ရှေးတရုတ်နှင့် ကျွန်တော်တို့ပျူ (၁၃)
**********************************
ပျူ ကို သုတေသန ပြုကြရာမှာ မိတ္ထီလာ တိုင်းမင်းကြီးထံမှ ဆရာ တော်စိန်ခို ဆီကို ပေးပို့ထားသော ၁၂-၃-၁၉၀၃ ရက်စွဲ ပါ ပေးစာအမှတ် ၂၉ စီ ပါ စာတွင် ရမည်း သင်း စီရင်စု ညောင်ကိုင်းရွာ ညောင်ကိုင်း ချောင်း အတွင်း အုတ်အဆောက်အဦများ ပေါ်ပေါက်လာကြောင်း ၄င်းတို့ကို ပျူ အုတ်ဂူ တွေ လို့ ရွာသားများက ပြောဆို မှတ်သားထား ကြကြောင်း ရေးသား ပေးပို့ ထားတာကို တွေ့ရပါတယ်
ဒါပေမယ့် ဆရာကြီး တော်စိန်ခိုဟာ အဲဒီ နေရာကို သွား ရောက် လေ့လာနိုင်ခဲ့ဟန် မတူပေ အကြောင်းကတော့ နောက်ထပ် ဆရာတော်စိန်ခို ရေးသားသော စာများ တွင် ထိုအကြောင်း ပါမလာတော့လို့ ဖြစ် ပါတယ်
သို့သော်လည်း ပျူ ဘာသာစကားနဲ့ ပက်သက်လို့ တော့ ရှေးသုရုံး (အရင်က ကျောက်စာရုံး) ဖိုင်နံပါတ် ၃၀ J-A ၁၉၁၁ မှာတော့ ဗလက်ဒင် ထံကရတဲ့ ၁၄-၇- ၁၉၁၁ ရက်စွဲပါ စာမှ မြစေတီကျောက်စာ ပျူ မျက်နှာပါ စာကား လုံး ဝေါဟာရများ ကို မွန်ခမာ ဘာသာစကားစုမှာ မထည့် သွင်း နိုင်ကြောင်း ပျူ ဘာသာစကားပါ ဝေါဟာရများသည် မြန်မာဝေါဟာရများ နှင့် အတော်များများ တူညီပြီး မွန်ဘာသာ နှင့် တူသည် ဟူ၍ တစ်လုံးသာ တွေ့ရ ကြောင်း ပြောခဲ့ပါတယ် နောက်တဆက် တည်းမှာပဲ ရခိုင်-မြန်မာ နယ်စပ် တောင် တန်းများက တိုင်းရင်းသား တွေရဲ့ ဘာသာ စကားတွေကို လေ့လာခြင်းဟာ လည်း ပျူ ဘာသာ စကား ပြဿနာ အပေါ် မီးမောင်းထိုးပြနိုင်မယ် လို့ အကြံ ပြုထားခဲ့ပါတယ်
အဲဒီ အပိုဒ်မှာ ကြည့်ရင် ဗလက်ဒင် ပေး တဲ့ စာဟာ ပျူ ဘာသာစကား ကို မွန်ခမာ အုပ်စုထဲ ထည့်သွင်းဖို့ ပြောဆို ထားတဲ့ စာ ဖြစ်နေတယ် ဗလက်ဒင်ဟာ ဒီအချိန်မှာ မလှိမ့် တပတ် လုပ်တာ ဖြစ်တယ် ဒါပေမယ့်လို့ ဒီပြဿနာက အဲသလောက် မရိုးရှင်းဘူးလို့ မြင်တယ် ဗလက် ဒင် ဆိုတာ မြန်မာတိုင်းရင်းသား မဟုတ် နိုင်ငံ ခြားသား ဖြစ်လေတော့ သူမသိတဲ့ စာတွေကို မသိဘူး လို့ မပြော ပျူ ဆိုပြီး လှိမ့်
