နက် အချို့က မော်လမြိုင်ယဉ်ကျေးမှု ပြတိုက်မှာ ရှိပါတယ်။ ဒေါက်တာသန်းထွန်း မြန်မာနိုင်ငံ ကျောက်ခေတ်သမိုင်း။ စာပေလုပ်သားအင်အားသစ်။ စာ-၉၅
ဒေါက်တာသန်းထွန်းရဲ့ ခန့်မှန်းချက်အရ တနင်္သာရီတိုင်း တွင် လူများ စတင်နေထိုင်တာဟာ နှစ် ၄၀၀၀ ကျော်ခဲ့ပြီ ဆိုတာကို ကျောက်ခေတ်ပစ္စည်းများက သက်သေခံပါ တယ်။ ထားဝယ်ဒေသတွင်လည်း ထို့အတူပင်။ ၁၉၈၂ ခု နှစ်တွင် ထားဝယ်မြို့၌ တိုင်းတိုးချဲ့ ဆေးရုံကြီးကို တည် ဆောက်ရန်အတွက် မြေတူးစက်ဖြင့် တူးဖော်စဉ် ကျောက်ခေတ်နှောင်း လက်ရာအချို့ ရရှိခဲ့သည်။ ထားဝယ် ရှေးဟောင်းပြတိုက်တွင် ပြသထားသည်။
ထားဝယ်ဒေသအတွင်း ကျောက်ခေတ်အလွန်တွင် ရောက် ရှိလာတဲ့ လူမျိုးရင်းများကို ဖော်ပြရမည် ဆိုလျှင် မြန်မာ နိုင်ငံအတွင်း ပထမ ဝင်လာတာကို အရင်က ဆရာတွေ ကတော့ ပထမဆုံး ဝင်လာကြသူတွေ ဟာ နီဂရစ်တို အနွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယ ဝင်လာကြသူ တွေက သြစထရိလွိုက်အနွယ်တွေ ဖြစ်တဲ့ ဆလုံတွေ ဖြစ်ပါတယ်လို့ ဆိုသည်။ နောက်ပိုင်းဝင်ရောက်လာသူများ မှာ မွန် မြန်မာ ထားဝယ် ရှမ်း(ထိုင်း) တို့ ဖြစ်သည်ဟု ဆိုရပေမည်လို့ ဗိုလ်မှူးဘရှင်က သူရဲ့ စစ်ရေး နိုင်ငံရေး လူမှုရေးဆိုင်ရာသမိုင်းစာတမ်းများ စာမျက်နှာ ၃၀၁ မှာ ဆိုထားပါတယ်။
ဒီအဆိုက အရင်တုန်းက ဆရာတွေရဲ့ အယူအဆ တစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံကို လွင်ပြင်ပမာ သဘောထားပြီး ဟိုက လာတယ် ဒီကလာတယ် ဆိုတဲ့ အယူအဆတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒီလိုဝင်လာတယ်လို့ အထောက် အထား မရှိပါဘူး။ အထင်နဲ့ ယူဆတဲ့ အယူအဆမျှသာ ဖြစ်ပါတယ်။ တကယ်တမ်းအနေနဲ့ လက်တွေ့မှာ တွေ့ရှိ ရတဲ့ အထောက်အထားတွေအရ မြန်မာနိုင်ငံမှာ မူလ ကတည်းက လူတွေ နေထိုင်ခဲ့တာပါ။ လူသားအစ မြန်မာ က လို့တောင် ကြွေးကြော်နိုင်ခဲ့ကြတာ ကြည့်ရင် သိသာပါ တယ်။ လူမျိုးစုအနွယ်တွေ မသတ်မှတ်မီ ကာလကတည်း က မြန်မာနိုင်ငံထဲမှာ လူရှိနေခဲ့တာ အခိုင်အမာပါ။ ဒီတော့ အရင်ခေတ်က ဆရာတွေ ဆိုခဲ့ကြတဲ့ အဆိုမှာ ဗမာနဲ့ ထားဝယ် အတွက် ပျက်ပြယ်ပြီပေါ့။
