ဓမၼတရားကို ဘုရားေတာင္မွ ေကာ္ပီပြားတယ္


================================
အာမဂႏၶစင္ၾကယ္ေၾကာင္းက်င့္စဥ္
ေယာ ေတသု ဂုေတၲာ ဝိဒိတိႁႏၵိေယာ စေရ၊ ဓေမၼ ဌိေတာ အဇၨဝမဒၵေဝ ရေတာ။ သဂၤါတိေဂါ သဗၺဒုကၡပၸဟီေနာ၊ န လိပၸတိ ဒိ႒သုေတသု ဓီေရာ။
ေယာ ဓီေရာ = အၾကင္ပညာရွိတဲ့ပုဂၢိဳလ္သည္။ ေတသု = ထိုဣေႁႏၵ (၆)ပါးတို႔၌။ ဂုေတၲာ = လံုျခံဳေသာတံခါးရြက္ရွိသည္ျဖစ္၍။ ဝိဒိတိႁႏၵိေယာ =
ဣေႁႏၵတို႔ကို ႏိုင္ႏိုင္နင္းနင္း ပရိညာပညာျဖင့္ ထိုးထြင္းသိျမင္ျခင္း ရွိသည္။
ဟုတြာ = ျဖစ္၍။ စေရ = က်င့္ၾကံႀကိဳးကုတ္ ပြားမ်ားအားထုတ္၍ ေနေပ၏။ ဓေမၼ = သစၥာေလးရပ္တရားျမတ္၌။ ဌိေတာ = ရပ္တည္လ်က္ရွိ၏။ အဇၨဝ- မဒၵေဝ = ေျဖာင့္မတ္ျခင္း စိတ္ဓာတ္ႏူးညံ့ျခင္း၌။ ရေတာ = ေမြ႕ေလ်ာ္ ေပ်ာ္ပိုက္ႏွစ္ၿခိဳက္ လ်က္ရွိ၏။ သဂၤါတိေဂါ = ကပ္ၿငိတြယ္တာမႈ ရာဂတရား မွန္သမွ်ကို ေက်ာ္လႊား လြန္ေျမာက္လ်က္ရွိ၏။ သဗၺဒုကၡပၸဟီေနာ = သံသရာ-ဝဋ္ဆင္းရဲ ဒုကၡအားလံုးကို ဖယ္ရွားႏိုင္သည့္ စြမ္းအားလည္းရွိ၏။ ေသာ ဓီေရာ = ထိုကဲ့သို႔ေသာ ပညာရွိ သည္။ ဒိ႒သုေတသု = ဒိ႒တရား သုတတရားတို႔၌ (ဝါ) ဒိ႒သုေတသု = ဒိ႒တရား သုတရား မုတတရား ဝိညာတတရား- တို႔အေပၚ၌။ န လိပၸတိ = လိမ္းက်ံကပ္ၿငိမႈ မရွိေတာ့ေပ။
၁။ ဣႁႏၵိယသံဝရသီလႏွင့္ ျပည့္စံုျခင္း
ကႆပျမတ္စြာဘုရားက ေနာက္ဆံုး တိႆရေသ့ႀကီးကို သစၥာေလးပါးနဲ႔ စပ္ေနတဲ့ တရားစကားေတြ ေဟာတယ္။ ဂါထာက အင္မတန္မွ က်ဥ္းပါတယ္။ သို႔ေသာ္ လည္း ပါရမီ ရင့္ေညာင္းေနတဲ့ သူေတာ္ေကာင္းေတြကေတာ့ လြယ္လြယ္နဲ႔ နားလည္သြားၾကတယ္။
ပုဂၢိဳလ္တစ္ေယာက္က ပညာရွိ သူေတာ္ေကာင္း ျဖစ္ခ်င္ၿပီဆိုလို႔ရွိရင္ ဣေႁႏၵ မွာ ေစာင့္စည္းရမယ္။ (ဣႁႏၵိေယသု ဂုတၲဒြါရတာ =) မ်က္စိ နား ႏွာ လွ်ာ ကိုယ္ ႏွလံုး ဆိုတဲ့ ဒြါရ (၆)ပါးကို လံုျခံဳေအာင္ ပိတ္ဆို႔ေပးရမယ္။
ဘာေတြ လံုျခံဳရမလဲ? ရာဂ ေဒါသ ေမာဟ မာန္မာန ဣႆာç မစၦရိယ အစရွိတဲ့ ကိေလသာတရားဆိုး ေတြ ဝင္မလာေအာင္ လံုလံုျခံဳျခံဳ သတိတည္းဟူေသာ တံခါးရြက္နဲ႔ ေစာင့္ရမယ္။
ေစာင့္လိုက္တဲ့ အခ်ိန္အခါမွာ ဘယ္လို စိတ္ထားရမလဲ?
မိမိက သမထနယ္ထဲမွာ တည္ရွိေနေသးရင္ သမထကမၼ႒ာန္းအာ႐ံုဆိုတဲ့ လိပ္ခြံ အတြင္းမွာ မိမိရဲ႕ ဘာဝနာစိတ္ကို အျမဲတမ္း သြတ္သြင္းထားရမယ္။ မိမိက ဝိပႆနာ- နယ္ထဲ ေရာက္ေနၿပီဆိုရင္လည္း ဝိပႆနာဘာဝနာကမၼ႒ာန္းအာ႐ံုေခၚတဲ့ လိပ္ခြံအတြင္းမွာ မိမိရဲ႕ ဘာဝနာစိတ္ကို အျမဲတမ္း သြတ္သြင္းထားရမယ္။ လိပ္ခြံ ဆိုတာကေတာ့ ဘုရားရွင္က ဥပမာကေလး တစ္ခုနဲ႔ ဟို ကုေမၼာပမ- သုတၲန္ (သံ၊၂၊၃၈၅-၃၈၆။) ဆိုၿပီး သုတၲန္ကေလးတစ္ခု ေဟာထားလို႔ ထည့္ေျပာလိုက္ တာပါ။
ျမစ္ကမ္းပါးတစ္ေနရာမွာ တစ္ခ်ိန္ ေျမေခြး တစ္ေကာင္ကလည္း အစာရွာေဖြ ထြက္တယ္၊ လိပ္တစ္ေကာင္ကလည္း အစာရွာေဖြထြက္တယ္၊ လိပ္က လည္း ေျမေခြးကို ခပ္လွမ္းလွမ္းကေန လွမ္းၿပီးေတာ့ ျမင္လိုက္တယ္၊ ေျမေခြးက လည္း လိပ္ကို ျမင္တယ္။ ျမင္လိုက္တဲ့ အခ်ိန္အခါက်ေတာ့ လိပ္က ဘာလုပ္ လိုက္သလဲ? လက္ႏွစ္ဖက္ ေျခႏွစ္ဖက္ ေခါင္းဆိုတဲ့ ဒီအဂၤါ (၅)ခုကို မိမိရဲ႕ ကိုယ္ပိုင္ ဥစၥာျဖစ္တဲ့ လိပ္ခြံအတြင္းမွာ သြတ္သြင္းၿပီး ထားလိုက္တယ္။ ထိုအခ်ိန္ အခါမွာ ေျမေခြးက အနားမွာ ထိုင္ၿပီးေတာ့ လာေစာင့္တယ္။ အကယ္၍ ဒီလိပ္ သည္ လက္တစ္ဖက္ဖက္ေသာ္လည္းေကာင္း ေျခတစ္ဖက္ဖက္ေသာ္ လည္းေကာင္း ေခါင္းေသာ္လည္းေကာင္း အဂၤါအစိတ္အပိုင္း (၅)ခုထဲက တစ္ခုခုသာ ထြက္လာခဲ့ရင္ ငါကိုက္ခဲၿပီး စားလိုက္မယ္ဆိုၿပီး ဒီဦးတည္ ခ်က္ျဖင့္ ေစာင့္ေမွ်ာ္ၿပီးေတာ့ ေနတယ္။ ေျမေခြးေစာင့္ေနတယ္ ဆိုတာ သိတဲ့ အတြက္ လိပ္ကလည္း မိမိရဲ႕ ကိုယ္ပိုင္ဥစၥာျဖစ္တဲ့ လိပ္ခြံအတြင္း- မွာ မိမိရဲ႕အဂၤါ (၅)ခု ကို မထုတ္ဘူး။ ေနာက္ဆံုး ေျမေခြးက ၿငီးေငြ႕ၿပီး ထြက္ခြာ သြားရ တယ္။
ဒီဥပမာအတိုင္းပဲ၊ လိပ္ခြံဆိုတာက ကမၼ႒ာန္းအာ႐ံုပါ၊ သမထကမၼ႒ာန္း ဝိပႆနာကမၼ႒ာန္းဆိုၿပီး ကမၼ႒ာန္းႏွစ္မ်ိဳး ရွိတယ္။ မိမိတို႔ရဲ႕ ကိုယ္ပိုင္ဥစၥာျဖစ္တဲ့ ဒီလိပ္ခြံနဲ႔ တူေနတဲ့ ကမၼ႒ာန္းအာ႐ံုအတြင္း၌ လက္ ႏွစ္ဖက္ ေျခႏွစ္ဖက္ ေခါင္း ဆိုတဲ့ မိမိတို႔ရဲ႕ ကိုယ္အဂၤါအစိတ္အပိုင္းေတြကို သို႔မဟုတ္ မိမိတို႔ရဲ႕ စိတ္ဓာတ္ကို ဒီကမၼ႒ာန္းအာ႐ံုအတြင္းမွာ အျမဲတမ္း သြတ္သြင္းထားရမယ္။ အဲဒီလို သြတ္သြင္းထားခဲ့မယ္ ဆိုလို႔ရွိရင္ေတာ့ ဘာ ျဖစ္မလဲ? ေျမေခြးနဲ႔ တူေနတဲ့ ကိေလသာဒဏ္ခ်က္ေတြက ကိုက္ခဲျခင္း ဒဏ္ခ်က္မွ မိမိတို႔ ခံႏိုင္ရည္ စြမ္းအားေတြ ရွိလာလိမ့္မယ္။ ေျမေခြးကိုက္ခဲတဲ့
ဒဏ္ကို မိမိတို႔ မခံရဘူး။ သမထကမၼ႒ာန္း ဝိပႆနာကမၼ႒ာန္းဆိုတဲ့ ကမၼ႒ာန္း အာ႐ံုထဲမွာ မိမိတို႔ရဲ႕ စိတ္ကို သြတ္သြင္းမထားဘူး ဆိုလို႔ရွိရင္ ေျမေခြးအကိုက္ ခံရလိမ့္မယ္။ ေျမေခြး အကိုက္ခံရၿပီ ဆိုလို႔ရွိရင္ေတာ့ ဒီသုတၲန္အရ ဘာျဖစ္ တာလဲ? အညႇီအေဟာက္ေတြကို သံုးေဆာင္ေနတာပဲ။ အညႇီအေဟာက္ကို သံုးေဆာင္ေနတဲ့ ပုဂၢိဳလ္ေတြသည္ ဘာလုပ္ေနတာလဲ? အပါယ္ေလးဘံု ကို ေဇာက္ထိုးက်မယ့္ ကံေတြကို ျပဳစုပ်ိဳးေထာင္ေနတဲ့ ပုဂၢိဳလ္ေတြ သာ ျဖစ္ၾက တယ္။ ဒါေၾကာင့္ ဒီေနရာမွာ ကႆပျမတ္စြာဘုရားကေနၿပီးေတာ့ တိႆရေသ့ႀကီးကို သမထ- ကမၼ႒ာန္း ဝိပႆနာကမၼ႒ာန္းဆိုတဲ့ ဒီကမၼ႒ာန္းအာ႐ံုအတြင္းမွာ မိမိရဲ႕ ဘာဝနာစိတ္ကို သြတ္သြင္းထားဖို႔ရန္အတြက္ ဆိုဆံုးမလိုက္ၿပီ။
၂။ ဣေႁႏၵတို႔ကို ပရိညာသံုးမ်ိဳးတို႔ျဖင့္ ပိုင္းပိုင္းျခားျခား သိျခင္း
ေနာက္တစ္ခု --- ဝိဒိတိႁႏၵိေယာ = ဣေႁႏၵတို႔ကို ပရိညာပညာျဖင့္ ထိုးထြင္းသိရွိ သည္။ ဟုတြာ = ျဖစ္၍။ စေရ = က်င့္ၾကံႀကိဳးကုတ္ ပြားမ်ား- အားထုတ္ေလရာ၏။
ဣေႁႏၵဆိုတာကေတာ့ အဘိဓမၼာကို အေျခခံအသင့္အသင့္ သင္ဖူးရင္ သိပါ တယ္။ ဣေႁႏၵ (၂၂)ပါး ရွိပါတယ္။ ေလာကုတၲရာတရားမ်ား ျဖစ္ၾကတဲ့ ဣေႁႏၵ အခ်ိဳ႕ကို ႏုတ္ပယ္လိုက္လွ်င္ က်န္ဣေႁႏၵေတြက ဝိပႆနာÓဏ္ရဲ႕ အ႐ႈခံ အာ႐ံုေတြ ျဖစ္ၾကပါတယ္။ ဣေႁႏၵဆိုတာက တစ္နည္းအားျဖင့္ ေျပာရရင္ေတာ့ ႐ုပ္တရား နာမ္တရား အေၾကာင္းတရား အက်ိဳးတရားေတြ ျဖစ္ၾကပါတယ္။ ဒီ႐ုပ္နာမ္ေၾကာင္းက်ိဳး သခၤါရတရားေတြကို ပရိညာပညာျဖင့္ ထိုးထြင္းသိေအာင္ က်င့္ပါ။ ဘုရားရွင္က တိုက္တြန္းၿပီ။ အဲဒီလို တိုက္တြန္းတာက အညႇီအေဟာက္ေတြ ကင္းရွင္းေနတဲ့ ဘဝတစ္ခုကို
ရရွိဖို႔ရန္အတြက္ ကႆပဘုရားရွင္က တိႆရေသ့ႀကီးကို တိုက္တြန္းေနျခင္း ျဖစ္တယ္။ ဣေႁႏၵေတြကို ပထမသိရွိေအာင္ ႀကိဳးစားပါ။ ခႏၶာငါးပါးç ႐ုပ္တရား နာမ္တရား ဒုကၡသစၥာတရားႏွင့္ ေၾကာင္းက်ိဳးဆက္ ပဋိစၥသမုပၸါဒ္ေခၚတဲ့ သမုဒယသစၥတရားေတြကို သိရွိေအာင္ ႀကိဳးစားအားထုတ္ ပါ။ ႀကိဳးစား အားထုတ္လိုက္တဲ့ အခ်ိန္အခါမွာ ထို ႐ုပ္နာမ္ေၾကာင္းက်ိဳး သခၤါရတရား ေတြကို အနိစၥ ဒုကၡ အနတၲ လကၡဏာေရးသံုးတန္တင္ၿပီးေတာ့ တြင္တြင္ႀကီး ဝိပႆနာ႐ႈႏိုင္ခဲ့ရင္ ဘာျဖစ္မလဲ?