ထည့်တယ် နောက်ထပ် သူ့စာမှာ ပျူ မျက်နှာပါ စာတွေကို မွန်ခမာ ဘာသာစကား အစုထဲ ထည့်သွင်းစေလိုတယ် ဆို တော့ သံသယဝင်လာမိပါ တယ် အခြေအနေက သမရိုးကျ မဟုတ်တော့ဘူးလို့ အာရုံသိက နှိုးဆော်လာတာ မို့လို့ပါ ဒီ နိုင်ငံခြားသားက ဘာကိစ္စနဲ့ မွန် အုပ်စုထဲ အတင်း ထိုးထည့်စေလို ရတာ လဲ ဆိုတာကိုလည်း စိတ်ဝင်စားလာ ပါ တယ်
မြန်မာပြည်သမိုင်းကို လေ့လာရာမှာ သမိုင်းပညာဖြင့် သီးသန့် သွားသော် သမိုင်းမှန်တွေ ထွက်လာဖို့ဟာ အတော် အချိန်ယူရပါလိမ့်မယ် ဒီလို ပြောရတာက အကြောင်းရှိပါတယ်
ဘာကြောင့်ပြောလဲ ဆိုရင် ကိုလိုနီခေတ် ရှေးသုဌာန အတွင်း ပညာရှင်များကြား လာဒ်ပေးလာဒ်ယူ လုပ်တာ ဒါမှမဟုတ် အဂတိလိုက်တာတွေကို သမိုင်းစာတမ်း တွေ လေ့လာရင်း အသေအချာ ရှိခဲ့တယ် ဆိုတာ မြင်လာရလို့ ဖြစ်ပါတယ် စွပ်စွဲခြင်း မဟုတ်ပါ အခြေအနေအမှန်ကို တင်ပြ ခြင်း ဖြစ်ပါတယ်
ဒီတော့ ကိုလိုနီခေတ် ပညာရှင်တွေရဲ့ ဇစ်မြစ်ကို တစ်ဦး ချင်းစီ လက်လှမ်းမှီ သမျှ လေ့လာရပါတော့ ဒီလို လုပ်တာ ကို မဆီ မဆိုင် လို့ မြင်ကောင်း မြင်ပေလိမ့်မယ်
သူတို့ တစ်ဦးချင်းစီရဲ့ ကြီးပြင်းရာ နယ်ပယ် ဘဝတစ် လျောက် အတွေ့အကြုံ ဖိနှိပ်ခံရမှု အမျိုးချစ်စိတ် လွန်ကဲမှု ရန်ငြိုး ရန်စ စတာတွေကိုပါ သိအောင် အား ထုတ်ရပါ တယ် ဒီလူရဲ့ စရိုက် သဘာဝက ဤသို့ ရှိသည် ဆိုလျှင် ဒီလူ ရေးတဲ့စာ ဘယ်ကို ယိမ်းမလဲ ဆိုတာက မြင်သာစေ တယ် သူ့ယူဆချက်တွေကို ဖြစ်နိုင် မဖြစ် နိုင် ချိန်ဆရာမှာ တိုက်ရိုက် အထောက် အပံ့ ဖြစ်လာစေတယ် သမိုင်း မှတ်တမ်း ကျမ်းကိုး အထောက်အထား ဆိုတာ ဟိုစာက နည်းနည်း ဒီစာက နည်းနည်း စုတုပြု ရတာ ဖြစ်လေတော့ ရှာဖွေရ မလွယ်လှပေ ရသလောက် အထောက် အထား များအပေါ် အခြေပြုပြီး ကောက်ချက် ချရတာမျိုးမို့ သင့်၏ မသင့်၏ ဟု လည်းကောင်း ဖြစ်သည် မဟုတ်ပါ ဆိုတာ လို ရဲရဲ ယတိပြတ် ချေဖျက်ပယ်ချ လုပ်ရတဲ့ ဆုံးဖြတ်ချက် တစ်ခုကို လွယ်လွယ်ချလို့ မရပါဘူး အတော်ကြီး ခိုင်မာ မှ ၄င်းဖြစ်သည် ဒီဟာပါ ဆိုပြီး အခိုင် အမာ ပြောရတာ ဖြစ်ပါတယ် အတော် များများ အချက်အလက် တွေဟာ ယူဆ ရသည် ယူနိုင်သည် ဖြစ်ပေလိမ့်မည် စတဲ့
မရေမရာ သဘော ရေးသားသူ ကိုယ်တိုင် ရဲရဲ မယုံရှာ သော ကောက်ချက်များမှာ အဆုံးသတ်လေ့ ရှိတယ် ဆိုတာ မြင်တွေ့ နေကျ ဖြစ်ပါတယ် စာဖတ်သူတို့လဲ သိပြီး ဖြစ်ပါတယ်
မြန်မာပြည် သမိုင်းကို သုတေသန ပြုရာ တွင် ကိုလိုနီခေတ် အတွင်းရေး လိမ်ဆင် သမိုင်း တွေကို ပယ်ချနိုင်ဖို့ အားထုတ်နေ ကြရ ရှာတဲ့ သနားစရာ လူတွေ ဖြစ်ပါ တယ် ရှေ့လူ ရေးခဲ့တာကို အလွယ်တကူ အချောင် ကောက် ယူလို့ ရပြီး ထပ်တွေ့ တာကို မူလစာ အဆုံးကနေ ဆက်ပြီး ရေး လို့ရတဲ့ သမိုင်း ဆိုလို့ ပြည်တွင်းမှာ တစ်ခု မှ မရှိပါဘူး ရှေ့လူ တလွဲကို ပြင်နေရတာ က ၉၀% ဖြစ်နေတာပါ
ကိုလိုနီခေတ်ရေး သမိုင်း စာတမ်းများကို စီစစ် တိုက်ဆိုင် သုတေသန လုပ်ရသော အလုပ်မှာ ရှားလော့ဟုမ်း ကိုပဲ အင်္ဂလန် ကနေ ခေါ်ရမလိုလို ဆားပုလင်း နှင်း မောင် ကိုပဲ ဦးမင်းသိင်္ခ ဆီကနေ အငှား ချထားရမလိုလို ဖြစ်နေတာပါ
အမှန်ကနည်းနည်း သိသိနဲ့ ထိန်ချန်တာ က များများ ဟိုပို့ ဒီရွှေ့လုပ်တာက အစုံစုံ မသမာမှုတွေက အဖုံဖုံ နဲ့ လုပ်ချင်တိုင်း လုပ်သွားခဲ့ကြတာမျိုး ဖြစ်နေတာ အားလုံး ကို ခြုံပြောတာပါ တလွဲအယူ မကောက်ကြပါနဲ့
အထက် ဖော်ပြပါ ဗလက်ဒင်က သူ့စာမှာ ဘာကြောင့် ပျူ စာလို့ သူပြောတဲ့ စာကို ရူးသလိုလို ပေါသလိုလိုနဲ့ မွန်ခမာ အုပ်စု ထဲ ထည့်သွင်းစေလိုရတာလဲ ဆိုတာရဲ့ နောက်ကွယ်မှာ ထိုအချိန်က ရှေးသုဌာန မှာ တာဝန်ထမ်း သူများ ပြင်ပ သမိုင်းပညာ ရှင် အများစုဟာ ဘာ လူမျိုးတွေ လဲ ဆို တာကို ကြည့်ရင် အဖြေ ထွက်ပါတယ်
