ဦးမြင့်အောင်
အကြိုသမိုင်းဆိုသောဝေါဟာရကို ယခင် မန္တလေးတက္ကသိုလ် သမိုင်းပါမောက္ခ(ယခုဂျပန်နိုင်ငံရောက် ဧည့်ပါမောက္ခ) ဒေါက်တာ သန်းထွန်းက စတင် သုံးစွဲခဲ့သည်ကို တွေ့ရှိရ
သည်။ ဒေါက်တာသန်းထွန်းသည် ကန်သာစိမ်းလဲ့အဖွဲ့ ၁၈-နှစ်မြောက် နှစ်ပတ်လည်ပွဲကို
ရန်ကုန်တက္ကသိုလ်နယ်မြေ အမရဆောင်၌ ကျင်းပသောအခါ ]]ဗမာအကြိုသမိုင်း}}ခေါင်း စဉ်ဖြင့် ကျောက်ခေတ်ယဉ်ကျေးမှုများအကြောင်း စာတမ်းတစောင်ကို ၂၆-၉-၇၁-နေ့က ဖတ်ကြားတင်သွင်းခဲ့သည်။ ယင်းသည့်နောက် တက္ကသိုလ်သမိုင်းဆရာများက ]]အကြို သမိုင်း}}ဆိုသောဝေါဟာရကို ဆက်လက်သုံးစွဲခဲ့ကြ၏။ သမိုင်းနည်းပြဆရာဦးကျော်သည် ပြဒါးလင်းဂူအကြောင်း သုံးသပ်ချက်ဆောင်းပါးတစောင်ကို တက္ကသိုလ်ပညာပဒေသာစာ
စောင်၊ အတွဲ ၁၃၊ အပိုင်း ၂၊ ၁၉၇၉၊ မတ်လထုတ်အတွက် ရေးသားရာတွင် ဆောင်းပါး
ခေါင်းစဉ်ကို ]]မြန်မာ့အကြိုသမိုင်းနှင့်ပြဒါးလင်းဂူ}}ဟု တပ်ခဲ့သည်။
ဤသို့ဖြင့် အကြိုသမိုင်းဝေါဟာရအသုံးအနှုန်းနှင့်ပတ်သက်၍ စိတ်ဝင်စားမိသည် နှင့်အမျှ ကနဦး သုံးစွဲသူ ဆရာသန်းထွန်းအား မေးမြန်းကြည့်မိသည်။ ဆရာက ဏမနတမေ ဆိုသော အင်္ဂလိပ်စကားလုံးကို မြန်မာတို့က ]]စစ်ကြိုခေတ်}}ဟု ပြန်ဆိုသုံးစွဲခဲ့ကြကြောင်း၊ ထို့ကြောင့် သမိုင်းမတိုင်မီ ကျောက်ခေတ်ဓလေ့များအကြောင်း ဖေါ်ပြရာတွင် ဏမန့ငျအသမပ (ဝါ)သမိုင်းကို ကြို၍ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်သော စကားလုံးကို အကြို သမိုင်းဟူသည့်အနက်အဓိပ္ပါယ်ဖြင့် သုံးစွဲကြောင်း စာရေးသူအား ရှင်းပြဖူးပါသည်။ ဏမနတမေ ကို စစ်ကြိုခေတ်ဟု သုံးစွဲသည်မှာမှန်ပါသည်။ သို့သော် ဏမန့ငျအသမပ ဆိုသော အင်္ဂလိပ်စကားလုံးကို အကြိုသမိုင်းဟု ဆိုလိုက်လျှင် လွတ်လွတ်ကျွတ်ကျွတ် အဓိပ္ပါယ်မရ တတ်သေးသည်ကို တွေးမိ၏။
ထိုသို့ မလွတ်ကျွတ်သည့်အချက်မှာ အခြားမဟုတ်။ အင်္ဂလိပ်ဝေါဟာရနယ်ပယ်၌ ဏမသ့ငျအသမပ ဆိုသောစကားလုံးတလုံး ရှိနေသေးသောကြောင့်ပင် ဖြစ်သည်။ အင်္ဂလိပ်အဘိ ဓာန်များတွင် ဏမန့ငျအသမပ ဆိုသောစကားလုံး၏အဓိပ္ပါယ်ကို ]]ရေးမှတ်ထားသည့် မှတ်တမ်း များ မပေါ်ပေါက်မီက ကမ္ဘာမြေပြင်နှင်လူသားတို့၏ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဉ်ဇာတ်လမ်း}} ဟူသည့်အနက်အဓိပ္ပါယ် ပေးထားသည်။ ဤတွင် ဏမသ့ငျအသမပ မှ ဏမသအသ ဆိုသောစကားလုံး
၏အဓိပ္ပါယ်ကို ရှာဖွေကြည့်မိပြန်သည်။ ဏမသအသ သည် လက်တင်ဘာသာ ရှေ့ဆက်စကား (ဏမန်ငထ) ဖြစ်၍ အဓိပ္ပါယ်မှာ်သမ (အတွက်)်သမန (အရှေ့) ဘန်သမန (မတိုင်မီ)်သမတမေိ (ရှေ့သို့)ဆိုသော အဓိပ္ပါယ်များ ရရှိသည်ကို တွေ့ရသည်။
ဘာသာဝေါဟာရအနေဖြင့် ပေးထားသော အဓိပ္ပါယ်များအရ ဏမန့ငျအသမပ ဆိုသော ဝေါဟာရနှင့် ဏမသ့ငျအသမပ ဆိုသောဝေါဟာရသည် တခုနှင့်တခု အဓိပ္ပါယ်ထင်ရှား ကွဲပြား ကြသည်ဟု ဆိုနိုင်ရန်ခက်ခဲပေသည်။ သို့သော် ဤစကားလုံးများကို ရှေးဟောင်းနှင့်သမိုင်း သုတေသနနယ်ပယ်များတွင် သုံးစွဲကြသောကြောင့် သမိုင်းဖြစ်စဉ်များနှင့်ယှဉ်တွဲအဓိပ္ပါယ် ဖေါ်ထုတ်ရန် လိုအပ်လာသည်။
ဏမန့ငျအသမပ ဆိုသောစကားလုံးကို ပထမဆုံး စတင်သုံးစွဲခဲ့သူသည် ဒင်နီယယ်ဝီလ ဆင် (ီညေငနွျှူငျူသည) ဖြစ်၍ ၁၈၅၁-ခုနှစ်တွင် သုံးစွဲခဲ့ခြင်း ဖြစ်သည်။ သူရေးသောစာ အုပ် စကော့တလန်ပြည်၏ရှေးဟောင်းသုတေသနနှင့်သမိုင်းမတိုင်မီဖြစ်ရပ်များ (ွှ့န ဗမခ့နေသူသါပ ညေိ ဏမန့င်အသမငခ ဗညညေ်ူ သှ်ခသအူသညေိ) ခေါ်စာအုပ်တွင်စတင်သုံးစွဲခြင်း ဖြစ်သည်။ ထို့ကြောင့် ဤစကားလုံးသည် ၁၈၅၁-ခုနှစ်မှစ၍ အင်္ဂလိပ်ဘာသာစကားနယ်
