ထားဝယ်တို့နှင့် နဂါးနန်းတော်



ဟိုတခါတုန်းက တနင်္သာရီတိုင်း မြို့နယ် ထွေအုပ်ဝန်ထမ်းရေးရာ ထပ်ဆင့် သင်တန်းသားအနေဖြင့် သင်တန်းဖွင့် လှစ်ရာဌာနသို့ သွားရောက်ခဲ့ချိန်က အကြောင်း ပြန်ပြောင်း အောက်မေ့မိတဲ့ အဖြစ်အပျက်လေး တစ်ခုအကြောင်းမှ သည် စပ်မိစပ်ရာ လေးတွေ စုစည်းဖြစ် လာပါတယ်

ဟိုရောက်တော့ သင်တန်းခန်းမတွင်း မဝင်မီ အပြင်စင်္ကြန်လမ်းမှာ ကျွန်တော် တို့ ရပ်၍ ဟိုဟိုဒီဒီ လိုက်ကြည့်နေမိကြ စဉ် အစ်ကို တို့က တနင်္သာရီတိုင်းက မဟုတ်လား ဟု ကျွန်တော် တို့ကို မြင် လိုက်တာနှင့် သိကျွမ်းသလိုမျိုး ပုံစံဖြင့် လူငယ်လေး တစ်ယောက်မှ မိတ်ဆက် အမေး စကားဆိုလာလေသည်။

ဟုတ်ပါတယ်လို့ ပြန်ဖြေပြီးနောက် စိတ် ထဲတွင်တော့ ထိုလူငယ်ကို တစ်ခါမျှ မတွေ့ဖူး မဆုံဖူးသော်လည်း မြင်လိုက် သည်နှင့် တနင်္သာရီကဟု မည်သို့ သိသ နည်း ဟူသည့် အချက်ကို ကျွန်တော် မေးချင် မိခဲ့သည်။

ထိုလူငယ်က စကားဆက်၍ ဆိုပြန်လေ သည်

ကျွန်တော် အစ်ကိုတို့ကို လိုက်ရှာနေတာ။ တနင်္သာရီကတွေ အချိန်မှီ ရောက်လာပါ့ မလားလို့လေ။ တော်သေး တယ်။ အစ်ကို့ လက်ထဲက စာအုပ်မှာ နဂါးပုံလေးကို တွေ့လို့ တနင်္သာရီက ဖြစ်မယ်လို့ ထင် လိုက်တာ။

ရှင်းခဲ့ပါပြီ စိတ်ထဲက မေးချင်နေတဲ့ မေးခွန်းကို ထိုလူငယ်လေး စကားထဲ ဖြေ ပြီးလျက်သား ဖြစ်နေခဲ့ပြီ

ကိုယ်တိုင်ပင်လျှင် ထိုအချိန်က ထိုကဲ့သို့ မတွေးမိခဲ့ဖူး သူ့အမြင် အမှတ်သညာကို သာ ကျေးဇူးတင်မိရလေတော့သည်

ထိုမှသည် မေ့မေ့ပျောက်ပျောက် နေခဲ့ရာ မှ ယခုနောက်ပိုင်း ထားဝယ်သမိုင်းများ ရေးသားလာခဲ့ချိန်မှာတော့ နဂါးနန်းတော်
ခေါ်နဂါးသိုက် အကြောင်းတွေကို ပြည်ပ မှတ်တမ်းများ ပြည်တွင်း ရာဇဝင် သမိုင်း များ ကိုယ်တွေ့ဖြစ်ရပ်များကို စုဆောင်း မှတ်တမ်းပြု လေ့လာမိခဲ့ရာမှ ဒဏ္ဍာရီမှ သည် ယနေ့ကာဆီသို့ အတိတ်က နဂါး များ တကျော့ပြန်လာခဲ့ရပြန်ပါပြီ