၃။ သစၥာေလးရပ္တရားျမတ္၌ ရပ္တည္ပါ
ဓေမၼ ဌိေတာ။
ဓေမၼ = သစၥာေလးရပ္ တရားျမတ္၌။ ဌိေတာ = ရပ္တည္ႏိုင္သည္ျဖစ္၍။ သစၥာေလးပါးကို သင္ခ်စ္သား ထိုးထြင္းၿပီး သိသြားလိမ့္မယ္။ သစၥာေလးပါးကို သိတဲ့အရိယမဂ္ဥာဏ္မွာ သင္ခ်စ္သား ရပ္တည္ႏိုင္လိမ့္မယ္။ ဒါက ေသာ- တာပတၲိမဂ္ဥာဏ္ကို ရည္ၫႊန္းထားတယ္လို႔ အ႒ကထာက ဖြင့္ထားတယ္။
၄။ ေျဖာင့္မတ္တဲ့ ႏူးညံ့ေပ်ာ့ေပ်ာင္းတဲ့ စိတ္ထား၌ ေမြ႕ေလ်ာ္ျခင္း
အဇၨဝမဒၵေဝ = ေျဖာင့္မတ္ျခင္း ႏူးညံ့ေပ်ာ့ေပ်ာင္းျခင္းဆိုတဲ့ စိတ္ထား၌။
ရေတာ= ေမြ႕ေလ်ာ္ေပ်ာ္ပိုက္ ႏွစ္ၿခိဳက္သည္ျဖစ္၍။ ေသာတာပန္ပုဂၢိဳလ္က ေသာတာပန္ျဖစ္ၿပီးတဲ့ အခ်ိန္ခါမွာ သကဒါဂါမ္မဂ္ဥာဏ္ ဖိုလ္ဥာဏ္ ရရွိေရးအတြက္ ဆက္လက္ၿပီး ႀကိဳးပမ္းၿပီ၊ ႐ုပ္နာမ္ဓမၼသခၤါရတရားေတြကို အနိစၥ ဒုကၡ အနတၲ လကၡဏာေရးသံုးတန္တင္ၿပီးေတာ့ တြင္တြင္ႀကီး ဝိပႆနာ
႐ႈေနၿပီ။
႐ႈလိုက္တဲ့ အခ်ိန္အခါမွာ ထိုသူေတာ္ေကာင္းက အကယ္၍မ်ား သကဒါဂါမိ မဂ္ဥာဏ္ ဖိုလ္ဥာာဏ္ဆိုက္ခဲ့မယ္ဆိုလို႔ရွိရင္ေတာ့ ရာဂ ေဒါသ- ေတြက အလြန္ ေခါင္းပါးသြားၿပီ။ ရာဂ ေဒါသေတြ သိပ္ေခါင္းပါးသြားတဲ့ ထိုပုဂၢိဳလ္ရဲ႕ သႏၱာန္ မွာ စိတ္ဓာတ္ေတြက ေျဖာင့္မတ္ေနၿပီ၊ ႏူးညံ့ေပ်ာ့ေပ်ာင္း ေနၿပီ၊ အဲဒီလိုႏူးညံ့ေပ်ာ့ေပ်ာင္းမႈç စိတ္ဓာတ္ေျဖာင့္မတ္မႈ စိတ္ဓာတ္ႏူးညံ့ ေပ်ာ့ေပ်ာင္းမႈ ဆိုတဲ့ ဒီသေဘာတရား၌ ေမြ႕ေလ်ာ္ေပ်ာ္ပိုက္ ႏွစ္ၿခိဳက္ေအာင္ သင္ခ်စ္သား ႀကိဳးစား ပါ။ ဒါ တိုက္တြန္းလိုက္ၿပီ။
၅။ သဂၤါတိတရားကို ေက်ာ္လႊားလြန္ေျမာက္ျခင္း
ေနာက္တစ္ခု (သဂၤါတိေကာ =) ရာဂ ေဒါသဟူေသာ ၿငိကပ္တြယ္တာမႈ သဂၤါတိ တရား အားလံုးကို ေက်ာ္လႊားလြန္ေျမာက္ႏိုင္သည္ျဖစ္၍၊ ကာမ (၁၁)ဘံု အေပၚ မွာ တြယ္တာမက္ေမာေနတဲ့ ၿငိကပ္ေနတဲ့ ရာဂတရားကို ေက်ာ္လႊား လြန္ေျမာက္ေအာင္ သင္ခ်စ္သား က်င့္ပါ။ ဒါကေတာ့ အနာဂါမိ- မဂ္ဥာဏ္ ဆိုက္ သည္အထိ က်င့္ပါလို႔ ဆိုလိုတယ္။
၆။ ဒုကၡအားလံုးကို ေက်ာ္လႊားလြန္ေျမာက္ေအာင္ က်င့္ပါ
ေနာက္တစ္ခု သဗၺဒုကၡပၸဟီေနာ = အလံုးစံုေသာ သံသရာဝဋ္ဆင္းရဲ
ဒုကၡ ကို ပယ္ရွားႏိုင္သည္။ ဟုတြာ = ျဖစ္၍ ..။
သံသရာဝဋ္ဆင္းရဲဒုကၡ အားလံုးကို ပယ္ရွားႏိုင္တဲ့ အဆင့္အထိ က်င့္ပါ ဆိုေတာ့ ဒါကေတာ့ အရဟတၲမဂ္ကို ဘုရားရွင္ေဟာေတာ္တယ္ေနာ္။ အဲဒီလို က်င့္ႏိုင္ခဲ့ ရင္ ဘာျဖစ္မလဲ? ဒိ႒သုေတသု = ဒိ႒တရား သုတတရား မုတ- တရား ဝိညာတ တရားေတြအေပၚ၌။ န လိပၸတိ = ၿငိကပ္တြယ္တာမႈ မရွိ ေတာ့ေပ။
အဲဒီလို သင္ခ်စ္သား အရဟတၲမဂ္ အရဟတၲဖိုလ္ဆိုက္သည္အထိ ဒုကၡ အားလံုးကို ပယ္ႏိုင္တဲ့စြမ္းအင္ ရတဲ့အဆင့္အထိ က်င့္ၾကံႀကိဳးကုတ္ ပြားမ်ား အားထုတ္ခဲ့မယ္ဆိုရင္ ဒိ႒တရား သုတတရား မုတတရား ဝိညာတတရား လို႔ ေခၚဆိုအပ္တဲ့ ဒီတရားေတြအေပၚ၌ လိမ္းက်ံကပ္ၿငိမႈ မရွိေတာ့ပါဘူး။ လိမ္းက်ံကပ္ၿငိမႈ မရွိဘူးဆိုရင္ အညႇီအေဟာက္ေတြ ကုန္သြားၿပီလို႔ ဒီလို ဆိုလို ပါတယ္။ အဲဒီအဆင့္ေရာက္မွ စင္ၾကယ္တဲ့အဆင့္ ေရာက္ပါတယ္။ အဲဒီအဆင့္ ကို မေရာက္ေသးဘူး ဆိုလို႔ရွိရင္ေတာ့ သတၲဝါ တစ္ဦးဟာ စင္ၾကယ္တဲ့ အဆင့္ ကို ေရာက္ၿပီလား? မေရာက္ေသးဘူးတဲ့။ အဲဒီေတာ့ ဒိ႒တရားဆိုတာက ဘာလဲ?