ပယ်တွင်းသို့ ချဉ်းနင်းရောက်ရှိသွားခဲ့၏။ ဤစကားလုံးနှင့်သံတူကြောင်းတူ စကားလုံးများ ကို ပြင်သစ်တို့က ဏမန့ငျအသမငခ ဟူ၍လည်းကောင်း၊ အီတလီတို့က ဏမန့င်အသမငေ ဟူ၍ လည်းကောင်း၊ ဂျာမန်တို့က ဠသမါမနျခ့ငခ့အန ဟူ၍လည်းကောင်း၊ ဒိန်းတို့က ဥိုအငိဟူ၍ လည်းကောင်း ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။
ဤတွင် အင်္ဂလန်နိုင်ငံ ကင်းဗရစ်တက္ကသိုလ်ရှေးဟောင်းသုတေသနပညာကထိက ဒေါက်တာဂလင်းဒင်နီယယ်က သူ၏သမိုင်းမတင်မီခေတ် လေ့လာရေးပညာရပ်အယူအဆ (ွှ့နှိုနေ သ် ဏမန့ငျအသမပ) ဆိုသောစာအုပ် စာမျက်နှာ (၁၀)တွင်-
]] (ံငျအသမပ) သမိုင်းဘာသာရပ်ဟု ဆိုလိုက်လျှင် စာဖတ်သူ အများစုအနေဖြင့် သမိုင်းကို စာဖြင့်ရေးသားမှတ်တမ်းတင်ထားခြင်းဟု သဘောပေါက်နားလည်ကြကြောင်း ကျွန်ုပ် တွေးထင်မိသည်။
ယခု ကျွန်ုပ်တို့အနေဖြင့် ဏမန့ငျအသမပ ဟုပြောလိုက်သောအခါ စာဖြင့်ရေးသားမှတ် တမ်းတင်သောခေတ်မတိုင်မီက လူ့တိုးတက်မှုများအကြောင်း လေ့လာသည့်ပညာရပ်ပင် ဖြစ်သည်။}}
ဟုရှင်းလင်းဖေါ်ပြထားပါသည်။ ထို့ထက်ပို၍ ဒင်နီယယ်က ရှင်းပြပြန်ရာတွင် ပထမ အ ချက်အနေဖြင့် ရှေးဦးလူသား၏စာရေးမထားသည့်ြွကင်းကျန်ရစ်သော လက်သုံးကိရိယာ များ၊ လက်နက်ပစ္စည်းများ၊ အိုးအိမ် ဘုရားကျောင်းကန်၊ နံရံဆေးရေး၊ သင်္ချိုင်းဂူ၊ လယ် ကွင်း၊ ခံတပ်နှင့်ရေရဟပ်များကို လေ့လာသည့်ပညာရပ်ဟူ၍လည်းကောင်း၊ ဒုတိယအ ချက်အနေဖြင့် ရှေးခေတ်လူသား၏ပတ်ဝန်းကျင်ဖြစ်ခဲ့သော အသီး၊ အပင်၊ ကျောက်ဖြစ်အ
ရိုးများကို လေ့လာသောပညာရပ်ဟူ၍လည်းကောင်း ထပ်မံရှင်းလင်းဖေါ်ပြထားသည်။
လန်ဒန်တက္ကသိုလ် ရှေးဟောင်းသုတေသနဗိမာန်ပတ်ဝန်းကျင် ရှေးဟောင်းသုတေ သနပညာ ပါမောက္ခဒေါက်တာဇွိုင်းနားကလည်း သူ၏အိန္ဒိယပြည် သမိုင်းမတင်မီခေတ် လေ့လာရေးပညာ (ဏမန့င်အသမပ ငည ႈညိငေ) စာအုပ်တွင်
]]အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုသည် နှစ်ပေါင်း ၄၅၀ဝ-ခန့်ကြာမြင့် ဟောင်းနွမ်းခဲ့ပြီဖြစ် သည်။ ဤသို့ဆိုသဖြင့် ခေတ်ကြီးတခေတ်အဖြစ် ထင်မှတ်စရာရှိ၏။ ဤခေတ်ကြီးထက် စောသော နှစ်ထောင်သောင်းချီသည့် ခေတ်ကြီးတခေတ်လည်း ရှိခဲ့ဖူးသေးသည်။ ယင်း ခေတ်ကြီးတွင် လူသားသည် သတ္တုကို မသုံး၊ အစားအစာကို ရှာဖွေရသောဘဝ၌ နေခဲ့ရ
၏။ ဤခေတ်ကို ကျောက်ခေတ်ဟု ခေါ်သည်။ ဤကျောက်ခေတ်အကြောင်း ကျွန်ုပ်တို့
လေ့လာယင်းဖြင့် သမိုင်းတင်ရှေးဟောင်းသုတေသနနယ်ပယ်မှ ဏမန့ငျအသပ ခေါ်သမိုင်း
မတင် ရှေးဟောင်းသုတေသန နယ်ပယ်သို့ရောက်ရှိသွားခဲ့ကြသည်။}} ဟူ၍ ရေးသားကာ ဒင်နီယယ်ကို ထောက်ခံထားပေသည်။
ထို့ကြောင့် ဒင်နီယယ်၏သဘောအရ ဏမန့ငျအသပ သည် သမိုင်းကို စာဖြင့်ရေးသား မှတ်တမ်းတင်သည့်ခေတ် မတိုင်မီက လူ့သမိုင်းအကြောင်း လေ့လာသောပညာရပ်ဟု ဆို လိုရာရောက်ပေသည်။ ယင်းကို အကြိုသမိုင်းဟု ခေါ်ခြင်းထက် ]]သမိုင်းမတင်ခေတ် လေ့ လာရေးပညာ}}ဟု ခေါ်လျှင် ပိုမိုလျော်ကန်မည် ထင်ပါသည်။