သမိုင်းစဉ်များကို လေ့လာကြည့်ကြလျှင် တနင်္သာရီနှင့် နဂါးအမှတ်သားကို ခွဲခြား၍ မရနိုင်ချေ။  ထားဝယ်လူမျိုး တနင်္သာရီ သားများအနေဖြင့် တော်ဝင်နဂါးလှေ တော်၊ နဂါးအလံ၊ နဂါးတံဆိပ်တော် ကို ရှေးခေတ်ကတည်း ဘယ်လောက်အထိ အဘယ်သို့ တန်ဖိုးထား အသုံးပြု ခဲ့ကြ သည်ကို လေ့လာကြည့်လျှင် ရှေးခေတ် ကုန်သွယ်ဖလှယ်ရာ တနင်္သာရီ နေပြည် တော်ထုတ်ဟု ယူဆထားသော ရှေး ဟောင်း အမွေအနှစ် တနင်္သာရီ  ခဲဒင်္ဂါး ပါ သင်္ကေတက အထင်ကရပင် ဖြစ်သည်။

တနင်္သာရီဒင်္ဂါးဟု ဆိုလိုက်တာနှင့် အရွယ် အစားများ ပုံသဏ္ဌာန်များက သီးခြား ပေါ် လွင်သည်။ The Coins of Arkan, of Pegu and of Burma (Feb 1882) ဆောင်းပါးကို ရေးသားသူ ဆာအာသာ ဖယ်ရာ (A.P Phayre) သည် တနင်္သာရီမှ တနင်္သာရီ ဒင်္ဂါး အမျိုးမျိုးကို စုဆောင်း လေ့လာပြီး တနင်္သာရီဒင်္ဂါးများသည် ကိုး ကွယ်သည့် ဘာသာအယူအဆနှင့် ဆက်နွယ်မှုရှိကြောင်း ဆက်စပ်ပေါင်းကူး မှတ်တမ်း တင် ခဲ့သည်။

ဆာအာသာ ဖယ်ရာ (A.P Phayre) ကဲ့သို့ ပင် ဆာရက်ချက် တင် ပယ် (R.C Temple) ကလည်း မန္တလေး ဗြိတိသျှ တပ်မတော်နှင့်အတူ ၁၈၈၅- ၁၈၉၂ ခုနှစ် များအတွင်း ရှေးခေတ် တနင်္သာရီပြည် နဂါးတံဆိပ် ဒင်္ဂါးများ အကြောင်းကို အချက်အလက် စုဆောင်း ရေးသားခဲ့သူ တစ်ဦးပင် ဖြစ်သည်။

ဒင်္ဂါး အဝိုင်းများ ရှိသကဲ့သို့ ထူးခြားချက် အနေဖြင့် ရှစ်ထောင့်ပုံသဏ္ဌာန်တနင်္သာရီ ဒင်္ဂါးပြားများကို တွေ့ရသဖြင့် အလေး ထား မှတ်တမ်း ပြုခဲ့ကြသည်။

တနင်္သာရီ ဒင်္ဂါးများတွင် နဂါးလှေတော် ပုံသဏ္ဌာန် ဆောင်သော နဂါးရစ်ခွေပုံနှင့် ဦးခေါင်း တော်မှာ ကြာဖူးလေး ကိုက်ချီ ထားသော သင်္ကေတအား စက်ဝိုင်းဖြင့် ဝိုင်းပတ်ထား ပြီး ပတ်ပတ်လည်တွင် တနင်္သာရီ နေပြည်တော်၏ အရန်မြို့ ၃၂ မြို့ကို ကိုယ်စားပြုသည်ဟု ယူဆရသော အစက် အသေးလေးများ ၃၂ ခု ပါဝင် ပုံဖော် ထားသည်။ နောက်ကျောဘက် တွင်လည်း ရှေးဟောင်း အက္ခရာစာသား အရေး အသားများ ပါရှိသည်။

