အတွေ့အမြင်အဖြစ်ဖြင့် ဦးကုလား၏အ မှားကို ပထမတင်ပြပါမည်။ ထိုအစွန်းအထင်းသည် တစ်ရာဇဝင်မှ တစ်ရာဇဝင်သို့ ကူးစက်သွားပုံ၊ ပြီး နောက် ထိုရာဇဝင်စာအုပ်တို့ကို တည်းဖြတ်သူများနှင့် စာဖတ်ပရိသတ်တို့ မျိုးအဆက်ဆက်က ဤအကွက် ကို မမြင်မိပုံတို့ကို မှတ်ချက်များနှင့်တကွ ထောက်ပြ ပါမည်။ နောက်ဆုံးတွင် ဘာကြောင့် ဤအခြေအနေ မျိုး ဆိုက်ရောက်ရကြောင်းကို အတွေးအမြင်ဖြင့် ဆွေးနွေးပြီး သင်ခန်းစာယူမိပုံကို အစီရင်ခံပါမည်။
၁၊ ၁ အမှား
၁၊ ၁၊ ၁ ဦးကုလား
မြန်မာပညာရှင်များ အားထားရာဖြစ်ခဲ့၊ ဖြစ်နေသော၊ သုတေသီနှင့်သောတုဇနတို့ မှီခိုရာဖြစ်ခဲ့ ဖြစ်နေသော မဟာရာဇဝင်ကြီးကို ဦးကုလားသည် တောင်ငူမင်းဆက် တနင်္ဂနွေမင်း(၁၀၇၆-၉၅)လက် ထက်တွင် စီရင်သည်။ ကမ္ဘာဦးအစမှသည် ၁၀၉၂-ခု နှစ်တိုင်၏။ မဟာဝင်ကို မှီး၍ ရာဇဝင်ဗေဒပညာဖြင့် တီထွင်ထားသော ပထမဦးဆုံး စံပြုမြန်မာရာဇဝင် ဖြစ်ပါသည်။ သူ၏ကျေးဇူးကား ဆပ်၍ မကုန်အောင် ကြီးမားလှပေစွ။
ပေထက်အက္ခရာတင်ထားသော မဟာရာ ဇဝင်ကြီးကို ပထမ၊ ဒုတိယ၊ တတိယအတွဲသုံးတွဲအ ဖြစ်ဖြင့် တည်းဖြတ်ပုံနှိပ်ပြီးပါပြီ။ တတိယတွဲ၌ ဆရာ ကြီးပြုမိသည့် ပမာဒလေခ ရေးသားမှု ပါပါ၏။
ရှေ့နောက် မညီသောအဆိုသည်ကား တ နင်္ဂနွေမင်းအနွယ်ပင်းတလဲမင်း(၁၀၁၀-၂၃)၏သား တော် မင်းရဲသိင်္ခသူ သက်တော်နှင့်ဆိုင်ပါသည်။ မင်း သားကလေးကို မိဖုရားခေါင်ကြီး ဖွားတော်မူပြီးသည့် နောက် ငါးနှစ်ခန့်အကြာတွင် တိုင်းပြည်မငြိမ်မသက် ဖြစ်လာ၏။ ပြည်သူအပေါင်းတို့ ငတ်မွတ်ဆင်းရဲကြ
သဖြင့် ညီတော်ပြည်မင်းက နောင်တော်အရိုက်အရာ ကို သိမ်းပိုက်တော်မူလိုက်သည်။ မင်းသားကလေး ဖွားသက္ကရာဇ်နှင့်ခမည်းတော် နန်းကျသည့်ခုနှစ်၌ ရောက်ရှိနေသော မင်းသားလေးသက်တော်တို့ကို မဟာရာဇဝင်ကြီး တတိယတွဲထဲ အောက်ပါအတိုင်း ပေးထားပါ၏။ (ဝိုက်ကွင်းထဲ၌ ဂဏန်းတို့သည် စာ မျက်နှာများ ဖြစ်ကြပါသည်။)
]]သက္ကရာဇ် တစ်ထောင့်တစ်ဆယ့်ရှစ်ခုနှစ် တန်ဆောင်မုန်းလဆန်းရှစ်ရက် အင်္ဂါနေ့တစ်ချက်တီး ကျော် ၃-ပါဒ်တွင် ရှင်မိဖုရားသားတော် မင်းရဲသိင်္ခ သူ(သိင်္ခသူ)ကို ဖွားတော်မူသည်}}။
(၂၆၁)
]]သက္ကရာဇ် ၁၀၂၃-ခုနှစ် နယုန်လဆန်း ခုနစ်ရက် သောကြာနေ့တွင် အလုံးအရင်းနှင့်ပြည် မင်းသည် နန်းတွင်းသို့ ဝင်လာသည်။ ထိုအခါ ပင်းတ လဲမင်း ပုန်းနေတော်မူ၏။ ]ရှင်မိဖုရားမူကင်းသလွန် ပေါ်တွင် သားတော်မင်းရဲသိင်္ခသူ သက်တော်ရှစ်နှစ် ကို လကျာ်ကထားသည်။ မြေးတော် နရဒိဗ္ဗ သက် တော်လေးနှစ်အရွယ်ကို လက်ဝဲက ထား၍နေတော်မူ သည်}}။ (၂၆၉-၇၀)
သက္ကရာဇ် ၁၀၁၈ ခုနှစ်၊ တန်ဆောင်မုန်း
လဆန်း ၈ ရက်နေ့ဖွား မင်းသားကလေးသည် ၁၀၂၃
