စိတ်ကို နေရာမှန်မှာ ပြန်ထားပါ


======================
ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးနဲ့ ကြုံတွေ့တဲ့ အခါမှာ သိအောင် သင်ယူကြရမှာက နံပါတ်
တစ် အရေးကြီးဆုံး အချက်ပါ
ဘုရားကလည်း သာသနာတော် မြတ်ကြီး ကို- ပရိယတ္တိသာသနာ-လို့ နံပါတ်တစ် ထားပြီး ဟော ထားတယ်။
ပရိယတ္တိ-ဆိုတာ သင်ယူခြင်း-လို့ အဓိပ္ပါယ်ရ တယ် မသင်ယူဘဲနဲ့ ဘယ်သူမှ တရားဓမ္မကို သိ တယ် ဆိုတာ မရှိဘူး။ တရားနာတာဟာ သင်နေ တာပဲ။ နားနဲ့ ကြားနာနေတာဟာ သင်ယူခြင်းပဲ၊ သင်ယူပြီးတဲ့နောက်မှာ လက်တွေ့ ကျင့်သုံးမှု ဆို တာ နောက်က လိုက်ရတယ်။
မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်တွေ ဆိုပါစို့-ဘုရားအဆူဆူ ရဲ့ အဆုံးအမသြဝါဒ-
သဗ္ဗပါပဿ အကရဏံ-တဲ့။-
ယုတ်မာညစ်ကျူးတဲ့ အကုသိုလ်အမှု မှန်သမျှ မလုပ်နဲ့-တဲ့။
ဒါက ဘုရားဟောတာ။ အဲဒါကို သင်ရ မယ်။ ယုတ်မာညစ်ကျူးတဲ့ အကုသိုလ်အမှု မှန်သမျှ မလုပ်နဲ့ဆိုတာကို သင်ယူပြီးတဲ့ နောက်မှာ အကုသိုလ် ဆိုတာ မလုပ်ရဘူး ဆိုတာကို သိတဲ့ အသိကလေး ကိုယ့်သန္တာန်မှာ ရှိလာတယ် ရှိလာ တဲ့အတိုင်း အကုသိုလ်ကို ရှောင်ရမယ်။
ကုသလဿူပ သမ္ဗဒါ
ကုသိုလ်တရားတွေ မိမိသန္တာန်မှာ ပြည့်စုံစေရ မယ်-တဲ့။
ကုသိုလ်တရားဆိုတာ အဆင့်ဆင့် ရှိတယ်။ ဒါန ကုသိုလ် ရှိတယ်။ စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း ဖြင့် ဖြစ်ပေါ်လာတဲ့ ကုသိုလ်ကို ဒါနကုသိုလ်။ ကျင့်သုံး ဆောက်တည်ခြင်းဖြင့် ဖြစ်ပေါ်လာတာ သီလကုသိုလ်။ မိမိ စိတ်ကလေး ကောင်းတဲ့ အာရုံနဲ့ လေ့ကျင့်ပြီးတော့ ပွားများတာ ဘာဝနာ ကုသိုလ် ဖြစ်တယ်။
ဒါနကုသိုလ် ပြည့်စုံ စေရမယ်။ သီလကုသိုလ် လည်း ပြည့်စုံ စေရမယ်။ ဘာဝနာကုသိုလ်လည်း ပြည့်စုံ စေရမယ်။ ဒီကုသိုလ်တွေ ပြည့်စုံစေရ မယ် ဆိုတာကို ဘုရားက ဟောထားတာ။
အဲဒီ တရားတွေကို ရှေးဦးစွာ သင်လိုက်ရမယ်။ ကုသိုလ်ဆိုတာ မိမိသန္တာန်မှာ ပြည့် စုံအောင် လုပ်ရမယ်ဆိုတဲ့ အသိလေး ရလာတယ်။ အဲဒီ သိထားတဲ့အတိုင်း ဒါန ကောင်းမှုလည်း လုပ် တယ်၊ သီလလည်း ဆောက်တည်တယ်၊ ဘာဝနာလည်း ပွားများအားထုတ်တယ်၊ ကုသိုလ် တွေ ရအောင် ယူတယ်ဆိုရင် ကျင့်သုံးတယ်လို့ ခေါ်တယ်။
