=================
ဒွေးခါမှာ ချေးကာလှည့်မိတဲ့ ကြွေးတစ်ရာ
ပေးစရာ မရှိတာကြောင့် လေးခါတိတိသာပ သူကြီးကခေါ်
ပေးစရာ မရှိတာကြောင့် လေးခါတိတိသာပ သူကြီးကခေါ်
အပါယ်သူကြီးက လောဘကို လွှတ်လိုက် တယ် ကြွေးဆပ်နိုင်ရင် ဆပ်ကြတော့ မဆပ်နိုင်ရင် ပြိတ္တာထောင်မှာ ချမတဲ့
အပါယ်သူကြီးက ဒေါသကို လွှတ်လိုက် တယ် ကြွေးဆပ်နိုင်ရင် ဆပ်ကြတော့ မဆပ်နိုင်ရင် ငရဲထောင်မှာ ချမတဲ့
အပါယ်သူကြီးက မောဟကို လွှတ်လိုက် တယ် ကြွေးဆပ်နိုင်ရင် ဆပ်ကြတော့ မဆပ်နိုင်ရင် အသူရကယ်ဘုံထောင် တိရိစ္ဆာန်ဘုံ ထောင်မှာ ချမတဲ့
ဒွေးခါ ဆိုတာက အဝိဇ္ဇာတဏှာ ဝသေန ဒွေးမူလာနိ
၃၁ ဘုံသားတွေဖြင့် အဝိဇ္ဇာတဏှာ ဆိုတဲ့ သဋ္ဌေး ကြီး နှစ်ဦးဆီမှာ ကြွေးယူပြီး
သုံးစွဲ နေရတယ် အချို့က ဒါနပြုလို့ အချို့က သီလဆောက်တည် လို့ အချို့က သမထ
အဘိညာဉ် တွေနဲ့ အချို့က ဝိပဿနာပြု ပြီး ဆပ်နိုင်ကြပါရဲ့
အများတကာကဖြင့် အရင်းလည်း မဆပ် အတိုး လည်းမပေး မသိသလိုလည်း ပတ် ပြေးနေ ကြလေရဲ့
ဗလောင်ဆန်သူကို မောင်ပြန်လို့ မသနား ဘူးလား (ကိုပေါရဲ့) မြောက်ကဘယန်း
တောင်ခံ လို့ ခြားပါတဲ့ ညောင်ကန်ကို မောင်ပြန်လို့ သွားမှ ဖြင့်
အမှားကြီးရယ်တဲ့ မှားလိမ့်မတော်
တို့ဘုရားကတော့ ငါကူးမြောက်သလို ကူးစေ မယ်တဲ့ ငါလွတ်မြောက်သလို
လွတ်စေမယ်တဲ့ ဒီအကြံနဲ့ ဓမ္မတာ တရားနဲ့ နေနေကြတဲ့ သတ္တဝါ တွေကို သာသနာတရားနဲ့
နေစေမယ်ဆိုကာဖြင့် ဝိပဿနာတရားတွေကို လှည့်ဟောခဲ့တာ ပဲ ကယ်လိုဆယ်လိုတဲ့
ဘုရားဟာဖြင့် အကယ်မခံ လိုတဲ့ ငါတို့တတွေကြောင့် ဗလောင်ဆန်အောင် မောခဲ့ရပြီ
မောင်ပြန် လို့ မသနားဘူးလားတဲ့ မေးသူက မေး လေပြီ မင်းတို့ဟာဖြင့်
အကုသိုလ်ရော ကိလေပါ ပေါများလွန်း တဲ့ ကိုပေါ တွေပါပဲ
ဘယ်ကုသိုလ်ဘဲပြုပြု မြောက်ကဘယန် ဆိုတဲ့ အဝိဇ္ဇာနဲ့ ဒိဋ္ဌိ တဏှာ ဆိုတဲ့ တောင်
ခံပြီးခြားနေ တော့ ညောင်ကန်ရွာနဲ့ တူတဲ့ ၃၁ ရွာကို ပြန်ပြန်
သွားနေကြလျှင်ဖြင့် အပါယ်ငရဲ ဒယ်အလဲလဲမှာ မဟာဒုက္ခ မုချပင် ခံစား
ကြရတော့မှာပဲတဲ့
ဟိုတုန်းက မြန်မာပြည်တွင် မြို့နေလူကြီး
ရဟန်း အကျော်အမော် ၈ဝ ကျော် တို့က
ဓါတ်တရားကို မနှစ်သက်သဖြင့် ဓါတ်တရား တစ်ခုထဲ စွဲစွဲမြဲမြဲ သဲသဲမဲမဲ ဟောနေပါသော ကိုယ်တော်တပါးကို ပင့်လို့ တရားဆွေးနွေး သလိုလိုနဲ့ ဓါတ်တရားကို တော်လှန်လေကြရဲ့
ရဟန်း အကျော်အမော် ၈ဝ ကျော် တို့က
ဓါတ်တရားကို မနှစ်သက်သဖြင့် ဓါတ်တရား တစ်ခုထဲ စွဲစွဲမြဲမြဲ သဲသဲမဲမဲ ဟောနေပါသော ကိုယ်တော်တပါးကို ပင့်လို့ တရားဆွေးနွေး သလိုလိုနဲ့ ဓါတ်တရားကို တော်လှန်လေကြရဲ့