-ခု၊ နယုန်လဆန်း ၇ ရက်နေ့တွင် ၅ နှစ်မျှပင် မပြည့် တတ်သေးပါ။ သက်တော် ၈ နှစ်ဟုရေးထားသည်မှာ ဖွားသက္ကရာဇ်ကို လှန်လှောမကြည့်မိ၍ဖြစ်ဟန်တူပါ သည်။ နရဒိဗ္ဗ သက်တော်ကား မှန်ပါ၏။
အမှားကူးစက်စွန်းထင်းသွားသောရာဇ
ဝင်များကား ပထမမှန်နန်းရာဇဝင်တော်ကြီး၊ သုသော ဓိတမဟာရာဇဝင်ကြီးနှင့်မစ္စတာဟာဗေး မြန်မာရာ ဇဝင်တို့ဖြစ်ကြပါသည်။
၁၊ ၁၊ ၂ ပထမမှန်နန်းရာဇဝင်တော်ကြီး
မဟာရာဇဝင်ကြီး ပြီးဆုံးသွားသည့်နှစ်မှ သည် နှစ်ပေါင်းတစ်ရာခန့် ကြာရှိခဲ့သော် မှန်နန်းရာ ဇဝင်တော်ကြီး ပထမအုပ်ကို စတင်ရေးသားစေသည်၊ ကုန်းဘောင်မင်းဆက် ဘကြီးတော်ဘုရား(၁၁၈၁- ၉
၉)လက်ထက်ရှိနှင့်နေကြကုန်သော ရာဇဝင်အစောင် စောင်တို့သည် တစ်စောင်နှင့်တစ်စောင် ကွဲပြားခြား နားနေသောအချက်များဖြင့် ပြည့်နှက်နေသည်။ အ ပြစ်ကင်းစင်သော ရာဇဝင် ရာဇဝင်တစ်စောင်ကို ရေး စေတော်မူလိုသည်ဟူသော ဆန္ဒတော်ရှိလာရကား ရ ဟန်းပညာရှိ၊ လူပညာရှိကြီးများအဖွဲ့အား ၁၁၉၁- ခု နှစ်ဝယ် ]ဟုတ်မှန်သည့်အတိုင်း၊ အသင့်ယုတ္တိအား ဖြင့် လည်းကောင်း၊ ထိုအခါ၌ အထူထူးအပြားပြား ကောင်းစွာထက်ဝန်းကျင်သုတ်သင်စေတော်မူသည်}}၁ ဤပညာရှင်ကြီးတို့သည် မဟာရာဇဝင် ကြီးတစ်စောင်လုံးမှ စာမူအားလုံးလိုလိုကို ၁၁၈၃-ခု နှစ်တိုင်သည့်သူတို့၏ရာဇဝင်ထဲ ထည့်ထားပါသည်။ သက္ကရာဇ် ၁၀၉၂ ခုနှစ်အထိ ပါသော စာသားများ ကား မဟာရာဇဝင်ကြီး၏မိတ္တူဟုခေါ်ဆိုလျှင် မှား မည်မဟုတ်ပါ။ မပြောပလောက်သော ကွဲပြားချက်က လေးများသာ ရှိပါ၏။ နောက်ထပ် ကိုးဆယ့်တစ်နှစ် အတွင်း ဖြစ်ပွားသော အကြောင်းအရာတို့ကိုသာ ထို ပညာရှင်တို့က ကိုယ်ပိုင်Óဏ်ဖြင့် ဆက်ရေးသားထား သည်။ ဦးကုလားနှင့်သဘောကွဲလွဲသော အရေးအ ခင်းကလေးတို့ကို သက်သေသာဓကလိုသည်ထက်ရှည် လျားစွာ ပြပြီး ဝေဖန်ထားသည်။ သို့သော် ဆိုခဲ့သော အမှားကွက်ကလေးကိုကား မူမပျက် သိမ်းသွင်းထား ပါ၏။ (မှန်နန်းရာဇဝင်တော်ကြီး တတိယတွဲ ၂၆၄၊
၂၇၂)
ပထမမှန်နန်းနှင့်မင်းတုန်းမင်း(၁၂၁၄-
၄၀) လက်ထက် ရဟန်းလူပညာရှိကြီးများ အဖွဲ့က
၁၂၂၉-ခုနှစ်တွင် ဆက်လက်ပြုစုသော ၁၂၁၆-ခုနှစ် တိုင်သည့်ဒုတိယမှန်နန်း၊ ပြီးနောက် ၁၂၆၇-ခုနှစ်၌ မန္တလေးဦးတင် ဆက်လက်ရေးသား၍ ၁၂၈၄-ခုနှစ်
ဝယ် တစ်ဖန် ချဲ့ထွင်စီရင်သော သီပေါမင်းပါသည် တိုင်သည့်ကုန်းဘောင်မင်းဆက်မဟာရာဇဝင်တော်
ကြီး၊ ဤသုံးစောင်တို့ကို စုပေါင်းပြီး မှန်နန်းရာဇဝင် တော်ကြီး ပထမ၊ ဒုတိယ၊ တတိယတွဲဟူ၍ ခြောက်တွဲ တို့ကို အသီးသီးပုံနှိပ်ထုတ်ဝေပြီးပါပြီ။
၁၊ ၁၊ ၃ သုသောဓိတ မဟာရာဇဝင်တော်ကြီး
ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ကို မန္တလေးဦးတင်က ချဲ့ထွင် စီရင်သည့်နှစ်၌ပင်လျှင် သုသောဓိတ ရာဇဝင်ကြီး ထွက်လာပါသည်။ အောက် ပါ ဦးတည်ချက်ဖြင့် ဆရာကြီးသုံးဦးတို့က ပြုစုရ ကြောင်း ဆိုပါ၏။