နောက်တစ်ခု မြတ်စွာဘုရားဟောတာက
သစိတ္တ ပရိယောဒပနံ- တဲ့
ကိုယ့်စိတ်ကလေး ကို ဖြူစင်အောင် ထားတဲ့။ ဖြူစင်တယ် ဆိုတာ ညစ်နွမ်းတဲ့ စိတ်တွေ မရှိ သင့်ဘူး။
ညစ်နွမ်းတဲ့စိတ်ဆိုတာ ဘာကိုပြောတာလဲ ဆိုရင် လောဘ ဒေါသ မောဟ ဣဿာ မစ္ဆရိယ ဆိုတဲ့ ဆိုတဲ့ အညစ် အကြေးတွေ အဲဒီ တရားတွေ စိတ် ထဲမှာ ပေါ်လာပြီဆိုရင် စိတ်ဟာ ညစ်နွမ်းသွား တယ်လို့ ခေါ်တယ်။
အဲဒီ ညစ်နွမ်းသွားတဲ့စိတ်ကို ဖြူစင်အောင် လုပ် ရမယ် စိတ်ဆိုတာက သဘာဝအားဖြင့် ဖြူစင်နေ တာ ဖြစ်လို့ ညစ်နွမ်းသွားတဲ့စိတ်ကို ပြန်ဖြူ အောင် လုပ်လို့ ရတယ်
စိတ်က နဂိုကတည်းက အဖြူရောင်၊ အဲဒီ အဖြူ ပေါ်မှာ တခြား အရောင်တွေကြောင့် ညစ်နွမ်း လာတယ် မဖြူစင်ဘူးဆိုရင် နောင်မှ ပေါ်လာတဲ့ အရောင်တွေကို အရောင်ချွတ်ဆေး ဆပ်ပြာ စသည်ဖြင့် ဖွတ်လျှော်လိုက်မယ်ဆိုရင် နောက်မှ ပေါ် လာတဲ့ အရောင်တွေဟာ ကျွတ်သွားပြီး တော့ ပကတိ အရောင်ဖြစ်တဲ့ ဖြူစင်မှုကို ရ တယ်။
ဘုရားက ပြောတယ် စိတ်ဟာ ပင်ကိုယ် သဘာဝ အားဖြင့် ဖြူစင်တယ်။-
ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ-တဲ့။
စိတ်ဆိုတာ သန့်ပြန့်ဖြူစင်နေတဲ့ သဘာဝ တရား တဲ့။
ဘာလို့လဲဆိုရင် သူက အာရုံကို သိရုံ သိတာ။ စိတ်ရဲ့သဘာဝက အာရုံကို သိရုံ ပဲ သိတယ်။ တွယ်တာမှု ဆိုတာ မဖြစ်ဘူး။ မုန်းတီးမှု ဆိုတာ လည်း မဖြစ်ဘူး။ သိရုံမျှ သက်သက်သာ သိတာ ဆိုတော့ ဖြူစင်တယ်။
အဲဒီ သဘာဝအားဖြင့် ဖြူစင်နေတဲ့ စိတ်ကလေး ဟာ-
တဉ္စ ခေါ ဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ-
အခိုက်အတန့် ဖြစ်ပေါ်လာတဲ့ လောဘကြောင့် စိတ်ကလေးဟာ ညစ်နွမ်းသွားရတယ်။
ဒေါသကြောင့် စိတ်ကလေးဟာ ညစ်နွမ်းသွားရ တယ်။ မာန်မာနတွေ၊ ဣဿာ မစ္ဆရိယတွေ ကြောင့် အဲဒီ အညစ်အကြေးတွေကို စနစ်တကျ ဆေးကြောပစ်လိုက်မယ် ဆိုရင် ပင်ကိုယ် အနေ အထားအတိုင်း ပြန်ရောက်သွားနိုင်တယ်။ ကိုယ့် စိတ်ကလေးကို စင်ကြယ်အောင် လုပ်ရမယ်ဆို တာ ဒါကို ပြောတာ ဖြစ် တယ်။