မြန်မာနိုင်ငံမှာ တဝှမ်းလုံးမှာ လူတွေ နေထိုင်ခဲ့ကြတဲ့ အထောက်အထားတွေ ရှိနေပါတယ်။ ဗမာ ဆိုရင်လည်း သူဝန်းကျင်မှာ သူ့အထောက်အထားနဲ့သူ ရှိနေပါတယ်။ ဘယ်ကမှ ဝင်လာတာ မဟုတ်ပါ။ တနင်္သာရီတိုင်းဒေသမှာ မှာလဲ အထောက်အထားတွေ ရှိတယ်။ လူတွေ ရှိခဲ့တာက ခိုင်မာပါတယ်။ ဒီလူတွေဟာ မြန်မာနိုင်ငံကနေ ပြည်ပ အခြားဒေသတွေကို ပြောင်းရွှေ့သွားတယ် ဆိုတဲ့ အထောက်အထား မပေးနိုင်သရွေ့ ဗမာကိုလည်း ဟိုက ဝင်လာတယ် ဒီကဝင်လာတယ် ပြောလို့ မရပါဘူး။ ထားဝယ် ကိုလည်း အခြားကဝင်လာတယ် ပြောလို့မရပါ။
အခြားတိုင်းရင်းသားတွေကိုတော့ ကျွန်တော် လက်လှမ်း မမှီသဖြင့် ဘာမှ မပြောလိုပါ။ လူမျိုးစုနာမည်တွေ မသတ် မှတ်မီ မပေါ်ထွန်းမှီကာလကတည်းက လူတွေရှိခဲ့တာ ဖြစ်
နေတဲ့အတွက် ဗမာ ထားဝယ်တို့ဟာ သူ့နေရာမှာသူ နေထိုင်နေကြတဲ့ မူလဌာနေ လူများ ဖြစ်ပါတယ်။ လူမျိုး အမည် မသတ်မှတ်ခင်ကတည်းက အတူတူ ရှိနေတာ ဖြစ်သလို လူမျိုးအမည်တွေ ပေါ်ထွန်းလာတဲ့အခါမှာ ကနဦး ကျွန်တော်တို့ အစောဆုံးသိတာ ပျူ ဆိုတဲ့ အမည် ပါ။ ဒီအရင်က ဘယ်လိုခေါ်တယ် မသိရသေးပါဘူး။ ထားဝယ်နဲ့ ဗမာဟာ ပျူဖြစ်တယ် ဆိုတာကတော့ ခိုင်မာ ပါတယ်။ ဗုဒ္ဓအသောကခေတ်မှာအထိ ပျူ ဆိုတာကို မသိရသေးပါ။ BC-2 ရာစုမတိုင်မီကတည်းက မြန်မာနိုင်ငံ မှာ မြို့ပြနိုင်ငံငယ်စနစ် ထွန်းကားနေပါပြီ။ ဘာလို့ ဒီလို ပြောနိုင်သလဲ ဆိုရင် BC-2 မှာ ပျူ ပျူနိုင်ငံ ဆိုတာကို မှတ်တမ်း တင်ထားနိုင်ပြီ ဖြစ်လို့ပါ။ မြို့ပြနိုင်ငံငယ် စနစ် ရှိနေပြီ ဖြစ်တဲ့အတွက် ရှေ့ကို နှစ်နှစ်ရာ တိုးလို့ရပါတယ်။ ကျွန်တော် စည်းလွတ်ဘောင်လွတ် ဆိုတာ မဟုတ်ပါ။ ယူလို့ရတဲ့ အနေအထားရယ် သမိုင်းပညာအယူအဆရယ် ကို ပေါင်းပြီး ပြောတာ ဖြစ်ပါတယ်။ ဒီလို နှစ် ၂၀၀ တိုးလိုက် တော့ BC-4 ရောက်သွားတယ်။ ဒါက မယုတ်မလွန် တိုးပြ ထားတာပါ။ ဒါကြောင့်လည်း ဗုဒ္ဓအသောကခေတ်သုံး ဘာသာစကားတွေကို တတ်ကျွမ်းနားလည် နေကြတာ ဖြစ် ပါတယ်။ ဒီကာလတွေကတည်းက ပျူဆိုတဲ့ အခေါ်အဝေါ် ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။