ထိုဖော်ပြချက်များနှင့် စပ်လျဉ်း၍ နဂါး သည် တနင်္သာရီသား၊ထားဝယ် လူမျိုးတို့ အတွက် မပါမဖြစ် မရှိမဖြစ်သော မြို့ တည်သမိုင်း အစဉ်အလာကို ဂါရ၀ပြု ထားသည့် သဘော ဖြစ်ပြီး ကြာဖူး ကိုက် ချီထားသည်ကို ကြည့်ခြင်းဖြင့် ဘာသာ တရား ယုံကြည် သက်ဝင်ခြင်းနှင့် ငြိမ်း ချမ်းရေးကို ဖော်ညွန်း ထားခြင်း ဖြစ်သည် ဟု ယူဆရသည်။

ရှေးခေတ် တနင်္သာရီသားတို့၏ အနုပညာ ဆန်းသစ်မှုနှင့် စိတ်ကူးစိတ်သန်း အင်မ တန် ကောင်းမွန်ခြင်းကို ဖော်ညွန်းနေ သည့် ပြယုဂ်တစ်ခုဟု ယူဆရပေမည်။ ပြတိုက်အတွင်းဘက်တွင်လည်း တနင်္သာရီတိုင်းအတွင်း နေရာ အလိုက် တွေ့ရှိရသော ဒင်္ဂါးများကို ပုံ သဏ္ဍာန် အမျိုးမျိုးဖြင့် နှိုင်းယှဉ် ဖော်ပြ ထားသည် ကို လေ့လာနိုင်သည်။

ဒင်္ဂါး အများဆုံး တွေ့ရှိရာ အဓိက နေရာ များ မှာ သာဂရမြို့ဟောင်း၊ ဝေဒီမြို့ ဟောင်း၊ ထားဝယ်နှင့် တနင်္သာရီမြို့ ဟောင်းဟူ၍ ဖော်ပြထားပြီး ရွှေ၊ ငွေ၊ ကြေးတို့ဖြင့် သွန်းလုပ်ခြင်းမျိုးမဟုတ်ဘဲ တမူထူး ခြားစွာ ခဲမဖြူ၊ အဖြိုက်နက်၊ ခဲမပုတ် တို့ဖြင့် သွန်းလုပ်ကြောင်း ဖော်ပြ ထား သည်။ အခြားဒေသများမှာ တွေ့ ရသော ဒင်္ဂါးများထက် အရွယ် အစားကြီး သည်။

အဓိက ရှေးအကျဆုံးဟု ယူဆရသော ဒင်္ဂါးများကို ဝေဒီမြို့ဟောင်းမှ အများဆုံး ရရှိပြီး အရှေ့ မျက်နှာစာတွင် စပါးနှံ ကိုက်ချီဟန် ငှက်သဏ္ဌာန် ငှက်ရုပ် တစ်ခု ပါရှိသည်။ ကျောဘက်မျက်နှာစာ ဖောင်း ကြွအဝိုင်းထဲတွင် ယနေ့တိုင် ဖတ်လို့ မရသေးသော ရှေးဟောင်းအက္ခရာ စာ လုံးများကို တွေ့ရသည်။

ရှေးဟောင်း အာရှ ဒင်္ဂါးများကို လေ့လာ သုတေသန ပြုခဲ့သည့် ဆာအာသာဖယ် ရာနှင့် ဆာရစ် ချက်တင်ပယ်တို့က ထို ဒင်္ဂါးကြီးများကို တနင်္သာရီတံဆိပ်တော် ဟု မှတ်တမ်းပြု ကြောင်း ဖော်ပြထား သည်။