ဒေါက်တာသန်းထွန်း သုံးစွဲသော အကြိုသမိုင်းဆိုသည့် ဝေါဟာရသည် ဏမသအသ့ငျအသပ ဆိုသော အင်္ဂလိပ်စကားလုံးနှင့်ပိုမိုသက်ဆိုင်သည်ဟု ယူသော် သင့်မည်ထင် ပါသည်။ ဤသို့ထင်ရသည်မှာ အဘိဓာန်လာ အဓိပ္ပါယ်ကြောင့် မဟုတ်ပါ။ သမိုင်းလေ့လာ မှုအရဖြစ်သည်။ ဏမသအသ ဆိုသောလက်တင်ဘာသာ ရှေ့ဆက်စကားလုံးကို ]]အကြို}}ဟု မြန် မာဘာသာဖြင့် အနက်ဖွင့်လိုပါသည်။ ကမ္ဘာ့သမိုင်းတွင် ကျောက်ခေတ်ခေါ်သမိုင်းကို စာ ဖြင့် ရေးသားမှတ်တမ်းမတင်သည့် ခေတ်ကုန်ဆုံးခဲသောအခါ၊ အီဂျစ်နိုင်ငံ၌ အရုပ်စာ အ ရေးအသားနှင့်အိန္ဒိယနိုင်ငံ အိန္ဒုမြစ်ဝှမ်း၌ အရုပ်စာအခြေပြုစိတ်ကူးÓဏ်ပြအရေးအသား (ှိုနသါမစျေ့) များဖြစ်ပေါ်တိုးတက်လာခဲ့ကြသည်။ ဤခေတ်များတွင် ရုပ်ပိုင်းနှင့်စိတ်ပိုင်း
ယဉ်ကျေးမှုဘက်များ၌လည်း လွန်စွာဖွံ့ဖြိုးတိုးတက်ခဲ့၏။ အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု တနည်း အားဖြင့် ဟာရပ္ပယဉ်ကျေးမှုသည် အိန္ဒိယနိုင်ငံကြီးအား အခြားကမ္ဘာ့ရှေးဟောင်းနိုင်ငံကြီး များနှင့်ရင်ပေါင်တန်းစေခဲ့သည်။ ဤဟာရပ္ပယဉ်ကျေးမှု ထွန်းကားခဲ့သော ဘီစီ ၅၀ဝ၀-ခန့် မှ ၂၅၀ဝ-ခန့်ကာလနှင့်ဘီစီ ၆၀ဝ-အထက် ဝေဒခေတ်ကာလကို အိန္ဒိယရှေးဟောင်းသု တေသနပညာရှင် ဒေါက်တာဆန်ကလိယက ဏမသအသ့ငျအသမပ ဟူသော ဝေါဟာရနယ်ပယ် တွင် ထည့်သွင်းသင့်သည်ဟု ဆိုမိန့်ဖူးသည်။
ံ.ှီညေုေူငှေုညိငညေ ဗမခ့နေသူသါပွှသ-ိပေယ သြာဘပေ ဗ်ငေ ဏကဘူင့်ငညါ
ံသက်န (၁၉၆၂. စ.၂၇).
ဆန်ကလိယက ဆက်လက်ရေးသားရာတွင်-
]]ဟာရပ္ပခေတ်ကို တည်ထောင်ခဲ့သူများသည် စာရေးသားတတ်ကျွမ်းကြ၏။ သူတို့
၏အရုပ်စာအရေးအသားများကို ကျွန်ုပ်တို့ စိတ်ကျေနပ်ွယ် အဓိပ္ပါယ်မဖေါ်ထုတ်နိုင်သေး ခြင်းသည် သူတို့၏အပြစ်မဟုတ်ပါချေ။ ဤစာအရေးအသားကို ဖတ်နိုင်လာသည်နှင့် တပြိုင်နက် အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုသည် အီဂျစ်နှင့်ဆူမားရီးယန်းများကဲ့သို့ ဏမသအသ့ငျအသ-
မငခ (သမိုင်းကြိုခေတ်) သို့မဟုတ် ဏမန့ငျအသမငခ (သမိုင်းမတင်မီခေတ်)နယ်ပယ်မှံငျအသမငခ
(သမိုင်းခေတ်)နယ်ပယ်သို့ ကူးပြောင်းရောက်ရှိသွားမည်သာ ဖြစ်တော့သည်။ ဟူ၍ရေးသားထားသည်။
ကျွန်ုပ်တို့ နိုင်ငံသမိုင်းဖြစ်စဉ်များကို ကြည့်လျှင် အခြားနိုင်ငံများနည်းတူ ရှေးအကျ
ဆုံး ကာလက ကျောက်ခေတ်များ ထွန်းကားခဲ့ဖူးသည်ကို တွေ့ကြရ၏။ ယင်းတို့အနက် အ စောဆုံးသောခေတ်ကို အညာသားယဉ်ကျေးမှု (ဗညပအေ့ငညေ ဃကူအကမန) ထွန်းကားသည့် ခေတ်ဟု ခေါ်ဆိုခဲ့ကြသည်။ ဤခေတ်သည် လွန်ခဲ့သောနှစ်ပေါင်း ၁-သိန်းပတ်ဝန်းကျင် တွင်ဖြစ်သည်။ ဤကျောက်ခေတ်သည် ကျောက်ကြမ်းခေတ်လည်း ဖြစ်သည်။ ယင်းနောက် ကျောက်ချောခေတ် ထွန်းကားခဲ့သော အထောက်အထားများကို နိုင်ငံအနှံ့တွင် တွေ့ရှိရ သည်။ ကြေးခေတ်တခေတ်လည်း ထွန်းကားခဲ့သေးဟန် တူသည်။ အကြောင်းမူ ကြေးမိုး ကြိုးသွားခေါ် ကြေးပုဆိန်သွားအချို့ကို တွေ့ရှိရသောကြောင့်ပင် ဖြစ်၏။ မြန်မာ့ကျောက် ခေတ်များတွင် စာပေအရေးအသား မပေါ်ပေါက်သေးသဖြင့် သမိုင်းအခြင်းအရာဖြစ်စဉ် များကို စာဖြင့်ရေးသား မှတ်တမ်းတင်နိုင်ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် မြန်မာ့ကျောက်ခေတ် ကို အင်္ဂလိပ်ဘာသာဖြင့် ဏမန့ငျအသမငခ ဗါန သို့မဟုတ် သမိုင်းမတင်မီခေတ်ဟုခေါ်လျှင် ပိုမို ဆီလျော်မည်ဖြစ်သည်။