ကနဦး မြို့ပြစနစ် ဘယ်အချိန်ကတည်းက ရှိနေမှန်း မပြော တတ်ပါ။ BC-6 ဗုဒ္ဓနဲ့ ခေတ်ပြိုင်ကတည်းကလည်း မြို့ပြ နိုင်ငံငယ်စနစ် ထွန်းကားပြီး ရှိနေနိုင်ပါတယ်။ မြို့ပြနိုင်ငံ ငယ်စနစ် မထွန်းကားတောင်မှ အနိမ့်ဆုံး နိဂုံးရွာ အဆင့် လောက်ကတော့ ရှိနေမှာပဲ ဖြစ်ပါတယ်။ မူလ ကတည်းက လူတွေ နေထိုင်တယ် ဆိုတာကို သတိရပါ။
ထိုအချိန်က မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ လူတွေဟာ ပျူ လူမျိုးတွေပဲ ဖြစ်တယ်လို့ လက်ရှိအနေအထားအရ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ ဗြဟ္မီစာပေဟာ BC-8 လောက်ကတည်းက ထွန်းကားနေတာ ဖြစ်တဲ့အတွက် မြန်မာပြည်နေ လူတွေဟာလည်း စာတတ် နောက်ကျတယ် ဆိုရင်တောင်မှပဲ BC (6-4) ထက် လုံးဝ မနောက်ကျနိုင် ပါ။
BC-2 မှာ မြို့ပြထွန်းကားနေပြီ ဖြစ်တဲ့အတွက် မှတ်တမ်း အရ မြန်မာနိုင်ငံအလယ်ပိုင်းပဲ ဆိုဦးစို့ မူလကတည်းက အလယ်ပိုင်းနဲ့ အတူတူ ရှိနေကြတဲ့ တောင်ပိုင်းနေ ပျူတွေ ကရော မြို့ပြစနစ် မရှိနိုင်ဘူးလား။ ရှိနိုင်ပါတယ်။ ရှိတယ် ပြောရင် မင်းက ထားဝယ်မို့လို့ ဆွဲပြောတယ် ဆိုကြဦးမှာမို့ မြို့ပြ မရှိသေးဘူးပဲ ထားဦးစို့။ ရွာကြီး အနေနဲ့ကတော့ ရှိနေပြီ ဆိုတာ သေချာပါတယ်။ ဒီအချိန်မှာ အလယ်ပိုင်း ရော တောင်ပိုင်းရောက လူအားလုံးကို ပျူပဲ ထားပါ။ ဗမာ ထားဝယ် လုပ်မနေပါနဲ့။ ပျူဟာ ပျူပါပဲ။ ဖင်ခေါင်းမကျယ် ရင် အတူတူပဲ။
ပျူကနေ ဗမာ မြန်မာ ထားဝယ် ဆိုတဲ့ အခေါ် ဝေါဟာရ