ထိုဒင်္ဂါးသည် ပုံစံခွက်ထဲ လောင်းဟန်ရှိ၍ မိုထက်သွန်း လုပ်သော ဒင်္ဂါးများထက် ပို၍ ရှေးကျသည်ဟု ပြတိုက် ရှင်းလင်း ချက် တွင် ဖော်ပြထားသည်ကို လေ့လာ နိုင်သည်။ အခြားသော ဒင်္ဂါးတစ်မျိုးမှာ ဒင်္ဂါး တစ်ဖက်တွင် တိုးနယားပုံကို စက်ဝိုင်းနှင့် ဗိန္ဒုပြောက်များဖြင့် ဝန်းရံကာ ကျောဘက်တွင် အလယ်၌ စက်ဝိုင်းနှင့် လှည်းဘီးစကြာပုံ ကြားတွင် ” မဟာသုခံ ဏာ ဂရံ” (ကြီးကျယ် ချမ်းသာသော မြို့ပြ နိုင်ငံ)ဟု ရေးထိုးထားသည်ကို မှန်ဖြင့် ပြောင်းပြန် ဖတ်ရှုနိုင်ပါသည်။

ဤဒင်္ဂါး အမျိုးအစားကို အင်းဝ ဒုတိယ ခေတ်မွန်တို့ မအုပ်ချုပ်မီ ကာလအထိ သုံး စွဲခဲ့ကြောင်း ဖော်ပြထားသည်။နောက်ဒင်္ဂါး တစ်မျိုးမှာ ညောင်ရမ်း ခေတ် မွန်တို့ အုပ်ချုပ်သော ကာလက ထုတ်လုပ်ခဲ့ သော ဒင်္ဂါးဖြစ်ပြီး တစ်ဖက် တွင် တဝဲ  ဟူ၍ လည်းကောင်း၊ ကျောဘက် တွင် ဟင်္သာ သပြေညွန့် ကိုက်ချီဟန် ဖြင့် လည်းကောင်း တွေ့ရ သည်။ ” မဟာသုခံ ဏာဂရံ” စာတန်း ပါသော ဒင်္ဂါးအများစု သည် တိုးနယား တံဆိပ်နှင့် ကြက်တံဆိပ် များပါပြီး ခဲမဖြူ ဖြင့် သွန်း လုပ်ကြောင်း နှင့် ဒင်္ဂါးသွန်း လုပ်ရာတွင် အသုံးပြုသော မိုဟု များကိုလည်း လေ့ လာတွေ့ ရှိရ သည်။

ထို့အပြင် တနင်္သာရီမြို့ဟောင်းတွင် တွေ့ ရှိရသော တနင်္သာရီနဂါးတံဆိပ်ပါ ဒင်္ဂါး အများစုမှတဆင့် တနင်္သာရီနှင့် နဂါး၊ ဆက်စပ်မှု ရှိသည့် တနင်္သာရီ သမိုင်း ကြောင်း အခြေခံများကို ကြည့်ရှု လေ့လာ ၍ သုံးသပ်ခန့်မှန်းဖို့ လိုအပ်ပါသည်။

ထိုသို့ သုံးသပ်နိုင်ရန်လည်း တနင်္သာရီ သမိုင်း အခြေခံအားဖြင့် မြန်မာ သက္ကရာဇ် ၅၁၄ အောင်သာဝရ မြို့ တည်မှုမှ အခြေ ပြု၍ ၅၁၅ခုနှစ်မှ စတင် ခဲ့သော တနင်္သာရီ ရိုးရာ နဂါးလှေ တော်သမိုင်းလာ မြို့တည် ရာတွင် ပါဝင်ကူညီသော နဂါးမင်းကြီးကို ရည်ညွန်း ဂုဏ်ပြုသောအားဖြင့် နဂါးလှေ တော်၊ နဂါးအလံ၊ နဂါးတံဆိပ်တော် သုံးစွဲ မှုနှင့် ဆက်စပ်နိုင်သလို နောက်ထပ် တဆင့် တက်၍ ထိုထက်စောသော ပျူခေတ် ဒင်္ဂါးများအထိတိုင် ပြန့်ကား လေ့လာနိုင် ရန်အတွက် တနင်္သာရီဒင်္ဂါး များ သည် သမိုင်းအချိတ်အဆက် သက် သေတစ်ခု ဖြစ်လာနိုင်စရာများ ရှိနှင့်နေပါ သည်။