ထိုအချိန်က သမိုင်းလောကမှာ အခြေ သတင်းကြီးလှပါတဲ့ ရွှေမင်းသားကြီး အများစုဟာ လူမျိုးတစ်စုတည်းက ဖြစ်နေ တာပါ ဆရာတွေကို လေးစားသမှုနဲ့ နာမည်များ မဖော်ပြ လိုပါ ဟုတ် မဟုတ် ကိုယ်တိုင် လေ့လာကြည့်လိုက်ပါ သိရပါလိမ့်မယ် ဒါက ပထမ အချက်
ဒုတိယက လုစ် ဒီလူက ဗမာသမိုင်းကို ကမောက်ကမ ဖြစ်အောင်လုပ် မွန်တွေကို မတရားကို ရှေးတန်း တင် ထားခဲ့တယ်
အဓိကက သွေးကွဲစေဖို့ အင်္ဂလိပ်အုပ်ချုပ် ရေး စနစ် ကောင်းတယ် ဆိုတာ ယုံကြည် စေဖို့ ဖြစ်တယ် မွန်တွေကို ချစ်ခင်လို့ မဟုတ်ပါဘူး ရသလောက် မှိုင်းသွင်းတာပါ သူ့ရဲ့ ကျောက်ဆည်စာတမ်းမှာ ပေါက် တတ်ကရတွေ ပြောခဲ့ပြီး မွန်တွေကို မြှောက် ဗမာတွေကို ကုပ်သွားအောင် လုပ်တယ် ဒါကို သိလို့ မခံချင်ဖြစ်ပြီး ဆရာ ဦးဖိုးလတ်က လုစ်ရဲ့ကျောက်ဆည် စာ တမ်း ကြီးကို မြန်မာအစ စာတမ်း ကိုင်ပြီး ကန်ထုတ်ပစ်လိုက်တဲ့အခါ အရူးဘုံ မြောက် လုပ် ချင်တိုင်း လုပ်ထားကြတဲ့ မွန် သမိုင်းတွေဟာ ကမောက် ကမ စဖြစ်ပါ တော့တယ် စစ်ကြည့်ပါ မခိုင်မာဘဲ ဒါကို မပြောရဲပါဘူး
တကယ့်တကယ်တမ်း သမိုင်းသုတေသန တွေ အစီစီ ပေါ်လာတဲ့ အခါမှာ ရေးချင်တိုင်း ပေါက်တတ်ကရ ရေးခဲ့ တာတွေ တန်းစီ ပေါ်ထွက်လာရတော့တာပါပဲ မြင်လာ သိလာချိန်မှာ ရေးသား တင်ပြလာကြတယ် အင်တာနက် ပေါ်မှာ ရေးသား ဖော်ပြကြတာမျိုး ဆိုရင် ရာဇဝင်နဲ့ သမိုင်း ကို မကွဲတဲ့ သူငယ်နှပ်စားတွေက အမိယုတ်တာ ပြဖို့ လိုက်ပြီး ဆဲကြပါတယ်
အစကဆိုလျှင် ကိုယ်တိုင်ပင် ပြန်လှန် ငြင်းခုန် ဖြစ်နေ ပါသေးတယ် နောက်ပိုင်း တော့ အထာ သိလာတယ် လာပြောနေ တဲ့ အချက်အလက်တွေကို စောင့်ကြည့် လိုက်တယ် တန်းတူတယ် ကိုယ့်ထက် တယ် ဒါမှ မဟုတ် ကိုယ့် ထက် နိမ့်ပေမယ့် အမှန်တကယ် သိလိုလို့ မေးတတ် သလို မေးတာ မျိုးတွေကို စိတ် ရှည်ရှည်နဲ့ အချိန် ပေးပြီး ပြန်ပြောပါတယ် ဒါက မြင့်သည့်ဖြစ်စေ နိမ့်သည် ဖြစ်စေ