စဉ်းစားကြည့်ပေါ့ လူတွေဟာ စိတ် ကြည် နေတဲ့ အချိန် ဒေါသ ဆိုတာ လာမှ မလာတာပဲ။ ဒေါသ ဆိုတာ အာရုံကြောင့် မိမိနှလုံးသွင်းမှားမှုကြောင့် အခိုက်အတန့် ပေါ်လာတဲ့ သဘောတရားပဲ ဖြစ် တယ်။
ဒါကို သန့်စင်အောင် ဆေးကြော ပစ်ရမှာပေါ့။ ဆေးကြောပစ်လိုက်တဲ့ အခါကျ တော့ ဒေါသမရှိ တဲ့ စိတ်ဟာ တည်ငြိမ်တဲ့ စိတ်၊ ဖြူစင်တဲ့စိတ် ပြန်ပြီးတော့ ဖြစ်လာ တယ်။ ထို့အတူပဲ လောဘ ဆိုတာ အမြဲ ဖြစ်နေတာ မဟုတ်ဘူး။ အာရုံနဲ့တွေ့ လို့ လိုချင်မှု တပ်မက်မှုတွေ လွှမ်းမိုးလာတဲ့ အခါ တရားနည်းလမ်းကျတဲ့ ဖြေဆေးနဲ့ ဖြေပေးပြီး တော့ သန့်စင်ပေးလိုက်မယ် ဆိုရင် နဂိုငြိမ်းအေး ငြိမ်သက်တဲ့ ဖြူစင်တဲ့ စိတ်ကလေးကို ပြန်ပြီး တော့ ရနိုင်တာ ပေါ့။
လူတွေရဲ့ စိတ်ထဲမှာ အမြဲတမ်း သူများ အပေါ်မှာ မနာလိုတဲ့စိတ်တွေ ဖြစ်တာမှ မဟုတ်ဘဲ။ ကိုယ် သာ ရချင်တယ်ဆိုတဲ့ စိတ်ဟာလည်း အမြဲတမ်း ဖြစ်တာမှ မဟုတ်ဘဲ။ သူများစည်းစိမ်ကို စဉ်းစား လိုက်တဲ့အခါကျမှ မနာလိုစိတ် ဆိုတာ ဝင်လာ တာ ဖြစ်တယ်။
ကိုယ့်ထက်သာသွားမှာ မကျေနပ်တဲ့ စိတ် က တွေးကြည့်လိုက်မှ ပေါ်လာတာ။ ကိုယ်ရထားတဲ့ အခွင့်အရေးတစ်ခု ကို သူတစ် ပါးကို မပေးလိုတဲ့ မစ္ဆရိယ စိတ် ကလေးဟာ လည်း မတွေးဘဲနေ တဲ့အခါ ပေါ်တာမှ မဟုတ်တာေ တွးလိုက်တဲ့ အခါကျမှ ပေါ်လာတာ ကိုယ့်ပြဿနာ ကိုယ်ရှာ
နေကြတာ ဘယ်သူက တွေးခိုင်းသလဲဆို ကိုယ့် ဟာကိုယ် ယားလို့ တွေးတာလေ ပြီးတော့ စိတ် ယုတ်မာ စရိုက်ကိုပါ အရှက်မရှိ ထပ်ပြီး ပြချင်လို့ အပြစ် ပုံချဖို့ ဟို ဟို ဒီဒီကို လက်ညှိုးထိုး ပြကြ တော့တာပဲ
အကြောင်းရှိမှ ဝင်လာတဲ့ ဒီ စိတ်ရဲ့ အညစ် အကြေးတွေကို မှန်ကန်တဲ့ အတွေးတစ်ခုနဲ့ သန့် စင်ဆေးကြော လိုက်မယ်ဆိုရင် ဖြူစင်သွား မယ် တဲ့။
တချို့တွေများ ရေးတာ ပြောတာ တွေ့ဖူးတယ်
ကိလေသာစိတ် ဆိုတာ မမွေးခင်ကတည်းက ပါလာတာ တဲ့ ဒီတော့ စိတ်က သိလိုက်တယ် ဘုရားငယ် တစ်ဆူ ပွင့်လာပါပကောလား လို့ လေ ဒီတော့လဲ ဒါမျိုးတွေ တွေ့ရင်ကြိုပြီးကန် တော့ ထားလိုက်ရတယ်
