==============
မြန်မာဆိုတာ ဟုတ်သလား ဟိန္ဒူလူမျိုး ဆိုတာ ဟုတ်သလား ဘယ်ဟာက အမှန်လဲ
ဗုဒ္ဓက မြန်မာလဲ မဟုတ်ဘူး ဟိန္ဒူလဲ မဟုတ်ဘူး နှစ်ခုစလုံး အမှားတွေပါ
ဗုဒ္ဓက သကျ = သာကီမျိုးပါ
သကျ သာကီ ဆိုတာ ဘာလူမျိုးလဲ
သကျ သာကီ ဆိုတာ သကျ သာကီပါဘဲ သကျလူမျိုး လို့ ခေါ်တယ် ခုချိန်ထိ နီပေါ မှာ လူမျိုးစုလိုက် ထောင်ဂဏန်းနီးပါး ရှိနေကြတုန်းပါပဲ နီပေါ တိုင်းသားရင်း အစုဝင်တွေကို လေ့လာကြည့်ရင် သိနိုင် ပါတယ်
တခါကတောင် သကျလူမျိုး လူငယ် တစ်ဦးနဲ့ သီတဂူ ဆရာတော် အမေး အဖြေ လုပ်ထားတာ ရှိသေးတယ် ၁၉၉၇
က ထင်ပါတယ် ဆရာတော် အဲဒီမှာ တရားသွားဟောတော့ သကျမျိုး လူငယ်လေး တစ်ယောက် ထမေးသွား တာ အထင်အရှားပါပဲ
တောပြောတောင်ပြောနဲ့ စောက်တလွဲ သမိုင်းတွေ ရေးမလာကြပါနဲ့ ဟိုလူကြီးက လဲ ခပ်တည်တည်နဲ့ ဗုဒ္ဓက မြန်မာ ဆိုပြီး ဘုရားနဲ့ အမျိုးစပ်ပြ လိုက်သေးတယ် ရီရ တယ် ပေါက်တတ်ကရ တော်တော်နိုင်တဲ့ လူတွေ
ဗုဒ္ဓသမိုင်းကို ပြောရင် မဟာဝံသ ဒီပဝံသ နဲ့ ရှင်မဟာဗုဒ္ဓဃောသ ပေါက်တတ်ကရ ရေးခဲ့တာတွေ ပြောရတော့မှာ ပြဿနာ မဖြစ်ချင်သေးလို့ အေးအေး နေနေတယ်
မြန်မာနိုင်ငံမှာ ဖြစ်ရတာက တော်တော် ဆိုးတယ် ဗုဒ္ဓဃောသကို ထိရင် ထောင် ထဲသွား ဆိုတာလိုမျိုး ဖြစ်နေတာ သမိုင်း ပညာနဲ့ ဆိုရင်တော့ မြန်မာတော်တော် များများ ဒီလို တဖက်ပိတ် စိတ်ဓါတ်လေး တွေ ပြင်ဖို့ အတော်လိုသေးတယ်
ဒီလိုပြောလို့ မနာနဲ့ အဲဒါအမှန်ပဲ
ကျွန်တော် ဘာသာရေးအရ ဓမ္မပိုင်းကို ဘာမှ မပြောဘူး ပြောစရာလဲ မရှိဘူး ဒါပေမယ့် ဝံသ ဆိုတဲ့ သမိုင်းပိုင်းကတော့ သင်္ဂါယနာတင် ကျမ်းတွေလည်း မဟုတ် တော့ အားမနာပါဘူး ပိုကောင်းစေလိုတဲ့ စေတနာသာ ရှိတယ် စံချိန်မှီသာ ဖြစ်စေ ချင်တယ် တခါတုန်းကတော့ ဒီပဝံသထဲ က တလွဲတချော်တွေ အကြောင်းပါးပါး လေး ရေးခဲ့ဖူးတယ်
တကယ်က မဟာဝံသ ဒီပဝံသ ဆိုတာ သမိုင်းကျမ်း တစ်ခုပါဘဲ အသစ်တွေ့ရှိ ချက်တွေနဲ့ မကိုက်ညီတာ အချို့ကို ပြုပြင်ဖို့ လိုအပ်ပါတယ် ဒါမှလည်း စံချိန်မှီပြီး အမှားရှင်း မှာပေါ့ ဒီဟာက ဓမ္မ ကို ပြုပြင်တာလဲ မဟုတ်ပါဘဲ ဒါကို နားလည်တတ်ဖို့ လိုပါတယ် ဒါတွေ ဒါတွေက လွဲနေတယ် ဆိုရင် အဲနားလေး ပြင်လိုက်ရုံပါပဲ အကုန်အသစ် ပြန်ရေးဖို့ လည်း လိုတာ မဟုတ်ပါဘူး သမိုင်းကျမ်း တစ်ခုဟာ သမိုင်းပညာ သဘောအရသာ
ရှုမြင်လက်ခံသင့်ပါတယ်
ပြင်ဆင်ပြုပြင်မှု မလုပ်ဘဲ ထားတာဟာ
ရှေးကျမ်းပြုတွေကို စော်ကားတာပါ သူတို့ သိသလောက် ကျောရိုးရေးထားပေးခဲ့ တယ် အသစ်တွေ့လာတယ် သဘာဝ ယုတ္တိ ကျတယ် ဆိုရင် ပြင်ကို ပြင်ရမှာပါ
ဘုရားဟော မဟုတ်တဲ့ဟာတွေ ဆိုတာ သတိချပ်သင့်ပြီး အမှားတွေကို ပယ်ချ တန် ပယ်ချသင့်လှပါတယ် ဖြစ်သင့် ဖြစ် ထိုက်တာကိုသာ ယူရမှာပါ သူများက ခုချိန်မှာ ကမ္ဘာပြားတယ် ပြောနေတာကို ထိုင်ရီနေရုံနဲ့ မရတော့တဲ့ ကာလပါ
ဆရာတော်သံဃာတော်များ ပညာရှင်များ သိပြီးသားပါ ဘယ်နေရာတွေမှာ ချွတ် ချော်နေတယ် ဆိုတာတွေ ထောက်ပြနေ စရာကို မလိုပါဘူး Phd ဘွဲ့အတွက် စာတမ်း အဖုံဖုံ ရေးလိုက်ကြတာမှ ပလူပျံ နေတယ် ဒါပေမယ့် အဲဒီ သုတေသန စာတမ်းတွေဟာ မဟာဝံသထဲလည်း မရောက်ဘူး ဒီပဝံသထဲလည်း မရောက် ဘူး သီးခြား အပြင်မှာသာ ဖြစ်နေကြတာ
စိတ်မကောင်းစရာပါ ဒါစာတမ်းတွေကို အမှားတွေ နေရာမှာ အစားထည့် ရိုက်နှိပ် ပြီး ပြန်လည်တည်းဖြတ် သင့်လှပါတယ်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်