အပိုင်း(၁) တွင်
ကြောင်ပန်းတောရဆရာတော်ကြီးနှင့် ကြောင်ပန်း တောရဝါဒဝိနိစ္ဆ ယ ၊
မိုးကုတ်ဆရာတော်ကြီးနှင့် မိုးကုတ် ဝိနိစ္ဆယ အကြောင်းများ အဓိက ပါဝင်သည်။ ဓမ္မာစရိယဦးဌေးလှိုင်၏
ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်၊
မြန်မာနိုင်ငံ၊ သာသနာရေးဦးစီးဌာနထုတ် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၃)
နှင့် အမှတ် (၁၂) တို့ ၏ ကြောင်ပန်းတောရဝိနိစ္ဆယစာအုပ်၊ မိုးကုတ်ဝိနိစ
္ဆယ စာအုပ်တို့ ကို လေ့လာဖတ်ရှု အကိုးအကားပြုပြီး ရေးသား ခဲ့ခြင်းဖြစ် သည်။သူတော်ကောင်းများကို အရေးအသားအားဖြင့် စော်ကားပုတ်ခတ် စွပ်စွဲခြင်းမျိုး မဖြစ်အောင်
ပုဂ္ဂိုလ်ရေးဆိုင်ရာများ ကို ရှောင်ပြီး အယူအဆ ဆိုင်ရာကို သာရေးသားသည်။ အဆိုပါ ဆရာတော်ကြီးများ၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာများကို
တရားဝင် ထုတ်ဝေသော စာအုပ်ပါအကြောင်းများ မှအပ ပိုပိုလွန်လွန် သိထားခြင်းလည်း
အလျဉ်းမရှိပါ။ ဆရာတော်ကြီးများ၏ အရှိန်အဝါ၊ ထင်ရှားကျော်ကြားမှုကို မနာလို မရှုစိမ့် ၍
ရေးသားသည်ဆိုရအောင်လည်း ဆရာတော်ကြီးများကို မျက်မြင်ကိုယ်တွေ့ သိမှီ ဖူးမြင် ခဲ့ရခြင်းလည်း မရှိ၊
သက်ဆိုင်ရာ တပည့်တပန်းများနှင့်လည်း အဆက်အစပ်ရှိသူ မဟုတ်ပါချေ။ ချစ်ခင်ကြည်ညိုခြင်း၊
မုန်းတီးခြင်း၊ မသိနားမလည်ဘဲ ဝင်စွက်ခြင်း၊ ကြောက်ရွံ့ခြင်းများကြောင့် အဂတိ
ခေါ်"ဘက်လိုက်စရာ " အကြောင်းများလည်း အလျဉ်းမရှိ၍ သာစေ
၊နာစေ လိုခြင်းများ ကင်းရှင်း၏--။
ယထာဘူတ ကျကျ အရှိကို အရှိအတိုင်း တင်ပြရေးသားခြင်းသာ ဖြစ်ပေသည်။
အချို့က
"ဗုဒ္ဓဘာသာနှင့်ပတ်သက်လာလျှင် စေတနာအရင်းခံဖြင့် အမှန်တရားဘက်မှ
ရပ်တည်မည်" ဟု ဖြစ်၏။ သိုပေသော် လည်း "အပြောကတော့ ရွေမန်း၊
အကမှာတော့ချိုမိုင်မိုင်" ဆိုစကား ပမာ ရည်ရွယ်ချက်ကောင်းသော်လည်း လက်တွေ့ တွင် အခြေအနေ မလှကြောင်းကိုသာ
