===================
မြန်မာ့ရိုးရာ ဗိသုကာပညာရပ်
ကိုလေ့လာခါ စ ကတော့
တပည့်တွေ က မေးရင်
၁= ဂုံးချွန်း ပုံ _ရောင်ခြည်ဖြာစံနစ်နဲ့
တဖက်ရှူးအုတ်ကို ထောင်လိုက်စီထားရင်
"ပုဂံ " ခေတ်
၂= ဂုံး ဝိုင်းပုံ _ရောင်ခြည်ဖြာစံနစ်နဲ့
တဖက်ရှူးအုတ်ကို ထောင်လိုက်စီထားရင်
" အင်းဝ" ခေတ်
၃= သုံးမြှောင့်ပုံ တိုးစီစံနစ်နဲ့
အုတ်တွေကို အပြားလိုက် စီထားရင်
အမရပူရခေတ်
၎= သုံးမြှောင့် ပုံ တိုးစီစံနစ်နဲ့
အောက်က သစ်သား ထုတ်တန်း
ခံစီထားပြီ အသားတန်း အထက် က
အပေါက်ကို အုတ်ပြန်ပိတ်ထားရင်
ရတနာပုံခေတ် လို့ မှတ်ကြလေ_ _
ဆိုပြီး အလွယ် သင်ကြားပေးခဲ့ ဖူးပါတယ်
နောက်ပိုင်းမှာ ဆက်လက်ပြီး
အုတ်စီဂုံးသုံးတဲ့ ဝင်ပေါက်တွေကို
အသေးစိပ် ထပ်လေ့လာလိုက်တော့
အရင်အဆိုဟာ တချို့တဝက်လောက်ဘဲ
မှန်တယ်ဆိုတာကို တွေ့လာရပါတယ်
"ဂုံးချွန်း " နဲ့ "ဂုံးဝိုင်း" အဓိက ကွာခြားချက်ကတော့
ဂုံးချွန်း ၌ ဗဟိုချက်(C 1+C2) ၂နေရာ ပါသည်
ဂုံးဝိုင်း၌ ဗဟိုချက် (C) တနေရာထဲသာပါသည်
ထို ဂုံးဝိုင်း ကို အရင်က အင်းဝခေတ်လို့
ပြောခဲ့ပေမယ် တကယ်တော့
ဒုတိယ အင်းဝ(ညောင်ရမ်း) ခေတ် မှာ
ပိုပြီး ပြုလုပ်လေ့ရှိကြပါတယ်
ပင်းယ ခေတ် နှင့်
ပထမ အင်းဝ ခေတ် စောစောပိုင်း
တွေမှာ ပုဂံ အတိုင်း " ဂုံးချွန်း "ကိုဘဲ
ဆက်သုံးနေကြဆဲပါဘဲ
အထူးခြားဆုံးကတော့
၁၁ ရာစုဦး အနော်ရထာမင်းကြီး
လက်ထက်နှင့် ကျန်စစ်သားမင်းကြီး
လက်ထက်အစပိုင်းလောက်က
အုတ်အဆောက်အဦးတွေမှာ
"ဂုံးဝိုင်း" သုံးစွဲတည်ဆောက်လေ့ရရှိခြင်းပါဘဲ
ဒီအချက်ကိုသတိမူမိတာကတော့
ပုဂံမှာ မဟုတ်ပါဘူး ကျောက်ဆည် အနောက်ဘက်က "တမုတ် ရွှေကူကြီး"
ဘုရားမှာပါ။ ရွှေဂူကြီး ၉ ဆူအပါအဝင်
တမုတ်ရွှေကူကြီးဘုရားကို
အနော်ရထာမင်းကြီး က တထပ်ဘုရား
အဖြစ် စ တည်ခဲ့ပြီး အလယ်
ခေါင်မိုးပြိုသွားလို့ နရပတိစည်သူ မင်း လက်ထက်မှာ ၂ထပ် ဘုရား
အဖြစ် ကွန်းထောင်တပ်ပြီးပြင်ဆင်ခဲ့ပါတယ်
အနော်ရထာရဲ့ အောက်ထပ်မုခ်ပေါက်တွေ က
ဂုံးဝိုင်း ဖြစ်နေပြီး နရပတိစည်သူ ရဲ့
အပ်ါထပ် ကနောက်ပြင်တဲ့
မုခ်ပေါက်တွေ က ဂုံးချွန်းဖြစ်နေပါတယ်
ဒါ့ကြောင့် ပုဂံမြို့ဟောင်း က
ပုထိုးသားများ/အပါယ်ရတနာ/နဂါးရုံ/
၅ မျက်နှာဘုရား(မင်္ဂလာစေတီအရှေ့)
မြေပုံသာ ဘုရားလှ စသော ခေတ်စောသည့်
ဘုရားများကိုပြန်ကြည့်ရာ ဝင်ပေါက် မုခ်ဂုံး
များသည် အားလုံး "ဂုံးဝိုင်း" ဖြစ်နေကြပေသည်။
ထို့ကြောင့် " ဂုံးဝိုင်း"တွေ့လျှင် အလျင်စလို
မဆုံးဖြတ်သေးဘဲ ပုဂံဦး လား ညောင်ရမ်း လား