ထို နည်းတူပင် ဒေါင်းငှက်၊ ဟင်္သာ၊ တိုး နယားကောင်၊ ကြက်စသော သင်္ကေတ ပါသည့် တနင်္သာရီတိုင်းဒေသကြီး၏ ရှေးဟောင်း မြို့ဟောင်းများမှ ရရှိသော ဒင်္ဂါးများကိုလည်း သမိုင်းကြောင်း ဆက် စပ်၍ အထူးမှတ်တမ်းပြု လေ့လာထားဖို့ လိုအပ်ပါသည်။ တတ်အားသရွေ့လည်း လေ့လာ ပြုစုနေပါသည်။အခြေခံ သမိုင်း သိမှ တန်ဖိုးမြင့်၍ လူမျိုး နှင့် ယဉ်ကျေးမှု ဂုဏ် လည်း မြှင့်တင်ရာ ရောက်ပေသည်။

တကယ့် တနင်္သာရီတိုင်းအမည် ဆင်း သက်လာသော တနင်္သာရီ နဂါးလှေ တော် အခြေခံသမိုင်းကို တနင်္သာရီ တိုင်း သား မှန်ရင် သိကို သိရမည်ဖြစ်သလို ပြတိုက်တွင်လည်း နဂါးလှေတော်ပွဲတော် နှင့် ပတ်သက်သော အချက်လက်များ၊ ပွဲတော် မြင်ကွင်းများကို ဖော်ပြဖို့ သင့် သည်။ ကျွဲခတ်ပွဲ၊ နွားခတ်ပွဲတို့ထက် သမိုင်းအစဉ်လာ မြင့်ပြီး အထင်ကရဖြစ် သော နဂါးလှေတော်ကျင်းပမှု မြင်ကွင်း များကိုမူ တစ်နေရာ တစ်ကွက်စာမျှပင် မဖော်ပြထားသဖြင့် တနင်္သာရီသား တစ် ယောက်အနေဖြင့် အထူးစိတ်မကောင်း ဖြစ်ရသေးသည်။

တနင်္သာရီရိုးရာ ခေါသရပ်ပွဲ မြင် ကွင်း၊ မြစ်ဆုံ ဆီမီးမျှောပွဲဓလေ့၊ တနင်္သာရီ ရိုးရာ လူကျားအက၊ နန်းတွင်း ဖျော်ဖြေမှု စတင်ခဲ့သော အဆို အက အတီးသုံးမျိုး စပ် တနင်္သာရီရိုးရာ ဂေါင်စည်တော်အက (ဗျိုင်းတောင်အက)၊ တနင်္သာရီမြို့နယ် အတွင်း သဘာဝကျောက်တောင်၊ ခြေ တော်ရာတောင် စသော ရှုခင်းအလှ မြင် ကွင်းများကိုလည်း ဖော်ပြပေးနိုင်ဖို့ လိုအပ် နေပါသေးသည်

တနင်္သာရီတိုင်းဒေသကြီး ယဉ်ကျေးမှု ပြတိုက်(ထားဝယ်)အတွင်းတွင် တနင်္သာရီမြို့မှ ရှေးဟောင်းအမွေအနှစ် တော်တော်များများကို ခင်းကျင်းပြသ ပါဝင်နေသည့်အတွက် များစွာ ဂုဏ်ယူ မိပါသည်။ နှလုံးသားနှင့်ထုဆစ်ပြီး ယဉ် ကျေးမှု တည်တံ့ဖို့အရေး အမွေအနှစ် ပစ္စည်းများကို ပါဝင် လှူဒါန်းပေးခဲ့ကြ သော တနင်္သာရီသားများ၏ ယဉ်ကျေးမှု အလှူအတွက် သာဓုခေါ် မိခဲ့သည်။