]]. မဟာရာဇဝင်ကြီး၊ မှန်နန်းရာဇဝင်၊
ရာဇဝင်တို့ကို သုတ်သင်ရှင်းလင်း၍၊ ဆရာကြီးဦး ဘီနှင့်ဆရာသိန်း ဆရာကိုဘကျော်တို့သည် အက္ခရာ စာလုံး၊ ရေးထုံးသတ်ပုံများကို သုတ်သင်စီစစ်လျက်၊ သက္ကရာဇ် ၁၂၈၄-ခု၊ဝါဆိုလတွင်(သုသောဓိတ)မဟာ
ရာဇဝင်ကြီးကို၊ ဆရာဦးဘီက ဦးစီး နာယက၊ လုံးဝ သန့်ရှင်း၍၊ ပိုင်းပိုင်းခြားခြား ပြုပြင်ရေးသားကြိုး စားအားစိုက် ပုံရိုက်လုပ်ဆောင်ပါသတည်း}}။၂
အချုပ်ဆိုရသော် ဆရာကြီးသုံးဦးတို့သည် ပထမနှင့်ဒုတိယ မှန်နန်းရာဇဝင်တော်ကြီးများမှ လုံး စေ့ပါဌ်စေ့ ဆိုသလိုယူပြီး ရာဇဝင်တစ်စောင် စာတင် ထားခြင်းဖြစ်ပါ၏။ ဦးတင်၏ရာဇဝင်နှင့်ကား အချို့ အပိုင်းများ အနည်းငယ် ကွဲပြားပြီး အချို့နေရာများ ၌ တူပါ၏။ ရာဇဝင်ကို အပိုင်းကဏ္ဍများ ခွဲခြားတင်ပြ ထားသည်။ သို့သော် ဦးကုလား၏ အမှားကိုမူ သု သောဓိတ နာမပီပီ မသုတ်သင်ဘဲ ထားမြဲထားပါ၏။ (တတိယတွဲ ၂၃၃-၃၄၊ ၂၄၁)
၁၊ ၁၊ ၄ ဟာဗေး မြန်မာရာဇဝင် သုသောဓိတမဟာရာဇဝင်ကြီး ထွက်လာ
ပြီးသည့်နောက် နှစ်နှစ်သုံးနှစ်ကြာရှိလာသော် ကော
ဇာသက္ကရာဇ် ၁၂၈၆-၈၇၊ ခရစ်သက္ကရာဇ် ၁၉၂၄-
၂၅-ခုနှစ်တွင် ဗြိတိသျှလူမျိုး မစ္စတာဟာဗေးက မြန် မာရာဇဝင်စာအုပ်ကြီးနှင့်ကျောင်းသုံးမြန်မာရာဇဝင် စာအုပ်ကလေးကို အင်္ဂလိပ်လို ပုံနှိပ်ထုတ်ဝေသည်။
ဟာဗေးသည် မြန်မာပြည်တွင် အိန္ဒိယပဋိ ညာဉ်ခံ ဝန်ထမ်းတစ်ဦးအဖြစ်ဖြင့် အမှုထမ်းခဲ့သည်။ ထိုအခါက မြန်မာစာကို တော်ရုံတန်ရုံသာ ဖတ်တတ် ပါသေးသည်။ သူ ကိုးကားသောကျမ်းတွေအနက် ခ
ရစ်သက္ကရာဇ် ၁၉၀၈-ခုနှစ်ထုတ် မှန်နန်းရာဇဝင်သုံး တွဲနှင့်၁၉၀၅-ခုနှစ်ထုတ် ကုန်းဘောင်ဆက် ရာဇဝင် များ ပါဝင်သည်။ အဆိုပါအမှားကို မှန်နန်းရာဇဝင်မှ
ရယူပြီး အသုံးပြုခဲ့ရာ သူ၏ရာဇဝင်စာအုပ်ကြီးမျက် နှာ(၁၉၈-၉၉)နှင့်ကျောင်းသုံးရာဇဝင်စာအုပ်(မျက် နှာ-၁၂၅) ထဲ ပါလာပါသည်။ ရာဇဝင်ကြောင်း ပြင် ဘက်ကျသော မင်းရဲသိင်္ခသူ၏မွေးသက္ကရာဇ်ကိုကား မဖေါ်ပြထားပါ။
၁၊ ၂ စာတည်းများ
စာပြုဆရာတို့က အမှားကို ဂရုမပြုမိသ လို စာတည်းများကလည်း ဂရုမမူမိကြချေ။ မဟာရာ ဇဝင်ကြီး တတိယတွဲကို ဆရာဦးခင်စိုး၊ မှန်နန်းတတိ
ယတွဲကို အမည်မသိသူ၊ သို့မဟုတ် သူများ၊ သုသောဓိ တ တတိယတွဲကို ဆိုခဲ့သောစာစုဆရာကြီးသုံးဦးတို့က အသီးသီးသုတ်သင် တည်းဖြတ်သည်။
၁၊ ၃ စာဖတ်ပရိသတ်
မဟာရာဇဝင်ကြီးပြီးသည့် ၁၀၉၂ ခုနှစ်မှ သည် ယခု ၁၃၄၇ ခုနှစ်တိုင် ကာလ တောင်တာ နှစ် ပေါင်းနှစ်ရာ့ငါးဆယ်ကျော်အတောအတွင်း ဤအ မှားကွက်ကို စာဖတ်ပရိသတ်တို့လည်း မြင်မိဟန်မတူ ချေ။
ဘုရင့်ခေတ် ဧချင်းစာဆိုတော်နှင့်ရာဇ