ဒိ႒ ဒိ႒မတၲံ က်င့္စဥ္
ဥဒါန၊႒၊၈၂ အ႒ကထာက ဖြင့္ဆိုတဲ့အတိုင္း ဒိ႒တရား ဆိုတာ ျမင္အပ္တဲ့ တရား ျမင္တတ္တဲ့တရားပဲ ျဖစ္တယ္။ ျမင္အပ္တဲ့တရားက ႐ူပါ႐ံု ျမင္တတ္တဲ့ တရားက စကၡဳဒြါရဝီထိ နာမ္တရားစုနဲ႔ ႐ူပါ႐ံုကို ဆက္လက္ အာ႐ံုယူေနတဲ့ မေနာဒြါရဝီထိနာမ္တရားစုပဲ။ သုတတရားဆိုတာက ၾကားအပ္တဲ့ တရား ၾကားတတ္တဲ့တရားပဲ။ ၾကားအပ္တဲ့တရားဆိုတာက အသံ သဒၵါ႐ံု ၾကား တတ္တဲ့တရား ဆိုတာ က ေသာတဒြါရဝီထိနာမ္တရားစုႏွင့္ သဒၵါ႐ံုကို ဆက္လက္ အာ႐ံုယူေနတဲ့ မေနာဒြါရဝီထိ နာမ္တရားစုေတြပဲ။ ၾကားတတ္တဲ့ တရားပဲ။ ၾကားအပ္တဲ့ တရားဆိုတာက အသံ သဒၵါ႐ံု ၾကားတတ္တဲ့တရားဆိုတာ က ေသာတဒြါရဝီထိနာမ္တရားစုႏွင့္ သဒၵါ႐ံုကို ဆက္လက္အာ႐ံုယူေနတဲ့ မေနာဒြါရဝီထိ နာမ္တရားစုေတြပဲ။ ၾကားတတ္တဲ့တရားပဲ။ ၾကားအပ္တဲ့ တရားဆိုတာက အသံ သဒၵါ႐ံု ၾကား- တတ္တဲ့တရား ဆိုတာက ေသာတဒြါရ ဝီထိနာမ္တရားစုႏွင့္ သဒၵါ႐ံုကို ဆက္- လက္အာ႐ံုယူေနတဲ့ မေနာဒြါရဝီထိ နာမ္တရားစုေတြပဲ။
ေနာက္တစ္ခု - မုတတရား၊ မုတတရားေတြဆိုတာက ဘာေတြလဲလို႔ ေမးေတာ့ ထိအပ္တဲ့တရား ထိတတ္တဲ့တရားပဲ၊ ဘာေတြလဲလို႔ေမးေတာ့ ထိအပ္တဲ့ တရားေတြက ဂႏၶာ႐ံု ရသာ႐ံု ေဖာ႒ဗၺာ႐ံု၊ ထိတတ္တဲ့တရားေတြ ဆိုတာက ဃာနဒြါရဝီထိနဲ႔ ဂႏၶာ႐ံုကို ဆက္လက္အာ႐ံုယူေနတဲ့ မေနာဒြါရဝီထိ နာမ္တရားစု၊ ဇိဝွါဒြါရဝီထိ စိတ္ ေစတသိက္နာမ္တရားစုေတြနဲ႔ ရသာ႐ံုကို ဆက္လက္ၿပီး အာ႐ံုယူေနတဲ့ မေနာဒြါရဝီထိ နာမ္တရားစု၊ ေဖာ႒ဗၺာ႐ံုကို အာ႐ံုယူေနတဲ့ ကာယ ဒြါရဝီထိ နာမ္တရားစုနဲ႔ ေဖာ႒ဗၺာ႐ံုကို ဆက္လက္ အာ႐ံုယူေနတဲ့ မေနာဒြါရဝီထိ နာမ္တရားစုေတြပဲ။ အဲဒီ႐ုပ္ေတြနာမ္ေတြကို မုတတရားေတြလို႔ ေခၚပါတယ္။
ေနာက္တစ္ခု -ဝိညာတတရား၊ သိအပ္တဲ့တရား သိတတ္တဲ့တရား သိအပ္တဲ့ တရားဆိုတာက ဝိပႆနာÓဏ္ရဲ႕ အ႐ႈခံအာ႐ံုျဖစ္တဲ့ ဓမၼာ႐ံု အမည္ရေနတဲ့ ႐ုပ္နာမ္ ဓမၼသခၤါရတရားေတြပဲ။ သိတတ္တဲ့တရားဆိုတာက ေတာ့ ဓမၼာ႐ံုအမည္ရေနတဲ့ သခၤါရတရားေတြကို အာ႐ံုယူၿပီး ျဖစ္ေပၚလာတဲ့ မေနာဒြါရဝီထိ နာမ္တရားစုေတြ ပဲ။ ေပါင္းလိုက္မယ္ဆိုရင္ေတာ့ ႐ုပ္တရား နာမ္တရားကုန္သြားၿပီ။ အာ႐ံု (၆) ပါးႏွင့္ ယင္းအာ႐ံု (၆)ပါးတို႔ကို ထိုက္သလို အာ႐ံုယူေနၾကတဲ့ နာမ္တရားေတြပဲ။ အဲဒီအာ႐ံု (၆)ပါး ႐ုပ္တရား နာမ္တရားေတြကို သိမ္းဆည္းၿပီးတဲ့ အခ်ိန္အခါမွာ အေၾကာင္းတရားႏွင့္တကြ ဒီ႐ုပ္နာမ္ဓမၼ သခၤါရတရားေတြ ကို အနိစၥ ဒုကၡ အနတၲ လကၡဏာေရးသံုးတန္ တင္ၿပီးေတာ့ တြင္တြင္ႀကီး ဝိပႆနာ႐ႈလိုက္တဲ့အခါ ဝိပႆနာÓဏ္ေတြက ရင့္က်က္လို႔ အရဟတၲမဂ္ အရဟတၲဖိုလ္ထိ ဆိုက္ခဲ့မယ္ ဆိုရင္ေတာ့ သင္ခ်စ္သားရဲ႕ သႏၱာန္မွာ ဒိ႒တရား သုတတရား မုတတရား ဝိညာတတရား လို႔ ေခၚဆိုအပ္တဲ့ ဒီအာ႐ံု (၆)ပါးအေပၚ၌ ၿငိကပ္တြယ္တာမႈ လံုးလံုး မရွိဘဲနဲ႔ ကိေလသာအာသေဝါ ကင္းစင္သြားလိမ့္မယ္။ ထိုအခ်ိန္အခါမွာ
သင္ခ်စ္သားသည္ အညႇီအေဟာက္နယ္ပယ္က လြတ္ကင္းသြားလိမ့္မယ္လို႔
ဒီလို ကႆပဘုရားရွင္က တိႆရေသ့ႀကီးကို ေဟာၾကားေတာ္မူလိုက္ပါတယ္။
အဲဒီလို ေဟာၿပီးတဲ့ အခ်ိန္အခါက်ေတာ့မွ ဒီတိႆရေသ့ႀကီးအား ကႆပျမတ္စြာ- ဘုရားေဟာေနတဲ့ ဒီ (၉)ဂါထာကိုပဲ တစ္ဖန္ ေဆာင္ၿပီးေတာ့ ေဂါတမ ျမတ္စြာ ဘုရား ကလည္း အာမဂႏၶပုဏၰား အမွဴးရွိေနတဲ့ ရေသ့ (၅၀ဝ)တို႔ကို တစ္ဖန္ ျပန္ၿပီးေတာ့ ေဟာေတာ္မူေနပါတယ္။
ေဟာေတာ္မူလိုက္တဲ့ တရားကေတာ့ ၿပီးသြားၿပီ။ သို႔ေသာ္ ကႆပဘုရားရွင္ရဲ႕ တပည့္သာဝက ျဖစ္ေတာ္မူၾကတဲ့ သဂၤါယနာမေထရ္ျမတ္ေတြက ဂါထာ ကေလးႏွစ္ခု ဆက္ၿပီးေတာ့ သဂၤါယနာ တင္ထားေတာ္မူခဲ့ၾကတယ္။
ကႆပဘုရားရွင္ ေဟာၾကားေတာ္မူတဲ့ (၉)ဂါထာႏွင့္တကြ ယင္း (၂) ဂါထာတို႔ကိုပါ စုေပါင္းၿပီး ေတာ့ ေဂါတမျမတ္စြာဘုရားက အာမဂႏၶရေသ့ႀကီးႏွင့္တကြ
ရေသ့ (၅၀ဝ)တို႔အား ထပ္မံၿပီး ေဟာၾကားေပးေတာ္မူျပန္ပါတယ္။
သဂၤါယနာမေထရ္ ျမတ္တို႔၏ ဂါထာမ်ား
ဣေစၥတမတၳံ ဘဂဝါ ပုနပၸဳနံ၊ အကၡာသိ န ေဝဒယိ မႏၱပါရဂူ။ စိၾတာဟိ ဂါထာဟိ မုနီ ပကာသယိ၊ နိရာမဂေႏၶာ အသိေတာ ဒုရႏၷေယာ။
ဣတိ = ဤသို႔လွ်င္။ ဧတမတၳံ = ဤအနက္သေဘာတရားကို။ ဘဂဝါ
= ကႆပ ျမတ္စြာဘုရားသည္။ ပုနပၸဳနံ = အဖန္ဖန္ အထပ္ထပ္။ အကၡာသိ
= ေဟာၾကားေတာ္မူခဲ့ေလၿပီ။ မႏၱပါရဂူ = ေဝဒက်မ္းတို႔၌ တစ္ဖက္ကမ္းေရာက္ တတ္ေျမာက္ေတာ္မူေသာ တိႆရေသ့ႀကီးသည္။ နံ = ထိုအနက္သေဘာကို။ ေဝဒယိ = သိရွိခဲ့ေလၿပီ။ နိရာမဂေႏၶာ = ကိေလသာအညႇီအေဟာက္ ကင္းရွင္းေတာ္မူေသာ။ အသိေတာ = တဏွာဒိ႒ိတို႔ျဖင့္ မွီတြယ္မႈမရွိေသာ။
ဒုရႏၷေယာ = သူတစ္ပါးတို႔၏ အယူဝါဒအားျဖင့္ ဆြဲေဆာင္ျခင္းငွာ မစြမ္း-
ႏိုင္ေသာ။ မုနိ = ကႆပျမတ္စြာဘုရားသည္။ စိၾတာဟိ ဂါထာဟိ = ဆန္း- ၾကယ္ေသာ ဂါထာတို႔ျဖင့္။ ပကာသယိ = ထင္ရွား ျပေတာ္မူခဲ့ေလၿပီ။
ျမတ္စြာဘုရားက အာမဂႏၶအညႇီအေဟာက္အေၾကာင္းနဲ႔ ပတ္သက္ၿပီး- ေတာ့ ဘယ္တရားေတြကို အညႇီအေဟာက္လို႔ ေခၚတယ္ဆိုတာကို အႀကိမ္- ႀကိမ္ အထပ္ထပ္ ေဝဒက်မ္းတတ္ျဖစ္ေနတဲ့ တိႆရေသ့ႀကီးကို ေဟာၾကားေပးေတာ္ မူပါတယ္။ ေဟာေတာ္မူလိုက္တဲ့ ကႆပျမတ္စြာဘုရား ၾကည့္လိုက္ေတာ့ ကႆပျမတ္စြာဘုရားရွင္သည္ ဘယ္လိုဘုရားလည္းလို႔ ေမးေတာ့ (နိရာမဂႏၶ =) ကိေလသာအညႇီအေဟာက္ ကင္းရွင္းေတာ္မူတဲ့ ဘုရားရွင္ ျဖစ္ေတာ္မူပါတယ္။
