===================
ရူပ ပရိဂ္ဂဟ (ရုပ်ကို မှတ်ယူခြင်း)
ရူပ (ရုပ်) = ဆန့်ကျင်ဘက်အကြောင်းနှင့် ဆုံမိ လျှင် ပြောင်းလဲခြင်း၊ ပျက်စီးခြင်း သဘာဝရှိ တရား။
နိပ္ဖန္နရုပ်၁၈-ပါး
ရုပ်သည် (၁) မဟာဘူတ = ကြီးမားထင်ရှား ဖြစ် ပေါ်ရုပ်၊ (၂) ဥပါဒါယ
(ဥပါဒါ)ရုပ် = မဟာဘူတ (၄)မျိုးကို မှီလျက်သာ ဖြစ်သောရုပ် ဟူ၍ (၂)မျိုး
ရှိ၏။
ဘူတ
(၁) ပထဝီ(၂) အာပေါ (၃) တေဇော (၄) ဝါယော
ပသာဒ
(၅) စက္ခု (၆) သောတ (၇) ဃာန (၈) ဇိဝှါ
(၉) ကာယ
(၉) ကာယ
ဂေါစရ
(၁၀) ရူပ (ဝဏ္ဏ) (၁၁) သဒ္ဒ (၁၂) ဂန္ဓ (၁၃) ရသ (၁၄) ဖောဋ္ဌဗ္ဗ (ပ၊ တေ၊ ဝါ)
နိပ္ဖန္နရုပ်၁၈-ပါး
ဘာဝ
(၁၄) ဣတ္ထိဘာဝ(၁၅) ပုမ္ဘာဝ
ဇီဝိတ
(၁၆) ဇီဝိတ
အာဟာရ
အာဟာရ
(၁၇) အာဟာရ
ဝတ္ထု
(၁၈) ဟဒယ
အနိပ္ဖန္နရုပ်၁၀ - ပါး
ပရိစ္ဆေဒ
(၁) အာကာသဓာတု
ဝိညတ်
(၂) ကာယဝိညတ္ထိ (၃) ဝစီဝိညတ္ထိ
ဝိကာရ
(၄) လဟုတာ (၅) မုဒုတာ(၆) ကမ္မညတာ
လက္ခဏ
(၇) ဥပစယ (၈)သန္တတိ (၉) ဇရတာ
(၁၀) အနိစ္စတာ
(၁၀) အနိစ္စတာ
ရုပ သမုဋ္ဌာန (ရုပ်၏အကြောင်း - ၄ ပါး)
ကမ္မ
အကုသိုလ် စေတနာ-၁၂
ကာမဝစရကုသိုလ်စေတနာ-၈
ရူပါဝစရကုသိုလ်စေတနာ-၅
ဖြစ်စေတဲ့ရုပ်က ၁၈ ပါး
ကာမဝစရကုသိုလ်စေတနာ-၈
ရူပါဝစရကုသိုလ်စေတနာ-၅
ဖြစ်စေတဲ့ရုပ်က ၁၈ ပါး
စိတ္တ
(ဒွိပဉ္စ-၁၀၊ အရူပဝိပါက-၄ ခုမှတပါး) စိတ်-၇၅
ဖြစ်စေတဲ့ရုပ် ၁၅ ပါး
ဖြစ်စေတဲ့ရုပ် ၁၅ ပါး
ဥတု
တေဇောဓာတ် (အပူ၊ အအေး) ဖြစ်စေတဲ့ ရုပ် ၁၃ ပါး
အာဟာရ
သြဇာရုပ် ဖြစ်စေတဲ့ရုပ် ၁၂ ပါး
(၁) ပသာဒရုပ် - ၅၊ ဘာဝရုပ် - ၂၊ ဇီဝိတရုပ် - ၁၊ ဟဒယရုပ် - ၁၊ ပေါင်း ရုပ် ၉ မျိုးသည် ကံကြောင့် သာ ဖြစ်၏။
(၂) ၀ိညတ်ရုပ် ၂ - သည် စိတ်ကြောင့်သာ ဖြစ် ၏။
(၃) သဒ္ဒရုပ်သည် စိတ်ဥတု ၂ - မျိုး ကြောင့် ဖြစ် ၏။
(၄) လဟုတာ၊ မုဒုတာ၊ ကမ္မညတာ ရုပ် ၃ - မျိုး သည် စိတ်၊ ဥတု၊ အာဟာရ ၃ - မျိုး ကြောင့် ဖြစ် ၏။
(၅) ဘူတရုပ် - ၄၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ အာကာသ ဤရုပ် ၉ - မျိုးသည် အကြောင်း ၄ - မျိုး လုံးကြောင့် ဖြစ်၏။