ဝလ္လဘော်တို့သည် ရာဇဝင်ကို မိမိရရ သိထားသူများ ဟု ယူဆမိသည်။ ရာဇဝင်အစောင်စောင်ကို ]မှောက် လှန်ရှာဖွေ၊ သိသိကြေအောင်၊ ထုတေမွမွ၊ ရာဇဝင် ပြာချ၍ လောကီစီးပွား၊ ရာဇဝင်လျက်ဆားကိုစား၍ အင်တန်ကုန်ခဲ့}သူများ ဖြစ်ကြရပါသည်။ ထိုပုဂ္ဂိုလ်တို့ လည်း မျက်စိလျှံသွားကြဟန် တူ၏။ နှောင်းခေတ် ပညာရှင်သုတေသီနှင့်သောတုဇနတို့သည်လည်း မျက် စိမှောက်သွားကောင်း မှောက်သွားကြပေလိမ့်မည်။
ကျွန်တော်လည်း နှစ်ပေါင်းငါးဆယ်လောက်က ဆယ် တန်းကျောင်းသားဘဝ၌ကျောင်းသုံးရာဇဝင်ကို သင်
ရပါ၏၊ ဆရာထောက်ပြ၍ အမှားကိုပင် မမြင်မိပါ။
မှတ်မိသလောက် ပြောရလျှင် ကျွန်တော် လည်း ဤအမှားကို ကံအားလျော်စွာ တွေ့မိရခြင်း ဖြစ်ပါသည်။ လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့်အာဖ
ရိက ပညာရပ်များဆိုင်ရာကျောင်း၌ မြန်မာစာဂုဏ် ထူးတန်းအတွက် ပြဋ္ဌာန်းသော စာအုပ်များအနက် စဥ့်ကူးမင်း နားတော်သွင်းဧချင်းပါ၏။ ကျောင်း သားကို အင်္ဂလိပ်လိုသင်ပေးရန်၊ ပြင်ဆင်နေစဉ် ဘဝ တူ မင်းရဲဒိဗ္ဗဧချင်းကို သတိရမိလိုက်ပါသည်။ ထိုမင်း သားနှစ်ပါးစလုံး မင်းလျာများ ဖြစ်ကြသည်။ ကြမ္မာ ဆိုးနှင့်တွေ့ကြုံရသည်ကိုမြင်မိ၏။ ထိုမှတဆင့် ဧချင်း ဘွဲ့ခံ မင်းလျာများအကြောင်းကို ရာဇဝင်စာအုပ်တွေ ထဲ လိုက်ကြည့်ရာ သူတို့နည်းတူ အားလုံးသောမင်း လျာတို့သည်လည်း ကံဆိုးမိုးမှောင်ဖြစ်ကြရကြောင်း တွေ့ရပါသည်။၁ ဤကဲ့သို့ ထိုမင်းသားများအတ္ထုပ္ပတ္တိ တို့ကို သုတေသနလုပ်ရာ ဘာကြောင့်မှန်းမသိ မင်း လျာတစ်ပါး ဖြစ်သော မင်းရဲကျော်စွာ(စုန်)အစား မင်းရဲသိင်္ခါသူအကြောင်းကို မဟာရာဇဝင်ကြီးထဲ ရှာ ၍ဖတ်၏။ ကြံကြံဖန်ဖန် အမှားကို တွေ့မိပါ၏။
အထက်ပါ တွေ့ရှိသည့်အချက်ကို မစ္စတာ ဟာဗေးအား ၁၉၆၁ ခုနှစ်ပတ်ဝန်းကျင်တွင် ပြောပြ လိုက်၏။ သူသည် သူနေသော အောက်စဖို့မြို့မှ ကျွန် တော်တို့ကျောင်းသို့ ၁၉၅၈-ခုနှစ်လောက်ကစပြီး တစ်ခါတစ်ခါလာ၏။ စာကြည့်တိုက်၌ စာအုပ်တွေ ဖတ်၊ ဆရာတွေနှင့်ဆွေးနွေး၊ ကျွန်တော့်အားမြန်မာ
ရာဇဝင်နှင့်သမိုင်းစသည့်စာအုပ်တွေထဲပါ အချက်အ လက်အချို့ကို မေး၏။ ထိုအခါ၌ မစ္စတာဟာဗေး သည် မြန်မာစာကို အတော့်ကို ဖတ်နိုင်နေပါပြီ။
မစ္စတာဟာဗေးသည် ကျွန်တော်ပြောပြ သည့်အကြောင်းကို နားစိုက်ထောင်ပြီးနောက် ]]ဒီအ မှားကွက်ကလေးဟာ ရာဇဝင်ကြောင်းကို ဘယ်လိုမှ မပြောင်းလဲသွားစေဘူး။ ဒါပေမယ့် မူလသဘောတ
ရားအရ ပြောရယင် ပညာရှင်တစ်ဦးရယ်လို့ အသိအ မှတ်ခံနေရသူ၊ ခံလိုသူဟာ ကိုယ့်စာတမ်းစာအုပ်ထဲ
အစွန်းအထင်း တစ်စက်ကမှမရှိ၊ မပါစေရဘူး။ ဒီ
တော့ နောက်ထုတ်ဖို့ကြံထားတဲ့ကျွန်တော့်စာအုပ်ထဲ