ပီပီပြင်ပြင်တွေ့ ရ၏။
ဓမ္မာစရိယဦးဌေးလှိုင်မှသည် သီးခြားဝိနည်းဓိုရ်ခုံရုံးတော်သို့ (၁) တွင် ကြောင်ပန်းတောရဝါဒနှင့် ပတ်သက် ၍ ဖော်ပြပါအတိုင်း
ရေးခဲ့၏။ "စာပေနည်းအရဖြစ်စေ၊ လက်တွေ
့အားထုတ်နည်းအရဖြစ်စေ စိတ်သည်မှီရာအာရုံနှင့်မကင်း-----။ အာရုံနှင့်အာရမ္မဏိကဟု အတွဲစကားလုံး ရှိသည်။
မြင်သိစိတ် ဝီထိဖြစ်စဉ်အရ မျက်လုံးက
တုံးတိုင်ကိုမြင်သောအခါ
တုံးတိုင်သည် အာရုံ၊ မြင်သိစိတ်နာမ်သည် အာရမ္မဏိကဖြစ်သည်။
ကြောင်ပန်း၏ အယူအဆမှာ တုံးသည်ပင်နာမ်
တရား၊ တိုင်သည်ပင် နာမ်တရားဟု တုံးနှင်နာမ်၊ တိုင်နှင့်နာမ်ကို
လုံးထွေးပြောဆိုထားသည်။ ထိုအချက်ကိုထောက်၍ တုံးနာမ် တိုင်နာမ်ဝါဒသည် ၊ ဓမ္မဝါဒမဟုတ် (အဓမ္မဝါဒ) ဟု
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၃) က ဆုံးဖြတ်သည်။ "
ဤသို့ ရေးသားရခြင်းသည် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၃) ၏
ဆုံးဖြတ်ချက်အတိုင်း ရေးသားခြင်း
ဖြစ်၏။ ကြောင်ပန်းတောရဝိနိစ္ဆယစာအုပ် စာမျက်နှာ ၃ဝ၇ မှ ၃၁၆ အထိ
ဝေဖန်စိစစ်သုံးသပ်ချက်အကျယ်၊
စာမျက်နှာ ၄၂၁ တွင် ကြောင်ပန်းကျမ်းစာ အဆိုနှင့် ပါဠိစာပေနှိုင်းယှဉ်ချက်တို
့ကို ကိုယ်တိုင်ကိုယ်ကျ ဖတ်ရှုနိုင်ပါ
၏။
သို့ သော် ဗုဒ္ဓဘာသာနှင့်ပတ်သက်လျှင်
အမှန်တရားဘက်မှ ရပ်တည်မည် ဟုကြွေးကြော်ထားသူကြီးတစ်ဦး ကတော့ သီးခြားဝိနည်းဓိုရ်အဖွဲ
့၏ ဆုံးဖြတ်ချက်ကိုပြောင်းပြန်လှန်ကာ ဖော်ပြပါအတိုင်း ရေးသားထားလေ၏----။
"လောကုတ္တရာအမြင်ကြည်လင်ဆန်းကြယ်မှုဆိုသည်မှာ စာဖြင့်လည်းကောင်း၊
အကျင့်ဖြင့်လည်းကောင်း ပညတ်တင်ခြင်းငှါ မစွမ်းနိုင်သဖြင့်လည်း
အကျင့်ဖြင့် မပေါက် မရောက်နိုင်သူများ၏
အရာမဟုတ်သည်မှာလည်း ငြင်းဖွယ် မရှိစကောင်းပါ။ ပရိယတ်နှင့် ပဋိပတ်ပါပြည့်စုံလုံလောက်သည့် ပုဂ္ဂိုလ်ကြီးများ၏ အရာသာဖြစ်နေသဖြင့်လည်း ချင့်ချင့်ချိန်ချိန်သုခမိန် ဆိုသည့် အတိုင်း ကြောင်ပန်းတောရဆရာတော်၏