(အသိတံ =) မည္သည့္ အာ႐ံုအေပၚ၌မွ် တဏွာဒိ႒ိတို႔ျဖင့္ ငါ ငါ႔ဟာ ဆိုၿပီးေတာ့ မွီတြယ္မႈ လံုးလံုး မရွိတဲ့ ဘုရားရွင္လည္း ျဖစ္ေတာ္မူတယ္။ (ဒုရႏၷယ =) ဆန္႔က်င္ဘက္ဝါဒသမားေတြက ေနၿပီးေတာ့ ကႆပျမတ္စြာ- ဘုရားကို လာၿပီးေတာ့ အေျခအတင္ ေဆြးေႏြးၾကမယ္ဆိုရင္ ထိုေဆြးေႏြး- ေနတဲ့ ပုဂၢိဳလ္ေတြေနာက္ အလိုအႀကိဳက္သို႔ ဘယ္လိုမွ လိုက္ပါႏိုင္တဲ့ စိတ္ဓာတ္မရွိတဲ့ အဆင့္သို႔ ေရာက္ေနတဲ့ ဘုရားရွင္ ျဖစ္ေတာ္မူတယ္။ ထိုဘုရားရွင္က ဆန္းၾကယ္ေသာ ဂါထာတို႔ျဖင့္ တိႆရေသ့ႀကီးကို နိရာမဂႏၶ ေခၚတဲ့ အညႇီအေဟာက္ ကင္းရွင္းပံုအေၾကာင္းေတြကို ေဟာၾကားျပသ ဆိုဆံုးမေပးေတာ္မူပါတယ္။ ေနာက္တစ္ခု ---
၁၁။ သုတြာန ဗုဒၶႆ သုဘာသိတံ ပဒံ၊ နိရာမဂႏၶံ သဗၺဒုကၡပၸႏူဒနံ။ နီစမေနာ ဝႏၵိ တထာဂတႆ၊ တေတၳဝ ပဗၺဇၨမေရာစယိတၳ။
ေသာ = ထိုတိႆရေသ့ႀကီးသည္။ ဗုဒၶႆ = ကႆပျမတ္စြာဘုရား၏။ သုဘာသိတံ = ေကာင္းစြာေဟာၾကားျပသ ဆိုဆံုးမေတာ္မူအပ္ေသာ။ နိရာမဂႏၶံ = ကိေလသာအညႇီအေဟာက္ ကင္းရွင္းလ်က္ရွိေသာ။ သဗၺဒုကၡ-
ပၸႏူဒနံ = သံသရာဝဋ္ဆင္းရဲဒုကၡအားလံုးကို ပယ္ရွားျခင္းငွာ စြမ္းႏိုင္ေသာ။
ပဒံ = တရားေတာ္ျမတ္ကို။ သုတြာန = ၾကားနာရသည္ျဖစ္၍။ တထာဂတႆ
= တထာဂတ အမည္ရေတာ္မူေသာ ကႆပျမတ္စြာဘုရားအား။ နီစမေနာ
= ႏွိမ္ခ်ေသာ စိတ္ထားရွိသည္ျဖစ္၍။ ဝႏၵိ = ရွိခိုးခဲ့ေလၿပီ။ တေတၳဝ = ထို ေနရာ၌ပင္လွ်င္။ ပဗၺဇၨံ = ရွင္ရဟန္းအျဖစ္ကို။ အေရာစယိတၳ = ေလွ်ာက္ထား ေတာင္းပန္ခဲ့ေလၿပီ။
တိႆရေသ့ႀကီးကို ကႆပျမတ္စြာဘုရားကေနၿပီးေတာ့ နိရာမဂႏၶ အညႇီအေဟာက္ ကင္းရွင္းပံုနဲ႔ ပတ္သက္ၿပီးေတာ့ ေဟာၾကားေတာ္မူလိုက္တယ္။ ေဟာၾကားေတာ္ မူ လိုက္တဲ့ ဒီတရားေတြကို နာၾကားလိုက္ရတဲ့ အခ်ိန္အခါမွာ ဒီတရားေတြက သဗၺဒုကၡပၸႏူဒန သံသရာဝဋ္ဆင္းရဲဒုကၡ အားလံုးမွ ႏုတ္ပယ္ႏိုင္တဲ့ စြမ္းအားရွိတဲ့ တရားေတြပဲလို႔ ဒီလို သူက ယံုၾကည္သြားတယ္။ အဲဒီလို ယံုၾကည္ခ်က္ ရွိေနတဲ့ အတြက္ေၾကာင့္ ကႆပျမတ္စြာဘုရား ေဟာၾကားျပသ ဆိုဆံုးမလိုက္တဲ့ ဒီတရားေဒသနာေတာ္ကို နာၾကား ၿပီးတဲ့ အခ်ိန္အခါမွာ ဘာလုပ္သလဲ? ထိုေနရာမွာပဲ ကႆပျမတ္စြာဘုရားထံမွာ ရွင္ရဟန္းအျဖစ္ကို ေတာင္းပန္ တယ္။ ေတာင္းပန္လိုက္တဲ့ အခ်ိန္အခါက်ေတာ့ ဘာျဖစ္လဲ?
တံ ဘဂဝါ ဧဟိ ဘိကၡဴ တိ အာဟ။
တံ = ထိုတိႆရေသ့ႀကီးကို။ ဘဂဝါ = ကႆပျမတ္စြာဘုရားက။ ဘိကၡဳ
= ခ်စ္သားရဟန္း။ ဧဟိ = လာေပေတာ့။ ဣတိ = ဤသို႔လွ်င္။ အာဟ =
ေခၚေတာ္မူလိုက္ေလၿပီ။
ဧဟိ ဘိကၡဳ = ခ်စ္သားရဟန္း လာေပေတာ့။ ငါဘုရားသည္ သံသရာ ဝဋ္ဆင္းရဲ ဒုကၡမွ ထြက္ေျမာက္ေၾကာင္းျဖစ္တဲ့ သီလက်င့္စဥ္ç သမာဓိက်င့္စဥ္ ပညာက်င့္စဥ္ ဆိုတဲ့ က်င့္စဥ္သံုးရပ္ျဖင့္ သိမ္းက်ံဳးေရတြက္အပ္တဲ့ သာသနာ့ ျဗဟၼစရိယ မဂၢျဗဟၼစရိယေခၚတဲ့ ျမတ္ေသာအက်င့္ကို စနစ္တက် ေဟာၾကား ထားတယ္။ သင္ခ်စ္သား က်င့္ေပေတာ့ ဆိုၿပီးေတာ့ လွမ္းၿပီးေတာ့ ေခၚေတာ္ မူလိုက္ပါ တယ္။ ေခၚလိုက္တဲ့ အခ်ိန္အခါမွာ ထိုခဏမွာပဲ ပရိကၡရာ ရွစ္ပါး တန္ဆာ ဆင္ ထားၿပီးျဖစ္ေနတဲ့ ဝါ (၆၀)ရၿပီး မေထရ္ႀကီးကဲ့သို႔ တင့္တယ္ စံပယ္စြာျဖင့္ ေကာင္းကင္ခရီးျဖင့္ ကႆပျမတ္စြာဘုရားထံ လာၿပီးေတာ့
႐ိုေသစြာ ရွိခိုးတယ္။ ႐ိုေသစြာ ရွိခိုးၿပီးေတာ့ ဘာလုပ္သလဲ?
ကတိပါေဟေနဝ သာဝကပါရမိဥာဏံ ပဋိဝိဇၩိတြာ ..(သုတၲနိပါတ၊႒၊၁၊၃၀၈။)
ႏွစ္ရက္သံုးရက္ေလာက္ တရားဘာဝနာေတြကို က်င့္ၾကံႀကိဳးကုတ္ ပြားမ်ား အားထုတ္လိုက္တာ ႏွစ္ရက္သံုးရက္အတြင္းမွာပဲ သာဝကပါရမီဥာဏ္ အရာမွာ အထြတ္အထိပ္ျဖစ္တဲ့ အဂၢသာဝကတစ္ဦးျဖစ္သြားၿပီ။ ရဟႏၱာ မေထရ္ျမတ္ႀကီး ျဖစ္သြားတယ္
ေဂါတမ ျမတ္စြာဘုရားအလွည့္ ေရာက္လာၿပီ။
ျမတ္စြာဘုရားက်ေတာ့ တိႆပုဏၰားႀကီး အဂၢသာဝက မျဖစ္ခင္ တိႆပုဏၰားဘဝ တိႆရေသ့ဘဝကေနၿပီးေတာ့ ကႆပျမတ္စြာ- ဘုရားကို အာမဂႏၶ အညႇီအေဟာက္ အေၾကာင္းနဲ႔ ပတ္သက္ၿပီး ေမးျမန္းတဲ့ ဂါထာ သံုးဂါထာ၊ ကႆပျမတ္စြာ ဘုရား က ျပန္ၿပီး အေျဖေပးလိုက္တဲ့ လာရွိတဲ့ (၉)ဂါထာ၊ ကႆပျမတ္စြာဘုရားရဲ႕ သာသနာ ေတာ္ေနာက္ပိုင္းမွာ သဂၤါယနာမေထရ္ေတြက ထည့္သြင္းထားတဲ့ ဂါထာ ႏွစ္ဂါထာ၊ ေပါင္းလိုက္ေတာ့ (၁၄)ဂါထာ။ အဲဒီ (၁၄) ဂါထာေတြ ကို အျပည့္အစံုျပဳလုပ္ၿပီးေတာ့ အာမဂႏၶရေသ့အမွဴးရွိေနတဲ့ ရေသ့ငါးရာတို႔ကို အာမဂႏၶသုတၲန္ဆိုတဲ့အမည္ျဖင့္ ျမတ္စြာဘုရားက ေဟာေပးေတာ္မူလိုက္ၿပီ၊ ေဟာေတာ္မူလိုက္တဲ့အခါ
တံ သုတြာ ေသာ ျဗာဟၼေဏာ တေထဝ နီစမေနာ ဟုတြာ ဘဂဝေတာ ပါေဒ ဝႏၵိတြာ ပဗၺဇၨံ ယာစိ သဒၶိ ံ ပရိသာယ။ (႒၊၁၊၃၀၉။)
အာမဂႏၶပုဏၰားႀကီးလည္း ဘုရားရွင္ေဟာေတာ္မူလိုက္တဲ့ အာမဂႏၶ- သုတၲန္ တရားေဒသနာေတာ္ကို ၾကားနာရတဲ့အတြက္ တိႆရေသ့ႀကီးပံုစံတူပဲ ႏွိမ္ခ်တဲ့ စိတ္ထားရွိ ၿပီးေတာ့ ျမတ္စြာဘုရားရဲ႕ ေျခေတာ္အစံု ၾကာပဒံုကို ရွိခိုးဦးတိုက္ တယ္။ မိမိ ပရိသတ္ႏွင့္ အတူတကြ ျမတ္စြာဘုရားထံ၌ ရွင္ရဟန္း
ျပဳခြင့္ ေတာင္းပန္ေလွ်ာက္ထားတယ္။ အဲဒီအခ်ိန္အခါမွာ ဘုရားရွင္လည္း