ထိုသို့နော်
အဖန်ဖန် များသံဃာ အကျင့် ဆရာ သခင်များကိုဖြင့် စာစစ်ချင်တဲ့ အကျော်အမော်
တွေ အသေအကြေပင် တိုက်ပါလို့ ရူးကြောင် ကြောင် သဒ္ဒါနည်း ရယ်နဲ့ ပုဒ်ခွဲလို့
ယူသနော် တဖန်တုံ ဘဝင် မကျရင်ဖြင့် အဓမ္မလို့လည်း ကြေငြာစေ သော် မောင်နုခေါ်
ဘဝရှင်မင်းရယ်နဲ့ အပေါင်းအဖော် ရဟန်းကျော်တို့ ထင်တိုင်းကြဲတဲ့ ခေတ်မှာနော်
အမြွက် ဖော် တစွန်းတစပြရင်ဖြင့် ကဝိခေါ် စွန်းလွန်းရှင်ကိုဖြင့် တရားစစ်တဲ့
ချိန်ခါ သော် မေးသမျှရယ်ကခက်ပုံ ယခုကြုံ ဖျားလောက်ပါရဲ့
ပဉ္ဇင်းကျော် ကဝိရယ်က သွေးအေးအေးနဲ့ ရှင်းခဲ့ပုံများ ကြံရာမရတဲ့ မင်းတရား
နောက်ဆုတ်ရပုံများ ပြန်ပြောင်းကာ ပြောရရင်ဖြင့် သြော်…စာသခင် အမောင်
ရှင်ဘုရင်နဲ့ အကျော်အမော်ဝင် ရဟန်းရှင် တို့ဖြင့် မိုက်အားကလည်း ကြီးပါသော်
ဖြူးမြို့က တရားပွဲ ကြိတ်ကြိတ်သဲရယ်က စိတ်ပျက်ဖွယ် ပွဲပါလို့ လယ်တီကျော်
ဆရာတော်ကြီးတပည့် စနေသားနှစ်ယောက် ညည်းရှာသော် ရန်ကုန်မှာ မိုက်ကိုလုလို့
တရားပွဲကိုဖျက်
တိုက်ခိုက်ကာ မိုက်ကမ်းပုံများ ရဟန်းများ ရယ်လို့ ခေါ်ရပင် ခက်တော့သလိုမို့ မြန်ပြည်က သမိုင်းဟောင်းမှာဖြင့် ရိုင်းခဲ့ရ ဖြစ်ပုံ ခုမကြုံ ဆုံလေငဲ့လက်သား မောင်နုရဲ့ အပေါင်းအပါ တပည့်တွေ ရယ်က ဝိနိစ္ဆယ အဓမ္မနှစ်လုံးကိုကိုင် မဖြေနိုင်ရင် ငါ့ဆရာနဲ့ချ ဝိနည်းဓိုရ် ဂုဏ်အင်္ဂါများကိုဖြင့် ထုတ်ကာဖြင့်လည်း
ပြနေကြသနော် တရားရယ် ဘယ်မသိ
ရမ်းဘိတဲ့ အဖြစ်ရယ်က ဓါတ်ဆရာ ကိုင်ကာပြောပါတဲ့ ရာဟုလာ ဓါတ်ကမ္မဋ္ဌာန်း တပိုဒ်ရယ်ကြောင့် အကျော်အမော်အပေါင်း ၈၀ ကျော်တို့ များပါသော်လည်း မနိုင်ခဲ့ အရှက်ရယ်ကွဲ အငြိုးရယ်တွဲပါလို့ ကြောက်ဖွယ်ငရဲကို မေ့ စကားကို အမှားရှာ ပြောသမျှတရား အဓမ္မများပါတဲ့ ခုံရုံးကိုလည်း တင်ပါလေ
သနော် အဘယ်သို့ရယ် အငြိုးရယ် မသိ နိုင်ငံရေးပုဒ်မ စွဲပါလို့ စောဒဂရှင်တို့မှာဖြင့် မင်းအာဏာ ယူကာပေါင်းပါလို့ ကတုံးမောင် အရက်မူးသလိုပ ပတ်ချာလည်ကာ ရမ်းချေသော် ရှက်ဖွယ်ကွယ် ထိုအဖြစ် များ ပြော မပြောချင်ပါ လို့ အမှန်တွေကို အမှောင်ချ ဒီမျှကာနဲ့ ပြီးတာ တွေ ပြီးပါစေ တော့ရယ်လို့ မောင်ထားကာ ရှောင်ထား ပါသော်လည်း ရမ်းတပည့်ကျော် ကဝိမော် များရယ်က ဘုမသိ ဘမသိ တရားရယ် နဲ့ တွေ့မရှောင် အကုန်ရမ်းပါ တဲ့ မောင်နု ခေါ် ခွေးထက်မိုက်တဲ့ မင်းတရားကြီး လမ်း တစဉ်တပါ လိုက်ပါလှမ်းကြတယ် (အမယ်မင်း) ငရဲ ရောက်မယ့် လမ်း။

0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်