ပြတိုက်မှ ခင်းကျင်းပြသထားသော အမွေ အနှစ်များကလည်း တနင်္သာရီတိုင်းရဲ့ ယဉ်ကျေးမှု အစဉ်အလာကို ကိုယ်စားပြု ရင်း သမိုင်းအရှိန်မြှင့် အမျိုးဂုဏ်ဝင့် အောင် ထပ်ဆင့် ဖော်ထုတ် ပေးမည့် ပညာရှင်များကို ရှာပေးမည့် အညွန်း အဖြစ် ရှိနေကြလိမ့်မည်ဟု မျှော်လင့်မိ သည်။

ဒေသ တစ်ခုအတွင်း တည်မှီနေသော ရိုးရာ ဓလေ့ အစဉ်အလာများနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ် ရာတွင် မျှမျှတတဖြစ်အောင် တိကျသော အချက် အလက်များဖြင့် စုဆောင်း ဖော်ပြ ကြရင်း မထင်မရှားဖြစ်နေသော နယ်မြေ အလှအပများနှင့် ယဉ်ကျေးမှု ဓလေ့ရိုးရာ အမွေအနှစ်ကို လာရောက် ကြည့်ရှုသူ များ ပိုမိုသိရှိပြီး ထိုနယ်မြေသို့ ကိုယ်တိုင် သွားရောက် လေ့လာချင် စိတ်ဖြစ်အောင် ဆွဲဆောင်နိုင်သည်အထိ ဆောင်ရွက်ကြ ရမည် ဖြစ်သည့်အပြင် ထင်ရှားနေပြီဖြစ် သော နယ်မြေများနှင့် အမွေအနှစ်များ ကိုလည်း ပိုမိုသိရှိအောင် စိတ်ဝင်စားဖွယ် တင်ပြရပေဦးမည်။

နဂါးပုံမြင်၍ တနင်္သာရီကဟု ထင်မိသည်
ဟူသော အမြင်လေးနောက်ကွယ်တွင်
တနင်္သာရီနှင့် နဂါး ဆက်စပ်ပုံများကို ဖော်ပြရလျှင် ဝေးလွန်းလှသည် ရာဇဝင် လာများကို ခတ္တထား၍ မဝေးလှသော ကိုယ်တွေ့ အဖြစ်များအကြောင်း ဖော်ပြ ပေးပါမည်

၁၉၉၆ ခုနှစ်ရေး နဂါးသိုက်အကြောင်း  ဆောင်းပါးတစ်ပုဒ်ကို အကြောင်းပြု၍ တရုတ်နိုင်ငံမှာ စာရေးဆရာတစ်ဦးမှ ဆောင်းပါးရှင်နှင့် လာရောက် အင်တာဗျူး ၍ သူမြင်တွေ့ခဲ့ရပုံများကို ပြန်လည် အတည်ပြု ရေးသားထုတ်ဝေနိုင်ခဲ့ပါသည်

ထိုတရုတ်စာရေးသူရေးသားချက်တွင် သူသည် လေယဉ်ဖြင့် လာစဉ် တနင်္သာရီ နဂါးသိုက် ရှိရာ အပေါ်မှ ဖြတ်သွားစဉ်
နဂါးလိုလို နယားလိုလို သတ္တဝါကြီး နှစ်ကောင် ရေပေါ်တွင် ဆော့နေကြသည်
ကို မြင်ခဲ့ရကြောင်း သို့သော်လည်း သူ၏စိတ်တွင် ယုတ္တိမတန်ဟုယူဆကာ သူ အမြင်မှားခဲ့ဟန်သာ ဖြစ်မည်ဟု ယူဆ ခဲ့ကြောင်း ယခုအခါ မြန်မာဆောင်းပါးရှင် ရေးသော ဆောင်းပါးလာ အချက် အလက်များနှင့် သူတွေ့မြင်ခဲ့ဖူးသည့် အချက်အလက် တို့သည် အံ့သြလောက် ဖွယ် တူညီလျက်ရှိကြောင်း တို့ကို ရေး သား ဖော်ပြခဲ့ပါသည် (ဆောင်းပါး မူရင်း အသေးစိတ်ကို သီးခြား ထပ်မံဖော်ပြပေး ပါမည်)