ဆိုတာ အထူး သတိထားကြရမှာပါ
နောက်မှာဆိုရင် ၁၂ ရာစု လို့ ပြီးစလွယ်
သတ်မှတ်ခဲ့ကြတဲ့ အချို့သော ပုဂံဘုရား
များကိုလဲ ၁၁ လား ၁၂ လား ဆိုတာကို
ဂုံးဝိုင်း လား ဂုံးချွန်း လား စစ်ဆေးပြီး
အများကြီး ထပ်မံ၍ ခေတ်မှန်အောင်
လေ့လာ မှတ်တမ်းတင် ပြင်ဆင်
ကြရဦးမှာပါ
အုတ်စီဂုံးသုံးတဲ့ ဝင်ပေါက်တွေကို
အသေးစိပ် ထပ်လေ့လာလိုက်တော့
အရင်အဆိုဟာ တချို့တဝက်လောက်ဘဲ
မှန်တယ်ဆိုတာကို တွေ့လာရပါတယ်
"ဂုံးချွန်း " နဲ့ "ဂုံးဝိုင်း" အဓိက ကွာခြားချက်ကတော့
ဂုံးချွန်း ၌ ဗဟိုချက်(C 1+C2) ၂နေရာ ပါသည်
ဂုံးဝိုင်း၌ ဗဟိုချက် (C) တနေရာထဲသာပါသည်
ထို ဂုံးဝိုင်း ကို အရင်က အင်းဝခေတ်လို့
ပြောခဲ့ပေမယ် တကယ်တော့
ဒုတိယ အင်းဝ(ညောင်ရမ်း) ခေတ် မှာ
ပိုပြီး ပြုလုပ်လေ့ရှိကြပါတယ်
ပင်းယ ခေတ် နှင့်
ပထမ အင်းဝ ခေတ် စောစောပိုင်း
တွေမှာ ပုဂံ အတိုင်း " ဂုံးချွန်း "ကိုဘဲ
ဆက်သုံးနေကြဆဲပါဘဲ
အထူးခြားဆုံးကတော့
၁၁ ရာစုဦး အနော်ရထာမင်းကြီး
လက်ထက်နှင့် ကျန်စစ်သားမင်းကြီး
လက်ထက်အစပိုင်းလောက်က
အုတ်အဆောက်အဦးတွေမှာ
"ဂုံးဝိုင်း" သုံးစွဲတည်ဆောက်လေ့ရရှိခြင်းပါဘဲ
ဒီအချက်ကိုသတိမူမိတာကတော့
ပုဂံမှာ မဟုတ်ပါဘူး ကျောက်ဆည် အနောက်ဘက်က "တမုတ် ရွှေကူကြီး"
ဘုရားမှာပါ။ ရွှေဂူကြီး ၉ ဆူအပါအဝင်
တမုတ်ရွှေကူကြီးဘုရားကို
အနော်ရထာမင်းကြီး က တထပ်ဘုရား
အဖြစ် စ တည်ခဲ့ပြီး အလယ်
ခေါင်မိုးပြိုသွားလို့ နရပတိစည်သူ မင်း လက်ထက်မှာ ၂ထပ် ဘုရား
အဖြစ် ကွန်းထောင်တပ်ပြီးပြင်ဆင်ခဲ့ပါတယ်
အနော်ရထာရဲ့ အောက်ထပ်မုခ်ပေါက်တွေ က
ဂုံးဝိုင်း ဖြစ်နေပြီး နရပတိစည်သူ ရဲ့
အပ်ါထပ် ကနောက်ပြင်တဲ့
မုခ်ပေါက်တွေ က ဂုံးချွန်းဖြစ်နေပါတယ်
ဒါ့ကြောင့် ပုဂံမြို့ဟောင်း က
ပုထိုးသားများ/အပါယ်ရတနာ/နဂါးရုံ/
၅ မျက်နှာဘုရား(မင်္ဂလာစေတီအရှေ့)
မြေပုံသာ ဘုရားလှ စသော ခေတ်စောသည့်
ဘုရားများကိုပြန်ကြည့်ရာ ဝင်ပေါက် မုခ်ဂုံး
များသည် အားလုံး "ဂုံးဝိုင်း" ဖြစ်နေကြပေသည်။
ထို့ကြောင့် " ဂုံးဝိုင်း"တွေ့လျှင် အလျင်စလို
မဆုံးဖြတ်သေးဘဲ ပုဂံဦး လား ညောင်ရမ်း လား
ဆိုတာ အထူး သတိထားကြရမှာပါ
နောက်မှာဆိုရင် ၁၂ ရာစု လို့ ပြီးစလွယ်
သတ်မှတ်ခဲ့ကြတဲ့ အချို့သော ပုဂံဘုရား
များကိုလဲ ၁၁ လား ၁၂ လား ဆိုတာကို
ဂုံးဝိုင်း လား ဂုံးချွန်း လား စစ်ဆေးပြီး
အများကြီး ထပ်မံ၍ ခေတ်မှန်အောင်
လေ့လာ မှတ်တမ်းတင် ပြင်ဆင်
ကြရဦးမှာပါ
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်