ဧထ ဘိကၡေဝါ စသည္ျဖင့္ ဧဟိ ဘိကၡဳ ေခၚေတာ္မူလိုက္ပါတယ္။
ေတ တေထဝ ဧဟိဘိကၡဳဘာဝံ ပတြာ အာကာေသနာဂႏ႖ာ ဘဂဝႏၱံ
ဝႏၵိတြာ ကတိပါေဟေနဝ သေဗၺဝ အဂၢဖေလ အရဟေတၲ ပတိ႒ဟိ သံ တိ။
(႒၊၁၊၃၀၈။)
ဒီပံုစံေလးၾကည့္လိုက္မယ္ဆိုရင္ ဒီရေသ့ေတြက ေတာထဲမွာေနစဥ္ အခါတည္း က သမာဓိစခန္းမွာေတာ့ ေတာ္ေတာ္ကေလး ေပါက္ေရာက္ေနတယ္လို႔ ယူဆရပါတယ္။ ေဂါတမျမတ္စြာဘုရားက ဒီအာမဂႏၶရေသ့ ဦးေဆာင္ေနတဲ့ ရေသ့ငါးရာတို႔ကို ဧဟိ ဘိကၡဳဆိုၿပီး ေခၚလိုက္တဲ့ အခ်ိန္ အခါမွာ အားလံုး ဧဟိ-ဘိကၡဳရဟန္းေတြ ျဖစ္သြားၾကၿပီ။ ဧဟိ-ဘိကၡဳရဟန္း ျဖစ္လိုက္တဲ့ အခ်ိန္အခါ မွာလည္း သူတို႔ ဘာလုပ္ၾကသလဲ? ေကာင္းကင္ ခရီးျဖင့္ ျမတ္စြာ ဘုရားထံ လာၿပီးေတာ့ ရွိခိုးႏိုင္ၾကတယ္။ ဒီလိုဆိုရင္ သူတို႔ရဲ႕ အဆင့္အတန္း က ေတာ္ေတာ္ကေလးျမင့္မားေနတဲ့အဆင့္အတန္းလို႔ ေျပာႏိုင္ပါတယ္။ ေကာင္းကင္ခရီးျဖင့္ လာရွိခိုးၿပီး ေတာ့ႏွစ္ရက္သံုးရက္ပဲ သမထ-ဝိပႆနာဘာဝနာေတြကို ႀကိဳးစားအား- ထုတ္ၾကတယ္။ ႏွစ္ရက္သံုးရက္အတြင္းမွာပဲ အကုန္လံုး အသာ ဆံုး အျမတ္ဆံုး ဖိုလ္လို႔ ေခၚဆိုအပ္တဲ့ အရဟတၲဖိုလ္မွာ တည္သြားၾကတယ္။
ဟိတြာ ကာေမ ပဗၺဇႎသု၊ သေႏၱာ ဂမၻီရစိႏၱကာ။
ေတ တုေမွပ်ႏုသိကၡာေဝွါ၊ ပဗၺဇိတာ သုေပသလာ။
သေႏၱာ = ဘုရားအလ်ာ ပေစၥကာႏွင့္ အရိယာအႏြယ္ေလာင္း ဟို တို႔ေရ႕ ွကသူေတာ္ေကာင္းတို႔သည္။
ဂမၻီရစိႏၱကာ = နက္နဲသည့္ ဓာတ္သေဘာေတြကို နက္နဲစြာ ၾကံဆင္ အၾကံ
ေကာင္း ဝင္ေတာ္မူၾကကုန္သည္ျဖစ္၍။
ကာေမ = ေရွးကျပဳဖန္ ကုသိုလ္ကံတို႔ စီမံေထာက္မ လက္ေရာက္
ရသား မ်ားလွဇနီးသည္ ႀကီးႀကီးငယ္ႏွင့္ ႏွီးႏြယ္ေရာယူ ကိုယ္ေတာ္တို႔ ပိုင္သသည့္ ကာမဝတၳဳအစုစုတို႔ကို။
ဟိတြာ= ငါတို႔ပိုင္ျငား ဤကာမတရားတို႔သည္ အမ်ားႏွင့္ ဆက္ဆံ ေဘးေတြက ဝန္းရံ ရန္ေတြက ေျမာက္ျမား တကယ္ကို ေၾကာက္လန္႔ဖြယ္ေတြပါတကား ဟု ေၾကာက္အားေတာ္ ဥာဏ္ျြကယ္ လြတ္လြတ္ႀကီး စြန္႔ပယ္ေတာ္မူၾကကုန္ သည္ ျဖစ္၍။
ပဗၺဇႎသု = ဃရာဝါသ သမၺာဓဟု ကိစၥမ်ားေျမာင္ လူတို႔ေဘာင္ ဝဋ္ ေႏွာင္ကို လြတ္ေအာင္ၾကံဳးလ်က္ ႐ုန္းကန္ထြက္၍ ႏွစ္ သက္ရႊင္လန္း ရွင္ရဟန္း ျပဳ၍ ေတာထြက္ေတာ္မူၾက ေလကုန္ၿပီ။
တုေမွပိ = ျမတ္ေနကၡမၼ ဓာတ္အာသယဟု ဆႏၵကိန္းေအာင္း သင္ သူေတာ္ေကာင္းတို႔သည္လည္းပဲ။
ပဗၺဇိတာ = ဝတၳဳကာမ ဟူသမွ်မွ မရအရ ၾကံဳးလ်က္ ႐ုန္းကန္ ထြက္
ၾကကုန္သည္ျဖစ္၍။
သုေပသလာ = စာမရီသား ၿမီးဖ်ားခံုမင္ ပံုအသြင္သို႔ ခ်စ္ခင္ေလးျမတ္ ႏွစ္သက္အပ္ေသာ သီလ ကိုယ္စီကိုယ္င ရွိၾကကုန္သည္ ျဖစ္၍။
ေတ = ထိုဘုရားအလ်ာ ပေစၥကာႏွင့္ အရိယာအႏြယ္ေလာင္း ဟို တို႔ေရ႕ ွက သူေတာ္ေကာင္းတို႔ကို။
အႏုသိကၡာေဝွါ = အတုလိုက္ကာ က်င့္တတ္ရာကို က်င့္ကာမေသြ .. အားထုတ္ႏိုင္ၾကပါေစကုန္သတည္း ...။
====================================================
ဓမ္မတရားကို ဘုရားတောင်မှ ကော်ပီပွားတယ်
======================================
အာမဂန္ဓစင်ကြယ်ကြောင်းကျင့်စဉ်
ယော တေသု ဂုတ္တော ဝိဒိတိန္ဒြိယော စရေ၊ ဓမ္မေ ဌိတော အဇ္ဇဝမဒ္ဒဝေ ရတော။ သင်္ဂါတိဂေါ သဗ္ဗဒုက္ခပ္ပဟီနော၊ န လိပ္ပတိ ဒိဋ္ဌသုတေသု ဓီရော။
ယော ဓီရော = အကြင်ပညာရှိတဲ့ပုဂ္ဂိုလ်သည်။ တေသု = ထိုဣနြေ္ဒ (၆)ပါးတို့၌။ ဂုတ္တော = လုံခြုံသောတံခါးရွက်ရှိသည်ဖြစ်၍။ ဝိဒိတိန္ဒြိယော =
ဣနြေ္ဒတို့ကို နိုင်နိုင်နင်းနင်း ပရိညာပညာဖြင့် ထိုးထွင်းသိမြင်ခြင်း ရှိသည်။
ဟုတွာ = ဖြစ်၍။ စရေ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေပေ၏။ ဓမ္မေ = သစ္စာလေးရပ်တရားမြတ်၌။ ဌိတော = ရပ်တည်လျက်ရှိ၏။ အဇ္ဇဝ- မဒ္ဒဝေ = ဖြောင့်မတ်ခြင်း စိတ်ဓာတ်နူးညံ့ခြင်း၌။ ရတော = မွေ့လျော် ပျော်ပိုက်နှစ်ခြိုက် လျက်ရှိ၏။ သင်္ဂါတိဂေါ = ကပ်ငြိတွယ်တာမှု ရာဂတရား မှန်သမျှကို ကျော်လွှား လွန်မြောက်လျက်ရှိ၏။ သဗ္ဗဒုက္ခပ္ပဟီနော = သံသရာ-ဝဋ်ဆင်းရဲ ဒုက္ခအားလုံးကို ဖယ်ရှားနိုင်သည့် စွမ်းအားလည်းရှိ၏။ သော ဓီရော = ထိုကဲ့သို့သော ပညာရှိ သည်။ ဒိဋ္ဌသုတေသု = ဒိဋ္ဌတရား သုတတရားတို့၌ (ဝါ) ဒိဋ္ဌသုတေသု = ဒိဋ္ဌတရား သုတရား မုတတရား ဝိညာတတရား- တို့အပေါ်၌။ န လိပ္ပတိ = လိမ်းကျံကပ်ငြိမှု မရှိတော့ပေ။
၁။ ဣန္ဒြိယသံဝရသီလနှင့် ပြည့်စုံခြင်း
ကဿပမြတ်စွာဘုရားက နောက်ဆုံး တိဿရသေ့ကြီးကို သစ္စာလေးပါးနဲ့ စပ်နေတဲ့ တရားစကားတွေ ဟောတယ်။ ဂါထာက အင်မတန်မှ ကျဉ်းပါတယ်။ သို့သော် လည်း ပါရမီ ရင့်ညောင်းနေတဲ့ သူတော်ကောင်းတွေကတော့ လွယ်လွယ်နဲ့ နားလည်သွားကြတယ်။
ပုဂ္ဂိုလ်တစ်ယောက်က ပညာရှိ သူတော်ကောင်း ဖြစ်ချင်ပြီဆိုလို့ရှိရင် ဣနြေ္ဒ မှာ စောင့်စည်းရမယ်။ (ဣန္ဒြိယေသု ဂုတ္တဒွါရတာ =) မျက်စိ နား နှာ လျှာ ကိုယ် နှလုံး ဆိုတဲ့ ဒွါရ (၆)ပါးကို လုံခြုံအောင် ပိတ်ဆို့ပေးရမယ်။
ဘာတွေ လုံခြုံရမလဲ? ရာဂ ဒေါသ မောဟ မာန်မာန ဣဿာç မစၦရိယ အစရှိတဲ့ ကိလေသာတရားဆိုး တွေ ဝင်မလာအောင် လုံလုံခြုံခြုံ သတိတည်းဟူသော တံခါးရွက်နဲ့ စောင့်ရမယ်။
စောင့်လိုက်တဲ့ အချိန်အခါမှာ ဘယ်လို စိတ်ထားရမလဲ?