ကျောက်ခေတ် လွန်မြောက်၍ မြန်မာနိုင်ငံတဝန်းသို့ မွန်ဂိုနွယ်ဝင်များ ဝင်လာ ရောက်ရှိ အခြေစိုက်ကြပြီးနောက် ပျူတို့၏မြို့ပြနိုင်ငံများ ဖြစ်ပေါ်တိုးတက်လာကြသောအ ခါ ပျူစာအရေးအသားကို တွေ့လာကြရသည်။ ပျူတို့၏ပိသုကာ၊ အနုပညာ၊ နိုင်ငံရေး စသည်တို့သည် နောက်ပိုင်း တိုးတက်မှုများကို ကောင်းစွာစေ့ဆော်ခဲ့၏။ ထို့ကြောင့် ကျောက်ခေတ်များထက်ပို၍ နောက်ပိုင်းတိုးတက်မှုများကို လမ်းခင်းပေးခဲ့သည်ဟုဆိုလျှင် မမှားတန်ရာချေ။ သို့သော် ပျူတို့ရေးသားခဲ့ကြသော ပျူစာများကိုကား ကွယ်လွန်သူ ဒေါက်တာစီအိုဗလင်ဒင်နှင့်ဆရာကြီးဦးသာမြတ်တို့မှတပါး မည်သူမျှ ထိထိရောက်ရောက် မဖတ်နိုင်သေးချေ။ ထို့ကြောင့် စာရေးသူအနေဖြင့် ပျူခေတ်ကို ဏမသအသ့ငျအသမငခ ဗါန တနည်းအားဖြင့် သမိုင်းကြိုခေတ် (ဒေါက်တာသန်းထွန်း စကားဖြင့်]]အကြိုသမိုင်း}}ခေတ်) ဟုခေါ်ဝေါ်လိုပေသည်။
ပျူခေတ်လွန်မြောက်၍ မြန်မာစစ်စစ် ပေါ်ထွန်းလာသောအခါ သမိုင်းဖြစ်ရပ်များ ကို ကျောက်စာတွင် မှတ်တမ်းတင်သောပုဂံခေတ်ဦးသို့ ဆိုက်ရောက်၏။ ထိုခေတ်ကိုံငျအသမငခ ဗါန သို့မဟုတ် သမိုင်းခေတ်ဟု ခေါ်ရမည်ဖြစ်ပါသည်။
ဤသို့လျှင် သမိုင်းဖြစ်စဉ်များနှင့်တိုက်ဆိုင်ညှိနှိုင်း၍ ခေတ်အသီးသီးကို အမည်ပေး နိုင်မည်ဖြစ်ပေနိုင်မည် ထင်သည်။ ကမ္ဘာ့အစောဆုံးယဉ်ကျေးမှုများ ထွန်းကားရာနိုင်ငံကြီး အချို့၏သမိုင်းဖြစ်စဉ်တိုးတက်မှုများနှင့်ယှဉ်ကြည့်လျှင် မြန်မာ့သမိုင်းမတင်မီခေတ်သည် နောက်မကျလှကြောင်း တွေ့ရပေမည်။ သမိုင်းကြိုနှင့်သမိုင်းခေတ်များမှာမူ နောက်ကျတန် သလောက် နောက်ကျနေသေးသည့်အချက်ကို အရှိအတိုင်းတွေ့ကြရမည်လည်းဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဏမန့ငျအသပ ကို သမိုင်းမတင်မီ ဏမသအသ့ငျအသပ ကို သမိုင်းကြိုနှင့် ငျအသပ ကို သမိုင်းခေတ်လေ့လာမှုပညာရပ်များဟု ခေါ်ဝေါ်သုံးစွဲကြလျှင် ရှေးဟောင်းနှင့် နိုင်ငံသမိုင်းသုတေသနကိစ္စများ၌ တူညီသောဝေါဟာရအသုံးအနှုန်းများ ဖြစ်လာနိုင်စရာ အကြောင်းရှိပါသည်။ မဖတ်တတ်သေးသောပျူစာများကို ဖတ်တတ်လာသည်နှင့်အမျှ ပျူ တို့၏အကြိုသမိုင်းသည် ပျူသမိုင်းအဖြစ်သို့ ပြောင်းလဲသွားမည်သာ ဖြစ်ပါသည်။
ဦးမြင့်အောင်
မှတ်ချက်။ ။စာပေလုပ်သားမဂ္ဂဇင်း၊ ၁၉၈၅-ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ စာမျက်နှာ ၁၀၆ မှ
၁၀၈ထိ ၌လာရှိသောဆောင်းပါးကို ပြင်ဆင်ခြင်းမရှိဘဲ ရိုက်နှိပ်ထားပါသည်။
(၁)
ဗုဒ္ဓဘုရားရှင် ပွင့်တော်မူရာ မဟာဗောဓိပင်၌ ကမ္ပည်းကျောက်စာ ရေးထိုးစိုက်ထူခဲ့သော မြန်မာဘုရင် များတွင် ဘကြီးတော်ဘုရားသည်လည်း တစ်ပါးအပါအဝင် ဖြစ်သည်။
ဘကြီးတော်ဘုရားသည် ၁၁၈၁ ခုနှစ်၌ မင်းအဖြစ်သို့ ရောက်ရှိသော်လည်း ထိုအခါကျမှ မဟာဗောဓိ ကျောက်စာကို ရေးထိုးရန် ရုတ်တရက် အကြံဖြစ်ပေါ်လာခြင်း မဟုတ်။ မင်းအဖြစ်သို့ မရောက်မီ အိမ်ရှေ့ဥပရာ ဇာဘဝကပင် မဟာဗောဓိပင်အား လှူဒါန်းပူဇော်၍ ကမ္ပည်းကျောက်စာ ရေးထိုးစိုက်ထူရန် ရည်သန်စိတ်ကူးရှိခဲ့ ဖူးသည်။ ထိုအချိန်ကား ဘိုးတော်ဘုရား၏လက်ထက်အချိန်အခါ ဖြစ်သည်။
သက္ကရာဇ် ၁၁၇၂ ခုနှစ်၊ ဘိုးတော်ဘုရားလက်ထက် မဟာဗောဓိမှ ပြန်လည်ရောက်ရှိလာကြသော ပုရော ဟိတ်ပုဏ္ဏား ဝါသိဋ္ဌဗြဟ္မာç ရမ္မာဝတီမြို့ဝန် ရွှေတောင်သာဂသူç ဇေယကျော်သူç ဇေယကျော်ထင်ç ဇေယကျော်စွာ တို့ထံမှ မဟာဗောဓိပင်မင်း၏သတင်းဥဿုံအားလုံးစုံကို ကြားရသောအခါ ဘကြီးတော်ဘုရားသည် အိမ်ရှေ့ဥပ
ရာဇာဘဝမှာပင် ရှိသေးသည်။ သို့သော် သူ၏စိတ်၌.