ရူပ ကလာပ (ရုပ်တို့၏ အစုလိုက် တည်ရှိ မှု)
ဆိုင်ရာ အကြောင်းတရားကြောင့် ဖြစ်လာ သော ရုပ်တို့သည် -
(၁) ဖြစ်ချိန် တူခြင်း၊
(၂) ချုပ်ပျောက်ချိန်တူခြင်း၊
(၃) မှီရာ တူခြင်း၊
(၄) အတူတကွ တည်ရှိခြင်းအားဖြင့် အစုလိုက် သာ ဖြစ်ကြ၏။
(၂) ချုပ်ပျောက်ချိန်တူခြင်း၊
(၃) မှီရာ တူခြင်း၊
(၄) အတူတကွ တည်ရှိခြင်းအားဖြင့် အစုလိုက် သာ ဖြစ်ကြ၏။
အ၀ိနိဗ္ဘောဂရုပ်၈ - မျိုး (အမြဲတွဲပြီး ခွဲထုတ်၍ မရသော ရုပ်များ)
ဘူတရုပ် (၄)ခုသည် အမြဲ ပေါင်းစပ်နေ၏။ ဘူတရုပ် (၄)ခုကို မှီ၍သာ
ဖြစ်နိုင်သော ၀ဏ္ဏ စသော ဥပါဒါယ ရုပ် (၄) မျိုးသည် ဘူတရုပ်နှင့် လည်းကောင်း၊
မိမိတို့ အချင်းချင်း လည်း ကောင်း၊ အမြဲ ပေါင်းစပ်လျက် ဖြစ်၏။
ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်း (၄) မျိုး တွင် တစ်မျိုးမျိုးကြောင့် ဖြစ်နိုင်၏။
ကမ္မဇရူပကလာပ (၉)မျိုး
ကံကြောင့်ဖြစ်သမျှ ရုပ်များသည် အနည်းဆုံး (၉) မျိုး စုဝေး ပေါင်းစပ်ဖြစ်၏။
အ၀ိနိဗ္ဘောဂရုပ် (၈) မျိုး နှင့် ဇီဝိတရုပ် (ရုပ်အသက်)တို့ဖြစ်၏။ (၈ +
ဇီဝိတ = ၉)
ရူပသန္တတိ (ရုပ်တို့၏ ဖြစ်စဉ်)
ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်း (၄)မျိုး တို့ တွင် တစ်မျိုးမျိုးကြောင့်
ဖြစ်သော ရုပ်တို့သည် တစ်ဘ၀အတွင်း ဖေါ်ပြပါ ဖြစ်စဉ်အတိုင်း ဖြစ် ကြ၏။
(၁) ကံသည် ကမ္မဇရုပ်တို့ကို ဘုံနှင့်သတ္တ၀ါ အား လျော်စွာ ပဋိသန္ဓေစိတ်၏
ဥပါဒ်ခဏ မှ အစပြု၍ ဘ၀တစ်ခု အတွင်း စုတိစိတ် ၏ရှေ့၊ (စုတိစိတ်မှ
ပြန်ရေတွက်လျှင်)၁၇ - ခုမြောက် စိတ်၏ ဥပါဒ် ခဏအထိ စိတ်တိုင်း၏ ဥပါဒ်၊ ဌီ၊
ဘင် ခဏတိုင်း မှာ ဖြစ်စေကြ၏။
ဖြစ်ပြီး ကမ္မဇရုပ်မှန်သမျှ စိတ္တက္ခဏ (၁၇) ချက် ပြည့်တိုင်း ချုပ်ပျက် ကြ၏။
နောက်ဆုံး ကမ္မဇရုပ် သည် စုတိစိတ်၏ ဘင်ခဏ၌ အပြီးသတ် ချုပ်၍ တစ်ဘ၀ ကုန်ဆုံး၏။
(၂)စိတ်သည် (ရုပ်ကိုဖြစ်စေနိုင်သည့် စိတ် (၇၅) မျိုးတွင်
ပါဝင်သည့်စိတ်တိုင်း) တစ်ဘ၀၏အစ ပဋိသန္ဓေနောက်ရှိ ပဌမ ဘ၀င်စိတ်၏ ဥပါဒ်ခဏ မှစ၍