မိမိက သမထနယ်ထဲမှာ တည်ရှိနေသေးရင် သမထကမ္မဋ္ဌာန်းအာရုံဆိုတဲ့ လိပ်ခွံ အတွင်းမှာ မိမိရဲ့ ဘာဝနာစိတ်ကို အမြဲတမ်း သွတ်သွင်းထားရမယ်။ မိမိက ဝိပဿနာ- နယ်ထဲ ရောက်နေပြီဆိုရင်လည်း ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းအာရုံခေါ်တဲ့ လိပ်ခွံအတွင်းမှာ မိမိရဲ့ ဘာဝနာစိတ်ကို အမြဲတမ်း သွတ်သွင်းထားရမယ်။ လိပ်ခွံ ဆိုတာကတော့ ဘုရားရှင်က ဥပမာကလေး တစ်ခုနဲ့ ဟို ကုမ္မောပမ- သုတ္တန် (သံ၊၂၊၃၈၅-၃၈၆။) ဆိုပြီး သုတ္တန်ကလေးတစ်ခု ဟောထားလို့ ထည့်ပြောလိုက် တာပါ။
မြစ်ကမ်းပါးတစ်နေရာမှာ တစ်ချိန် မြေခွေး တစ်ကောင်ကလည်း အစာရှာဖွေ ထွက်တယ်၊ လိပ်တစ်ကောင်ကလည်း အစာရှာဖွေထွက်တယ်၊ လိပ်က လည်း မြေခွေးကို ခပ်လှမ်းလှမ်းကနေ လှမ်းပြီးတော့ မြင်လိုက်တယ်၊ မြေခွေးက လည်း လိပ်ကို မြင်တယ်။ မြင်လိုက်တဲ့ အချိန်အခါကျတော့ လိပ်က ဘာလုပ် လိုက်သလဲ? လက်နှစ်ဖက် ခြေနှစ်ဖက် ခေါင်းဆိုတဲ့ ဒီအင်္ဂါ (၅)ခုကို မိမိရဲ့ ကိုယ်ပိုင် ဥစ္စာဖြစ်တဲ့ လိပ်ခွံအတွင်းမှာ သွတ်သွင်းပြီး ထားလိုက်တယ်။ ထိုအချိန် အခါမှာ မြေခွေးက အနားမှာ ထိုင်ပြီးတော့ လာစောင့်တယ်။ အကယ်၍ ဒီလိပ် သည် လက်တစ်ဖက်ဖက်သော်လည်းကောင်း ခြေတစ်ဖက်ဖက်သော် လည်းကောင်း ခေါင်းသော်လည်းကောင်း အင်္ဂါအစိတ်အပိုင်း (၅)ခုထဲက တစ်ခုခုသာ ထွက်လာခဲ့ရင် ငါကိုက်ခဲပြီး စားလိုက်မယ်ဆိုပြီး ဒီဦးတည် ချက်ဖြင့် စောင့်မျှော်ပြီးတော့ နေတယ်။ မြေခွေးစောင့်နေတယ် ဆိုတာ သိတဲ့ အတွက် လိပ်ကလည်း မိမိရဲ့ ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ လိပ်ခွံအတွင်း- မှာ မိမိရဲ့အင်္ဂါ (၅)ခု ကို မထုတ်ဘူး။ နောက်ဆုံး မြေခွေးက ငြီးငွေ့ပြီး ထွက်ခွာ သွားရ တယ်။
ဒီဥပမာအတိုင်းပဲ၊ လိပ်ခွံဆိုတာက ကမ္မဋ္ဌာန်းအာရုံပါ၊ သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းဆိုပြီး ကမ္မဋ္ဌာန်းနှစ်မျိုး ရှိတယ်။ မိမိတို့ရဲ့ ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ ဒီလိပ်ခွံနဲ့ တူနေတဲ့ ကမ္မဋ္ဌာန်းအာရုံအတွင်း၌ လက် နှစ်ဖက် ခြေနှစ်ဖက် ခေါင်း ဆိုတဲ့ မိမိတို့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို သို့မဟုတ် မိမိတို့ရဲ့ စိတ်ဓာတ်ကို ဒီကမ္မဋ္ဌာန်းအာရုံအတွင်းမှာ အမြဲတမ်း သွတ်သွင်းထားရမယ်။ အဲဒီလို သွတ်သွင်းထားခဲ့မယ် ဆိုလို့ရှိရင်တော့ ဘာ ဖြစ်မလဲ? မြေခွေးနဲ့ တူနေတဲ့ ကိလေသာဒဏ်ချက်တွေက ကိုက်ခဲခြင်း ဒဏ်ချက်မှ မိမိတို့ ခံနိုင်ရည် စွမ်းအားတွေ ရှိလာလိမ့်မယ်။ မြေခွေးကိုက်ခဲတဲ့
ဒဏ်ကို မိမိတို့ မခံရဘူး။ သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းဆိုတဲ့ ကမ္မဋ္ဌာန်း အာရုံထဲမှာ မိမိတို့ရဲ့ စိတ်ကို သွတ်သွင်းမထားဘူး ဆိုလို့ရှိရင် မြေခွေးအကိုက် ခံရလိမ့်မယ်။ မြေခွေး အကိုက်ခံရပြီ ဆိုလို့ရှိရင်တော့ ဒီသုတ္တန်အရ ဘာဖြစ် တာလဲ? အညှီအဟောက်တွေကို သုံးဆောင်နေတာပဲ။ အညှီအဟောက်ကို သုံးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အပါယ်လေးဘုံ ကို ဇောက်ထိုးကျမယ့် ကံတွေကို ပြုစုပျိုးထောင်နေတဲ့ ပုဂ္ဂိုလ်တွေ သာ ဖြစ်ကြ တယ်။ ဒါကြောင့် ဒီနေရာမှာ ကဿပမြတ်စွာဘုရားကနေပြီးတော့ တိဿရသေ့ကြီးကို သမထ- ကမ္မဋ္ဌာန်းç ဝိပဿနာကမ္မဋ္ဌာန်းဆိုတဲ့ ဒီကမ္မဋ္ဌာန်းအာရုံအတွင်းမှာ မိမိရဲ့ ဘာဝနာစိတ်ကို သွတ်သွင်းထားဖို့ရန်အတွက် ဆိုဆုံးမလိုက်ပြီ။
၂။ ဣနြေ္ဒတို့ကို ပရိညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိခြင်း
နောက်တစ်ခု --- ဝိဒိတိန္ဒြိယော = ဣနြေ္ဒတို့ကို ပရိညာပညာဖြင့် ထိုးထွင်းသိရှိ သည်။ ဟုတွာ = ဖြစ်၍။ စရေ = ကျင့်ကြံကြိုးကုတ် ပွားများ- အားထုတ်လေရာ၏။
ဣနြေ္ဒဆိုတာကတော့ အဘိဓမ္မာကို အခြေခံအသင့်အသင့် သင်ဖူးရင် သိပါ တယ်။ ဣနြေ္ဒ (၂၂)ပါး ရှိပါတယ်။ လောကုတ္တရာတရားများ ဖြစ်ကြတဲ့ ဣနြေ္ဒ အချို့ကို နုတ်ပယ်လိုက်လျှင် ကျန်ဣနြေ္ဒတွေက ဝိပဿနာÓဏ်ရဲ့ အရှုခံ အာရုံတွေ ဖြစ်ကြပါတယ်။ ဣနြေ္ဒဆိုတာက တစ်နည်းအားဖြင့် ပြောရရင်တော့ ရုပ်တရားç နာမ်တရားç အကြောင်းတရားç အကျိုးတရားတွေ ဖြစ်ကြပါတယ်။ ဒီရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကို ပရိညာပညာဖြင့် ထိုးထွင်းသိအောင် ကျင့်ပါ။ ဘုရားရှင်က တိုက်တွန်းပြီ။ အဲဒီလို တိုက်တွန်းတာက အညှီအဟောက်တွေ ကင်းရှင်းနေတဲ့ ဘဝတစ်ခုကို
ရရှိဖို့ရန်အတွက် ကဿပဘုရားရှင်က တိဿရသေ့ကြီးကို တိုက်တွန်းနေခြင်း ဖြစ်တယ်။ ဣနြေ္ဒတွေကို ပထမသိရှိအောင် ကြိုးစားပါ။ ခန္ဓာငါးပါးç ရုပ်တရား နာမ်တရား ဒုက္ခသစ္စာတရားနှင့် ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်ခေါ်တဲ့ သမုဒယသစ္စတရားတွေကို သိရှိအောင် ကြိုးစားအားထုတ် ပါ။ ကြိုးစား အားထုတ်လိုက်တဲ့ အချိန်အခါမှာ ထို ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရား တွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုနိုင်ခဲ့ရင် ဘာဖြစ်မလဲ?
၃။ သစ္စာလေးရပ်တရားမြတ်၌ ရပ်တည်ပါ
ဓမ္မေ ဌိတော။
ဓမ္မေ = သစ္စာလေးရပ် တရားမြတ်၌။ ဌိတော = ရပ်တည်နိုင်သည်ဖြစ်၍။ သစ္စာလေးပါးကို သင်ချစ်သား ထိုးထွင်းပြီး သိသွားလိမ့်မယ်။ သစ္စာလေးပါးကို သိတဲ့အရိယမဂ်ဉာဏ်မှာ သင်ချစ်သား ရပ်တည်နိုင်လိမ့်မယ်။ ဒါက သော- တာပတ္တိမဂ်ဉာဏ်ကို ရည်ညွှန်းထားတယ်လို့ အဋ္ဌကထာက ဖွင့်ထားတယ်။
၄။ ဖြောင့်မတ်တဲ့ နူးညံ့ပျော့ပျောင်းတဲ့ စိတ်ထား၌ မွေ့လျော်ခြင်း
အဇ္ဇဝမဒ္ဒဝေ = ဖြောင့်မတ်ခြင်း နူးညံ့ပျော့ပျောင်းခြင်းဆိုတဲ့ စိတ်ထား၌။
ရတော= မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သည်ဖြစ်၍။ သောတာပန်ပုဂ္ဂိုလ်က သောတာပန်ဖြစ်ပြီးတဲ့ အချိန်ခါမှာ သကဒါဂါမ်မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိရေးအတွက် ဆက်လက်ပြီး ကြိုးပမ်းပြီ၊ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ
ရှုနေပြီ။
ရှုလိုက်တဲ့ အချိန်အခါမှာ ထိုသူတော်ကောင်းက အကယ်၍များ သကဒါဂါမိ မဂ်ဉာဏ် ဖိုလ်ဉာာဏ်ဆိုက်ခဲ့မယ်ဆိုလို့ရှိရင်တော့ ရာဂ ဒေါသ- တွေက အလွန် ခေါင်းပါးသွားပြီ။ ရာဂ ဒေါသတွေ သိပ်ခေါင်းပါးသွားတဲ့ ထိုပုဂ္ဂိုလ်ရဲ့ သန္တာန် မှာ စိတ်ဓာတ်တွေက ဖြောင့်မတ်နေပြီ၊ နူးညံ့ပျော့ပျောင်း နေပြီ၊ အဲဒီလိုနူးညံ့ပျော့ပျောင်းမှုç စိတ်ဓာတ်ဖြောင့်မတ်မှု စိတ်ဓာတ်နူးညံ့ ပျော့ပျောင်းမှု ဆိုတဲ့ ဒီသဘောတရား၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်အောင် သင်ချစ်သား ကြိုးစား ပါ။ ဒါ တိုက်တွန်းလိုက်ပြီ။
၅။ သင်္ဂါတိတရားကို ကျော်လွှားလွန်မြောက်ခြင်း
နောက်တစ်ခု (သင်္ဂါတိကော =) ရာဂ ဒေါသဟူသော ငြိကပ်တွယ်တာမှု သင်္ဂါတိ တရား အားလုံးကို ကျော်လွှားလွန်မြောက်နိုင်သည်ဖြစ်၍၊ ကာမ (၁၁)ဘုံ အပေါ် မှာ တွယ်တာမက်မောနေတဲ့ ငြိကပ်နေတဲ့ ရာဂတရားကို ကျော်လွှား လွန်မြောက်အောင် သင်ချစ်သား ကျင့်ပါ။ ဒါကတော့ အနာဂါမိ- မဂ်ဉာဏ် ဆိုက် သည်အထိ ကျင့်ပါလို့ ဆိုလိုတယ်။
၆။ ဒုက္ခအားလုံးကို ကျော်လွှားလွန်မြောက်အောင် ကျင့်ပါ
နောက်တစ်ခု သဗ္ဗဒုက္ခပ္ပဟီနော = အလုံးစုံသော သံသရာဝဋ်ဆင်းရဲ
ဒုက္ခ ကို ပယ်ရှားနိုင်သည်။ ဟုတွာ = ဖြစ်၍ ..။
သံသရာဝဋ်ဆင်းရဲဒုက္ခ အားလုံးကို ပယ်ရှားနိုင်တဲ့ အဆင့်အထိ ကျင့်ပါ ဆိုတော့ ဒါကတော့ အရဟတ္တမဂ်ကို ဘုရားရှင်ဟောတော်တယ်နော်။ အဲဒီလို ကျင့်နိုင်ခဲ့ ရင် ဘာဖြစ်မလဲ? ဒိဋ္ဌသုတေသု = ဒိဋ္ဌတရား သုတတရား မုတ- တရား ဝိညာတ တရားတွေအပေါ်၌။ န လိပ္ပတိ = ငြိကပ်တွယ်တာမှု မရှိ တော့ပေ။
အဲဒီလို သင်ချစ်သား အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုက်သည်အထိ ဒုက္ခ အားလုံးကို ပယ်နိုင်တဲ့စွမ်းအင် ရတဲ့အဆင့်အထိ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ခဲ့မယ်ဆိုရင် ဒိဋ္ဌတရား သုတတရား မုတတရား ဝိညာတတရား လို့ ခေါ်ဆိုအပ်တဲ့ ဒီတရားတွေအပေါ်၌ လိမ်းကျံကပ်ငြိမှု မရှိတော့ပါဘူး။ လိမ်းကျံကပ်ငြိမှု မရှိဘူးဆိုရင် အညှီအဟောက်တွေ ကုန်သွားပြီလို့ ဒီလို ဆိုလို ပါတယ်။ အဲဒီအဆင့်ရောက်မှ စင်ကြယ်တဲ့အဆင့် ရောက်ပါတယ်။ အဲဒီအဆင့် ကို မရောက်သေးဘူး ဆိုလို့ရှိရင်တော့ သတ္တဝါ တစ်ဦးဟာ စင်ကြယ်တဲ့ အဆင့် ကို ရောက်ပြီလား? မရောက်သေးဘူးတဲ့။ အဲဒီတော့ ဒိဋ္ဌတရားဆိုတာက ဘာလဲ?
