=========================
အမှားအယွင်း အနည်းငယ် ရှိခဲ့လျှင်
ဆရာ ထံမှာ အမှန်ဖြစ်အောင်
သင်ယူပြင်ဆင်မှတ်သားပါ လို့
ဆုံးမ ထားတဲ့ ဆိုရိုး ကလေးပါ
မြန်မာစာတတ်သူတိုင်း သိကြပါတယ်။
သေချာစဉ်းစားကြည့်တော့
မှားတတ်တာ ၂ ခု က "တ" နဲ့ "န"
ခေတ်ပြိုင် မြန်မာအက္ခရာ မှာ တ နဲ့ န ဟာ
မှားနှိုင်လောက်အောင် ဆင်ဆင် ဖြစ်မနေဘူး
ရှေးခေတ် ပုဂံ_ပင်းယ_အင်းဝ ခေတ်တွေမှာလဲ
ဒီ အက္ခရာ ၂ လုံး က မှားနှိုင်စရာမရှိဘူး
ကဲဒါဖြင့် "ပျ "ူခေတ်မှာရော ?
ပျူခေတ်မှာ တ နဲ့ န အက္ခရာ ၂ လုံးတို့ဟာ
အတော်လေး နီး စပ်ကြတယ်
"တ" က အစွန်း ရှေ့ထိုး တယ်၊
"န" က အစွန်း အောက်စိုက်နေတယ်၊
လက်ရေး အသော့ ဆို မှားနှိုင်တယ်
သူ့ထက်စောတဲ့ ဗြဟ္မီ အက္ခရာမှာလဲ
တ နဲ့ န ဟာ မတူဘူး သိသိသာသာ
ကွဲပါတယ်
တ= တာလ = ထန်းရွက်ပုံ(Yစောက်ထိုး)
န=နှာသိက=နှာခေါင်းပုံ (Tစောက်ထိုး )
ဒါ့ကြောင့် ပညာရှင်ကြီးများ စဉ်းစားကြပါ
"တ_န ပဲ့ပြင် တတ်အောင်သင်လော"
ဆိုတဲ့ ဆိုရိုး စကားဟာ
ပျူခေတ် က စကားပါဘဲ
(ဆက်လက်ငြင်းခုံနှိုင်ကြပါစေကုန်သတည်း)
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်