]]နောက်-မင်းဖြစ်တော်မူသောအခါ သဗ္ဗညုရှင်တော်ဘုရား သစ္စာလေးပါးကို သိမြင်တော်မူသည့်မဇ္ဈိမ တိုက် မဟာဗောဓိပင်ကို အထူးထူးသောအလှူတော်တို့ဖြင့် ပူဇော်တင်လှူတော်မူမည်။ စေတနာတော် ရည်ကြံ ပြဋ္ဌာန်းတော်မူရင်းအတိုင်း အထွဋ်အမြတ်သို့ ရောက်တော်မူလျှင် တင်လှူတော်မူရန် လုပ်ဆောင်တော်မူစေ သည့်ရွှေပန်းခိုင်ç ငွေပန်းခိုင်ç ပတ္တမြားပန်းခိုင်ç ရွှေတန်ဆောင်ç ငွေတန်ဆောင်ç ပတ္တမြားတန်ဆောင်ç ရွှေပေါက် ပေါက်ç ငွေပေါက်ပေါက်ç ပတ္တမြားပေါက်ပေါက်ç ရွှေထီးç ငွေထီးç ပတ္တမြားထီးç ရွှေတံခွန်ç ငွေတံခွန်ç ပတ္တမြားတံ ခွန်ç ရွှေကုက္ကားç ငွေကုက္ကားç ပတ္တမြားကုက္ကားç ရွှေမုလေးပွားç ငွေမုလေးပွားç ပတ္တမြားမုလေးပွားç ရွှေမြူတာç ငွေမြူတာç ပတ္တမြားမြူတာမှစ၍ အထူးထူးသော အလှူတော်များနှင့်မဟာဗောဓိမြေခုံတွင် စိုက်ထားခဲ့ရန် ကု သိုလ်တော်၏အဘို့ကို ဝေငှတော်မူသည့်ကျောက်အက္ခရာကျောက်တိုင် အလုပ်အဆောင် အလုံးစုံပြီးပြေလျှင် ပွဲ သဘင်ကြီးစွာခံတော်မူ၍ မင်းညီမင်းသား မှူးတော်မတ်တော် ကတော်မယားအပေါင်း ခြံရံလျက် အောင်သူတ ကာတို့၏အဓိပတိ ဖြစ်တော်မူသော မြတ်စွာဘုရား လေးပါးသောသစ္စာတို့ကို သိတော်မူသော မဟာဗောဓိပင်ထိ မတုန်မလှုပ် သက်ဝင်ကြည်ညိုခြင်းတည်းဟူသော စေတနာတော်အဟုန်ဖြင့် အဘန်တလဲလဲ ရိုသေစွာ အရှင်မိဖု
ရားခေါင်ကြီးနှင့်ပူဇော်တော်မူပြီးလျှင် သက္ကရာဇ်(၁၁၈၃) တစ်ထောင့်တစ်ရာ့ရှစ်ဆယ့်သုံးခု၊ နတ်တော်လဆန်း
ကိုးရက်၊ သောကြာနေ့ ရေစက်သွန်းလှူတော်မူ၍ ပုဏ္ဏားပုရောဟိတ် မဟာရာဇိန္ဒ အဂ္ဂမဟာဓမ္မရာဇဂုရုç မြေနန်း
ဝန် မဟာမင်းလှသာဂသူç အဆောင်တော်မြဲ စုရေးစုကိုင်တို့နှင့်သူရဲငါးရာကျော်တို့ကို မဟာဗောဓိပင်သို့ အလှူ တော်ç အတင်တော် စေလွှတ်တော်မူသည်။ သေနာပတိစသော မှူးတော်မတ်တော်အပေါင်းတို့လည်း ပွဲသဘင် ကြီးစွာနှင့်ခြံရံခင်းကျင်း၍ အလှူတော်ကို မြစ်ဆိပ်ရောက် ပို့ဆောင်လိုက်ကြရ၏}}
ဟူ၍ ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး၌ ဖော်ပြထားသည့်အတိုင်း ဘကြီးတော်ဘုရား၏မဟာဗောဓိ ပင်မင်းအား ကမ္ပည်းကျောက်စာ ရေးထိုးစိုက်ထူပြုတော်မူသည့်အလှူအတင်ဒါနကား အိမ်ရှေ့စံဘဝကပင် ပုဗ္ဗ စေတနာ ပြတ်သားစွာ တည်ဆောက်ပြဋ္ဌာန်းခဲ့သောဒါန ဖြစ်သည်။
ထိုသို့ ပုဗ္ဗစေတနာ အရင်းခံရှေ့သွားရှိထားဖူးသောကြောင့်လည်း ဘကြီးတော်ဘုရားသည် မင်းအဖြစ်သို့ ရောက်တော်မူပြီးနောက် ၂ နှစ်နှင့် ၅ လမြောက်မှာပင် မဟာဗောဓိကျောက်စာကို ရေးထိုးစိုက်ထူကာ မဟာဗော ဓိပင်မင်းအား အတင်အလှူပြုတော်မူခဲ့ခြင်း ဖြစ်သည်။
(၂)
ဘကြီးတော်ဘုရား၏မဟာဗောဓိကျောက်စာမှာ ပါဠိသက္ကတရောသော ကပြားဘာသာ၊ ယင်းကို ပြန်ဆို ထားသော မြန်မာနိသျအပြင် မြန်မာစကားပြေနှင့်လင်္ကာသံပိုင်းကိုပါ ထည့်သွင်းရေးထိုးထားသောကျောက်စာ ဖြစ်သည်။ အလျားအရှည် နှစ်တောင်၊ တမိုက်သုံးသစ် အနံတတောင့်တမိုက်တသစ်ရှိသောကျောက်ချပ်မျက်နှာ ပြင်ပေါ်တွင် စာကြောင်းရေ ၈၅ ကြောင်းတိတိ ရေးထိုးထားသည်။