တုန်းတိုင် နာမ်တိုင်ကိစ္စကို အဓမ္မ အဖြစ်မဆုံးဖြတ်သည် ကို သတိပြုကြရမည် သာ ဖြစ်ပါသည်။ "
စကားအသုံးအနှုန်းအကြောင်းကို
ဦးစွာပြောလို၏။ ထိုက "တုန်းတိုင်နာမ်တိုင်"ဟု ရေးသားခြင်းမှာ
အလွဲအမှားသာဖြစ်၏။ (သစ်တုံး) တုံးသည်နာမ်၊ (အိမ်တိုင်) တိုင်သည်နာမ်၊
စိတ်၊ ဝိညာဏ်ဖြစ် သည်ဟူသော အယူအဆကို ရည်ညွှန်းပြောဆိုနေသည့် အတွက် "တုံးနာမ်
တိုင်နာမ်"ဟု ပြောမှ မှန်ပေမည်။ သတိပြုရန် ဖြစ်၏။
ဆိုခဲ့ပြီးအတိုင်း "တုံးနာမ်တိုင်နာမ်ဝါဒ" သည်
အဓမ္မဝါဒဖြစ်ကြောင်း သီးခြားဝိနည်းဓိုရ်အဖွဲ့ ၏ ဆုံးဖြတ်ချက်ကို
ကိုးကားကာ ရေး ခဲ့၏။ အထောက်အထားအဖြစ် ကြောင်ပန်းတောရဝိနိစ
္ဆယစာအုပ်ကို ကြည့် ရှုကြရန် ဖြစ်ပါ၏။ ထိုသူကမူ
"တုံးနာမ်တိုင်နာမ်ဝါဒ" သည် အဓမ္မဝါဒ မဟုတ်၊ အဓမ္မအဖြစ်ဆုံးဖြတ်ခြင်း မခံရ ဟု အတိအလင်းရေး၏။ အထောက်အထား၊ အကိုးအကားမရှိဘဲ
"ငါ့စကားနွားရ"ပြောခြင်းသာ ဖြစ်၏။
ဗုဒ္ဓဘာသာနှင့်ပတ်သက်လျှင် အမှန်တရားဘက်မှ ရပ်တည်မည်ဟု ပြောခြင်းမှာ
အပြောသက်သက် မျှသာဖြစ်ကြောင်း ဤ အချက်ဖြင့်ပင် ငြင်းမရအောင် ထင်ရှား၏။ ထိုသူသည်
အမှန်တရား (ဓမ္မ) ဘက်မှ ရပ်တည်ရေးသားသူ မဟုတ်၊ အမှားတရား (အဓမ္မ)ဘက်မှ ကာကွယ်ကာ ရပ်တည်ရေးသား
ပြောဆို နေသူသာဖြစ်ကြောင်း ကိုယ်တိုင်ထုတ်ဖော်ဝန်ခံထားခြင်းဖြစ်၏။
တနည်း အဓမ္မဘက်မှ ကာကွယ်သည် မဟုတ်၊
သတိပေါ့ဆရေးသားမိခြင်းသာဖြစ်သည် ဆိုငြားအံ့။ သူသည် "တုံးနာမ် တိုင်နာမ် ဝါဒ"အကြောင်း
သိနားလည်ခြင်း မရှိဘဲ ဝင်ရောက်ဆွေးနွေးသူ "တတ်ယောင်ကား" (Charlatan) တယောက်မျှသာ
ဖြစ်ရာ၏။
ဗုဒ္ဓဘာသာနှင့်ပတ်သက်လာလျှင်
အမှန်တရားဘက်မှ ရပ်တည်မည်ဟု အသံကောင်း လွှင့်ထားသူက
ဝိနိစ္ဆယခုံရုံးတင်ခြင်း၊ ဓမ္မ အဓမ္မဆုံးဖြတ်ခြင်း တည်းဟူသော သံဃာတော်များ၏ ကိစ္စကို ဤသို့ပြက်ရယ်ပြုသေး၏။
"မြတ်စွာဘုရားကိုယ်တော်မြတ်ကြီး
သက်တော် ထင်ရှားရှိနေရင်တောင် ရှေးစကားနဲ့ နောက်စကားတွေ မကိုက်