ဒီအချက်ကို ထောက်ပြပါ့မယ်}}ဟုဆိုပါ၏။ သူသည် ထိုအခါက မြန်မာရာဇဝင်စာအုပ်သစ်တစ်အုပ်ကို ပြန် ရေးရန် စိုင်းပြင်းနေပါ၏။ သို့သော် မထုတ်ဖြစ်ပါ။
၁၉၆၅ ခုနှစ်တွင် ကွယ်လွန်သွားသည်။
၂ အတွေးအမြင်
အမှားကွက်ကလေးသမိုင်းကို ပြန်လှန်သုံး သပ်လိုက်သည့်အခါ အဓိကအချက်ကြီးနှစ်ချက်ကို ပြက်ပြက်ကြီးမြင်ရပါမည်။ (၁) ညီတော်ရာဇဝင်ဆရာ တို့သည် နောင်တော်တို့၏ ရှိပြီးသားစာမူကို အသိအ မှတ်မပြုဘဲ ယူသုံးထားသည်။ (၂) အမှားကွက်က လေးကို နောင်လာနောက်သားပညာရှင်သုတေသီနှင့် သောတုဇနတို့ မမြင်မိကြချေ။ ဘယ်လိုအတွေးအမြင် တွေ ပေါ်လာပါသလဲ။
၂၊ ၁ စာမူယူသုံးမှု
သူတစ်ပါး၏စာတစ်ကြောင်း၊ တစ်ဝါကျ၊ တစ်ပိုဒ်ကို တစ်ယောက်ယောက်က ပြောဆိုသည့် စကား၊ ရေးသားသည်စာထဲ ကိုးကားသည်မှာ ကမ္ဘာ နှင့်အမျှ ပညာရှင်သုတေသီနှင့်သောတုဇနတို့၏ဓလေ့ ဖြစ်ပေသည်။ ပြောဆိုရေးသားချက် ခိုင်လုံကြောင်း၊ မှန်ကန်ကြောင်း သာဓကအဖြစ် ပြခြင်းဖြစ်သည်။ သူ တစ်ပါး၏ပစ္စည်းဟုသိစေလိုခြင်းငှာပြောသည့်စကား ထဲ ပရိသတ်Óဏ်ရည်အလိုက် ပိုင်ဆိုင်သူ၏အမည်ကို အရိပ်အြွမက်သာ ပြောသင့်ပြော၊ ဘွင်းဘွင်းပြောသင့် ပြောလေ့ရှိ၏။ ရေးသားသည့်စာထဲတွင် သုံးထား သော စာသားကို အမှတ်သင်္ကေတဖြင့် အောက်ခြေပြ မှတ်ချက် ပြသင့်လျှင် ထည့်ပြထားသည်။ ဤကဲ့သို့ အမှတ်သညာမပြဘဲ စာတိုစာရှည်တို့ကို ကိုယ့်ပစ္စည်း အနေဖြင့် ကိုယ့်စာတမ်းစာအုပ်ထဲထည့်ပြီး ရေးသား ထုတ်ဝေပါက ]စာသူခိုး}၊ ]စာခါးပိုက်နှိုက်}၊ ]စာမသ မား}ဟုအနောက်နိုင်ငံတွင် တံဆိပ်ခတ်ခံရ၏။
ဘုရင့်ခေတ် မြန်မာနိုင်ငံတော်တွင်ကား၊
ပညာရှင်အများအပြားတို့သည် ဆိုခဲ့ပြီးသော အပြု
အမူများကို ပြုကျင့်လေ့ရှိသည်။ အထူးသဖြင့် ထိပ် တန်းစားကဝိစာဆိုတော်များသည် အခြားစာဆိုတော် တစ်ဦး၏စာကြောင်း စာပိုဒ်များကို ယူ၍ သူတို့ကဗျာ တွေထဲ သုံးစွဲထားသည်။ နတ်ရှင်နောင်သည် ပထမ နဝဒေး၏ရတုများမှ စာကိုယ်တို့ကိုယူ၍ မိမိရတုများ ထဲတွင် စပ်ဆိုထား၏။ ဦးဖျော်သည် ရှင်သံခို၏မင်းရဲ
ဒိဗ္ဗဧချင်းမှ စာပိုဒ်တွေကို စဥ့်ကူးမင်းနားတော်သွင်း
ဧချင်းထဲ စီကုံးထားသည်။ အခြားအခြားသာဓက တွေလည်း ရှိပါသေးသည်။ ကျွန်တော့်ကိုယ်တွေ့သာဓ ကတစ်ခုကို ကြားဖြတ်အစီရင်ခံပါရစေ။ နှစ်ပေါင်းငါး ဆယ်လောက်က ဖြစ်ပါ၏။ ရန်ကုန်တက္ကသိုလ်(ထိုအ ခါက အခေါ်အဝေါ်)ဥပစာတန်း ပထမ၊ ဒုတိယနှစ် များ၌ အပိုမြန်မာစာယူသူများသည် ဦးပုညမေတ္တာ စာကို သင်ရ၏။ လက်ဘက် မေတ္တာစာထဲတွင် ခုနစ် ကြောင်း မျှရှည်လျားသော]စတုမဟာရာဇ်။ ။ ဩဇာနက်သော}စာပိုဒ်ကို(မျက်နှာ-၆)ကြိုက်လှသဖြင့် အ လွတ်ကျက်ထားလိုက်၏။ လေးနှစ်အကြာ မဟာဝိဇ္ဇာ တန်းတက်နေသောအခါ ပါရမီတော်ခန်းပျို့ကို သင်ရ သဖြင့် စာမျက်နှာ(၉)တွင် တွေ့ရသည့်အခါမှ ရှင်သီ လဝံသ၏လက်ရာမှန်း သိရပါတော့သည်။