]]မဟာဇေယ သကြမ္မနာမေန ]မဟာဇေယသင်္ကြန်}အမည်ရသော၊ ပဏ္ဍိတာ မတျေန-သုခမိန်အမတ် သည်၊ ဗန္ဓိတာ-ဘွဲ့စီရေးအပ်ပြီ}}ဟူ၍ ပါဠိသက္ကတ ကပြားဘာသာနိသျ၏အဆုံး၌ ရေးထိုးထားသည့်အတိုင်း ပါ ဠိသက္ကတ ကပြားဘာသာနှင့်ယင်းနိသျကို ရေးသားစီကုံးသူမှာ အမတ်ကြီး မဟာဇေယသင်္ကြန်ဖြစ်ကြောင်း သိရှိ
ရသည်။
မြန်မာစကားပြေနှင့်လင်္ကာသံပိုင်းကိုကား.
]]မွှန်ကြားမင်္ဂလာ၊ မှော်ကွန်းစာဖြင့်၊ မဟာသင်္ခယာ၊ မဟာသီရိ၊ ပါဠိနက်တွဲ့၊ ရွှေဘွဲ့နှစ်ပွင့်၊ စည်သူဆင့် ၍၊ ရှင်ပင့်မိန်တော်၊ ရွှေခွန်းခေါ်သည်၊ မတ်ကျော်ကဝိ၊ မြတ်ပဏ္ဍိလျှင်၊ နောင်ပြီးသာသနာ၊ ကမ္ဘာရေမြေ၊ တည် ထွန်းစေဟု၊ ကြက်သရေသွင်းနှိုး၊ စာရင်းထိုးသည်။ ။မောက်ဖြိုးရွှေစာ သံပိုင်းတည်း}}
ဟု လင်္ကာသံပိုင်း၏အဆုံး၌ ဖော်ပြထားသည့်အတိုင်း မဟာသင်္ခယာစည်သူ၊ မဟာသီရိစည်သူနှစ်ဘွဲ့ရသော ဝက် မစွတ်မြို့စား ရေးသားစီကုံးသည်ဟုသိရှိနိုင်သည်။ ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး၌လည်း လင်္ကာသံပိုင်းစီ ကုံးရေးသားသူကို ဝက်မစွတ်မြို့စားဟုပင် ဖော်ပြထား၍ ယင်းကျောက်စာ၏မြန်မာစကားပြေနှင့်လင်္ကာသံပိုင်း တစ်ခုလုံးကိုပါ အပြည့်အစုံ ထည့်သွင်းရေးသားထားသည်။ သို့သော် ပါဠိသက္ကတ ကပြားဘာသာနှင့်ယင်းနိသျကို ကား ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး၌ ဖော်ပြထားသည်ကို မတွေ့ရပေ။
အမတ်ကြီးမဟာဇေယသင်္ကြန်သည် ပါဠိသက္ကတ ကပြားဘာသာကို အိန္ဒိယနိုင်ငံသုံး နာဂရီအက္ခရာနှင့်ရေး ထုထားသော်လည်း သက္ကတဘာသာသက်သက်ဖြင့် မရေးဘဲ ပါဠိသက္ကတရောသောကပြားဘာသာနှင့်ရေးထု ထားခြင်းအတွက် စဉ်းစားစရာ ဖြစ်လာသည်။ အချို့သုတေသီများကမူ မဟာဇေယသင်္ကြန်သည် သက္ကတဘာ သာသက်သက်ဖြင့် ရေးရန် ဆန္ဒရှိပါလျက် သက္ကတဘာသာကို ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်သောကြောင့် ပါဠိနှင့်သက္ကတရောကာ ဖြစ်သလို ရေးထိုးခဲ့ခြင်း ဖြစ်တန်ရာသည်ဟုအကဲဖြတ်ကြသည်။
ဘကြီးတော်ဘုရား၏မဟာဗောဓိကျောက်စာတစ်ခုလုံးကို ခြုံကြည့်လျှင်. (က) ဘကြီးတော် ရွှေနန်းရှင်၏နန်းတက်ခုနှစ်။
(ခ) အိမ်ရှေ့စံဘဝကပင် မဟာဗောဓိပင်အား ကမ္ပည်းကျောက်စာ ရေးထိုးလှူဒါန်းရန် ရည်သန်ခဲ့သည့် ပုဗ္ဗစေတနာ။
(ဂ) မဟာဗောဓိပင်မင်းအား ဘကြီးတော်လှူဒါန်းလိုက်သည့်အလှူအတင်တော်စာရင်း။
(ဃ) မဟာဗောဓိသို့ အလှူအတင်တော်များနှင့်ကမ္ပည်းကျောက်စာ သွားရောက်စိုက်ထူရသူတို့၏အမည်
(င) ဘကြီးတော်ဘုရား ဆုတောင်းဆုယူပြုသောဗောဓိဆု။ (စ) မဟာဗောဓိကျောက်စာ စီကုံးရေးသားသူတို့၏အမည်။ (ဆ) မဟာဗောဓိကျောက်စာ ရေးထုထွင်းလုပ်သူတို့၏အမည်။ (ဇ) မဟာဗောဓိကျောက်စာရေးထိုးသည့်ခုနှစ်။
အစရှိသည်တို့ကို ဖော်ပြထားသဖြင့် ယင်းမဟာဗောဓိကျောက်စာမှာ ဘာသာရေးအနေနှင့် နောင်လာ
နောက်သားများ သာဓုအနုမောဒနာ ပြုကြရသည့်အပြင် သမိုင်းအနေနှင့်လည်း အထောက်အထားပြုစရာဖြစ် ၍နေသည်။
ဘကြီးတော်ရွှေနန်းရှင်၏နန်းတက်နေ့စွဲကို ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး၌ အတိအကျဖော်ပြ ထားခြင်း မရှိခဲ့ပေ။ သို့သော် ဘကြီးတော်ဘုရား၏မဟာဗောဓိကျောက်စာ၌မူ.