ညီဘူး၊ ဘယ်တုန်းက ဘယ်လိုဟောပြီး ဘယ်မှာ ကျတော့ဘယ်လိုဟောတာပဲဆိုပြီး သာသနာ့ဝိနိစ
ၦယခုံရုံးကုိ
တောင် တင်ကြမလား မသိဘူးကွယ်၊ အဲဒီလိုဖြစ်နေတဲ့ခေတ်ပါပဲ ဟု ပြောလိုက်ပါသည်။
"
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် သက်တော် ၃၅ နှစ်အရွယ်တွင် ဘုရားအဖြစ်သို
့ရောက်တော်မူ၏။
ဘုရားဖြစ်ပြီးနောက် တရားဦးဓမ္မစကြာသုတ္တန်ကို ဟောတော်မူခဲ့၏။ သက်တော် ၈ဝ
အရွယ်တွင် ပရိနိဗ္ဗာန်စံဝင် တော်မူခဲ့ ၏။ ပရိနိဗ္ဗာန်မစံခင်နာရီပိုင်းအတွင်းမဟာပရိနိဗ္ဗာနသုတ္တန်တရားတော်ကို ဟောတော်မူခဲ့၏။
သက်တော် ၃၅ နှစ် မှသက်တော် ၈ဝ ပရိနိဗ္ဗာန်မစံခင်အထိ ဟောတော်မူခဲ့သော
တရားတော်များမှာ ယခုအခါ မူရင်းစကား "ပါဠိတော်" အဖြစ်တည်ရှိနေဆဲ
ဖြစ်၏။ သက်တော်ငယ်ရွယ်စဉ်ကဟောခဲ့သောတရားများကို သက်ရွယ်တော်ရင့်ခါမှ ဟောခဲ့သောတရားများနှင့်အစားထိုးခြင်းမရှိပါပေ--။
ပုထုဇဉ်လူများတွင်ဖြစ်လေ့ဖြစ်ထရှိသော အတွေးအမြင် ပြောင်းလဲခြင်းမျိုး မြတ်စွာဘုရားတွင်ဖြစ်လေ့လုံးဝမရှိပေ--။ ယင်းမှာ
မြတ်စွာဘုရားရှင်၏ အာဝေဏိကဂုဏ်တော် ပင်ဖြစ်၏။
နတ္ထိ ဆန္ဒဿ ဟာနိ
(အများအကျိုးကိုဆောင်လိုသောဆန္ဒတော်လျော့ပါးခြင်းမရှိ)၊ နတ္ထိ ဓမ္မဒေသနာယ
ဟာနိ (တရားတော်၏ အကျိုးမဲ့ဖြစ်ရခြင်းမည်သည်မရှိ)၊ နတ္ထိ ဝီရိယဿ ဟာနိ
(ကြိုးစားအားထုတ် မှုလျော့ပါးခြင်းမရှိ)၊ နတ္ထိ သမာဓိဿ ဟာနိ(သမာဓိလျော့ပါးခြင်းမရှိ)၊ နတ္ထိ ပညာယ
ဟာနိ( ပညာတော်လျော့ပါးခြင်းမရှိ)၊ နတ္ထိ ရဝါ (သတိပညာအဆင်ခြင်ကင်းစွာဖြင့် မှားယွင်းစွာပြောဆိုပြုမူခြင်းမရှိ)၊
ဟူသော ဂုဏ်တော်များကို သိနားလည်သူဖြစ်က ထိုသူ အနေဖြင့် "ဘုရားရှင်ကိုပင်
ဝိနိစ္ဆယ ခုံရုံး တင်ကြမလားမသိ" ဟု ပေါ့ပေါ့ဆဆ မပြောကြားပေရာ၊ ယခုတော့ မသိနားမလည်မှုကြောင့်
ပြောချင် ရာပြောသူဖြစ်နေ
လေပြီ---။
(မြတ်စွာဘုရားရှင်၏အာဝေဏိကဂုဏ်တော်များကို