နောက်ထပ် ဖြစ်ရပ် တစ်ခုက နဂါးတို့ကို
တွေ့မြင်ပြီး အကြောက်လွန်ကာ ရူးသွပ်ခဲ့ ရသော ဆလုံသားအဖ နှစ်ဦးအကြောင်း
ပါ ဒါက ကျွန်တော်ကိုယ်တိုင် မေးမြန်း ထားတဲ့ အချက်အလက်တွေပါ

ဆလုံသားအဖ နှစ်ဦးတွင် အဖေဖြစ်သူမှာ ဆေးပြန်ကုထား၍ လုံးဝ လူကောင်း ဖြစ် နေပါပြီ ကလေးငယ်ကား ပြန်မကောင်း သေးပေ

ထိုသားအဖနှင့် ဆုံရပုံမှာ ကျွန်တော်သည် ကျွန်တော်မိတ်ဆွေ တစ်ဦးဖြင့် ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ တရုတ်ဘုံကျောင်း တစ်ခု သို့ အဖော်အဖြစ် လိုက်ပါသွားခဲ့ရာ အကြောင်းဆုံလာ၍ ဖြစ်မည်ထင်ပါသည်

ထိုဆလုံသားအဖသည်လည်း ဘုံကျောင်း တွင်းသို့ ရောက်လာခဲ့သည် ဘုံကျောင်း တွင် ရုပ်တုပြုလုပ်ထားသော နဂါးရုပ်ကြီး နှစ်ကောင်ကို မြင်သည် ရှိသော် ဆလုံ သားလေးသည် ဒီကောင်တွေပဲ ဒီကောင် ကြီးတွေပဲ ဟု ဆိုကာ နဂါးရုပ်များကို လက်ညှိုးထိုး၍ ငယ်သံပါအောင် အော် ကာ ဘုံကျောင်းအတွင်း ပတ်ပြေးလေ တော့သည် အဖေဖြစ်သူနှင့် ကျွန်တော် တို့လည်း ကလေးကို လိုက်ထိန်း၍ ချော့ မော့ကာ နဂါးရုပ်များကို မမြင်ကွယ်ရာ
အခန်းတွင်းသို့ ထားရသည်

သို့သော်လည်း ကလေးငယ်ပါးစပ်မှု ဒီကောင်ကြီးတွေပဲ ဒီကောင်ကြီးတွေပဲဟု ဆိုကာ တတွတ်တွတ် အဆက်မပြတ် ရေရွတ်လျက်သာ ရှိပါသည် ထူးဆန်း လွန်းသဖြင့် ကျွန်တော်တို့လည်း အဖေ ဖြစ်သူအား ကလေး၏ အကြောင်းစုံကို
မေးမြန်းတော့သည်

ဆံလုံကြီး၏ ပြောပြချက်အရ ကလေး ငယ်ရူးသွပ်ခဲ့ရပုံအကြောင်းနှင့် သူကိုယ် တိုင်ပါ ဆေးကုထား၍ အရူးကောင်းသည် မှာ နှစ်နှစ်ခန့်သာ ရှိသေးကြောင်း သိရ သည်