အသိသညာ တိုးရပါတယ် အမြင်သစ် တွေကို ရရှိစေပါ တယ် ဒီလူတွေနဲ့ အငြင်း ပွားနေရတာမျိုး ဖြစ်ကောင်း ဖြစ်နေပါမယ် ဒါပေမယ့်လို့ သူမြင်တဲ့ ရှု့ဒေါင့်ကို ကိုယ့် မသိသေးတာ ဖြစ်ရင် သူ့ဆီက အမြင်ကို ယူပြီး တခါ သုံးသပ်ဝေဖန် ကြည့်ဖို့ ဖြစ် လာစေတယ် ကိုယ်ကမှားပြီး သူ့အမြင်က သင့်တော်ကောင်းမွန်နေရင် ကိုယ့် အမှား ကို ပြင်ခွင့်ရစေပါတယ် ဒါတွေက နှစ်ဦး နှစ်ဖက် အကျိုးများစေ ပါတယ်
လုစ်ရဲ့ ပစ်မှတ်က တိုင်းရင်းသားတွေ သွေးကွဲဖို့ အင်္ဂလိပ် အစိုးရ အုပ်ချုပ်တာ ကောင်းတယ်ဆိုတဲ့ အမြင်ကို ရစေဖို့
လုပ်တာ ဖြစ်တယ် ဒီမှာ လုစ်လု့ပ်သွားတဲ့နည်းကို နဲနဲ ပြောပြပါမယ် လုစ်က အင်္ဂလိပ် ပေါ်လစီကို ဖော်ဆောင်ဖို့ ကြိုးပမ်းရာမှာ ဗမာနဲ့က အမြဲအတိုက်အခံ ဖြစ်နေတော့ လွယ်လွယ်မရ လောက်ဘူး ဆိုတာ သိတယ် ဒီတော့ ဘာလုပ်သလဲ ဆိုရင် ပြည်မမှာ ရှိတဲ့ အင်အားကြီး အုပ်စု ကို ကြည့်တယ် မွန်နဲ့ ဗမာပဲ ပြည်မမှာ အင်အား တောင့် တာလေ ဗမာနဲ့က ချရမယ် ဆိုတော့ သူ့ဘက်က ရပ်ဖို့ မြန်မာပြည်သား အင်အားကြီးအုပ်စု လိုတာကြောင့်
ပြည်မက မွန်တွေနားကို ကပ်သွားတယ် အဲဒီအချိန် ရှေးသုဌာနမှာကလည်း မွန် ပညာရှင်က အများစု ဖြစ်လေ တော့ သြဇာ ကြီးတဲ့ လူရိုသေ ရှင်ရိုသေ မွန် သမိုင်း ဆရာ တွေနဲ့ အဆင်ပြေပြေ ဖြစ်အောင်နေပြီး မွန်သမိုင်းကို မြှောက်ပင့် ပြောတယ် မရမက ရှေ့တိုးဖော်ပြတယ် ဗမာ သမိုင်းကို သိတာကိုတောင် ဖျောက် ပြီး နောက်ဆုတ်ပစ် တယ် ဒါကြီးတွေက အရမ်း သိသာ ထင်ရှားတယ်
မွန်ရာဇဝင် သမိုင်းကို ထောက်ပြထားချက် ပါးပါးလေးကိုပဲ ကြည့်ပါ ကိုလိုနီခေတ်က ဘယ်လိုတွေ လုပ်သွားလို့ ခုချိန် မှာ ဒီလို အထောက်ခံ နေရတာကို မြင်သာမှာပါ လုစ်က သူ့ လူမျိုး ကောင်းစားရေးကို အားထုတ်တာ စစ်တုရင် ကစားနေတာနဲ့ တူတယ် အထောက်အခံ အတိုက် တွေနဲ့ ကနဦးပိုင်းမှာ ဟန်ချက်ညီညီ နဲ့ ပွဲထွက်လာပြီး ဗဟိုကို ကျောက်ဆည်စာတမ်းနဲ့ ချုပ်ထား နိုင်ခဲ့ပါတယ်