ဒိဋ္ဌ ဒိဋ္ဌမတ္တံ ကျင့်စဉ်
ဥဒါန၊ဋ္ဌ၊၈၂ အဋ္ဌကထာက ဖွင့်ဆိုတဲ့အတိုင်း ဒိဋ္ဌတရား ဆိုတာ မြင်အပ်တဲ့ တရား မြင်တတ်တဲ့တရားပဲ ဖြစ်တယ်။ မြင်အပ်တဲ့တရားက ရူပါရုံ မြင်တတ်တဲ့ တရားက စက္ခုဒွါရဝီထိ နာမ်တရားစုနဲ့ ရူပါရုံကို ဆက်လက် အာရုံယူနေတဲ့ မနောဒွါရဝီထိနာမ်တရားစုပဲ။ သုတတရားဆိုတာက ကြားအပ်တဲ့ တရား ကြားတတ်တဲ့တရားပဲ။ ကြားအပ်တဲ့တရားဆိုတာက အသံ သဒ္ဒါရုံ ကြား တတ်တဲ့တရား ဆိုတာ က သောတဒွါရဝီထိနာမ်တရားစုနှင့် သဒ္ဒါရုံကို ဆက်လက် အာရုံယူနေတဲ့ မနောဒွါရဝီထိ နာမ်တရားစုတွေပဲ။ ကြားတတ်တဲ့ တရားပဲ။ ကြားအပ်တဲ့ တရားဆိုတာက အသံ သဒ္ဒါရုံ ကြားတတ်တဲ့တရားဆိုတာ က သောတဒွါရဝီထိနာမ်တရားစုနှင့် သဒ္ဒါရုံကို ဆက်လက်အာရုံယူနေတဲ့ မနောဒွါရဝီထိ နာမ်တရားစုတွေပဲ။ ကြားတတ်တဲ့တရားပဲ။ ကြားအပ်တဲ့ တရားဆိုတာက အသံ သဒ္ဒါရုံ ကြား- တတ်တဲ့တရား ဆိုတာက သောတဒွါရ ဝီထိနာမ်တရားစုနှင့် သဒ္ဒါရုံကို ဆက်- လက်အာရုံယူနေတဲ့ မနောဒွါရဝီထိ နာမ်တရားစုတွေပဲ။
နောက်တစ်ခု - မုတတရား၊ မုတတရားတွေဆိုတာက ဘာတွေလဲလို့ မေးတော့ ထိအပ်တဲ့တရား ထိတတ်တဲ့တရားပဲ၊ ဘာတွေလဲလို့မေးတော့ ထိအပ်တဲ့ တရားတွေက ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ၊ ထိတတ်တဲ့တရားတွေ ဆိုတာက ဃာနဒွါရဝီထိနဲ့ ဂန္ဓာရုံကို ဆက်လက်အာရုံယူနေတဲ့ မနောဒွါရဝီထိ နာမ်တရားစု၊ ဇိဝှါဒွါရဝီထိ စိတ် စေတသိက်နာမ်တရားစုတွေနဲ့ ရသာရုံကို ဆက်လက်ပြီး အာရုံယူနေတဲ့ မနောဒွါရဝီထိ နာမ်တရားစု၊ ဖောဋ္ဌဗ္ဗာရုံကို အာရုံယူနေတဲ့ ကာယ ဒွါရဝီထိ နာမ်တရားစုနဲ့ ဖောဋ္ဌဗ္ဗာရုံကို ဆက်လက် အာရုံယူနေတဲ့ မနောဒွါရဝီထိ နာမ်တရားစုတွေပဲ။ အဲဒီရုပ်တွေနာမ်တွေကို မုတတရားတွေလို့ ခေါ်ပါတယ်။
နောက်တစ်ခု -ဝိညာတတရား၊ သိအပ်တဲ့တရား သိတတ်တဲ့တရား သိအပ်တဲ့ တရားဆိုတာက ဝိပဿနာÓဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ ဓမ္မာရုံ အမည်ရနေတဲ့ ရုပ်နာမ် ဓမ္မသင်္ခါရတရားတွေပဲ။ သိတတ်တဲ့တရားဆိုတာက တော့ ဓမ္မာရုံအမည်ရနေတဲ့ သင်္ခါရတရားတွေကို အာရုံယူပြီး ဖြစ်ပေါ်လာတဲ့ မနောဒွါရဝီထိ နာမ်တရားစုတွေ ပဲ။ ပေါင်းလိုက်မယ်ဆိုရင်တော့ ရုပ်တရား နာမ်တရားကုန်သွားပြီ။ အာရုံ (၆) ပါးနှင့် ယင်းအာရုံ (၆)ပါးတို့ကို ထိုက်သလို အာရုံယူနေကြတဲ့ နာမ်တရားတွေပဲ။ အဲဒီအာရုံ (၆)ပါး ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေ ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုလိုက်တဲ့အခါ ဝိပဿနာÓဏ်တွေက ရင့်ကျက်လို့ အရဟတ္တမဂ် အရဟတ္တဖိုလ်ထိ ဆိုက်ခဲ့မယ် ဆိုရင်တော့ သင်ချစ်သားရဲ့ သန္တာန်မှာ ဒိဋ္ဌတရား သုတတရား မုတတရား ဝိညာတတရား လို့ ခေါ်ဆိုအပ်တဲ့ ဒီအာရုံ (၆)ပါးအပေါ်၌ ငြိကပ်တွယ်တာမှု လုံးလုံး မရှိဘဲနဲ့ ကိလေသာအာသဝေါ ကင်းစင်သွားလိမ့်မယ်။ ထိုအချိန်အခါမှာ
သင်ချစ်သားသည် အညှီအဟောက်နယ်ပယ်က လွတ်ကင်းသွားလိမ့်မယ်လို့
ဒီလို ကဿပဘုရားရှင်က တိဿရသေ့ကြီးကို ဟောကြားတော်မူလိုက်ပါတယ်။
အဲဒီလို ဟောပြီးတဲ့ အချိန်အခါကျတော့မှ ဒီတိဿရသေ့ကြီးအား ကဿပမြတ်စွာ- ဘုရားဟောနေတဲ့ ဒီ (၉)ဂါထာကိုပဲ တစ်ဖန် ဆောင်ပြီးတော့ ဂေါတမ မြတ်စွာ ဘုရား ကလည်း အာမဂန္ဓပုဏ္ဏား အမှူးရှိနေတဲ့ ရသေ့ (၅၀ဝ)တို့ကို တစ်ဖန် ပြန်ပြီးတော့ ဟောတော်မူနေပါတယ်။
ဟောတော်မူလိုက်တဲ့ တရားကတော့ ပြီးသွားပြီ။ သို့သော် ကဿပဘုရားရှင်ရဲ့ တပည့်သာဝက ဖြစ်တော်မူကြတဲ့ သင်္ဂါယနာမထေရ်မြတ်တွေက ဂါထာ ကလေးနှစ်ခု ဆက်ပြီးတော့ သင်္ဂါယနာ တင်ထားတော်မူခဲ့ကြတယ်။
ကဿပဘုရားရှင် ဟောကြားတော်မူတဲ့ (၉)ဂါထာနှင့်တကွ ယင်း (၂) ဂါထာတို့ကိုပါ စုပေါင်းပြီး တော့ ဂေါတမမြတ်စွာဘုရားက အာမဂန္ဓရသေ့ကြီးနှင့်တကွ
ရသေ့ (၅၀ဝ)တို့အား ထပ်မံပြီး ဟောကြားပေးတော်မူပြန်ပါတယ်။
သင်္ဂါယနာမထေရ် မြတ်တို့၏ ဂါထာများ
ဣစ္စေတမတၳံ ဘဂဝါ ပုနပ္ပုနံ၊ အက္ခာသိ န ဝေဒယိ မန္တပါရဂူ။ စိတြာဟိ ဂါထာဟိ မုနီ ပကာသယိ၊ နိရာမဂန္ဓော အသိတော ဒုရန္နယော။
ဣတိ = ဤသို့လျှင်။ ဧတမတၳံ = ဤအနက်သဘောတရားကို။ ဘဂဝါ
= ကဿပ မြတ်စွာဘုရားသည်။ ပုနပ္ပုနံ = အဖန်ဖန် အထပ်ထပ်။ အက္ခာသိ
= ဟောကြားတော်မူခဲ့လေပြီ။ မန္တပါရဂူ = ဝေဒကျမ်းတို့၌ တစ်ဖက်ကမ်းရောက် တတ်မြောက်တော်မူသော တိဿရသေ့ကြီးသည်။ နံ = ထိုအနက်သဘောကို။ ဝေဒယိ = သိရှိခဲ့လေပြီ။ နိရာမဂန္ဓော = ကိလေသာအညှီအဟောက် ကင်းရှင်းတော်မူသော။ အသိတော = တဏှာဒိဋ္ဌိတို့ဖြင့် မှီတွယ်မှုမရှိသော။
ဒုရန္နယော = သူတစ်ပါးတို့၏ အယူဝါဒအားဖြင့် ဆွဲဆောင်ခြင်းငှာ မစွမ်း-
နိုင်သော။ မုနိ = ကဿပမြတ်စွာဘုရားသည်။ စိတြာဟိ ဂါထာဟိ = ဆန်း- ကြယ်သော ဂါထာတို့ဖြင့်။ ပကာသယိ = ထင်ရှား ပြတော်မူခဲ့လေပြီ။
မြတ်စွာဘုရားက အာမဂန္ဓအညှီအဟောက်အကြောင်းနဲ့ ပတ်သက်ပြီး- တော့ ဘယ်တရားတွေကို အညှီအဟောက်လို့ ခေါ်တယ်ဆိုတာကို အကြိမ်- ကြိမ် အထပ်ထပ် ဝေဒကျမ်းတတ်ဖြစ်နေတဲ့ တိဿရသေ့ကြီးကို ဟောကြားပေးတော် မူပါတယ်။ ဟောတော်မူလိုက်တဲ့ ကဿပမြတ်စွာဘုရား ကြည့်လိုက်တော့ ကဿပမြတ်စွာဘုရားရှင်သည် ဘယ်လိုဘုရားလည်းလို့ မေးတော့ (နိရာမဂန္ဓ =) ကိလေသာအညှီအဟောက် ကင်းရှင်းတော်မူတဲ့ ဘုရားရှင် ဖြစ်တော်မူပါတယ်။
(အသိတံ =) မည်သည့် အာရုံအပေါ်၌မျှ တဏှာဒိဋ္ဌိတို့ဖြင့် ငါ ငါ့ဟာ ဆိုပြီးတော့ မှီတွယ်မှု လုံးလုံး မရှိတဲ့ ဘုရားရှင်လည်း ဖြစ်တော်မူတယ်။ (ဒုရန္နယ =) ဆန့်ကျင်ဘက်ဝါဒသမားတွေက နေပြီးတော့ ကဿပမြတ်စွာ- ဘုရားကို လာပြီးတော့ အခြေအတင် ဆွေးနွေးကြမယ်ဆိုရင် ထိုဆွေးနွေး- နေတဲ့ ပုဂ္ဂိုလ်တွေနောက် အလိုအကြိုက်သို့ ဘယ်လိုမှ လိုက်ပါနိုင်တဲ့ စိတ်ဓာတ်မရှိတဲ့ အဆင့်သို့ ရောက်နေတဲ့ ဘုရားရှင် ဖြစ်တော်မူတယ်။ ထိုဘုရားရှင်က ဆန်းကြယ်သော ဂါထာတို့ဖြင့် တိဿရသေ့ကြီးကို နိရာမဂန္ဓ ခေါ်တဲ့ အညှီအဟောက် ကင်းရှင်းပုံအကြောင်းတွေကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူပါတယ်။ နောက်တစ်ခု ---
၁၁။ သုတွာန ဗုဒ္ဓဿ သုဘာသိတံ ပဒံ၊ နိရာမဂန္ဓံ သဗ္ဗဒုက္ခပ္ပနူဒနံ။ နီစမနော ဝန္ဒိ တထာဂတဿ၊ တတေၳဝ ပဗ္ဗဇ္ဇမရောစယိတၳ။
သော = ထိုတိဿရသေ့ကြီးသည်။ ဗုဒ္ဓဿ = ကဿပမြတ်စွာဘုရား၏။ သုဘာသိတံ = ကောင်းစွာဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော။ နိရာမဂန္ဓံ = ကိလေသာအညှီအဟောက် ကင်းရှင်းလျက်ရှိသော။ သဗ္ဗဒုက္ခ-
ပ္ပနူဒနံ = သံသရာဝဋ်ဆင်းရဲဒုက္ခအားလုံးကို ပယ်ရှားခြင်းငှာ စွမ်းနိုင်သော။
ပဒံ = တရားတော်မြတ်ကို။ သုတွာန = ကြားနာရသည်ဖြစ်၍။ တထာဂတဿ
= တထာဂတ အမည်ရတော်မူသော ကဿပမြတ်စွာဘုရားအား။ နီစမနော
= နှိမ်ချသော စိတ်ထားရှိသည်ဖြစ်၍။ ဝန္ဒိ = ရှိခိုးခဲ့လေပြီ။ တတေၳဝ = ထို နေရာ၌ပင်လျှင်။ ပဗ္ဗဇ္ဇံ = ရှင်ရဟန်းအဖြစ်ကို။ အရောစယိတၳ = လျှောက်ထား တောင်းပန်ခဲ့လေပြီ။
တိဿရသေ့ကြီးကို ကဿပမြတ်စွာဘုရားကနေပြီးတော့ နိရာမဂန္ဓ အညှီအဟောက် ကင်းရှင်းပုံနဲ့ ပတ်သက်ပြီးတော့ ဟောကြားတော်မူလိုက်တယ်။ ဟောကြားတော် မူ လိုက်တဲ့ ဒီတရားတွေကို နာကြားလိုက်ရတဲ့ အချိန်အခါမှာ ဒီတရားတွေက သဗ္ဗဒုက္ခပ္ပနူဒန သံသရာဝဋ်ဆင်းရဲဒုက္ခ အားလုံးမှ နုတ်ပယ်နိုင်တဲ့ စွမ်းအားရှိတဲ့ တရားတွေပဲလို့ ဒီလို သူက ယုံကြည်သွားတယ်။ အဲဒီလို ယုံကြည်ချက် ရှိနေတဲ့ အတွက်ကြောင့် ကဿပမြတ်စွာဘုရား ဟောကြားပြသ ဆိုဆုံးမလိုက်တဲ့ ဒီတရားဒေသနာတော်ကို နာကြား ပြီးတဲ့ အချိန်အခါမှာ ဘာလုပ်သလဲ? ထိုနေရာမှာပဲ ကဿပမြတ်စွာဘုရားထံမှာ ရှင်ရဟန်းအဖြစ်ကို တောင်းပန် တယ်။ တောင်းပန်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ?