သူပြောပြသည်မှာ ဆလုံတို့၏ သဘာဝ ပင်လယ်ပျော်များ ဖြစ်ရာ ပင်လယ်တွင်း ငါးမျှားနေရင်း သူတို့နှင့် သိပ်မဝေးလှတဲ့ နေရာတွင် အစပထမ ပယ်လယ်ရေများ ဆူတက်လာကြောင်း ထိုရေဆူနေရာ နေရာများ အတွင်းမှ ဘုံကျောင်းမှ နဂါး ရုပ်တုသဏ္ဍာန် အကောင်ကြီးနှစ်ကောင်
တဖြည်းဖြည်းပေါ်လာပြီး ရေပေါ်တွင် တစ်ကောက်နှင့် တစ်ကောင် ဆော့နေကြ
ကြောင်း ထိုအကောင်ကြီးတွေကို ကြည့် ရင်း ကြည့်ရင်းကပင် ပထမ ကလေးငယ် သည် သွေးပျက်ကြောက်လန့်ပြီး စတင်၍ ရူးသွားခဲ့ကြောင်း သူလည်း ကလေးငယ် ကို ထိန်းရင်းထိန်းရင်း သူပါ ရူးသွပ်သွားခဲ့ သည် ဖြစ်ကြောင်း ပြောဆိုပါသည်

ထိုအကောင်ကြီးများ အရွယ်အစားက မည်မျှလောက် ရှိသည်ကို မြင်ရသနည်း
ဟူသော အမေးမျိုးမေးသော် သူကိုယ် တိုင်ပင် ပမာဏပြ၍ မပြောပြတတ်တော့
ပေ သို့သော် သူပြောသည်မှာ မျက်လုံး များမှာ ပန်းရောင်လည်းမဟုတ် အနီ ရောင် စစ်စစ်လည်းမဟုတ် ကြားထဲ က အရောင် တစ်ခုပုံစံဖြစ်ပြီး မျက်လုံး၏ ပမာဏသည် တစ်တောင်နီးပါး ရှိသည့် အကြောင်း လက်ဖြင့် တိုင်းပြပြီး ပါးစပ်လဲ ပြော လက်ဟန်ဖြင့်လည်း ပြ၍ အမူအရာ ဖြင့် ပြသပြောဆိုလေသည်

ထိုဖြစ်ရပ်တွင် ယုံရခက် မယုံရခက် ရှိ သည် ဖြစ်သော်လည်း ကျွန်တော့်အနေ ဖြင့် ယတိပြတ် ငြင်းချက်ထုတ်ရန်လည်း မဝံ့ရဲချေ ဆလုံဟူသည် ပင်လယ် မကြောက်သည့် ရေဘုရင်များ ဖြစ်ကြရာ
ပင်လယ်သတ္တဝါ ရိုးရိုးသာမာန်အကောင် ကိုမြင်ရရုံဖြင့် ရူးသွပ်သွားလောက်အောင် သွေးပျက်ဖို့ရာ မရှိနိုင်ပေ မျက်လုံးသည် ပင် တတောင်နီးပါး ရှိသည့် သတ္တဝါ၏ အရွယ်အစား မည်မျှရှိမည်ကို သူမပြောပြ တတ်တော့သည်မှာလဲ သဘာဝကျကျ ကိစ္စ တစ်ခုသာ ဖြစ်နေလေတော့ မှတ်စု တစ်ခု အနေဖြင့် သိမ်းထားခဲ့ရသည် မယုံ ဟု ဆိုကာ ပစ်ချလိုက်ဖို့ အကြောင်းပြ ချက်က မခိုင်လုံပေ

ဤဖော်ပြပါ အချက်အလက်များနှင့် ရာဇဝင် သမိုင်းလာ အချက်များသည် မသွေမစောင်း တည့်မတ်လွန်းနေသဖြင့် နောက်များတခါ အတည်ပြုနိုင်စရာ အထောက်အထား ရရှိသည် ရှိသော် အသုံးချနိုင်ရန် အလိုငှာ တနင်္သာရီတိုင်း နှင့် နဂါး ထားဝယ်လူမျိုးတို့နှင့် နဂါး နန်းတော် အကြောင်း အကျဉ်းမျှ မှတ် တမ်းထားအပ်ပါသည်



0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်