တွေ ဘယ်တုန်းက စပေါ်လာသလဲ ဆိုတဲ့ အမေးမျိုး အလားတူ ခဏ ခဏ အမေးခံကြရပါတယ်။ ဗမာတွေ လည်း ဗမာအလျောက် ရှင်းနေကြရတာပါပဲ။ ထားဝယ် ဖြစ်တဲ့ ကျွန်တော်လည်း (အခြားထားဝယ် တွေတော့ မသိပါ) ခဏ ခဏ အမေးခံရတာပါပဲ။ ဗမာ မြန်မာကိစ္စကို ရှင်းလင်းထားကြပြီးပြီမို့ မပြောတော့ပါ။ ထားဝယ် ဆိုတာ ကိုတော့ နည်းနည်းရှင်းရပါမယ် ပြောရပါမယ်။ ထားဝယ် ဆိုတာကို သိနိုင်တဲ့ အစောဆုံး မှတ်တမ်းဟာ AD-5 လျန်မင်းဆက် သမိုင်းမှာ စတွေ့ရပါတယ်။ တနင်္သာရီ ဆိပ်ကမ်းမြို့ကို ပြရာမှာတော့ AD-2 ကတည်းက မှတ်တမ်း ရှိခဲ့ပါတယ်။ ဒီမတိုင်ခင် ဘယ်ကာလကတည်းက ရှိနေတယ် ဆိုတာ မသိနိုင်ပါ။ မှတ်တမ်း မဝင်ဘဲ ရှိနေကြ တာ ဖြစ်ပါတယ်။ နောက်တစ်ခုက ထိုကာတွေက ပျူအဖြစ် နဲ့ အတူတူ ရှိနေကြတာသေးတာလည်း ဖြစ်နိုင်ပါတယ်
ဘာသာဗေဒ စကားရင်းမြစ်ပညာအရ စစ်ဆေးကြည့်တဲ့ အခါမှာလည်း ထဝယ်လူမျိုး ဆိုတာရဲ့ အဓိပ္ပါယ်ဟာ မူလ ပထမ အရင်းခံ အကြီး ဆိုတဲ့ အနက် တိုက်ရိုက် ထွက်ပါ တယ်။
နောက်တစ်ချက်ကို ထပ်မံစဉ်းစားကြည့်မိပါတယ်။ ပျူ ကနေ ထားဝယ် ဗမာ ဆိုတာတွေ ဖြစ်လာတာဟာ ထို ကာလက ပြည်မနဲ့ တောင်ပိုင်း သဘောထားကွဲလွဲတာ များ ရှိခဲ့လေသလားလို့ပါ။ အမည်အခေါ်အဝေါ်နဲ့ ပက်သက်ပြီး အမည် သတ်မှတ်ကြရာမှာ သဘောထား ကွဲခဲ့လို့ မတူ ဖြစ်ကြတာလား ဒါမှမဟုတ် နေရာဒေသ အလှမ်းကွာတာမို့ သူ့ဟာသူ သတ်မှတ် ကိုယ့်ဟာကိုယ် သတ်မှတ်ပြီး အမည်သတ်မှတ်လိုက်ကြလေသလား ဆိုတာ တွေပါ။ ဒီဟာတွေက အတွေးမျှသာပါ။ ဘယ်သူမှ သိနိုင်တာ မဟုတ်လို့ တိတိကျကျလည်း မှတ်ချက် မပေးလို ပါဘူး။ ပေးလို့လည်း မရပါဘူး။ နောက်ထပ် တွေ့လာစရာ ရှိသေးရင်တော့ အတည်ပြုနိုင်မှာပေါ့။ မတွေ့ရင်လည်း မသိဘူးပေါ့။
လူမျိုးစု နာမည်တွေကို ဘယ်တုန်းက စခေါ်တာလဲ ဆိုတဲ့ မေးခွန်းဟာ တော်တော် ဂွကျကျ နိုင်တဲ့ မေးခွန်းပါ။ မေးသူတွေကပဲ ရူးနေတာလား မပြောတတ်ပါဘူး။ သမိုင်း ပညာရှင် တစ်ယောက်က မေးရင်လဲ ကျွန်တော် ကတော့ ခင်ဗျား ဆေးသောက်သင့်ပြီလို့ အကြံပေးမိမှာပါပဲ။ အတိတ်သမိုင်းကို ဗွီဒီယို ဇာတ်ကားကြည့်သလို ပြန် ရစ် ပြီး ကြည့်လို့ ရတယ်လို့ တွေးထင်ပြီး မေးတာလား မသိ ပါဘူး။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်