တံ ဘဂဝါ ဧဟိ ဘိက္ခူ တိ အာဟ။
တံ = ထိုတိဿရသေ့ကြီးကို။ ဘဂဝါ = ကဿပမြတ်စွာဘုရားက။ ဘိက္ခု
= ချစ်သားရဟန်း။ ဧဟိ = လာပေတော့။ ဣတိ = ဤသို့လျှင်။ အာဟ =
ခေါ်တော်မူလိုက်လေပြီ။
ဧဟိ ဘိက္ခု = ချစ်သားရဟန်း လာပေတော့။ ငါဘုရားသည် သံသရာ ဝဋ်ဆင်းရဲ ဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ သီလကျင့်စဉ်ç သမာဓိကျင့်စဉ် ပညာကျင့်စဉ် ဆိုတဲ့ ကျင့်စဉ်သုံးရပ်ဖြင့် သိမ်းကျုံးရေတွက်အပ်တဲ့ သာသနာ့ ဗြဟ္မစရိယ မဂ္ဂဗြဟ္မစရိယခေါ်တဲ့ မြတ်သောအကျင့်ကို စနစ်တကျ ဟောကြား ထားတယ်။ သင်ချစ်သား ကျင့်ပေတော့ ဆိုပြီးတော့ လှမ်းပြီးတော့ ခေါ်တော် မူလိုက်ပါ တယ်။ ခေါ်လိုက်တဲ့ အချိန်အခါမှာ ထိုခဏမှာပဲ ပရိက္ခရာ ရှစ်ပါး တန်ဆာ ဆင် ထားပြီးဖြစ်နေတဲ့ ဝါ (၆၀)ရပြီး မထေရ်ကြီးကဲ့သို့ တင့်တယ် စံပယ်စွာဖြင့် ကောင်းကင်ခရီးဖြင့် ကဿပမြတ်စွာဘုရားထံ လာပြီးတော့
ရိုသေစွာ ရှိခိုးတယ်။ ရိုသေစွာ ရှိခိုးပြီးတော့ ဘာလုပ်သလဲ?
ကတိပါဟေနေဝ သာဝကပါရမိဉာဏံ ပဋိဝိဇ္ဈိတွာ ..(သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၈။)
နှစ်ရက်သုံးရက်လောက် တရားဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်လိုက်တာ နှစ်ရက်သုံးရက်အတွင်းမှာပဲ သာဝကပါရမီဉာဏ် အရာမှာ အထွတ်အထိပ်ဖြစ်တဲ့ အဂ္ဂသာဝကတစ်ဦးဖြစ်သွားပြီ။ ရဟန္တာ မထေရ်မြတ်ကြီး ဖြစ်သွားတယ်
ဂေါတမ မြတ်စွာဘုရားအလှည့် ရောက်လာပြီ။
မြတ်စွာဘုရားကျတော့ တိဿပုဏ္ဏားကြီး အဂ္ဂသာဝက မဖြစ်ခင် တိဿပုဏ္ဏားဘဝ တိဿရသေ့ဘဝကနေပြီးတော့ ကဿပမြတ်စွာ- ဘုရားကို အာမဂန္ဓ အညှီအဟောက် အကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့ ဂါထာ သုံးဂါထာ၊ ကဿပမြတ်စွာ ဘုရား က ပြန်ပြီး အဖြေပေးလိုက်တဲ့ လာရှိတဲ့ (၉)ဂါထာ၊ ကဿပမြတ်စွာဘုရားရဲ့ သာသနာ တော်နောက်ပိုင်းမှာ သင်္ဂါယနာမထေရ်တွေက ထည့်သွင်းထားတဲ့ ဂါထာ နှစ်ဂါထာ၊ ပေါင်းလိုက်တော့ (၁၄)ဂါထာ။ အဲဒီ (၁၄) ဂါထာတွေ ကို အပြည့်အစုံပြုလုပ်ပြီးတော့ အာမဂန္ဓရသေ့အမှူးရှိနေတဲ့ ရသေ့ငါးရာတို့ကို အာမဂန္ဓသုတ္တန်ဆိုတဲ့အမည်ဖြင့် မြတ်စွာဘုရားက ဟောပေးတော်မူလိုက်ပြီ၊ ဟောတော်မူလိုက်တဲ့အခါ
တံ သုတွာ သော ဗြာဟ္မဏော တထေဝ နီစမနော ဟုတွာ ဘဂဝတော ပါဒေ ဝန္ဒိတွာ ပဗ္ဗဇ္ဇံ ယာစိ သဒ္ဓိ ံ ပရိသာယ။ (ဋ္ဌ၊၁၊၃၀၉။)
အာမဂန္ဓပုဏ္ဏားကြီးလည်း ဘုရားရှင်ဟောတော်မူလိုက်တဲ့ အာမဂန္ဓ- သုတ္တန် တရားဒေသနာတော်ကို ကြားနာရတဲ့အတွက် တိဿရသေ့ကြီးပုံစံတူပဲ နှိမ်ချတဲ့ စိတ်ထားရှိ ပြီးတော့ မြတ်စွာဘုရားရဲ့ ခြေတော်အစုံ ကြာပဒုံကို ရှိခိုးဦးတိုက် တယ်။ မိမိ ပရိသတ်နှင့် အတူတကွ မြတ်စွာဘုရားထံ၌ ရှင်ရဟန်း
ပြုခွင့် တောင်းပန်လျှောက်ထားတယ်။ အဲဒီအချိန်အခါမှာ ဘုရားရှင်လည်း
ဧထ ဘိက္ခဝေါ စသည်ဖြင့် ဧဟိ ဘိက္ခု ခေါ်တော်မူလိုက်ပါတယ်။
တေ တထေဝ ဧဟိဘိက္ခုဘာဝံ ပတွာ အာကာသေနာဂန္တွာ ဘဂဝန္တံ
ဝန္ဒိတွာ ကတိပါဟေနေဝ သဗ္ဗေဝ အဂ္ဂဖလေ အရဟတ္တေ ပတိဋ္ဌဟိ သံ တိ။
(ဋ္ဌ၊၁၊၃၀၈။)
ဒီပုံစံလေးကြည့်လိုက်မယ်ဆိုရင် ဒီရသေ့တွေက တောထဲမှာနေစဉ် အခါတည်း က သမာဓိစခန်းမှာတော့ တော်တော်ကလေး ပေါက်ရောက်နေတယ်လို့ ယူဆရပါတယ်။ ဂေါတမမြတ်စွာဘုရားက ဒီအာမဂန္ဓရသေ့ ဦးဆောင်နေတဲ့ ရသေ့ငါးရာတို့ကို ဧဟိ ဘိက္ခုဆိုပြီး ခေါ်လိုက်တဲ့ အချိန် အခါမှာ အားလုံး ဧဟိ-ဘိက္ခုရဟန်းတွေ ဖြစ်သွားကြပြီ။ ဧဟိ-ဘိက္ခုရဟန်း ဖြစ်လိုက်တဲ့ အချိန်အခါ မှာလည်း သူတို့ ဘာလုပ်ကြသလဲ? ကောင်းကင် ခရီးဖြင့် မြတ်စွာ ဘုရားထံ လာပြီးတော့ ရှိခိုးနိုင်ကြတယ်။ ဒီလိုဆိုရင် သူတို့ရဲ့ အဆင့်အတန်း က တော်တော်ကလေးမြင့်မားနေတဲ့အဆင့်အတန်းလို့ ပြောနိုင်ပါတယ်။ ကောင်းကင်ခရီးဖြင့် လာရှိခိုးပြီး တော့နှစ်ရက်သုံးရက်ပဲ သမထ-ဝိပဿနာဘာဝနာတွေကို ကြိုးစားအား- ထုတ်ကြတယ်။ နှစ်ရက်သုံးရက်အတွင်းမှာပဲ အကုန်လုံး အသာ ဆုံး အမြတ်ဆုံး ဖိုလ်လို့ ခေါ်ဆိုအပ်တဲ့ အရဟတ္တဖိုလ်မှာ တည်သွားကြတယ်။
ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။
တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။
သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ရေ့ ှကသူတော်ကောင်းတို့သည်။
ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ
ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။
ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်
ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတၳုအစုစုတို့ကို။
ဟိတွာ= ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကား ဟု ကြောက်အားတော် ဉာဏ်ြွကယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန် သည် ဖြစ်၍။
ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ် သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။
တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။
ပဗ္ဗဇိတာ = ဝတၳုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက်
ကြကုန်သည်ဖြစ်၍။
သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။
တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ရေ့ ှက သူတော်ကောင်းတို့ကို။
အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။

0 comments:

Post a Comment

သင့္ Comment တစ္ခုသည္ ကုသိုလ္ေတာ္ အသိ ပိုရွိသြားႏိုင္ပါသည္