ပထမမှန်နန်းပညာရှင်အဖွဲ့နှင့်သုသောဓိ တရာဇဝင်ဆရာကြီးတို့သည် သူတို့၏ရာဇဝင်တွေထဲ မည်သို့မျှ အသိအမှတ်မပြုဘဲ ကျမ်းတစ်စောင်နှင့်သုံး စောင်စီ သိမ်းသွင်းခဲ့ပြန်ပါ၏။ အထက်ပါစာဆိုတော် တို့နှင့်ရာဇဝင်ဆရာတို့၏ပြုမူကို ဘုရင့်ခေတ်ပညာရှင် များက အပြစ်ဆိုထားသည့်အရေးအသားတစ်ခုကိုမျှ မတွေ့ရပါ။ နှောင်းခေတ်ပညာရှင်နှင့်သုတေသီတို့က လည်း ထိုနည်းတူ တုဏှိဘော လုပ်နေကြသည်သာမက နတ်ရှင်နောင်၊ ဦးဖျော်နှင့်ဦးပုညတို့ကိုပင် အဓိပတိ
ရတုစာဆိုတော်၊ ထိပ်တန်းဧချင်းစာဆိုတော်၊ ကဝိမော် ကြီးအသီးသီးဖြစ်ကြောင်းကို ချီးကျူးနေကြသေး သည်။ နှစ်ပေါင်းငါးဆယ်လောက်က သောတုဇန ကျွန်တော်လည်း ထိုသူတို့အနက် တစ်ယောက်ပါဝင်ခဲ့ ပါသည်။ ယခုအခါ ကျွန်တော်သည် ထိုအခါက ကျွန် တော် မဟုတ်တော့သဖြင့် ဤအပြုအမူမျိုးကိုထောက် ပြရခြင်းဖြစ်ပါ၏။
အမှန်ဆိုရသော် ရဟန်းပညာရှိကြီးမုံရွေး ဆရာတော်၊ လူပညာရှိကြီး မဟာဓမ္မသင်္ကြံစသော ပုဂ္ဂိုလ်တို့ပါဝင်သော ပညာရှိအဖွဲ့သည် ထွင်Óဏ်၊ ဝေ ဖန်Óဏ်၊ စိတ်ဖြာÓဏ်စသည်တို့ကို အလွှာလိုက်သုံး ကာ ရှိပြီးသား ရာဇဝင်အစောင်စောင်များ အမှီးပြု ၍ တစ်မူဆန်းသည့်မှန်နန်းရာဇဝင်တော်ကြီးကို စီရင် နိုင်စွမ်း၏။ မစီရင်ခဲ့။ မဟာရာဇဝင်ကြီး၏စာသားကို
ယူ၍ ထိုပုံစံသွင်းကြသည်။
ဤအသွင်ကိုလိုက်၍ ဒုတိယမှန်နန်းပညာ
ရှိကြီးတို့က ရာဇဝင်တစ်စောင်ဖွဲ့၏။ ဤပုံကို အတုယူ ကာ မန္တလေးဦးတင်က ရာဇဝင်တစ်စောင် ဆက်လက် ရေးသား၏။ နောက်ဆုံးတွင် ဆရာကြီးသုံးဦးတို့က လည်း ရှိနှင့်နေသော ရာဇဝင်သုံးစောင်ကို အတွေးအ မြင်သစ်ဖြင့် ပြန်မရေးဘဲ န ငယ် အမြီးတပ်လိုက်ကြ သည်။ ရလဒ်ကား ၁၁ ရာစုနှစ်က ရာဇဝင်နှင့် ၁၃ ရာ စုနှစ်က ရာဇဝင်ပုံသဏ္ဌာန်တို့သည် ဆင်တူယိုးမှားဖြစ် နေကြ၏။ ရာဇဝင်ဗေဒ ခြေလှမ်း တုံ့ခဲ့သည်။
သုသောဓိတရာဇဝင်နှင့်ရှေ့နောက်ဆိုသ လိုပေါ်လာသော ဟာဗေးမြန်မာရာဇဝင်သည် ရာဇဝင် ဗေဒနည်းပညာအရတင်ပြထားသည်။ သူ၏အတွေး အခေါ်အဆိုအမိန့်တို့ကား သူ၏အစွဲများဖြင့် စွန်း ထင်းနေသည်။ သို့သော် ရာဇဝင်ရေးနည်း၊ နိဿရည်း ကိုသာ စဉ်းစားကြစေလိုပါသည်။ ရာဇဝင်ဟူသည်
ရာဇဝံသမင်းမျိုး အဆက်အနွယ်အတ္ထုပ္ပတ္တိဆို သည့် အရ မင်းနှင့်ဆက်စပ်သည့် အကြောင်းအရာများ ကိုသာ မီးမောင်းထိုးပြရသည်မဟုတ်ချေ။ မင်းကို ပင်တိုင်ထားပြီး တစ်ခုနှင့်တစ်ခု ဆက်သွယ်စပ်ယှက် နေသော ပြည်ထဲပြည်ပရေး၊ စီးပွားရေး၊ ဆက်ဆံရေး နိုင်ငံရေး၊ သာသနာတော်ရေး၊ စသည့်ဘဝရောင်စဉ် တို့ကို တစ်ကွက်ပြီးတစ်ကွက် အချက်ကျကျ ဖွင့်လှစ် ပြရာ၏။ သုတေသနလုပ်၊ ရှိသမျှÓဏ်အမျိုးမျိုးတို့ ကို ထုတ်ပြီးရေးပါမှ ဤရာဇဝင်မျိုးဖြစ်မြောက်နိုင်ပါ သည်။ ဟာဗေးရာဇဝင်သည် စံထားလောက်အောင် ကောင်းသည်ဟုမဆိုလို။ သို့သော် သုသောဓိတထက် ကောင်းသည်ဟု ဆိုလိုပါသည်။