တဏှာ၊ မာန၊ ဒိဌိတို့ မမှီသောစိတ်၊ ကိလေသာ တို့နှင့် မယှဉ်သောစိတ်ဟာ ပကတိ သန့်ရှင်း သော ရေသည် ကြည်လင်အေးမြဘိသကဲ့သို့
လောဘ ဒေါသ မောဟ မာန ဒိဌိ ဝိစိကိစ္ဆာ ထိန ဥဒ္ဓစ္စ အဟီရိက အနောတ္တပ္ပ တည်းဟူသော
ကိလေသာတို့နှင့် မယှဉ်သောစိတ် ၊ ကိလေသာ မပါသောစိတ်၊၊
ထိုကိလေသာတို့မှ ကင်းလွတ်လျက် ရှိသော စိတ်သည် ကိလေသာကင်းရာနဲ့ တဆက်ထည်း အပူမရှိတော့ အပူကင်းရာနဲ့ တွေ့ထိနေသော စိတ်သည် ပကတိ ဖြူစင်သန့်ရှင်း၍ သန္တိသုခ အငြိမ်းဓါတ်နှင့် ထိတွေ့နေတာပါပဲ
ထိုစိတ်တွင် ကိလေသာတို့ ပူးယှဉ်စေရန် အကြောင်းတို့ကို ပြုလုပ်မပေးတော့ဘဲ (ဝါ) အယောနိသောမနသိကာရအားဖြင့် သင်္ခါရ အမှု တို့ကို ပြုလုပ်မပေးတော့ပဲ ဖြူစင်သန့်ရှင်းနေ သည့် ကိလေသာလွတ်ရာနဲ့နေခြင်းကို ဆိုခြင်း ဖြစ်ပါတယ်။
ယခုအချိန် ယခုအခိုက်မှာ ကျွန်တော်တို့ရဲ့ စိတ် မှာ လောဘတွေကလည်း ဖြစ်ဆဲ မဟုတ်။ ဒေါသတွေကလည်း ဖြစ် ဆဲ မဟုတ်။ သောကတွေကလည်း ဖြစ်ဆဲ မဟုတ်။ ပရိဒေဝတွေကလည်း ဖြစ်ဆဲ မဟုတ်။ သတ်ချင် ဖြတ်ချင်တဲ့ စိတ်တွေ ကလည်း ဖြစ်ဆဲမဟုတ်။ ခိုးချင် ဝှက်ချင် တဲ့ စိတ်တွေကလည်း ဖြစ်ဆဲ မဟုတ်ပါ ဘူး။
ပင်ကိုယ်က ကင်းနေပါတယ် ၊
ပင်ကိုယ်က ရှင်းနေပါတယ်။
စိတ်မှာ ရာဂ၊ဒေါသ၊မောဟ
ကပ်ရောက်နေတာ မရှိဘူးပေါ့။
ဖြူစင်သန့်ရှင်းနေတာ အတိုင်းတိုင်းပဲ။ ရေ သည် ရေအတိုင်း နေတာမျိုးပဲ ရေထဲ အမျိုးမျိုးရော တော့ အရောင် အမျိုးမျိုး ဖြစ်ကြတယ်။ အဲဒီလိုပဲ မိမိတို့ရဲ့ စိတ်မှာလည်း ပူစရာ ထည့်တွေးတော့ ပူတဲ့စိတ်တွေဖြစ်၊ သားထည့်ပေးတော့ သားစိတ် တွေဖြစ်၊ သမီးထည့်ပေးတော့ သမီးစိတ်တွေ ဖြစ်၊ ကုသိုလ်ထည့်ပေးတော့ ကုသိုလ်စိတ် တွေ ဖြစ်၊ အကုသိုလ်ထည့်ပေးတော့ အကုသိုလ်စိတ် တွေဖြစ်၊ဘာတွေထည့်ပေးပေး ထည့်ပေးတာ တွေ ဖြစ်ကြမှာပဲ။
အခု ကျွန်တော်တို့ လောဘတွေ ဖြစ်နေ ကြ သလား။ လောဘဖြစ်ရင် ဘယ်မှာ ဖြစ်သလဲ၊ စိတ်မှာ ဖြစ်တယ် ဒေါသဖြစ် ရင် ဘယ်မှာဖြစ် သလဲ၊ စိတ်မှာ ဖြစ်တယ် စိတ်ဆိုတာ အာရုံနဲ့ ကင်းပြီးတော့နေလို့ မဖြစ်ပါဘူး။ ဒါဖြင့် ဒေါသ မဖြစ်တော့ ဒေါသစိတ် မဟုတ်ဘူးပေါ့ ။ ဒေါသ ဖြစ် နေတဲ့စိတ် မဟုတ်ဘူးပေါ့။ ဒေါသမဖြစ်ပဲ၊ ဒေါသမဖြစ်တာနဲ့ပဲ ကျွန်တော်တို့စိတ်မရှိဘူး လို့ ပြောမလား။ ဒေါသသာ မဖြစ်တာ၊ စိတ်ကတော့ ရှိပါတယ်။ ဒါဖြင့် ဒေါသ မဖြစ်တဲ့ စိတ်ပေါ့။