နေတ္တိပါဠိတော်၊ စူဠနိဒ္ဒေသပါဠိတော်၊ ပါထိကဝဂ္ဂဋီကာ၊
မူလဋီကာ၊ မဟာဗုဒ္ဓဝင်၊ပဉ္စမတွဲ၊
၇၅ဝ၊ အရှင်ဇနကာဘိဝံသ၏ ဗုဒ္ဓါနုဿတိဘာဝနာ၊ ဓမ္မာစရိယဦးဌေးလှိုင်၏ ရတနာသုံးပါးကျေးဇူး စာအုပ်များတွင် အကျယ်လေ့လာနိုင်ပါ၏။)
လူသားများတွင် အသက်အရွယ်၊ ဗဟုသုတ၊ ပတ်ဝန်းကျင်စသည်ပြောင်းလဲမှုကြောင့်
အတွေးအမြင်ပြောင်းတတ်ပါ၏။ ပညာရှင်တို
့၏သက်ဆိုင်ရာဘာသာရပ်အပေါ် သိနားလည်မှုပြောင်းလဲခြင်းသည်လည်း သိသာထင်ရှား၏။
"ဟိုတုန်းက ရှုမြင်သုံးသပ်ပုံမျိုးနဲ့  အခုဟာနဲ့တော့ တခြားစီပဲ"ဟု
ပြောဆိုတတ်ကြ၏။ ပြောင်းလဲမှုဘာကြောင့်ဖြစ် သနည်း ဆိုလျှင် ဆန္ဒ၊ ဝီရိယ၊ သမာဓိ၊ပညာ အနိမ့်အမြင့်၊
အတက်အကျ ရှိသောကြောင့်ဖြစ်၏။
မြတ်စွာဘုရားရှင်ကား ယင်းကဲ့သို
့မဖြစ်တော့ပြီ။ အဘယ်ကြောင့်နည်း။ ဆန္ဒ၊ ဝီရိယ၊ သမာဓိ၊ပညာတရားများ
အချိုးညီမျှ သွားသောကြောင့် ဖြစ်၏။ အပ္ပမာဒခေါ် သတိလည်းမြဲခိုင်တော်မူပြီ။ယင်းအခြေအနေမျိုးတွင်ရှေ
့စကား နောက်စကား မညီညွတ် တာမျိုး၊ ဟိုနေရာတမျိုးဟော၊ ဒီနေရာတမျိုးဟောသောအကျင့်မျိုး
"အပြောင်းအလဲ"မဖြစ်တော့ပြီ။ ပိဋကတ်တော်ကို အစဉ်မပြတ်လေ့လာ အားထုတ်တော်မူကြသော ရဟန်းတော်များသည်
ရှေ့နောက်မညီ ညွတ်သောစကား စမျိုး ကို တွေ့ မြင်တော်မူခြင်း မရှိကြရကား
အစ၊အလယ်၊အဆုံး ညီညွတ်နေသော ဘုရားစကားတော်ကို ဝိနိစ္ဆယခုံရုံးတင်ရန် မဆိုထားဘိ၊ စိတ်နှင့်ပင်မကြံမိကြလေကုန်--။
အပြောတမျိုး၊ အလုပ်တမျိုးကျင့်နေသူတို့ သာ "ဘုရားရှင်ကိုပင် ဝိနိစ္ဆယခုံရုံး တင်ကြမလားမသိ" ဟု
နုတ်လွန်၊ လက်လွန်ရေးသားပြောဆိုကြ၏။
သီးခြားဝိနည်းဓိုရ်အဖွဲ့ ၏လုပ်ထုံးလုပ်နည်းအရ စောဒက နှင့်စုဒိတက (တရားလို
နှင့် တရားခံ) များသည် တရားစွဲ
စာလွှာ၊ ချေပလွှာများကို ပိဋကတ်စာပေနှင့်အညီ သီးခြားဝိနည်းဓိုရ်အဖွဲ
့ထံ တင်သွင်းခွင့် ရရှိကြ၏။ သီးခြားဝိနည်းဓိုရ် အဖွဲ့ ၏ ဆုံးဖြတ်ချက်ကို လိုက်နာမည့်အကြောင်းလည်း သဘောတူညီချက်ရှိရ၏။