ခံစစ်မှူးကြီး တွေ ဖြစ်တဲ့ ဦးဖိုးကျားက မြန်မာဂုဏ်ရည် စာအုပ်ရေးပြီး တန်ပြန် တိုက်စစ်ကို ပထမဆုံး တက်လာခဲ့ တယ် ဒါပေမယ့် ဗဟိုကို ထိန်းချုပ်ထားတဲ့ လုစ် ရဲ့ တိုက်စစ်ကို မခြိမ်းခြောက်နိုင်ခဲ့ပါဘူး
ဒီလို လေးငါးယောက် တက်လာတယ် အရာမထင်။ လုစ်က အားကောင်းလာတယ် အင်အားရှိလာတော့ ပေါ့ဆလာ တယ် အတင်း လုပ်ချင်တိုင်း လုပ်လာတယ် အထောက် အခံ တွေကို အရေး မစိုက်တော့ပဲ ကင်းကို တိုက်ပြီး ပွဲသိမ်း ဖို့ ပဲ တက်လာခဲ့ပါတာ လုစ်ရဲ့ အိုပန်နီ ကောင်းပေမယ့် ခံတပ်ကို အရေးမစိုက်တော့ ဟာလာတယ် ဒါကို သတိထား မိတဲ့ ဦးဖိုးလတ်က မြန်မာအစ စာတမ်း ရေးပြီး လုစ်ရဲ့ ကျောက်ဆည်ကင်းကို Chess ခေါ်လိုက်တာ ပွဲသိမ်းပါလေရော။
ဒီကစားပွဲက နှစ်ပေါင်း ဘယ်လောက်ကြာ ခဲ့သလဲ ကိုယ့်ဟာကိုယ်ပဲ တွက်ကြည့်ပါ လုစ်ရဲ့ ကျောက်ဆည် စာတမ်း ရှံးတော့ ဒီစာတမ်းပါ အချက်တွေက ဘုရင်ကျ တော့ အကုန်သုံ့ပန်း ဖြစ်ရတော့တာပဲပေါ့
၁၉၇၂ ခု ဦးပညာ ရေးတဲ့ သထုံရာဇဝင် ချုပ်မှာ ဦးပညာ ကိုးကားချက် တွေကို ဖော်ပြရာမှာပါတာ တစ်ခု ပြောပြပါမယ် ဦးပညာက ကော့ဂွန်းဂူ ပေစာကို ကိုးကား တယ်လို့ ရေးထားတာ ပါတယ် အဲဒီမှာ မေးစရာ ရှိတာက
ကော့ဂွန်းဂူ ပေစာ ဆိုတာ ဘယ်ဟာကို ပြောတာလဲ ဆိုတာ မပါ ကော့ဂွန်းဂူက ရတဲ့ ပစ္စည်းစာရင်းမှာလဲ မရှိ လက်ရှိ ပေစာ ထိမ်းသိမ်းထားရာမှာလဲ မရှိ နောက် အခြား ဆရာတစ်ယောက် ယောက်ရဲ့ စာအုပ်တွေမှာ ဖော်ပြထား တာများ ရှိလေမလား ဆိုပြီး လေ့လာ ကြည့်တာလဲ မတွေ့ ရ တကယ်တမ်း ကော့ဂွန်းဂူ ပေစာ ဆိုတာ ရှိခဲ့ရင် ဦးပညာ နဲ့ ခေတ်ပြိုင်ထဲက အခြား ဆရာတစ်ဦးဦး ရေးသားရာမှာ ပါကို ပါနေရမှာပါ လိုင်းတူရင် ဘယ်သူက ပေမူကို ကျော်ပြီး ရေးရဲ ပါ့မလဲ ဒါကိုပဲ ဖော်ပြကြမှာပေါ့ ဒီလို ဖော်ပြတာမျိုး တစ်ယောက်မှ မရှိခဲ့ပါဘူး ဦးပညာ ဒီ ပေစာကို ဘယ်လို ရခဲ့တာလဲ သူကိုယ်တိုင် ရခဲ့တာလား ဒါမှမဟုတ် သူ့ ဆရာ အသိ မိတ်ဆွေတွေဆီက ရတာမျိုး ဆိုပြန်တော့ ဒါလည်း မရှိပါဘူး သူ့ဆီမှာ ရှိခဲ့တယ် ဆိုရင် အခု ဘယ်ရောက်သွား တာလဲ လို့ မေးရပါမယ်