ဘာကြောင့် ဤကဲ့သို့ ကိန်မျိုးဆိုက်ခဲ့ရပါ
သလဲ။ ကျွန်တော်တို့သည် ရှေးပညာရှင်တို့ ထားခဲ့ သောအမွေအနှစ်များနှင့်ရောင့်ရဲတင်းတိမ်နေကြ သောအကြောင်းတစ်ရပ်၏ပယောဂကြောင့်ဖြစ်သည် ဟု ဆိုရပါမည်။
၂၊ ၂၊ အမှားကို မမြင်
အမှားကို မမြင်ခဲ့သည်မှာ ပညာရှိကြီးများ ကို လေးစားသည့်ခံယူချက် အစွယ်အပွားတစ်ခု ကြောင့်ဟုဆိုလိုပါသည်။ ပညာရှိဟူသည့်ပုဂ္ဂိုလ်တိုင်း တတ်သည်၊ သိသည်၊ ရေးသည့်စာ ပြောသည့်စကား အားလုံးမှန်သည်ဟုယူဆနေသူများအမြောက်အမြား
ရှိနေကြပါသည်။ သို့သော် မြတ်စွာဘုရားကိုယ်တော် တိုင်က ]ဘယ်ဆရာကြီးက ပြောတယ်၊ ဘယ်ကျမ်းက လာတယ်၊ ဘယ်ထုံးတမ်းစဉ်လာက ဆိုတယ်လို့ဖတ်ရ၊ ကြားရယင် ချက်ချင်း မယုံလိုက်နဲ့။ လုပ်ကြည့်။ မှန် တယ်လို့တွေ့ရ၊ သိရမှ လက်ခံ။ ငါပြောတာကိုလည်း မ
ယုံနဲ့ဦး။ လုပ်ကြည့်။ မှန်တယ်လို့ အတပ်သိရမှ လက် ခံ}ဟုဟောတော်မူထားပါသည်။ ထို့ကြောင့်လည်း ]ဧ ဟိပဿိကÓဏ်မျက်စိနဲ့လာကြည့်လှည့်ကြ}ဟု အမှား အမှန် ခွဲခြားဝေဖန်မှုနှင့် စပ်လျဉ်း၍ ဆိုတော်မူပါ သည်။
လောကီပညာရပ်များကို ဆည်းပူးလေ့လာ နေသူ ကျွန်တော်တို့ကား ထိုပညာရပ် တစ်ရပ်ရပ်၌ သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသ၌သော်လည်း ကောင်း၊ သိမြင်နှံ့စပ် ကျွမ်းကျင်သော ဘာသာရေး၊ စာပေရေး၊ ယဉ်ကျေးမှုရေးစသည့်ဓရပါရဂူတို့၏အ တွေးအမြင် အဆိုအမိန့်၊ အရေးအသားတို့ကို လက်ခံ ကြရပါမည်။ အမှီပြုကြရပါမည်။ ပညာကား အနမ တဂ္ဂ၊ ကျွန်တော်တို့သိသည်မှာ လက်တစ်ဆုပ်မျှ။ အမှီ မရှိဘုရားသော်မှမပွင့်ဟူသောဆိုရိုးရှိ၏။ ဤဘောင်
၏ပြင်ပရှိ ပညာရှင်များ၏အတွေးအမြင်၊ အဆိုအ မိန့်၊ အရေးအသားတို့ကိုကား မြတ်စွာဘုရားဟော တော်မူသည့်အတိုင်း ပြုရာ၏။ ဤသို့မပြုပါက လက်
ရှိအဖြစ်အပျက်ကဲ့သို့ အမှားကို မမြင်ဘဲ ရှိပေမည်။
ရှိရုံတွင်မကသေး လမ်းလွဲပင် ရောက်သွားရာသည်။
သာဓကတွေ ရှိပါ၏။ လောလောဆယ် တစ်ခုသာပြပါ
ရစေ။
သီလဝံသနှင့်ရဋ္ဌသာရတို့သည် သာချင်း
ဤသည်တို့ကား ကျွန်တော်၏အတွေးအ မြင်မှ ရရှိလာသော သင်ခန်းစာတစ်ရပ်ဖြစ်သည်ဟု
သည်များ ဖြစ်ကြသဖြင့် ဒုတိယမင်းခေါင်သိမ်သမုတ် ပွဲတွင် မပါဝင်ကြရဟူ၍ ပညာရှိအမတ်ကြီးမဟာဓမ္မ သင်္ကြံက ရေးသားခဲ့ပါသည်။ သို့သော် ယထာဘူတ မ ကျပါ။ အမှန်ထင်၍ နှောင်းခေတ်ပညာရှင်တို့က သူတို့၏ကျမ်းတွေထဲ ထည့်ရေးကြ၏။ သုတေသီနှင့် သောတုဇနတို့ အမှားဘက်တိမ်းသွားကြ၏။ အကျယ် ကို သိလိုမူ ခရစ်သက္ကရာဇ် ၁၉၇၈-ခုနှစ် ဇူလိုင်လ ထုတ် ရှုမဝမဂ္ဂဇင်း စာမျက်နှာ ၁၄၁ မှ ၁၄၅ အထိ ကြည့်ကြစေလိုပါသည်။