သီးခြားဝိနည်းဓိုရ်အဖွဲ့ က
တရားစွဲစာလွှာ၊ ခုခံချေပ လွှာ များကို စိစစ်သုံးသပ်ကာ ပိဋကတ်စာပေနှင့်အညီ ဓမ္မဝိနယနှင့်ညီ၊ မညီဆုံးဖြတ် ချက်ချ၏။ ကြောင်ပန်းတောရဝါဒနှင့် ပတ် သက်၍ ခုခံချေပလွှာကို
သက်ဆိုင်ရာကြောင်ပန်းတောရဝါဒီ အဆက်အနွယ်များက တင်သွင်းခဲ့ကြ၏။မိုးကုတ်ဝိပဿနာတရားများနှင့် ပတ်သက်၍ သက်ဆိုင်ရာ မိုးကုတ်ဝိပဿနာအဖွဲ့ ချုပ်မှ ဆရာတော်သုံးပါးတို့ က ချေပလွှာတင်သွင်းခဲ့ကြ၏။ သီးခြားဝိနည်းဓိုရ်အဖွဲ့  (၃) က
ကြောင်ပန်းတောရဝါဒ၏ အချို့ အယူအဆများသည် ဓမ္မဝိနယနှင့် ညီညွတ်၍ အချို့ အယူအဆများသည်
ဓမ္မဝိနယနှင့်မညီ
ကြောင်း ဆုံးဖြတ်ချက်ချခဲ့၏။
သီးခြားဝိနည်းဓိုရ်အဖွဲ့ (၁၂) က မိုးကုတ်ဆရာတော်ကြီး၏ ဟောစဉ်တရားများတွင် ပါဝင်နေသော ထေရဝါဒပိဋကကျမ်းဂန်များနှင့် မညီညွတ်သောဟောကြားချက်များကို စာအုပ်ဖြစ်က ဖြုတ်ပယ်ရန် တိတ်ခွေဖြစ် က ပယ်ဖျက်ရန်
အတိအကျညွှန်ပြဆုံးဖြတ်ခဲ့၏။ အချို့ အချက်များကိုလည်း အကောင်းဆုံးဖြစ်အောင်
ပြင်ဆင်ဖြည့်စွက်ပေးထား၏။ တိုင်ကြားသူများက တိုင်တန်းခဲ့သည့်တိုင် အတိုင်ခံရသူများဘက်တွင်
ခုခံချေပပိုင် ခွင့်အပြည့်အဝ ရှိခဲ့ကြောင်း
အကဲခတ်နိုင်ပါ၏။ ဂိုးသမား၏ ခြေ၊လက်တို့ ကို မလှုပ်ရှားနိုင်အောင် တုပ်နှောင်ပြီး
စိတ်ကြိုက်ဂိုးသွင်းခြင်းမျိုးမဟုတ်ကြောင်း လေ့လာတွေ့ ရှိရပါ၏။
ဝိနည်းဓိုရ်အဖွဲ့ ၏အဆိုအရကြောင်ပန်းတောရ ဝါဒတွင် အမှန်ဓမ္မဖြစ်သည့် အချက် ၁၉ ချက်၊ အမှားအဓမ္မဖြစ်သည့်အချက် ၂၂ ချက်
ရှိ၏။ မိုးကုတ်ဝိနိစ္ဆယတွင်
ပြင်ဆင်ရမည့်အချက်၊ပယ်ဖျက်ရမည့် အချက်များစွာ ပါဝင်၏။
ပိဋကတ်စာပေနှင့် ညီညွတ်သည့် အချက်ဖြစ်ကြောင်း အတည်ပြုထားသော အချက်များလည်း ရှိ၏။ သို့ သော် ဖြုတ်၊
ထုတ်၊ဖျက်ပေးမည့် အချက်အလက် များနှင့်နှိုင်းစာလျှင် အမှန်ဖြစ်သော အချက်များ နည်းပါးသည်ကို တွေ့ ရ၏။
အလွယ်ဆုံးနည်းတွေးကြည့်ပါ။ ဝိနိစ္ဆယ ခုံရုံးရောက်ရခြင်းသည်