တကယ်တမ်း ကော့ဂွန်းဂူ ကျောက်စာ ဆိုတာ ရှိတယ် သင်္ဃန်းစမှာ ရေးထားတာ ရှိတယ် ပေစာ ဆိုပြီး မရှိပါဘူး ဒီလို အခြေအမြစ် မပြနိုင်ဘဲ ပေါက်တတ်ကရ ရေးခဲ့ တာကို အတည်ယူပြီး ရှေးသု မွန်ပညာရှင် ဦးစံဝင်းက သုဝဏ္ဏဘူမိ စာတမ်းမှာ ကိုးကား ပြန်ပါတယ် ဒါက စကားစပ်မိရာ က ပြောဖြစ်သွားတာပါ ဦးစံဝင်းကို ပညာ ရှင် တစ်ဦးအနေနဲ့ လေးစားပါတယ် အပြစ် ပြောလိုခြင်း မဟုတ်ပါဘူး
ဒီလိုမျိုး မခိုင်မာတဲ့ စာတွေကနေ ကူးယူ ပြီး အမျိုးမျိုး ကောက်ယူ ကြံဆ ရေးသား ထားတဲ့ နောက်ပေါ် စာအုပ် တွေကို အကုသိုလ် ပေါ့ပေါ့ပါးပါး ဝေဖန်နိုင်ခြင်း အကြောင်း ကတော့ မူလ ဇစ်မြစ် ကျမ်း ကိုကမှ အခြေမခိုင်ခဲ့တာ ဖြစ်နေတာမို့ပါ သထုံရာဇဝင်ချုပ် စာအုပ်က အတော်ကို ရှားပါးတဲ့ စာအုပ် ဖြစ်နေပါပြီ ပြန့်ပွားစေဖို့ ရာ ထပ်မံ ထုတ်ဝေသင့်လှပါတယ်
ဒွတ္တဘောင်ကို အစချီထားတဲ့ သထုံ ရာဇဝင်ချုပ်ပါ နောက်ပေါက်တွေက ဒွတ္တဘောင်ဟာ မွန်မင်း မဟုတ် ဆိုတာ သိကြလေတော့ ဒွတ္တဘောင်ကို မပြဘဲ အဲဒီ နောက်ကနေ စပြီး မွန်မင်းဆက်ကို ပြလာတယ် ဒွတ္တဘောင်မင်း ဆိုတာ ဗမာနဲ့ မွန်နဲ့ စပ်တဲ့ သူများတွေ ပြောပြော နေတဲ့ တန်လိုင်းလိုလို ဘာလိုလို ဖြစ်ရရှာ ပါ တယ် နောက်ပေါက်တွေ ဒွတ္တဘောင် ကို ဖျောက်ထားတာ မသိကြရတဲ့ အဖြစ်ဟာ သထုံရာဇဝင်ချုပ်က ရှားပါးစာရင်း ထဲ ရောက်နေလေတော့ မသိဘူးပေါ့
ဗလက်ဒင်ရဲ့ အမှုကို လိုက်လာတာ ညောင်မြစ်တူးရင်း ပုတ်သင်ဥတွေ ထွက် ကျလာတာ တန်းစီနေပါတယ် တစ်ခုစီ ကို အလျဉ်းသင့်ရာတွေမှာ ဖော်ပြပေးသွားပါမယ်
အပိုင်း(14) ဆက်ရန်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်