၃။ သင်ခန်းစာ
လောကီပညာရေး လောကတွင် အတွေး အမြင်အင်အား ချည့်နဲ့စေသည့်ပယောဂနှစ်မျိုးတို့ကို ဆိုခဲ့ပါပြီ။ ရောင့်ရဲမှုကြောင့် မြန်မာရာဇဝင်ဗေဒမတိုး တက်ဘဲ အန်းနေကြောင်းကို မြင်ခဲ့ရပြီ။ ထိုမှတဆင့် စဉ်းစားကြည့်လိုက်သော် ရောင့်ရဲမှုကြောင့်လည်း မြန် မာပညာရှင်၊ သုတေသီနှင့်သောတုဇနတို့ အားကိုးနိုင် သည့်မြန်မာရာဇဝင်(သမိုင်း)ဘာသာ၊ ဘာသာဗေဒ၊ သဒ္ဒါဗေဒ၊ စကားပြေ၊ ကဗျာစာပေစသော သမိုင်း ပိုင်းအသီးသီးတို့ မရှိကြသေးဟုမြင်ကွက်ပေါ်လာပါ
၏။
ပြောလိုပါ၏။
လှဘေ
လက်ခံမှုကြောင့်လည်း အမှားကို သတိမမူ မိကြ၍ အစွန်းအထင်း ကျန်ရှိနေ၏။ ရှေ့ဆက်လက် တွေးလိုက်သည့်အခါ ဤသို့လက်ခံခြင်းကြောင့်လည်း မြန်မာဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတို့၏တိုးတက်ရေး လမ်းကြောင်းတွင် သည့်ထက်ဆိုးသောအမှားမျိုးတို့ သည် ဆူးခလုတ်သဖွယ် ပေါ်ထွက်နေကြောင်းကို မြင် မိပါသည်။ သာဓကတစ်ခုကို အခန်းခွဲ ၂၊ ၂ တွင် ညွှန်း ဆိုခဲ့ပါပြီ။ နောင်အခါသင့် အခွင့်သာလျှင် အခြားသာ ဓကများကို တင်ပြပါဦးမည်။
မှတ်စု။
၁။ အကျယ်ကိုသိလိုမူ ပထမတွဲ၊ ကျမ်းဦးပဏာမနိဿ ၂၂-၂၃ ရှု
၂။ အကျယ်ကိုသိလိုမူ တတိယတွဲ နိဒါန်းရှု
၃။ စဉ်းစားဖွယ်ရာ(၃)ဧချင်းဖွဲ့ခံ မင်းလျာတို့၏ကံကြမ္မာ၊ ရှုမဝ၊ ၁၉၇၉၊ ဇွန်လ ၉၇-၁၀၂ ရှု
၎]စဉ်းစားဖွယ်ရာ}(၂)ထွင်ဇာတ်။ ရှုမဝ၊ ၁၉၇၈-ခု၊ ဇူလိုင်လ ၄၁-၄၅ ရှု
အညွှန်းများ
၁။ မဟာရာဇဝင်ကြီး၊ တတိယအုပ်၊ ဦးကုလား၊ တည်းဖြတ်သူ ဆရာဦးခင်စိုး၊ ဟံသာဝတီပိဋကတ်ပုံနှိပ်တိုက်၊
ရန်ကုန်မြို့၊ ၁၉၆၁-ခုနှစ်။
၂။ မှန်နန်းမဟာရာဇဝင်တော်ကြီး၊ တတိယတွဲ၊ ရတနာသိဒ္ဓိပိဋကတ်ပုံနှိပ်တိုက်၊ မန္တလေးမြို့၊ ၁၉၂၅-ခုနှစ်။
၃။ သုသောဓိတမဟာရာဇဝင်ကြီး၊ တတိယတွဲ၊ ဆရာကြီးဦးဘီ၊ ဆရာသိန်း၊ ဆရာကိုဘကျော်၊ သုဓမ္မဝတီစာပုံ နှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၂၂-ခုနှစ်။
၎။ွ.န.ံမေလနပါ်ံငျအသမပ သ် ကြမာယေူသညိသညယ ၁၉၂၄.
၅။ွ.န.ံမေလနပါ် ဥကအူငညနံငျအသမပ သ် ကြမာယေ ဃေူခကအအယေ ၁၉၂၄.
၆။ ဦးပုည မေတ္တာစာ၊ မြန်မာသုတေသနအသင်း၊ ပြည်ကြီးမဏ္ဍိုင်ပိဋကတ်ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၃၄။
၇။ ရှင်မဟာသီလဝံသ၊ ပါရမီတော်ခန်းပျို့၊ ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၈၈၄။
မှတ်ချက်။ ။၁၉၈၇-ခုနှစ်၊ နိုဝင်ဘာလထုတ် အတွေးအမြင်မဂ္ဂဇင်း စာမျက်နှာ(၂၇ မှ ၃၅ ထိ)၌လာ
ရှိသောဆောင်းပါးကို ပြန်စာစီရိုက်ထားပါသည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်