ဘောလုံးပွဲတပွဲ ပမာဖြစ်၏။ ဘောလုံးပွဲတွင် အင်အား၊ နည်းစနစ်၊
ကျွမ်းကျင်မှု၊ စိတ်ဓာတ်သာလွန်သူသည် နိုင်စမြဲ----။ ကိုယ်ရှုံးလို့ တဖက်အသင်းကို
ပုတ်ခတ်တိုက်ခိုက် အမနာပ ပြောခြင်းသည် ကိုယ်ညံ့ဖျင်းကြောင်း ပြောစရာပင် မလိုချေ။
ကိုယ်ညံ့လို့ ကိုယ်ရှုံးသည် ဟုသာ အမှန်ကို မြင်တတ် ရမည်။ နောက်တကြိမ် အလားတူ အရှုံးမျိုးမကြုံအောင်
ပြင်ဆင်ရမည်။ အလားတူ မိုးကုတ်ဝိနိစ္ဆယခုံရုံး ကစားကွင်း တွင် စောဒကဆရာတော် ဦးဝိသုဒ္ဓ
အနိုင်ဂိုးများစွာ သွင်းယူသွားခဲ့၏။ ဆရာတော်ဦးဝိသုဒ္ဓတော်တာလည်း ပါသည်။ တဖက်အသင်း အင်အားချိနဲ့တာလည်း ပါသည်။ တဖက်အသင်းကို
အပြစ်တင်မည့်အစား ကိုယ့်အသင်း ကိုယ် အား ရှိအောင်ပြင်ဆင်ကြရုံ သာဖြစ်၏။
ပုဂ္ဂိုလ်တဦးဦး၏ ရဟန္တာဖြစ်ခြင်း၊ မဖြစ်ခြင်းကို
ထိုပုဂ္ဂိုလ် သက်ရှိထင်ရှား မရှိတော့လျှင် အချိန် ကုန်ခံဆွေးနွေးနေရမည့်ကိစ္စ ဟု မယူဆပါ။ သူများဖြစ်တာ၊ မဖြစ်တာထက် ကိုယ်ဖြစ်ဖို
့သာ အဓိကဟု ယုံကြည်ပါ၏။ ထို့ ကြောင့်ထိုသူဆိုနည်းကား "ကျုပ်တို
့ဆရာက ရဟန္တာကြီး၊ အရိယာကြီးပါ" ဟု ပြောဆိုရေးသားသူကို ကြုံတွေ့ ရလျှင် "ခင်ဗျားဆရာ ရဟန္တာအရိယာဖြစ် တာ၊
မဖြစ်တာ ခင်ဗျားဆရာကိစ္စ--။ အဓိက ခင်ဗျား ရဟန
္တာ၊အရိယာဖြစ်ဖို့ အရေးကြီးတယ်" ဟုသာ ပြောရပေမည်။ ကိုယ်တိုင် ရဟန္တာ၊
အရိယာဖြစ်ဖို့  ဂရုမထား၊ ဆရာမြတ်ကြီးတို့ ကား ရဟန္တာဖြစ်ကြပေ၏ ဟု အာဘောင်အာရင်းသန်သန်ပြောဆိုနေ သူတို
့မှာ "စိန်နားကပ်အရောင်နှင့် ပါးပြောင်" အဆင့်မှာသာ
ရှိနေသည်ကို တွေ့ ရ၏။
သေစာရှင်စာပင် မတတ်သော
မြင်းခြံစွန်းလွန်းဆရာတော်ဦးကဝိ (၁၈၇၈-၁၉၅၂) ၏ အရဟတ္တဂုဏ်ကို မိတ္ထိလာမြို့ ရေလယ် ဆရာတော်၊
ညောင်လွန့် တောရဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတတောင်သာဆရာတော် ဦးအဂ္ဂဝံသ အပါအဝင်
မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ စာတတ်အကျော်ဆရာတော်ကြီးများ မေးမြန်းစုံစမ်းပြီး နောက် စစ်မှန်ကြောင်းယုံကြည်ပြီး အလေးအမြတ် နည်းနာနယ ခံယူခဲ့ကြ၏။ စာပေပရိယတ်အရ
မှတ်ကျောက်တင် ခံနိုင်လျှင်စာမတတ်သောတောထွက် ကိုယ်တော်ကြီး ပင်ဖြစ်စေ၊"စာပေပါရဂူ" ဆရာတော်ကြီးများလေးမြတ် ယုံကြည်စွာ ဆည်းကပ်ခဲ့ကြောင်း
သိမှတ်ရ၏။ ပရိယတ္တိကို အဟုတ်မတတ်၊ "ငါတို့ လောက် စာမတတ်တဲ့ တောထွက်ကြီး" ဟု
မာနထောင်သူတို့ ကား စွန်းလွန်းဆရာတော်ကြီးနှင့် ပတ်သက်၍ ငရဲကြီးခဲ့ကြကြောင်း
သိမှတ်ရ၏။
တချို့ ကား စွန်းလွန်းဆရာတော်ကြီးကဲ့သို့ ပြည့်စုံပေါက်မြောက်အောင်
ကြိုးစားနိုင်ခြင်းမရှိကြဘဲမတောက် တခေါက် ရှုမှတ်နေ သူ"ထမုန်ကင်းဟုန်ကင်း" (ထမင်းကုန်ဟင်းကုန်)
ယောဂီများသည် ပရိယတ္တိဝန်ဆောင် ပုဂ္ဂိုလ်များကို "သညာသိသမားတွေ၊ ငါတို့ လို
ခန္ဓာသိမဟုတ်သေးဘူး" စသည်ဖြင့် အထင်သေးရှုတ်ချခြင်း ဖြင့် ငရဲကြီးကြပြန်လေ၏။
အနာဂါမ်ဆရာသက်ကြီးထံတွင် စာတတ်ပေတတ် ရဟန်းတော်များနည်းယူပြီး
တရားရှာဖွေကြပုံမှာ အတုယူဖွယ်
ဖြစ်၏။ ပိဋကတ်စာပေတွင်
စာချဆရာတော်ကြီးများ အကျင့်တတ်တပည့်ရဟန်းငယ်၊ သာမဏေငယ်တို့ ထံ
ကမ္မဋ္ဌာန်း တရားတောင်းကြပုံများလည်း အထင်အရှား ရှိနှင့်ပြီး ဖြစ်ပါ၏။
အမှန်အားဖြင့် တကယ်စာတတ်သူသည် တကယ်အကျင့် တတ်သူထံ နည်းယူရေး အတွက် ဝန်လေးတွန်
့ဆုတ်ခြင်း လုံးဝ မရှိ------။
တကယ် အကျင့်တတ်သူသည် တကယ် စာတတ်သူထံ မှတ်ကျောက်တင် ခံနိုင်ရေးအတွက် ဝန်လေးတွန်
့ဆုတ်ခြင်း လုံးဝမရှိ------။ အချင်းချင်းနားလည်မှု အပြည့်အဝ ရှိကြ၏။ လေးစားကြည်ညိုခြင်းရှိကြ၏။
ဤဖြစ်စဉ်အတွက် မဲဆွယ်စည်းရုံးသော လူခေါ်သမား (Lobbyist) ကို
လိုအပ်မည်မဟုတ်ပေ----။
အကျယ်ကို
ဓမ္မာစရိယဦးဌေးလှိုင်၏ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများစာအုပ်၊
စွန်းလွန်းဆရာတော်အခန်းရှုပါ
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်