စုတိအထိ မိမိ၏ဥပါဒ်ခဏတိုင်းမှာ စိတ္တရုပ် ကို ဖြစ်စေ၏။
သို့သော် ရဟန္တာတို့၏ စုတိစိတ်အား စိတ္တဇရုပ်ကို မဖြစ်စေနိုင်။
သေဆုံးပြီးက စိတ္တဇရုပ်အားလုံး ချုပ်ငြိမ်း ၏။
(၃) ဥတုသည် မိမိ၏ ဌီ ခဏမှစ၍ သက်ရှိ သက်မဲ့ သန္တာန် (၂)မျိုးလုံးမှာပင်
ဥတုဇရုပ် တို့ကို ဖြစ်စေ၏။ တစ်ဘ၀တာ ကုန်ဆုံး၍ ရုပ် အလောင်း ပြာမှုံ့အထိ
ဆက်လက် တည်ရှိ၏။
(၄) အာဟာရသည် မျိုချပြီး ဝမ်းတွင်း ရောက် သည်မှ စ၍ အာဟာရဇရုပ်ကို ဖြစ် စေ၏။ သေဆုံးပြီးက ချုပ်ငြိမ်း၏။
ရူပသန္တတိ (ရုပ်တို့၏ ဖြစ်စဉ်)
ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်း (၄)မျိုး တို့ တွင်
တစ်မျိုးမျိုးကြောင့်ဖြစ်သော ရုပ်တို့သည် တစ်ဘ၀အတွင်း
ဖေါ်ပြပါဖြစ်စဉ်အတိုင်း ဖြစ်ကြ ၏။
(၁) ကံသည် ကမ္မဇရုပ်တို့ကို ဘုံနှင့်သတ္တ၀ါ အား လျော်စွာ ပဋိသန္ဓေစိတ်၏
ဥပါခ်ခဏမှ အစပြု၍ ဘ၀တစ်ခု အတွင်း စုတိစိတ်၏ရှေ့၊ (စုတိစိတ်မှ
ပြန်ရေတွက်လျှင်) ၁၇ - ခုမြောက်စိတ်၏ ဥပါဒ် ခဏအထိ စိတ်တိုင်း၏ ဥပါဒ်၊ ဌီ၊
ဘင် ခဏတိုင်း မှာ ဖြစ်စေကြ၏။ ဖြစ်ပြီး ကမ္မဇရုပ်မှန်သမျှ စိတ္တက္ခဏ (၁၇)ချက်
ပြည့်တိုင်း ချုပ်ပျက်ကြ၏။ နောက်ဆုံး ကမ္မဇရုပ်သည် စုတိစိတ်၏ ဘင်ခဏ ၌
အပြီးသတ် ချုပ်၍ တစ်ဘဝ ကုန်ဆုံး၏။
(၂) စိတ်သည် (ရုပ်ကိုဖြစ်စေနိုင်သည့် စိတ် (၇၅) မျိုးတွင် ပါဝင်သည့်
စိတ်တိုင်း) တစ်ဘ၀၏ အစ ပဋိသန္ဓေနောက်ရှိ ပဌမ ဘ၀င်စိတ်၏ ဥပါဒ်ခဏ မှ စ၍
စုတိအထိ မိမိ၏ ဥပါဒ်ခဏတိုင်းမှာ စိတ္တ ရုပ် ကို ဖြစ် စေ၏။
သို့သော် ရဟန္တာတို့၏ စုတိစိတ်အား စိတ္တဇရုပ်ကို မဖြစ်စေနိုင်။ သေဆုံးပြီးက စိတ္တဇရုပ် အားလုံး ချုပ်ငြိမ်း၏။
(၃) ဥတုသည် မိမိ၏ ဌီခဏမှစ၍ သက်ရှိ သက်မဲ့ သန္တာန် (၂)မျိုး စလုံးမှာပင်
ဥတုဇ ရုပ် တို့ကို ဖြစ်စေ၏။ တစ်ဘ၀တာ ကုန် ဆုံး၍ ရုပ်အလောင်း ပြာမှုန့်အထိ
ဆက် လက် တည်ရှိ၏။
(၄) အာဟာရသည် မျိုချပြီး ၀မ်းတွင်း ရောက်သည်မှစ၍ အာဟာရဇရုပ်ကို ဖြစ် စေ၏။ သေဆုံးပြီးက ချုပ်ငြိမ်း၏။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်