]]သီရိပဝရသုဓမ္မမဟာရာဇဓိရာဇာ မည်တော်ရှိသော တရားမင်းမြတ်သည် ကောဇာသက္ကရာဇ် ၁၁၈၁-ခု နယုန်လဆန်း ၃ ရက်၊ စနေနေ့အခါ စကြာရတနာရောက်ခါ ရှေးရှေးစကြာဝဒေးမင်းဖြစ် နန္ဒရစ်တို့ကဲ့သို့၊ ပြည်ပ ပြည်တွင်း၊ လုံးရင်းဗိုလ်ပြု၊ ပဒုမဗြူဟာ၊ ချာချာပတ်မျှ၊ မိုဃ်းမြေရုတ်ရုတ်၊ အုတ်အုတ်ကျက်ကျက်၊ တပြိုင်နက် ကောင်းချီးမင်္ဂလာ ကြော်ငြာစေလျက်၊ ပြည်လုံးကြက်သရေ၊ မြုတေဝင်းပတ်၊ နန်းလုံးနတ်ဖြစ်သော တောင်မိဖု
ရားခေါင်ကြီးနှင့်တကွ မနောဇမ္ဗူတက်တော်မူသတည်း}}
ဟူ၍ နန်းတက်နေ့စွဲကို တိတိကျကျ ထွင်းထုထားရာ ဤအချက်သည် သမိုင်းအနေနှင့် တန်ဖိုးရှိလှပေသည်။
ဘကြီးတော်ဘုရား၏မဟာဗောဓိပင်အား လှူဒါန်းသည့်အလှူအတင်တော်စာရင်းနှင့်မဟာဗောဓိပင် သို့ ယင်းကမ္ပည်းကျောက်စာ သွားရောက်စိုက်ထူရန် စေလွှတ်ခြင်းခံရသော ပုဏ္ဏား၊ ပုရောဟိတ်၊ မဟာရာဇိန္ဒအဂ္ဂ မဟာဓမ္မရာဇဂုရု မြေနန်းဝန်မဟာမင်းလှသာဂသူ စသည်တို့၏အမည်များကိုမူကား ကုန်းဘောင်ဆက်မဟာရာ ဇဝင်ကြီးအတိုင်းပင် ထွင်းထုဖော်ပြထားသည်။
မဟာဗောဓိကျောက်စာရေးထိုးသည့်ခုနှစ်ကိုမူ-
]]ဘုရားသခင် သာသနာတော် ၂၃၅၆ ခုနှစ် ရောက်ပြီး ကောဇာသက္ကရာဇ် ၁၁၈၃ ခု၊ သရဝဏ်နှစ် ကျတ္တိ ကာလ၊ သရဒအခါ၊ မဟာဗောဓိမဏ္ဍိုင်နှိုက်၊ ပွင့်တော်မူသော ဘုရားမြတ်စွာကို ရည်မှတ်တော်မူ၍ အနုမောဒနာ ကြော်ငြာသံတို့ဖြင့် အဟုန်မစဲ၊ လှူပွဲသဘင်၊ ရင်တော်မူသည်}}
ဟုထွင်းထုရေးသားပြီးနောက် ဘကြီးတော်ဘုရား ဆုတောင်းဆုယူပြုသည့်ဗောဓိဆုကိုလည်း ]]အဆုံးစွန်သော ကိုယ်တော်အဖြစ်နှိုက်-သမ္မာသမ္ဗုဒ္ဓဆုကြီးရ၍ ဝေနေယတို့အား ဟောကြားကယ်ချွတ်နိုင်သော၊ ဘဝများစွာ သံ သရာလည်း၊ ပါရမီဆယ်ပါး တရားအထွတ်တိုင်လိုသော၊ ဆုတောင်း ပတ္တနာတော်နှင့်တကွ၊ မယ်တော်ခမည်း တော်၊ ဘိုးတော်၊ ဘွားတော်၊ ဘေးတော် မင်းတရားတို့အားလည်း အမျှဝေတော်မူသည်။}} ဟုဆက်လက်ထွင်းထုထားရာ ဘကြီးတော်ဘုရားမှာ သမ္မာသမ္ဗောဓိဘုရားဆု ပန်ဆင်ကြောင်း ဤကျောက်စာ အရ သိရှိရပေသည်။
ထို့ပြင် အထက်က ဖော်ပြခဲ့သည့်အတိုင်း မဟာဗောဓိကျောက်စာ စီကုံးရေးသားသူတို့၏အမည်များကို ဖော်ပြပြီးနောက် ယင်းကျောက်စာကို ကျောက်ထက်၌ ထွင်းထုသူ၏အမည်နှင့်ထွင်းထုသည့်ရက်စွဲ၊ ကျောက်ချပ်
၏အရွယ်ပမာဏနှင့်စာကြောင်းရေတို့ကိုလည်း-
]]မဇ္ဈိမတိုက်၊ မဟာဗောဓိမဏ္ဍိုင် သံပိုင်းတော်ကို လေခကလက္ခဏာ အင်္ဂါ ၆ ပါးနှင့်ပြည့်စုံသူ စောလှမြို့ စား နေမျိုးသီရိရာဇသူအမတ်ကို ခန့်အပ်တော်မူ၍ ဣန္ဒနီလာ မဟူရာကျောက်အပြင်နှိုက် ကောင်းမွန်တင့်တယ် စွာ ကောဇာသက္ကရာဇ် ၁၁၈၃ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ အင်္ဂါနေ့ ထွင်းမှတ်ရေးသားပြီးပြည့်စုံ သည်၊ သင်္ကဋဘာသာç မြန်မာဘာသာလင်္ကာစကားပြေစာကြောင်းရေ ၈၅၊ ကျောက်မျက်နှာ အလျားအရှည် ၂င်္-