ကိလေသာကင်းရာနဲ့နေတာ အဲဒီလို ပြောတာ၊ သဘောပေါက် ဥာဏ်ရောက်လိမ့်မယ် ထင်ပါ တယ် လောဘမဖြစ်တော့ စိတ်ကလောဘ အဖြစ် ကင်းရာနဲ့ နေတာပေါ့။ ဒေါသမဖြစ်တော့ ဒေါသအဖြစ် ကင်းရာနဲ့ နေတာပေါ့။ တဏှာမဖြစ် တော့ တဏှာကင်းရာနဲ့ စိတ်ကနေတာပေါ့။
အဲသလို ကိလေသာ အာသဝတွေ ကင်းရာက နိဗ္ဗါန် ပေါ့။ တနည်းအားဖြင့် နိဗ္ဗါန်နဲ့ နေတယ်လို့ ပြောရတာပါ။
သဘောကတော့ ကိလေသာ အာသဝတွေ ဖြစ် အောင် မထူထောင်ဘဲ အဘိသင်္ခါရကို ဥပေက္ခာပြုပြီး နေတာ မလုပ်တော့ လုပ်မှုတွေ ငြိမ်းနေတာပေါ့ ကိလေသာတွေ ဖြစ်အောင် မလုပ်တော့ ကိလေသာ ငြိမ်းနေတာပေါ့။
"နိဗ္ဗာန်" ဆိုတာကတော့ ခဏခဏ ပြောခဲ့ ပါပြီ။ နိဗ္ဗာန်ဆိုတာ မိမိတို့ရဲ့စိတ်မှာ စိတ် အလုပ်၊ စိတ်အပူ၊ စိတ်ကိစ္စတွေ မရှိတာ။ လောဘ ဒေါသတွေ မဖြစ်တော့ မဖြစ်တဲ့တရား၊ ချုပ်တဲ့ တရား။ မဖြစ်တာ ချုပ်တာက လောဘ ဒေါသ တွေ။လောဘ ဒေါသတွေ မဖြစ်တာ ၊လောဘ ဒေါသတွေ ချုပ်တာ "နိဗ္ဗာန်" မဟုတ်ပါဘူး။ ကုန်တာ,ချုပ်တာ က တခြား၊ ကုန်သွား,ချုပ်သွား သော် လည်း မူလကုန်ရာ,ချုပ်ရာကြီးက ကျန် နေ ပါတယ်။ လောဘ ဒေါသ မောဟ ကိလေသာ တွေ မဖြစ်တာ,ကုန်တာ, ချုပ် တာက တခြား။ လောဘ ဒေါသ မောဟ ကိလေသာတွေ မဖြစ် တော့ချုပ်ရတယ် ကုန်ရာ ချုပ်ရာကြီး ကျန်နေ တယ်။ စိတ်ပူတွေ ကုန်သွားလို့ရှိရင် အပူကင်း တဲ့စိတ် ကျန်နေရမှာပေါ့။ လောဘ ဒေါသ မောဟ ကိလေသာတွေ ချုပ်သွားလို့ရှိရင်
လောဘ ဒေါသ မောဟ ကိလေသာကင်းတဲ့
စိတ် ကျန်နေမှာပေါ့။
အဲဒီမှာ ကိလေသာကုန်တယ် ဆိုတာက ကိလေသာအာသဝတွေက မသိမှုနဲ့ ထူထောင်မှ ဖြစ်မှာဆိုတော့ ဖြစ်အောင် မထူထောင်ပဲနေ တော့ ကိလေသာ အာသဝတွေ ကင်းနေတာကို ကုန်နေတယ် ချုပ်နေတယ် ပြောတာတွေဆိုတာ က ဒဿနအရာ တဖက်သူ နားလည်အောင် ဆောင်ပြောထားရတာတွေပါ
သူ့နေရာမှာ သူရှိနေရင် ငြိမ်းအေးတာက ထင်ရှားပါတယ်

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်