မြန်မာစာ မတတ်ရင် တရားမဟောရ

တရား ဆိုတာ သိနေအောင် ကျင့်ရတာ
လုပ်ယူရတာ မဟုတ်ဘူး
နိဗ္ဗာန် ဆိုတာ လိုချင်လို့ ရတာ မဟုတ်ဘူး
မျက်မှောက်ပြုရတာ
စကား စကားက အပြား အပြား များတော့
တရား တရား ဆိုတာလည်း ရာဟုနဲ့ ထမင်းနဲ
ကိုပဲ မတူသလိုလို ပန်ဗွား နဲ့ သာကူ ကပဲ နှစ်မျိုး
လိုလို ဖြစ်နေရသလိုပဲ
တယ်လည်းခက်တဲ့ မြန်မာစကား ဒေသိယျသံ
များ ရောသွားလို့ကတော့ အဘိဓါန်ဖွင့်ရာမှာ
ဒီစကား မပါဘူး ဆိုပြီးသကာလ အဓမ္မ လို့ ဆိုကြဦးမှာ
မြန်မာစာ မတတ်ရင် တရားမဟောရလို့ နောက်
ခါများမှာ ဘုရားမထုတ်တဲ့ ဥပဒေတွေက ဝိနယ
ထဲ ပါလာလေဦးမလား မသိ
ခုနေများတော့ ဘုရားစကားကိုပဲ နားထောင်
ရမလား မဟန စကား နားထောင်ရမလား
သာသနာရေးဌာန ကိုပဲ ကိုးကွယ်ရမလား
ထုတ်ပြန်စာတွေကလည်း များမှများ
ဒါကလည်း ဒုက္ခသစ္စာ ပါပဲလား

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်