၁ိ-၃ံ၊ အနံ ၁င်္-၁ိ-၁ံ}}
ဟု တိကျသေချာစွာ ထွင်းထုထားရှိခဲ့ပေသည်။
(၃)
ဘကြီးတော်ဘုရား၏မဟာဗောဓိကျောက်စာကို ဗုဒ္ဓဂယာမဟာဗောဓိ၌ ယခုအချိန်အထိ မူလရေးထိုးရင်း
အတိုင်း မပျက်မစီး တွေ့မြင်ဖတ်ရှုနိုင်ကြသေးသည်။ ထိုသို့ မပျက်မစီးဘဲ တည်တံ့နေခြင်းမှာလည်း ကျောက်စာ
ဂူအုတ်တိုက်နှင့်လုံလုံခြုံခြုံ တည်ရှိနေရသောကြောင့် ဖြစ်သည်။ ယင်းကျောက်စာဂူ အုတ်တိုက်ကို ယခုအခါ မဟန့်၏တိုက်ဝင်းအတွင်း ဗာရဒွါရီခေါ် တိုက်ရှေ့၌ တွေ့မြင်ကြရပေသည်။
ယင်းဘကြီးတော်ဘုရား၏ကျောက်စာဂူ အုတ်တိုက်မှာ ဘုံ ၅ ဆင့်နှင့်သံထီးစိုက်ထားသော အုတ်ပြာသာဒ် ဖြစ်ရာ ကင်းဝန်မင်းကြီးက သူ၏]]မဟာဗောဓိသွားမှတ်တမ်း}}တွင်-
]]ဘကြီးတော်ဘုရားလက်ထက် အတင်အလှူတော်များနှင့်စေလွှတ်ရာ လုပ်ဆောင်တည်ထားသည့်စတု
ရမ်း ၆ တောင် အရပ် ၁၅ တောင်ခန့်၊ ဘုံ ၅ ဆင့် သံထီးစိုက်၊ ကျောက်စာဂူအုတ်ပြာသာဒ် ၁}}
ဟု သူရောက်စဉ်က မြင်ခဲ့ရသည့်အတိုင်း ကျောက်စာဂူ၏အရွယ်ပမာဏကို တိုင်းတာပြထားခဲ့ဖူးသည်။
ပုဏ္ဏားပုရောဟိတ် မဟာရာဇိန္ဒအဂ္ဂမဟာဓမ္မရာဇဂုရုနှင့်မြေနန်းတော်ဝန် မဟာမင်းလှသာဂသူတို့ မဟာ ဗောဓိ၌ ကျောက်စာစိုက်ထူပြီး မြန်မာနိုင်ငံသို့ ပြန်လာကြသောအခါ အင်္ဂလိပ်မြန်မာနယ်ခြား၌ နိုင်ငံရေး စစ်ရေး များ မငြိမ်မသက် ဖြစ်၍နေပေပြီ။
ရှင်မဖြူကျွန်းပြဿနာအတွက် မြန်မာနှင့်အင်္ဂလိပ်တို့၏ပထမစစ်ပွဲကြီးသည် ပေါက်ကွဲတော့မည့်အခြေ အနေသို့ ရောက်ရှိနေသဖြင့် မဟာဗောဓိပင်သွားအဖွဲ့မှာ မြန်မာနိုင်ငံအတွင်းသို့ ရုတ်တရက် ပြန်မဝင်နိုင်သေးဘဲ ဘင်္ဂလားမြို့၌ပင် ခေတ္တရပ်နားနေကြရသေးသည်။ ထို့ကြောင့် ဒုတိယမဟာရာဇဝင်တော်ကြီး၌.
]]မဟာဗောဓိပင်သို့လှူရန် ကျောက်စာများနှင့်လှူဒါန်းရန် အလှူတော်များကို ဆောင်ယူ၍ လမ်းခရီး စဉ်အတိုင်း ထွက်သွားရာ မဟာဗောဓိပင်သို့ရောက်ကာလ လှူဒါန်းရန်ပါသည့်ကျောက်စာကို စိုက်ထားခဲ့ပြီးလျှင် မဟာဗောဓိပင်အရပ်က သကျမုနိရုပ်ရှင်တော်ç ဗောဓိပင်ငယ်သုံးပင်များကို မဟာဗောဓိအစောင့် ဇော်ဂျီအကြီး မဟန္တဇိကပေးအပ်၍ ပြန်လာရာ ဘင်္ဂလားမြို့သို့ရောက်လျှင် ရှင်မဖြူကျွန်းမှုနှင့်သတိုးသုဓမ္မမဟာဗန္ဓုလ ဓည
ဝတီမြို့သို့ ချီထွက်သည့်အတွင်း လမ်းခရီးမသာမယာရှိ၍ ဘင်္ဂလားမြို့တွင် ရုပ်ပွားတော် သကျမုနိç ဗောဓိပင် များနှင့်ရပ်ဆိုင်းနေရ၏}}ဟု ထိုစဉ်က တိုင်းပြည်နိုင်ငံအခြေအနေကို ဖော်ပြထားပေသည်။
မြင့်ဆွေ
မှတ်ချက်။ ။၁၉၇၁-ခုနှစ်၊ မေလထုတ် သွေးသောက်မဂ္ဂဇင်း၊ စာမျက်နှာ(၉ မှ ၁၂ ထိ)လာသောဆောင်းပါး
ကို ပြန်လည်၍ စာစီရိုက်ထားပါသည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်